အခန်း (၅၁၃)
Vol. 35 Ch. 513
တစ်ဖက်တွင် ထိုမြင်ကွင်းကြောင့် ရွှမ်ယီ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
သူ၏ စနစ်ဖြင့် ထို လင်းရီဆိုသည့် ကောင်လေးအကြောင်း အသေးစိတ်သိရှိနိုင်သည်။
[ လင်းရီ - ပါရမီရမှတ် (၃၉၆) ၊ လေဟာနယ် နတ်ဘုရားခန္ဓာ ( နိုးထဆဲ ) ]
“ အင်း.. ဒီကောင်လေး မဆိုဘူး…”
ရွှမ်ယီ ခေါင်းညိတ်လိုက်သည်။
ယခင် သူ ဗဟိုသူတော်စင် အကယ်ဒမီ၌ ရှိစဉ်အခါက လေဟာနယ် နတ်ဘုရားခန္ဓာကိုယ်အကြောင်း စာအုပ်များအတွင်း ဖတ်ဖူးခဲ့၏။
ထို ခန္ဓာကိုယ်က အကောင်းဆုံးများထဲ၌ ပါ၀င်သည်။
၎င်းအား ပိုင်ဆိုင်သူတိုင်း လေဟာနယ် တာအို၌ အလွန်ထူးချွန်ကြသည်။
ထို့အပြင် လေဟာနယ် တာအိုနှင့် အချိန်တာအို နှစ်ခုလုံးက ကျင့်ကြံရန် ခက်ခဲလွန်းလှ၏။
အထူးသဖြင့် လေဟာနယ်တာအိုဖြစ်သည်။ ၎င်းအား နက်ရှိုင်းစွာ နားလည်ပါက သတ်ဖြတ်ရာ၌ အလွန် အထောက်အပံ့ပေးနိုင်သည်။
တာအို(၁)သောင်းတွင် သတ်ဖြတ်ခြင်း အရာ၌ နံပါတ်(၁) ဖြစ်သော ဓားတာအိုနှင့် ယှဉ်လျှင်ပင် အနည်းငယ်သာ နိမ့်ကျ၏။
ထို့အပြင် လေဟာနယ်တာအိုက သတ်ဖြတ်ခြင်းတွင် ကောင်းမွန်ရုံသာမက ခုခံခြင်း ၊ အရှိန် စသည်တို့တွင်လည်း အလွန်ကောင်းမွန်သည်။
ဤသို့ဖြင့် လူတစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းကို များစွာ မြှင့်တင်ပေးနိုင်သည်။
ထို လင်းရီဆိုသည့် ကောင်လေးက လေ့ကျင့် ပျိုးထောင်ပေးရန် အလွန်ကောင်းမွန်သော မျိုးစေ့တစ်စေ့ဖြစ်၏။
၎င်း၏ လေဟာနယ် နတ်ဘုရားခန္ဓာကိုယ် အပြည့်အ၀ မနိုးထသေးသည့်တိုင် ပါရမီရမှတ်က (၄၀၀) နား ကပ်နေချေပြီ။
အပြည့်အ၀ နိုးထလာပါက (၄၀၀) ကျော်သွားမည်မှာ မြေကြီးလက်ခတ် မလွဲပေ။
လက်ရှိအချိန်တွင် မနိုးကြားရသေးခြင်းမှာ နိုးထခြင်းလုပ်ငန်းစဉ်အတွင်း စွမ်းအားများစွာ လိုအပ်သောကြောင့်ဖြစ်၏။
၎င်း၏ အသက်အရွယ်၌ အခြေတည်ဝိညာဉ်အဆင့်၌သာ ရှိနိုင်သေးပြီး ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ်စွမ်းအင်များစွာ စုဆောင်းနိုင်ဦးမည်မဟုတ်ချေ။
ထို့အပြင် သန့်စင်ပြီးသော စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း နိုးထနေဆဲဖြစ်သည့် ခန္ဓာကိုယ်က အများအပြား စုပ်ယူသွားပေလိမ့်မည်။
ဤသို့ဖြင့် သာမန်လူများအနေဖြင့် လင်းရီ ပါရမီမကောင်းကြောင်း ၊ ကျင့်ကြံခြင်း အရှိန်အဟုန် နှေးကွေးကြောင်းကိုသာ သိကြမည်ဖြစ်၏။
