← Chapters

လင်းထန်းရှန်နှင့် တိုက်ခိုက်ခြင်း

Vol. 3 Ch. 243

လင်းထန်းရှန်နှင့် တိုက်ခိုက်ခြင်း

Vol. 3 Ch. 243

ရှန်းမိသားစုထံတွင် အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက် ရှိနေလိမ့်မည်ဟု ချန်းဖန် ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် အထွတ်အထိပ် အဆင့်ပညာရှင် များမှာ နယ်မြေဒေသ တစ်ခုကို အစိုးရသည်။ ချန်းဂျူရန်ဆိုလျှင်  ထိုက်ကျိဂိုဏ်းကို အုပ်စိုးသည်။ ဟောင်ဂိုဏ်းကို လဲ့ချန်းဝကျွယ်၊ ကျောင်းဟိုင်ဂိုဏ်းကို ဟွာရန်ဖန်း၊ အထွတ်အထိပ် အဆင့်များကြား၌ အားအနည်းဆုံးဟု ဆိုရမည့် လုထျန်းဖန်ပင်လျှင် ကျန်းနန်ပြည်နယ်ကို လွှမ်းမိုး နိုင်ခဲ့သည်။

ထို့ကြောင့်ပင် ရှန်းမိသားစုအတွင်း၌ အထွတ်အထိပ် အဆင့်တစ်ယောက် ရှိနေခြင်းမှာ မထူးဆန်းလှချေ။ လင်းထန်းရှန်၏ ရုတ်တရက် ပြောင်းလဲမှုက ချန်းဖန်ကို မည်သို့မျှ အကျိုးသက်ရောက်မှု မရှိစေခဲ့သည်။ ချန်းဖန် သူ၏ အဇူရာချီဓား၏ စွမ်းအင်ကို နှစ်ဆ အထိ တိုးမြှင့်လိုက်သည်။ သူ၏ ရန်သူမှာ အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက် ဖြစ်သော်လည်း ချန်းဖန်အတွက်မူ အသေးအမွှားသာ ဖြစ်သည်။

ပြန်လည် မွေးဖွားချိန်မှစ၍ အထွတ်အထိပ် အဆင့်သုံးယောက် အထိ သူသတ်ဖြတ်ခဲ့ဖူးသည် မဟုတ်ပါလား။ အဇူရာချီဓားက လမ်းကြောင်းရှိ အရာအားလုံးကို ပိုင်းဖြတ်ကာ လင်းထန်းရှန်ထံ တိုးဝင်သွား၏။ ဓားလမ်းကြောင်းရှိ ဆိုဖာများ၊ ပရိဘောဂ ပစ္စည်းများစွာမှာ အော်၏ ပိုင်းဖြတ်မှုကြောင့် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားကြသည်။ ထိုလမ်းကြောင်းနှင့် မလွတ်ကင်းသော ဝမ်ရုန်အုပ်စု၏ မန်နေဂျာ နှစ်ယောက်ကား အပိုင်းပိုင်း ပြတ်ထွက်သွားသည်။

“ကောင်းလိုက်တဲ့ ချီစွမ်းအင် ထိန်းချုပ်မှု ... ”

လင်းထန်းရှန်က တီးတိုး ရေရွတ်ရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ ရုတ်တရက် ‌အမှောင်လှိုင်း တစ်ခုက သူ့လက်မောင်းမှ ပေါ်ထွက်လာကာ အခန်းကို ပျံ့နှံ့သည်။

‌အမှောင်လှိုင်းနှင့် ထိမိသော ဝမ်ရုန်အုပ်စု၏ မန်မေဂျာ တစ်ယောက်မှာ မြေပြင်ပေါ်သို့ လဲကျကာ အမှောင်ထု၏ ဝါးမျိုသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ လူတစ်ယောက် သေဆုံးသွားခြင်းက လင်းထန်းရှန်ကို တွန့်ဆုတ် စေပုံမရချေ။ သူက အမှောင်လှိုင်းကို သိပ်သည်းစေပြီး ချန်းဖန်ကို စတင် တိုက်ခိုက် လိုက်သည်။

“ပျက်စီးစမ်း ... ”

ချန်းဖန်၏ ဘေးမှ အဇူရာဓားက အမှောင်ထုကို ထိပ်တိုက် တားဆီးသည်။ အဇူရာဓားမှာ တဖြည်းဖြည်း သုံးမီတာခန့်အထိ ရှည်လျားလာပြီး သဘာဝတရားနှင့် ချိတ်ဆက် ထားဟန် တူသည်။ ထိုအရာက ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်အလင်းကို ဆင့်ခေါ်ကာ အမှောင်ထုကို တားဆီး လိုက်၏။

