အခန်း (၅၂၂)
Vol. 35 Ch. 522
နတ်ဆိုးမျိုးနွယ်တို့၏ မှော်လက်နက်က သတ်ဖြတ်ခြင်းအရာ၌ လူသားမျိုးနွယ်၏ စိတ်ဝိညာဉ်ရတနာများထက် များစွာသာလွန်သည်။
သို့ဖြစ်ရာ ဤမီးလျှံခေါင်းလောင်းနှင့် အလားတူပင်ဖြစ်၏။
ထို့အပြင် အင်ပါယာလျူယန်က ၎င်းအား ရရှိခဲ့သည့်အချိန်တွင် ပြန်လည်သန့်စင်ရန်အတွက် ပညာရှင်တစ်ဦးကို ငှားရမ်းခဲ့ကာ ၎င်း၏အမည်ကို ဖျက်ဆီးခြင်းမီးလျှံခေါင်းလောင်းဟု ပြောင်းလဲခဲ့သည်။
၎င်း၏သတ်ဖြတ်နိုင်စွမ်းက အလွန်မြင့်မားရုံသာမက အထဲတွင် အင်ပါယာလျူယန် ဘဝတစ်လျှောက်လုံး လေ့လာခဲ့သည့် အသေးစားနတ်တန်ခိုးစွမ်းရည်တစ်ခုလည်း ပါဝင်၏။
ကျင်းယန်အနေဖြင့် ၎င်း၏စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်မည် မဟုတ်သော်လည်း အင်ပါယာအဆင့်ကျင့်ကြံသူ (၇)ယောက် အကူအညီဖြင့်ဆိုလျှင် အခြေအနေက ကွဲပြားသွားပေလိမ့်မည်။
“ ဂိုဏ်းချုပ်ရွှမ်… ကြည့်ရတာ မင်းနဲ့ ငါတို့လျူယန်မင်းဆက်အကြားမှာ နားလည်မှုလွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်… ဘာဖြစ်လို့ အချင်းချင်း ပြေရာပြေကြောင်းဆွေးနွေးပြီး ငြိမ်းချမ်းရေးမယူကြမှာလဲ...”
ကျင်းယန်က နှလုံးသားထဲမှ အရှက်တရားများကို မြိုသိပ်လျက် ရွှမ်ယီအား လှမ်းအော်ပြောလိုက်သည်။
သို့သော် ရွှမ်ယီကမူ အေးစက်စွာပြုံးလျက် ဖျက်ဆီးခြင်းမီးလျှံခေါင်းလောင်းအား အထင်မြင်သေးစွာ ကြည့်လိုက်ရင်း
“ ပြေရာပြေကြောင်း ဆွေးနွေးရမှာလား… ဟမ့်… မင်းတို့က ထိုက်တန်လို့လား...”
ကျင်းယန် အံကြိတ်လိုက်ပြီး
“ ရွှမ်ယီက မောက်မာပြီး တစ်ယောက်တည်း ရောက်လာခဲ့တာ… ဒါက ငါတို့အတွက် အခွင့်အရေးပဲ… သူ့ဆီက တိုက်ခိုက်မှုကို ငါတို့ ကာကွယ်နိုင်သရွေ့ ငြိမ်းချမ်းရေးအတွက် ဆက်ပြီးဆွေးနွေးလို့ရတယ်… ဘိုးဘေး တံခါးပိတ်ကျင့်စဉ်ဝင်နေရာက ထွက်လာတဲ့အချိန်ကျရင် အရှေ့ပိုင်းနယ်မြေကနေပြီး အကူအညီတောင်းလို့ရတယ်...”
ကျင်းယန်၏ မျက်ဝန်းများအတွင်း ရက်စက်လိုသော အလင်းတစ်ခု ဖျတ်ခနဲတောက်ပလာခဲ့သည်။
“ အဲဒီအချိန်ကျရင် မြင့်မြတ်နယ်မြေရဲ့ အကူအညီနဲ့အတူ ဒီနေ့ရခဲ့တဲ့ အရှက်ကို ပြန်ပြီးဆေးကြောနိုင်မှာပါ...”
