← Chapters

သေခြင်းတရား၏ နိမိတ်ပုံ

Vol. 29 Ch. 407

သေခြင်းတရား၏ နိမိတ်ပုံ

Vol. 29 Ch. 407

...

အစည်းအဝေးခန်းထဲတွင် ဖေးသည် စားပွဲပေါ်၌ ခြေတစ်ချောင်းပေါ် တစ်ချောင်းဆင့်၍ ထိုင်နေခဲ့လေသည်။

သူ၏ရှေ့တွင် မြောက်ပိုင်းတိုက်ကြီးရှိ အဓိကမိသားစုခေါင်းဆောင်များအားလုံး ဒူးထောက်နေကြသည်။

သူတို့ထဲမှ အချို့သည် ဖေး၏ဖိနပ်များကို သူတို့၏လက်များဖြင့်ပင် သန့်ရှင်းရေး လုပ်ပေးနေကြပြီး အကယ်၍ ဖေးသာအမိန့်ပေးလာခဲ့ပါက ထိုဖိနပ်များ လျှာဖြင့်ပင် လျက်၍ သန့်ရှင်းပေးမည့် ခွေးများကဲ့သို့ ရိုကျိုးသွားကြပုံ ရလေ၏။

ဖေးသည် ဤရလဒ်အား အလွန်ပင် ကျေနပ်နေလေ၏။

သူသည် ထိုလုပ်ငန်းစဥ်အတွင်း အနည်းငယ် ထိခိုက်မိ၍ ပင်ပန်းနွမ်းနယ်နေသော်လည်း နောက်ဆုံးတွင်မူ အောင်မြင်နိုင်ခဲ့သည်။

ဖေးသည် ဤအခန်းထဲတွင် ရှိနေသော ဆယ့်ခုနစ်ဦးတည်းသော လူများဖြင့် မြောက်ပိုင်းတိုက်ကြီး၏ အင်အားအများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်၏။

ထိပ်တန်းမိသားစုငါးခု၏ မိသားစုခေါင်းဆောင်များမှာမူ ဤနေရာတွင် မရှိသော်လည်း သူတို့၏ အမွေခံ သားသမီးများက ဖေးအား သူအလိုရှိရာဆီသို့ အလွယ်တကူ ဦးဆောင်ပေးနိုင်မည်ဖြစ်သောကြောင့် ထိုအကြောင်းကို ထပ်မံ၍ များစွာမတွေးခဲ့ပေ။

ထိုအချက်တစ်ခုတည်းက သူ့ကို ပျော်ရွှင်စေခဲ့သည်မဟုတ်ပေ။

သူ့အား အမှန်တကယ် ပျော်ရွှင်စေခဲ့သည့်အရာမှာ သူ့ရှေ့တွင် ပေါ်လာသော အသိပေးချက်တစ်ခုကြောင့်ပင် ဖြစ်လေ၏။

[အောင်မြင်မှုအသစ်တစ်ခု ရယူနိုင်ခဲ့ပါပြီ]

[တစ်ချိန်တည်းတွင် သင်သည် သင့်ထက်အင်အားကြီးမားသော လူဆယ့်ငါးဦးထက် ပိုသောလူများကို ကျွန်ပြုနိုင်ခဲ့ပြီ]

[ကျပန်းဆုလက်ဆောင်ဘောက်ချာ တစ်ခုကို ဆုအဖြစ် ရရှိခဲ့သည်]

ထို့နောက် စာရွက်သေးသေးလေးကဲ့သို့သော ဘောက်ချာစာရွက်တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာလေသည်။

ထိုဘောက်ချာစာရွက်သည် သာမန်စာရွက်ဖြင့် ပြုလုပ်ထားသကဲ့သို့ ပုံရသော်လည်း ၎င်းသည် ထူးကဲပစ္စည်းတစ်ခုဖြစ်ကြောင်းမူ သူ ခံစားနိုင်လေသည်။

သူ အစွမ်းကုန် ကြိုးစားလျှင်ပင် ဤဘောက်ချာအား ဆုတ်ဖြဲ၍ ရမည့်ဟန်မပေါ်ချေ။

မကြာမီ ဘောက်ချာစာရွက်သည် ဖေး၏ လက်ဖဝါးထက်သို့ ကျဆင်းလာခဲ့ပြီး ၎င်းပေါ်တွင် သူ့နာမည်တစ်ခု ပေါ်လာခဲ့၏။

၎င်းက သူ၏ ဤကမ္ဘာတွင် ရရှိထားသော နာမည်မဟုတ်ဘဲ သူ၏ အတိတ်ကမ္ဘာမြေတွင် နေထိုင်ခဲ့စဉ်က အသုံးပြုခဲ့သော နာမည်ပင်ဖြစ်နေသည်။