ရှန်းရုန်ချန်း၊ ရှန်းရုန်ဖန်၊ ဝမ်ကျန်းရှို့တို့မှာ သွေးစွန်းနေသော မြင်ကွင်းကို ကြည့်ကာ အလွန်ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။ သူတို့မှာ သေခြင်းတရားနှင့် လက်တစ်ကမ်း အလိုသို့ ရောက်ရှိနေသည့် အလား ခံစားနေခဲ့ရသည်။

သူတို့၏ ကြောက်ရွံ့နေသော ပုံစံများက ချန်းဖန်ကို သနားစေရန် အတွက် အကျိုး သက်ရောက်မှု မရှိခဲ့ချေ။ ချန်းဖန်၏ အမြင်တွင် ထိုသူများ အားလုံးမှာ ပိုးကောင်လေးများသာ ဖြစ်သည်။ ချန်းဖန်က သူ၏ ချီစွမ်းအားကို ထက်မံ တိုးမြှင့်လိုက်ကာ တိုက်ခိုက်မှုကို အရှိန် မြှင့်လိုက်သည်။

လင်းထန်းရှန်၏ အမှောင်ထုမှာ တဖြည်းဖြည်း အလယ်မှ ကွဲအက်လာပြီး  လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ ထိုလမ်းကြောင်းမှာ ချန်းဖန်အတွက် ခင်းပေး ထားသလိုပင်။ မျက်တစ်ခတ်စာ အတွင်းမှာပင် ထိုလမ်းကြောင်း အတိုင်း လင်းထန်းရှန်၏ ရှေ့သို့  ချန်းဖန် ရောက်ရှိ လာနိုင်ပြီ ဖြစ်သည်။

“မဖြစ်နိုင်တာ ... ”

လင်းထန်းရှန်၏ မျက်နှာ တစ်ခုလုံး သွေးဆုတ် ဖြူလျော် သွားတော့သည်။ ထိုအမှောင် လှိုင်းကို တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဆရာ တစ်ယောက်ထံမှ သူ သင်ယူလာခဲ့ခြင်း ဖြစ်သည်။ အတွေး တစ်ချက်နှင့်ပင် ထိုအမှောင်ထုက အရာရာကို တိုက်စားနိုင်သည်။ သာမန် လူများဆိုလျှင် ထိုအမှောင်ထု၏ အစွန်အဖျားနှင့် ထိတွေ့ရုံဖြင့်ပင် သေဆုံးသွားနိုင်သည်။ အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက်ပင်လျှင် သူ၏ အမှောင်ထုကို ခက်ခဲစွာ။ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ ယခုမူ ချန်းဖန်၏ အဇူရာချီဓား၏ ထိုးဖောက်မှု အောက်တွင် သူ၏ အမှောင်ထုက နှစ်ခြမ်း ကွဲပျက်ရသည်။ ထိုအရာက ချီဓားမှာ သူ၏ အမှောင်ထုထက် အဆများစွာ ပို၍ အစွမ်းထက်သည် ဟုဆိုလိုသည်။

“စုစည်းစမ်း ... ”

လင်းထန်းရှန်က ကျယ်လောင်စွာ အော်ရင်း လက်နှစ်ဖက်ကို ဝှေ့ယမ်းသည်။ တစ်စစီ ကွဲပျက်နေသော အမှောင်ထုက တစ်နေရာတည်းသို့ စုစည်းကာ သိပ်သည်း သွားသည်။ ထိုခဏမှာပင် မြွေတစ်ကောင် ပုံသဏ္ဌာန် ဖွဲ့တတ်လာပြီး အနက်ရောင် စွမ်းအင်များက ထိုသတ္တဝါကို လွှမ်းခြုံနေ၏။

“အမှောင်မြွေနဂါးကို စမ်းကြည့်လိုက်ဦး ... ”

လင်းထန်းဖန်က ထိုမြွေနဂါးကို ချန်းဖန်ထံပြေးဝင်ကာ တိုက်ခိုက်စေသည်။

ချန်းဖန်က သူ့ထံသို့ အရှိန်ပြင်းစွာ ဝင်ရောက်လာသော မြွေနဂါးကို ကြည့်ရင်း တစ်ချက် ပြုံးလိုက်သည်။ ‌ထိုမြွေနဂါးမှာ အရွယ်ပမာဏ အားဖြင့် သေးငယ်သည့်တိုင် ‌အမှောင်ချီ စွမ်းအင်များစွာကို သိပ်သည်းကာ ဖန်တီးထားသည့် အရာ ဖြစ်သည်။ ထိုအရာက အခန်းထဲတွင် ရှိသော လူအားလုံးကို သတ်ဖြတ်နိုင်သည့် စွမ်းအင်များ ရှိသည်။ လင်းထန်းရှန် အသုံးပြုသော ထိုနည်းစနစ်မှာ သူ၏ ကောင်းကင်ပြိုတူ နည်းစနစ်နဲ့ သဘောတရားခြင်း ဆင်တူသည်။

