တန့်ယွမ်ချင်း
Vol. 3 Ch. 248
ယင်နဂါးရေအိုင်တွင် ကျန်းအန့်ချီကို ချန်းဖန် ဆေးလုံးပေါင်း တစ်ရာကျော်ထိ ရောင်းခဲ့ဖူးပြီး ဆေးတစ်လုံးလျှင် ယွမ်တစ်ဘီလျီဖြင့် သဘောတူညီခဲ့သည်။ ကျန်းအန့်ချီကလည်း ကျသင့်ငွေကို ပေးချေရန် သဘောတူညီခဲ့ကာ လူလွှတ်၍ ပေးချေမည်ဟု ကတိပေးခဲ့သည်။ ယခုဆိုလျှင် နှစ်ဝက်ခန့်ရှိပြီ ဖြစ်သော်လည်း မည်သည့်ပိုက်ဆံမှ မရောက်လာခဲ့ သေးသလို တစ်ခုခုပင် အကြောင်း မကြားခဲ့ချေ။ အဘိုးအိုကျန်း၏ သေဆုံးခြင်း သတင်း မကြားရသောကြောင့် သူ၏ ဆေးများဖြင့် ကျန်းကျန်းမာမာ ရှိနေပုံရသည်။ ဖြစ်နိုင်သည်မှာ ကျန်းမိသားစုက သူ၏ ပိုက်ဆံကို အစောတည်းကပင် ပေးချန်ရန် အစီအစဉ်ရှိပုံ မရချေ။
“ငါ့ရဲ့ ပိုက်ဆံကို မပေးဘူးပေါ့လေ ... အဲ့လောက် လွယ်မယ် ထင်နေတာလား ... ”
ချန်းဖန်၏ နှုတ်ခမ်းတွင်မူ အေးစက်စက် အပြုံးတစ်ခုက တွဲခိုလျက်။
***
ချန်းဖန် သတိ မထားမိခင်မှာပင် အောက်ဘိုဘာ ပိတ်ရက်ရှည်က ရောက်လာခဲ့ပြီ ဖြစ်သည်။
ထိုတစ်လ အတွင်း ချန်းဖန် သူ၏ တက္ကသိုလ်တွင်သာ နေထိုင်ခဲ့၍ လုပ်စရာရှိသည်များကို တိတ်ဆိတ်စွာ လုပ်နေခဲ့သည်။
ထိုကျောင်းပိတ်ရက်ရှည်မှာ ကျောင်းသား၊ ကျောင်းသူအသစ်များ၏ ပထမဆုံးဖြစ်သည်။ ထို့ကြောင့် ချင်းလုလုနှင့် သူငယ်ချင်းများမှာ အပန်းဖြေထွက်ရန် ပြင်ဆင်နေခဲ့ကြသည်။ ထိုပိတ်ရက် အတွင်း ကျောင်းသားတိုင်းလိုလိုမှာ အိမ်သို့ပြန်ရန် တစ်ယောက်မှ စိတ်မပါကြပေ။
ချင်းလုလုမှာလည်း ချင်ရီလန်းနှင့် သူမ၏ ဆက်ဆံရေး ပြန်လည် အဆင်ပြေလာစေရန် အတွက် ဟောင်ကောင်သို့ တစ်ပတ်ကြာ ခရီးထွက်ရန် စီစဉ်လိုက်သည်။ ဟောင်ကောင်မှာ အာရှ၏ ပတ္တမြားဟု တင်စား ရလောက်အောင် ခေတ်မီ ဖွံ့ဖြိုးနေခဲ့သည့် မြို့ပြတစ်ခု ဖြစ်သည်။
ထို့ကြောင့်ပင် ပြည်မကြီးမှ လူများစွာမှာ ထိုနေရာသို့ လာရောက် လည်ပတ်လိုကြ၏။
“အဲဒီမှာ ဒစ်စနေလန်းတို့၊ ဆန်ထရယ်ဈေးကြီးတို့ ရှိတယ်တဲ့။ နောက်ပြီးတော့ ဈေးသက်သာတဲ့ လမ်းဘေးဆိုင်တွေ ... ”
