← Chapters

အမှောင်တိုတမ်

Vol. 3 Ch. 238

အမှောင်တိုတမ်

Vol. 3 Ch. 238

နာမည်ကြီး ဇီဝဗေဒပညာရှင်၊ အမှောင်တိုတမ်အဖွဲ့၏ အဆင့် A အရှင်သခင်ကား ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ချန်းဖန်ရှေ့တွင် ယခုကဲ့သို့ အကူအညီမဲ့ လိမ့်မည်ဟု ဂျက်ဆန် တစ်ခါမျှပင် မတွေးဖူးခဲ့ချေ။ အကယ်၍ ချန်းဖန်သာ သူပြောသည့် သာမန် မဟုတ်သည့် (နောက်ပိုင်းတွင် အရှင်သခင်ဟု ပြောင်းရေးပါမည်) လူများ အကြောင်းကိုသာ မသိချင်ခဲ့ပါက ဂျက်ဆန် သေသည်မှာ ကြာနေလောက်ပြီ ဖြစ်သည်။

“ပါမောက္ခ ... ပါမောက္ခချန်း ...”

အခန်းထောင့်နားမှ တုန်ရီနေသော အသံတစ်ခုက အထစ်ထစ် အငေါ့ငေါ့ ‌ပေါ်ထွက်လာသည်။ ချန်းဖန်က ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်နေသော စုကျောင်းကို လှည့်ကြည့်လိုက်၏။ စုကျောင်းမှာ ဖြစ်ပျက် သွားခဲ့သော အရာများကို နားလည်ရန် မနည်း ကြိုးစားနေရသည်။

ပထမဆုံး ဂျက်ဆန်မှာ လူသားများ အလှမ်းမမီနိုင်သည့် စွမ်းအားများကို ပြသခဲ့ပြီး သူတို့ကို ခြိမ်းခြောက်ခဲ့သည်။ သို့သော် ထိုစွမ်းအားများ အားလုံးမှာ ချန်းဖန်၏ လက်တစ်ချောင်း အောက်တွင် အားလုံး ပျက်စီးခဲ့ရသည့် အပြင် ဂျက်ဆန် ကိုယ်တိုင်လည်း အသတ်ခံခဲ့ရသည်။

ယနေ့ မတိုင်ခင်အထိ ကမ္ဘာပေါ်တွင် ထိုကဲ့သို့ ထူးဆန်းသော အရာများ ရှိလိမ့်မည်ဟု သူမ ခင်မထားခဲ့ပေ။

“ဂျက်ဆန် သေသွားပြီ ဆိုတော့ ရှင်တော့ ဒုက္ခရောက်ပြီ ထင်တယ် ...”

စုကျောင်းက ခေါင်းကိုငုံ့ရင်း အသက်ပြင်းပြင်း ရှူကာ ပြောသည်။ ချန်းဖန်မှာ သူမ၏ ရှေ့၌ လူတစ်ယောက်ကို လွယ်လွယ်ကူကူ သတ်လိုက်သည့်တိုင် ချန်းဖန်ကို သူမ မကြောက်ခဲ့ပေ။ ထိုခံစားမှုက အနည်းငယ် ထူးဆန်းသည်ဟု သူမ တွေးလိုက်မိသည်။

“ကိစ္စမရှိဘူး ...”

ချန်းဖန်က ပြောရင်း လက်ကို စက်ဝိုင်းသဏ္ဌာန် ဝှေ့ယမ်းသည်။ လေထဲတွင် အစိမ်းရောင် မီးလုံးတစ်ခု ပေါ်လာပြီး ဂျက်ဆန်၏ ခန္ဓာကိုယ်ထံ တိုးဝင်ကာ စတင် လောင်ကျွမ်းသည်။ တစ်စက္ကန့်မျှ အချိန်လေး အတွင်းမှာပင် ဂျက်ဆန်၏ အလောင်းကား အစိမ်းရောင် မီးတောင်များ ကြားတွင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်၏။ ဂျက်ဆန်၏ ဘေးမှ နွယ်ပင် များစွာမှာလည်း ချန်းဖန်ထံ တိုးဝင်ကာ လက်များကြားတွင် ပျောက်ကွယ် သွားကြသည်။ စုကျောင်း၏ မျက်လုံးများမှာ ဝိုင်းစက်နေပြီး ချန်းဖန် လုပ်သမျှကို မယုံကြည်နိုင်စွာ လိုက်ကြည့် နေခဲ့သည်။ အကယ်၍ မျက်မြင် ကိုယ်တွေ့သာ မဟုတ်ခဲ့လျှင် ထိုအရာများ ဖြစ်ပျက်ခဲ့ကြောင့် မည်သူမျှ ယုံကြည်လိမ့်မည် မဟုတ်ချေ။

