ချန်းမိသားစု အခြေအနေ
Vol. 3 Ch. 239
ကမ္ဘာ့အကြီးဆုံး ဆေးကုမ္ပဏီကြီးများ အနက် တစ်ခုဖြစ်သည့် အိတ်အင်တာနေရှင်နယ် ကုမ္ပဏီ၏ ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ဂရန့်သည် အမျို့မျိုးသော အင်အားကြီး အဖွဲ့အစည်းများနှင့် ဆက်စပ် ပတ်သက်ဖူးခဲ့၏။ ထို့ကြောင့်လည်း တရုတ်နိုင်ငံ၏ ချန်းပေ့ရွှမ်း ဆိုသော အမည်ကို အကြိမ်ပေါင်း များစွာ ကြားဖူးခဲ့သည်။
“ကောင်းပြီ ... မစ္စတာချန်းနဲ့ စေ့စပ် ဆွေးနွေး ကြရတာပေါ့ ...” မစ္စတာ ဂရန့်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
အတွင်းရေးမှူးမလေးနှင့် လက်ထောက်တို့ကမူ နားမလည်နိုင်သော အကြည့်မျိုးဖြင့် အပြန်အလှန် ကြည့်လိုက်မိ ကြသည်။
***
နိုင်ငံတကာ ဇီဝဗေဒညီလာခံ ကျင်းပနေစဉ်မှာပင် အခြားတစ်ဖက်၌ ကျင်းမြို့တော် အတွင်းရှိ စီးပွားရေး လုပ်ငန်းစုများ၏ ပြိုင်ဆိုင်မှုမှာလည်း အလွန်ပြင်းထန် နေခဲ့ပြီ ဖြစ်၏။
ရိုင်ရယ်ဝု အဆောက်အအုံ အတွင်းတွင် ရှန်းရုန်ဟွာ ဝိုင်ခွက်ကို ကိုင်ကာ ပြတင်းပေါက်ကို ဖြတ်သန်း၍ အပြင်ရှိ လှုပ်ရှားသွားလာ နေကြသော လူများကို ငေးမောလျက် ရှိသည်။ သူ၏ ဘေးတွင်မူ အန်ကယ်လင်းနှင့် သူ၏သား ရှန်းချန်ဝမ်တို့က တိတ်ဆိတ်စွာပင် မတ်တတ်ရပ် နေကြသည်။
“ကျန်းပို့ချင်က အစီအစဉ်ကို စနေပြီလား ...” ရှန်းရုန်ဟွာက မေးသည်။
“ဟုတ်ပါတယ် ... အဖေ” ရှန်းချန်ဝမ်က ပြန်ဖြေသည်။
“ချင်ဟွာကရော ဘယ်လိုလဲ ...” ရှန်းရုန်ဟွာက နောက်တစ်ကြိမ်မေးသည်။
“ကျိုးဂီမင် ပြောပုံအရတော့ ချင်ဟွာက ဒီပြဿနာမှာ ကြားနေဖို့ ဆုံးဖြတ်လိုက်တယ်တဲ့ ...” ရှန်းချန်ဝန်က ပြန်ဖြေသည်။
ရှန်းရုန်ဟွာက ကျေနပ်စွာ ပြုံးရင်း ဆက်မေးလိုက်သည်။
“ချောင်၊ ရွှေ၊ စွန်း နဲ့ တန့်မိသားစုတွေကရော ...”
“ဘယ်သူကမှ ချန်းမိသားစု မြင့်တက် လာတာကို မမြင်ချင်ကြဘူး။ ချန်းမိသားစုက မယုံနိုင် လောက်အောင်ကို အင်အားကြီးလာခဲ့တာ ...”
ရှန်းမိသားစုက မန်နေဂျာ တစ်ယောက်က ဝင်ပြောသည်။
“တန့်မိသားစုက လွဲရင် ကျန်တဲ့မိသားစု အားလုံးက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ချန်းမိသားစုကို ဖိနှိပ်ဖို့ သဘောတူ ကြတယ် ...”
