← Chapters

အင်အားကြီး လူတစ်ယောက်၏ အဓိပ္ပာယ်

Vol. 3 Ch. 240

အင်အားကြီး လူတစ်ယောက်၏ အဓိပ္ပာယ်

Vol. 3 Ch. 240

အခန်းကိုရောက်သည်နှင့် သူတို့၏ အခန်းဖော်များနှင့် သူတို့၏ ကောင်မလေးများကို တစ်စုတစ်စည်းတည်း တွေ့လိုက်ရသည်။ ချန်းဖန်ကိုကြည့်သည့် သူတို့၏ မျက်နှာများမှာ စိတ်မကောင်းသည့် အငွေ့အသက်များ ထွက်ပေါ် နေခဲ့သည်။

ကျိုးချင်းရ ပင်လျှင် စိတ်ပျက်သည့်ဟန် ပေါ်နေခဲ့သည်။

“ဘာတွေ ဖြစ်နေကြတာလဲ ...”

ချန်းဖန်က နားမလည်သည့် အမူအရာဖြင့် မေးလိုက်သည်။

“သူဌေး ... သတင်းကို မင်း မကြားသေးဘူးလား ...” ကျန်းမူက မေးသည်။

“ဘာသတင်းလဲ ...” ချန်းဖန်က ပြန်မေးလိုက်သည်။

ချင်ရီလန်းက  သူ့ကို သတင်းစာ တစ်ရွက် လှမ်းပေးသည်။ ချန်းဖန်က ထိုသတင်းစာကို ဆွဲယူကာ ကပျာကယာ ဖတ်လိုက်သည်။  ခေါင်းစဉ်တွင် “ချန်းမိသားစုကို စုံစမ်းစစ်ဆေး၊ ချန်းကျန်းရှင်း ထိန်းသိမ်းခံရ” ဟူ၍။

“ချန်းမိသားစုမှာ တစ်ခုခု ဖြစ်နေပြီ ...” ပန်းလီက လေသံဖြင့် ပြောသည်။

ထိုသတင်းဆိုးကြောင့် ချန်းဖန် ခဏမျှ တိတ်ဆိတ် သွားသည်။ သူ၏ မျက်လုံးတွင်မူ အေးစက်ခြင်းများက နေရာယူလျက်။

“ရှန်းမိသားစုက လှုပ်ရှား လာပြီပဲ ...”

ယခုကဲ့သို့ ရှန်းရုန်ဟွာတို့ သားအဖ လျင်မြန်စွာ လှုပ်ရှားလိမ့်မည်ဟု ချန်းဖန် မမျှော်လင့်ခဲ့ချေ။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း လက်တွေ့ခန်း အတွင်း၌သာ အလုပ်များ နေခဲ့သဖြင့် အပြင်လောက၏ အခြေအနေများကို သူသတိ မထားမိခဲ့ချေ။ ထိုအတောအတွင်းမှာပင် ချန်းမိသားစုမှာ ကွဲအက်နေသည့် ကြက်ဥတစ်လုံး ကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ကျန်းပို့ချင်က ချန်းအုပ်စုရဲ့ အတွင်းပိုင်းကို အချိန်တော်တော် ကြာအောင် လှိုက်စား ထားတာပဲ။ ဒုတိယ ဦးလေးက အတော်လေး ပေါ့ဆတာပဲ။ အရင်ဘဝမှာ အဘိုး ဒီလောက် မြန်မြန် သေသွားတာ အံ့ဩစရာ မဟုတ်ဘူးပဲ ...”

ချန်းဖန် ခေါင်းကို လေးပင်စွာ ခါမိသည်။ အရင်ဘဝမှ အတွေ့အကြံများ အရ ချန်းချန်ရှင်းမှာ မည်သည့် လူစားဖြစ်မှန်း ချန်းဖန် သိရှိခဲ့ပြီး ဖြစ်သည်။ ရှန်းမိသားစုက ချန်းမိသားစု၏ အခြေခံအုတ်မြစ် ဖြစ်သည့် ချန်းကျန်းရှင်းကို ဦးတည်၍ တိုက်ခိုက်ခဲ့သည်။ ချန်းကျန်းရှင်း ကိုသာ ရှင်းထုတ်ပစ် နိုင်ခဲ့လျှင် ရှန်းမိသားစု၏ အောင်မြင်မှုများမှာ ယာယီသာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“ကျန်းပို့ချင်ရဲ့ စကားအရ ချင်ဟွာက ချန်းမိသားစု အင်အားကြီး လာတာကို အမြင်ကြည်ပုံ သိပ်မရဘူး။ သူတို့ လိုချင်တာ ချန်းမိသားစုကို လုံးဝ ဖယ်ရှားပစ်ဖို့ပဲ ...”

