← Chapters

နိုင်ငံတကာ ဇီဝဗေဒညီလာခံ

Vol. 3 Ch. 235

နိုင်ငံတကာ ဇီဝဗေဒညီလာခံ

Vol. 3 Ch. 235

ကျင်းမြို့တော်ကား တိတ်ဆိတ်‌ အေးချမ်းလျက် ရှိသည်။ ရှင်းမိသားစုနှင့် ချန်းမိသားစု တို့မှာလည်း မုန်တိုင်းမထန်ခင် လေငြိမ်နေသည့် အလား ငြိမ်သက်စွာပင် ပြင်ဆင် နေကြသည်။

မြို့တော်ထဲရှိ ချင်ဟွာ စသည့်ရှိသည့် အခြားအင်အားစု များစွာမှာလား မဟာမိတ်အဖြစ် ပူးပေါင်းကြသည်။ ချန်းမိသားစု ရုတ်တရက် မြင့်တက်လာမှုက လူပေါင်းများစွာကို ယုံကြည်မှု ကင်းမဲ့စေသည်။

ထိုအတော အတွင်းမှာပင်  နိုင်ငံတစ်ကာ ဇီဝဗေဒ ညီလာခံကို ကျင်းမြို့တော် တက္ကသိုလ်တွင် စတင် ကျင်းပရန် နီးကပ်လာပြီ ဖြစ်သည်။ များစွာသော ညီလာခံ တက်ရောက် သူများမှာ ကမ္ဘာတစ်လွှားမှ ငယ်ရွယ်သည့် သုတေသန ပညာရှင်များ ဖြစ်ကြသည်။ ထို့အပြင် ကျော်ကြားသည့် ဆေးကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ နာမည်ကြီး ဇီဝဗေဒ ပညာရှင်များပါ တက်ရောက်ကြသဖြင့် ကျင်းမြို့တော် တစ်ခုလုံး ပြင်ဆင်မှုများဖြင့် လှုပ်ရှား ရိုက်ခတ်လျက် ရှိသည်။

“ပါမောက္ခချန်း ... ညီလာခံမှာ ရှင့်ကို အဓိက ဆွေးနွေးတဲ့သူ ဖြစ်စေချင်တယ်။ ကျင်းမြို့တော် တက္ကသိုလ်ရဲ့ ယွင်ဝူကောင်းကင်ရေ သုတေသနက ရှင့်ရဲ့ ခေါင်းဆောင်မှု အောက်မှာ ဘယ်လောက်အထိ အောင်မြင်ခဲ့လဲ ဆိုတာ သူတို့ သိသွားစေရမယ်”

စုကျောင်းက ချန်းဖန်နောက်မှ အသက်ကို ပြင်းပြင်းရှူရင်း ပြောသည်။

မိတ်ဆုံစားပွဲမှ အဖြစ်အပျက်ကြောင့် စုကျောင်းမှာ တစ်ချိန်လုံး စိတ်မကောင်း ဖြစ်နေခဲ့သည်။ သူမကြောင့်သာ လူအများရှေ့၌ ချန်းဖန်ကို ကျန်းပို့ချင်က အရှက်ရစေခဲ့ခြင်း ဖြစ်သည်။

“ယွင်ဝူကောင်းကင်ရေ ...”

ချန်းဖန် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ယွင်ဝူ ကောင်းကင်ရေ၏ လက်ရှိထုတ်လုပ်မှု ပမာဏမှာ ထိပ်တန်း ဈေးကွက်ကို ဖြန့်ဖြူးရန် လုံလောက်ရုံသာ ရှိသည်။ အကယ်၍ ချန်းဖန်သာ အရှေ့တောင်ကြား ဒေသကို ‌ယွင်ဝူကောင်းကင်ရေ ထုတ်လုပ်သည့် နေရာအဖြစ် ပြောင်းလဲနိုင်ခဲ့လျှင် ယွင်ဝူ ရေထုတ်လုပ်သည့် ပမာဏမှာ သိသိသာသာ တိုးလာမည် ဖြစ်သည်။

“မစ်စတာ ဂျက်ဆန်လည်း ညီလာခံကို တက်လာလိမ့်မယ်လို့ ကျွန်မကြားတယ်။ သူက နိုဗယ် ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်လေ။ နောက်ပြီးတော့ ဆဲလ်နဲ့ သဘာဝ ဆိုတဲ့ ဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် တစ်ယောက်ဆိုလည်း ဟုတ်တယ် ...”

