ရှန်းမိသားစု၏ တံခါးဝသို့
Vol. 3 Ch. 242
ကျင်းမြို့တော်၊ ဝမ်ရုန်တော်ဝင် အဖွဲ့အစည်း၊ နံပါတ်တစ်စံအိမ်၌ ...
တော်ဝင်အဖွဲ့အစည်း စံအိမ်များမှာ ဝမ်ရုန်အုပ်စုမှ ကျင်းမြို့တော်မြစ်၏ ကမ်းခြေတစ်လျှောက် ကျယ်ပြန့်သော မြေနေရာများကို ရှင်းလင်းကာ တည်ဆောက် ထားခဲ့ခြင်း ဖြစ်သည်။ အဆောက်အဦ တစ်ဝက် နီးပါးခန့်မှာ မြစ်အထက်ပိုင်းတွင် တည်ရှိပြီး လှပသော မြက်ခင်းစိမ်းများ၊ တန်ဖိုးကြီး ပန်းများဖြင့် အလှဆင် ထားခဲ့သည်။ စံအိမ်တစ်လုံးပင်လျှင် သန်းရာနဲ့ ချီကာ တန်ကြေးရှိသည်။ ထိုနေရာမှာ ရှန်းမိသားစု အခြေချရာ နေရာလည်း ဖြစ်သည်။ နံပါတ်တစ်စံအိမ်၏ အတွင်းတွင်မူ မီးများ လင်းထိန်နေပြီး အဆင့်မြင့် အရာရှိများ စုစည်းနေခဲ့သည်။
ထိုနေရာတွင် ရှန်းရုန်ဟွာ၊ ရှန်းရုန်ချန်း၊ ရှန်းရုန်ဖန်၊ ကျူးဟူဒီး၊ ဝမ်ကျန်းရှို့ တို့အပြင် ရှန်းမိသားစု၏ ခေါင်းဆောင်များ၊ ဝမ်ရုန်အုပ်စု၏ မန်နေဂျာများ ချူကျိုးမြို့၏ ဝမ်မိသားစု စသည့် လူများ ရှိနေခဲ့ကြသည်။
ရှန်းရုန်ဟွာမှာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပြတင်းပေါက်ကို မှီကာ အပြင်ကို ကြည့်နေခဲ့သည်။ ပြတင်းပေါက်၏ အပြင်တွင်မူ ကျင်းမြို့တော်မြစ်က ညင်သာစွာပင် စီးဆင်းလျက် ရှိနေခဲ့သည်။ ဆံပင်များ ဖြူနေသည့် အန်ကယ်လင်းမှာလည်း သူ့ဘေးတွင် တိတ်ဆိတ်စွာပင် ရပ်နေခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အန်ကယ်လင်းမှာ ရှန်းရုန်ဟွာ၏ အရိပ်တစ်ခု ကဲ့သို့ပင်။ သူတို့၏ နောက်တွင် ဝမ်ရုန်အုပ်စု၏ မန်နေဂျာများမှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းရင်း သူတို့ ခေါင်းဆောင်၏ စကားကို စောင့်နေခဲ့သည်။ ရှန်းရုန်ဟွာမှာ ရက်စက်၊ ပြတ်သားပြီး သူ၏ အရည်အချင်းများက သံသယ ရှိစရာ မလိုချေ။
“ချန်းမိသားစုရဲ့ ငွေစာရင်းတွေ ခုလေးတင် လွတ်လပ် သွားပါပြီ ...”
“အစိုးရက ချန်းအုပ်စုရဲ့ မန်နေဂျာကို ဖမ်းဆီးလိုက်ပြီး ချန်းကျန်းရှင်းကို တရားရုံး အမိန့်နဲ့ ပြန်လွှတ် လိုက်ပါတယ် ...”
“ဝမ်ရှောက်ယွင် ကားအက်စီးဒန့် တစ်ခု ဖြစ်ခဲ့ပေမဲ့ ဘာမှ ကြီးကြီးမားမား ထိခိုက်မှု မရှိပါဘူး ...”
ကြားရသော သတင်းများက ရှန်းရုန်ဟွာ၏ စိတ်ကို မကျေနပ်စေခဲ့ပေ။ သို့သော်လည်း သူ၏ ပုံစံမှာ တည်ငြိမ်လျက်ပင် ရှိနေသေးသည်။ မည်သည့်အရာကမှ သူ၏ ယုံကြည်ချက်ကို ပျက်စီးအောင် လုပ်နိုင်ပုံ မပေါ်ချေ။
“ချန်းအုပ်စုနဲ့ ဝမ်ရှောက်က အဓိက ပြဿနာပဲ မဟုတ်ဘူး။ ငါတို့ ချန်းကျန်းရှင်းကို ရှင်းနိုင်ရင် ချန်းမိသားစု တည်ငြိမ်တော့မှာ မဟုတ်ဘူး ...”