သို့သော်လည်း ကောင်းကင်ပြိုတူမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ငှားယူ အသုံးပြုပြီး အမှောင်မြွေနဂါးကမူ လင်းထန်းရှန် နှစ်ပေါင်းများစွာ ကျင့်ကြံရရှိခဲ့သည့် အစစ်အမှန် ချီများကို အသုံးပြုကာ ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းထန်းရှန်၏ အမှောင်မြွေနဂါးမှာ ကောင်းကင်ပြိုတူထက် အဆများစွာ အားနည်းသည်။

“သတ် ... ”

ချန်းဖန်က အဇူရာချီဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အမှောင်မြွေနဂါး၏ လည်ပင်းကို ခုတ်ဖြတ် လိုက်သည်။

ဘုန်း ...

အဇူရာဓား၏ ပိုင်းဖြတ်မှုအောက်၌ အမှောင်မြွေနဂါးမှာ ကျယ်လောင်စွာ ပေါက်ကွဲသည်။ ထို့နောက် အရာအားလုံးမှာ ရုတ်တရက် တိတ်ဆိတ် သွားတော့သည်။ အရာအားလုံးမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိပြီး ပြတင်းပေါက်များ၊ တံခါးများ၊ နံရံများမှာလည်း အားလုံး ပွင့်ထွက် နေခဲ့ကြသည်။ ထိုပေါက်ကွဲမှုမှ လွတ်ကင်းသူဟု၍ မရှိခဲ့ချေ။ ရှန်းရုန်ဟွာမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ပြီး သူ၏ ခြေထောက်များကို မျက်နှာကြက်များက ပိနေခဲ့သည်။ ဖုန်များ တစ်ကိုယ်လုံး ဖုန်းလွှမ်းနေသည့် သူ၏ အသွင်သဏ္ဌာန်ကား တစ္ဆေတစ်ကောင်ဟုပင် ထင်ရသည်။

“ကောင်လေး  ...  မင်းက တကယ့်ကို အစွမ်းထက်တာပဲ။ ဒီနေရာက အရမ်းကို ကျဉ်းတယ်။ အပြင်ကို ထွက်ကြရအောင် ... ”

လင်းထန်းရှန်က ရယ်မောရင်း အပြင်သို့ ခုန်ထွက်လိုက်သည်။ သူခုန်ထွက် လိုက်သော နေရာမှာ မြစ်ကြီး၏ အလယ်တည့်တည့်ပင်။ ရေများ အရှိန်ပြင်းစွာ စီးဆင်းနေသည့် မြစ်လယ်က လင်းထန်းရှန်က တည်ငြိမ်စွာရပ်ရင်း ချန်းဖန်ကို စောင့်နေခဲ့သည်။

ဟမ့် ...

ချန်းဖန် ရှန်းရုန်ဟွာကို တစ်ချက်ပင် မကြည့်ပဲ လင်းထန်းရှန်ရှိရာသို့ လျှပ်စီးလက်သလို ခုန်လာခဲ့သည်။ ရှန်းရုန်ဟွာမှ လွဲ၍ ကျန်ရှန်းမိသားစုဝင် အားလုံး သေကုန်ကြပြီ ဖြစ်သည်။  ချန်းရုန်ဟွာကို သတ်ရန်မှာ သူ့အတွက် အလွန် လွယ်ကူနေခဲ့ပြီ ဖြစ်သည်။

သို့သော် အထွတ်အထိပ် အဆင့်တစ်ယောက်ကိုမူ သူအလွတ် မပေးနိုင်ပေ။ အထွတ်အထိပ် တစ်ယောက်ကသာ သူ၏ မိသားစုကို ထိခိုက်စေရန် ကြိုးပမ်းလာခဲ့လျှင် တားဆီးရန်မှာ သိပ်မလွယ်ကူချေ။ အကယ်၍ သူ၏ မိခင်သာ လုပ်ကြံမခံရလျှင် ယခုလောက်အထိ ချန်းဖန် လုပ်ခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း အခြေအနေများက ယခုအနေအထားသို့ ရောက်ရန် တွန်းပို့ခဲ့သည်။