စုကျောင်းက ချန်းဖန်အား မစ်စတာဂျက်ဆန်၏ အကြောင်းကို စိတ်ပါလက်ပါ ရှင်းပြနေခဲ့သည်။ မစ်စတာဂျက်ဆန်မှာ သူမ၏ စံပြပုဂ္ဂိုလ် တစ်ယောက် ဆိုလျှင် မမှားချေ။

“ရှင့်ရဲ့ ယွင်ဝူကောင်းကင်ရေ သုတေသနက စတမ်ဆဲတွေ ပြန်ကောင်းလာနိုင်ရုံတင် မဟုတ်ဘူး။ ကမ္ဘာကြီးကိုပါ ပြောင်းလဲပစ် နိုင်တယ်လို့ ပြောနေကြတယ် သိလား ...” စုကျောင်းက အားရပါးရ ပြောပြနေခဲ့၏။

ချန်းဖန်ကမူ ပြုံးရုံသာ ပြုံးနေခဲ့လေသည်။

***

ထိုအတွင်း ... ကျင်းမြို့တော် နိုင်ငံတကာ လေဆိပ်၌ ... ဟန်တုန်းယုမှာ နာမည်ပြား တစ်ခုကို အထက်သို့ ပင့်တင်၍ ကိုင်ရင်း ဧည့်သည် တစ်ရောက်ကို စောင့်ဆိုင်းလျှက် ရှိသည်။ ထိုအခိုက် လေယာဉ် ထွက်ပေါက်နေရာမှ အနက်ရောင် ဝတ်စုံနှင့် လူတစ်အုပ် ထွက်ပေါ်လာသည်။ ထိုအုပ်စု အလယ်တွင်မူ ရွှေရောင်ဆံပင်နှင့် အသားဖြူဖြူ အသက်သုံးဆယ်ခန့် လူတစ်ယောက် ပါလာသည်။

“မစ်စတာဂျက်ဆန် ... ဒီမှာဗျ ...”

ဟန်တုန်းယုက သူ့ထံသို့ လျှောက်လာရင်း ပြောလိုက်သည်။ သို့သော်လည်း မစ်စတာဂျက်ဆန်၏ အနားသို့ မရောက်ခင် သက်တော်စောင့်များ၏ တားဆီးမှုကို ခံလိုက်ရသည်။

“မိုက်ရေ ... ကိစ္စ မရှိဘူး။ သူက စတန်းဖို့ဒ် တက္ကသိုလ်တုန်းက ငါ့ရဲ့ သူငယ်ချင်းပဲ ...”

မစ်စတာဂျက်ဆန်က ဟန်တုန်းယုကို ဖော်ရွေစွာ ပြုံးပြသည်။

“ရိမ်း ... မင်းဘာတွေ လုပ်နေလဲ ...”

“မင်းကို ပြန်တွေ့ရတာ ဝမ်းသာတယ် ဂျက်ဆန်ရေ။ ငါကတော့ ကျင်းတက္ကသိုလ်၊ ဇီဝဗေဒဌာနမှာ အလုပ်လုပ်နေတာ ...” ဟန်တုန်းယုက ပြန်ပြောသည်။

“ကျင်းတက္ကသိုလ် ...” ဂျက်ဆန်က တစ်ချက် စဉ်းစားသည်။

“ဒါက တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် တစ်ခု ဖြစ်မှာပဲ။ ဒါပေမဲ့ ငါတော့ တစ်ခါမှ မကြားဖူးဘူး။ ရိမ်း ... တကယ်ဆို မင်းက ကိုလံဘီယာ ဒါမှမဟုတ် စတန်းဖို့ဒ် တစ်ခုခုမှာ နေသင့်တာလေ ...”

