← Chapters

အခန်း (၅၁၂)

Vol. 35 Ch. 512

အခန်း (၅၁၂)

Vol. 35 Ch. 512

ထို့အပြင် ယခုအချိန်၌ သူတို့အားလုံး ကောင်းကင်ပြိုလဲခြင်းတောင်၌ ရှိနေကြခြင်းဖြစ်သည်။

အကယ်၍ သူတို့ကြောင့် ဂိုဏ်းချုပ်ရွှမ်သာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ဂိုဏ်းကာကွယ်ခြင်းအစီအရင်အား လှည့်ပတ်လိုက်မည်ဆိုလျှင် ၎င်း၏ အတွေးတစ်ခုမျှဖြင့် သူတို့အားလုံး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

သူတို့နောက်ကွယ်မှ အင်အားစုများကလည်း နက်နဲခြင်းအင်ပါယာဂိုဏ်း၏ သန်မာသော နောက်ခံအကြောင်း သိရှိသွားလျှင် သူတို့အတွက် လက်စားချေပေးဝံ့မည် မဟုတ်ချေ။

အပြစ်များအားလုံး သူတို့အပေါ်၌သာ ပုံချရန် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူတို့လေးယောက်လုံး ကောင်းကင်ပလ္လင်အဆင့် (စတုတ္ထအတိဒုက္ခအဆင့်အင်ပါယာ)များ ဖြစ်ကြသော်လည်း ရဲ့ချင်းစုန်၏အကြည့်များ သူတို့ထံသို့ ကျရောက်လာစဉ်တွင် နှလုံးသားထဲ၌ တုန်လှုပ်သွားပြီး စကားတစ်ခွန်းမှ ထပ်မပြောရဲကြတော့ချေ။

တစ်ဖက်တွင် ရဲ့ချင်းစုန်က သူ၏အကြည့်များကို ထိုလူများထံမှ ဖယ်ခွာလိုက်ပြီးနောက် ခြေတစ်လှမ်းနှင့် တောင်ပိုင်းကောင်းကင်နတ်ဘုရားလှေပျံထက်သို့ ရောက်ရှိသွားသည်။

မြင့်မြတ်နယ်မြေလေးခုမှ အကြီးအကဲလေးယောက်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ ရဲ့ချင်းစုန် အကူအညီလိုအပ်လျှင် ချက်ချင်းကူညီနိုင်ရန်အတွက် ရဲ့ချင်းစုန်နောက်မှ အပြေးအလွှား လိုက်ပါသွားကြသည်။

အကယ်၍ ရဲ့ချင်းစုန်သာ လှေပျံအား ကိုယ်တိုင်အသက်မသွင်းနိုင်ဘဲ သူ့အား လှည့်စားနေသည်ဟု တွေးပြီး ဒေါသပေါက်ကွဲပါက သူတို့(၄)ယောက်လုံး ဇာတ်သိမ်းသွားနိုင်သည်။

သို့ဖြစ်ပါက ခံပြင်းရလွန်းသော သေခြင်းဖြစ်သွားပေလိမ့်မည်။

သို့သော် သူတို့(၄)ဦးလုံး လှေပျံထက်သို့ ရောက်ချိန်တွင်

ရဲ့ရှင်းစုန်၏ လက်ဖဝါးအတွင်း၌ အစိမ်းရောင်အလင်းတစ်ခု ဖြစ်ပေါ်လာသည်ကိုမြင်လိုက်ရ၏။

ထို့နောက် စွမ်းအားများ တစ်ဟုန်ထိုးတိုးတက်လာကာ အပြာရောင်အလင်းအဖြစ်ပြောင်းလဲသွားသည်။

ပြီးလျှင် ၎င်းအား လှေပျံအတွင်း ပစ်သွင်းလိုက်၏။

ဘုန်း…

မြင့်မြတ်နယ်မြေ(၄)ခုမှ အကြီးအကဲများ တအိအိမြင့်တက်လာကာ တောင်ပိုင်းကောင်းကင်တံခါးသို့ ဦးတည်နေသော လှေပျံကြီးအား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြလေသည်။

လက်ရှိ အချိန်တွင် သူတို့ နှလုံးသားထဲ၌ စစ်မြင်းအကောင်ရေ(၁)သောင်းလောက် ပြေးလွှားနေသည့်အလား ခံစားနေရ၏။

သူက ကောင်းကင်ပလ္လင်အဆင့်ကျင့်ကြံသူ မဟုတ်လား…?

အဘယ်ကြောင့် အန္တိမ အင်ပါယာအဆင့်တစ်ယောက်ကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင်များ ပိုင်ဆိုင်ထားသနည်း…?

