မင်းဘယ်လောက် သတ္တိရှိလဲ
Vol. 3 Ch. 232
နောက်ဆုံး၌ ဖန့်ချုံးနှင့် အခြားဧည့်သည်များ ဥယျာဉ်တွင်းသို့ ဝင်လာကြလေသည်။ တန်ရီ ဖေးသည်လည်း နဂိုရ်ပုံစံအတိုင်း ပြန်ဖြစ်နေလေပြီ။ သူမက ချန်းဖန်ဘေးမှ လျှောက်လာရင်း ဖော်ရွေစွာ စကားဆို လာလေသည်။ နောက်ဆုံး၌ ဖန့််ချုံးနှင့် တခြားဧည့်သည်များ ဥယျာဉ်တွင်းသို့ ဝင်လာကြလေ၏။ တန်ရီဖေး မှာလည်း နဂိုပုံစံအတိုင်း ပြန်ဖြစ်နေလေပြီ။ သူမက ချန်းဖန် ဘေးနားမှ လျှောက်လာရင်း လူရင်းများသဖွယ် လျှောက်လာကြ၏။
သို့သော် တန်ရီဖေးကို သေချာကြည့်မည် ဆိုလျှင် သူမကိုယ်လေးမှာ မသိမသာ တုန်ရီနေသည်ကို တွေ့ရမည် ဖြစ်၏။ ချန်းဖန်ကို ကြည့်လိုက်သည့် သူမ၏ မျက်လုံးများကို လေးစား အားကျမှုဖြင့် နှစ်ခြိုက် သဘောကျမှုများ ပါဝင်နေလေ၏။
ချန်းဖန်၏ စွမ်းအားမှာ တန်ရီဖေး မျှော်လင့် ထားသည်ထက် များစွာ ကျော်လွန်နေသည်။
သူသည် သိုင်းသမား ဆယ်ယောက်ကို ဆယ်မိနစ်အတွင်း သတ်ဖြတ် နိုင်ရုံသာမက ရီသစ်သားဝိညာဉ် ချီကို သုံးပြီးလည်း သူမ ကံကြမ္မာကို ဆုံးဖြတ် ပေးနိုင်ခဲ့သည်။ ယင်းမှာ ဒဏ္ဍာရီလာ တန်ခိုးရှင်များသာ လုပ်နိုင်သော အရာမျိုး ဖြစ်သည်။ လက်ဖြောက် တစ်ချက် တီးရုံနှင့် သူမကိုသေစေ နိုင်သလို သူမအသက်ကိုလည်း ကယ်စေနိုင်သည်။ သူမမည်မျှပင် သြဇာညောင်းသည်ဖြစ်စေ ချန်းဖန်သာ သူမကို ဟင်းသီးဟင်းရွက် အဖြစ် ပြောင်းလဲလိုလျှင် ဘာမှမတတ်နိုင်ပဲ သည်တိုင်း လက်ပိုက် ကြည့်နေရမည် ဖြစ်၏။
“မမရီဖေး စောနတုန်းက ဘာလုပ်နေတာလဲ”
ဖန့်ချုံးက မေးလိုက်၏။
“ဪ … ဘာမှမဟုတ်ပါဘူး ငါနဲ့ မစ္စတာ ချန်းတို့ ပြဿနာ နည်းနည်းတက်နေလို့။ အခုတော့ အဆင်ပြေ သွားပါပြီ“
တန်ရီဖေးက နဖူးရှေ့ ပြေလျော့နေသော ဆံနွယ်စများကို ပြန်လည် ဖြီးလိမ်းလိုက်ရင်း ကြိုးစားပြုံးကာ ပြောလိုက်၏။ တွေဝေ တုံ့ဆိုင်းသွားသော တန်ရီဖေး၏ အမူအရာကို ကြည့်ပြီး ယခုကိစ္စကို သည်နေရာတွင် ထားခဲ့ရန် ဖန့်ချုံးက ဆုံးဖြတ်လိုက်၏။ ထို့နောက် သူမက ချန်းဖန်ကို ကြည့်လိုက်သည်။ ချန်းဖန်က နွေးထွေး၍ စိတ်သက်သာရာ ရသည့် အပြုံးမျိုး ပြုံးပြလိုက်သည်။ ချန်းဖန်တစ်ယောက် ဒဏ်ရာမရမှန်း သေချာသွားတော့မှ ဖန့်ချုံးစိတ်ထဲမှ အလုံးကြီး ပြုတ်ကျ သွားလေတော့သည်။