ရွှမ်ယီ တွေးတောရင်း လျှောက်လာနေစဉ် မြေကွက်လပ်မှ အကြီးအကဲ၏ သင်ကြားပို့ချခြင်းက ပြီးဆုံးသွားချေပြီ။
ထို့နောက် ကလေးအများအပြား သိလိုသော မေးခွန်းများကို အကြီးအကဲအား မေးလိုက်ကြ၏။
အကြီးအကဲက အားလုံးပြန်ဖြေပြီး၍ ထွက်သွားတော့မည် အချိန်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော လင်းရီ မေးခွန်းထမေးလိုက်လေသည်။
“ အကြီးအကဲပိုင်လင်း… ကျွန်တော်တို့ အရှေ့ပိုင်းတိုက်ကြီးက လေဟာနယ် ဥပဒေသတွေက တည်ငြိမ်လွန်းတဲ့အတွက် ဒဏ္ဍာရီလာ အင်ပါယာ အဆင့်ကျင့်ကြံသူတွေက ခရီးဝေးသွားချင်ရင် အစီအရင်တွေကို အသုံးပြုရတယ်လို့ အကြီးအကဲ ပြောခဲ့ဖူးတယ်နော်.. ဟုတ်တယ်မလား…”
လင်းရီ၏ မေးခွန်းကြောင့် ပိုင်လင်း အလွန် အံ့အားသင့်သွားခဲ့ရသည်။
ထိုစကားများက ရံဖန်ရံခါ သူပြောခဲ့ဖူးသော ရောက်တတ်ရာရာကိစ္စများသာဖြစ်ပြီး လင်းရီက ထိုမျှ အလေးထား မှတ်သားထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ယင်းက အနည်းငယ် ထူးဆန်းနေ၏။
သို့သော် သူက ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ ဟုတ်တယ်.. ဒါပေမယ့် တရားသေတော့ ပြောလို့မရဘူးပေါ့…”
ထို့နောက် အကြီးအကဲပိုင်လင်း၏ အကြည့်များထဲတွင် လွမ်းဆွေး တမ်းတမှုများ ယှက်သန်းလာပြီး
“ အရှေ့ပိုင်းတိုင်းကြီးမှာ အင်ပါယာအဆင့် ကျင့်ကြံသူတွေ အများကြီးပဲ… သူတို့ကြားထဲမှာမှ အနှိုင်းမဲ့ တည်ရှိမှုတွေလည်းရှိတယ်… ဥပမာပြောရမယ်ဆိုရင် မဟာပျက်စီးခြင်းနယ်မြေရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော မြင့်မြတ်နယ်မြေဖြစ်တဲ့ နက်နဲခြင်းအင်ပါယာဂိုဏ်းပဲ…”
“ ကောလဟာလတွေအရဆိုရင် နက်နဲခြင်းအင်ပါယာဂိုဏ်းက အကြီးအကဲ ရဲ့ချင်းစုန်မှာ သူတော်စင်အဆင့် လက်နက်ရှိတယ်ဆိုပဲ… အဲ့ဒီ လက်နက် အကူအညီနဲ့ဆိုရင် အကြီးအကဲရဲ့ချင်းစုန်အနေနဲ့ တည်နေရာကူးပြောင်းခြင်း အစီအရင်မလိုဘဲ မိုင်ထောင်ပေါင်းများစွာကို လေဟာနယ်ခွဲဖွင့်ပြီး သွားနိုင်စွမ်းရှိတယ်…”
“ ပြီးတော့ နက်နဲခြင်းအင်ပါယာဂိုဏ်းရဲ့ ဆန်းကျယ်လွန်းတဲ့ ဂိုဏ်းချုပ်… သူ့ကျင့်ကြံမှုက ငါတို့ မိသားစုခေါင်းဆောင်နဲ့ အဆင့်တူဆိုပေမယ့် သူ့ရဲ့ အံ့မခန်း ဓားပညာကြောင့် တစ်ချက်တည်းနဲ့ ကောင်းကင်ကို ထိုးဖောက်နိုင်စွမ်းရှိတယ်…”
