ကံကြမ္မာဒင်္ဂါး
Vol. 29 Ch. 419
....
ဖေးသည် သူ၏ကံကြမ္မာကို ပြောင်းလဲရန် တစ်စုံတစ်ခုခုကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ခြင်း ရှိမရှိ ကိုပင် မသိတော့ပေ။
အစကတည်းက သူ လုပ်ခဲ့သမျှ အရာအားလုံးသည်... တစ်စုံတစ်ယောက်၏ ကြီးမားသောအစီအစဥ်ကြီးတစ်ခုတွင် တစ်စုံတစ်ရာအတွက် သာမန်အသုံချခံ နယ်ရုပ်တစ်ရုပ်ကဲ့သို့သာ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း တွေးမိလိုက်သည်။
သူ၏ ယခုကဲ့သို့ အသက်ရှူမဝဖြစ်လာသော အချိန်တွင်မှ အရာအားလုံးသည် အဓိပ္ပာယ်ရှိလာခဲ့လေသည်။
အရာအားလုံးသည် စာရေးဆရာအား ဤကမ္ဘာတွင် သူ၏စွမ်းရည်များဖြင့် အောင်နိုင်ရန် ဖြတ်လမ်းနည်းတစ်ခု အကြောင်း မေးမြန်းခဲ့သည့်အချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
သူ့အား မိစ္ဆာဂိုဏ်းချုပ်ဆီသို့ လမ်းညွှန်ပေးခဲ့သူမှာ စာရေးဆရာဆိုသူကိုယ်တိုင်ပင်ဖြစ်၏။
ထိုအစီအစဉ်က သူ့အား အာရန်နှင့် တွေ့ဆုံစေခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှစ၍ အရာအားလုံး စတင်ခဲ့ခြင်းဖြစ်လေသည်။
ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား။
ဒါမှမဟုတ် တစ်ယောက်ယောက်က င့ါကို ဒီလမ်းကြောင်းအတိုင်း တမင်တကာ သက်သက်လျှောက်မိအောင် နောက်ကွယ်က ပြုလုပ်နေခဲ့တာလား။
သူ့အား ယခုအကြိမ် အာရန်နှင့် တွေ့ဆုံစေခဲ့သော အနောက်တိုက် အရှင်သခင်အားအား ပစ်မှတ်ထားရန် လမ်းညွှန်ခဲ့သူမှာလည်း စာရေးဆရာဆိုသူပင်ဖြစ်လေ၏။
ဘာက အစစ်အမှန်လဲ၊ ဘာက အတုအယောင်လဲဆိုတာကိုပင် သူ မသိတော့ပေ။
အရာအားလုံးသည် နောက်ကွယ်မှကြီးမားသောကြံစည်မှု တစ်ခုပါဝင်နေမည်ဟုသာ ခံစားမိနေသည်။
သူသည် တခြားသူများကို သူ၏ နယ်ရုပ်များအဖြစ် ပြောင်းလဲရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့သော်လည်း ဤကိစ္စတွင်မူ သူကိုယ်တိုင်ပင် နယ်ရုပ်တစ်ရုပ် ဖြစ်သွားခဲ့ဟန်ရသည်။
“ဒီ သောက်...”
ဖေးသည် အားနည်းစွာ တီးတိုးရေရွတ်လိုက်သော်လည်း သူ အမှန်တကယ် ဘယ်သူ့ကို ကျိန်ဆဲခဲ့သည်ကိုမူ မည်သူမျှ ရှင်းလင်းစွာမကြားလိုက်ရပေ။
ဖေးသည် သူ၏စကားကိုပင် မပြီးမြောက်နိုင်ခဲ့ပဲ သေဆုံးသွားခဲ့ရလေသည်။
သွယ်ဝိုက်သောနည်းဖြင့်ယူဆရသော် သူ၏ ပိုင်နက်ဖြစ်ခဲ့ဘူးသော မြောက်ဘက်တိုက်ရှိ နယ်မြေတစ်ခုတွင်ပင် သေဆုံးခဲ့ရခြင်းဖြစ်၏။
အာရန်သည် ဖေးအား အမှန်တကယ်သေဆုံးပြီဖြစ်ကြောင်း အတည်ပြုနိုင်ရန် အနည်းငယ် စမ်းသပ်ခဲ့သေးသည်။
နောက်ဆုံး အတည်ပြုချက်ချနိုင်မှသာ ယီလန်အား ဤဖေး၏အလောင်းကို သူ၏ မိခင်ထံသို့ ပေးပို့ခိုင်းလိုက်သည်။
သူသည် ကမ္ဘာကူးပြောင်းလာသူကိုသာ သတ်ခဲ့ခြင်းဖြစ်ပြီး လေမျှော်စင်သခင်မအတွက် သင်္ဂြိုဟ်ရမည့် သားတစ်ဦးကိုတော့ ချန်ထားပေးခဲ့ခြင်းဖြစ်သည်။
အာရန်သည် ဤတစ်ကြိမ်တွင် သူ၏ကတိကို မဖောက်ဖျက်ရန် ရွေးချယ်ခဲ့သည်။
