← Chapters

သူရဲကောင်းလော ဗီလိန်လော

Vol. 29 Ch. 417

သူရဲကောင်းလော ဗီလိန်လော

Vol. 29 Ch. 417

…

အာရန်သည် မြောက်ပိုင်းတိုက်ရှိမိသားစုခေါင်းဆောင်များအား တစ်ကိုယ်တော် ချေမှုန်းနိုင်ခဲ့ပြီး ကီးလ်မိသားစု၏ အမွေခံဖြစ်သူ ရူဘီကို ကယ်တင်ခဲ့ကာ ယခု သူမသည် သူ့အတွက် အလုပ်လုပ်ပေးနေပြီဖြစ်သည်။

ရူဘီမှတစ်ဆင့် သူသည် မြောက်ပိုင်းတိုက်သို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးတစ်ခုရှိနေခဲ့ပြီဖြစ်ပြီး ပိုအရေးကြီးသည်မှာ အနောက်ဘက်တိုက်ကိုပါ ဒုက္ခပေးနိုင်မည့် နောက်ခံအင်အားတစ်ခုကို ရယူထားနိုင်တော့မည်ဖြစ်၏။

အရာရာသည် အာရန်၏ ကြိုတင်စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သော်လည်း သူ သည် အနည်းငယ် မတင်မကျ ခံစားနေရဆဲဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် အရာရာသည် အနည်းငယ် ချောမွေ့လွန်းနေခဲ့သည်။

စာရေးဆရာဆိုသူ၏ သတိပေးချက်ကို သူ မမေ့သေးပေ။

မြောက်ပိုင်းတိုက်ကြီးသို့ သူ၏ခရီးစဉ်သည် သေခြင်းဆီသို့သာ ဦးတည်နေသည်ဟု သတိပေးခဲ့သည်။

ကီးလ်မိသားစုခြံဝင်းတွင် သူ၏ အသက်ကို ခြိမ်းခြောက်နိုင်သူ မည်သူမျှ ရှိမနေခဲ့ပေ။

ဤသို့ဆိုပါက စာရေးဆရာ ပြောခဲ့သော အနာဂတ်သည် မည်သည့် အခြေအနေကို ဆိုလိုခဲ့ခြင်း ဖြစ်မည်နည်း။

သူ ခန့်မှန်းထားသည်ထက် ပိုမိုဝေးကွာသော အနာဂတ်တစ်ခုကို ကြိုတင်မြင်နေခဲ့ခြင်းမျိုးလား။

အာရန်သည် သေချာမသိနိုင်ခဲ့ပေ။

မြောက်ပိုင်းတိုက်ကြီးတွင် လက်ရှိ သူ့အား ခြိမ်းခြောက်နိုင်သော တစ်ခုတည်းသော အရာမှာ နစ်ခရိုမန်ဆာမျှော်စင်ပင်ဖြစ်လေ၏။

“အဲ့ဒီ သတိပေးချက်က ငရဲတံခါးပွင့်မည့်အချိန်နဲ့ သက်ဆိုင်နေတာလား” အာရန်သည် စနစ်သိုလှောင်ခန်းအတွင်း၌ ရှိနေဆဲဖြစ်သော ငရဲလက်မှတ်ကို ကြည့်ရင်း တွေးလိုက်သည်။

ထိုငရဲလက်မှတ်တွင်မည်သည့် ဖော်ပြချက်မှ ရှိမနေခဲ့ပေ။

၎င်းက ငရဲတံခါးပွင့်သောအချိန် သင့်တော်သော အချိန်အခါ၌ အသက်ဝင်လာလိမ့််မည်ဟုသာ ဖော်ပြထား၏။

အာရန်သည် ငရဲတံခါး၏ တည်နေရာကို သိရှိမနေသော်လည်း ၎င်း၏တည်နေရာကို ခန့်မှန်းခြေအားဖြင့်မူ သိထားပြီးဖြစ်သည်။

၎င်းသည် နစ်ခရိုမန်ဆာမျှော်စင်တွင် ရှိရပေလိမ့်မည်။

“အဲဒါက ငါ့ကို ငရဲနဲ့ဝေးဝေးနေဖို့ သတိပေးချက်တစ်ခုများလား။ ငရဲထဲမှာ ဘာတွေရှိနေလို့များ ဒီလောက်တောင် ငါ့ကို ခြိမ်းခြောက်နိုင်ရတာလဲ”