ရှန်းရုန်ဟွာက ပြတင်းပေါက်သို့ ငေးနေရာမှ ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့် လိုက်သည်။
“ချန်းဝမ်ရော ...”
သူက မျက်မှောင်ကြုံ့ရင်း မေးသည်။
“ချန်ဝမ်က ဖန့်မိသားစုက မိန်းကလေးကို တွေ့ရအောင် သွားပါတယ် ...” ဝမ်ကျန်းရှို့က ဖြေသည်။
“ဒီလို အခြေအနေမျိုးမှာ သူ မပျက်ကွက်သင့်ဘူး။ ငါတို့က အရာအားလုံးကို အစီအစဉ်တကျ လုပ်ခဲ့ပေမဲ့ အဆင်မပြေတာတွေ ရှိနေတယ်။ သူ့ကို ခုချက်ချင်း ခေါ်လိုက် ...”
ထို့နောက် ရှန်းချန်ဝမ်က သူ့ဘေးရှိ လူအိုကြီးကို လှည့်မကြည့်ဘဲ မေးသည်။
“အစ်ကိုလင်း ... ချန်းဖန်နဲ့ ပတ်သက်တာတွေရော ဘယ်လိုလဲ ...”
“စိတ်ချပါ သခင်ကြီး။ ကောင်းကင် သတ်ဖြတ်ခြင်း ခေါင်းဆောင် သုံးယောက် လက်ထဲကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ အဲဒီကောင်လေးက အတွင်းအား ထိပ်သီးအဆင့် သိုင်းသမား ဖြစ်ရင်တောင် လွတ်မြောက်နိုင်မယ် မထင်ဘူး ...”
ဆံပင်ဖြူလူအိုကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။
“နောက်ပြီးတော့ သူတို့ ကျဆုံးခဲ့မယ် ဆိုရင်တောင် ကျွန်တော် ရှိပါသေးတယ်။ ချန်းဖန် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ။ သူက အထွတ်အထိပ် အဆင့် တစ်ယောက်တော့ မဖြစ်နိုင်သေးဘူး။ ကျွန်တော် သူ့ကို သတ်နိုင်လိမ့်မယ်လို့ ထင်တယ် ...”
“ကောင်းတယ်။ အရမ်းကောင်းတယ် ...” ရှန်းရုန်ဟွာက ကျေနပ်စွာ ခေါင်းညိတ်သည်။
“ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့ဆီက သတင်းကို ငါတို့ စောင့်နေရုံပဲ ရှိတော့တယ် ...”
“ဟမ့် ... ချန်းဖန်ကို ငါတို့ မကိုင်တွယ်နိုင် လောက်ဘူးလို့ တန့်မိသားစုက တွေးနေပုံရတယ် ...”
ရှန်းရုန်ဟွာက နှာခေါင်း တစ်ချက်ရှုံ့ရင်း ဆိုသည်။
ဘန်း ...
ရုတ်တရက် စံအိမ်၏ တံခါးမှာ ကျိုးပျက် သွားသွာသည်။ ထိုတံခါးမှာ ဆွစ်အာမခံ ကုမ္ပဏီတစ်ခု၏ လက်ရာဖြစ်ပြီး ကျဉ်ဆန်ပင် တိုးမပေါက်ချေ။ သို့သော်လည်း ထိုတံခါးမှာ အိမ်သာစက္ကူ တစ်ခုအလား ချိုးဖျက်ခြင်း ခံလိုက်ရသည်။
“ဘယ်သူလဲ ...”
ရှန်းမိသားစု၏ အစောင့်များစွာမှာ သေနတ်များကို ဆွဲထုတ်လိုက်ပြီး ခြံတံခါးဝသို့ ချိန်ရွယ်ထားလိုက် ကြသည်။ ရှန်းရုန်ဟွာ၏ စက်တော်စောင့် ခေါင်းစောင်မှာ အထူးတပ် တစ်ခု၏ တပ်ကြပ်ဟောင်း တစ်ယောက် ဖြစ်သည်။ သူက ရှန်းရုန်ဟွာရှေ့မှ ကွယ်ရပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘော့စ် ... မန်နေဂျာတွေနဲ့ အတူ ဒုတိယထပ်ကို သွားပါ ...”
“စိတ်မပူနဲ့ ... အစ်ကိုလင်း ရှိနေတာပဲ။ ငါဘယ်သူ့မှ မကြောက်ဘူး ...”