ဤသို့ဖြင့် ရဲ့ချင်းစုန် ရွှမ်ယီကိုယ်စား ညီလာခံ တက်ရောက်ရန်အတွက် တောင်ပိုင်းကောင်းကင်တံခါးသို့ ထွက်ခွာသွားလေသည်။

ရွှမ်ယီကမူ မထွက်ခွာသေးဘဲ ဂျီကျူးယွဲ့ထံသို့ သွားရောက်ပြီး သွားရလာရ အဆင်ပြေစေရန်အတွက် တည်နေရာ ကူးပြောင်းခြင်း အစီအရင်များ တောင်းယူလိုက်၏။

ထို့နောက် တောင်ပိုင်းနယ်စပ်သို့ ဦးတည်လိုက်လေသည်။

သို့သော် တောင်ပိုင်းနယ်စပ်သို့ မသွားမီ မဟာပျက်စီးခြင်းနယ်‌မြေ၌ အရင် ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်၏။

အလွန်ကျယ်ပြန့်လှသော မဟာပျက်စီးခြင်းနယ်မြေကြီးတွင် လူသားအင်အားစုပေါင်း သောင်းနှင့်ချီ၍ ရှိပေသည်။

တောင်ပိုင်းကောင်းကင်တံခါး အရိပ်အောက်၌ ခိုလှုံနေသည့် တောင်ပိုင်းနယ်စပ်မှ လူသားအင်အားစုများလောက်တော့ အားကောင်းခြင်းမရှိပေ။

သို့သော် ခက်ခဲကြပ်တည်းသော နေရာ၌ ထူးထူးခြားခြား ထူးချွန်သူများလည်း ထွက်ပေါ်လာတတ်သည်။

သို့သော် ရက်အတန်ကြာ ရှာဖွေကြည့်ပြီးနောက် ရွှမ်ယီ စိတ်ပျက်သွားခဲ့ရ၏။

ဤ ရက်များအတွင်း နေရာအနှံ့အပြားသို့ ခရီးထွက်ခဲ့သော်လည်း ကံမကောင်းစွာနှင့် ပါရမီအမြင့်ဆုံးသူများမှာ အမှတ်(၂၀၀) ကျော်လောက်သာရှိသည်။

ရွှမ်ယီ ခေါင်းယမ်းရင်း နှလုံးသားထဲမှ စိတ်ပျက်မှုများအား မောင်းထုတ်လိုက်၏။

မည်သို့ပင် ဆိုစေကာမူ ရီဟန် နှင့် ပိုင်ညီအစ်မ ရောက်လာခြင်းက နက်နဲခြင်းအင်ပါယာဂိုဏ်းမှ တပည့်အရေအတွက်ကို (၂) ဆတိုးသွားစေခဲ့သည်။

ဤသို့ဖြင့် ရွှမ်ယီ စိတ်များကို ထိန်းချုပ်လိုက်ပြီး ရောက်နေသာ နေရာ၌ ကောင်းကင် ခပ်မြင့်မြင့်သို့ ပျံတက်ကာ ပတ်၀န်းကျင် မိုင်ထောင်ပေါင်းများစွာသို့ နတ်အသိ ဖြန့်ကျက်လိုက်၏။

ထို့နောက် သူ၏ နတ်အသိ စက်၀န်းအတွင်းရှိသော အင်အားစုများတည်နေရာကို မှတ်သားလိုက်ပြီး တည်နေရာ ကူးပြောင်းခြင်း အစီအရင်ပြားလေးများ ထုတ်ယူလိုက်သည်။

“ ကျောက်နှလုံးသား မျိုးနွယ်စု (မိသားစု) … မဟုတ်သေးဘူး…”

“ တောင်ပိုင်းကောင်းကင်ဘုံ ကျဆင်းခြင်း မျိုးနွယ်စု .. မဟုတ်သေးဘူး…”

“ ပျက်စီးခြင်းကျောက်တုံး မျိုးနွယ်စု.. မဟုတ်သေးဘူး…”

အစီအရင်ပြားလေးများ တစ်ခုပြီးတစ်ခုတုန်ခါသွားခဲ့ပြီး မျိုးနွယ်စု (၆)ခုအား လျှင်မြန်စွာကြည့်ရှုခဲ့သော်လည်း ထူးခြားမှ တစ်စုံတစ်ရာမှ မတွေ့ခဲ့ရချေ။