အာရန်သည် ဓားအမှတ်အသားရှိရာ သူ၏ ပခုံးကို ပြန်လည်ပွတ်ရင်း တွေးလိုက်မိလေသည်။

“အခုနေသာ ငါ့နှလုံးသားထဲမှာ ကြောက်စိတ်တစ်ခုဝင်သွားခဲ့မိရင် အဲဒီကြောက်စိတ်ကို ငါ ဘယ်တော့မှ ကျော်လွှားနိုင်မှာမဟုတ်တော့ဘူး။ ငါသာ ငရဲကို ကိုယ်တိုင် မသွားရင်တောင် ငရဲက ငါ့ဆီကို တစ်နေ့နေ့မှာ ကြိမ်းသေ ရောက်လာလိမ့်မယ်။ ငါ အရှေ့ပိုင်းတိုက်ကြီးမှာပဲဆက်နေရင်‌ကော ဘေးကင်းမှာ မလို့လား”

အာရန်သည် သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်မိနေသော်လည်း အဖြေကို သူ ကိုယ်တိုင် သိနှင့်ပြီးသားဖြစ်လေ၏။

သူသာ ရှေ့သို့ ချီတက်ဖို့ မဝံ့ရဲခဲ့ပါက ပြင်ပအကူအညီများအပေါ်တွင်သာ မှီခိုနေခဲ့မိသော ဖေးနှင့် တူညီသောအဆုံးသတ်မျိုးကြုံတွေ့ရနိုင်လေသည်။

“မြောက်ပိုင်းတိုက်ကြီးက အဓိကမိသားစုတွေရဲ့ ခေါင်းဆောင်တွေကို ဖျက်ဆီးခဲ့ပြီးပြီဆိုတော့ သူတို့ကို အားနည်းသွားစေမှာပဲ။ ဒါက နစ်ခရိုမန်ဆာမျှော်စင်ကို ဒီကိစ္စတွေထဲ ဆွဲသွင်းနိုင်ဖို့ လုံလောက်မယ်လို့ မျှော်လင့်ရတယ်။ ဒါပေမဲ့ မဟုတ်ဘူးဆိုရင် နစ်ခရိုမန်ဆာမျှော်စင်ထဲကို ကိုယ်တိုင် ဝင်ရောကြည့်သင့်သလား”

အာရန်တစ်ယောက် အတွေးနယ်ချဲ့နေဆဲမှာ အပျက်အစီးများကြားမှာ သူ့ဆီသို့လျှောက်လာနေသော ခြေသံလေးတစ်ခုကို ကြားလိုက်ရ၏။

“ရှင် အဆင်ပြေရဲ့လား”

မိန်းကလေးတစ်ဦးသည် အာရန်အားတွေ့သောအခါမှသာ အနည်းငယ်စိတ်သက်သာရာ ရသွားဟန်ဖြင့် မေးလိုက်သည်။

“ဒီလူတွေသာ ကျုပ်ကို သတ်နိုင်ခဲ့ရင် တမလွန်မှာ ကျုပ်မျက်နှာ ဘယ်မှာသွားထားရတော့မလဲ” ဟု အာရန်သည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော အလောင်းများကို ဝေ့ဝိုက်ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။

သူသည် အဆင့်တိုးမြှင့်နိုင်ခဲ့သည်။ သူ့၏ နဂါးလျှာအစွမ်းအပေါ် နားလည်မှုသည်ပင် ပိုမို အားကောင်းလာခဲ့သည်။ စွမ်းရည်အသစ်များလည်း ရယူနိုင်ခဲ့သေး၏။

ဤကဲ့သို့အခြေအနေတွင် ကာဒီနယ်ရဟန်းအမတ်များထက်ပင် ပိုမိုအားနည်းသော ဤမိသားစုခေါင်းဆောင်အနည်းငယ်ကိုသာ သူ အနိုင်မယူနိုင်ခဲ့ပါက ရှက်ရွံ့စွာြဖင့် သေဆုံးသွားရုံသာ ရှိတော့သည်မဟုတ်ပါလော...။

ရူဘီသည် အာရန်စကားကြောင့် ဘာပြောရမှန်းပင် မသိတော့ချေ။

ထိုမိသားစုခေါင်းဆောင်များပင် အာရန်ရှေ့၌ လုံလောက်အောင် အင်အားကြီးသူများမဟုတ်ဟုဆိုပါက အာရန်သည် မည်မျှပင် အင်အားကြီးမားသူတစ်ဦး ဖြစ်နေခဲ့၍နည်း။

“ဒါနဲ့ ကျွန်မ အဖေရော...”