ရှန်းရုန်ဟွာက အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့ရင်း ပြောလိုက်သည်။
လူတိုင်းက ဝင်ပေါက် နေရာသို့ စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ ထိုနေရာတွင် သာမန် အဖြူရောင် ဝတ်စံကို ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက် တည်ငြိမ်စွာ မတ်တတ် ရပ်နေသည်ကို တွေ့မြင်လိုက် ကြရသည်။ ထိုလူငယ်မှာ လက်နှစ်ဖက်ကို အေးဆေးစွာ နောက်ပစ်ထားပြီး သာမန် ရုပ်ရည်နှင့် အရပ်တို့ ရှိသည်။ သူ၏ ပုံစံမှာ သာမန် ဆန်လွန်းပြီး တစ်စုံတစ်ရာ ထူးခြားမှု မရှိချေ။
“ဆရာချန်း ...”
လူတိုင်းက တီးတိုး ရေရွတ်မိ ကြသည်။ ဆရာချန်း ဆိုသော အမည်ကို သူတို့ အကြိမ်များစွာ ကြားဖူးခဲ့ ကြသည်။
“ဆရာချန်း ... မင်းက ငါ့အိမ်ကိုတောင် ရောက်လာနိုင် သေးတယ်ပေါ့ ...”
ရှန်းရုန်ဟွာက ချန်းဖန်ကို ကြည့်ရင်း လှမ်းအော်လိုက်သည်။ ချန်းဖန် ရောက်ရှိ လာခြင်းက ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့မှ ခေါင်းဆောင် သုံးယောက် ကျရှုံးသွားခြင်းကို သိသာစေသည်။
“လူငယ်လေး ... မင်း ခုထွက်သွားမယ် ဆိုရင် ငါမင်းရဲ့ အသက်ကို ချမ်းသာပေးမယ် ...”
အဘိုးအိုက မျက်လုံးနှစ်ဖက်ကို ကျဉ်းမြောင်းလိုက်ရင်း အနိမ့်အမြင့် မရှိသည့် အသံဖြင့် ပြောသည်။
“အိုး တကယ်လား ... မင်းသာ ငါ့ခြေထောက်ကို ဖက်ပြီး တောင်းပန်ရင် မင်းရဲ့ အလောင်းကို ဘာမှ မလုပ်ဘူးလို့ ငါကတိပေးတယ် ...”
ချန်းဖန်ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သက်တော်စောင့် ခေါင်းဆောင်က ချန်းဖန်ထံ ပြေးဝင်ကာ ကန်လိုက်သည်။ ထိုကန်ချက်မှာ ပေါင်လုံးခန့် သစ်ပင်တစ်ပင်ကို ထက်ပိုင်း ကျိုးရန် လုံလောက်သည်။ သို့သော် ထိုကန်ချက် ချန်းဖန်ထံ မရောက်မီပင် အစောင့် ခေါင်းဆောင်၏ ခေါင်းမှာ သူ့ကိုယ်မှ လွင့်စဉ် သွားခဲ့ရပြီ ဖြစ်သည်။
“ဟမ့် ...”
အဘိုးအိုက နှာခေါင်းရှုံ့ကာ ချန်းဖန်ထံ လျှပ်စီးလက်သလို ပြေးဝင် လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်ရှေ့သို့ ရောက်လာကာ သူ၏ လက်ချောင်းများဖြင့် စတင် တိုက်ခိုက်လိုက်သည်။ ထိုအဘိုးအို၏ အမြန်နှုန်းကား လုထျန်းဖန် ထက်ပင် ပိုမိုနေခဲ့သည်။
“သနားစရာပဲ ...”
ချန်းဖန်က အေးဆေးစွာပင် ညဘက်ကို ဝှေ့ယမ်းရင်း ချီစွမ်းအင်လှိုင်း တစ်ခု ဖော်ထုတ်သည်။ ချီစွမ်းအင်မှာ လေထဲတွင် အစိုင်အခဲအဖြစ် ပြောင်းလဲကာ အဖြူရောင် အမှန်အသား တစ်ခုကို ဖြစ်စေသည်။ လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ထိုအဖြူမှတ်က အဘိုးအိုထံ ပြေးဝင်ကာ တိုက်ခိုက်သည်။
“သူက အတွင်းအား ထိပ်သီး အဆင့်တင် မကဘူးလား။ သူက အထွတ်အထိပ် အဆင့် တစ်ယောက်လား ...”