ချင်းလုလုက ဟောင်ကောင်၏ ဆွဲဆောင်မှုရှိသည့် အရာများ အကြောင်း ရေပက် မဝင်ပြောကာ ချင်ရီလန်းကို လိုက်ရန် ပူဆာနေခဲ့သည်။ ချင်ရီလန်းမှာ ဟောင်ကောင်သို့ အကြိမ်များစွာ ရောက်ဖူးခဲ့သော်လည်း မိန်းကလေး တစ်ယောက်နှင့် တစ်ခါမှ အတူ မသွားဖူးခဲ့ချေ။ ချင်းလုလု၏ အပြုအမူများကို သူ မမေ့သေးသော်လည်း ဟောင်ကောင်မြို့ကြီး၏ စွဲဆောင်မှုက သူ့ကို သွားရန် သွေးဆောင် နေခဲ့သည်။
***
“မင်းတို့ ဟောင်ကောင်ကို သွားမလို့ ... ”
ချင်းရီလန်း၏ စကားကြောင့် ချန်းဖန် ရင်ပင် ခုန်သွားခဲ့သည်။ သူကိုယ်တိုင်လည်း ဟောင်ဟောင်သို့သွားကာ ကျန်းမိသားစုထံမှ သူ၏ငွေ တစ်ဆယ်ဘီလျံကို ပြန်တောင်းရန် စီစဉ် နေခဲ့သည်။ အစောပိုင်းက ဟောင်ကောင်သို့ သွားရန်ပင် ပျင်းရိနေခဲ့သည်။ သူတစ်ယောက်တည်း ခြောက်ကပ်ကပ် သွားခြင်းထက် သူငယ်ချင်းများနှင့် အတူသွားလျှင် သူပို၍ ပျော်ရွှင်ရလိမ့်မည် ဖြစ်သည်။
“ငါ မင်းတို့နဲ့ လိုက်လို့ရမလား ... ”
လျူရှောင်ချင်ကလည်း ချီဝမ်စန်းကို ထိုခရီးစဉ်သို့ လိုက်ပါရန် တောင်းဆိုခဲ့သဖြင့် ချီဝမ်စန်းပါ ထိုခရီးစဉ်ကို လိုက်ပါမည် ဖြစ်သည်။ ထို့အပြင် ကျိုးချင်းရကလည်း လိုက်ပါရန် ဆုံးဖြတ်ခဲ့သည်။
ချင်းလုလု၏ မူလအစီအစဉ်မှာ သူမနှင့် ချင်ရီလန်းတို့ နှစ်ယောက်တည်း ရိုမန်တစ် ဆန်ဆန် ခရီးထွက်ရန် ဖြစ်သော်လည်း ယခု ခဏအတွင်းမှာပင် ခြောက်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်၏။ လျူရှောင်ချင်နှင့် ချီဝမ်စန်းတို့မှာလည်း မကြာသေးခင်မှပင် အဆင့်တက် ထားကြသဖြင့် ကျိုးချင်းရနှင့် ချန်းဖန်တို့မှာ အတွဲနှစ်တွဲကြားတွင် ကန့်လန့်၊ ကန့်လန် လိုက်ပါကြမည့် သဘောရှိသည်။ ချန်းဖန် ဟောင်ကောင်သို့ မထွက်ခွာခင်မှာပင် တန့်ယွမ်ချင်း သူ့ထံသို့ ရောက်လာခဲ့သည်။
“ကျွန်တော် တန့်ယွမ်ချင်း ဆရာချန်နဲ့တွေ့ချင်လို့ပါ ... ”
လက်ဖြစ် ရှပ်အင်္ကျီ ဝတ်ဆင်ထားသည့် အဘိုးအိုက ချန်းဖန်ကို ခေါင်းအနည်းငယ် ညွှတ်ရင်း ပြောသည်။ တန့်ယွမ်ချင်းမှာ ချန်းဖန်ကို တပည့်တစ်ဦးမှ ဆရာကို လေးစားစွာ ဆက်ဆံနေသည့် အလား ပြုမူနေခဲ့သည်။ သူ၏ မျက်လုံးထဲတွင်မူ ကြောက်ရွံ့မှုများ ရှိမနေတော့။ ထို့အစား လေးခြင်း၊ အားကျခြင်းများက နေရာယူထားခဲ့သည်။
