← Chapters

အခန်း (၅၂၅)

Vol. 35 Ch. 525

အခန်း (၅၂၅)

Vol. 35 Ch. 525

“ ဒီ အသက်အရွယ်မှာတင် ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားတာ တကယ် အံ့ဩစရာပဲ… ဒါပေမယ့် မင်းက စိတ်လောလွန်းတယ်…”

“ လျူယန်မင်းဆက်ကို တစ်ယောက်တည်း လာရဲတယ်ပေါ့… ဟမ့် မင်းရဲ့ ဓားရည်ရွယ်ချက် စွမ်းအားတစ်ခုတည်းနဲ့ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မယ် ထင်နေတာလား…”

လျူယန်၏ နောက်ကျောဘက်မှ ထာ၀ရ နတ်ဘုရားစင်မြင့် တစ်ချက်တုန်ခါသွားပြီး ကောင်းကင်ဘုံ လောင်ကျွမ်းခြင်း ဆီးလ်တံဆိပ်အတွင်း စွမ်းအားများ စီး၀င်သွားသည်။

ဤသို့ဖြင့် ဆီးလ်တံဆိပ်က ပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။

လျူယန်၏ စကားများက အေးစက်နေခဲ့ပြီး စကားလုံးတိုင်းက ဂျင်(၁၀၀၀)အလေးချိန်ရှိသော ကျောက်တုံးကြီးများအလား လေးလံနေသည်။

၎င်း၌ ပါ၀င်နေသော ကြီးမားသည့် ဖိအားကြောင့် တိုက်ပွဲကြည့်နေသော ကျင့်ကြံသူများ အသက်ရှုမ၀သလိုပင် ခံစားလာရ၏။

“ ဒီလိုစွမ်းအားမျိုး… အန္တိမ အင်ပါယာအဆင့်နဲ့တောင် ယှဉ်နိုင်နေပြီ…”

တိုက်ပွဲကြည့်နေသော ကျင့်ကြံသူ တော်တော်များများတို့ နောက်သို့ တော်တော်ဝေးဝေး ရောက်သည်အထိ အလျင်အမြန် ဆုတ်လိုက်ကြသည်။

အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူအနည်းငယ်လောက်သာ တောင့်ခံရင်း ကျန်ခဲ့ကြ၏။

ထိုအထဲတွင် ရွှမ်ယီအား အလွန်သဘောကျ နှစ်ခြိုက်သော လူငယ်လည်းရှိနေခဲ့ပြီး စိုးရိမ်မှုပြည့်နေသော မျက်၀န်းများဖြင့် တိုက်ပွဲနေရာသို့ လှမ်းကြည့်နေခဲ့သည်။

အင်ပါယာ လျူယန်က ကောလဟာများ အတိုင်း အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှ၏။

၎င်း၏ ကျင့်ကြံမှုက အန္တိမအင်ပါယာအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့ပြီး ပိုင်ဆိုင်ထားသော စွမ်းအားများက ရွှမ်ယီအထက် အဆများစွာ ပိုပေသည်။

၎င်းက ပင်လယ်ကြီးနှင့် မြစ်တစ်စင်းအကြားမှ ကွာခြားမှုအလားပင်။

ရွှမ်ယီ၏ ဓားနည်းစနစ်များ မည်မျှ အစွမ်းထက်နေစေကာမူ ထိုကွာဟာချက်က ဖြတ်ကျော်ရန် မဖြစ်နိုင်ဟု ထင်မှတ်ရသည်။

တိုက်ပွဲကြည့်နေသော ကျင့်ကြံသူ တော်တော်များများ ခေါင်းယမ်းလိုက်ကြ၏။

“ နှစ်(၁)သောင်းလောက် လိပ်ခွံထဲ ပုန်းနေခဲ့ပြီး အန္တိမ အင်ပါယာအဆင့်တောင် မရောက်သေးတဲ့ တစ္ဆေအိုကြီးက တော်တော် လေကြီးတာပဲ…”