သို့သော် ရှန်းချန်ဝမ်ကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး အံ့ဩ မှင်တက် သွားလေသည်။
ဘာတွေ ဖြစ်ကုန်ပြီလဲ။ ချန်းဖန်က တန်ရီဖေးနဲ့ ဘာကြောင့်များ ရင်းရင်းနှီးနှီး စကားပြောနေရတာလဲ။ သူတို့က အချင်းချင်း လည်မျို တက်နင်း နေရမည့် လူတွေလေ။ စောနက ကြားလိုက်ရတာ သေနတ်ပစ်သံတွေ မဟုတ်ဘူးလား။ ထိုသူသည် ကျန်းပေ့နယ်မှ နာမည်ကျော် ဆရာချန်း ဖြစ်၍ သူမသည် ကျင်းနန်နယ်မှ တိုင်ကွန်းတစ်ပါး၏ သမီး ဖြစ်သည်။ သူတို့နှစ်ဦးမှာ ပြိုင်ဘက်များ ဖြစ်သင့်သည်။ အဆွေခင်ပွန်းများ လုံးဝ မဖြစ်သင့်။ သူမြင်ရသလောက် တန်ရီဖေးသည် ချန်းဖန်အပေါ် စိတ်ရောကိုယ်ပါ နှစ်လျက် လုံးဝ ဆက်ဆံနေလေပြီ။ သူမပုံစံမှာ ချန်းဖန်နှင့် နောက်တစ်ကြိမ် တိုက်ခိုက်ရန် မည်သည့်အခါမျှ မစဉ်းစားလိုတော့သည့် ဟန်မျိုး ဖြစ်သည်။ ချန်းဖန် သူ့ထံလာသည်ကို မြင်လိုက်သည်နှင့် ရှန်းချန်ဝမ်က ကြိုးစားပြုံးကာ တည်ငြိမ်ဟန် ဆောင်လိုက်၏။ သူက ဦးအောင် မနှုတ်ဆက်နိုင်ခင် ချန်းဖန်က သူ့ပါးကို ရိုက်ကာ တွန်းထုတ် လိုက်လေသည်။
"မင်းက ဘာကောင်မို့လို့.."
ရှန်းချန်ဝမ်က မျက်နှာကို အုပ်ရင်း မယုံနိုင်ဟန်ဖြင့် အော်ပြော လိုက်လေ၏။
ချန်းဖန်က သူ့ခွန်အား ၁ % မျှပင် အသုံးမပြုခဲ့ပေ။ သို့မဟုတ်ပါက ထိုပါးရိုက်ချက်က ရှန်းချန်ဝမ်အား တစ်ခါတည်း သေစေနိုင်မည် ဖြစ်၏။ သို့သော် ပါးရိုက် ခံလိုက်ရသည့် ရှန်းချန်ဝမ်မှာ တခြားလူမဟုတ်။ သူသည် ကျန်းပေ့နယ်မှ အချမ်းသာဆုံးသော လူ၏ သား၊ ဝမ်ရုန်အဖွဲ့၏ အမွေဆက်ခံသူ ဖြစ်သည်။ သူ့မိဘများပင် သူ့ကို ပါးရိုက်ဖူးသည် မဟုတ်။ တခြားလူများ ဆိုလျှင်တော့ ပို၍ ဝေးသည်။
အဆိပ်မီးလျှံများ တိုးဝှေ့ ထွက်ပေါ်လာသလို သူ့မျက်လုံးမှာ ဒေါသကြောင့် နီမြန်းသွားလေ၏။ သူ့ပုံစံမှာ ချန်းဖန်ကို ယခုချက်ချင်း ထသတ်တော့ မလိုပင်။
“မင်းကို ရိုက်ရုံတင် မကဘူးး သတ်လို့သတ်လို့ရတယ်။ မင်းသေချင်လား”
ချန်းဖန်၏ မျက်လုံးအစုံမှာ အေးစက်စက် အငွေ့အသက်များ ဖြတ်သန်းသွားပြီး ကျဉ်းမြောင်း သွားလေသည်။ ရှန်းချန်ဝမ်က ပထမဆုံး နောက်ဆုတ် လိုက်သည်။ ပြီးလျှင် သူ့ရှေ့မှလူသည် စီရွှေကောင်တီမှ သာမန် ကျောင်းသား တစ်ယောက် မဟုတ်ဘဲ ကျန်းပေ့နယ်မှ နာမည်ကျော် ဆရာချန်း ဆိုသည့်အချက်ကို သတိမူမိ လိုက်လေသည်။ သူတို့အိမ်တံခါးဝတွင် ပေါ်လာပြီး တစ်မိသားစုလုံးအား သတ်ဖြတ် သွားမလားဟု ဖခင်ဖြစ်သူ စိုးရိမ်နေရသည့် ဆရာချန်း ဖြစ်သည်။ ထိုသို့ တွေးမိလိုက်သည်နှင့် ကြောက်ရွံ့ခြင်း လှိုင်းလုံးက သူ့ကို တိုက်စား သွားလေသည်။