“မင်းအရွယ်နဲ့ ခုလိုစွမ်းအားတွေ ပိုင်ဆိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ မင်းက ငါသိခဲ့တဲ့ လူတစ်ယောက်ကို သတိရစေတယ် ... ”

လင်းထန်းရှန်က သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း ပြောသည်။ သူ၏ ပုံစံကား မုန်တိုင်းကို ဂရုမစိုက်သည့် ကျောက်ဆောင် တစ်ခုအလား တည်ငြိမ်နေ၏။

“သူက ငယ်ငယ်ရွယ်ရွယ်နဲ့တင် တရုတ်နိုင်ငံပြင်ပမှာ အစွမ်းအထက်ဆုံး အထွတ်အထိပ် အဆင့်ပညာရှင် ဖြစ်လာခဲ့တယ်။ နောက်ပြီးတော့ သူက အင်မော်တယ် အဆင့်ကို ရောက်ဖို့ အရမ်း နီးကပ်နေခဲ့ပြီ ... ”

“ငါ သူနဲ့ မတွေ့ရတာ ဆယ်နှစ်လောက် ရှိခဲ့ပြီ။ ခုအချိန်ဆိုရင် သူက အထွတ်အထိပ် အဆင့်ရဲ့ ထိပ်ဆုံးအဆင့်ကို သူရောက်နေလောက်ပြီ ... ”

“မင်းသာ သူ့ကို အတုယူရင် အနာဂတ်မှာ သူ့လိုပဲ အောင်မြင်လာလိမ့်မယ် ... ”

လင်းထန်းရှန်က ချန်းဖန်ကို ကြည့်ရင်း ရှည်လျားစွာ ပြောလိုက်သည်။

“အိုး  ...  မင်းပြောတဲ့သူက လဲ့ချန်းကျွယ်မလား ... ”

ချန်းဖန်က ပေါ့ပါးစွာ ဆက်ပြောလိုက်သည်။

“ငါသူ့ကို သတ်လိုက်ပြီ ... ”

“ဘာ ... ”

ရုတ်တရက် အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော ကြောက်ရွံ့ခြင်းများကို လင်းထန်းရှန် ပြန်လည် ခံစားလိုက်ရ၏။

***

ထိုအချိန် မြစ်အပေါ်ပိုင်းရှိ ယာတောစံအိမ် တစ်ခုတွင် ... ထိုစံအိမ်မှာ တန့်ယွမ်ချင်း ပိုင်ဆိုင်ကြောင်းကို ကျင်းမြို့တော်၏ လူနည်းစုကသာ သိရှိထားကြသည်။ ယခု ထိုယာတောစံအိမ်တွင် ပါတီပွဲတစ်ခုကို ကျင်းပလျက် ရှိသည်။ တန့်မိသားစု၏ ခေါင်းဆောင် တန့်ယွမ်ချင်းမှာ တံခါးပိတ်၍ ကျင့်ကြံနေခဲ့သည်မှာ နှစ်ဝက်ခန့် ရှိနေခဲ့ပြီ ဖြစ်သည်။ ယနေ့တွင် တန့်ယွမ်ချင်းက ကျင့်ကြံခြင်းကို အောင်မြင်ပြီး တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့သဖြင့် ယခုကဲ့သို့ ပါတီတစ်ခု ကျင်းပနေခဲ့ခြင်း ဖြစ်သည်။

“အဖေကြီး.. အဖေကြီးက ခု အထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်သွားပြီလား ... ”

တန့်ရီဖေးက ဝိုင်ခွက်တစ်ခုကို ကမ်းရင်း အပြုံးဖြင့် မေးသည်။ သူမ၏ မျက်လုံးမှ ပင်ပန်း နွမ်းနယ်မှုတို့ကိုမူ ဖုံးကွယ်မရခဲ့ချေ။

“ဟားဟား  ...  အထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်ဖို့ဆိုတာ တကယ့်ကို မလွယ်တာပဲ ... ”

တန့်ယွမ်ချင်းက ကျယ်လောင်စွာ ရယ်မောရင်း ပြောသည်။ သူ၏ခေါင်းမှ ငွေဘော်ရောင် ဆံပင်ဖြူများနှင့် တောက်ပ ကြည်လင်နေသော မျက်လုံးများကမူ သူမည်မျှ ရင့်ကျက် တည်ငြိမ်ကြောင်း ဖော်ပြနေခဲ့ သလို။

