ငါ ကြိုသိခဲ့သင့်တယ်
Vol. 29 Ch. 411
...
“ငါ မင်းကို တော်တော်ကြာကြာ စောင့်လိုက်ရတာပဲ”
ထိုသို့ပြောလိုက်သော ဖေးသည် ခါးတွင် လျော့တိလျော့ရဲဖြင့် သာမန်အဖြူရောင် ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ဆင်ထားလေသည်။
သူသည် အဝတ်အစားလဲရာတွင် အချိန်မဖြုန်းချင်သကဲ့သို့ ပိုမိုသက်တောင့်သက်သာရှိပြီး ချွတ်ရလွယ်ကူသော အဝတ်အစားကို ဝတ်ဆင်ထားပုံရသည်။
အာရန်သည် ဖေး၏ ဝတ်ဆင်ထားပုံကို မြင်လိုက်ရသည်နှင့် သူသည် ရူဘီအား အစောပိုင်းကတည်းကပင် အမှန်တကယ် စောင့်မျှော်နေခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်၏။
အာရန်သည် မျက်မှောင်ကြုတ်ရင်း အခန်းထဲသို့ ဖြည်းညင်းစွာ တစ်လှမ်းချင်း ဝင်ရောက်လိုက်သည်။
ဤသည်မှာ ဖေးကို သတ်ရန် အကောင်းဆုံးအခွင့်အရေးပင်တည်း။
အာရန်သည် ယခုအချိန်အထိ မည်သည့် မှားယွင်းမှုမျှ မရှိသေးဟန်ပင်။
အမှန်ဆိုရလျှင် အရာအားလုံး အနည်းငယ် ချောချောမွေ့မွေ့ ဖြစ်နေခြင်းကပင် အာရန်အား မကောင်းသော ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
၎င်းသည် သူ၏ကံကြမ္မာခန္ဓာကြောင့်ပင်လောဟု တွေးမိလိုက်သည်။
ထို့ပြင် ဤနေရာတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟုလည်း ခံစားမိနေသည်။
ယခင်က အာရန်သည် ဤကဲ့သို့သော အခြေအနေများတွင် ကံဆိုးခြင်းများဖြင့်သာ မကြာခဏ ကြုံတွေ့ခဲ့ရလေသည်။
သူ၏ကံဇာတာသည် အရှေ့ပိုင်းတိုက်ကြီးမှ ဇာတ်လိုက်ဖြစ်သည့် ရဲ့လန်၏ ကံကြမ္မာခန္ဓာကို ရရှိခဲ့ပြီးသည့်အချိန်မှစ၍ ပြောင်းလဲလာခဲ့ခြင်းဖြစ်သော်လည်း ထို ခန္ဓာသည် အရာအားလုံးကို ဆောင်ကျဥ်းပေးနိုင်မည်တော့ မဟုတ်ပေ။
ထိုသို့ဆိုပါလျှင် ဇာတ်လိုက်ရဲ့လန်သည် သူ၏ လက်ထဲတွင် သေဆုံးသွားခဲ့စရာအကြောင်းမရှိချေ။
အရာရာ ချောချောမွေ့မွေ့ ဖြစ်ပျက်သွားတိုင်းတွင် အာရန်သည် အမြဲတမ်း ပိုမို၍ သတိထားလာကာ သံသယဝင်လေ့ရှိခဲ့သည်။
ထို့အပြင် စာရေးဆရာမှ သူ့အား အထူးတလည် သတိပေးထားခြင်းတစ်ခုလည်း ရှိနေသေးသောကြောင့် ပို၍ပင် သံသယဖြစ်ဖွယ် ကောင်းနေ၏။
ထိုစာရေးဆရာသည် ထိုအန္တရာယ်မှာ ဖေးနှင့် သက်ဆိုင်သည်ဟု ထင်ရှားစွာ မပြောခဲ့သော်လည်း သူ၏ သတိရှိမှုကိုမူ လျှော့ချ၍မဖြစ်ပေ။