“တန်ရီဖေးက ငါတို့ စီစဉ်ထားတဲ့အကြောင်း ချန်းဖန်ကို ပြောပြီး သစ္စာဖောက်သွားတာ ဖြစ်ရမယ်။ တန်မိသားစုနဲ့ ချန်းဖန်တို့က အခု မဟာမိတ်တွေ ဖြစ်သွားပြီလား”
ရှန်းချန်ဝမ် တစ်ယောက် အပြေးအလွှား စဉ်းစား နေစဉ်တွင် ချန်းဖန်၏ မေးခွန်းကို ဖြေရန် သတိမရသလို ဖြစ်သွားလေသည်။
“ချန်းဖန် နင် ဘာလုပ် လိုက်တာလဲ”
အခြေအနေ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်ခဲ့ချေပြီ။ စွန်းကျီနှင့် အခြားလူများက ဒေါသတကြီး အော်ဟစ်လိုက်၏။
“မင်းကိုမင်း ဘာကောင် ထင်နေလို့လဲကွ။ မင်းကများ ချန်ဝမ် ကို ပါးရိုက်ရဲတယ် ဟုတ်လား”
စွန်းကျီသည်လည်း မယုံနိုင်သလို ဖြစ်နေသည်။ ချန်းဖန်၏ လက်ဝါး ရှန်းချန်ဝမ် ၏ မျက်နှာပေါ် ကျရောက် သွားသည်ကို မျက်လုံးနှင့် ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသည်ကိုလည်း မယုံနိုင် ဖြစ်မိသည်။ သူသည် ရှန်းယုံဟွာ၏ သား ဖြစ်သည်။ ထိုသူ၏သားကို အများရှေ့၌ ပါးရိုက် လိုက်ခြင်းသည် ရှန်းမိသားစုကို စော်ကားလိုက်သည့် သဘောလည်း ဖြစ်သည်။ ဖန့်ချုံးသည်လည်း အခြေအနေကို ကြည့်ပြီး ကြက်သေ သေနေမိသည်။ ရှန်းချန်ဝမ် အကြောင်းကို သူမ ကောင်းကောင်း သိသည်။ အများရှေ့တွင် ယဉ်ကျေးချင်ယောင် ဆောင်ထားသော်လည်း ထိုလူသည် ကောက်ကျစ်၍ ရန်သူများ အပေါ် လက်စားချေလိုစိတ် ကြီးသူ ဖြစ်သည်။ ဝမ်ရုန်အဖွဲ့၏ ရာထူးဌာန အတော်များများကို လက်ဝါးကြီး အုပ်ထားနိုင်ခြင်းမှာ သူ၏ ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများကြောင့် ဖြစ်သည်။ အကယ်၍ ရှန်းမိသားစုသာ ယခုအရှက်ကွဲလှောင်ပြောင်ခံရခြင်းကို လက်စားချေရန် ဆုံးဖြတ်လိုက်ပါက ချန်းဖန်တစ်ယောက် ကိုင်တွယ်နိုင်မည့်ဟန် မရှိပေ။ သူမက တန်ရီဖေးအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ တန်ရီဖေးအနေဖြင့် ရှန်းချန်ဝမ်၏ ဒေါသကို ဖြေဖျောက် ပေးနိုင်မလားဟု မျှော်လင့် လိုက်လေသည်။ သူမ အံ့ဩ၍မှ မဆုံးမီ တန်ရီဖေးမှာ မျက်မှောင်ကြုတ်ရင်း ရှန်းချန်ဝမ်အား ကြည့်ကာ အော်ဟစ် လိုက်လေသည်။