“စိတ်ဝင်စားစရာပဲ။ ဒါက ပိုင်ဆိုင်မှုကို မှတ်သားဖို့လား။ ဒီပစ္စည်ကို ငါကလွဲရင် တခြားဘယ်သူမှ မသုံးနိုင်ဘူးထင်တယ်။ ခိုးနိုင်ရင်တောင်မှပေါ့။ မဆိုးဘူး ဒါပေမယ့် ဘောက်ချာတစ်ခုတည်းနဲ့က ငါ့အတွက် မလုံလောက်သေးဘူး”

ဖေးသည် သူ၏ အခြားလက်တစ်ဖက်ကို ထပ်မံမြှောက်လိုက်ရာ သူ၏ မူလစွမ်းအင်နှင့် ချိတ်ဆက်ထားသည့် ဒင်္ဂါးပြားလေးတစ်ခုကို ထွက်ပေါ်လာခဲ့သည်။

ထိုဒင်္ဂါးပြားလေးကို ရိုးရှင်းစွာ ပစ်လိုက်ရုံဖြင့်ပင် သူသည် ပစ္စည်းတစ်ခုကို အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်ကို တိုးပွားစေနိုင်လေသည်။

အာနိသင်သည် ပစ္စည်း၏ အဆင့်အပေါ်တွင် ကန့်သတ်မထားပေ။

၎င်းသည် နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုဖြစ်နေလျှင်ပင် သူ၏စွမ်းရည်က ၎င်းအား သက်ရောက်မှုရှိနိုင်သေးသည်။

တစ်ခုတည်းသော ပြဿနာမှာ ဤစွမ်းရည်သည် ကံကောင်းမှုနှင့် သက်ဆိုင်နေခြင်းပင်။

ဒင်္ဂါးပြားသည် သူ ရွေးချယ်ထားသော မျက်နှာပေါ်သို့ မကျရောက်ခဲ့ပါက သက်ရောက်မှုရှိနိုင်လိမ့်မည်မဟုတ်ပေ။

အကယ်၍ သူသာ တစ်ကြိမ်အောင်မြင်ခဲ့ပါက ထပ်မံတိုးပွားလာသော ပစ္စည်းပေါ်တွင် ထိုဒင်္ဂါးပြားအစွမ်းကို ထပ်မံအသုံးပြုနိုင်သော်လည်း သူသာ ကျရှုံးခဲ့ပါက ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ချေ။

ဖေးသည် ဒင်္ဂါးပြားကို လေထဲသို့ ပစ်တင်လိုက်ပြီး ဆုလက်ဆောင်ဘောက်ချာကို အာရုံပြုရေရွတ်လိုက်၏။

ဒင်္ဂါးပြားသည် လေထဲတွင် လှန်နေဆဲဖြစ်ကာ သူသည် မျက်နှာတစ်ခု အမည်ကို‌ရေရွတ်လိုက်ပြီးနောက် ၎င်းအားကျလာရန် စောင့်ဆိုင်းနေခဲ့သည်။

သေးငယ်သော်လည်း အလွန်အရေးပါသော ဒင်္ဂါးပြားလေးသည် မကြာမီ စားပွဲပေါ်ရှိ ဖေး၏ နံဘေးတွင် ပြန်ကျလာခဲ့သည်။

“ဒီတစ်ခေါက်လည်း အားလုံး ငါ့အတွက် ကောင်းတာတွေပဲ ဖြစ်နေတာပဲ။ ငါကသာ ဒီကမ္ဘာရဲ့ ဇာတ်လိုက် အစစ်အမှန်ဖြစ်မယ်ထင်တယ်” ဟု ဖေးသည် ဒင်္ဂါးပြားလေးကို ကြည့်ရင်း ပြောလိုက်သည်။

“ဘယ်အရာကမှ ငါ့ကို တားဆီးလို့ ရနိုင်တော့မှာမဟုတ်ဘူး”

သူသည် အရှေ့တိုက်ရှိ အရှင်သခင်တစ်ဦးကို ထိန်းချုပ်ရန်ကျိုးစားရာတွင် ကျရှုံးခဲ့သော်လည်း ၎င်းသည် သူ၏ အနာဂါတ် အစီအစဉ်များအတွက် သာမန် အတားအဆီးလေး တစ်ခုသာ ဖြစ်မည်ဟု ဆက်လက်ကြည်ထားခဲ့၏။

မည်သို့ပင်ဆိုစေ ဇာတ်လိုက်များသည် ကမ္ဘာကို သိမ်းပိုက်ရာတွင် ထိုကဲ့သို့သော အတားအဆီးများကို မဖြစ်မနေ ရင်ဆိုင်ကျော်လွှားကြရမည်မဟုတ်ပါလော...။

