← Chapters

အခန်း (၅၂၁)

Vol. 35 Ch. 521

အခန်း (၅၂၁)

Vol. 35 Ch. 521

“ အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလောက်တောင်‌ သောင်းကျန်းရဲတယ်လား…”

ရွှမ်ယီ၏ ကျင့်ကြံမှုကို မြင်လိုက်ပြီးနောက် အဆင့်တူ ကျင့်ကြံသူတစ်ယောက်က ဒေါသတကြီး တုန့်ပြန်လိုက်၏။

ထိုအခါ အနီးရှိ အဖော်ဖြစ်သူက လှမ်းဆွဲလိုက်ပြီး

“ ရန်သူရဲ့ ကျင့်ကြံမှုက အရမ်းမမြင့်ပေမယ့် မပေါ့ဆနဲ့… သူ့မှာ အဖော်ပါလာနိုင်တယ်… မြို့ရိုးကို သူတစ်ယောက် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး…”

“ ဒါဆိုလည်း ဒီကောင်ကို အရင်သတ်ကြကွာ.. ပြီးမှ အကြီးအကဲတွေထွက်လာပြီး သူ့အပေါင်းအပါတွေကို ရှင်းလင်းလိမ့်မယ်…”

ကောင်းကင်ဘုရင်တစ်ဦးက ဒေါသတကြီး ကြုံးဝါး‌လိုက်ပြီး ရှေ့ဆုံးမှ ပြေး၀င်သွားခဲ့သည်။ သူ့အနောက်မှ ကောင်းကင်ဘုရင်အဆင့် ဒါဇင်ပေါင်းများစွာတို့ကလည်း အတူတကွ လိုက်ပါသွားကြ၏။

ထို့နောက် ရွှမ်ယီထံသို့ ပြေး၀င်သွားကြသော ကောင်းကင်ဘုရင်များ ပူးပေါင်းကာ ရာနှင့်ချီသော မှော်ရတနာများကို ဖောက်ခွဲလိုက်ပြီး ခရမ်းရောင် စိတ်ဝိညာဉ်နဂါးကြီးတစ်ကောင် ဖန်တီးလိုက်ကြသည်။

ဤသည်မှာ လျူယန်မင်းဆက်မှ လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်ပေသည်။

ထို့အပြင် ၎င်းအား ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများသာ ပူးပေါင်းအသုံးပြုနိုင်ပြီး လူများလေ စွမ်းအားကြီးလေ ဖြစ်၏။

ယခုတွင် ၎င်းအား ကောင်းကင်ဘုရင်အဆင့်ကျင်ကြံသူ ဒါဇင်ပေါင်းများစွာတို့ ပူးပေါင်းအသုံးပြုနေကြသည်။

ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း အလွန်အစွမ်းထက်သော စွမ်းအားကြီးတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။

“ မောက်မာတဲ့ ခွေးကောင်… သေစမ်း…”

ရှေ့ဆုံးမှ ကောင်းကင်ဘုရင်က ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ထက်မှနေ၍ ခရမ်းရောင် နဂါးကြီးနှင့်အတူ ရွှမ်ယီထံသို့ ထိုးဆင်းသွား၏။

သို့‌သော် ရွှမ်ယီက မော့ပင်မကြည့်ဘဲ ကောင်းကင်ထက်သို့ လက်နှစ်ချောင်း ဆန့်ထုတ်လိုက်သည်။

အကျိုးဆက်အနေဖြင့် ကောင်းကင်ထက်၌ ကြီးမားသော အက်ကွဲကြောင်းကြီးဖြစ်ပေါ်လာပြီး တိမ်ပင်လယ်ကို ထက်ပိုင်းခွဲချလိုက်၏။

ထိုအချိန်တွင် ခရမ်းရောင်နဂါးကြီးကလည်း မမြင်ရသော စွမ်းအားတစ်ခု၏ နှစ်ပိုင်းခွဲခြင်းကို ခံလိုက်ရလေသည်။