“တိတ်စမ်း … မစ္စတာချန်းကို စော်ကားဖို့ နင့်ကို ဘယ်သူက အခွင့်ပေးထားလို့လဲ”
“အစ်မတန်”
စွန်းကျီမှာ အစ်မတန်၏ ရုတ်တရက် ပေါက်ကွဲမှုကို ကြည့်ပြီး အလန့်တကြားနှင့် နောက်ဆုတ် လိုက်မိသည်။ တန်ရီဖေး တစ်ယောက် ချန်းဖန်ဘက်သို့ ကူးပြောင်းသွားသည့် အကြောင်းကို မည်သူမျှ နားမလည်နိုင်ကြချေ။ ဥယျာဉ်တွင် ရှိနေသည့် မိနစ်အနည်းငယ် အတွင်း ချန်းဖန်က တန်ရီလေး၏ နှလုံးသားကို အပိုင်သိမ်း သွားသလော။ မဟုတ်သေး … လုံးဝ မဖြစ်နိုင်။ ချန်းဖန်သည် တန်ရီဖေး ကြိုက်သော ပုံစံမျိုး မဟုတ်ပေ။
“ရှန်ချန်ဝမ်... တန်မိသားစုက နင်လုပ်ခဲ့တာတွေကို အမြဲတမ်း မှတ်ထားတယ်။ အခု ဒီနေရာက ထွက်သွားစမ်း”
တန်ရီဖေးက ရှန်းချန်ဝမ်အား အေးစက်စက် ကြည့်ကာ ပြောလိုက်လေသည်။ ရှန်းချန်ဝမ်သည် ဘာစကားမှ မပြောတော့ဘဲ ဥယျာဉ်တွင်းမှ ထွက်ခွာသွားလေ၏။ ချန်းဖန်က သူ့ကို တားလည်း မတားသလို ဘာမှမပြောဘဲလည်း ကြည့်နေသည်။ ရှန်းချန်ဝမ်သည် ယခင်ဘဝက အတိုင်းပင်။ ဘာမှမပြောင်းလဲ။ ချန်းဖန်ကို သူကိုယ်တိုင် သတ်မည့်အစား တဖက်လှည့်နှင့် ဓားတစ်ချောင်းငှားကာ သတ်ရန် ကြိုးစားခဲ့ပြန်သည်။
“ဆရာ … ကျွန်မ သူ့ကို ဘာလုပ်ပေးဖို့ လိုဦးမလဲ”
တန်ရီဖေးက ချန်းဖန် အနီးသို့ သွားပြီး တိတ်တဆိတ် မေးမြန်း လိုက်လေသည်။ ချန်းဖန်နှင့် သူမကြား အကောက်ကြံရန် ကြိုးစားခဲ့သည့် ရှန်းချန်ဝမ် ကို သူမလည်း မုန်းတီးသည်။ သူသာ တွန်းအား မပေးလျှင် ချန်းဖန်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့မည် မဟုတ်ပေ။ ထို့အတူ ချန်းဖန်၏ ကျွန်အဖြစ်လည်း ကျဆင်းရ မဟုတ်။
“သူ့ကို သတ်မလို့လား။ သေတာက သူ့အတွက် လွယ်လွန်းနေတယ်။ ငါသာ သူ့ကို သတ်ချင်တယ် ဆိုရင် ဟိုးအရင် ကတည်းက သတ်ခဲ့လိုက်ပြီ”
ချန်းဖန်က လှောင်ရယ်လိုက်သည်။
“သူ့ကို ဖြည်းဖြည်းချင်း လဲကျသွားစေချင်တာ။ သူ့မျှော်လင့်ချက်တွေကို တကြိမ်ကို တခါ ရိုက်ချိုးပစ်ရမယ်။ နောက်ဆုံး ကူကယ်ရာမဲ့ပြီး မျှော်လင့်ချက် မဲ့တော့မှ သူ့ကို တချက်တည်းနဲ့ သတ်ပေးမယ်”
တန်ရီဖေးမှာ ချန်းဖန်၏ စကားများကို ကြားလိုက်ရ၍ တုန်လှုပ် သွားလေသည်။