ချန်းဖန်ကမူ ထိုအခြေအနေများကို လုံးဝ စိတ်ပူခြင်း မရှိချေ။

“သူဌေး ... စိတ်မပူပါနဲ့။ မျှော်လင့်ချက် တစ်ခုခုတော့ ရှိမှာပါ ...”

ချင်ရီလန်းက ချန်းဖန်ကို နှစ်သိမ့်ရန် ကြိုးစားသည်။ ချန်းဖန်မှာ ချန်းမိသားစု၏ အမွေဆက်ခံသူ တစ်ဦးဖြစ်ကြောင်း သူတို့သိရှိခဲ့ပြီး ဖြစ်သည်။ အကယ်၍ ချန်းမိသားစု ကျဆင်း သွားပါက ချန်းဖန်၏ စိတ်များ အောက်ဆုံးသို့ ကျဆင်းသွားမည်ကို သူစိုးရိမ်မိသည်။ ချီဝမ်စန်းနှင့် အခြားလူများမှာမူ မည်သို့မျှ မပြောဘဲ တိတ်ဆိတ် နေကြသည်။ ချန်းဖန် အခန်းထဲရှိ သူ၏ သူငယ်ချင်းများကို အကဲခတ် လိုက်သည်။ ကျောင်းမူက စိတ်ပူနေပုံ ပေါ်သည်။ ချင်ရီလန်းကမူ စိတ်မကောင်း ဖြစ်နေပုံရသည်။ ချီဝမ်စန်းကမူ တည်ငြိမ်၍ နှစ်သိမ့်သည့် အကြည့်များဖြင့် ချန်းဖန်ကို ကြည့်နေခဲ့သည်။

ချင်းလုလုကမူ အနည်းငယ်ပြုံးနေပြီး ပန်းလီကလည်း ကျေနပ်နေပုံ ရသည်။ ချန်းဖန် သူမကို အကြိမ်များစွာ ငြင်းဆိုခဲ့ခြင်းက ကံကောင်းသည်ဟု သူမတွေးနေခဲ့သည်။

ကျိုးချင်းရကမူ ချန်းဖန်ကို သနားနေပုံ ရသည်။

“ဟီးဟီး ...” ချန်းဖန် ပေါ့ပါးစွာ ရယ်လိုက်မိသည်။ ထိုသေမျိုးများ၏ စိတ်အရင်းအမှန်များကို ခန့်မှန်းမိသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူ၏ သူငယ်ချင်းများထဲတွင် ကျန်းမူမှာ ရိုးသားပြီး ချင်ရီလန်းကမူ သူငယ်ချင်းများ အပေါ်တွင် သစ္စာရှိသည်။ ချီဝမ်စန်းမှာမူ သူငယ်ချင်း အတွက် ကူညီရန် အမြဲအဆင်သင့် ရှိနေတတ်သူ ဖြစ်သည်။

ချင်းလုလုနှင့် ပန်းလီတို့ကမူ သာသည့် သူတွေ့လျှင် ပါသွားမည့်သူများ ဖြစ်သည်။ သူမတို့ နှစ်ယောက်မှာ သိုက်တူးတတ်သည့် မိန်းကလေးမျိုး ဖြစ်သည်။ လျူရှောင်ချင်ကမူ သူမ၏ သူငယ်ချင်း နှစ်ယောက်ရဲ့ ရုပ်ဝါဒဆန်သူ မဟုတ်ချေ။ ချန်းဖန် အချိန်ဆက်၍ မဖြုန်းလိုတော့ပေ။ ထို့ကြောင့် သူ၏ သူငယ်ချင်းများကို နှုတ်ဆက်ပြီး အိမ်သို့ ပြန်ရန် ဦးတည် လိုက်သည်။ ချန်းဖန် ထွက်သွားပြီး မကြာခင်မှာပင် ကျိုးချင်းရက တိတ်ဆိတ်မှုကို စတင် ဖြိုခွင်း လိုက်သည်။

“ငါ့ကောင်လေးက ငါ့ကိုခေါ်နေပြီ။ ငါသွားတော့မယ်နော် ...”