ဟန်တုန်းယုမှာမူ အခန်းထောင့်စွန်းတွင် ပြန်းကွယ်နေကာ သူ‌၏ခေါင်းကို လက်များဖြင့် အုပ်ထားခဲ့သည်။ သွေးပျက်မတတ် ကြောက်ရွံ့၊ ထိတ်လန့်ခြင်းများက သူ့မျက်လုံးများတွင် ကြီးစိုးနေခဲ့သည်။

***

ဂျက်ဆန် ပျောက်ဆုံး သွားခြင်းကို မည်သူမျှ သံသယ မဝင်ခဲ့ပေ။ ဂျက်ဆန် တစ်ယောက် လျင်မြန်စွာ ပြန်သွားသည်ဟုသာ အားလုံး ထင်မြင် နေကြသည်။ လူတိုင်းမှာ ချန်းဖန်နှင့် သူ၏ ကောင်းကင်ရေ အပေါ်တွင်သာ စိတ်ဝင်စား နေကြသဖြင့် ဂျက်ဆန်ကို မည်သူကမျှ သတိမထားမိ ကြတော့ချေ။

သို့သော်လည်း ဂျက်ဆန်၏ သေဆုံးမှု သတင်းမှာ မြေအောက်ကမ္ဘာတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ သစ်ပင်မိစ္ဆာ ဂျက်ဆန်မှာ အမှောင်တိုတမ်အဖွဲ့၏ စွမ်းအား အကြီးဆုံး အရှင်သခင် တစ်ယောက်ဖြစ်သည်။ အမှောင်တိုတမ်တွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ ဟူ၍ လက်တစ်ဆုပ်စာသာ ရှိသည်။

အမှောင်တိုတမ်မှာ အရှင်သခင် အဖွဲ့အစည်းတွင် အလယ်အလတ် အဆင့်ရှိသော အဖွဲ့အစည်း တစ်ခုသာ ဖြစ်သော်လည်း အလယ်အလတ်အဆင့် အဖွဲ့များတွင် အင်အား အကြီးဆုံး ဖြစ်သည်။ ဂျက်ဆန်၏ သေဆုံးမှုက ကောင်းရင်ရေ တည်ရှိမှု သတင်းနှင့်အတူ အမှောင်တိုတမ်ဂိုဏ်းသို့ ရောက်ရှိ လာခဲ့သည်။

***

ဥရောပတိုက်၊ လျှို့ဝှက်နယ်မြေ၊ ရှေ့ဟောင်းရဲတိုက် တစ်ခုအတွင်း၌ ... ထည်ဝါသော နံရံများကို ရှေးကျသည့် ပန်းချီလက်ရာ များဖြင့် ချယ်သထားပြီး နံရံတစ်ခုတွင်မူ ဓားနှစ်ချောင်းကို ကြက်ခြေခတ် သဏ္ဌာန် ပုံဖော်ထားသည်။ ဓားသွားနှစ်ခု၏ အပေါ် တည့်တည့်တွင်မူ နတ်ဆိုးပုံသဏ္ဌာန် ရှိသည့် သင်္ကေတ တစ်ခုကို ပုံဖော်ထားသည်။ ထိုအခန်းထဲရှိ စားပွဲများ၊ ဆိုဖာများ၊ ပရိဘောဂများ အားလုံးမှာ နှစ်ရာချီ သက်တမ်းရှိပြီး အနည်းဆုံး ယူရို သောင်းဂ‌ဏန်းအထိ တန်ကြေး ရှိလိမ့်မည် ဖြစ်သည်။ ထိုအခန်းထဲတွင်မူ လူလေးယောက် ထိုင်နေကြပြီး သူတို့ တစ်ယောက်ချင်းစီကို ထူးဆန်းသော အရိပ်တစ်ခု သို့မဟုတ် အလင်းတန်း တစ်ခုခုက ဝန်းရံ နေကြသည်။ ထို‌သူများမှာ အနည်းဆုံး နယ်မြေဒေသ တစ်ခုကို ထိန်းချုပ် ထားနိုင်သည့် အင်အားကြီး ပုဂ္ဂိုလ်များပင် ဖြစ်သည်။ ထိုအချိန်တွင်ပင် အမှောင်တိမ်တိုက်များ ဝန်းရံနေသည့် လူတစ်ယောက်၏ ဖုန်းမှာဝင် လာခဲ့သည်။ ထိုသူမှာ ဖုန်းကိုကိုင်၍ ပြောပြီးနောက် မျက်နှာမှာ တဖြည်းဖြည်း မှောင်မည်းလာသည်။