ချန်းဖန်နှင့် ရှန်းချန်ဝမ်ကြား မည်သို့သော သွေးကြွေးတိုက်ပွဲများ ရှိနေမှန်း သူမ စဉ်းစားမိသည်။ ချန်းဖန်သည် ရှန်းချန်ဝမ်အား သာမန် ချစ်သူလုဘက်ထက် ပို၍ သဘောထား လေသည်။ သို့သော် လက်ရှိ အချိန်အထိ သူမ မသိသည်မှာ ရှန်းချန်ဝမ်သည် ချန်းဖန်၏ အဓိကရန်သူ ဖြစ်သည်။ ယခင်ဘဝက ချန်းဖန်ဘဝကြီး စုတ်ပြတ်သွားအောင် ပြုလုပ်ခဲ့သည့် နောက်ကွယ်မှ မာစတာဘရိန်းမှာ သူ ဖြစ်သည်။ ချစ်သူကို လုယူ၊ ကုမ္ပဏီကိုသိမ်း၊ ချန်းဖန်၏ မိခင်ကို သတ်ခဲ့သူ ဖြစ်သည်။ ယခုဘဝ၌ ရှန်းချန်ဝမ်နှင့် ရှန်းမိသားစုတို့အား ထိုသို့ ပြုလုပ်ခိုင်းမည် မဟုတ်တော့။ ထိုအချိန်၌ စွန်ကျီနှင့် အခြားဧည့်သည် များသည် သူတို့အား ငေးစိုက်၍သာ ကြည့်နေကြတော့သည်။ မာနရှင် အစ်မ တန်ပင် ချန်းဖန်အား လေသံ ကလေးနှင့် တိုးလျှိုးပြောပြနေရသည့် အဖြစ်ကို ကြည့်ပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေမိသည်။ အစ်မတန်မှာ ယောကျ်ားသားများနှင့် စကားပြောဖို့ ဝေးစွ၊ ယောကျ်ားများနှင့် မျက်လုံးချင်းပင် ဆုံအောင် ကြည့်ချင်သူ မဟုတ်ပေ။
ဖန့်ချုံးပင် တစုံတစ်ခု မှားယွင်းနေပြီကို သတိမူမိ၏။ သို့သော် ချန်းဖန်သည် မျက်နှာများတတ်သည့် ယောက်ျားတစ်ယောက် မဟုတ်မှန်း သူမ သိသည်။ ချန်းဖန်နှင့် အစ်မတန်ကြား ရုတ်တရက်ကြီး ပြောင်းလဲသွားသော ဆက်ဆံရေးကို ကြည့်ပြီး သူမမှာ အံ့ဩနေမိခြင်း ဖြစ်သည်။
ကျောင်းယို့ယို့သည်လည်း နှုတ်ဆိတ်နေသည်။ မမတန်ရီဖေး တစ်ယောက် ထိုမကောင်းဆိုးဝါး၏ မန္တာန်အောက် ကျရောက်သွားမည်ဟု သူမ အတပ် ပြောနိုင်လေသည်။
သို့သော် ချန်းဖန်က ကျန်းနန်မိဘုရားမကြီး တန်ရီဖေး၏ စိတ်ကို ချုပ်ကိုင်နိုင်သည့် အတွက်တော့ သူမ စိတ်ထဲမှ ကြိတ်ကာ ပျော်ရွှင်နေမိသည်။ ပြောရလျှင် မယုံကြည် နိုင်လောက်အောင် အစွမ်းထက် လွန်းလှသော လူတစ်ယောက်၏ လက်အောက်၌ အရှုံးပေးရခြင်း၏ ပျော်ရွှင်မှု သုခတမျိုးဟုပင် ဆို၍ ရနိုင်ချေ ရှိလေသည်။ ပါတီပွဲ ပြီးသွားသည်နှင့် ဖန့်ချုံးက ချန်းဖန်အား အိမ်ပြန် လိုက်ပို့လိုက်သည်။
ကျောင်းနား မရောက်ခင်အထိ ယနေ့ ဖြစ်ပျက်ခဲ့သမျှကို မည်သူမျှ စကားစမပြောခဲ့ချေ။
“ရှောင်ဖန်း .. အစ်မ တန်က ဘယ်လိုလုပ်ပြီး ရှင်နဲ့ သူငယ်ချင်း ဖြစ်နေတာလဲ။ ပြီးတော့ အစ်မတန်က ဘယ်လိုလုပ်ပြီး ရှန်းချန်ဝမ်ကို အရမ်း မုန်းသွားရတာလဲ...”