တိုက်ခိုက်ရန် ၀င်ရောက်လာသော ကောင်းကင်ဘုရင်များအားလုံးလည်း သွေးမှုန်များအဖြစ် ပြောင်းလဲသွား၏။

“ မင်း.. မင်း ဘယ်သူလဲ… ဘာလို့ အကြောင်းအရင်းမရှိဘဲ လျူယန် မင်းဆက်ကို လာပြီးတိုက်ခိုက်တာလဲ…”

လူတိုင်း အလွန်ထိတ်လန့်သွားခဲ့ကြသည်။

ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးက တုန်ယင်နေသော အသံဖြင့် အော်ပြောလိုက်ပြီး ရွှမ်ယီနှင့် အတတ်နိုင်ဆုံး အကွာအဝေးခြားရန် နောက်သို့ တစ်ဆုတ်တည်း ဆုတ်နေခဲ့၏။

အစောပိုင်းမှ မြင်ကွင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။

ဒုတိယအတိဒုက္ခအင်ပါယာအဆင့် နှင့် ယှဉ်နိုင်သော ခရမ်းရောင် နဂါးကြီးပင် ၎င်းထံမှ တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ခဲ့ခြင်းမရှိပေ။

မထင်မှတ်ထားရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူ ရောက်လာခြင်းဖြစ်၏။

မြင့်မြတ်ပလ္လင် ကျင့်ကြံသူ၏ တပည့်များ ၀င်ရောက်စွက်ဖက်မှသာ…

မဟုတ်သေးဘူး…

အင်ပါယာအဆင့် အကြီးအကဲများပင် ၎င်းအား ယှဉ်နိုင်မည် မထင်ပေ။

“ အရှင်သခင် ကျင်းယန်ကို မြန်မြန် ဆင့်ခေါ်ကြ…”

လျူယန် မင်းဆက်မှ ကျင့်ကြံသူများ ရူးသွပ်စွာ အော်ဟစ်ပြီး နောက်လှည့် ပြေးကြတော့၏။

သို့သော် အဘယ်မှာလျှင် လွတ်မြောက်နိုင်လိမ့်မည်နည်း…?

ရွှမ်ယီက ဖြည်းညှင်းစွာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့ပြီး ခြေတစ်လှမ်း တိုးလိုက်တိုင်း ဓားချီစွမ်းအင်က ပိုမို အားကောင်းလာနေခဲ့ကာ အရှေ့၌ ရှိသော အတားအဆီးများအားလုံး ဖြိုခွင်း ချေမှုန်းပစ်နေသည်။

ပတ်၀န်းကျင် တစ်ခွင်၌ သွေးစက်များ အဆက်မပြတ် ပြန့်ကျဲနေပြီး ရွှမ်ယီ၏ ပုံစံက ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့် နတ်ဆိုးနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။

“ ကျုပ်နာမည် ရွှမ်ယီ… နက်နဲခြင်း အင်ပါယာ ဂိုဏ်းချုပ်ပဲ… ဟမ့် ကျုပ် ဂိုဏ်းက တပည့်တွေကို လာထိရဲရင် ခင်ဗျားတို့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်…”

နက်နဲခြင်းအင်ပါယာဂိုဏ်း… ရွှမ်ယီ…!

မြို့တော်အား ကာကွယ်ရန် တာ၀န်ရှိသူများ တခဏမျှ အံ့အားသင့်သွားကြပြီးနောက် မျက်နှာထက်၌ ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။

အင်ပါယာတစ်၀က်အဆင့်ဖြင့် အင်ပါယာများအား ကြက်သတ်သလို သတ်နိုင်ခြင်းမှာ အရှေ့ပိုင်းတိုက်ကြီး၌ပင် အလွန်ရှားပါးသော ဖြစ်တည်မှု တစ်ခုဖြစ်၏။

ထို့အပြင် ရွှမ်ယီက ဓားရည်ရွယ်ချက်က အန္တိမအင်ပါယာများပင် ထွင်းဖောက်မမြင်နိုင်သော အရာဖြစ်ကာ ၎င်း၏ အဆုံးအစွန်သော တိုက်ခိုက်နိုင်စွမ်း မည်မျှရှိကြောင်း မည်သူမှ မသိကြချေ။

“ နက်နဲခြင်းအင်ပါယာဂိုဏ်းက လျူယန်မင်းဆက်ကို ဘာကြောင့် လာတိုက်ခိုက်တာလဲ…?”