စကားပြောနေစဉ်အတွင်း ပိုင်လင်း၏ မျက်၀န်းများထဲတွင် အဆုံးမရှိသော မျှော်လင့်ချက်မှာ ယှက်သန်းနေခဲ့ပြီး ခဏအကြာတွင် သတိပြန်၀င်လာကာ လင်းရီအပါအ၀င် ကျန် ကလေးများကို ဝေ့ကြည့်လိုက်ပြီး
“ ဒါပေမယ့် အဲ့ဒီအရာတွေက မင်းတို့နဲ့ အရမ်း အလှမ်းဝေးလွန်းသေးတယ်… အထူးသဖြင်း မင်းပဲ လင်းရီ…”
အကြီးအကဲပိုင်လင်းက လင်းရီကို ကြည့်လိုက်ပြီး
“ မင်းက အခုထိ အခြေတည်ဝိညာဉ်အဆင့်ကို တောင် မချိုးဖျက်နိုင်သေးဘူး… လေဟာနယ် ဖြတ်ကျော်တဲ့ ကိစ္စတွေကို အရင်ဆုံး ဘုရင်အဆင့် ရောက်အောင်လုပ်ပြီးမှ ဆက်စဉ်းစားပါ…”
ပိုင်လင်း၏ စကားများကြောင့် ကျန်ကလေးများ ရယ်မောလိုက်ကြသော်လည်း လင်းရီကမူ မကျေနပ်ဟန်ဖြင့်
“ ဒါပေမယ့်… အကြီးအကဲ ပိုင်လင်း… ကျွန်တော် လေဟာနယ်ကို ဖြတ်ကျော်နိုင်တယ်လို့ ခံစားနေရတယ်…”
“ အမ်…”
လင်းရီစကားကြောင့် ပိုင်လင်း အံ့အားသင့်သွားခဲ့ပြီး အဓိပ္ပါယ်မရှိသော စကားများ ပြောကြားနေသည်ဟု ယူဆကာ နည်းနည်း ထပ်မံ သင်ကြားပေးရန် ပြင်လိုက်သည်။
သို့သော် လင်းရီက ညာလက်အား ရှေ့သို့ ဆန့်ထုတ်ပြီး ရှေ့မှ လေဟာနယ်ကို လက်ညှိုးဖြင့် ညင်သာစွာ ထိုးလိုက်၏။
ထို့နောက်…
ထူးဆန်းသော လှိုင်းလုံးတစ်ခု သူ့အား ဖြတ်သန်းသွားသကဲ့သို့ ပိုင်လင်း ခံစားမိလိုက်သည်။
သူ သတိပြန်၀င်လာလျှင် လင်းရီက သူ့အနောက်သို့ ရောက်နေခဲ့ချေပြီ။
“ မင်း… မင်း ဘယ်လိုလုပ်တာလဲ…”
ပိုင်လင်း လုံး၀ အံ့အားသင့်သွားခဲ့လေသည်။
နောက်ဆုံးတွင် ပြန်လည်သတိ၀င်လာခဲ့ပြီး လင်းရီ၏ လက်များစွာ စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်သည်။
ရုတ်တရက် ကိုးကောင်းကင်မျိုးနွယ်စု ကျောင်း၏ သိမ်မွေ့သွေ့ အတက်အကျများ သိသိသာသာ ပေါ်ထွက်လာသည်။
ကိုးကောင်းကင် မျိုးနွယ်စုမှ အကြီးအကဲများအားလုံး ထိတ်လန့်သွားကြပြီး အခြေခံကျောင်း ရှိရာဘက်သို့ အပြေးအလွှားထွက်လာကြ၏။
ထို့နောက် ပိုင်လင်းထံမှ အဖြစ်အပျက်များအကြောင်း သိလိုက်ရလျှင် အားလုံး အလွန် အံ့ဩသွားကြသည်။
အထူးသဖြင့် လင်းရီ၏ အဖေဖြစ်သူ ကိုးကောင်းကင် မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သည်။
သားဖြစ်သူအား အံ့အားသင့်စွာကြည့်နေခဲ့ပြီး တစ်ဖက်တွင် တော်တော်လေးလည်း စိတ်သက်သာရရသွား၏။
အမြဲတစေ သားဖြစ်သူ၏ အရည်အချင်းနှင့်ပတ်သက်ပြီး စိတ်ပူနေခဲ့ရသည်။ ယခုတွင် သားဖြစ်သူ ရုတ်တရက် ထုတ်ပြလိုက်သော ဆန်းကြယ်မှုကြောင့် အလွန်စိတ်အေးသွားတော့၏။