“ဥယျာဉ်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေက နည်းနည်းတော့ ရှုပ်တယ်။ တန်ရီဖေးက ကိုယ်တိုင် နှုတ်ဆိတ် နေမှတော့ ကိုယ်လည်း ဘာမှ မပြောနိုင်ဘူး။ ပြီးတော့ ကိုယ်က သူ့အသက်ကို ကယ်ခဲ့တာပါ”
ချန်းဖန်က ဖြစ်စဉ် အသေးစိတ်ကို ကျော်ပြီး ပြောလိုက်လေသည်။ ဖန့်ချုံးက ထက်မြက်သော မိန်းကလေး တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ချန်းဖန်၏ အဖြေနှင့် ဥယျာဉ်ထဲမှ သေနတ်သံကို ဆက်စပ်ပြီး အဖြေကို စဉ်းစား တွက်ချက် ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာသည့် သူမက ပါးစပ်လေးကို ပိတ်ကာ အံ့ဩဟန်ဖြင့် မေးလိုက်လေသည်။
“ရှန်းမိသားစုက အစ်မတန်ကို သတ်ဖို့ လူသတ်သမားတွေ လွှတ်လိုက်တာလား”
ချန်းဖန်က ပြုံးရင်း နှုတ်ဆိတ်လျက်သာ နေလိုက်သည်။ ဆိတ်ဆိတ် နေခြင်းသည် သဘောတူ လက်ခံခြင်းဟု ဖန့်ချုံးက ယူဆလိုက်သည်။ ချန်းဖန် သူမကို မလိမ်မှန်း သိသည်။ သူလိမ်မည် ဆိုလျှင်လည်း ချန်ဖန်းသည် လိမ်နေမှန်းသိအောင် ညံ့ဖျင်းလှသူ ဖြစ်၏။ တန်ရီဖေး၏ ၁၈၀ ဒီဂရီ သဘောထား ပြောင်းလဲမှုက သူမသံသယကို အဖြေပေးလိုက်သလိုပင်။ သူမက ခေါင်းညိတ်ပြရင်း ပြောလိုက်လေ၏။ “ဒီလိုကိုး။ ဒါကြောင့်လည်း အစ်မ တန်က ရှန်းချန်ဝမ် ဒီနေ့ လုပ်ခဲ့သမျှ သူတို့ တန်မိသားစုက ဘယ်တော့မှ မမေ့ဘူးလို့ ပြောလိုက်တာ ဖြစ်မယ်”
“ဒါပေမဲ့ ရှန်းမိသားစုက ချန်းမိသားစုနဲ့ စစ်ဖြစ်နေတာ မဟုတ်ဘူးလား။ ဒီလောက် အရေးကြီး အချိန်မျိုးမှာမှ တန်မိသားစုကို သွားပြီး ဘာကြောင့် ရန်စရတာလဲ။ မျက်နှာစာ နှစ်ဖက်ရှိတဲ့ တိုက်ပွဲကို သူတို့ ဘယ်လိုလုပ် နိုင်မှာလဲ” ဖန့်ချုံးမှာ ရှုပ်ထွေး သွားသလိုပင်။ သူမအနေဖြင့်လည်း သည့်ထက်ပို၍ မတွေးတတ်တော့။ ဝေခွဲမရ ရှုပ်ထွေး နောက်ကျိနေသော ဖန့်ချုံး၏ ပုံလေးကို ကြည့်ပြီး ချန်းဖန်က စိတ်ထဲမှ ကြိတ်ကာ ရယ်နေလိုက်၏။ သို့သော် ဖြစ်ခဲ့သမျှကိုတော့ ရှင်းပြမနေတော့ချေ။
