← Chapters

သူ့နာမည်က ဆရာချန်း

Vol. 3 Ch. 227

သူ့နာမည်က ဆရာချန်း

Vol. 3 Ch. 227

“ဘာဖြစ်လို့လဲ အဖေ” ရှန်းချန်ဝမ် က မျက်မှောင်ကြုတ်ရင်း မေးလိုက်လေသည်။ “သူက ဖန့်ချုံးရဲ့ သူငယ်ချင်းဟောင်းပါ။ ကျွန်တော်က ဦးလေးရန်ကို သူနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ရှာဖို့ ပြောလိုက်တာပါ”

သူက ရုတ်တရက် ရပ်တန့်သွားပြီး မေးလိုက်လေ၏။ “ဒါမှမဟုတ် သူနဲ့ အရှေတောင် မြက်ခင်းစိမ်း ပရောဂျက်ကိစ္စနဲ့များ ဆက်နွှယ်နေမလား။ သူက ချန်းမိသားစုရဲ့ သာမန် မိသားစုဝင် တစ်ယောက်ပဲလေ။ သူ့အမေက ဝမ်ရှောက်ယွင်။ ဒါပေမဲ့ သူ့အမေ အကူအညီ ပါတယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ ဒေါ်လာရာချီနေတဲ့ ပရောဂျက်ကို ယှဉ်လုနိုင်မှာ မဟုတ်ပါဘူး”

“မင်း ထပ်မှားလို့ မရတော့ဘူး”

ရှန်းချန်ဝမ်၏ ဖခင်က စာရွက်တချို့ကို ကောက်ကိုင်ကြည့်ပြီး လေ့လာ ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုခါရင်း အပြုံးနှင့် ပြောလိုက်လေသည်။ “Xiao Yan က အပေါ်ယံလောက်ပဲ စုံစမ်းထားတာကိုး။ ဒါပေမဲ့ သူ့အမှားတော့လည်း မဟုတ်ဘူး။ သူက ငါတို့ ကုမ္ပဏီရဲ့ မန်နေဂျာ တစ်ယောက်ပဲ။ ဒါကြောင့် ချန်းမိသားစုအကြောင်း မသိတာ သဘာဝကျတယ်”

“ဒါဖြင့် ဒီကိစ္စမှာ ကျွန်တော် မသိသေးတာတွေ အများကြီး ရှိသေးတာပေါ့”

ရှန်းချန်ဝမ် က အလောတကြီး မေးလိုက်လေ၏။

“သူက ကျန်းပေ့မြို့က ဆရာချန်းပဲ”

ရှန်း ရုန်ဟွာက သက်ပြင်းရှည်ကြီးကိုချရင်း အဖြေ ပြန်ပေးလိုက်လေသည်။

“ကျန်းပေ့မြို့က ဆရာချန်း ဟုတ်လား”

ရှန်းချန်ဝမ်မှာ ပထမဆုံး အကြိမ်အဖြစ် နောက်သို့ ဆုတ်လိုက်မိသည်။ ယခုမှ သူရင်ဆိုင် နေရသည့် လူအကြောင်းကို နားလည် သဘောပေါက် လိုက်တော့သည်။ သူ၏ မျက်နှာမှာ မည်းမှောင် သွားပြီး စိတ်ထဲတွင် အကြောက်တရားများ ကြီးထွားလာလေတော့၏။ သူ့အနေဖြင့် မည်မျှ ထူးချွန် ထက်မြက်ကာ ရင့်ကျက်နေပြီဟု ဆိုစေ သူသည် အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည့် လူငယ် တစ်ယောက်သာ ဖြစ်သည်။ ဝမ်ရုန်အဖွဲ့ကို ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ဦးစီးဦးဆောင် လုပ်ခဲ့သည့် အတွေ့အကြုံရင့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် မဟုတ်ပေ။

ရှန်းချန်ဝမ် သည် ဆရာချန်းဟူသော အမည်ကို နားရည် ဝအောင် ကြားဖူးပြီး ဖြစ်သည်။

ထိုသူသည် ကျန်းပေ့မြို့တွင် ဖခင်ဖြစ်သူ၏ ထိုင်ခုံကို လုယူခဲ့သူ ဖြစ်သည်။ ပထမနှစ်ဝက် အတွင်း ထိုလူနှင့်ပတ်သက်သည့် သတင်း အမြောက်အမြားကို သူကြားခဲ့ရသည်။ ဆရာချန်းဆိုသော လူသည် အသက် ၂၀ ပင် မပြည့်သေးသည့် လူငယ် တစ်ယောက်ဆိုသော အချက်ကိုလည်း သူ သိသည်။ သို့သော် ဆရာချန်းသည် ချန်းဖန် ဖြစ်နေသည့် အချက်ကိုတော့ သူ လုံးဝ မသိရှိခဲ့ချေ။