“သူငယ်ချင်း ... ဘာဖြစ်တာလဲ ...” ဆံပင်ရွှေရောင်နှင့်လူက မေးလိုက်သည်။

အမှောင်တိမ်တိုက်များ ဝန်းရံနေသည့် သူမှာ အမှောင်တိုတမ်၏ ခေါင်းဆောင်ဖြစ်ပြီး မြေအောက်ကမ္ဘာ၏ စွမ်းအားအကြီးဆုံး အရှင်သခင်များ အနက် တစ်ယောက် ဖြစ်သည်။ သူ၏ အမည်မှာ သီးဆပ်ဖြစ်ပြီး အရိပ်များကို ထိန်းချုပ်နိုင်သည့် စွမ်းအားရှိသူ တစ်ယောက် ဖြစ်သည်။ သီးဆပ်မှာ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး လုပ်ကြံသူ ဖြစ်ကာ လုပ်ကြံသူ တစ်ယောက် အဖြစ် ‌မွေးဖွားလာသူ ဖြစ်မည်။

“ဇိုရိုရေ ... ငါ့ရဲ့ အချစ်ဆုံးတပည့်၊ ဂျက်ဆန် သေပြီတဲ့ ...”

သီးဆပ်က တိုးညင်းစွာ ပြောသည်။

“သစ်ပင်မိစ္ဆာ ဂျက်ဆန် သေပြီလား ...”

ဆံပင်ရွှေရောင်နှင့် သူမှာ ဟောင်ဂိုဏ်းမှ မိုးကြိုးဘုရင် ဇိုရို ဖြစ်သည်။ ဇိုရိုမှာ စက္ကန့် အနည်းငယ်မျှ ငြိမ်ကျသွားသည်။ ဂျက်ဆန်မှာ အသက်သုံးဆယ် အရွယ်နှင့်ပင် အဆင့် A အရှင်သခင် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ ဇိုရို သေဆုံးသော သတင်းက သူ့ကို အံ့အားသင့် စေခဲ့သည်။

“အဆင့် A အရှင်သခင် တစ်ယောက် သေဆုံးတာက အဖွဲ့အတွက် တကယ့် ဆုံးရှုံးမှုကြီးပဲ ... နောက်ပြီးတော့ ဂျက်ဆန်က အရမ်း ငယ်ရွယ် သေးသလို၊ ပါရမီရှင် တစ်ယောက်။ နှမြောစရာပဲ ...”

ရိုဇိုက စိတ်မကောင်းသည့် အသံဖြင့် ပြောသည်။

“သူမသေခင် ငါတို့ကို မက်ဆေ့ချ်တစ်စောင် ပို့သေးတယ်။ တရုတ်နိုင်ငံမှာ အသက်ဓာတ်ကို တိုးမြှင့်ပေးနိုင်တဲ့ ကောင်းကင်ရေတစ်မျိုး သူ ရှာတွေ့ခဲ့တယ်တဲ့ ...” သီးဆပ်က လေးလေးပင်ပင် ပြောသည်။

“ကောင်းကင်ရေ ...” ဇိုရိုနှင့် အခြားလူ နှစ်ယောက်မှာ သူ့စကားကြောင့် စိတ်ဝင်စား သွားကြသည်။

အရှင်သခင် လောကတွင် ကောင်းကင်ရေများကား စိန်ထက်ပင် အဆများစွာ ပို၍ အဖိုးတန်သည်။ ကောင်ကင်ရေတွင် သာမန်လူ တစ်ယောက်ကို အရှင်တစ်ယောက် ဖြစ်လာစေနိုင်မည့် အစွမ်း အာနိသင်များ ရှိသည်။

“အဲဒါက ဘယ်မှာလဲ ...” ဇိုရိုက အလောတကြီး မေးသည်။ သူ၏ မျက်လုံးများက လျှပ်စီး အလင်းများဖြင့် တလက်လက် တောက်ပနေခဲ့၏။

“မိုးကြိုးဘုရင် ... မင်းက ဟောင်ဂိုဏ်းက မလား။ ကောင်းကင်ရေကို ဘာလို့ လိုမှာလဲ ...”