“ရှောင်ဖန်း … အစ်မရီဖေးနဲ့ ဝေးဝေး နေသင့်တယ်။ သူက ဒီနယ်ရဲ့ ထူးရှယ် လူတစ်ယောက်။ ပြီးတော့ အန္တရာယ်လည်း အလွန်များတယ်” ရုတ်တရက် ဖန့်ချုံးက တစ်ဖက်သို့ လှည့်ပြီး ချန်းဖန်ကို စိုးရိမ်သလို ကြည့်လိုက်၏။ သူမက အနည်းငယ် တွန့်ဆုတ်နေပြီး အင်္ကျီအောက်မှ ကျောက်စိမ်း ဆွဲကြိုးကို ထုတ်လိုက်သည်။
“ချန်းပေ့ရွှမ်းလို့ခေါ်တဲ့ လူစိမ်းတစ်ယောက်က ဒီပစ္စည်းလေး ကျွန်မကို ပေးသွားတာ။ သူပြောတာတော့ အန္တရာယ်တွေကနေ ကာကွယ်နိုင်တယ် ဆိုတာပဲ။ ရှောင်ဖန်း… ကြည့်ရတာ ရှင်က ကျွန်မထက် ဒီပစ္စည်းလေးကို ပိုလိုမလားလို့ …”
“မလိုပါဘူး … ကိုယ်အဆင်ပြေပါတယ်။ ကိုယ်က သာမန် ကျောင်းသား တစ်ယောက်ပဲလေ။ ပြီးတော့ လူကုံထန်တွေရဲ့ ကိစ္စတွေကြား ဝင်ရှုပ်လေ့မှ မရှိတာ။ ကိုယ့်အတွက် မစိုးရိမ်ပါနဲ့”
ချန်းဖန်က ကားတံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးအပြင်သို့ ထွက်သွားပြီး ဖန့်ချုံးအား တာတာ့ပြရင်း ပြောလိုက် လေသည်။
“ရှောင်ချုံး .. သိပ်စဉ်းစားမနေနဲ့။ အခု အိမ်ပြန်တော့နော်”
ကျောင်းဂိတ်ပေါက်နောက်သို့ ချန်းဖန်ကိုယ်လေး ပျောက်ကွယ် မသွားမချင်း ဖန့်ချုံးက ကားကို မမောင်းသေးဘဲ ကြည့်နေလေသည်။
ချန်းဖန်တစ်ယောက် အန္တရာယ် ရှိနေပြီ ဟူသော အတွေးကြောင့် သူမမှာ ပူလောင်နေရသည်။ သူမ ငယ်သူငယ်ချင်းလေးကို ချစ်များ ချစ်နေမိပြီလားဟု စဉ်းစား မိလိုက်လေသည်။
ဂရင်းဗိုင်းကလပ် ပါတီပွဲပြီးသည့် နောက်တွင်တော့ ချန်းဖန်၏ ဘဝမှာ သာမန်အတိုင်း ပြန်ဖြစ် သွားလေသည်။
ရှန်းမိသားစုနှင့် ချန်းမိသားစုကြားမှ တိုက်ပွဲမှာ ရုတ်တရက် ရပ်စဲသွားကြ၏။ မိသားစုကြီး နှစ်ခုကြား ဘာမှမဖြစ်ခဲ့သလိုပင်။ သို့သော် ယင်းမှာ မုန်တိုင်းမလာခင် လေငြိမ်နေသည့် သဘောမျိုးမှန်း အားလုံးက သဘောပေါက် ကြလေသည်။
နှစ်ဖက်စလုံးက ရနိုင်သမျှ စွမ်းအင်များကို စုဆောင်းရင်း ပြိုင်ဘက်ကို အလဲထိုးနိုင်မည့် နောက်ဆုံး တိုက်ကွက်ကို ပြင်ဆင်နေကြ၏။ ထိုအချိန်တွင် ချန်းဖန်သည်လည်း သူ၏ အပူအပင် ကင်းလှသည့် ကျောင်းသားဘဝကို သက်တောင့်သက်သာကြီး ခံစားနေလေတော့၏။