“မဖြစ်နိုင်ဘူး”

ရှန်းချန်ဝမ်က ခေါင်းကိုငုံ့ရင်း ထိတ်လန့် တုန်ရီနေသော မျက်ဝန်းအစုံနှင့် ပြောလိုက်လေ၏။

သူ ကြိုးစားခိုက် ကျရှုံးခဲ့ရပြီ။ ဖခင်ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို ကူညီရန် ကြိုးစားနေခိုက်ပင် ချန်းဖန်သည် ဖခင်နှင့် အဆင့်တူ အာဏာပါဝါ တစ်ခုကို ထူထောင်နိုင်ခဲ့ပြီ။ သူတို့ နှစ်ဦးကြားမှ ကွာခြားချက်မှာ နှိုင်းဆမရအောင် ကြီးမား လွန်းနေသည်။ ဖန့် မိသားစုသာ ချန်းဖန် မိသားစု၏ ဘဝ အစစ်အမှန်ကို သိသွားမည်ဆိုပါက ရှန်းချန်ဝမ်ထက် ချန်းဖန်ကို ရွေးချယ်ကြမည်သာ ဖြစ်၏။

ချန်းဖန်သည် သူ၏ မာနနှင့် သိက္ခာတို့ကို နင်းချေသွားသည်ဟု ခံစားလိုက်ရသည့် အတွက် ရှန်းချန်ဝမ်၏ နှလုံးသား အနက်ရှိုင်းဆုံး အောက်ခြေထိတိုင် နာနာကျင်ကျင် ခံစားနေရလေပြီ။ ထိုသာမန် ကောင်လေးသည် ကျန်းပေ့နယ်၏ အထင်ကရ စွမ်းအား အကြီးဆုံး ပုဂ္ဂိုလ်လေး ဖြစ်လာလိမ့်မည်ဟု မည်သူကရော ထင်မှတ်မိမည်နည်း။ ချန်းဖန်နှင့် ပထမဆုံး စတွေ့သည့် နေ့က သူ့ဉာဏ်ပညာနှင့် အစွမ်းအစကို ထုတ်ပြခဲ့သည်။ စေ့စေ့တွေးမှ ရေးရေးပေါ်လာသည့် အချက်မှာ ချန်းဖန်သည် ထိုနေ့က သူ့ကို ကြည့်ရင်း စိတ်ထဲတွင် လှောင်ပြောင် နေလိမ့်မည် ဆိုသော အချက်ပင် ဖြစ်၏။

ထို့ကြောင့် တွေးရင်းတွေးရင်းနှင့် ဒေါသ ထွက်လာသော ရှန်း ဂျန်းနင်းမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူ့နှလုံးသား တွင်တော့ ရှက်ရွံ့သိမ်ငယ်မှုများ ကြီးစိုး လာလေတော့သည်။

“ဖြစ်နိုင်တာပေါ့” ရှန်းရုန်ဟွာက နှုတ်ခမ်းကို ကွေးညွတ်ရင်း အေးစက်စက် အပြုံးနှင့် ပြောလိုက် လေသည်။

“မဟုတ်သေးဘူး။ ဖြစ်နိုင်တာတင် မကဘူး။ ကိစ္စတစ်ခုလုံးရဲ့ ရှင်းပြချက်လည်း ဖြစ်နိုင်တယ်။ ချန်းမိသားစုက ငါတို့ရှေ့က ဖြတ်လျှောက်ဖို့ ဘယ်တုန်းကမှ တွေးဖူးတာ မဟုတ်ဘူး။ ဒါပေမဲ့ ဆရာချန်းဆိုတဲ့ လူအတွက်ကတော့ ဒီလို မဟုတ်ဘူး။ သူက ငယ်တယ်။ ဂုဏ်မောက်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု အပြည့်ရှိတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက်အတွက် ငါတို့ကို လာရှုပ်တယ် လုံးဝ ဖြစ်နိုင်ချေ ရှိတယ်”

ရှန်း ရုန်ဟွာက သူ့သားသည် ဖန့်ချုံး၏ နှလုံးသားကို ပိုင်ဆိုင်လိုနေမှန်း သိသည်။ သူကလည်း ပွင့်ပွင်းလင်းလင်းပင် ထောက်ခံထားသည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် ဖန်းမိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက် ထားခြင်း ဖြစ်၏။

“အဖေဆိုလိုတာက …”

ရှန်းချန်ဝမ်က ဖခင်ဖြစ်သူ၏ စကားကို နားထောင်ရင်း မယုံနိုင်ဟန်ဖြင့် မေးလိုက်လေသည်။

“အဖေပြောချင်တာက သူ့ပစ်မှတ်က မင်းဖြစ်နေမှာကို ကြောက်မိတာ”