ရွှမ်ယီ နောက်ဆုံး ကျန်ရှိသော မျိုးနွယ်စု တည်နေရာသို့ လှမ်းကြည့်လိုက်၏။

“ ကိုးကောင်းကင် မျိုးနွယ်စု… မဟုတ်သေး… အမ် နေပါဦး…”

ဤနေရာမှ ထွက်ခွာရန် လုပ်နေသော ရွှမ်ယီ၏ ပုံရိပ်ရပ်တန့်သွားခဲ့ပြီး ‌ကိုးကောင်းကင် မျိုးနွယ်စုရှိ ခြံ၀င်းတစ်ခုအတွင်းသို့ အကြည့်များ ကျဆင်းသွားခဲ့သည်။

ကိုးကောင်းကင် မျိုးနွယ်ဆိုသည်မှာ မဟာပျက်စီးခြင်းနယ်မြေ၌ လွန်ခဲ့သော နှစ်(၁)ထောင် ၀န်းကျင်က စတင်ဖြစ်ပေါ်လာခဲ့သည့် မိသားစုတစ်ခုဖြစ်၏။

“ ကောင်းကင်ဘုရင်အဆင့် အကြီးအကဲ (၃)ဦး…. မိသားစုခေါင်းဆောင်က အင်ပါယာတစ်၀က်အဆင့်…”

ရွှမ်ယီ၏ ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကိုးကောင်းကင် မျိုးနွယ်စုအပေါ်သို့ တိုက်ရိုက်ရောက်ရှိသွားသည်။

၎င်း၏ နာမည်အတိုင်းပင် ကိုးကောင်းကင် မျိုးနွယ်စုက တောင်တန်းတစ်ခုပေါ်တွင် တည်ရှိပြီး ရိုးရှင်းသော ကျေးရွာငယ်လေးများ ပုံစံ ဖွဲ့စည်းထားသည်။

သာမန်အတိုင်း ပြေးလွှားဆော့ကစားနေသောကလေးများ နှင့် ဟိုဟိုဒီဒီ အလုပ်ရှုပ်နေသူများကို မြင်တွေ့နေရ၏။

ရွှမ်ယီ ကျေးရွာအတွင်းသို့ ရောက်ရှိလာခဲ့သော်လည်း မည်သည့် အနှောက်အယှက်မှ မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ ဓားရည်ရွယ်ချက်က အဆင့်(၉) သို့ရောက်နေပြီဖြစ်ပြီး ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေခဲ့ချေပြီ။

ထို့ကြောင့် သူသာ ဖုံးကွယ်လိုပါက ထို သာမန်လူများမဆိုထားနှင့် ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာများပင် သူ့အား သတိထားမိကြမည်မဟုတ်ချေ။

အစပိုင်းတွင် ဤနေရာမှ အနည်းငယ် ထူးဆန်းမှု တစ်ခုကို အာရုံခံမိခဲ့သောကြောင့် ရောက်လာခဲ့ခြင်းဖြစ်ပြီး ကိုးကောင်းကင်မျိုးနွယ်စုအတွင်း ၀င်လာသည်နှင့် ထို ထူးဆန်းသော အတက်အကျအား ပို၍ သိသိသာသာ ခံစားလာခဲ့ရသည်။

၎င်းက အလွန်ပြင်းထန်ခြင်းမရှိသော်လည်း တော်တော်လေး ထူးဆန်းနေ၏။

သူ၏ ဓားတာအိုနှင့်ပင် တချို့နေရာများ၌ တူညီနေသည်။

သို့သော် သူ၏ ဓားတာအိုက ကောင်းကင် နှင့် မြေကြီး တို့နှင့် တစ်သားတည်းဖြစ်နေကာ ထို ထူးဆန်းသော အတက်အကျကမူ ကောင်းကင် နှင့် မြေကြီးတို့နှင့် ပဲ့တင်ထပ်နေပြီး လေဟာနယ်တာအိုနှင့် နီးစပ်သည်။

ထိုကဲ့သို့ အရာမျိုးက သာမန်အားဖြင့်ဆိုလျှင် အလယ်အလတ်တန်းစား အင်အားစုများထံ၌ တွေ့ရှိရခြင်းမရှိပေ။

မြင့်မြတ်နယ်မြေများရှိ လေဟာနယ်တာအိုကို လေ့လာသော မြင့်မြတ်သားတော်များပင် ထိုသို့ လုပ်နိုင်မည်မဟုတ်ချေ။

ရွှမ်ယီ‌အနေဖြင့် ၎င်းနှင့် အလားတူအခြေအနေမျိုးအား လူတစ်ယောက်တည်း၌သာ တွေ့ဖူးသည်။

ယင်းက ဂျီးကျူးယွဲ့ဖြစ်ပြီး ၊ ဂျီကျူးယွဲ့ဆိုသည်မှာ အစီအရင်တာအို၌ ဆရာသခင်တစ်ဦးဖြစ်၏။