တန့်မိသားစု ဟူသော အမည်ကို ကြားသည်နှင့် ရှန်းချန်ဝမ် သူ၏ပါးကို ပွတ်လိုက်မိသည်။ ချန်းဖန် သူ၏ပါးကို ရိုက်ခဲ့သော အခိုက်အတန့်ကို ရှန်းချန်ဝမ် လုံးဝ မမေ့ချေ။
“ဟမ့် ... တန့်မိသားစုက ခေါင်းမာ နေတယ်ပေါ့။ သူတို့မပါဘဲ ငါတို့ ချန်းဖန်ကို မကိုင်တွယ်နိုင် လောက်ဘူးလို့ ထင်နေပုံရတယ် ...” ရှန်းရုံဟွာက နှာခေါင်း တစ်ချက် ရှုံ့ရင်း ပြောသည်။ ထို့နောက် အန်ကယ်လင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ကောင်းကင်သတ်ဖြတ်ခြင်း အဖွဲ့နဲ့ ဆက်သွယ်ပြီးပြီလား ...”
“စိတ်မပူပါနဲ့ သခင်ကြီး။ ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့ခေါင်းဆောင်က ကျွန်တော်တို့ကို ကူညီမယ်လို့ ကတိပေးထားတယ် ...”
“အရမ်းကောင်းတယ် ... ဒီအချိန်က ချန်းမိသားစုကို ကျင်းမြို့တော်ကနေ ဖယ်ရှားပစ်ရမဲ့ အချိန်ပဲ ...” ရှန်းရုန်ဟွာက ပြတင်းပေါက် အပြင်ကို ငေးရင်း ပြတ်သားစွာ ကြေညာလိုက်သည်။
“ဟုတ်ကဲ့ ...” လူတိုင်းက သဘောတူ လိုက်ကြသည်။
ရှန်းရုန်ဟွာ၏ မျက်လုံး အတွင်းတွင်မူ မီးလျှံတစ်ခုက ကခုန်လျက် ရှိတော့သည်။
***
ထိုအတောအတွင်းမှာပင် ချန်းအုပ်စု၏ CFO ကျန်းပို့ချင်က အခွန်ရုံးတော်သို့ အစီရင်ခံ စာတစ်စောင် တင်ခဲ့သည်။ ထိုအစီရင်ခံစာထဲတွင် ချန်းမိသားစုမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ယွမ်သန်း ငါးရာခန့်အထိ အခွန်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ချန်ကျန်းရှင်းမှာလည်း တရားမဝင်သော စီမံချက်တစ်ခုကို လုပ်ဆောင်နေကြောင်း၊ ထိုစီမံချက်ထဲတွင် ချန်းကျန်းရှင်းမှာ အစိုးရ ရန်ပုံငွေများကို အသုံးပြုပြီး ကုန်များကို ဈေးသက်သာစွာ ဝယ်ယူ၍ ပြည်သူများထံ မြင့်မားသည့် ဈေးနှုန်းများဖြင့် ရောင်းချနေကြောင်း စသည်တို့ ပါဝင်နေသည်။
အစိုးရအဖွဲ့မှာ ထိုအစီရင်ခံစာကို ရသည်နှင့် ချန်းအုပ်စု၏ လုပ်ငန်းများကို စတင် စစ်ဆေးတော့သည်။ ဖမ်းဆီးမှု အနည်းငယ်ပင် ရှိခဲ့သည်။ ချန်းမိသားစု၏ ပိုင်ဆိုင်မှု များမှာလည်း ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
ချန်းမိသားစု၏ အခက်အခဲကြောင့် ချန်းကျန်းရှင်းက ချင်ဟွာထံ ဖုန်းဆက်၍ အကူအညီ တောင်းခဲ့သော်လည်း ချင်ဟွာက ဖုန်းမကိုင်ခဲ့ချေ။ သိပ်မကြာခင်မှာပင် ချန်းကျန်းရှင်းကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြတော့သည်။