တစ်ကြိမ်ကျရှုံးပြီးမှသာ ဇာတ်လိုက်များသည် ထိုအခက်အခဲအတွင်းမှ ပြန်လည်ရုံးထကာ ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိလေ့ရှိမည် ဖြစ်လေသည်။

သူသည်လည်း ထိုကဲ့သို့ ကျရှုံးမှုမျိုးတစ်ခုကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပေမည်။

အံစာတုံးလှိန့်မှု အောင်မြင်ခဲ့သဖြင့် ဖေးသည် ကျပန်းဆုလက်ဆောင်ဘောက်ချာကို နှစ်ကြိမ်အသုံးပြုနိုင်သည့် အခွင့်အရေး ရလိုက်လေသည်။

ထို့နောက် ဒင်္ဂါးပြားကို အပေါ်သို့ထပ်မံ ပင့်မြှောက်လိုက်ကာ သူ၏အိတ်ကပ်ထဲသို့ ကျွမ်းကျင်စွာ တန်းတန်းမတ်မတ် ဝင်ရောက်သွားစေခဲ့၏။

ဖေးသည် ကျပန်းဆုလက်ဆောင်ဘောက်ချာကို အသက်သွင်းလိုက်သည်။

သူ့ရှေ့တွင် အလိုအလျှောက်လည်နေသော စက်ဝိုင်းတစ်ခု ပေါ်လာခဲ့ပြီး ထိုစက်ဝိုင်းတွင် ဆုလက်ဆောင်နေရာ‌ခြောက်ခု ရှိနေခဲ့ကာ ၎င်းတို့အားလုံးကို အပြာရောင်အကာတစ်ခုစီဖြင့် ဖုံးကွယ်ထားလေ၏။

ပုံမှန်အားဖြင့် ဆိုပါက ဤကဲ့သို့ လှည့်ဘီးပေါ်လာသောအခါ ဘောက်ချာစာရွက်သည် ပျောက်ကွယ်သွားသင့်လေသည်။

သို့သော် ဒင်္ဂါးပြား၏ အာနိသင်အောက်တွင် ဘောက်ချာသည် ယခုအချိန်တွင် မည်သည့်သက်ရောက်မှုမှ မရှိသေးဟန်ရနေလေသည်။

လှည့်ဘီးသည် စက္ကန့်အနည်းငယ်ကြာအောင်ဆက်လက် လည်ပတ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

မြှားသည် နေရာတစ်ခုတွင် ရပ်တန့်သွားသောအခါ ရရှိလိုက်သောဆုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။

အဝါရောင်အကွက်ဖြင့် ဖုံးကွယ်ထားမှုများသည် အလိုအလျှောက် ပျောက်ကွယ်သွားပြီး စကားလုံးအချို့ ပေါ်ထွက်လာခဲ့သည်။

“မေးခွန်းဘောက်ချာဆိုပါလားဟ မဆိုးဘူးဘဲ”

ဖေးသည် ဆုအား လက်ခံပြီးနောက် တစ်ချက်ပြုံးလိုက်သည်။

ဖေးသည် ဆုံးရှုံးခြင်းတောင်တန်းတွင် မေးခွန်းဘောက်ချာကို တစ်ကြိမ်အသုံးပြုခဲ့ပြီး ဖြစ်သဖြင့် သူ့တွင် မေးခွန်းဘောက်ချာ နောက်တစခု မကျန်ရှိတော့ပေ။

ထို့ကြောင့် သူသည် ယခုကဲ့သို့ရလာနိုင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရလေ၏။

နောက်ဆုံးတော့ ထိုအရာသည် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ချေပြီ။

နောက်ဆုံးတွင်တော့ သူ၏အစီအစဉ်ကို ဖျက်ဆီးခဲ့သူ အကြောင်းကို စာရေးဆရာဆိုသူအား မေးနိုင်တော့မည်ဖြစ်လေ၏။

ဖေးသည် မေးခွန်းဘောက်ချာကို လုံခြုံစွာ သိမ်းဆည်းထားခဲ့ပြီး ဒင်္ဂါးပြားကို ထပ်မံ ထုတ်လိုက်သည်။

တစ်ဖန် သူသည် ကျပန်းဆုလက်ဆောင်ဘောက်ချာပေါ်တွင် ဒင်္ဂါးပြားကို ဆက်လက် အသုံးပြုခဲ့ရာ တစ်ဖန် အောင်မြင်ခဲ့ပြန်သည်။

ဖေးသည် ကျပန်းဆုလက်ဆောင်ဘောက်ချာကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုနိုင်ခဲ့သဖြင့် သူ၏မျက်နှာသည် နားရွက်ချိတ်လုနီးပါး ပြုံးရွှင်နေလေသည်။

