← Chapters

ကျောက်စိမ်းရတနာ

Vol. 3 Ch. 252

ကျောက်စိမ်းရတနာ

Vol. 3 Ch. 252

လေလံပွဲမှာ ပြည်မကြီးမှ ချင်ရီလန်းတို့ အတွက်မူ အလွန် စိတ်လှုပ်ရှားစရာ ကောင်းသည့် အရာတစ်ခု ဖြစ်၏။ ချင်ရီလန်းမှာ သူ၏ မိဘများနှင့် လေလံပွဲနှစ်ခုတွင် ပါဝင် ခဲ့ဖူးသော်လည်း ပရဟိတ လေလံပွဲများ ဖြစ်သည်။ အစစ်အမှန် လေလံပွဲများကိုမူ တစ်ခါမျှပင် မကြုံခဲ့ဖူးချေ။

ဟောင်ကောင်မှာ တရုတ်ပြည်မကြီးထက် အနောက်တိုင်း ပိုမိုဆန်သည့် နေရာတစ်ခု ဖြစ်သဖြင့် မြို့အတွင်း၌ လေလံအိမ်များစွာ ရှိနေခဲ့သည်။ ထိုအထဲမှ အချို့မှာ ကမ္ဘာတစ်ခုလုံးကပင် သိကြသည်။

သေးငယ်သော လေလံပွဲများမှာမူ နေ့ရက်တိုင်းလိုလို ရှိနေတတ်သည်။ ဟိုတယ် များကလည်း တည်းခိုသည့် ဧည့်သည်များကို ပိုမိုဆွဲဆောင်ရန် အတွက် လေလံပွဲများကို မကြာခဏ ဆိုသလို ကျင်းပ ပေးတတ်သည်။

"သွားကြမယ်နော်... အဲဒါက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းမှာပဲ။ အဲလိုလေလံပွဲမျိုး တစ်ခါမှတောင် မရောက်ဖူးဘူး..." ချင်းလုလုကလည်း ပြောလိုက်သည်။

ကျိုးချင်းရမှာလည်း ထိုလေလံပွဲသို့ သွားချင်နေဟန်ရသည်။ လေလံပွဲကို သွားရန် စိတ်မဝင်စားသူမှာ ချီဝမ်စန်း တစ်ယောက်သာ ရှိသည်။ သို့သော်လည်း အခြားသူများ အားလုံးမှာ သွားရန် စိတ်အား ထက်သန်နေသောကြောင့် ချီဝမ်စန်းမှာ သွားရန် သဘောတူလိုက်ရသည်။

ချန်းဖန်မှာလည်း လေလံပွဲကို စိတ်အား ထက်သန်နေခဲ့သည်။ ဟောင်ကောင်မြို့မှာ အစီအရင် ပညာရှင်များ၊ ဖုန်းရွှေပညာရှင်များနှင့် ပြည့်နှက် နေသောကြောင့် စိတ်ဝင်စားစရာ ပစ္စည်း တစ်ခုခုတွေ့ရန် ချန်းဖန် မျှော်လင့်မိသည်။ ဤလေလံပွဲ၌ သူ၏ အစီအရင်တွင် အသုံးဝင်နိုင်သည့် ပစ္စည်းကောင်း တစ်ခုခု ရရှိနိုင်သည်။

ထို့နောက် ချန်းဖန်တို့ တစ်သိုက် လေလံပွဲကျင်းပရာ ဟော်တယ် မြေညီထပ်သို့ ဟော်တယ်ဝန်ထမ်း တစ်ယောက်နှင့်အတူ ရောက်လာခဲ့၏။ လေလံပွဲမှာ ခန်းမကြီး တစ်ခုအတွင်းတွင် ကျင်းပနေခြင်း ဖြစ်ပြီး ချန်းဖန်တို့ ရောက်ရှိချိန်တွင် လူပြည့်လုနီးပါး ရှိနေခဲ့ပြီ ဖြစ်သည်။ လေလံခန်းမအတွင်းရှိလူအများစုမှာ နိုင်ငံခြားသားများဖြစ်ကြပြီး ဟောင်ကောင်ဒေသခံ လက်တစ်ဆုပ်စာမျှသာ ရှိသည်။

"ဆရာတို့... ဒါက လေလံပွဲမှာ ရောင်းချမယ့် ပစ္စည်းစာရင်းပါ။ လေလံပွဲက တစ်ခုခုကို စိတ်ဝင်စားရင် လွတ်လွတ်လပ်လပ် ဝင်ပြီး လေလံဆွဲလို့ရပါတယ် ခင်ဗျ..."