ချန်းမိသားစုနှင့် ဖက်စပ် လုပ်ကိုင်သော ကုမ္ပဏီ များမှာလည်း ချက်ချင်း ရပ်တန့် လိုက်ကြသည့်အပြင် ဘဏ်များကပင် ချေးငွေများကို ပြန်ဆပ်ရန် တောင်းဆို လာကြသည်။ ချန်းမိသားစု၏ ကောင်းကင်ကား နေ့ချင်း ညချင်းပင် ပြိုကျ သွားဟန်တူ၏။
နောက်တစ်နေ့တွင် ချန်းမိသားစုတစ်ခုလုံး ချန်းဟွိုက်အန်း၏ နေအိမ်တွင် စုစည်းကာ လက်ရှိ အခက်အခဲကို ဖြေရှင်းရန် တိုင်ပတ်ကြသည်။ ဝမ်ရှောက်ယွင် ကလည်း သူမကိုယ်ပိုင်ငွေ များစွာကို ယူဆောင်ပြီး ကျောင်းဟိုင်မြို့မှ ကျင်းမြို့တော်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။၏
“ဒုတိယအစ်ကို ... စွန်းမိသားစုဆီက ဘာသတင်း ကြားသေးလဲ ...” ချန်းဟွိုက်အန်းက မေးလိုက်သည်။
“စွန်းမိသားစုက မန်နေဂျာတွေ ပြောတာကတော့ သူတို့မိသားစု ခေါင်းဆောင်က ငါတို့နဲ့ ချုပ်ထားတဲ့ စာချုပ်တွေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့ ...” ချန်းချန်ရှင်းက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်သည်။
“ဟွာမိသားစုဆီက အဖြေကလည်း အတူတူပဲ။ နောက်ပြီး အခြားအဖွဲ့ လေးဆယ်ကျော် လောက်ကလည်း ငါတို့နဲ့ စာချုပ်တွေကို ပယ်ဖျက်လိုက် ကြတယ် ...”
“ဒီအတိုင်းဆို အစိုးရက သိမ်းဆည်းထားတဲ့ ငါတို့ရဲ့ ငွေတောင် ပြန်ရရင်တောင် ငါတို့ ကုမ္ပဏီက ဒေဝါလီ ခံရလိမ့်မယ် ...” ဝမ်ရှောက်ယွင်က ဝင်ပြောလိုက်သည်။
“ကျွန်မ အမြင်အရ ဆိုရင် အခွန်ရုံးကို ဒဏ်ငွေဆောင်ပြီး ကျွန်မတို့ရဲ့ လုပ်ငန်းတွေကို မြန်မြန် ပြန်ရွေးယူသင့်တယ်။ လုပ်ငန်းသာ ရှိရင် စာချုပ်တွေက ဘယ်အချိန် ချုပ်ချုပ်ရတယ် ...”
ဝမ်ရှောက်ယွင်၏ စကားကို ချန်းချန်ရှင်းက ငိုတော့မည့် မျက်နှာဖြင့် ကြည့်သည်။
“အဖေ ... အခြားနည်းလမ်း ရှိသေးလား။ အန်ကယ်ချင်က ဘာပြောလဲ ...” ဒုတိယ ဦးလေးက မေးသည်။
“ဟင်း ...” ချန်းဟွိုက်အန်းက ခေါင်းကိုခါရင်း သက်ပြင်းချ လိုက်သည်။
“ချင်ဟွာက ငါ့ဖုန်းကို မကိုင်ဘူး ...”
ချန်းဟွိုက်အန်း၏ စကားသံ ထွက်ပေါ်လာသည်နှင့် အခန်းတစ်ခုလုံး နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ် သွားပြန်သည်။ ချင်ဟွာမှာ ချန်းမိသားစု၏ အဆက်အသွယ်များ အနက် အင်အား အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ယခု ချင်ဟွာ ဖုန်းမကိုင်ခြင်းက ဤပြဿနာတွင် သူဝင်မပါလိုဟု ဆိုလိုသည်။
“တောက် ... ရှန်းရုန်ဟွာ ငါတို့ မိသားစုအပေါ် ခုလို ယုတ်မာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး ...”