“နောက်ဆုံးတော့ ငါဘယ်သူလဲဆိုတာ မင်းသိသွားပြီပေါ့ ... ”
ချန်းဖန်က အေးစက်စွာပြုံးရင်း ပြောလိုက်၏။
“ကျွန်တော့်ရဲ့ မျက်လုံးက တောင်ကြီးကိုတောင် မမြင်နိုင်လောက်တဲ့ အထိ ညံ့ဖျင်း လှပါတယ်။ ကျွန်တော့ အမှားကြောင့် ဆရာချန်းနဲ့ သမီးလေးတို့ ကြားမှာ မပြေလည်တာလေးတွေ ရှိသွားခဲ့ပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
တန့်ယွမ်ချင်းက ဦးခေါင်းကို နောက်တစ်ကြိမ် ညွှတ်ရင်းဆိုသည်။ သူ၏ အပြုအမူနှင့် အသံက မည်မျှ အလေးအနက် ထားကြောင်း ပေါ်လွင် နေခဲ့သည်။
အခြား လူများသာ ထိုမြင်ကွင်းကို တွေ့မြင်ရပါက အလွန်အမင်း အံ့အားသင့် သွားလောက်သည်။ တန့်ယွမ်ချင်းကဲ့သို့ မာနကြီးသော လူက လူငယ် တစ်ယောက်အား ဦးညွှတ်ခြင်းမှာ လုံးဝမဖြစ်နိုင်သော အရာတစ်ခုပင် မဟုတ်ပါလား။ ထိုအရာကား သိုင်းသမားတို့၏ ထုံးစံဖြစ်သည်။ သိုင်းလောကတွင် အသက်က စွမ်းအား မဟုတ်ချေ။ ပို၍ စွမ်းအား ကြီးသော လူများက အမြဲတမ်း အထက်တွင်သာ ရှိသည်။ သံသယရှိစရာ မလိုအောင်ပင် ချန်းဖန်၏ အဆင့်က တန့်ယွမ်ချင်းထက် အဆများစွာ ပိုမြင့်မားသည်။ ထို့ကြောင့်သာ တန့်ယွမ်ချင်းက ချန်းဖန်ကို ကျေနပ်စွာ ဦးညွှတ်ခဲ့ခြင်းပင်။
“ဦးမညွှတ်နဲ့တော့ ... ”
တန့်ယွမ်ချင်းက ခေါင်းကိုမော့ကာ ချန်းဖန်ကို လေးစားစွာ ကြည့်လိုက်သည်။ ထိုညက အဖြစ်အပျက်များ ပြီးဆုံးနောက်၌ ချန်းဖန်၏ နောက်ခံကို သူစုံစမ်းခဲ့သည်။ သူ၏ သမီး တန့်ရီဖေးမှာ သာမန် မိန်းကလေး တစ်ယောက်သာ ဖြစ်သဖြင့် သူမ၏ အဆက်အသွယ်က သိပ်မများချေ။ ထို့ကြောင့် ချန်းဖန်၏ အကြောင်းကို သေချာ မစုံစမ်းနိုင်ခဲ့ချေ။ သို့သော် တန့်ယွမ်ချင်းမှာမူ သိုင်းသမား တစ်ယောက် ဖြစ်သောကြောင့် သူ၏ အဆက်အသွယ်များက တန့်ရီဖေးထက် ပိုမို ကျယ်ပြန့်သည်။
ချန်းဖန်၏ နောက်ကြောင်းကို သိရသည်နှင့် သူအလွန်ပင် အံ့ဩခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ဝက်အတွင်း တံခါးပိတ် ကျင့်ကြံနေခဲ့သဖြင့် အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေခဲ့သည်။ ထိုနှစ်ဝက်အတွင်း ဆရာချန်းမှာ လုမိသားစု၏ခေါင်းဆောင် လုထျန်းဖန်ကို သတ်ခဲ့သည့် အပြင် ဟောင်ဂိုဏ်းမှ လဲ့ချန်းကျွယ်ကဲ့သို့သော ပုဂ္ဂိုလ်ကိုပင် သတ်ခဲ့သည်။