အဘိုးအိုက ထိုအဖြူရောင်ချီ စွမ်းအင်ကို လျင်မြန်စွာ ရှောင်လိုက်သည်။
ထိုအရာက သူ့နောက်မှ LCD တီဗီကို ထိသည်။ တီဗီမှာ တစ်စစီ ပေါက်ကွဲပြီး ဖန်ကွဲစများစွာက အခန်းထဲ လွင့်ပျံ့သွားသည်။ အဖြူရောင်ချီ စွမ်းအင်က ထိုနေရာတွင်ပင် ရပ်မနေခဲ့ချေ။ တီဗီနောက်ရှိ နံရံသို့ပါ ထပ်မံတိုးဝင်ပြီး ကြီးမားသော အပေါက်တစ်ခုကို ဖြစ်စေသည်။
“မင်းက အထွတ်အထိပ် တစ်ယောက် ဖြစ်နေမယ်လို့ ငါမထင်ခဲ့ဘူး ...”
အဘိုးအိုက ချန်းဖန်ကို အံ့အားသင့်စွာ ကြည့်ရင်း ပြောသည်။
“အသက်နှစ်ဆယ် မပြည့်သေးတဲ့ အထွတ်အထိပ် ပညာရှင် ... ဒီနှစ်တွေ အတွင်းမှာ ဒီလို အစွမ်းထက်တဲ့ သိုင်းသမားတစ်ယောက် ပေါ်ထွက် လာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး ...”
“ဟုတ်လား ...” ချန်းဖန်က ပြောရင်း ရှေ့သို့ တိုးလာခဲ့သည်။
“ရပ်စမ်း ...”
အဘိုးအိုက ပြောရင်း သူ၏ ကုန်းနေသော ခါးကို ဆန့်ထုတ် လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ အရပ်က စင်တီမီတာ အနည်းငယ်ခန့် ပိုရှည်လာပြီး တွန့်နေသော အရေပြား များမှာလည်း ပြန်လည် ပြည့်ဖြိုး လာသည်။ ခဏအတွင်းမှာပင် အဘိုးအိုမှာ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။
“အစ်ကိုလင်း ...”
ရှန်းရုန်ဟွာမှာ ထိုပြောင်းလဲမှုကြောင့် အလွန် အံ့အားသင့် နေခဲ့သည်။ သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သော ထိုအဘိုးအိုတွင် ယခုကဲ့သို့ လျှို့ဝှက်ချက်များ ရှိကြောင်း သူမထင်ထားခဲ့ချေ။ ဝမ်ရုန်အုပ်စု၏ မန်နေဂျာ များစွာမှာလည်း ထိုအဖြစ်အပျက်ကြောင့် ကြောင်တောင်တောင်ပင် ဖြစ်နေတော့သည်။
“သခင်ကြီး ... ကျွန်တော်က သခင်ကြီးရဲ့ အရိပ်မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီး သခင်ကြီးကိုလည်း အကြိမ်ကြိမ် ကယ်တင် ပေးခဲ့တယ်။ ခုတစ်ကြိမ်ကတော့ နောက်ဆုံး အကြိမ်လို့ မှတ်ထားပေးပါ။ ခုတစ်ကြိမ် ပြီးတာနဲ့ အေးအေးဆေးဆေး နေလို့ရမဲ့ နေရာတစ်ခု ကျွန်တော် ရှာတော့မယ် ...”
အန်ကယ်လင်းက ရှန်းရုန်ဟွာကို ပြောရင်း ချန်းဖန်ဘက်သို့ လှည့်လိုက်သည်။
“လူငယ်လေး ... မင်းက ဒီအသက်အရွယ်နဲ့တင် မမျှော်လင့် ထားလောက်တဲ့ အောင်မြင်မှုတွေ ရပြီးနေပြီ။ မင်းရဲ့ အနာဂတ်က ကျိန်းသေ တောက်ပနေမှာပဲ။ ဒါပေမဲ့ မင်း ငါနဲ့ မတွေ့ခဲ့သင့်ဘူး။ ငါနာမည်က လင်းထန်းရှန် ...”
အဘိုးအိုက ချန်းဖန်ကို ကြည့်ရင်း မာနကြီးစွာ ပြောလိုက်သည်။
“မင်းက စောက်ရမ်း စကားများတယ် ...”
ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ကာ ပြောလိုက်သည်။ ထို့နောက် ခန္ဓာကိုယ် တစ်ဝိုက်တွင် အဇူရာရောင် ဓားအော်ရာများ ထွက်ပေါ်လာပြီး ထိုအရာများက အရာရာကို ပိုင်းဖြတ်နိုင်ဟန် ရသည်။
ချန်းဖန် သူ၏ လက်ကို လင်းထန်းရှန် ရှိရာသို့ ညွှန်လိုက်သည်နှင့် ဓားအော်ရာက ပေါက်ကွဲ ထွက်လာတော့သည်။
***