ကျင်းယန်၏စကားကို ကြားလျှင် ကျန်အင်ပါယာအဆင့်ကျင့်ကြံသူ (၇)ယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး ၎င်းတို့၏ တိုက်ခိုက်လိုစိတ်များ ပြန်လည် မြင့်တက်လာလေသည်။
မှန်ပေသည်။
နက်နဲခြင်းအင်ပါယာဂိုဏ်းက မြင့်မြတ်နယ်မြေတစ်ခုဖြစ်သော်ငြား နောက်ဆုံးတွင် ၎င်းတို့၏ စစ်မှန်သော ဝှက်ဖဲက ရွှမ်ယီမဟုတ်ပေ။ အကြီးအကဲ ရဲ့ချင်းစုန်သာဖြစ်၏။
ထို့အပြင် သူတို့၏ လျူယန်မင်းဆက်ကလည်း အနိုင်ကျင့်ရန် ထိုမျှမလွယ်ကူပေ။
အင်ပါယာလျူယန်သာ အန္တိမအင်ပါယာအဆင့်သို့ ရောက်ရှိသွားသရွေ့ နက်နဲခြင်းအင်ပါယာဂိုဏ်းနှင့် ယှဉ်နိုင်ဦးမည် မဟုတ်သော်လည်း သူ ယခင်တုန်းက ရရှိခဲ့သည့် အရှေ့ပိုင်းနယ်မြေရှိ မြင့်မြတ်နယ်မြေမှ တံဆိပ်ပြားကို ကိုင်ဆောင်ကာ ယခင်မျိုးဆက်မြင့်မြတ်နယ်မြေ၏ နောက်လိုက်ဖြစ်လာပေလိမ့်မည်။
သူတို့ လျူယန်မင်းဆက်နောက်ကွယ်၌ ရပ်တည်နေသော ဧရာမဘီလူးကြီး ရှိပေသည်။
နက်နဲခြင်းအင်ပါယာဂိုဏ်းလား… ရဲ့ချင်းစုန်လား…
မည်သူ့ကို ဂရုစိုက်ရအံ့နည်း။
ဤသို့ဖြင့် အင်ပါယာအဆင့်ကျင့်ကြံသူ (၈)ယောက်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဆက်ပြီးတွန့်ဆုတ်မနေကြတော့ဘဲ။
ချက်ချင်း ကောင်းကင်အား ဖြတ်သန်း၍ ရွှမ်ယီရှိရာ လျူယန်မြို့တော်သို့ တိုက်ရိုက်ဦးတည်လိုက်ကြသည်။
လျူယန်မင်းဆက်မြို့တော်တွင် လျူယန်မင်းဆက်နှင့် သက်ဆိုင်သော ကျင့်ကြံသူများသာမက တောင်ပိုင်းနယ်စပ်ရှိ ကျန်အဓိကအင်အားစုကြီးများထံမှ လေ့ကျင့်ရန်နှင့် အတွေ့အကြုံရရှိရန် သို့မဟုတ် မိတ်ဆွေအပေါင်းအသင်းများ ရှာဖွေရန် ရောက်လာကြသော ကျင့်ကြံသူများစွာလည်း ရှိနေ၏။
သူတို့အားလုံး လျူယန်မင်းဆက်သို့ ရောက်လာချိန်တွင် မမျှော်လင့်ဘဲ ယခုကဲ့သို့ ခမ်းနားကြီးကျယ်သော တိုက်ပွဲတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
“ ဂိုဏ်းချုပ်ရွှမ်က တကယ်ကို အရှေ့ပိုင်းတိုက်ကြီးရဲ့ သမိုင်းကြောင်းတစ်လျှောက် ကြီးကျယ်ခမ်းနားဆုံးသော ပါရမီရှင်တစ်ယောက် ပီသတာပဲ… အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံမှုနဲ့တောင်မှ အင်အားစုကြီးတစ်ခုကို တစ်ယောက်တည်းလာပြီး တိုက်ခိုက်ရဲတယ်...”