ထို့အပြင် အနက်ရောင် မြွေကဲ့သို့သော လုပ်ကြံခြင်း အရှင်သခင်ကိုပင် သတ်ဖြတ်ခဲ့သည်။
ထို့ကြောင့်ပင် ကောင်းကင် စာအုပ်၏ ထိပ်ပိုင်းသို့ တက်လာခဲ့ပြီး တရုတ်နိုင်ငံ၏ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင်ဟုပင် သတ်မှတ်ခံခဲ့ရသည်။ ရဲ့နန်ထန်းထက် မသာလျှင်ပင် ပို၍ အားမနည်းသည့် လူတစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ဒေါသတကြီး သတ်ဖြတ် မှုများကြောင့် စိတ်တိုကြီး ချန်းဟုပင် နာမည်ပြောင် ရနေခဲ့ပြီ ဖြစ်သည်။
မြစ်ပေါ်တွင် သူဖြတ်ခဲ့သည့် အထွတ်အထိပ် အဆင့်ပညာရှင်ပါ ထည့်တွက်လျှင် သူသတ်ဖြတ်ခဲ့သည့် အထွတ်အထိပ် အဆင့်မှာ လေးယောက် အထိပင် ရှိနေခဲ့ပြီ ဖြစ်သည်။
ချန်းဖန် အကြောင်းကို ပိုသိရလေလေ ပိုပြီး ကြောက်လာလေလေ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ချန်းဖန် အလုပ်ရှုပ်လောက်သည့် အချိန်မျိုး၌ သွားရောက် တောင်းပန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
“ဆရာချန်း ... ကျွန်တော့်ရဲ့ တောင်းပန်မှုအတွက် စားသောက်ပွဲ တစ်ခု ပြင်ဆင်ထားပါတယ် ... ”
တန့်ယွန်ချင်းက ပြောလိုက်သည်။
“သမီးလေးက ဆရာချန်း ဘယ်သူလဲဆိုတာ မသိခဲ့ဘူး။ ဒါကြောင့် ဆရာချန်းအပေါ်မှာ အပြစ် ပြုခဲ့မိပါတယ်။ ဆရာချန်းက ညှာတာပြီး အသက် ချမ်းသာပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
“ငါက သူ့သမီးကိုယ်ထဲမီာ ယီသစ်သား ချီထည့်ထားတာ သူမသိသေးဘူးလား ... ”
ချန်းဖန် တွေးလိုက်မိသော်လည်း တစ်ခွန်းမှ ပြန်မပြောခဲ့ချေ။ တန့်ယွမ်ချင်း ထိုအချင်းအရာကို သိခြင်း၊ မသိခြင်းက သူ့အတွက် အရေးမလှချေ။ ချန်းဖန်က ဖိတ်ခေါ်မှုကို လက်ခံ လိုက်သည်နှင့် တန့်ယွမ်ချင်းက မာစီဒီးဘန့်ကား တစ်စီးဖြင့် ချန်းဖန်တို့ ကျောင်းဝ အထိ လာကြိုသည်။
ချန်းဖန်ကားထဲသို့ ဝင်လိုက်သည်နှင့် ထိုအနားသို့ လမ်းလျှောက် လာသည့် ကျိုးချင်းရက သူ့ကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်၏။ ထိုမြင်ကွင်းက သိပ်ပြီး မထူးဆန်းသော်လည်း ဒရိုင်ဘာကို တွေ့မြင်ရသောကြောင့် သူမ လုံးဝ ဆွံအသွားသည်။