ယီလန်သည် နောက်ထပ်ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်ကာ ဖေး၏အလောင်းကို သူမနှင့်အတူ ယူဆောင်သွားလိုက်သည်။
အာရန်တစ်ဦးတည်းသာ ဤနေရာတွင် ကျန်ရစ်ခဲ့ပြီး သွေးများဖြင့် စွန်းထင်းနေဆဲ နှလုံးသား တစ်ခုကို ကိုင်ဆောင်ထားလေသည်။
အာရန်သည် ဖေး၏ နှလုံးသားကို တစ်ကိုက်ကိုက် လိုက်သည်။
ဖေး၏စွမ်းရည်များကို ဤနည်းလမ်းဖြင့် အမှန်တကယ် ရယူနိုင်ခြင်းရှိမှရိ သူ မသိနိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် ထိုစွမ်းရည်သည် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် မျိုးရိုးဗီဇပေါ်တွင် အမှန်တကယ်မူတည်နေမည် မဟုတ်သောကြောင့်ဖြစ်လေ၏။
မကြာမီ နှလုံးသားတစ်ခုလုံးကို စားသုံးလိုက်ပြီးနောက် မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အာရန်သည် ပြောင်းလဲမှုများကို စစ်ဆေးရန် သူ၏ အချက်အလက်ပြ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
“ဘာမှ မပြောင်းလဲသွားဘူးလား”
အာရန်သည် ထိုရလာဒ်အတွက် အနည်းငယ် မယုံကြည်နိုင် ဖြစ်နေဆဲပင်။
ဖေးထံမှ သူသည် မည်သည့်အရာမျှ မရရှိခဲ့ပေ။
အချက်အလက်မျက်နှာပြင်သည် သူ နောက်ဆုံးစစ်ဆေးခဲ့စဉ်ကနှင့် လုံးဝနီးပါး ထပ်တူညီနေခဲ့ပြီး တစ်ခုတည်းသော ကွာခြားချက်မှာ သူ၏ကျင့်စဥ်အဆင့်များ အနည်းငယ် မြင့်တက်လာခြင်းပင်။
သူသည် နောက်ထပ်ကြီးမားသော အတားအဆီးအားချိုးဖျက်နိုင်ရန်မှာ များစွာ ဝေးကွာနေသေးသောကြောင့် ထိုသေးငယ်သော ပြောင်းလဲမှုသည် လောလောဆယ်တွင် အရေးမပါဟုဆိုနိုင်သည်။
သူ့အား ပို၍ စိတ်ပျက်စေသည်မှာ သူသည် ရဲ့လန်နှင့်တုံးကကဲ့သို့ မည်သည့် ခန္ဓာကိုယ်အသစ်ကိုမျှ ထပ်မံ မရရှိခဲ့ခြင်းပင်။
သူသည် အရှေ့ပိုင်းတိုက်၏ ဇာတ်လိုက်ရဲ့လန်ထံမှ ရယူနိုင်ခဲ့သော ကံကြမ္မာခန္ဓာ နှင့် ရေခဲနတ်ဆိုးထံမှ ခိုးယူခဲ့သော လအရိပ်ရေခဲခန္ဓာ ကိုသာ ပိုင်ဆိုင်ထားသေးသည်။
“ကောင်းပြီလေ ဒီတစ်ခေါက်ကတော့ ကြီးမားတဲ့ စိတ်ပျက်စရာပေါ့”
အာရန်သည် စိတ်ပျက်မှုကို မဖုံးကွယ်နိုင်တော့ဘဲ စနစ်မျက်နှာပြင်ကို ပြန်လည် ပိတ်ထားလိုက်သည်။
ဖေး၌ သူ အလိုချင်ဆုံးသော စွမ်းရည်တစ်ခုရှိနေခဲ့သည်။
၎င်းက တခြားသူများကို ကျွန်ပြုနိုင်သော စွမ်းရည်မဟုတ်ဘဲ တစ်ခါသုံးပစ္စည်းများကို အကြိမ်ကြိမ်ပြန်လည် အသုံးပြုနိုင်သော စွမ်းရည်ပင်ဖြစ်၏။
ကံမကောင်းစွာဖြင့် နှစ်ခုစလုံးတွင် သူသည် စိတ်ပျက်သွားခဲ့ရသည်။
တစ်ခုတည်းသော အကောင်းမြင်ရမည်ဆိုလျှင် သူ့ထံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သော အန္တရာယ်များသည့် ကမ္ဘာကူးပြောင်းလာသူတစ်ဦးအား သူကိုယ်တိုင် ဖယ်ရှားနိုင်ခဲ့ခြင်းပင်။
“သူတို့ထဲက နှစ်ယောက်ကို ငါ သတ်လိုက်ပြီ။ ဒါဆို သုံးယောက်ပဲ အသက်ရှင်နေတော့မယ်။ တစ်ယောက်က တောင်ပိုင်းတိုက်မှာရှိနေတဲ့ ပရောဖက်။ ဒုတိယတစ်ယောက်က ဝိညာဥ်လမ်းလျှောက်သူ၊ သူ့ကို သေပြီသားလို့ မသတ်မှတ်ရင်ပေါ့။ ဒါဆိုရင်တောင် ငါ လုံးဝမသိသေးတဲ့ နောက်တစ်ယောက် ကျန်နေသေးတယ်...”