ရူဘီသည် အနည်းငယ် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

သူမ ဖခင်၏ ရုပ်အလောင်းကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ရပေ။

သို့သော် အကယ်၍ သူမ၏ ဖခင် သေဆုံးသွားခဲ့လျှင်ပင် ယခုကဲ့သို့ အခြေအနေမျိုးတွင် ၎င်းအား မှတ်မိနိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ခု မဟုတ်ကြောင်း သိထားခဲ့သည်။

သူမသည် အာရန်အား သူမဖခင် သေဆုံးသွားခဲ့လျှင်ပင် ထိုအတွက် အပြစ်မတင်ဝံ့ပေ။

ထို့ကြောင့် ထိုကိစ္စကိုမေးမြန်းရာတွင် အနည်းငယ် တွန့်ဆုတ်နေခဲ့ရခြင်းဖြစ်လေ၏။

“စိတ်မကောင်းပါဘူး။ မင်းဖခင်ကို ကယ်တင်နိုင်ဖို့ ကျုပ် ကြိုးစားခဲ့ပေမယ့် သူ့ဝိညာဉ်က အဲဒီလူကြောင့် လုံးဝညစ်ညမ်းသွားခဲ့ပြီးဖြစ်နေတယ်။ သူ့ကို သတ်ပစ်ရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူး” ဟု အာရန်သည် တောင်းပန်သောလေသံဖြင့် ပြန်လည် အဖြေပေးလိုက်သည်။

သူသည် ဤမိန်းကလေး၏ ဖခင်ကို ကယ်တင်ပေးမည်ဟု ကတိပေးခဲ့မိခြင်းမှာ ထိုစဥ်က ဖေး၏ ကျွန်ပြုခြင်းစွမ်းရည်သည် ဤမျှတိုးတက်လာမည်မှန်း မခန့်မှန်းနိုင်ခဲ့၍ဖြစ်လေ၏။

အာရန်သည် လေမျှော်စင်သခင်မအား ကယ်တင်ခဲ့စဥ်ကကဲ့သို့ ယခုကျွန်ပြုခံထားရသူများကိုမူ ထပ်မံမကယ်တင်နိုင်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်ဝိညာဥ်များသည် လုံးဝပြုပြင်ခြင်းခံလိုက်ရကာ ပျက်စီးသွားကြသောကြောင့် ဖြစ်လေသည်။

ထိုမိသားစုခေါင်းဆောင်များတွင် မည်သည့် ကိုယ်ပိုင် ဆင်ခြင်တုံတရားမျှ မကျန်ရှိတော့ချေ။

သူ လုပ်နိုင်သည်ကား ၎င်းတို့ကို ဝေဒနာမခံစားရပဲ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် သတ်ဖြတ်ပေးရန်ပင်။

ရူဘီသည် အာရန်၏စကားကြောင့် ကိတ်ကျသွားခဲ့သည်။

သူမက အာရန်အား အပြစ်တင်၍ မရကြောင်း သိထားလေသည်။

သူမ၏ ဖခင်သည် အစကတည်းကပင် ကယ်တင်၍မရနိုင်တော့သော အဆင့်ထိ ရောက်သွားနိုင်ကြောင်း သူမအစောပိုင်းကတည်းက နားလည်ထားခဲ့သင့်လေ၏။

“ဘယ်ဘက်က တတိယမြောက်လူက မင်းရဲ့အဖေပဲ။ သူ့အတွက် ကောင်းကောင်း သင်္ဂြိုဟ်ပေးဖို့အတွက်တော့ စီစဉ်ပေးလို့ ရပါသေးတယ်...” ဟု အာရန်သည် ရူဘီအား သူမထပ်မံ မမေးခင်မှာပင် အသိပေးပြောပြလိုက်သည်။

ရူဘီသည် တိတ်ဆိတ်စွာပင် လှည့်ထွက်သွားခဲ့ပြီး သူမဖခင်၏ ရုပ်အလောင်းရှိရာဆီသို့ လျှောက်သွားမိခဲ့သည်။

‘ အာရန်သည် ရူဘီတစ်ယောက် သူမဖခင်၏ ရုပ်အလောင်းရှေ့တွင် ရှိုက်ကြီးတငင်ငင်ဖြင့် ငိုကြွေးနေခြင်းအား ခဏတာ စိုက်ကြည့်နေလိုက်မိသည်။

“ရှင် သူမကို သနားနေတာလား” ဟု ယီလန်သည် အာရန်အား မေးလိုက်သည်။

“ဘာလို့ ကိုယ်က သူမကို သနားရမှာလဲ။ ကိုယ်သာ သူမကို သနားရမယ်ဆိုရင် မျှမျှတတဖြစ်သွားအောင် အရင်က သတ်ခဲ့မိတဲ့ လူတွေရဲ့ မိသားစုတွေကိုလည်း သနားသင့်တယ်မလား” ဟု အာရန်သည် ပြန်ဖြေလိုက်သော်လည်း သူ၏လေသံသည် ယခင်ကကဲ့သို့ ပြတ်သားမှုမျိုးရှိနေဟန်မရပေ။

အာရန်သည် ရုတ်တရက် သူ့ကြောင့် မိသားစုများစွာ ပျက်စီးခဲ့ရသည်ကို သဘောပေါက်မိလိုက်သည်။