“ဒါက သတ္တမ သခင်ကြီး ဟောင်မလား ... ”
“သတ္တမ သခင်ကြီးဟောင်က ကျင်းမြို့တော်မှာ အရမ်းချမ်းသာတဲ့ သူဌေးကြီးလေ။ ဘယ်လိုဖြစ်တာလဲ ... ”
သူမ၏ ဖခင်က သူမကို သတ္တမ သခင်ကြီးဟောင်ထံ အလည်ခေါ်ခဲ့ဖူးသဖြင့် သူ၏ မျက်နှာကို ကျိုးချင်းရ မှတ်မိနေခဲ့သည်။
သတ္တမသခင်ကြီးဟောင်မှာ ကျင်းမြို့တော် အထက်တန်းစား လူများထဲတွင် ထိပ်တန်း အဆင့်ရှိသူ ဖြစ်သည်။ ယခုမူ ထိုအဘိုးအိုမှာ ချန်းဖန်ရှေ့တွင်မူ ခေါင်းကိုငုံ့ကာ ကားတံခါးပင် ဖွင့်ပေးနေရသည်။ ချန်းဖန်၏ အစစ်အမှန် လွှမ်းမိုးမှုက မည်မျှအထိ ရှိကြောင်း သူမ မတွေးတတ်တော့ချေ။ ထိုအကောင်ထံတွင် လျှို့ဝှက်ချက်များစွာ ရှိနေပုံရသည်။
ချန်းဖန်မှာမူ တန့်ယွမ်ချင်း၏ နေအိမ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ တန့်ယွမ်ချင်းမှာ အထက်တန်းစား ဖြစ်ပုံရသည့် လူတစ်စုကို ဦးဆောင်ရင်း အပေါက်ဝမှ ချန်းဖန်ကို လေးစားစွာ ကြိုနေခဲ့သည်။ ထိုအထဲမှ တစ်ယောက်ချင်းစီ တိုင်းမှာ တကယ့် ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ချန်းဖန်ကိုမူ ရိုသေစွာ စောင့်နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ အပြုအမူ များတွင်လည်း စိတ်မရှည်ခြင်းများ ရှိမနေခဲ့ချေ။ ထိုလူအုပ်ထဲတွင် ချန်းရှောင်လည်း ရှိနေခဲ့သည်။ ချန်းဖန်ကို မြင်သည်နှင့် ချန်းရှောင် အလွန်အံ့အားသင့်သွားခဲ့သည်။ တန့်ယွမ်ချင်းပင် လေးလေးစားစား ကြိုဆိုရသော ထိုကောင်က တစ်ခုခုပင်။
“ရီဖေး ... လာလာ ဆရာချန်းနဲ့ မိတ်ဆက်ပေူမယ် ... ”
တန့်ယွမ်ချင်းက တန့်ရီဖေးကို ခေါ်ရင်း ပြောသည်။
“ဆရာချန်း ... ”
တန့်ရီဖေးက ခေါင်းကို ငုံ့ရင်း နှုတ်ဆက် လိုက်သည်။ ဥယျာဉ်ထဲမှ အဖြစ်အပျက် ပြီးခဲ့ပြီးနောက် ချန်းဖန်ကို သူမတွေ့ခဲ့ရချေ။ ယခု ချန်းဖန်ကို ပြန်တွေ့ရခြင်းက သူက၏ စိတ်ကို အနည်းငယ် ချောက်ချားစေခဲ့သည်။ သူမကို အခွင့်အရေး တစ်ခုခုယူမည်ကို တန့်ရီဖေး စိုးရိမ် နေမိသည်။ သူမ၏ ဖခင်က ထိုမြေခွေးကို အိမ်သို့ပင် လိုလိုလားလား ဖိတ်ခေါ်ခဲ့သေးသည်။