အမှောင်တိုတမ်မှ အဘိုးအို တစ်ယောက်က မေးသည်။ ထိုအဘိုးအိုမှာ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး သူ၏ ပတ်ဝန်းကျင်တွင် အကောင်အထည် မဖော်ပြနိုင်သော စွမ်းအားများက ဝန်းရံနေခဲ့သည်။

ဇိုရိုက ထိုအဘိုးအိုကို တစ်ချက် လှမ်းကြည့်သည်။ ထိုအဘိုးအိုမှာ လေဘုရင် “အာသာ” ဖြစ်ပြီး အမှောင်တိုတမ်ဂိုဏ်း၏ စွမ်းအားအမြင့်ဆုံး လူသုံးယောက် အနက် တစ်ယောက် ဖြစ်သည်။ သူ၏ စွမ်းအားမှာ လေကို ထိန်းချုပ်နိုင်ပြီး အလိုရှိသည့် အတိုင်း ခိုင်းစေနိုင်သည်။

အမှောင်တိုတမ်တွင် ခေါင်းဆောင် သုံးယောက်ရှိပြီး အခြားနှစ်ယောက်မှာ အမှောင်တစ္ဆေ သီးဆပ်နှင့် တွင်းနက် တိုက်တန်တို့ ဖြစ်သည်။ ထိုသုံးယောက်လုံးမှာ အမှောင်တိုတမ်တွင် အစွမ်းအထက်ဆုံး လူများဖြစ်ကြပြီး တစ်ယောက်ချင်းဆီက ဇိုရိုကဲ့သို့ အစွမ်းထက်သည်။ အမှောင်တစ္ဆေ သီးဆပ်မှာ သတ်ဖြတ်ခြင်းကို အဓိက ကျွမ်းကျင်ပြီး အထွတ်အထိပ် ပညာရှင်များကိုပင် လုပ်ကြံနိုင်သူ ဖြစ်သည်။

“ဂျက်ဆန်ပို့တဲ့ အထဲမှာ အသက်ဓာတ် ကောင်း‌ကင်ရေကို တွေ့ပြီလို့ပဲ ပါတယ်။ စာပို့ပြီး နာရီဝက် အတွင်းမှာပဲ သူ့အသက် ကျောက်ပြား ကွဲကြေသွားတယ် ...” သီးဆပ်က လေးပင်ပါ ပြောသည်။

“သူမသေခင်မှာ အသက်ဓာတ် ကောင်းကင်ရေက ဘယ်သူ့ဆီမှာ ရှိတယ်လို့ရော ပြောသွားခဲ့သေးလား ...” ဇိုရိုက စဉ်းစားရင်း မေးသည်။

“ခဏနေဦး ပြန်ကြည့်လိုက်ဦးမယ် ...” သီးဆပ်က သူ၏ ဖုန်းကိုယူကာ ပြန်ရှာကြည့် လိုက်သည်။

“ချန်းပေ့ရွှမ်း၊ ကျင်းတက္ကသိုလ်က ပါမောက္ခ။ အရှင်သခင် တစ်ယောက် ဖြစ်နိုင်ချေရှိတယ် ...”

အာသာနှင့် အခြားလူများမှာ အသံထွက်ကို သိပ်မကွဲပြားချေ။ သူတို့၏ စိတ်ထဲတွင် တရုတ်အသံထွက် အားလုံးက အတူတူလိုပင် ဖြစ်သည်။

သို့သော် ချန်းပေ့ရွှမ်း ဟူသော အမည်ကို ကြားသည်နှင့် ဇိုရို၏ မျက်နှာတစ်ခုလုံး ဖြူရော် သွားတော့သည်။

“ဘာဖြစ်တာလဲ ... ချန်းပေ့ရွှမ်းကို မင်းသိလို့လား ...” သီးဆပ်က ဇိုရိုကို ကြည့်ကာ မေးသည်။

“သူငယ်ချင်း ... မင်း အနက်ရောင် မြွေသေတာကို မှတ်မိသေးလား ...”