သို့သော် သူ၏ လမ်းစဥ်ကို သူ မပြောင်းလဲနိုင်ပေ။

‘အသက်ရှင်သန်ရန်အတွက်’ ဤသည်သာ သူ့အတွက် တစ်ခုတည်းသော လမ်းစဥ်ဖြစ်လေ၏။

“ပြောစကားတစ်ခု ရှိတယ်”

အာရန်သည် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ထပ်ပြောလိုက်သည်။

“ရန်သူတွေအပေါ် ကြင်နာတတ်တာက ကိုယ့်ကိုယ်ကို ရက်စက်တာနဲ့ မခြားနားဘူး။ ကိုယ်က အဓိက အရေးပါတဲ့လူတစ်ယောက်လဲ မဟုတ်ဘူး။ ဒ့ါကြောင့်ကိုယ့်မှာ မှားယွင်းတဲ့ ကိုယ်ကျင့်တရား ဆိုတဲ့အယူအဆမျိုး ရှိမနေသင့်ဘူး”

“ရှင်က ရှင့်ကိုယ်ရှင် လူဆိုးတစ်ယောက်လို့ တဖြည်းဖြည်း မြင်လာတာလား” ဟု ယီလန်သည် အာရန်အား မေးလိုက်သည်။

ထို့နောက် နောက်ထပ်မိနစ်အနည်းငယ်အတွင်း တိတ်ဆိတ်မှုသာ ကြီးစိုးသွားခဲ့ပြန်သည်။

အချိန်တစ်ခုကြာပြီးနောက်တွင်မှ အာရန်၏နှုတ်ခမ်းများ ပြန်လည်ပွင့်လာခဲ့ကာ စကားလုံးအနည်းငယ်ကို ရေရွတ်လိုက်သည်။

“ကိုယ်က သူရဲကောင်းလည်း မဟုတ်ဘူး၊ ဗီလိန်လည်း မဟုတ်ဘူး။ ကိုယ်က ဒီကမ္ဘာမှာ အသက်ရှင်ဖို့ ကြိုးစားရုံးကန်နေတဲ့ သာမန်လူသားတစ်ယောက်ပါပဲ”

“ဒီကမ္ဘာမှာ အသက်ရှင်ဖို့ ကြိုးစားရုံးကန်နေတဲ့ သာမန်လူတစ်ယောက်ပါပဲ” ယီလန်သည် အာရန်၏ စကားလုံးများကို ထပ်ခါတလဲလဲ ပြန်လည်ရည်ရွတ်ရင်း ထိုစကားလုံးများအောက်တွင် လျှို့ဝှက်သော အဓိပ္ပာယ်များစွာ တည်ရှိနေသကဲ့သို့ ခံစားမိလိုက်သည်။

ဤသို့ဖြင့် အချိန်တစ်ခုကြာမြင့်သည်အထိ ထပ်မံတိတ်ဆိတ်သွားခဲ့ပြန်သည်။

အာရန်၏ရှေ့တွင် ဂိတ်ပေါက်တစ်ခု ပွင့်လာခဲ့မှသာ တိတ်ဆိတ်မှုသည် ပြန်လည် ပျောက်ကွယ်သွားခဲ့ရသည်။

ဂိတ်တံခါးပေါက်အတွင်းမှ သွေးအလိမ့်လိမ့်ဖြင့် ရုပ်ပျက်ဆင်းပျက် ပုံရိပ်တစ်ခု ပြုတ်ကျလာခဲ့၏။

ဘုန်းကနဲ အသံနှင့်အတူ သွေးအလိမ့်လိမ့်ပေကျံနေသော လူငယ်တစ်ဦးသည် အာရန်၏ခြေဖဝါးရှေ့တွင် ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။

“ရှင် အလိုရှိတဲ့အတိုင်း သူ့ကို အသက်ရှင်လျက် ခေါ်လာခဲ့တယ်” အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ထိုဂိတ်တံခါးပေါက်ထဲမှပင် ထပ်မံ၍ ထွက်လာခဲ့သည်။

သူမနှင့်အတူ ဂိတ်ဝင်ပေါက်ကို ဖွင့်ပေးခဲ့သော ဝိညာဥ်ဘုရင်မ ဖီလိုနာသည်လည်း အတူလိုက်ပါလာခဲ့၏။

“ဘယ်လိုလဲ မင်း အများကြီး ပျော်ခဲ့ရပုံပဲ”

အာရန်သည် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ခံစားချက်ကင်းမဲ့နေသော ဖေး၏ မျက်လုံးများကို နီးကပ်စွာ စိုက်ကြည့်လိုက်သည်။

ပြင်းထန်လွန်းသော နာကျင်မှုများက သူ၏စိတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သကဲ့သို့ပင်။

#Catfoot

All Chapters