ရှန်းရုန်ဟွာက ခေါင်းကိုခါရင်း ပြောလိုက်လေသည်။

ရှန်းချန်ဝမ် မှာ ထိတ်လန့်သွားပြီး မယုံနိုင်ခြင်းများ သူ့ထံပါး တိုးဝင်လာလေတော့၏။

ထိုစကား အမှန်သာဆိုလျှင် ချန်းဖန်သည် ဝမ်ရုန်အဖွဲ့၏ ပရောဂျက်ကို နောက်ကျောမှ ဓားနှင့်ထိုးရန် ယွမ်သန်းပေါင်း များစွာ အသုံးပြုခဲ့သည်ဟု ဆိုရတော့မည်။ ရှန်းချန်ဝမ် ကဲ့သို့ အသေးစား စီမံခန့်ခွဲမှုများ ကျွမ်းကျင်သူပင် ထိုမျှ ရက်စက် ပြင်းထန်သော တိုက်ခိုက်မှုများကို ယုံကြည်မှု အပြည့်နှင့် လုပ်ရဲမည် မဟုတ်ချေ။

“ဟီးဟီး ... ဆရာချန်း ဆိုတဲ့လူက ကြီးကြီး လုပ်ရင်လုပ်၊ မလုပ်ရင် အိမ်ပြန်တော့ ဆိုတဲ့ လူမျိုးပဲ။ သူက ငါတို့ကို ဒီလောက်ကြီး မျက်စိထဲ ထည့်ထားလွန်းတယ်ပေါ့”

ရှန်းရုန်ဟွာက အက်ကွဲသော အပြုံးနှင့် ပြောလိုက်လေသည်။

ရှန်းချန်ဝမ် တစ်ယောက်သာ ထိုအပြုံး၏ အဓိပ္ပာယ်ကို သိသည်။ ထိုအပြုံးမှာ ဖခင်ဖြစ်သူ တစ်ယောက် အမှန်တယ် စိတ်ရူးပေါက် ချိန်တွင် ပြုံးတတ်သည့် အပြုံးမျိုး ဖြစ်သည်။

“ကျန်းပေ့နယ်ကို ဆရာချန်း လွှမ်းမိုးနိုင်တာက သူ့ရဲ့ သိုင်းပညာနဲ့ ဓမ္မဂါထာတွေကြောင့်ပဲ။ အစ်ကိုလင်။ ခင်ဗျားလည်း သိုင်းပညာရှင် တစ်ယောက်ပဲ။ သူ့ကို အသိတရား ရသွားအောင် နည်းနည်းပါးပါး မလုပ်နိုင်ဘူးလား”

ရှန်းရုန်က တစ်ဖက်သို့လှည့်ပြီး အဖြူရောင် ဆံပင်အရှည်များနှင့် အဘိုးအိုကို ကြည့်ကာ ပြောလိုက်သည်။

ဦးလေး လင်သည် မူလက ဟောင်ကောင်မှ ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်ခန့်က တရုတ်ပြည်မကြီးသို့ ရှန်းမိသားစု၏ ဖိတ်ခေါ်ချက်ဖြင့် လာရောက်ခဲ့သူ ဖြစ်သည် ထိုစဉ်ကတည်းက လူသတ်သမားတို့၏ ရန်မှ ရှန်းချန်ဝမ်ကို မရေမတွက်နိုင်အောင် ကယ်ဆယ် ခဲ့ဖူးသည်။ သေနတ် ကျည်ဆန်ကိုပင် တားနိုင်သည်အထိ စွမ်းအားကြီးလေသည်။ သို့သော် သူ့အကြောင်းကို ရှန်း မိသားစုမှ လွဲ၍ အပြင်လူ အတော်များများ မသိကြပေ။ ကောလဟာလ သတင်းများအရ ဦးလေးလင်သည် စွမ်းအားကြီးသော မျိုးနွယ်တစု၏ ရန်စွယ်မှ အကာအကွယ် ရရန် ရှန်းမိသားစုထံတွင် လာရောက် ခိုလှုံနေသည်ဟု ဆိုကြလေသည်။ သို့မဟုတ်ပါက သူ့သိုင်းပညာ အစွမ်းနှင့် သူနာမည်ကို တစ်လောကလုံး သိအောင် လုပ်နေမည်သာ ဖြစ်၏။