နောက်ကျန်နေသည့် ကမ္ဘာကူးပြောင်းလာသူမှာ မည်သည့်အရပ်တွင် တည်ရှိနေသည်အား သူ အတော်လေး သိချင်နေခဲ့လေသည်။
ပရောဖက်နဲ့ ဝိညာဥ်လမ်းလျှောက်သူကိုတော့ သိထားပြီးဖြစ်သည်။ သိ
အထူးသဖြင့် မသိသေးသောသူသည် အန္တရာယ်အရှိဆုံးပင်မဟုတ်ပါလော...။
“နောက်ဆုံးတစ်ယောက်က ဒီမြောက်ပိုင်းတိုက်ကြီးမှာပဲလား”
အာရန်သည် သူမ၏ဖခင်ကို ပြန်လည် မြှုပ်နှံပေးနေသော ရူဘီဘက်သို့ လှည့်ကြည့်နေရင်း အတွေးများထဲတွင် နစ်မြုပ်နေခဲ့မိသည်။
“ဟင် တစ်ခုခု တွေ့လိုက်သလိုပဲ”
ရုတ်တရက် အာရန်သည် ရပ်တန့်သွားခဲ့သည်။
သူနောက်သို့ ပြန်လှည့်တော့မည် ပြုလိုက်စဉ် တစ်စုံတစ်ခု လင်းလက်သွားသည်ကို မြင်လိုက်ရသောကြောင်ပင်ဖြစ်လေ၏။
အစောပိုင်း ဖေးအား သတ်ဖြတ်ခဲ့သည့် နေရာသို့ အာရန်တစ်ယောက် အမြန်ပြန်သွား ကြည့်လိုက်မိသည်။
မြေပြင်ပေါ်တွင် ပစ္စည်းအသစ်တစ်ခုကျနေသည်ကို ယခုမှသာ သတိပြုမိလိုက်သည်။ ထိုအရာသည် သေးငယ်သော ဒင်္ဂါးပြားလေးတစ်ပြားဖြစ်နေသည်။
ဖေး၏ခန္ဓာကိုယ်ကို ယူဆောင်သွားချိန်တွင် ဤနေရာ၌ ဒင်္ဂါးပြား ရှိမနေခဲ့သည်မှာ သူ သေချာမှတ်မိနေသေးသည်။
ဤသို့ဆိုပါက ထိုဒင်္ဂါးပြားသည် အဘယ့်ကြောင့် ဤနေရာတွင် ပေါ်လာခဲ့ရသနည်း။
သူမှတစ်ပါး ဤနေရာတွင် အစောပိုင်းက မည်သူမျှ ရှိမနေခဲ့ပေ။
ထို့အပြင် ဖေးအား ယီလန်တစ်ယောက် ယူဆောင်သွားချိန်မှစ၍ သူလုပ်ခဲ့သော တစ်ခုတည်းသောအရာမှာ ဖေး၏ နှလုံးသားအား စားသုံးခဲ့ခြင်းပင်။
“ဒါက...”