ရွှမ်ယီ၏ အဖြူရောင် ၀တ်စုံက လေနှင့်အတူ အလိုက်သင့် လွင့်မျောနေခဲ့ပြီး သူထံမှ ဓားရည်ရွယ်ချက် စွမ်းအားက ကောင်ကင်ထက်သို့ ထိုးတက်သွားလေသည်။

နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိဟန်တူပြီး စကားသံကလည်း သာမန်အတိုင်း တည်ငြိမ်နေခဲ့၏။

အင်ပါယာလျူယန်၏ စွမ်းအားက သူ့အား အနည်းငယ်မျှ စိတ်မလှုပ်ရှားစေခဲ့ဟန်ရသည်။

“ ကောင်လေး.. စကားကြီးစကားကျယ်တွေ သိပ်ပြောပါလားကွ… ငါရဲ့ လျူယန်မြို့ကို လာပြီးတိုက်ခိုက်ခဲ့တဲ့အတွက် မင်းရဲ့ ခေါင်းကို လျော်ကြေးအဖြစ်ယူရမယ်…”

လျူယန် ရယ်မောလိုက်ပြီး ညာလက်အား ရှေ့သို့ တွန်းထုတ်ဟန် ပြုလိုက်သည်။

ဂျုန်း…

‌ကောင်းကင်ဘုံ လောင်ကျွမ်းခြင်း နတ်ဘုရားဆီးလ်တံဆိပ်က ရှေ့သို့ ပြေးထွက်သွားပြီး ကောင်းကင်ကို မီးပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်၏။

ရွှမ်ယီ၏ ပုံရိပ်ကမူ မီးပင်လယ်ကြီးအတွင်း နစ်မြုပ်ပျောက်ကွယ်သွားလေသည်။

“ ကြောက်ဖို့ကောင်းလိုက်တာ.. ဒါက ကောင်းကင်ဘုံလောင်ကျွမ်းခြင်း နတ်ဘုရား ဆီးလ်တံဆိပ်ရဲ့ အစစ်အမှန် စွမ်းအားလား…?”

ထိုအချိန်တွင် တိုက်ပွဲမြေပြင်နေရာနှင့် အတော်အတန်ကွာဝေးသော ကောင်းကင်တစ်နေရာ၌ ရုတ်တရက် လေဟာနယ်အက်ကွဲသွားခဲ့ပြီး ကြိမ်လုံးတစ်ချောင်း ကိုင်ဆောင်ထားသည့် ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာလေသည်။

ထိုမြင်ကွင်းက တိုက်ပွဲအား ကြည့်ရှုနေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို အံ့ဩသွားစေခဲ့သည်။

ထိုဆံပင်ဖြူနှင့်အဘိုးအိုက လျူယန်မင်းဆက်နှင့် နီးစပ်သော ဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်တစ်ဦးဖြစ်၏။

ထို့အပြင် ၎င်း၏ကျင့်ကြံမှုက အင်ပါယာလျူယန်နှင့် အဆင့်တူသည်။

သူတို့အားလုံး ဆန်းကြယ်ပလ္လင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင်အောင် ယခုအချိန်တွင် သူ၏အမူအရာက တည်ငြိမ်နေခြင်းမရှိဘဲ အံ့ဩမှုများနှင့် ပြည့်နှက်နေခဲ့သည်။

ကောင်းကင်ဘုံလောင်ကျွမ်းခြင်း နတ်ဘုရားဆီးလ်တံဆိပ်မှာ အသေးစားနတ်တန်ခိုးစွမ်းရည်တစ်ခုမျှသာ ဖြစ်သော်လည်း သူတို့အဆင့် အင်အားစုများအတွက်မူ အမှန်တကယ် အဖိုးတန်လှပေသည်။

ထို့အပြင် သူတို့အချင်းချင်း တာအိုနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြချိန်တွင် အချင်းချင်း၏ အသေးစားနတ်တန်ခိုးစွမ်းရည်များကို တွေ့မြင်ဖူးခဲ့ကြပြီးဖြစ်၏။