ဦးလေးလင်က မျက်လုံးကို မှေးလိုက်ရင်း စဉ်းစားနေလိုက်သည်။ ပြီးမှ အလျင်အမြန်ပင်

“သခင်ကြီး … ကျုပ်က သိုင်းလောကမှာ မကျင်လည်တာ ကြာပြီဆိုတော့ ဒီလူငယ်လေး အကြောင်းကို မကြားဖူးဘူး ဖြစ်နေတယ်။ ဒါပေမဲ့ သူဟာ တန့်ယွမ်ချင်း လောက် စွမ်းအားကြီးတယ် ဆိုရင်တော့ သူ့ကို အနိမ့်ဆုံး အတွင်းအား ကျင့်စဉ်မှာ အနိမ့်ဆုံး ဖြစ်စဉ် အောင်မြင်ခြင်း အဆင့် ရောက်နေလိမ့်မယ်လို့ ထင်တယ်။ ဒါမှမဟုတ်ရင် ထိပ်ဆုံးအဆင့်ပဲ”

“ဦးလေးလင်ကရော ဘယ်အဆင့်လဲ”

ရှန်းချန်ဝမ်က တကယ့်အချက်ကို မေးလိုက်လေသည်။

“ကျုပ်လား..” ဦးလေး လင်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။

“ကျေးဇူးပြုပြီး စိတ်ချနေပါ သခင်လေး။ တန့်ယွမ်ချင်း ကိုယ်တိုင်အောင် ကျွန်တော့် ပြိုင်ဘက် မဟုတ်သေးပါဘူး”

“ကောင်းတယ်။ စိတ်ချရလို့ ကျေးဇူးပါပဲ” ရှန်းရုန်ဟွာ က ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက် လေသည်။

ကျန်းပေ့မြို့၏ အချမ်းသာဆုံး လူတစ်ယောက် အနေဖြင့် ဘယ်လို စီးပွားရေး တိုက်ပွဲကိုမျှ သူ မကြောက်တတ်။ သို့သော် ချန်းဖန်က သူ့အား ဒုက္ခပေးရန် တိုက်ရိုက် နည်းလမ်းများ အသုံးပြုမည် ကိုတော့ သူ စိုးရိမ်မိသည်။

“မင်းရဲရင်တော့လည်း လာစမ်းလှည့်ပေါ့ကွာ။ ငါတို့ မင်းကို သင်ခန်းစာ ကောင်းကောင်း သင်ပေးမယ်။ ဒါ ကျုပ်ကတိပဲ”

ရှန်းရုန်ဟွာ၏ မျက်လုံးတွင် မီးတောက်တစ်ခု ကခုန်သွားလေသည်။ ရှန်းချန်ဝမ်ပင် ဖခင်ဖြစ်သူ၏ ဒေါသ အရိပ်အယောင်ကို ခံစား မိလိုက်ရလေ၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးလည်း သွေးများ ပွက်ပွက် ဆူနေသလိုပင်။

ယင်းသည်ပင် ကျန်းပေ့နယ်မှ ရှန်းမိသားစုတို့၏ မပြိုင်မလဲသော စိတ်ဓာတ် ဝိညာဉ်ပင် ဖြစ်တော့၏။

ရက်အနည်းငယ် အကြာတွင် အစိုးရက သူတို့တင်ထားသော အရှေ့တောင်တန်း မြက်ခင်းစိမ်း ပရောဂျက်ကို တရားဝင် ငြင်းပယ်ကြောင်း ကြေညာချက် ထုတ်လိုက်လေ၏။

ဝမ်ရုန်အဖွဲ့နှင့် ချန်းမိသားစုကြား စစ်ပွဲမှာ စတင်ခဲ့ချေပြီ။ ထိုအချိန်မှစ၍ ကျင်းမြို့တော်ရှိ တခြား မိသားစုများသည်လည်း နောက်ဆုံး၌ စစ်ပွဲကို ဖြစ်လာတော့မည့် စစ်ပွဲကို အာရုံစိုက်မိကြတော့၏။ မိသားစုနှစ်ခုကြားမှ ပဋိပက္ခ သတင်းသည် နယ်ပယ်ဒေသ အသီးသီးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားပြီး အားလုံး၏ အာရုံစိုက်ခြင်းကို ခံခဲ့ရလေတော့၏။

တဖက်မှာ ကျန်းပေ့နယ်၏ ဝိသမ္မလောဘ သမားလည်းဖြစ်၊ တရုတ်ပြည်၏ အိမ်ခြံမြေ ဈေးကွက်၏ ဘုရင်လည်း ဖြစ်သူ ဝမ်ရုန်အဖွဲ့ ဖြစ်သည်။

တခြားတဖွဲ့မှာ နှိုင်းဆမရသော အောင်မြင်မှုများကို ရုတ်ခြည်း ရရှိလာခဲ့သော ချန်းမိသားစု ဖြစ်သည်။