ကောင်းကင်ဘုရင်တစ်ဦးက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ၎င်း၏ စကားသံထဲ၌ နားမလည်နိုင်မှုများ ပြည့်နှက်နေ၏။

သို့သော် ရွှမ်ယီထံမှ ရောက်ရှိလာသည်က အဖြေစကားမဟုတ်ဘဲ ဓားချီအလင်းတစ်ခု ဖြစ်နေခဲ့သည်။

ထိုလူအနေဖြင့် သေသွားသည့်တိုင်အောင် အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ချေ။

သို့သော် လျူယန်မြို့တော် တော်၀င်နေရာမှ အင်ပါယာအဆင့် အကြီးအကဲများကမူ ခြားနား၏။

၎င်းတို့မျက်နှာထက်၌ အလွန်လေးနက်မှုများ ရှိနေသည်။

ကောင်းကင် ဘုရင်များက အကြောင်းအရင်းကို မသိကြသော်လည်း သူတို့ကမူ သိထားကြ၏။

ယခင်တုန်းက ဇီချန် နောက်ဆုံးအကြိမ် သတင်းပို့ခဲ့ရာတွင်

နိုင်ငံငယ်တစ်ခု၌ အင်မော်တယ်ခန္ဓာပိုင်ရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ပါ၀င်သည်။

သူမ၏ ကျင့်ကြံမှုက မြင့်မားခြင်းမရှိသည့်အပြင် နောက်ကွယ်မှ ဆရာဆိုသူကလည်း ဘုရင်အဆင့်သာ ‌ဖြစ်နိုင်ကြောင်းပြောကြားခဲ့၏။

ဤသို့ဖြင့် ဇီချန်က သူမအား သန့်စင်ပစ်ရန်အတွက် ခေါ်ဆောင်လာရန် အသင့်ဖြစ်နေချေပြီ။

ယခုတွင်မူ ဘာတွေဖြစ်ကုန်သနည်း…?

ဇီချန် ပြောခဲ့သော အင်မော်တယ်ခန္ဓာပိုင်ရှင်မိန်းကလေး၏ အားနည်းသော ဘုရင်အဆင့် ဆရာသခင်…?

ထို သောက်ရူးကောင် ဇီချန်က လူကဲခတ်ရာ၌ စုတ်ပြတ်သတ်နေသော လူပိန်းသာ ဖြစ်ရမည်။

ဘုမသိ ဘမသိနှင့် နက်နဲခြင်းအင်ပါယာ ဂိုဏ်းချုပ်အား ရန်စစော်ကားခဲ့၏။

“ ငါတို့ ဘာဆက်လုပ်သင့်လဲ…”

လျူယန်မြိုတော်ထဲတွင် တိုက်ပွဲမှ ဆက်လက်ဖြစ်ပွားနေပြီး ရွှမ်ယီ၏ အငွေ့အသက်က သူတို့နှင့် တဖြည်းဖြည်း နီးကပ်လာချေပြီ။

အင်ပါယာအဆင့် အကြီးအကဲ တစ်ဦးက နေမထိ ထိုင်မသာဖြင့် ဘေးတစ်ဖက် တစ်ချက်စီမှ အဖော်ဖြစ်သူများကို ကြည့်လိုက်၏။

ကျန်အင်ပါယာများလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြာကာ ထိုအထဲမှ တစ်ယောက်က အံကြိတ်လိုက်ပြီး

“ အခုချိန်မှ ဘာလုပ်နိုင်ဦးမှာလဲ… ထွက်ပြေးဖို့လဲ မမှီတော့ဘူး… ရွှမ်ယီကို ဖိအားပေးဖို့ နည်းလမ်းပဲ ရှိတော့တယ်…”