သူမက ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

“ငါလည်း BFF တစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတယ် ...”

ပန်းလီကလည်း သူတို့ကို နှုတ်ဆက်ကာ ထွက်သွားသည်။

“ရှောင်လန်း ... ကျောင်းသားသမဂ္ဂက ငါ့ကို ဒီနေ့ တစ်နေ့စာ အကူအညီ တောင်းထားလို့ သွားရဦးမယ်။ ညကျမှ တွေ့ကြမယ်နော် ...” ချင်းလုလုကလည်း ချင်ရီလန်းကို နှုတ်ဆက်ကာ ထွက်ခွာ သွားသည်။

အခန်းထဲတွင် လျူရှောင်ချင်နှင့် ကောင်လေး သုံးယောက်သာ ကျန်နေခဲ့သည်။ သူတို့ သုံးယောက်လုံးမှာ ချန်းဖန်အတွက် စိတ်ပူနေခဲ့ကြသည်။

“အခက်အခဲ အကြောင်းကြား ရတာနဲ့ မြန်မြန်ကို ပြေးကြတာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ပန်းလီက သူဌေးကို ကြိုက်နေတယ်လို့ ပြောသေးတယ် မလား ...” ကျောင်းမူက စိတ်ပျက်သည့် အမူအရာဖြင့် ပြောလိုက်သည်။

“ရှောင်လန်း ... မင်း ကောင်မလေးကို အားလုံးပုံပြီး မယုံနဲ့ ...”

ချီဝမ်စန်းက အပြုံးတု တစ်ခု ဆင်မြန်းရင်း ပြောသည်။ ချင်ရီလန်းက ပါးစပ်ကို ပိတ်ထားခဲ့သည်။ ချင်းလုလု၏ အပြုအမူများကို သူကိုယ်တိုင် အလွန် စိတ်ပျက်မိသည်။

***

ချန်းမိသားစုက ကျဆုံးမှုသတင်းက တစ်မြို့လုံးကို လှုပ်ရှား သွားစေသည်။

“ချန်းမိသားစုတော့ ဒုက္ခအကြီးကြီး ရောက်နေပြီ ...”

လူတိုင်းက ခေါင်းများကို လေးပင်စွာ ခါရမ်း ညည်းတွားမိ ကြသည်။ ရှန်းရုန်ဟွာ၏ လက်တံကား ရှည်လွန်းသည်။ မြင့်တက်နေသည့် ချန်းမိသားစုကို ဖြုတ်ချနိုင်ခဲ့သည့် အပြင် ချင်ဟွာကိုပါ ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်ရန် တားဆီး ထားနိုင်ခဲ့သည်။ ဤအတိုင်း ဆိုလျှင် ချန်းမိသားစု၏ နာမည်မှာ မကြာခင် ရေထဲသို့ ကျသည့် ကျောက်ခဲတစ်လုံး ကဲ့သို့ စုံးစုံးမြုပ် ရတော့မည်  ဖြစ်သည်။

***

ထိုအချိန်တွင်ပင် ချန်းမိသားစုက ဒုတိယအကြိမ် မိသားစုဝင်များကို စုစည်းကာ ဆွေးနွေးကြ ပြန်သည်။

“ရှောင်ယွင်ရဲ့ ငွေတွေနဲ့ အကြွေးတွေကို ဆပ်ပြီးတဲ့ အပြင် ပေးဆောင်ရမဲ့ ဒဏ်ကြေး တွေကိုလည်း‌ ပေးပြီးပြီ။ ထိန်းသိမ်းခံထားရတဲ့ အရာတွေလည်း သိပ်မကြာခင် ပြန်ရလာမှာပါ။ ငါတို့ လုပ်ရမှာက မနက်ဖြန်ထက် ‌နောက်မကျစေဘဲ ကုမ္ပဏီအသစ် တစ်ခု ထပ်ဖွင့်ကြဖို့ပဲ။ အားလုံး အဆင်ပြေ သွားရင် ကျန်းရှင်းလည်း ပြန်လွတ် လာလိမ့်မယ်။ ငါတို့တွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ပြီး ရပ်လာနိုင်တာကို မြင်ရင် အခြား မိသားစုတွေလည်း ဆက်ပြီး တိုက်ခိုက် ကြတော့မယ် မထင်ဘူး ...”