ချန်းဖန်၏ ဦးလေး တစ်ယောက်က တောက်ခေါက်ရင်း ခံပြင်းစွာ ဆိုသည်။
ရှန်းရုန်ဟွာမှာ ချန်းမိသားစုကို ဖိနှိပ်ရန် စနစ်တကျ အစီစဉ်များ ရေးဆွဲခဲ့သည်။ ကျန်းပို့ချင် ကဲ့သို့သော ချန်းမိသားစု၏ လူယုံတစ်ယောက်ကိုပင် ရအောင် စည်းရုံးကာ ချန်းမိသားစု၏ အတွင်းမှ လှိုက်စားစာ ဖြိုချခဲ့သည်။ ထို့အပြင် ချန်းမိသားစု၏ ဒေါက်တိုင် ချင်ဟွာကိုလည်း စည်းရုံးနိုင်ခဲ့ဟန် ရသည်။ ချင်ဟွာ လက်ရှောင် နေခြင်းက ချန်းမိသားစု အနေဖြင့် ခြေထောက် တစ်ချောင်း ဆုံးရှုံးလိုက် ရသလိုပင်။
“ငါတို့ ရှောင်ဖန်ကို ခေါ်သင့်တယ်။ သူ့ရဲ့ အရှေ့တောင်ကြား ပရောဂျက်ကြောင့် ခုကိစ္စတွေ ဖြစ်လာတာ။ ခုဆိုရင် သူ့ရဲ့ ဦးလေး အကြီးဆုံးတောင် ထောင်ထဲမှာ ...”
ဦးလေး အကြီးဆုံး၏ မိန်းမက ခေါင်းငုံ့ရင်း ပြောသည်။ သူမ၏ မျက်ဝန်းတွင်မူ မျက်ရည်များက ရစ်ဝဲ၍ နေခဲ့သည်။
“ဟုတ်တယ် ... ငါတို့မှာ ရှောင်ဖန် ရှိသေးတယ် ...”
ချန်းဖန်၏ အမည်ကြောင့် လူတိုင်း စိတ်ဓာတ်များ ပြန်လည် တက်ကြွ လာခဲ့သည်။ ချန်းဖန်မှာ ကျန်းပေ့ဒေသ၏ ဆရာချမ်း ဖြစ်သည်။ သူ၏ အင်အား တစ်ခုတည်းနှင့်ပင် ဝမ်ရုန်အုပ်စုကို ယှဉ်နိုင်သည်။ ထို့ပြင် သူ့နောက်၌ ဝေ့မိသားစုနှင့် လီမူချန်းတို့လည်း ရှိနေသေးသည်။ အကယ်၍ လီမူချန်းကသာ ချန်းမိသားစု အတွက် စကား ပြောပေးလျှင် ယခု အကြပ်အတည်းမှ အလွယ်တကူပင် လွတ်မြောက် နိုင်သည်။
ချန်းဖန်ကမူ တိတ်ဆိတ်စွာ ထိုင်ရင်း အခြားသူများ ပြောသမျှကိုသာ နားထောင် နေခဲ့သည်။ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ သူမက ချန်းဖန်ကို မကြိုက်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုး၌ မိသားစုကို ကယ်တင်နိုင်မည့်သူမှာ ချန်းဖန် တစ်ယောက်တည်းသာ ရှိကြောင်း သူမ သဘောပေါက် မိသည်။
အကယ်၍ ချန်းဖန်သာ သူမ၏ ဖခင်ကို ထောင်ထဲမှ ထုတ်ပေးပြီး မိသားစု၏ အကြပ်အတည်းကို ကယ်တင်နိုင်ခဲ့လျှင် ချန်းဖန်ကို ဘယ်တော့မှ ဆန့်ကျင်၍ မပြောတော့ရန် သူမစိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
ပထမဦးလေး၏ မိန်းမ၊ ဒုတိယ ဦးလေးနှင့် ဒုတိယအဒေါ် အားလုံးက ဝမ်ရှောက်ယွင်ကို အားကိုးတကြီး ကြည့်ကြသည်။ ချန်းဖန်ကား သူတို့၏ နောက်ဆုံး မျှော်လင့်ချက်ပင်။
“ကျွန်မ ရှောင်ဖန်ကို ဖုန်းခေါ်သေးတယ်။ သူ ဖုန်းမကိုင်ဘူး ...”