“မင်း အဝတ်တွေချွတ်ပြီး ကိုယ့် အိပ်ရာပေါ်တက်နေနှင့်။ ကိုယ် ဝိုင်နဲနဲကျန်တာ သောက်ပြီးမှ မင်းလေးနားကို လာခဲ့မယ်” ဟု ဖေးသည် ယခုရောက်လာသူမှာ ရူဘီဖြစ်နေသည်ဟု ထင်မှတ်နေသေးသကဲ့သို့ ဆက်လက် ပြောလိုက်သည်။
သို့သော် အာရန်သည် အိပ်ရာဘက်သို့ မသွားဘဲ ဖေးရှိရာဘက်သို့ ချဉ်းကပ်လာခဲ့သည်။
“မင်းကတကယ့်ကို ရို့ကျိုးတဲ့မိန်းကလေးပဲ၊ မင်း တကယ်ပဲ အရမ်းစိတ်လှုပ်ရှားလွန်းနေလို့ မစောင့်နိုင်တော့ဘူးပေ့ါဟုတ်လား”
ဖေးသည် ခြေသံများ ပို၍နီးကပ်လာသည်ကို ကြားလိုက်သဖြင့် ရယ်မော၍ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့လဲ မင်းအတွက် သာယာတဲ့ညလေးတစ်ညဖြစ်အောင် ကိုယ်မင်းကို ဖန်တီးပေးရမှာပေ့ါ”
ထို့နောက်ဖေးသည် တစ်ငုံတည်းဖြင့် သူ၏ လက်ကျန် ဝိုင်ကို ကုန်စင်အောင် မော့သောက်ပစ်လိုက်သည်။
ဖေး၏ စကားများကို ကြားရသည်မှာ မည်သည့်အရာမျှ မှားယွင်းခြင်းမရှိပေ။
သို့သော် အန္တရာယ်အငွေ့အသက်၏ ခံစားချက်သည် စက္ကန့်တိုင်းတွင် ပို၍ ပြင်းထန်လာကြောင်း အာရန်တစ်ယောက် ခံစားမိနေ၏။
အာရန်၏ ဓားကို ဆုပ်ကိုင်ထားသည့်လက်မှာ ပို၍ပင် တင်းကျပ်လာခဲ့သည်။
ထို့နောက် အာရန်သည် သူ၏ ဓားကို ခုတ်လွှဲလိုက်သည်။
သို့သော် သူ၏ဓားသည် ဖေးအား ပစ်မှတ်ထားသည်တော့ မဟုတ်ပေ။
ယင်းအစား အာရန်သည် နောက်ဘက်သို့ လှည့်၍ လွှဲခုတ်လိုက်ခြင်းဖြစ်လေ၏။
‘ချွင်....’
သတ္တုချင်းထိခိုက်မိသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံသည် အခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။
ထိုအရာက သတ္တုမာနှစ်ခု တစ်ခုနှင့်တစ်ခု ထိခိုက်မိသကဲ့သို့ပင်။
“မင်း ဘယ်လိုလုပ် သိနေတာလဲ” ဟု အာရန်သည် တိုက်ခိုက်လာသူကို နောက်သို့တွန်းထုတ်ရင်း မေးလိုက်သည်။
အာရန်အား အလစ်ဝင်ရောက် တိုက်ခိုက်ရန်ကြံစည်နေသူသည် ဝေးကွာသောနေရာတစ်ခုသို့ လွင့်စင်ထွက်သွားပြီး သူ၏ ဓားသွားပေါ်တွင် လက်ချောင်းများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထိုသူသည် အနည်းငယ် စိတ်ပျက်သွားဟန်ရသည်။
အကယ်၍ ဤလူငယ်သာ အနည်းငယ် နှောက်နှေးခဲ့ပါက သူ၏ဓားသည် လူငယ်၏ လည်ပင်းကို လှီးဖြတ်သွားပေလိမ့်မည်။
အာရန်တစ်ယောက် ထိုမျှမြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်လိမ့်မည်ဟု သူ အမှန်တကယ်ပင် မမျှော်လင့်ခဲ့ပေ။