အကြီးအကဲ မိသားစုနှစ်စုကြားမှ တိုက်ပွဲသည် နောင်လာမည့် ဆယ်စုနှစ် အတွင်း မြို့တော်ကို မည်သူ သိမ်းပိုက်နိုင်မည် ဟူသော အချက်ပေါ်တွင် မူတည်၍ သမိုင်းရေးထိုးနိုင်မည် ဖြစ်၏။ ချန်းမိသားစုသာ အောင်မြင်မှု သရဖူ ပိုက်သိမ်းနိုင်မည် ဆိုလျှင် ကျင်းမြို့တော် သမိုင်းကြောင်းတွင် ထာဝရ မှတ်ကျောက် တင်ခံရမည် ဖြစ်၏။

ထိုအချိန်၌ ချန်းဖန်သည် ဖန့်ချုံး ထံမှ စာတစောင် လက်ခံရရှိခဲ့လေ၏။ ဖန့်ချုံး က စာထဲတွင် သူမအား ကျောင်းကာယဗလ ခန်းမတွင် လာရောက် တွေ့ဆုံရန် ပြောထားလေ၏။

ချန်းဖန် ရောက်လာသည်နှင့် တစုံတစ်ခု မှားယွင်းနေပြီကို ချက်ချင်း နားလည် လိုက်လေသည်။ ဖန့်ချုံးသည် ကျောက်စိမ်း ဝိညာဉ် လက်ကောက်ကို အမြဲတမ်း ဝတ်ထားလေ့ ရှိသည်။ ထို့ကြောင့် သူမရနံ့ကို သူ မိုင်ပေါင်းများစွာ ကတည်းက ရနိုင်လေသည်။ သို့သော် ထိုနေရာသို့ ရောက်သွားသော်လည်း သူမ၏ ရနံ့လေး ပျောက်ကွယ် နေလေသည်။

“ဘယ်သူလဲ”

ချန်းဖန်က နတ်ဘုရား ဆန္ဒကို ထုတ်သုံးလျက် အော်ဟစ်လိုက်လေ၏။

“မင်းကိုး … ကျောင်းယို့ယို့။ ဘာဖြစ်လို့ ငါ့ကို ဒီလာခိုင်းရတာလဲ”

ချန်းဖန်မျက်နှာမှာ ပြန်လည် နူးညံ့သွားပြီး အသာအယာ မေးလိုက်လေ၏။

ကျောင်းယို့ယို့မှာ ပြောင်တင်းသော အမူအရာနှင့် တိုင်တတိုင် နောက်ကွယ်မှ ထွက်လာလေ၏။ သူမသည် အနက်ရောင် တန့်ခ်အင်္ကျီငယ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင် ထားလေသည်။ သူမ၏ သေးသေး သွယ်သွယ် ခန္ဓာကိုယ်လေးနှင့် အထင်ကြီးလောက်စရာ ရှိုက်ဖိုကြီးငယ်တို့ကြောင့် ဆွဲဆောင်မှု တစ်မျိုး ရှိနေပြန်လေသည်။

“ချန်းဖန် ရှင်က တိုက်ခိုက်တဲ့ နေရာမှာ တော်တယ်ဆို။ ဒါကြောင့် ရှင်နဲ့ လက်ရည်တူ လောက်မယ့် ပြိုင်ဘက် တချို့ ကျွန်မ တွေ့ထားတယ်”

လက်ဝှေ့အိတ်တချို့ ဝတ်ဆင်ထားသည့် အသားအညိုရောင်နှင့် လူတချို့ အမှောင်ထောင့် တချို့မှ ထွက်လာကြလေသည်။ မျက်နှာကြက် မီးအလင်းရောင် အောက်တွင် သူတို့၏ ကြွက်သားများမှာ အမြောင်းမြောင်း ထနေလေသည်။ သူတို့ပုံစံ ကြည့်ရုံဖြင့် အဆင့်မြင့် တိုက်ခိုက်ရေး သမားများမှန်း သိသာနိုင်ပေသည်။ ကြွက်သားများနှင့် ထိုလူတို့၏ ရှေ့တွင် ချန်းဖန်မှာ လေတိုက်လျှင် လဲပြို သွားတော့မည့် အရုပ်ကလေး တစ်ရုပ်အလားပင်။

“သူတို့က ဆန်ရှိုးအဖွဲ့က လူတွေပဲ။ သူတို့ကို အနိုင်တိုက်နိုင်မယ်ဆိုရင် ရှင့်ကိုပေးဖို့ ကျွန်မမှာ ဆုတစ်ခု ရှိတယ်”

ကျောင်းယို့ယို့ က ချန်းဖန်အား ညှို့အားပြင်းသော အပြုံးနှင့် ကြည့်ကာ ပြောလိုက်လေသည်။