“ဟီးဟီး ... ငါတို့ တက္ကသိုလ်ကို မင်းမကြားဖူးပေမဲ့ သိပ်မကြာခင် တစ်ကမ္ဘာလုံးကို အံအားသင့်စေမဲ့ အဖြစ်အပျက်တစ်ခု ဖြစ်တော့မယ်မှာ သိလား ...” ဟန်တုန်းယုက ပြုံးရင်း ပြောသည်။

“ကမ္ဘာတစ်ခုလုံးကိုလား ...”

ဂျက်ဆန်မျက်မှောင် ကြုတ်လိုက်သည်။ တရုတ်တက္ကသိုလ် တစ်ခုက ဇီဝဗေဒနယ်ပယ် တစ်ခုလုံးကို တုန်လှုပ်အောင် မည်သို့လုပ်မည်နည်း။ ဂျက်ဆန် တွေးမရခဲ့ပေ။

“အမှန်ပဲကွ ... ယွင်ဝူကောင်းကင်ရေ ဆိုတဲ့ နာမည်တော့ မင်းကြားဖူးမှာပေါ့ ...”

ဟန်တုန်းယုက အလေးအ‌နက် မေးသည်။

“ခြောက်သွေ့နေတဲ့ ပန်းပင်ကို ရာသီမဟုတ်ခင် ဖူးပွင့်စေတယ် ဆိုတဲ့ ရေမလား ...”

ဂျက်ဆန် မျက်မှောင်တစ်ချက် ကြုတ်သည်။

“ရိမ်းရေ ... မင်းစကားက ယုံရခက်ခက်ပဲ။ ကမ္ဘာပေါ်မှာ အဲဒီလိုဟာမျိုး ရှိမယ်လို့ ငါမထင်ဘူး ...”

“ငါက မျက်လုံးတွေနဲ့ တွေ့ခဲ့ရတဲ့ ကောင်ပါကွ ...” ဟန်တုန်းယုက တည်ငြိမ်စွာ ပြောသည်။

“လှည့်စားမှုတစ်ခု ဖြစ်မှာပါ။ ငါတော့ အဲဒီလိုပဲ ထင်တယ် ...”

ဂျက်ဆန်က ပြန်ပြောလိုက်သည်။

***

နိုင်ငံတစ်ကာ ဇီဝဗေဒညီလာခံ ကျင်းပရန် တစ်စတစ်စ နီးကပ် လာသည်နှင့် အမျှ ကမ္ဘာတစ်ခုလုံးရှိ ပညာရှင်များစွာမှာ တဖွဲဖွဲ ရောက်ရှိ လာခဲ့သည်။ ဤသို့ဖြင့် ညီလာခံကား စတင် ကျင်းပခဲ့လေပြီ ဖြစ်၏။ ညီလာခံ၏ ဖွင့်ပွဲကို ကျင်းတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် နိုဗယ်ဆုရှင် တစ်ဦးက ကြေညာခဲ့ပြီး အဖွင့်အမှာ စကားကို ချန်းဖန်က ပြောရမည် ဖြစ်သည်။ ယခုကဲ့သို့ ညီလာခံကြီး တစ်ခု၏ အဖွင့်အမှာ စကားကို လူအနည်းစုကဟာ ပြောကြားခွင့် ရှိပြီး ထိုလူအနည်းစု မှာလည်း ဇီဝဗေဒနယ်ပယ် အသီးသီးတွင် အမြင့်မားဆုံး အောင်မြင်မှု ရရှိထားခဲ့ ကြသူများ ဖြစ်သည်။

“ကျင်းတက္ကသိုလ်ရဲ့ ဇီဝဗေဒဌာန ... ဒါက တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဇီဝဗေဒဌာန တွေထဲက တစ်ခု ဖြစ်ပေမဲ့ အသိအမှတ် ပြုရလောက်တဲ့ သုတေသန‌တွေ၊ ပရိုဂရမ်တွေတော့ တစ်ခုမှ မကြားခဲ့ဖူးဘူး ...”