“အထွတ်အထိပ် အဆင့်ပညာရှင်တွေဆိုတာ စစ်မှန်တဲ့ နဂါးတွေပဲ။ အဲဒီအဆင့်ကို ရောက်တာဆို့ တရုတ်နိုင်ငံမှာ လက်တစ်ဆုပ်စာပဲ ရှိတယ်။ ငါသာ အထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်လာရင် ကျန်းနန်ပြည်နယ်ကို လွှမ်းမိုးနိုင်မယ့်အပြင် ကျောင်းဟိုင်ကိုပါ အပြည့်အဝ ထိန်းချုပ် နိုင်လိမ့်မယ် ... ”

တန့်ယွမ်ချင်းက ခေါင်းကိုခါရင်း စကားဆက် လိုက်သည်။

“ကံမကောင်းဘူးလို့ ပြောရမလား  ...  အဲအဆင့်ကို ငါအခုထိ မရောက်ခဲ့သေးဘူးလေ။ ခုမှ အထွတ်အထိပ် တစ်ပိုင်းအဆင့်ကိုပဲ ရောက်သေးတယ်။ အတွင်းအား ထိပ်သီး အဆင့် သိုင်းသမားတွေကတော့ ငါ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး။ ကျန်းပေ့နယ်က ဆရာချန်းကလည်း အတွင်းအားထိပ်သီးအဆင့်မှာ ရှိနေတာလေ ... ”

“ကျန်းပေ့နယ်က ဆရာချန်း ... ”

တန့်ရီဖေး၏ မျက်နှာမှ အပြုံးတို့ ရုတ်တရက် ပျောက်ကွယ် သွားသည်။

“ဘာဖြစ်လို့လဲ ... ”

တန့်ယွမ်ချင်းက သူ့သမီးကို မေးလိုက်သည်။ သူ့သမီးမှာ သူ၏ဆက်ခံသူ ဖြစ်သည်။ သူမမှာ ငယ်ရွယ်စဉ်ကပင် ပြဿနာကြီးများကို ကိုင်တွယ်နိုင်သည်အထိ ထူးချွန်သည်။

“ဘာမှ မဖြစ်ပါဘူး ... ”

တန့်ရီဖေးက ခေါင်းကို ငုံ့ရင်းဖြေသည်။ ဆရာချန်းမှာ အထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်နေပြီ ဖြစ်ကြောင်း ဖခင်ကို သူမ မပြောလ်ုချေ။ သူမ၏ အသက်မှာ ဆရာချန်း၏ လက်ထဲတွင် ရှိနေခဲ့သည် မဟုတ်ပါလား။

“ဟမ့်  ...  ငါသာ သူ့နေရာမှာသာဆိုရင် တန့်မိသားစုကို ရန်စဖို့ တွေးခဲ့မှာ မဟုတ်ဘူး ... ”

တန့်ယွမ်ချင်းက နှာခေါင်းတစ်ချက် ရှုံ့ရင်းပြောသည်။

“စိတ်မပူနဲ့ သမီး  ...  အဖေကြီး မနက်ဖြန်ကျရင် ကျန်းပေ့ကို သွားပြီး သမီး ခံစားခဲ့ရတာတွေကို အစားပြန်ယူပေးမယ် ... ”

အထွတ်အထိပ် တစ်ပိုင်း အဆင့်တစ်ယောက် အနေဖြင့် ထိုသို့ပြုလုပ်ရန် အတွက် သူ့တွက် ယုံကြည်ချက် အပြည့်အဝရှိသည်။

“မလုပ်နဲ့ အဖေကြီး ... ”

တန့်ရီဖေးက ကပြာကယာ တားသည်။ ထိုအချိန်မှာပင် ... ဘန်း ...

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု မြစ်လယ်ပိုင်းမှ ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့သည်။

“ဘာလဲဟ ... ”

လူများစွာက ထိုအသံကြောင့် မြစ်ထဲသို့ အပြေးအလွှား ကြသည့်ကြသည်။ သို့သော်လည်း မြစ်လယ်တွင် ဖြစ်ပျက်နေသော အရာများကို သာမန်မျက်လုံးဖြင့် မြင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

သို့သော် တန့်ယွမ်ချင်းမှာမူ ကွာခြား၏။ အထွတ်အထိပ် တစ်ပိုင်းအဆင့်သို့ ရောက်နေသဖြင့် သူ၏ အမြင်အာရုံက သာမန်လူများထက် အဆများစွာ ပိုမိုထက်မြက်သည်။

“အထွတ်အထိပ် အဆင့်ပညာရှင်တွေလား ... ”

သူ၏ မျက်နှာက သရဲတစ္ဆေကို တွေ့မြင်လိုက်ရသည့်အတိုင်း မည်းမှောင် သွားတော့သည်။

***

All Chapters