ထိုအချိန်တွင် လျူယန်မင်းဆက် ဘိုးဘေးခန်းမ တံခါး ရုတ်တရက် ပွင့်လာ၏။

ထို့နောက် ၀င်ပေါက်၌ မဲမှောင်နေသော မျက်နှာဖြင့် ရပ်နေသော ကျင်းယန်ကို မြင်လိုက်ရသည်။

ကျင်းယန်က ထွက်ပြေးလိုနေသော အကြီးအကဲအား စိုက်ကြည့်ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နေသော အသံဖြင့်

“ ငါတို့ လျူယန် မင်းဆက်က မင်းကို နှစ်ပေါင်း (၁၂၀၀၀) တောင် ထောက်ပံ့ပေးခဲ့တယ်… အဲ့တာကို မင်းက အခုလို ကျေးဇူးဆပ်လိုက်တာပေါ့… ဟုတ်လား…”

ထိုအင်ပါယာက ရုတ်တရက် ကျင်းယန်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ထိတ်လန့်သွားခဲ့ပြီး ရှင်းပြရန် ပြင်လိုက်သည်။

သို့သော် ကျင်းယန်က ၎င်းအား အခွင့်အရေးမပေးခဲ့ချေ။

ပြင်းထန်သော စွမ်းအားများ ထုတ်ဖော်ပြီး တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ကျင်းယန်၏ တိုက်ခိုက်မှု ရောက်ရှိလာချိန်တွင် ဒုတိယ အတိဒုက္ခအဆင့် ကျင့်ကြံမှုရှိသော အကြီးအကဲ အနည်းငယ်မျှ ခုခံနိုင်ခြင်းမရှိခဲ့ပေ။

ချက်ချင်း ပေါက်ကွဲသွားပြီး ၎င်း၏ ထာ၀ရ နတ်ဘုရားစင်မြင့်ပါ တစ်ပြိုင်နက်တည်း ပျက်စီးသွားခဲ့သည်။

ရောထွေးနေသော အလင်းများ နှင့် ဖုန်မှုန့်များ ပျောက်ကွယ်သွားချိန်တွင် ကျန်ရှိသော အင်ပါယာအဆင့် အကြီးအကဲ (၇)ဦး အလွန် အံ့အားသင့်သွားကြ၏။

သို့သော် ထိုနေရာ၌ ကျန်ရှိနေခဲ့သည့် မှော်လက်နက်ကို မြင်လိုက်လျှင် အစောပိုင်းက ခံစားနေခဲ့ရသည့် ရွှမ်ယီနှင့် ပတ်သက်သော ထိတ်လန့်မှုများ ပျောက်ကွယ်သွားလေသည်။

၎င်းတို့အားလုံး အပြင်ပန်းတွင် တည်ငြိမ်နေကြသော်လည်း မျက်၀န်းများကမူ တောက်ပနေခဲ့၏။

သေဆုံးသွားသည့် အကြီးအကဲ ရှိနေခဲ့သော နေရာ၌ ကြေးဝါ ခေါင်းလောင်းငယ်တစ်ခု လွင့်မျောနေပြီး ၎င်း၏ ပတ်လည်တွင် အနီရောင် မီးတောက်များ တဖျပ်ဖျပ် လင်းလက်နေပေသည်။

ကျန်ရှိနေသော အကြီးအကဲ (၇)ဦးတို့၏ ပြောင်းလဲသွားသော အမူအရာကိုမြင်လျှင် ကျင်းယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး

“ ဘိုးဘေး တံခါးပိတ်ကျင့်စဉ်မ၀င်ခင် လျူယန်မင်းဆက်ရဲ့ အထွတ်အမြတ်လက်နက်ကို ငါ့ဆီ ပေးထားခဲ့တယ်… ဒီ ‌လက်နက်နဲ့အတူ ငါတို့ (၇) ယောက် ပူးပေါင်းလိုက်မယ်‌ဆိုရင် ရွှမ်ယီကို အနိုင်မယူနိုင်ရင်တောင်မှ အနည်းဆုံးတော့ သူ့ကို တားဆီးနိုင်လိမ့်မယ်…”

All Chapters