ဇိုရိုက သူ့အမေးကို ပြန်မဖြေဘဲ မေးခွန်းထုတ် လိုက်သည်။

“မင်းပြောတာ လုပ်ကြံခြင်း အရှင်သခင်လား ...”

အမှောင်တိုတမ်မှ လူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့ခြင်းများက နေရာယူ လာသည်။

“ဟုတ်တယ် ... သူ့ကို သတ်လိုက်တာက ချန်းပေ့ရွှမ်းပဲ။ သူက တရုတ်ပြည်ရဲ့ အတော်ဆုံး သိုင်းပညာရှင်ပဲ ...” ဇိုရိုက လေးပင်စွာ ပြောလိုက်သည်။

“ချန်းပေ့ရွှမ်း ...” အမှောင်တိုတမ်၏ ခေါင်းဆောင် သုံးယောက်လုံး တစ်ချက် တုန်သွားသည်။

သူတို့မှာ ဥရောပတွင် နေထိုင် ကြသည့်တိုင် ချန်းပေ့ရွှမ်း ဟူသော အမည်ကို အကြိမ်များစွာ ကြားဖူးခဲ့ကြသည်။ ထိုသူ၏ တည်ရှိမှုမှာ ဖြေရှင်း မရသော ပုစ္ဆာတစ်ပုဒ် လိုပင်။

“တကယ်လို့ အသက်ဓာတ် ကောင်းကင်ရေကသာ သူ့လက်ထဲမှာ ဆိုရင် အမှောင်တိုတမ် တစ်ဖွဲ့တည်းနဲ့ ရဖို့ မလွယ်ဘူး ...” ဇိုရိုက သေချာ စဉ်းစားရင်း ပြောလိုက်သည်။

သီးဆပ်နှင့် အခြားလူများမှာမူ မျက်နှာတစ်ခုလုံး မည်းမှောင်နေကြပြီး တစ်ခုခုကို စဉ်းစားနေဟန် ရသည်။ သူတို့ သုံးယောက်လုံးမှာ အလွန်အစွမ်း ထက်သည့် အရှင်သခင်များ ဖြစ်ကြသော်လည်း ချန်းဖန်ကိုမူ ဂရုမစိုက်ဘဲ မနေရဲချေ။

“ငါတို့သာ ပူးပေါင်းမယ် ဆိုရင် ချန်းပေ့ရွှမ်းကို အနိုင်ယူနိုင်မှာ သေချာတယ် ...”

ဇိုရိုက ငါးစာကို ဂရုတစိုက် ချလိုက်သည်။ အာသာနှင့် အခြားလူများကလည်း နောက်ဆုံးတွင် ဇိုရို၏ စကားကို ခေါင်းညိတ်လိုက် ကြသည်။ ဂျက်ဆန် အလကား သေရသည့် အဖြစ်မျိုး သူတို့ မဖြစ်စေလိုပေ။ ဟောင်ဂိုဏ်းနှင့် ပူးပေါင်းခြင်းက သူတို့အတွက် အခွင့်အလမ်း ပိုမိုသာစေမည် ဖြစ်သည်။

***

ချန်းဖန် လျှို့ဝှက်နည်းလမ်း တစ်ခုကို သုံးပြီး ဟန်တုန်းယု၏ မှတ်ဉာဏ်များကို ဖျက်ပစ်လိုက်ကာ ပြန်လွှတ်လိုက်သည်။ နောက်တစ်နေ့တွင် ချန်းဖန် စီးပွားရေး လုပ်ငန်းရှင်များ အားလုံးထံ သွားရောက် တွေ့ဆုံသည်။ ဂျက်ဆန်၏ စကားက သူ့အတွက် သတိထားစရာ တစ်ခု ဖြစ်ခဲ့သည်။ ထိုကုမ္ပဏီကြီးများကား လောဘ၏ သားကောင်များပင်။ သူတို့၏ အကျိုးအမြတ် အတွက် ဆိုလျှင် မည်သည့် အရာမဆို လုပ်ရဲသည့် လူများ ဖြစ်ကြသည်။

“ဒီတရုတ်ကောင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီး နေတာပဲ။ သူ့ရဲ့ စကားလုံး အနည်းငယ်က ငါတို့ကို တားနိုင်လိမ့်မယ်လို့ ထင်နေတယ် ...”