ကျောင်းယို့ယို့ က ဖန့်ချုံးအား တဖက်လှည့်နှင့် တနေရာသို့ ထွက်သွားခိုင်းပြီး ဖန့်ချုံး၏ ဖုန်းကို သုံး၍ ချန်းဖန်ထံ စာပို့ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့တော့ ရှင့်ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်”

ကျောင်းယို့ယို့က သူမကိုယ်သူမ ပြောရင်း ပြောလိုက်လေသည်။

သူမ၏ အချစ်ဆုံး သူငယ်ချင်းလေးသည် ချန်းဖန်နှင့် ပြန်လည် ဇာတ်ပေါင်း ထုတ်ပြီးနောက် သူမအပေါ်  အချစ်လျော့ခဲ့သည်ဟု ခံစားခဲ့ရသည်။

“မင်းကိုး”

ချန်းဖန်က ရှေ့မှ လူထွားကြီး တစ်ယောက်အား ကြည့်ကာ ပြုံးလိုက်လေသည်။

ချန်းဖန်ကို တွေ့လိုက်ရသည်နှင့် ထိုလူ၏ မျက်နှာမှာ မှောင်မည်း သွားလေသည်။

ထိုသူမှာ ချန်းဖန် တစ်ယောက် ချင်ယန်ကောင်တီတွင် ဆုံတွေ့ခဲ့သော အစ်ကိုကျန်း ဆိုသူပင် ဖြစ်သည်။ တစ်နှစ်နီးပါး ကြာမြင့်ပြီးမှ ချန်းဖန်နှင့် ကျင်းမြို့တော်တွင် ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

အစ်ကိုကျန်းမှာ မြေကြီးပေါ်သို့ ပစ်လဲ ကျတော့မလိုပင်။ သူ့အား ကောလိပ် ကျောင်းသား တချို့ကို ခြောက်လှန့်ပေးရန် အကူအညီ တောင်းခဲ့လေသည်။ ထို့ကြောင့် ဂျူနီယာ အသင်းသားများနှင့်ပင် ကိစ္စပြီးလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူတို့ ခြောက်လှန့်ပေးရုံ ခြောက်လှန့်ရမည့် ကျောင်းသားမှာ ချန်းဖန် ဖြစ်နေလိမ့်မည် ဟုတော့ မထင်ထားခဲ့ချေ။

ချန်းဖန်တစ်ယောက် လင်းဟုကို တိုက်ကွက် သုံးကွက်တည်းနှင့် သတ်ဖြတ်ခဲ့သည်ကို အစ်ကို ကျန်းတစ်ယောက် မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့သည်။ သူ့သွေးနှင့်ပင် သေနတ်ကျည်ဆန်ကို တားဆီး ပြခဲ့သည်။ လက်ညှိုး တစ်ချက်တည်းနှင့် ရှင်းကျောင်းကို သတ်ဖြတ်ခဲ့သည်။ ညရောက်သည်နှင့် အိပ်မက်ထဲထိ တိုင်အောင် ထိုအဖြစ်အပျက်များက သူ့ကို နှောင့်ယှက် နေခဲ့သည်။ သူ့ဘဝတွင် ဤမျှ ဆိုးရွားလှသော လူငယ်လေးနှင့် နောက်တစ်ကြိမ် ဆုံတွေ့ ရလိမ့်မည်ဟု တခါမှ မထင်ထားမိခဲ့ချေ။

“ဟေ့ကောင်လေး … မင်းက ဖိုက်တာ တစ်ယောက်ဆို။ ငါနဲ့ တစ်ပွဲလောက် စမ်းမလား”

ဂျင်းပန် အပြာဝတ်ထားသည့် အသားညိုညိုနှင့် လူတစ်ယောက်က လက်သီးကို ပင့်ပြရင်း ချန်းဖန်ကို စိန်ခေါ်လိုက်သည်။

ကျောင်းယို့ယို့ နောက်သို့ တကောက်ကောက် လိုက်နေတတ်သည့် ယောက်ျားအများ ရှိသည်။ ချန်းဖန်ကို စိန်ခေါ်လိုက်သည့် လူ၏အမည်မှာ ရှောင်လုံဖြစ်ပြီး ဆန်ရှိုးအဖွဲ့၏ အဖွဲ့ဝင်သစ် တစ်ယောက်လည်း ဖြစ်သည်။ တဖက်သက် ကြိုက်နေသော မိန်းကလေးရှေ့တွင် သတ္တိပြရန် အလွန်လိုလား နေပုံလည်း ရလေသည်။