ချီပေါင်ဝတ်စုံ ဝတ်ဆင်သွားသည့် ဝန်ထမ်းတစ်ယောက်က ချန်းဖန်တို့ထံ လျှောက်လာကာ စာအုပ်တစ်အုပ်ကို ကမ်းရင်း ပြောလိုက်သည်။

ချန်းဖန်က ထိုစာအုပ်ကို လှမ်းယူရင်း ဖတ်ကြည့်လိုက်သည်။

ပစ္စည်းအများစုမှာ တရုတ်ရှေးဟောင်းပစ္စည်းများ ဖြစ်ပြီး နှစ်ရာချီခန့် သက်တမ်းရှိသည်။ ထိုအထဲမှ အချို့မှာ ယွမ်မီလျံအချို့ပင် တန်ကြေးရှိသည်။ အချို့ပစ္စည်းများမှာ ကျောက်စိမ်း လက်ကောက်များ၊ သစ်သားပုတီး လက်ကောက်များ၊ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များ ဖြစ်သည်။

ချန်းဖန် စာရွက်ကို လှန်ရင်း နောက်တစ်မျက်နှာသို့ ကြည့်လိုက်သည်။ နောက်စာမျက်နှာရှိ ပစ္စည်းတစ်ခုက ချန်းဖန်၏ စိတ်ဝင်စားမှုကို ဖမ်းစားလိုက်သည်။

"နားမလည်နိုင်တဲ့ဆေးမျိုးစေ့တွေနဲ့ ပြည့်နေတဲ့ အိတ်တစ်လုံး... အဲဒါတွေက မွှေးကြိုင်နေတယ်။ ပါဝင်တဲ့ မျိုးစေ့တွေကတော့ လုံးဝမမြင်ဖူးတဲ့ အရာတွေ ဖြစ်နေတဲ့အတွက် မျိုးတုန်းနေတဲ့ မျိုးစိတ်တစ်ခုလို့ ယူဆတယ်။ ပစ္စည်းက ငွေတစ်သောင်းနဲ့ စမယ်..."

ချန်းဖန်မှာ ကိန်းကြီးခန်းကြီးနိုင်သည့် ပစ္စည်းများအစား အထုပ်အတွင်းရှိ မဲမဲအစေ့ များကိုသာ စိတ်ဝင်စားနေဟန်ရသည်။

"ဒါက ကောင်းကင်သင်းရနံ့မြက် မျိုးစေ့တွေပဲ..."

ချန်းဖန်မှာ ထိုတွေ့ရှိမှုကြောင့် အတော်လေး ပျော်သွားခဲ့သည်။ ထိုအရာများမှာ ဝိညာဉ်ဆေးပင်များ မဟုတ်သည့်တိုင် ကောင်းကင် သင်းရနံ့ရေမွှေး(စပရေး) ထုတ်လုပ်ရန် အလွန်အသုံးဝင်သည့် အရာများ ဖြစ်သည်။

ကောင်းကင် သင်းရနံ့ရေမွှေးမှာ ကျင့်ကြံသူ နတ်သမီးများ ကြား၌ပင်လျှင် အလွန်ကျော်ကြားသော အရာတစ်ခု ဖြစ်သည်။ ထို့ကဲ့သို့ ကောင်းကင် သင်းရနံ့ မြက်မျိုးစေ့ကို ယခုလိုနေရာမျိုး၌ တွေ့မြင်ရလိမ့်မည်ဟု ချန်းဖန် မထင်ထားခဲ့မိချေ။

ထိုမျိုးစေ့များမှာ မျိုးကန်းနေသည့် အရာများ ဖြစ်သည့်တိုင် အ‌ဇူရာသက်ရှည် စွမ်းအင်ကို အသုံးပြုပြီး ပြန်လည်ရှင်သန်အောင် ချန်းဖန် လုပ်နိုင်ပေသည်။ ထိုအရာများကို သုံးကာ ရေမွှေးဖန်တီးပြီး အမအန့်နှင့် ဖန့်ချုံးတို့ကို လက်ဆောင်ပေးရန် ချန်းဖန် တွေးနေမိသည်။

ချန်းဖန် တွေးနေတုန်းမှာပင် လေလံပွဲက စတင်ခဲ့ပြီ ဖြစ်သည်။

လေလံပွဲတွင် ချင်ရီလန်းမှာ ကျောက်စိမ်း လက်ကောက်တစ်ခုကို လေလံအနိုင်ရခဲ့ပြီး ချန်းဖန်ကမူ သူစိတ်ဝင်စားနေသည့် အမွှေးအိတ်ကို ရယူနိုင်ခဲ့သည်။