“မင်း ငါ့ကို တိုက်ခိုက်မယ်ဆိုတာ ငါ ဘယ်လိုလုပ်သိနိုင်မှာလဲ”
ဖေးသည် နောက်သို့ ဖြည်းညင်းစွာ ပြန်လှည့်လိုက်ရင်း သူ၏ နှုတ်ခမ်းတွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ခု တည်ရှိနေခဲ့လေ၏။
ထို့နောက် ဖေးသည် သေးငယ်သော အနီရောင်သေတ္တာငယ်လေးတစ်လုံးကို အာရန်၏ ခြေထောင်နားသို့ လွှင့်ပစ်လိုက်ရာ ၎င်းက သူသည် အတွင်းရှိ ပစ္စည်းကို အသုံးပြုပြီးကြောင်း ဖော်ပြနေလေသည်။
“ဘာလို့ဖြစ်မလဲ မင်း ခန့်မှန်းကြည့်လေ”
ထို့နောက် ယခင်က လူနှစ်ဦးသာ ရှိနေခဲ့သော အခန်းသည် ယခုအခါတွင်မူ လူများစွာဖြင့် ပြည့်နှက်သွားလေပြီဖြစ်၏။
မြောက်ပိုင်းတိုက်ကြီး၏ အဓိကမိသားစုကြီးများမှ မိသားစုခေါင်းဆောင် ဆယ့်ငါးဦး တိတိသည် ယခုအခန်းထဲတွင် စုဝေးရောက်ရှိနေကြခြင်း ဖြစ်လေသည်။
“မင်းက ငါ့အတွက် ကြိုဆိုပွဲလေးတစ်ခု စီစဉ်ဖို့ တကယ့်ကို အပင်ပန်းခံထားတာပဲ။ ဒီလို ကြိုဆိုမှုကို ရတာ ငါတကယ်ကော ဝမ်းသာသင့်သလား” ဟု အာရန်က အသစ်ရောက်လာသော ဧည့်သည်များကို ကြည့်ရင်း မေးလိုက်သည်။
သူတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သူ မသိထားခဲ့သော်လည်း သူတို့သည် အားနည်းသူများမဟုတ်ကြောင်းကိုမူ သူ ခံစားသိရှိနိုင်သေးသည်။
၎င်းတို့သည် အနောက်တိုက်ရှိ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများလောက် အင်အားမကြီးမားသော်လည်း အမှန်တကယ်တိုက်ခိုက်လျှင်မူ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအောက် များစွာတော့ နိမ့်ကျနေခြင်းမျိုး မဟုတ်ပေ။
ထို့ပြင် ပို၍ ကြီးမားသောပြဿနာမှာ သူတို့၏ အရေအတွက်အပြင် သူတို့သည် ရှည်လျားသောသမိုင်းကြောင်းရှိသည့် အင်အားကြီးမိသားစုဝင်များ၏ ခေါင်းဆောင်ကြီးများ ဖြစ်နေခြင်းပင်။
မိသားစုခေါင်းဆောင်တိုင်းနီးပါးသည် သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးသည့် ရှေးဟောင်းပစ္စည်းများ၊ အဆောင်လက်ဖွဲ့များကို ကိုင်ဆောင်ထားကြသည်။
ဤသည်မှာ တကယ့်ကို ပြဿနာကြီးတစ်ခု ဖြစ်လေ၏။
အာရန်သည်သူ၏ ခွဲခြားသတ်မှတ်ခြင်း အစွမ်းဖြင့်ပင် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ အလွန်များပြားလွန်းသောကြောင့် အသေးစိတ်အချက်အလက်များအားလုံးကို အချိန်တိုအတွင်း စစ်ဆေးကြည့်နိုင်မည် မဟုတ်ပေ။