အာရန်သည် မြေပြင်ပေါ်ရှိ သာမန်ဒင်္ဂါးပြားလေးကို ချဉ်းကပ်ရင်း သူ၏မျက်နှာတွင် အနည်းငယ်သော မျှော်လင့်ချက်များ ပြန်လည်ပြည့်လာခဲ့ပုံရ၏။
အာရန်သည် လက်တစ်ချက် လှမ်းလိုက်ပြီး ဒင်္ဂါးပြားကို ထိလိုက်ရာ ထိုသို့ထိလိုက်သည်နှင့် သူ၏လက်ချောင်းများဆီမှ ဒင်္ဂါးပြားနှင့် နက်ရှိုင်းသော ဆက်သွယ်မှုတစ်ခု ပြုလုပ်လိုက်မိသည်ကို ခံစားမိလိုက်သည်။
ဒင်္ဂါးပြားသည် သာမန်ပစ္စည်းတစ်ခု မဟုတ်သည်မှာ ရှင်းလင်းနေသည်။
အာရန်သည် ဒင်္ဂါးပြားလေးအား ဂရုတစိုက် ကောက်ကိုင်လိုက်ပြီးနောက် ၎င်းပေါ်တွင် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုလိုက်သည်။
“ကံကြမ္မာဒင်္ဂါးဆိုပါလား” ထိုဒင်္ဂါးပြားလေး၏ ဖော်ပြချက်ကို ဖတ်ရှုမိလိုက်သည်နှင့် အာရန်၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
တစ်ချိန်က စနစ်ဆီမှ ရွေးချယ်မှုတစ်ခုပြုလုပ်ရာတွင် သူငြင်းပယ်ခဲ့သည့် ဆုလာဒ်တစ်ခုတွင်လည်း ယခုအမည်နှင့် ဆင်တူသောအမည်တစ်ခုပါရှိခဲ့ဘူးကြောင်း ရေးတေးတေး တစ်ချက် ပြန်လည် အမှတ်ရလိုက်သည်။
ထို့နောက် ယခင်က စိတ်ပျက်မှုများအားလုံး လုံးဝ ယူပစ်သလို ပျောက်ကွယ်သွားခဲ့သည်။
ထို့ပြင် သူသည် ဒင်္ဂါးပြားကို စိတ်ကြိုက် ထိန်းချုပ်နိုင်သကဲ့သို့ ခံစားမိလိုက်သည်။
အတွေးတစ်ခုတည်းဖြင့်ပင် သူသည် ဒင်္ဂါးပြားကို မျက်နှာပြင်ခြောက်ဘက်ပါသော အံစာတုံး တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
သူသည် ထိုအံစာတုံးကို ဒင်္ဂါးပြားပုံစံသို့ ပြန်ပြောင်းလိုက်ရာ အောင်မြင်မှုအတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်လေသည်။
အာရန်သည် ထိုဒင်္ဂါးပြားကို ဘေးကင်းစွာ ထည့်သွင်းရန် သူ၏ စနစ်သိုလှောင်ခန်းကို ပျော်ရွှင်စွာဖွင့်လိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် ဒင်္ဂါးပြားသည် စနစ်သိုလှောင်ခန်းထဲသို့ ဝင်ရောက်ရန် ငြင်းဆန်ခဲ့သည်။
၎င်းသည် အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး စနစ်သိုလှောင်ခန်းအစား သူ၏အိတ်ကပ်ထဲသို့ တည့်တည့်ပင် ပျံဝင်သွားခဲ့သည်။
တစ်ချိန်တည်းတွင် အာရန်သည် စနစ်သိုလှောင်ခန်းထဲတွင် ပစ္စည်းအသစ်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သောကြောင့် ဒင်္ဂါးပြားအပေါ် ခေတ္တမေ့ထားလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ စနစ်သိုလှောင်ခန်း ထောင့်တစ်နေရာတွင် မေးခွန်းဘောက်ချာ တစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်၏။
သူသည် ထိုအရာကို စနစ်ဆီမှ ဆုအဖြစ်ရရှိခဲ့ခြင်းမဟုတ်ကြောင်း သေခြာသိနေခဲ့သည်။
‘ဒီမေးခွန်းဘောက်ချာက ဖေးရဲ့အပိုင်ပဲ ဖြစ်ရမယ်။ သူ သေဆုံးပြီးတဲ့နောက် သူ့ရဲ့ မေးခွန်းဘောက်ချာကို သူ့ကို အနိုင်ရခဲ့တဲ့ငါက လက်လွှဲရယူနိုင်ခဲ့တာထင်တယ် သူ့ရဲ့ အဖိုးအထန်ဆုံးပစ္စည်းဖြစ်တဲ့ ကံကြမ္မာဒင်္ဂါးနဲ့အတူပေါ့’
ဒါက ဒီတစ်ခေါက်ခရီးစဥ်ရဲ့ အဖိုးတန်ရလာဒ်ပဲ။
အာရန်တစ်ယောက်ကျေနပ်နေစဥ်မှာပင် သူ့ထံသို့ ချဥ်းကပ်လာနေသော သားရဲကြီးနှစ်ကောင်၏ အော်ရာ ကို သတိပြုမိလိုက်သဖြင့် သူ၏စနစ်သိုလှောင်ခန်းကို ချက်ချင်းပင် အမြန်ပြန်ပိတ်ထားလိုက်ရသည်။
#Catfoot