သို့ဖြစ်ရာ အချင်းချင်း၏ အသေးစားနတ်တန်ခိုးစွမ်းရည်များ၏ ကန့်သတ်ချက်များကိုလည်း သဘာဝအတိုင်း နားလည်ထားကြသည်။

သို့သော် ယခုအချိန်တွင် ကောင်းကင်ဘုံလောင်ကျွမ်းခြင်း နတ်ဘုရားဆီးလ်တံဆိပ်မှ ထွက်ပေါ်နေသော စွမ်းအားက အသေးစားနတ်တန်ခိုးစွမ်းရည်တစ်ခုထံမှ ထုတ်လွှတ်နိုင်သော အဆင့်မျိုးမဟုတ်ကြောင်း သေချာ‌သည်။

“ သူ တကယ်ပဲ ရှေ့တစ်လှမ်း တိုးသွားပြီကိုး…”

နတ်တန်ခိုးစွမ်းရည်များကလည်း ပုံမှန်ပညာရပ်များနှင့် အလားသဏ္ဌာန်တူညီပေသည်။

နှစ်ထောင်ပေါင်းများစွာကြာအောင် တစ်စိုက်မတ်မတ် လေ့ကျင့်ပြီးနောက် အဆင့်တက်သွားနိုင်ခြေရှိ၏။ သို့သော် ရှေ့သို့ ခြေတစ်လှမ်းတိုးရန်ပင် လွန်စွာခက်ခဲလှသည်။

ဆန်းကြယ်ပလ္လင်အဆင့်ကျင့်ကြံသူပေါင်းများစွာ နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြိုးစားခဲ့ကြသည့်တိုင်အောင် မည်သည့်အကျိုးရလဒ်မှ မရှိသော ဖြစ်ရပ်များ အများအပြားပင်။

ယခုတွင် အင်ပါယာလျူယန် ထုတ်ဖော်အသုံးပြုလိုက်သော ကောင်းကင်ဘုံလောင်ကျွမ်းခြင်းနတ်ဘုရားဆီးလ်တံဆိပ်က နောက်တစ်ဆင့်သို့ ရောက်ရှိခြင်း မရှိသေးသော်လည်း သိပ်ပြီးမဝေးကွာတော့ပေ။

ဆံဖြူအဘိုးအို၏စကားများက တိုက်ပွဲကို ကြည့်ရှုနေသူများ၏ နားထဲသို့ ပဲ့တင်ထပ်ကာ ဝင်ရောက်သွားခဲ့သည်။

“ ဂိုဏ်းချုပ်ရွှမ် အန္တရာယ်ရှိနေပြီ…”

ကျင့်ကြံသူတစ်ဦးက သက်ပြင်းချလိုက်ပြီး စိတ်မကောင်းမှုများ ပြည့်နေသော မျက်ဝန်းများဖြင့် မီးပင်လယ်ကြီးရှိရာသို့ လှမ်းကြည့်လိုက်၏။

အစောပိုင်းတွင် ရွှမ်ယီက မီးလျှံခေါင်းလောင်းအား အသာအယာ ဖျက်ဆီးနိုင်စွမ်းရှိခဲ့သော်လည်း ယခုတွင် အသေးစားနတ်တန်ခိုးစွမ်းရည်ကန့်သတ်ချက်ထက် ကျော်လွန်နေသော ကောင်းကင်ဘုံလောင်ကျွမ်းခြင်း နတ်ဘုရားဆီးလ်တံဆိပ်စွမ်းအားများက ရွှမ်ယီအား လွှမ်းခြုံထားချေပြီ။

လူတိုင်း နှလုံးသားထဲတွင် ရွှမ်ယီအား သေလူအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်လုနီးပါး လွှမ်းခြုံထားသော မီးပင်လယ်ကြီးအတွင်းမှ မိုးကြိုးပစ်သံတစ်မျှ ကျယ်လောင်သော ဓားမြည်သံတစ်ခု မြည်ဟီးလာ၏။