“မင်းသိလား ငါမင်းကိုဘယ်လောက်တောင်မုန်းတီးလဲဆိုတာ”
ဖေးသည် အာရန်အား ထိုသို့ ပြန်ပြောလိုက်စဥ် ကီးလ်မိသားစု၏ ခေါင်းဆောင်မှာ သူ၏ ဗလာဖြစ်သွားသော ဖန်ခွက်အတွင်းသို့ ဝိုင်များဖြင့် ထပ်ဖြည့်ပေးလိုက်သည်။
“မင်းကြောင့်ပဲ ငါ အရှေ့တိုက်က အရှင်သခင်တစ်ဦးကို ဆုံးရှုံးခဲ့ရတယ်။ ငါသာ သူမကို ကျွန်ပြုနိုင်ခဲ့ရင် ဒီက အားနည်းတဲ့သူတွေကို ကျွန်ပြုဖို့အရေး အခုလို အပင်ပမ်းခံနေစရာ လိုတော့မှာမဟုတ်ဘူး”
“အဲဒီမိန်းမလို ကျွန်တစ်ယောက်ကိုသာ ပိုင်ဆိုင်နိုင်ခဲ့ရင် ငါ ဒီမှာ အချိန်ဖြုန်းစရာမလိုတော့ဘဲ အနောက်တိုက်က အရှင်သခင်ကို ပါ အခုအချိန်ဆို သိမ်းပိုက်နေပြီးသား ဖြစ်နေလိမ့်မယ်။ မင်းကြောင့်ပဲ ငါ့ရဲ့ ချစ်မေမေကိုတောင် ဆုံးရှုံးခဲ့ရတယ်။ ငါ သူတို့အပေါ်ကိုတောင် ဘာမှမစမ်းသတ်ရသေးဘူး ဒါပေမဲ့ မင်းက ငါ့ရဲ့ထိန်းချုပ်မှုအောက်ကနေ သူတို့ကို လွတ်မြောက်စေခဲ့တယ်။ မင်းက င့ါအတွက် တကယ့်ကို ဂြိုလ်မွှေတဲ့အကောင်ပဲ”
ဖေး၏ စကားသံအရ သူသည် အာရန်အပေါ် မုန်းတီးမှုများ မည်မျှ ပြည့်နှက်နေကြောင်း ထင်ရားလေသည်။
သူ ပို၍ တွေးမိလေလေ ပို၍ ဒေါသထွက်လေလေဖြစ်နေ၏။
အာရန်သည် သူ့အား ကြီးမားစွာ ဆုံးရှုံးစေခဲ့သည်။
သူ ယခုအဆင့်ဖြင့် ထပ်မံမဖန်တီးနိုင်သေးသော ကိုယ်ပွားတစ်ခုကိုပင် သူ ဆုံးရှုံးခဲ့ရသည်။
ထို့နောက်ဖေးသည် အသက်ကိုခပ်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးမှ သူ၏အမူအရာများ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
မုန်းတီးမှုအစား သူသည် အာရန်အား လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ မင်းကို ကျေးဇူးတင်စရာအချို့လည်းရှိပါသေးတယ်။ မင်းကြောင့်ပဲ မင်း အရင်က အသုံးချသွားခဲ့တဲ့ င့ါရဲ့ အားနည်းချက်အချိူ့ကို ဖယ်ရှားဖို့ ငါ့ရဲ့ ကျွန်ပြုနိုင်တဲ့ စွမ်းရည်ကို အဆင့်မြှင့်တက်လာအောင် အားထုတ်ဖြစ်ခဲ့တယ်”
“ငါ့ရဲ့ ကျွန်ဟောင်းတွေထဲမှာ မင်း ပယ်ဖျက်နိုင်ခဲ့တဲ့ တကယ့်ကို ချို့ယွင်းချက်တစ်ခု ရှိနေခဲ့တယ်။ ဒါပေမဲ့ အဲဒီချို့ယွင်းချက်ကို ငါ အချိန်အတော်ကြာကတည်းက ဖယ်ရှားပစ်ခဲ့ပြီးပြီ။ မင်းက ငါ့ရဲ့ တိုးတက်လာတဲ့ အဆင့်မြင့်ကျွန်တွေရဲ့လက်ထဲမှာ သေရတာ တကယ့်ကို ကံကောင်းတယ်လို့ ဆိုရမယ်”