ချန်းဖန် ထွက်သွားသည်နှင့် နှာခေါင်းနီနီ အဘိုးအိုက သူ့ဘေးမှ လက်ထောက်ကို ပြောလိုက်သည်။

“ဟဟ ... ကျွန်တော်တို့က ဥပဒေကို လိုက်နာမယ်လို့ သူတွေးနေပုံ ရတယ်။ ကုမ္ပဏီကြီးတွေက ဥပဒေရဲ့ အထက်မှာ ရှိနေတာကိုတော့ သူမသိရှာဘူး ...”

လက်ထောက်အင်ဒရူး ကလည်း ပြုံးရင်း ပြန်ပြောသည်။

“ဌာနချုပ်ကို အကြောင်းကြားပြီး လုပ်ကြံသူတွေနဲ့ ဆက်သွယ်ပါ။ သူ့ရဲ့ မိသားစုတွေရဲ့ အသက်နဲ့ ကောင်းကင်ရေရှိတဲ့ နေရာ ဘယ်ဟာကို ပိုပြီး တန်ဖိုးထားမယ် ဆိုတာ ကြည့်ရ သေးတာပေါ့လေ ...” မစ္စတာဂရန့်က ပြောသည်။

“ဆရာဂရန် ... ဒါက နည်းနည်းတော့ များမနေဘူးလား။ အရင်ဆုံး ဈေးကောင်းကောင်းနဲ့ ကမ်းလှမ်း သင့်တယ်လို့ ထင်တယ် ...” အင်ဒရူးက နဖူးများကို လှိုင်းသဏ္ဌာန် ဖြစ်အောင် တွန့်ကွေးရင်း ပြောသည်။

“နိုး ... နိုး ... မများဘူးကွ။ အဲဒါက လုံလောက်ရုံပဲ ရှိတာ။ အဲဒီကောင်က နည်းနည်းလေး ချမ်းသာတော့ မာနတွေ ထောင်တက်နေတာ။ အခွံမာသီး လိုပဲ။ အဲဒီလို လူမျိုးကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ ငါကောင်းကောင်း သိတာပေါ့ ...”

ထိုစဉ် ရုတ်တရက် အခန်းတံခါး ပွင့်လာကာ အတွင်းရေးမှူးမလေး တစ်ယောက် ပြေးဝင်လာသည်။

“မစ္စတာဂရန့် ... အထက်လူကြီးတွေ ခုနလေးတင် ဖုန်းဆက်တယ်။ ချန်းပေ့ရွှမ်းကို ဆန့်ကျင်ဖို့ မလုပ်ဘဲ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ပဲ ကမ်းလှမ်းပါတဲ့ ...”

“ဘာလဲဟ  ... ဌာနချုပ်က လူတွေ ရူးနေကြတာလား ...” မစ္စတာဂရန့်‌က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အဲဒါက ကျွန်မတို့ပဲ မဟုတ်ဘူးနော်။ US နဲ့ Uk က အခြား ကုမ္ပဏီတွေလည်း ဒီနည်းလမ်း အတိုင်း သွားကြမှာတဲ့ ...” အ‌တွင်းရေးမှူးမလေးက ရှင်းပြလိုက်သည်။

“ဘယ်လို ဖြစ်နိုင်တာလဲ။ သူတို့လို မြေခွေးတွေက။ ဘာကြောင့်များလဲ ...” မစ္စတာဂရန့် မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့သည်။

“ဘာကြောင့်လဲ ဆိုတော့ မစ္စတာချန်းမှာ ပုံမှန်မဟုတ်တဲ့ နောက်ခံရှိတယ် ...” အတွင်းရေးမှူးမလေးက စာရွက် တစ်ရွက်ကို ခေါက်ရင်း ဆက်ပြောလိုက်သည်။

“တကယ်တော့ မစ္စတာချန်းက တရုတ်နိုင်ငံ သိုင်းပညာရှင် အဖွဲ့အစည်းရဲ့ အင်အား အကြီးဆုံးပုဂ္ဂိုလ် ချန်းပေ့ရွှမ်း ဖြစ်နေလို့ပဲ ...”

“တရုတ်နိုင်ငံရဲ့ နံပါတ်တစ်၊ ချန်းပေ့ရွှမ်း ...” ထို့နောက် တိတ်ဆိတ်မှုနှင့် ကြောက်ရွံ့မှုက အခန်းအတွင်း ကြီးစိုး နေခဲ့တော့သည်။

***

All Chapters