မဲလဘုန်း တက္ကသိုလ်မှ ပါမောက္ခ တစ်ယောက်က သူ့ကိုယ်သူ တီးတိုးပြောသည်။ ထိုအခိုက်မှာပင် ချန်းဖန် စင်မြင့်ပေါ်သို့ တည်ငြိမ်စွာ တက်လာခဲ့သည်။

“သူက ယွင်ဝူ ကောင်းကင်ရေကို ဖန်တီးတဲ့သူလား ...”

ဂျက်ဆန်က သူ့ဘေးမှ ဟန်တုန်းယုကို လှည့်ကြည့်ရင်း မေးသည်။

“အမှန်ပဲ ...”

ဟန်တုန်းယုက ပြန်ဖြေသည်။

“ငါ့ကို ကြည့်ထား ... သူ့ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ပြမယ် ...”

ဂျက်ဆန်၏ မျက်နှာထက်တွက် အပြုံးတစ်ခု ပီပြင်စွာ ပေါ်နေခဲ့သည်။ ချန်းဖန်က သူ၏ အမှာစကားကို ဓာတ်ကူ သွေးရည်ကြည် သီအိုရီကို မိတ်ဆက်ရင်း စတင် လိုက်သည်။

စုကျောင်းက ချန်းဖန်၏ အမှာစကားကို အင်္ဂလိပ် ဘာသာသို့ ပြန်ပေးသည်။ ထိုမြင်ကွင်းက လူတိုင်းကို သံသယ ဝင်စေသည်။ ရုတ်တရက် ပါမောက္ခအဘိုးကြီး တစ်ယောက်က ထရပ်ကာ ချန်းဖန်ကို အင်္ဂလိပ်ဘာသာ စကားဖြင့် မေးလိုက်သည်။

“ရိမ်းရေ ... ကြည့်ရတာ ငါတို့ ဘာမှလုပ်စရာ မလိုတော့ဘူးပဲ။ မဲလဘုန်း တက္ကသိုလ်ရဲ့ ပါမောက္ခ စကော့က ငါ့တို့အစား လုပ်ပေးနေပြီ ...”

ဟန်တုန်းယုက သက်သာစွာပင် ပြန်ပြုံးပြ လိုက်သည်။

“ရှင့်ရဲ့ ရှင်းလင်းချက်တွေက ရုပ်တိ မရှိဘူးတဲ့။ အဲဒီလို အစွမ်းထက် ကုသမှုမျိုး ကမ္ဘာပေါ်မှာ မရှိနိုင်ဘူး။ နောက်ပြီး အဲဒီလိုဟာမျိုးကို သိပ္ပံနည်းလည်း မကျဘူးတဲ့ ...”

ပါမောက္ခအို၏ စကားကို စုကျောင်းက ချန်းဖန်ထံ ဘာသာ ပြန်ပေးသည်။

“ငါသက်သေပြမယ်လို့ သူ့ကို ပြန်ပြောလိုက် ...”