ဖေးသည် ဖန်ခွက်အတွင်းမှ ဝိုင်တစ်ငုံထပ်မံသောက်လိုက်ပြီးနောက် အာရန်အား ချီးကျူးဂုဏ်ပြုနေဟန်ဖြင့် လှောင်ပြောင်နေခဲ့သည်။
“မင်း ဘာမှ မပြောတော့ဘူးလား။ ဒါက အရမ်းပျင်းစရာကောင်းတယ် ကောင်းပြီလေ။ မင်း ငါမေးတဲ့မေးခွန်းတစ်ခုကို ဖြေရင် ငါကလည်း မင်းမေးတဲ့ မေးခွန်းတစ်ခုကို ပြန်ဖြေပေးမယ်”
ဖေးသည် သူ့လူများကို အာရန်အား သတ်ရန် အမိန့်မပေးသေးပေ။
အာရန်သည် ဤကဲ့သို့ အဆင့်မြင့် မိသားစုခေါင်းဆောင်များ ၏ ဝန်းရံခြင်းကို ခံထားရပြီးဖြစ်သောကြောင့် သူသည် လွတ်မြောက်နိုင်စရာအကြောင်းမရှိတော့ပေ။
ထို့ကြောင့် ဖေးသည် အလျင်စလိုမလှုပ်ရှားခဲ့ပေ။
အမှန်ဆိုရလျှင် သူသည် အာရန်၏ အချက်အလက်အချို့ကိုပင် ပို၍ သိချင်နေသေး၏။
“မင်း ငါ့စနစ်အကြောင်းကို ဘယ်လိုသိတာလဲ။ မင်းက ငါ့ကို မင်းလိုပဲ ကမ္ဘာကူးပြောင်းပြီး ရောက်လာတဲ့ သူတစ်ယောက်ဆိုတာ မင်း ဘယ်လိုသိတာလဲ” ဟု ဖေးက အာရန်အား မေးလိုက်သည်။
အာရန်သည် လက်ခလယ်တစ်ချောင်းသာ ပြန်ထောင်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
“မင်းဒီလောက်သိချင်ရင် ဘာလို့ အဲ့ဒီအကြောင်းကို စာရေးဆရာ ခေါ်ပြီး မမေးတာလဲ”
“စာရေးဆရာဟုတ်လား”
ဖေးသည် ခေါင်းစောင်းလိုက်ပြီး အာရန်အား စိတ်ဝင်တစား ကြည့်လိုက်သည်။
“မင်းလည်း သူ့ကို တွေ့ဘူးတယ်တဲ့လား။ ဒါဆို မင်းလည်း...”
“ဟား...ဟားဟားဟား အခုမှ အရာရာ ပိုအဓိပ္ပာယ်ရှိသွားတယ် မင်း ငါ့အကြောင်းကို ဘာကြောင့်သိတာလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး ဒါဆို မင်းလည်း ငါနဲ့ အတူတူပဲပေ့ါ”
ဖေးသည် သူ၏နဖူးကို ပြန်ရိုက်လိုက်ပြီး သူ၏ ရယ်သံကို မထိမ်းချုပ်နိုင်တော့ပေ။
အရာအားလုံးသည် သူ့အတွက် အဓိပ္ပာယ်သွားပြီဖြစ်၏။
အာရန်သည် သူ့အား အဘယ်ကြောင့် တားဆီးချင်သည်အား သူ နားလည်လိုက်လေသည်။
အချိန်တအောင့်ကြာပြီးနောက် သူ၏ရယ်သံသည် ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏ ဒေါသအမျက်ချောင်းချောင်းထွက်နေသော မျက်လုံးများဖြင့် အာရန်အား စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
“မင်းသိလား၊ အဲ့ဒါက ငါ့ကို ပိုပြီး စိတ်ပျက်စေတယ်”
#Catfoot