တောင်ပိုင်းနယ်စပ်မှ ကျင့်ကြံသူတစ်ယောက်က အဝေးမှ ထွက်ပေါ်နေသော ရွှမ်ယီ၏ ပြင်းထန်လှသော ဓားချီစွမ်းအင်ကို ကြည့်ရင်း သဘောကျနှစ်ခြိုက်စွာဖြင့် ရေရွတ်လိုက်သည်။
သို့သော် သူ၏ အနီးနားတွင်ရှိသော ကျင့်ကြံသူတစ်ယောက်က လက်အတွင်းမှ ခေါက်ယပ်တောင်ကို ပိတ်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ
“ ဘာလဲ…? လျူယန်မင်းဆက်က နတ်ဘုရားတစ်ပိုင်းမင်းဆက်တစ်ခုပဲကွ… ပြီးတော့ နောက်ခံကလည်း ထင်ထားတာထက် ပိုပြီး နက်ရှိုင်းသေးတယ်… အခုထိ အဓိကခေါင်းဆောင်တွေ ရောက်မလာသေးဘူး… ဒါကြောင့် အစစ်အမှန်တိုက်ပွဲ မစသေးဘူးလို့ ပြောလို့ရတယ်...”
ထိုလူ၏စကားဆုံးသည်နှင့် လျူယန်မင်းဆက်မြို့တော်ရှိ ဘိုးဘေးခန်းမထဲတွင် အကြီးအကဲ (၇)ဦးတို့က ၎င်းတို့၏ ထာဝရနတ်ဘုရားစင်မြင့်များကို ထုတ်လွှတ်လိုက်ကာ ကောင်းကင်နှင့်မြေပြင်ကြားမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ကြသည်။
ထို့နောက် အလင်းတန်း (၇)ခုအဖြစ် ပြောင်းလဲလျက် ရွှမ်ယီရှိရာသို့ တိုးဝင်သွားလေ၏။
ထိုအလင်းတန်း(၇)ခု၏ အလယ်ဗဟိုတွင် ကြေးဝါခေါင်းလောင်းငယ်တစ်ခုက တုန်ခါနေခဲ့ပြီး ၎င်းတစ်ချက်တုန်ခါသွားတိုင်း ပတ်ဝန်းကျင်မှ လေဟာနယ်လည်း လိုက်ပါတုန်ခါသွားလျက်ရှိသည်။
ထို့နောက် နတ်တန်ခိုးအလင်းများ ပျံ့နှံ့သွားခဲ့ပြီး ရွှမ်ယီထံသို့ ဖြာကျသွား၏။
တိုက်ပွဲမြေပြင်နှင့် မိုင်ပေါင်းထောင်ချီဝေးသောနေရာမှ ကြည့်ရှုနေခဲ့ကြသော ကျင့်ကြံသူများပင် ကြေးဝါခေါင်းလောင်းမှ ထွက်ပေါ်လာသည့် အနီရောင်မီးတောက်များအား မြင်လျှင် အံ့ဩထိတ်လန့်သွားခဲ့ကြသည်။
တခြားအကြောင်းအရင်းကြောင့် မဟုတ်ပေ။
အနီရောင်မီးတောက်များမှ ထွက်ပေါ်နေသည့် စွမ်းအားအတက်အကျက အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။
ခေါက်ယပ်တောင်ကိုင်ထားသော ကျင့်ကြံသူက ၎င်း၏ယပ်တောင်အား ပြန်လည်ဖွင့်လိုက်ကာ အနည်းငယ်ယပ်ခတ်လိုက်ပြီး
“ ကြည့်ရတာ ငါမမှားဘူးပဲ… နတ်ဘုရားတစ်ပိုင်းမင်းဆက်တစ်ခုဆိုတာ အလွယ်တကူဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ဘူး… ရွှမ်ယီက အရမ်းထူးချွန်တာ မှန်ပေမဲ့ အရမ်းငယ်ရွယ်နေသေးတယ်...”