ဤသို့ဖြင့် ရွှမ်ယီ၏ အကြည့်များ အဝေးတစ်နေရာသို့ ရောက်သွားခဲ့သည်။ ထိုနေရာ၌ ကိုးကောင်းကင်မျိုးနွယ်စုမှ အခြေခံကျောင်းတစ်ခု ရှိနေ၏။

ကျောင်းအရှေ့မှ မြေကွက်လပ်တွင် ကိုးကောင်းကင် မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးက မျိုးနွယ်စုအတွင်းမှ ကလေးများအား ကျင့်ကြံခြင်း နည်းစနစ်များအကြောင်း ရှင်းပြနေခဲ့သည်။

တဖက်တွင် ရွှမ်ယီ၏ စူးရှသော အကြည့်များက ကျောင်းရှေ့ရှိ မြေကွက်လပ်၌ ရှိနေ၏။

“ လင်းရီ… ငါ စောနက ပြောခဲ့တာတွေကို တစ်ခေါက် ပြန်ပြောကြည့်…”

ထို လင်းရီဆိုသည့်လူငယ်က ‌တစ်နေရာသို့ အသိစိတ် ပြန့်လွင့်နေဟန်ရပြီး အကြီးအကဲထံမှ ရုတ်တရက် လှမ်းခေါ်ခံခြင်း ခံလိုက်ရသောကြောင့် ထိတ်လန့်သွားသည်။

ဤမတိုင်ခင်တွင် ဘာမှန်းမသိသော အကြောင်းပြချက်တစ်ခုကြောင့် ပတ်၀န်းကျင်တစ်ခုလုံး ပေါ့ပါးသွားသလိုခံစားလိုက်ရပြီး တစ်ခဏမျှ အသိစိတ်လွတ်သွားခဲ့၏။

ထို့အပြင် ‌ခြေတစ်လှမ်းနှင့် မျိုးနွယ်စုအတွင်းမှ မည်သည့်နေရာကိုမဆို သွားနိုင်သည်ဟု ခံစားနေမိသည်။

သို့သော် ထိုအံ့ဩဖွယ်ကောင်းသော ခံစားချက်က စက္ကန့်ပိုင်းမျှသာ ကြာခဲ့ပြီး နေ့ခင်းကြောင်တောင် အိမ်မက်မက်နေခဲ့သည့် အလားပင်။

သူ့အနေဖြင့် ထို ဆန်းကြယ်သော အခြေအနေသို့ တခဏမျှ ရောက်ရှိသွားခဲ့သည်ဖြစ်ရာ အကြီးအကဲ သင်ပြခဲ့သော သင်္ခန်းစာများအား မည်သို့ နားလည် မှတ်မိနိုင်တော့မည်နည်း။

တစ်ခွန်းမှ မဖြေနိုင်ဘဲ ကြောင်တောင်တောင်ဖြင့် ကြည့်နေသော လင်းရီအားမြင်လျှင် မြေကွက်လပ်မှ ကလေးများအားလုံး ဟားတိုက် ရယ်မောလိုက်ကြသည်။

လင်းရီ ဤသို့ဖြစ်သည်မှာ တစ်ကြိမ် နှစ်ကြိမ် မကကြောင်း ထင်ရှား၏။

လင်းရီ အခြေအနေကိုကြည့်ပြီး သင်ကြားပေးသော အကြီးအကဲ သက်ပြင်းတစ်ချက်ချကာ ပြန်ထိုင်ခိုင်းလိုက်တော့သည်။

“ ရှောင်လင်းရီ ( လင်းရီလေး ) … မင်းက မိသားစု ခေါင်းဆောင်ရဲ့သားပဲ… ဒါပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းပါရမီက မထူးချွန်ဘူး… ဒါကြောင့် မင်းသာ ကြိုးစားပြီး မလေ့ကျင့်ရင် အနာဂါတ်မှာ ငါတို့ မျိုးနွယ်စုကို ဘယ်လို လုပ်ပြီး ကာကွယ်နိုင်မှာလဲ…”

ထိုစကားကြားလျှင် လင်းရီ ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။

၎င်းကိုမြင်လျှင် အကြီးအကဲ အသာအယာခေါင်းယမ်းလိုက်ကာ မည့်သည့်စကားမှ မဆိုတော့ဘဲ ရှင်းပြစရာများကို ဆက်ရှင်းပြလိုက်၏။

All Chapters