သူ့ဘဝတွင် ပြောင်းလဲသွားသည့် အရာဟူ၍ ကျိုးချင်းရက သူ့အပေါ်ထားသည့် သဘောထားများသာ ဖြစ်၏။ သူမက နေ့လယ်စာစားဖို့ သူ့ကို စတင် ဖိတ်ခေါ်ခဲ့သလို မကြာခဏလည်း ပန်းလီနှင့်အတူ ညစာ အတူစားရန် ဖိတ်ခေါ်ခဲ့၏။ ပန်းလီသည်လည်း ချန်းဖန်ကို လက်လျော့သေးဟန် မရပေ။
ဓာတ်ခွဲခန်း တိုးတက်မှုကိုလည်း သူ ကြီးကြပ် ရသေးသည်။
ကျင်းမြို့တော် တက္ကသိုလ်သည် ဓာတ်ခွဲခန်းတည်ဆောက်မှုကို အရေးတယူ ထားပြီး အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်နေ၏။ ဓာတ်ခွဲခန်းကို တည်ဆောက် ပြီးသည်နှင့် နိုင်ငံတော်အဆင့် သုတေသန ပရောဂျက်များနှင့် ညီမျှသည့် ပစ္စည်းပစ္စယများကို ဖြည့်သွင်း ထားလေ၏ ဓာတ်ခွဲခန်းမှာ ဟွာချင် တက္ကသိုလ်ကဲ့သို့ နာမည်ကျော် တက္ကသိုလ်များနှင့် ရင်ဘောင်တန်း နိုင်ရန် ရည်ရွယ် တည်ဆောက် ထားသည့် တက္ကသိုလ်၏ တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်ပေသည်။
အတန်းပြီးဆုံးသည်နှင့် ကျောင်းသားများ မေးလာသမျှ မေးခွန်းကို အချိန် အလုံအလောက်ပေးကာ ဖြေကြား ပေးခဲ့လေသည်။
သူ့ပရိသတ်မှာ တဖြည်းဖြည်းနှင့် များပြားလာတော့၏။ တက္ကသိုလ် ပါမောက္ခများပင် သူ့သင်တန်းကို တက်ရောက် နားထောင် တတ်လေသည်။ ချန်းဖန်ထံမှ သူတို့ သင်ယူရလေ ချန်းဖန်၏ အသိပညာနှင့် အနာဂတ်အပေါ်ထားသည့် သူ၏ အမြင်တို့ကို ပို၍ လေးစားအားကျမိလေ ဖြစ်၏။
ဖန့်ချုံးနှင့် ကျောင်းယို့ယို့ တို့နှစ်ဦးမှာ သူ့အတန်းကို တစ်ခါမှ အလွတ်မခံသည့် သူ၏ အမာခံ ပရိသတ်ကြီးများ ဖြစ်နေတော့၏။ အတန်းပြီးသည်နှင့် စုကျောင်းက သူရှိရာသို့လာပြီး မေးလိုက်လေသည်။
“ပါမောက္ခ ချန်း … လာမယ့်အပတ်မှာ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဇီဝဗေဒ ညီလာခံကို တက်ရောက်ဖို့ ဆရာ့မှာ အချိန်ရှိပါသလား ရှင်”
“အပြည်ပြည်ဆိုင်ရာ ဇီဝဗေဒ ညီလာခံ ဟုတ်လား”
ချန်းဖန်တစ်ယောက် အံ့ဩ သွားလေသည်။ သူတို့စကားကို ကြားလိုက်ရသည်နှင့် ဟန်တုန်းယု၏ မျက်ဝန်း အစုံတွင်တော့ အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားလေတော့သည်။
***