“ဒီလိုဆိုရင် ချန်းဖန် … ရှင် ရှောင်လုံနဲ့ တစ်ပွဲ တစ်လမ်းလောက် အကဲစမ်းကြည့်ပါလား” ကျောင်းယို့ယို့က ပါးချိုင့်လေးကို ပင့်ရင်း မခို့တရို့ပြုံးကာ ပြောလိုက်လေသည်။

“ရှောင်လုံကို မနိုင်ဘူးဆိုရင် ရှောင်လုံနဲ့ ဝေးရာမှာ နေနော်။ ဒီလိုမှ မဟုတ်ရင် ရှင့်ကိုရိုက်ဖို့ ရှောင်လုံကို ပြောလိုက်မှာ”

“ဟီး ဟီး ယို့ယို့ရဲ့ သူငယ်ချင်းကို ဘယ်သူက နှောင့်ယှက်ရဲတာလဲ။ အဲဒီလူကို ခြေထောက် ချိုးပစ်မယ်”

ရှောင်လုံ တစ်ယောက် နှုတ်ခမ်းနှင့် နားရွက်ချိတ်မတတ် ပြုံးနေချိန်တွင် ခေါင်းနောက်ကို တစ်စုံတစ်ယောက်က အားပါပါနှင့် ရိုက်ချလိုက်လေသည်။

“အား အိုး… ဘယ်သူ ရိုက်တာလဲကွ”

ရှောင်လုံက တစ်ဖက်သို့ လှည့်လိုက်ရာ အစ်ကို ကျန်းကို တွေ့လိုက် ရလေသည်။ သူက အံ့ဩနေဟန်ဖြင့် “အစ်ကိုကျန်း … ဘာဖြစ်လို့ ကျွန်တော့်ကို ရိုက်ရတာလဲ”

အစ်ကိုကျန်း ဆိုသည်မှာ သူတို့အဖွဲ့၏ စီနီယာ တစ်ယောက် ဖြစ်သည်။ သူသည် ဆုတံဆိပ် အမြောက်အမြား ရရှိဖူးသူလည်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ရှောင်လုံက အလွန် ရိုသေ လေးစားနေရခြင်း ဖြစ်သည်။

“ဘာဖြစ်လို့လဲ ဆိုတော့ မင်းက ငတုံးမို့လို့ပဲ”

အစ်ကိုကျန်းက ရှောင်လုံ တစ်ယောက် ပျံတက် သွားလောက်အောင် ကန်ကျောက် လိုက်လေသည်။

အားလုံးက စဉ်းစားမရဟန်ဖြင့် ကြည့်နေကြစဉ် အစ်ကိုကျန်းက ချန်းဖန်ထံသို့ ကပျာကယာ ပြေးသွားရင်း ဒူးနှစ်ဖက်ကို ထောက်ကာ ဂါရဝပြုရင်း ပြောလိုက်လေသည်။

“ဆရာချန်း ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီးနော်”

“အစ်ကိုကျန်း … ဘာတွေလုပ် …”

အားလုံးမှာ ရုတ်တရက် ပြောင်းလဲ သွားသော အဖြစ်ကို ကြည့်ပြီး မှင်တက် နေကြသည်။

ချန်းဖန်က မျက်လုံးကို မှေးရင်း ပြောလိုက်လေသည်။

“ကျုပ်ကို စော်ကားဖို့ ကြိုးစားတာ ဒါပါနဲ့ဆို ဒုတိယ အကြိမ် ရှိနေပြီနော်”

ရုတ်တရက် အစ်ကိုကျန်း၏ ခန္ဓာကိုယ် တစ်ခုလုံး ချွေးသီးချွေးပေါက်များ တရစပ် ကျဆင်း လာတော့၏။ သူက တုန်ရင်နေသော အသံဖြင့် “ကျုပ် တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ဗျာ။ ကျုပ်ကို ခွင့်လွှတ်ပါနော်။ ကျုပ်ညီတွေကလည်း အစ်ကို့ကို မသိလို့ပါဗျာ”

“ဟီးဟီး”

ချန်းဖန်က ယုံကြည်မှု အပြည့်ရှိသော အပြုံးနှင့် မတ်တတ် ရပ်ရန် ကြိုးစားနေသော ရှောင်လုံကို ကြည့်လိုက်လေသည်။

“မင်းက ဘာပြောတယ်။ ငါ့ခြေထောက်ကို ချိုးချင်တယ် ဟုတ်လား”

“ဆရာ ကျန်း … မလုပ်ပါနဲ့ဗျာ”

အစ်ကိုကျန်း၏ မျက်နှာမှာ ငိုတော့မည့် မိုးလို မည်းမှောင် သွားလေတော့သည်။

သို့သော် သူ နောက်ကျ သွားခဲ့ချေပြီ။ သူကြည့်နေစဉ်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ အရိပ်တစ်ခုပမာ ပြောင်းလဲသွားပြီး ရှေ့မှ ပျောက်ကွယ် သွားလေ၏။ ထို့နောက် ရှောင်လုံရှေ့သို့ ဖျတ်ခနဲ ရောက်သွားပြီး ရှောင်လုံ၏ ခြေထောက်ကို ကန်လိုက်လေတော့၏။

“အား...”