တစ်ဖက်တွင် သူ အမှတ်တမဲ့ ပြုလုပ်ခဲ့သော လှုပ်ရှားမှုနှင့်ပတ်သက်ပြီး လင်းရီကိုယ်တိုင်လည်း အလွန် အံ့အားသင့်နေခဲ့သည်။
ဘာရယ်မဟုတ် လျှောက်လုပ်လိုက်ခြင်းသာဖြစ်ပြီး ဤမျှ ကြီးကြီးကျယ်ကျယ်ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ထို့ကြောင့် အူလည်လည်ဖြင့် အဖြေပေးလိုက်၏။
“ ကျွန်တော်… အစ်ကိုကြီးတစ်ယောက် မျိုးနွယ်စုထဲ လမ်းလျှောက်နေတာ တွေ့ခဲ့တယ်… ပြီးတော့ ကျွန်တော်လည်း သူ့လို လိုက်လုပ်နိုင်တယ်လို့ ခံစားမိပြီး နည်းနည်း အတုခိုးကြည့်လိုက်တာ… အဲ… ပြီးတော့ အဲ့လိုပဲ ဖြစ်သွားခဲ့တယ်…”
“ အစ်ကိုကြီးတစ်ယောက်…?”
ကိုးကောင်းကင်မျိုးနွယ်မှ အကြီးအကဲ(၄)ယောက်လုံး အံ့အားသင့်သွားခဲ့ကြပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ကြသည်။
ထို့နောက်
“ ဘယ်က စီနီယာများ ကျုပ်တို့ ကိုးကောင်းကင်မျိုးနွယ်ကို လာလည်တာလည်း ခင်ဗျာ… ကျေးဇူးပြုပြီး ကိုယ်ကိုယ်ကို ဖော်ပြပေးလို့ရမလား…”
အားလုံးထဲတွင် မိသားစုခေါင်းဆောင် လင်းအောင်က ပထမဆုံး တုန့်ပြန်လိုက်သူဖြစ်ပြီး လေထုအတွင်းသို့ လှမ်းအော်လိုက်သည်။
စကားသံဆုံးသည်နှင့် ဗလာအလွတ်ဖြစ်နေသော လေဟာနယ်အတွင်းမှ အပြုံးတစ်ခု ဆင်မြန်းထားသည့် အဖြူ၀တ်လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့၏။
“ မိသားစုခေါင်းဆောင်.. အရမ်း စိုးရိမ်မနေပါနဲ့.. ကျုပ်က နက်နဲခြင်းအင်ပါယာ ဂိုဏ်းချုပ် ရွှမ်ယီပါ… ဖြတ်သွားရင်း ခင်ဗျားသားရဲ့ ပါရမီကို ခံစားမိလို့ ခဏ၀င်ကြည့်တာပါ.. မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး…”
ရွှမ်ယီ ပါးစပ်က ပြောနေသော်လည်း မျက်လုံးများကမူ လင်းရီထံ၌သာ ရှိနေခဲ့၏။
လက်ရှိအချိန်တွင် သူ့နှလုံးသား လှုပ်ရှားနေသည်။
ထို ကျင့်ကြံမှုအဆင့်နိမ့်သော ကောင်လေးက သူ၏ ဖုံးကွယ်မှုကို မြင်နိုင်လိမ့်မည်ဟု လုံး၀ မမျှော်လင့်ထားခဲ့ချေ။
‘ လေဟာနယ် နတ်ဘုရားခန္ဓာပိုင်ရှင် ပီသတာပဲ…’
ရွှမ်ယီ မည်သူဖြစ်ကြောင်း ပြောကြားပြီးလျှင် လင်းအောင်အပါအ၀င် ကိုးကောင်းကင်မျိုးနွယ်စုမှ အကြီးအကဲများ အံ့အားသင့်သွားခဲ့ကြသည်။
ထို့နောက် မျက်နှာများထက်၌ ထိတ်လန့်မှုများ ဖြစ်ပေါ်လာ၏။
“ ရွှမ်ယီ… နက်နဲခြင်း အင်ပါယာဂိုဏ်းချုပ်…!”
“ လိမ်နေတာတော့ မဟုတ်ပါဘူးနော်…”