ယခင် ရွှမ်ယီ၏ဓားစွမ်းအားအပေါ် သဘောကျနှစ်ခြိုက်စွာ ချီးကျူးခဲ့သောလူငယ် ယပ်တောင်ကိုင်ထားသည့် ကျင့်ကြံသူ၏စကားအား ကြားလျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ပြန်လည်တုံ့ပြန်ရန် ပါးစပ်အား ဖွင့်ဟလိုက်သော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ချေ။
သူက ငယ်ရွယ်သေးသော်လည်း အင်ပါယာတစ်ဝက်အဆင့်သို့ ရောက်နေခဲ့ချေပြီ။ သို့ဖြစ်ရာ ပါရမီအလွန်ကောင်းမွန်ကြောင်း ထင်ရှား၏။
ထို့အပြင် သူ၏နောက်ခံကလည်း ထူးခြားပြီး ဗဟုသုတများကလည်း သဘာဝကျစွာ နက်ရှိုင်းလွန်းလှသည်။
မှန်ပေသည်။
ထိုကြေးဝါခေါင်းလောင်းက လျူယန်မင်းဆက်၏ အထွတ်အမြတ်လက်နက်ဖြစ်ပြီး သူတော်စင်တစ်ဝက်အဆင့်လက်နက်ဖြစ်ကြောင်း သူသိရှိထားသည်။
ထိုပစ္စည်းက ယခင်အသင်္ချေနဂါးမင်းဆက် ရွှမ်ယီနှင့်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော မိုးပြာနဂါးစစ်ရထားနှင့် ကွဲပြားခြားနားသော်လည်း ၎င်းတွင်လည်း ကံတရားကို စုပ်ယူစုဆောင်းနိုင်သော အကျိုးသက်ရောက်မှု ပိုင်ဆိုင်ထားသည်။
သို့သော် ၎င်း၏မူလဇာစ်မြစ်ကမူ တော်တော်လေးထူးခြားလှ၏။
ထိုကြေးဝါခေါင်းလောင်းအား လူသားမျိုးနွယ်မှပညာရှင်များက ဖန်တီးထားခြင်းမဟုတ်ဘဲ ၎င်းက နှစ်သန်းပေါင်းများစွာ သက်တမ်းရှိသော နတ်ဆိုးမျိုးနွယ်တစ်ခု၏ အမွေဆက်ခံမှုဖြစ်ကာ အင်ပါယာလျူယန်က ကံကောင်းထောက်မစွာ ရရှိခဲ့ခြင်းဖြစ်သည်။
နတ်ဆိုးမျိုးနွယ်၏ မှော်လက်နက်များမှာ လူသားမျိုးနွယ်မှ ဖန်တီးထားသော လက်နက်များနှင့် ကွဲပြားခြားနားသည်။
၎င်းထံတွင် အလွန်အစွမ်းထက်သော သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထား၏။
နတ်ဆိုးများ၏ ရုပ်ခန္ဓာကဲ့သို့ပင် ၎င်းတို့ မှော်လက်နက်များကလည်း အဆင့်တူလူသားမျိုးနွယ်မှော်လက်နက်များထက် အစွမ်းထက်ကြသည်။
ကျင်းယန်က သူ၏နှလုံးသားထဲမှ ဒေါသများကို ချုပ်တည်းမထားနိုင်တော့ဟန်ဖြင့်
“ ဒီလိုဆိုမှတော့ ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့...”
“ သွားစမ်း...”
ကျင်းယန် ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် သူ၏နောက်ကျောဘက်မှ ထာဝရနတ်ဘုရားစင်မြင့် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့ကာ ၎င်းထံမှ နတ်ဘုရားအမှတ်အသား (၄)ခု ထွက်ပေါ်လာပြီး အနီရောင်မီးတောက် (၄)ခုအဖြစ်ပြောင်းလဲကာ ဖျက်ဆီးခြင်းမီးလျှံခေါင်းလောင်းထံသို့ တိုးဝင်သွားလေသည်။
ကျန်အင်ပါယာအဆင့်ကျင့်ကြံသူ (၇)ယောက်တို့ကလည်း ၎င်းတို့၏စွမ်းအားများကို ပေါင်းစပ်ကာ အတူတကွတိုက်ခိုက်လိုက်ကြ၏။