ချန်းဟွိုက်အန်းက စတင် ပြောလိုက်သည်။ ထိုစကားက မိသားစုဝင်များ၏ စိတ်များကို ပေါ့ပါးစေသည်။ ရှန်းရုန်ဟွာမှာ ချန်းမိသားစုကို အမှတ်မထင် တိုက်ခိုက်ခဲ့သည့်တိုင် လုံးဝ ပြိုလဲသွားစေရန် မလုပ်နိုင်ခဲ့ချေ။ ချန်းဟွိုက်အန်း အသက်ရှင် နေသ၍ သူ၏ အဆက်အသွယ်များ၊ အရင်းအမြစ်များက ချန်းမိသားစုကို ပြိုလဲ မသွားစေရန် ထောက်ပံ့နိုင်လိမ့်မည် ဖြစ်သည်။

“ခုနလေးကပဲ ရှောင်ဖန်ဆီက ဖုန်းလာတယ်။ သူ ဒီကို လာနေပြီတဲ့ ...” ချန်းဟွိုက်အန်းက စကားဆက် လိုက်သည်။

“ရှောင်ဖန် လာပြီလား ...”

ထိုစကားသံကြောင့် မိသားစုဝင်အားလုံး၏ မျက်နှာများမှာ ဝင်းလက် သွားကြသည်။

“ဟီးဟီး ... ရှန်းမိသားစုက ငါတို့ကို အထင်သေးတာပဲ။ သူတို့ အလှည့်က ပြီးသွားပြီ ဆိုတော့ ခုက ငါတို့ အလှည့်ပဲ ...”

တတိယ ဦးလေးက ပျော်ရွှင်စွာ ပြောသည်။ တတိယ ဦးလေးမှာ ချန်းအုပ်စု၏ မန်နေဂျာဖြစ်ပြီး ယခုရက်အတွင်း စိတ်ဖိစီးများစွာ ခံစားခဲ့ရသည်။ ရုတ်တရက် လူငယ်တစ်ယောက်က အခန်းတွင်းသို့ ပြေးဝင်လာကာ အမောတကော အော်ဟစ် လိုက်သည်။

“တတိယဒေါ်လေး ကားအက်စီးဒန့် ဖြစ်လို့တဲ့ ...”

“ဝမ်ရှောက်ယွင် ကားမတော်တဆ ဖြစ်တယ် ...”

လူတိုင်း၏ ခေါင်းများ ချာချာလည် သွားကြသည်။ ချန်းဟွိုက်အန်း၏ မျက်နှာမှာလည်း သွေးမရှိ သကဲ့သို့ ဖြူရော် သွားသည်။

***

ထိုအချိန်တွင် ချန်းဖန်မှာ စီးပွားရေး ကျောင်း၏ လမ်းတစ်ခုတွင် လမ်းလျှောက်နေဆဲ ဖြစ်သည်။ သူ အခန်းမှ ထွက်ထွက်ချင်းပင် သူ့အဘိုးထံ ဖုန်းခေါ်ပြီး အခြေအနေများကို မေးမြန်းခဲ့သည်။ အခြေအနေများ တည်ငြိမ် နေကြောင်း သိရသောကြောင့် ချန်းဖန် အေးဆေးစွာသာ အိမ်သို့ ပြန်ရန် လုပ်နေခဲ့သည်။

“ရှန်းချန်ဝမ်ကို ငါ အထင်သေးမိတာပဲ။ ဒါပေမဲ့ ငါတို့ရဲ့ အခက်အခဲတွေက အဆိုးဝါးကြီး မဟုတ်သေးဘူး။ မင်းတို့တွေကို ငါကလည်း သင်ခန်းစာ ပြန်ပေးရမှာ‌ ပေါ့လေ။ ဘာမှမရှိတော့တဲ့ အရသာမျိုး မင်းတို့ ခံစားဖူးအောင် လုပ်ပေးရတာပေါ့”

ချန်းဖန်၏ မျက်လုံးများတွင် ရက်စက်တော့မည့် အရိပ်အယောင်များ ပေါ်လွင် နေခဲ့သည်။

ထိုစဉ်မှာပင် ရုတ်တရက် ချန်းဖန်၏ ဖုန်းမြည် လာခဲ့သည်။ ချန်းဖန် ဖုန်းကို ကိုင်လိုက်ရာ အစ်မအန်း၏ စိတ်လှုပ်ရှား နေသည့် အသံအား ကြားလိုက်ရသည်။

“ရှောင်ဖန် ... အမေနဲ့ငါ ကားအက်စီးဒန့် ဖြစ်လို့ ...”

***

All Chapters