လူတိုင်း အံ့ဩသွားခဲ့ကြပြီး မသိစိတ်အရ ဓားမြည်သံ ထွက်ပေါ်လာရာသို့ ကြည့်လိုက်မိကြသည်။

တစ်ဖက်တွင် ထိုဓားမြည်သံ ထွက်ပေါ်လာသည်နှင့် တိုက်ပွဲ၌ အနိုင်ရပြီဟု ယုံကြည်နေသော အင်ပါယာလျူယန်၏ မျက်နှာလည်း သိသိသာသာပျက်ယွင်းသွား၏။

ဘုန်း...

ကောင်းကင်ယံတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ကြက်သွေးရောင် ဓား(၇)လက် ခြံရံကာ မီးပင်လယ်ကြီးအတွင်းမှ ထွက်ပေါ်လာလေသည်။

ယင်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားအစီအရင်တစ်ခုဖြစ်ပေသည်။

ဝုန်း...

ကမ္ဘာတစ်ခွင်လုံးကို လှုပ်ခတ်စေနိုင်စွမ်းရှိသော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာ၏။

သတ်ဖြတ်ငွေ့များ ပြည့်နှက်နေသော ဓားအစီအရင်အတွင်းမှ ကြက်သွေးရောင် ဓားတစ်စင်းက ရှေ့သို့ ရုတ်တရက်ပြေးထွက်သွားပြီး မီးပင်လယ်၏အလယ်ဗဟို၌ လွင့်မျောနေသော ကောင်းကင်ဘုံလောင်ကျွမ်းခြင်း နတ်ဘုရားဆီးလ်တံဆိပ်ကို ဖျက်ဆီးပစ်လိုက်သည်။

ထို့အပြင် တိုက်ခိုက်မှု အရှိန်အဟုန်က အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိချေ။

၎င်းက ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး အင်ပါယာလျူယန်၏ ခန္ဓာကိုယ်အား ချက်ချင်းထိုးဖောက်သွားခဲ့သည်။

ရွှပ်...

မီးပင်လယ်ကြီးအတွင်း၌ သွေးစက်များ ပျံ့နှံ့သွား၏။

“ မဖြစ်နိုင်ဘူး…”

လျူယန်မင်းဆက်မှ ကျင့်ကြံသူများ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ရွှမ်ယီ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရှိနေသော ခုနစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်မှ ထွက်ပေါ်လာသည့် ကြက်သွေးရောင်ဓားက လျူယန်၏ ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်ပြီး တစ်စစီ ဖျက်ဆီးပစ်လိုက်၏။

အင်ပါယာလျူယန် အမှန်တကယ် သေဆုံးသွားပြီလော...?

လျူယန်မင်းဆက်မှ ကျင့်ကြံသူများသာမက တိုက်ပွဲအား ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံး မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။

လျူယန်မင်းဆက် အင်ပါယာမြို့တော်၏ ကောင်းကင်ယံတွင် ရွှမ်ယီက ဓားတစ်ချောင်းကိုင်လျက် တည်ငြိမ်စွာ ရပ်နေခဲ့ပြီး သူ၏ အဖြူရောင်ဝတ်စုံက လေနှင့်အတူ အလိုက်သင့် လွင့်မျောနေ၏။

ထို့အပြင် လက်တွင်း၌ ကိုင်ဆောင်ထားသော ကြက်သွေးရောင်ဓားကမူ ကောင်းကင်ဘုံကိုးခုကိုပင် ထွင်းဖောက်မတတ် သွေးရောင်အလင်းများဖြင့် အလွန်ထွန်းလင်းတောက်ပနေသည်။

လက်ရှိအချိန်တွင် ရွှမ်ယီ၏ ပုံသဏ္ဌာန်က ဓားနတ်ဘုရားတစ်ပါးအလားဖြစ်နေခဲ့ပြီး လူတိုင်းကို မော့မကြည့်ရဲလောက်အောင် ဖြစ်နေစေသည်။

All Chapters