အမွှေးအိတ်ကို လေလံဆွဲခဲ့သည့် ချန်းဖန်ကို အခြားလူများက ထူးခြားစွာ ကြည့်ကြသည်။ ထိုအမွှေးအိတ်များမှာ မိန်းကလေးများသာ အသုံးပြုသည့် အရာများ မဟုတ်ပါလား။ ကျိုးချင်းရမှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသေးသော်လည်း သူမ၏ မျက်လုံးတွင်မူ စိတ်ပျက်မှုများက အတိုင်းသား ဖြစ်နေခဲ့သည်။

ချန်းဖန်မှာ အခြားလူများ မည်သို့ တွေးနေမည်ကို စိတ်မဝင်စားချေ။ ငွေကိုသာ ချက်ချင်း သွား၍ ရှင်းလိုက်ပြီး ကောင်းကင် မွှေးရနံ့မြက်အစေ့များကိုသာ ဖွင့်ကြည့်လိုက်သည်။

"ကောင်းကင်မွှေးရနံ့မြက်..."

ချန်းဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကောင်းကင်မွှေးရနံ့ မြက်မှာ ‌ရေမွှေး ပြုလုပ်ရာ၌ အသုံးပြုနိုင်သည့်အပြင် နွေရာသီ၌ အပူဒဏ်မှလည်း ကာကွယ် ပေးနိုင်သေးသည်။ ထိုအရာက အစ်မအန့်၊ သူ၏ အမေ နှင့် ဖန့်ချုံးတို့အတွက် အလွန်အသုံးဝင်သည့် အရာတစ်ခုပင် ဖြစ်သည်။

လေလံပွဲက လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ချန်းဖန်တို့ အခန်းထဲမှ ထွက်ရန်ပြင်လိုက်သည်။ သို့သော်လည်း အစီအစဉ်ကြေညာသူက လျှို့ဝှက်စွာပြုံးရင်း ကြေညာ လိုက်သည်။

"လူကြီးမင်းတို့... လေလံပွဲက ခုမှ စတာပါနော်..."

"နောက်ထပ် ရောင်းချမယ့် ပစ္စည်းတစ်ခုက ဓမ္မအစီအရင် ပစ္စည်းတစ်ခုပါရှင်..."

မိန်းကလေးက ကြေညာရင်း ကတ္တီပါအနီဖြင့် ဖုံးအုပ်ထားသည့် လင်ပန်းတစ်ခုကို စင်ပေါ်သို့ ယူဆောင်လာခဲ့သည်။

"ဓမ္မအစီအရင်ပစ္စည်း... အဲဒါက ဘာကြီးလဲ..."

"အဲဒါက ဖုန်းရွှေဆရာတွေ သုံးတဲ့ဟာလား..."

ဓမ္မအစီအရင်များ အကြောင်း မသိသည့် သာမန်လူများ၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပနေခဲ့သည်။

အချို့လူများမှာမူ ဓမ္မအစီအရင်များ အကြောင်းကို ကြားဖူးကြသည်။ ဓမ္မအစီအရင်များ၏ အစွမ်းကို အမျိုးမျိုး ချဲ့ကား ပြောဆိုကြသော်လည်း မျက်စိဖြင့် မြင်တွေ့ဖူးသူမှာ မရှိသလောက်ပင်။ ဓမ္မအစီအရင်တစ်ခု၏ တန်ဖိုးမှာ ယွမ်တစ်ဆယ်မီလျံအထိပင် တန်ကြေးရှိပြီး ဝယ်ယူရန်မှာလည်း ရှားပါးသည့် အရာများ ဖြစ်၏။

ပရိသတ်ထဲမှာ လေလံပွဲကို စိတ်မဝင်စားဟန် ထိုင်နေသည့် လူတစ်ချို့မှာလည်း မျက်လုံးကိုပြူးကာ ထိုအရာကို ကြည့်ကြသည်။ ထိုသူများမှာ ထိုပစ္စည်းအတွက် ရောက်လာဟန်ရသည်။

"ဒီအစီအရင်က အမည်မသိ အဖွဲ့အစည်းတစ်ခုကပါ။ အဲဒီအဖွဲ့အစည်းက ဒီပစ္စည်းကို သုံးရက်အတွင်း အပြီးရောင်းပေးဖို့ ပြောထားတဲ့အတွက် ဒီလေလံပွဲမှာ ထည့်သွင်း လိုက်ရတာပါရှင်..."