ချန်းဖန်က ပေါ့ပါးစွာပင် ပြောသည်။ ချန်းဖန်၏ စကားကို ကြားသည်နှင့် လူများစွာမှာ ဆူပွက် သွားကြသည်။ ထိုကောင်လေးက တကယ် မဖြစ်နိုင်သော အရာကို သက်သေပြမည်ဟု ဆိုသည်။ အကယ်၍ သူ၏ စကားသာ အမှန်ဆိုလျှင် ထိုအရာကား ကမ္ဘာကြီးကိုပင် ပြောင်းလဲပစ်နိုင် လောက်သည်။

“အင်ဒရူး ... သူတို့ ယွင်ဝူရေလို့ ခေါ်တဲ့ အရာကို မင်းယုံလား။ သူ ပြောပုံအရဆို အဲဒီဟာက ရောဂါတွေ အားလုံးကို အမြစ်ပြတ် ကုသနိုင်မဲ့ အတိုင်းပဲနော် ...”

နှာခေါင်းနီနီနှင့် အဘိုးအိုက သူ့ဘေးမှ လက်ထောက်ကို တီးတိုးမေးသည်။ ထိုအဘိုးအိုမှာ ဆေးကုမ္ပဏီ တစ်ခုမှ ကိုယ်စားလှယ် တစ်ယောက် ဖြစ်ကာ ဆေးနယ်ပယ်တွင် ထင်ရှားသူ တစ်ယောက် ဖြစ်သည်။

“ဆရာဂရန့်ရေ ... အဲဒီလို‌ ရေမျိုးသာ တကယ်ရှိရင် စိန်တွေထက်တောင် ဈေးကြီးမှာ အမှန်ပဲ။ အဲဒီလို လျှို့ဝှက်ချက် မျိုးတွေက ကမ္ဘာပေါ်က အချမ်းသာဆုံး မိသားစုတွေမှာပဲ ရှိနိုင်လောက်မယ်လို့ ထင်တယ် ...”

လက်ထောက် အင်ဒရူးက သေချာ စဉ်းစားရင်း ပြန်ဖြေသည်။

“ငါတို့သာ အဲဒီလို တန်ဖိုးရှိတဲ့ အရာမျိုး ဥရောပကို ယူသွားနိုင်ခဲ့ရင် ငါတို့ရဲ့ အကျိုးအမြတ်က အဖိုး မဖြတ်နိုင်တော့ဘူး ...”

ဂရန့်၏ မျက်လုံးများက တဖျတ်ဖျတ် တောက်ပ နေတော့သည်။

ထိုသို့ တွေးနေသည်မှာ သူတို့သာ မဟုတ်ချေ။ ဆေးကုမ္ပဏီမှ လူများ၊ သုတေသန ပညာရှင် များစွာမှာလည်း ထိုကောင်လေး စကားသာ မှန်လျှင် သူတို့ မည်သို့ အကျိုးအမြတ် ရရှိအောင် လုပ်ဆောင်ကြမည်ကို ကိုယ်စီ တွေးတော နေခဲ့ကြသည်။ လူတိုင်းက သံသယ မျက်လုံးများဖြင့် ကြည့်နေစဉ်မှာပင် ချန်းဖန်က သက်သေပြရန် အတွက် တည်ငြိမ်စွာပင် ပြင်ဆင်နေခဲ့သည်။ သူက သူလုပ်ရရမည့် အရာရာကို အာရုံစိုက် နေဟန်ရပြီး ဘေးမှ လူများကို ရှိသည်ဟုပင် သဘောမထားချေ။ ‌ချန်းဖန်ကို ကြည့်၍ လူတိုင်း၏ သံသယများ ပိုမိုကြီးထွား လာခဲ့သည်။

“ပါမောက္ခချန်း ... အဆင်ရော ပြေရဲ့လား ...”

ကျောင်းအုပ်ကြီးက အနားသို့ ကပြာကသီ ပြေးလာရင်း မေးသည်။ သူ၏ နဖူးတွင် ချွေးများ စီးကျနေပြီး ထိုအချက်က သူမည်မျှ စိတ်လှုပ်ရှား နေကြောင်း သိသာစေသည်။ အကယ်၍ ချန်းဖန်၏ သက်သေပြမှုသာ မအောင်မြင်ခဲ့လျှင် သူတို့ကျောင်း၏ သိက္ခာရေစုန်သို့ မျောတော့မည် ဖြစ်သည်။

“ကျောင်းအုပ်ကြီး ... ရှင်က ဘာတွေ ပူပန်နေရတာလဲ။ လွန်ခဲ့တဲ့ လအနည်းငယ်က ပါမောက္ခချန်းရဲ့ သရုပ်ပြပွဲကို ရှင် မမှတ်မိဘူးလား ...”