“ဒါက သတ္တမသခင်ကြီးဟောင် ... ”
“ဒါက လက်ရှစ်ချောင်း ... ”
“ဒါက ... ”
တန့်ယွမ်ချင်းမှာ သမီး၏ အပြုအမူကို သတိမထားမိပဲ အခြားလူများကို ချန်းဖန်နှင့် မိတ်ဆက် ပေးနေခဲ့၏။ တန့်ယွမ်ချင်းက ချန်းရှောင်ကို မိတ်ဆက်ပေးသည့် အလှည့်တွင်မူ ချန်းရှောင်၏ တစ်ကိုယ်လုံး တုန်ရီ နေခဲ့သည်။ သူ ချန်းဖန်ကို တစ်ခါက သတိပေးစကား ပြောခဲ့ဖူးသည် မဟုတ်ပါလား။ ယခုမူ ချန်းဖန်မှာ လွှမ်းမိုးနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာသည့်အပြင် တန့်ယွမ်ချင်းကပင် လေးလေးစားစား ဆက်ဆံ နေခဲ့ရသည်။
“ဒီနေ့က စပြီး ငါကို ဆက်ဆံသလိုမျိုး ဆရာချန်းကို ဆက်ဆံရမယ်။ ငါကို လေးစားသလိုမျိုး ဆရာချန်းကို လေးစားကြရမယ် ... ”
တန့်ယွမ်ချင်းက အားကိုကို ချန်းဖန်၏ ရှေ့၌ပင် ကြောငြာလိုက်သည်။ ထို့နောက် ချန်းဖန်ဘက်သို့ လှည့်ကာ လေးစားသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ဆရာချန်းက သိုင်းပညာရှင်တစ်ဆိုတော့ ထိပ်ဆုံးနေရာမှာ ထိုင်ပါ ... ”
ချန်းဖန်က ထိုနေရာတွင်ထိုင်ရင်း တန့်ယွမ်ချင်းကို မေးလိုက်သည်။
“မေးစရာ တစ်ခု ရှိလို့ဗျ။ ဟိုနေ့ညကညသတ်လိုက်တဲ့ တစ်ယောက်ကို သိလား။ သူ့နာမည်က လင်းထန်းရှန်ဆိုလား ... ”
“ဓားချီကိုသုံးတဲ့ တစ်ယောက်မလား။ လင်းထန်းရှန် ... လင်းထန်းရှန်.. နေပါဦး ဒီနာမည်က ... ”
တန့်ယွမ်ချင်းက စဉ်းစားဟန်ပြုသည်။
“အထွတ်အထိပ် အဆင့်တွေထဲမှာတော့ အဲ့နံမည်မျိုး မကြားဖူးဘူး။ သူ့ရဲ့ လှုပ်ရှားမှု တွေကတော့ စစ်သားတစ်ယောက်ရဲ့ ဟန်ပန်မျိုးပဲ ... ”
“သူပြောတာက တရုတ်အရှေ့တောင်ပိုင်း လင်ူမိသားစုကတဲ့။ နောက်ပြီး ဓားချီက သူတို့ မိသားစုပိုင် သိုင်းပညာတဲ့ ... ”
“တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစု ... ဓားချီနည်းစနစ် ... ”
တန့်ယွမ်ချင်း၏ ပုံစံက တဖြည်းဖြည်း ပြောင်းလဲလာသည်။
“သူက လင်းမိသားစုရဲ့ သစ္စာဖောက်လား ... ”
တန့်ယွမ်ချင်း၏ မျက်နှာပေါ်၌ ကြောက်ရွံ့ခြင်းများက အတားအဆီး မရှိ ဖြစ်ပေါ်လာပြီး ချန်းဖန်ကို ကြည့်လိုက် တော့သည်။
***