ဤတစ်ကြိမ် ကျပန်းဆုလက်ဆောင်ဘောက်ချာမှ ထပ်မံရရှိသောဆုမှာမူ လုံးဝကွဲပြားပြီး သူသည် ရှေးဟောင်းပစ္စည်းတစ်ခုကို ရရှိခဲ့ခြင်းဖြစ်ဟန်ရ၏။

“အကာအကွယ်ဝတ်ရုံဆိုပါလား။ နတ်ဘုရားတွေဆီက အသက်အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှု သုံးကြိမ်ကိုတောင် ကာကွယ်နိုင်တယ်တဲ့လား။ ဒီကမ္ဘာမှာ နတ်ဘုရားတွေတောင် ရှိနေသေးတာလား။ ဒီဖော်ပြချက်က ဘာကြီးလဲ”

သူသည် နတ်ဘုရားများ၏ တိုက်ခိုက်မှုများအား ကာကွယ်ရန် အဘယ်ကြောင့် လိုအပ်မည်ကို မသိနေခဲ့သော်လည်း ထိုဝတ်ရုံကိုမူ သူ၏ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားလိုက်သည်။

မည်သည့်အရာမဆို ပိုမိုကာကွယ်နိုင်သော အကာအကွယ်တစ်ခု ရရှိထားခြင်းသည် အကောင်းဆုံးပင်ဖြစ်သည် မဟုတ်ပါလော...။

တစ်ဖန် သူသည် သူ၏ ကံကောင်းမှုကို စမ်းသပ်ရန် ကျပန်းဆုလက်ဆောင်ဘောက်ချာပေါ်တွင် ဒင်္ဂါးပြားကို ထပ်မံ၍အသုံးပြုလိုက်သည်။

ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင်မူ ဒင်္ဂါးပြားသည် သူ၏ဆန္ဒအတိုင်း မကျလာခဲ့ပေ။

ထို့ကြောင့် မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု စွမ်းရည်သည် အလုပ်မလုပ်တော့ပေ။

ဒင်္ဂါးပြားသည် သူ၏ အိတ်ကပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ဘောက်ချာစာရွက်ပေါ်တွင် ထပ်မံအသုံးပြု၍ မရတော့ပေ။

အနည်းငယ် စိတ်ပျက်ခဲ့သော်လည်း ဖေးသည် လုံးဝစိတ်ပျက်သွားခြင်းတော့ မရှိပေ။

၎င်းက နှစ်ကြိမ်ဆက်တိုက်အထိ အလုပ်ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

ထပ်မံ၍ လုပ်ဆောင်နိုင်ခြင်းသည် အပိုဆုလာဒ်တစ်ခုမျှသာ ဖြစ်လေ၏။

နောက်ဆုံးတစ်ကြိမ်အဖြစ် သူသည် ကျပန်းဆုလက်ဆောင်ဘောက်ချာကို ထပ်မံ၍ အသုံးပြုလိုက်သည်။

ဤတစ်ကြိမ်တွင်မူ ဘောက်ချာစက္ကူအပိုင်းအစသည် လှည့်ဘီးပြန်ပေါ်လာသည့် အချိန်တွင်ပင် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

ခန်းမထဲတွင် လူများစွာရှိနေသော်လည်း ဖေး တစ်ဦးတည်းသာ ထိုလယ်နေသော လှည့်ဘီးကို မြင်နိုင်ခြင်းဖြစ်လေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ၎င်းဆီမှ နောက်ထပ် ဆုတစ်ခုကို ထပ်မံရရှိလိုက်သည်။

ထိုဆုလာဒ်၏ အမည်ကို သတိပြုမိလိုက်သောအခါ ဖေးသည် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

ဆုလာဒ်၏ အမည်ကိုယ်တိုင်ကပင် သူ့အား အံ့အားသင့်စေခဲ့ခြင်းဖြစ်လေ၏။

“သေခြင်းတရား၏ နိမိတ်ပုံ ဆိုပါလား”

ဖေးသည် သူ၏ လက်ကို ဆန့်တန်းလိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် ထိုဆုလာဒ်ကို လက်ခံရယူလိုက်လေသည်။

သူ၏လက်ထဲတွင် သေးငယ်သော အနီရောင်သေတ္တာတစ်လုံး ပေါ်လာခဲ့သည်။

ထိုသေတ္တာလေးသည် ဖဲပြားချပ်များထည့်သည့် ဘူးသေးသေးလေးအရွယ်မျှသာ ရှိသော်လည်း ၎င်းက အနည်းငယ် ပို၍ထူနေဟန်ရသည်။

ဖေးသည် ထိုသေတ္တာငယ်လေးကို လျင်မြန်စွာ ဖွင့်ကြည့်လိုက်၏။

#Catfoot

All Chapters