သူ၏ အမေးကို ချန်းဖန် မဖြေသောကြောင့် စုကျောင်းကသာ ဝင်ရောက် ပြောလိုက်သည်။

“ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ...”

ကျောင်းအုပ်ကြီးမှာ အလွန်အမင်း စိတ်ပူပန်ဟန် ရသည်။ သူ၏ စကားများပင် ထစ်ငေါ့နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သပ်သေပြမှု အတွက် အရာအားလုံး စင်မြင့်ထက်တွင် ပြင်ဆင်ပြီးခဲ့ပြီ ဖြစ်၏။ စင်မြင့်ထက်ရှိ ခင်းကျင်းထားသော စားပွဲပေါ်တွင် သေဆုံးခါနီး ယုန်တစ်ကောင် ရှိနေသည်။ ထိုယုန်လေးမှာ သေခါနီးဆဲဆဲ အခြေအနေတစ်ခုတွင် ရှိနေပြီး မည်သို့မျှ ပြန်လည် နလန်ထူလာရန် မဖြစ်နိုင်ပေ။

ချန်းဖန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်နှင့် စုကျောင်းက ပြင်ဆင်ထားသော ရေများကို ယုန်ငယ်၏ ပါးစပ်ထဲသို့ လောင်းထည့် လိုက်သည်။ ထိုရေများမှာ အမတေ စွမ်းအင် စုစည်းခြင်း ဆေးလုံးများ ဖျော်ထားသော ရေများ ဖြစ်သည်။ လူတိုင်းက ထိုမြင်ကွင်းကို စိတ်ဝင်တကြား စောင့်ကြည့် နေကြသည်။

ရေများ တိုက်ပြီး မကြာမီပင် ယုန်ငယ်၏ ခြောက်ခန်းနေသော အသွေးအသားများ ပြန်လည် ပြည့်လာကာ အသက်ဓာတ်များလည်း အားကောင်း လာခဲ့သည်။ ထို့နောက် ယုန်ငယ်မှာ မတ်တတ်ရပ်ပြီး ဘေးသို့ ကြောင်တောင်တောင် ကြည့်နေခဲ့သည်။

“ဒါဘယ်လို ဖြစ်နိုင်မှာလဲ ...”

ထိုမြင်ကွင်းက လူတိုင်း၏ နှလုံးသားကို ပြင်းထန်စွာ တုန်ခါစေခဲ့သည်။

“ဒါက လှည့်စားမှု တစ်ခုပဲ ဖြစ်ရမယ်။ ယုန်ကို သူ့ရဲ့ နောက်ဆုံး ခွန်အားကို နှိုးဆွပေးပြီး ခုလိုဖြစ်စေတာ ဖြစ်မယ်။ အဲဒီယုန်က မကြာခင်မှာ ပြန်ပြီး သေသွားမှာ ...”

“ဟုတ်တယ် ... ဒါက လှည့်စားမှု တစ်မျိုးပဲ ...”

လူများစွာက ထိုမြင်ကွင်းနှင့် ပတ်သက်ပြီး ငြင်းခုံ နေကြတော့သည်။

ဂျက်ဆန်ကလည်း စုကျောင်း ပြသခဲ့သော သက်သေပြချက်ကို ကြည့်ရင်း သူ့မျက်လုံးမှာ တဖြည်းဖြည်း ပြူးကျယ် လာခဲ့သည်။

“ဒါ ... ဒါက ကောင်းကင်ရေ ...”

***

All Chapters