ရှောင်လုံထံမှ နာကျင်သံကြီး ထွက်ပေါ် လာလေသည်။ ထို့နောက် ခြေထောက်ကို ကိုင်ရင်း မြေကြီးပေါ်တွင် လူးလိမ့်ကာ အော်ဟစ် ညည်းညူ နေတော့၏။ သူ၏ ကြွက်သား အမြောင်းမြောင်းနှင့် ခြေထောက်မှာ တစစီ ကျိုးကြေ သွားချေပြီ။ ကြောက်စရာ ကောင်းလှသော ထိုမြင်ကွင်းကို ကြည့်ပြီး တခြား အဖွဲ့ဝင်များ၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော့ သွားလေတော့၏။

ချန်းဖန်တစ်ယောက် မည်သို့ လုပ်လိုက်မှန်းပင် သူတို့ မမြင်လိုက်ရချေ။

“ဒီကောင်က တကယ့် သောက်ကြမ်းကြီး။ တကယ့် သောက်ကြမ်းကြီးဟ”

ဖိုက်တာများမှာ စိတ်ထဲမှနေ၍ အော်ဟစ် လိုက်ကြလေ၏။ အစ်ကိုကျန်းက ရှေ့မှနေ၍ သူတို့အားလုံး ချန်းဖန်ရှေ့တွင် ဒူးထောက်ကာ ခွင့်လွှတ် ပေးပါရန် တောင်းပန် လိုက်ကြလေ၏။

“ဒါ ဒုတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါလေ့စေ။ နောက်တစ်ကြိမ်ဆိုရင် မင်းရဲ့ခေါင်းကို ပခုံးပေါ်ကနေ ငါ ဖြုတ်ပေးမယ်”

ချန်းဖန်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။ အစ်ကိုကျန်း တစ်ယောက်မှာ ချွေးစေးများပင် ပြန်နေလေပြီ။ ချန်းဖန်၏ စကားများမှာ ခြိမ်းခြောက်ရုံ သက်သက် မဟုတ်မှန်း သူ သိနေလေသည်။ လူတစ်ယောက်ကို သတ်ရသည်မှာ ချန်းဖန် အတွက်တော့ လက်ချောင်းချိုး ရသည်ထက်ပင် ပိုလွယ် နေပေလိမ့်မည်။

“ငါ့မျက်စိရှေ့က အခုထွက်သွားကြစမ်း”

အစ်ကိုကျန်းနှင့် သူ့အဖွဲ့သားများမှာ ရှောင်လုံကို သယ်ပြီး အခန်းတွင်းမှ သုတ်သီးသုတ်ပျာနှင့် ပြေးထွက် သွားကြ၏။ ကျောင်းယို့ယို့ တစ်ယောက်သာ ချန်းဖန်နှင့် ကျန်ရစ်ခဲ့လေတော့သည်။

ထိုအချိန်မှ ကျင်းမြို့တော်၏ နာမည်မကြီး လှသေးသည့် မှော်ဆရာမလေး တဖြစ်လည်း ကျောင်းယို့ယို့မှာ သတိနှင့်ကိုယ် ပြန်ကပ် လာတော့သည်။ သူမက ကြိုးစားပြုံးပြရင်း ပြောလိုက်လေသည်။

“ချန်းဖန် … ဒါကလေ .. ကျွန်မက နောက်တာ သိလား”

“နောက်တယ် ဟုတ်လား”

ချန်းဖန်က ကျောင်းယို့ယို့အား ရေခဲတမျှ အေးစက်နေသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ရုတ်တရက် ကျောင်းယို့ယို့မှာ ဇွန်လ အလယ်ကြီး ရေခဲသွားသလို ခံစားလိုက်ရလေသည်။

“ငါရော မင်းကို ပြက်လုံး တစ်ခုလောက် ပြောပြရမလား။ နင့်ခြေထောက်ကို ငါချိုးချင် တယ်လေ”

ချန်းဖန်က စိတ်အား ထက်သန်နေသော လေသံမျိုးဖြင့် ပြောလိုက်လေ၏။

ကျောင်းယို့ယို့ မှာ ကြောက်လွန်း၍ လှုပ်ပင် မလှုပ်နိုင်တော့ချေ။ ထို့နောက် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျ သွားလေတော့၏။

***

All Chapters