ဝမ်ရှောက်ယွင်က ဖျော့တော့စွာ ပြောရင်း ပြောလိုက်သည်။ ထိုစကားက လူတိုင်း၏ မျက်နှာများကို ဖြူရော် သွားစေသည်။ သိပ်မကြာခင်မှာပင် ချန်းမိသားစုဝင် များစွာမှာ ချန်းဟွိုက်အန်း၏ နေအိမ်မှ တဖြည်းဖြည်း ပြန်လည် ထွက်ခွာ သွားတော့သည်။ သူတို့၏ မျက်နှာများမှာ ပြိုတော့မည့်မိုး ကဲ့သို့ ညိုမှိုင်းနေကြပြီး ခေါင်းများကို လေးပင်စွာ ငုံ့ထားကြသည်။
သူတို့က ခေါင်းထဲတွင်မူ တူညီသော အတွေး တစ်ခုက နေရာယူထားသည်။ ထိုအတွေးကား ...
“ချန်းမိသားစုရဲ့ နေ့တွေ အဆုံးသတ် သွားရတော့မှာလား” ဟူ၍ ... ။
***
ထိုအချိန်တွင် ...
ချန်းဖန်ကမူ သူ၏ လက်တွေ့ခန်းထဲတွင် အလုပ်များလျက် ရှိသည်။ ရက်ပိုင်း အတွင်းပင် ကုမ္ပဏီကြီးများကို လွယ်ကူစွာပင် ကိုယ်တွယ်နိုင်ခဲ့ပြီး သူတို့နှင့် သဘောတူညီမှုများ ပြုလုပ်နိုင်ခဲ့သည်။ အကယ်၍ သူတို့သာ ချန်းဖန်၏ ဓာတ်ကူ သွေးရည်ကြည် ပရောဂျက်ကို ကူညီခဲ့လျှင် သူတို့အတွက် ကိုယ်ပိုင် ရောင်းချခွင့်များ ပေးအပ်မည်ဟု ကတိပေးခဲ့သည်။ ထို့ပြင် လိုအပ်သော ပါဝင်ပစ္စည်းများ စာရင်းကိုလည်း သူတို့ကို ပေးအပ်ကာ စုဆောင်း စေလိုက်သည်။
အကယ်၍ ဓာတ်ကူ သွေးရည်ကြည်ကိုသာ သူခဲ့လျှင် ရေတစ်ဆယ်ဆ အထိရောပြီး ကုမ္ပဏီများကို ပြန်လည် ဖြန့်ဝေပေးမည် ဖြစ်သည်။ ဓာတ်ကူ သွေးရည်ကြည်၏ မူလစွမ်းအင်များကို သာမန် လူသားများ အနေဖြင့် ခံနိုင်ရည် မရှိချေ။
အကယ်၍ ဓာတ်ကူ သွေးရည်ကြည်ကို ထုတ်လုပ်ရန်အတွက် ခေတ်မီ စက်ပစ္စည်းများ မလိုအပ်ခဲ့လျှင် ချန်းဖန် ယခုကဲ့သို့ အလုပ်ရှုပ်ခံမည် မဟုတ်ချေ။ စိတ်အမျိုးမျိုး ရှိသည့် လူများစွာနှင့် ဆက်ဆံရခြင်းက အမှန်ပင် မလွယ်ကူချေ။
ကျင်းတက္ကသိုလ်၏ အပြည့်အဝ ထောက်ခံမှုနှင့် ငွေကြေး အလုံအလောက် ရှိခြင်းက အတော်လေး ကံကောင်းသည်ဟု ချန်းဖန် တွေးမိသည်။ စုကျောင်းမှာ ချန်းဖန်ကို တစ်နေ့ထက် တစ်နေ့ ပိုမို လေးစားလာခဲ့ပြီး အလုပ်လည်း ပိုမိုကြိုးစား လာခဲ့သည်။ သူမမှာ ဓာတ်ခွဲခန်း၏ အမြဲတမ်း မန်နေဂျာ ချန်းဖန်က တာဝန် ပေးခဲ့သည်။
ချန်းဖန် သူ၏ တာဝန်များနှင့် စုကျောင်းအား ထားခဲ့ပြီးနောက် စီးပွားရေး တက္ကသိုလ်သို့ ပြန်လာခဲ့သည်။
***