ကြေညာသူက ပြောရင်း ကတ္တီပါစကို ဖယ်ရှားလိုက်သည်။ လင်ပန်းထဲတွင်မူ လက်ဝါး အရွယ်ခန့်ရှိသည့် ကျောက်မျက်တစ်လုံး...

"ဒါကို ကျောက်စိမ်းရတနာလို့ ခေါ်တာတယ်ရှင်... ‌ကြမ်းခင်းဈေးက ငါးမီလျံပါ။ တစ်ကြိမ် တိုးပေးတိုင်း အနည်းဆုံး တစ်သိန်းတိုးရပါမယ်..."

ကြေညာသူ၏ စကားအဆုံး၌ အခန်းအတွင်း ဆူညံသံများဖြင့် ပြည့်နှက် သွားသည်။

"ဘာ‌... အဲဒီ ကျောက်မျက်က မီလျံဟုတ်လား။ အဲဒါကြီးက ဒီလောက်တောင် ဟောင်းနွမ်းနေတာကို..."

"ကျောက်မျက်ရဲ့ပုံစံက သန့်စင်တဲ့ပုံလည်း မပေါ်ဘူး။ အဲလိုကျောက်မျက်မျိုးကို ယွမ်နှစ်ဆယ်နဲ့တောင် ရနိုင်တယ်..."

"ပိုင်ရှင်က ရူးနေတာပဲ နေမယ်။ ဒီလိုဟာမျိုးကို ဘယ်သူက ယွမ်ငါးမီလျံပေးပြီး ဝယ်မှာလဲ..."

လူများစွာမှာ စိတ်ပျက်စွာဖြင့် ခေါင်းများ ခါးရမ်းလိုက်မိကြ၏။ ထိုကဲ့သို့သော ပစ္စည်းမျိုးကို မည်သူက ယွမ်ငါးသန်းပေးချေမည်ကို သူတို့ စောင့်ကြည့်နေခဲ့သည်။

ချင်ရီလန်းကပင် တစ်ချက်ပြုံးကာ ပြောလိုက်သည်။

"ဟောင်ကောင်သားတွေက တကယ်ပဲ အယူသီးလွန်းတာလား။ ဖုန်းရွှေအရုပ်တစ်ခုက Rolls-Royce ကာားတစ်စီးလောက်တောင် ရောင်းနေတာ..."

ချန်းဖန်ကလည်း ပြုံးရုံသာ ပြုံးလိုက်သည်။ ထိုကျောက်မျက်မှာ အမှန်တကယ်ပင် ဓမ္မအစီအရင်တစ်ခု ဖြစ်သည်။ ထိုအရာ၏ စွမ်းအားက ဝူရှန့်ဟယ်၏ ပထဝီ မြေသံလိုက်နှင့်ပင် ယှဉ်နိုင်လောက်၏။ ဝူရှန့်ဟယ်၏ ပထဝီမြေသံလိုက်မှာ ချီစွမ်းအင် စုစည်းခြင်း အစီအရင်၏ ဗားရှင်းအနိမ့် ပုံစံတစ်မျိုးဖြစ်သည်။

သို့သော် ထိုအရာမှာ အလွန်ရှားပါးသည့် အမျိုးအစားတစ်ခု မဟုတ်ချေ။ ချန်းဖန်တစ်ရက် အတွင်းမှာပင် ထိုအစီအရင်မျိုး တစ်ရာလောက်အထိ ဖန်တီးနိုင်သည်။ ထိုအစီအရင်များမှာ ချန်းဖန် အမအန့်၊ သူ့မိခင်တို့ကို လုပ်ပေးထားသည့် အရာများနှင့် ယှဉ်ပါက အလွန်အားနည်းသည်။

ချန်းဖန် ထိုကျောက်မျက်ထံသို့ နတ်ဘုရားစိတ်အာရုံအား အမှတ်မထင် ပို့ဆောင် လိုက်မိသည်။

"နေဦး...ဘာလဲ..."

ထိုအရာက ချန်းဖန်၏ အာရုံကို ဖမ်းစားသွား၏။ ထိုအချိန်မှာပင် လေလံဆွဲသူ အချို့မှာ ထိုကျောက်မျက်အတွက် ဈေးများကို အပြိုင်အဆိုင် ပေးနေကြသည်။

"ငါးမီလျံနဲ့ ငါးသိန်း..."

"ခြောက်မီလျံ..."

"ခုနစ် မီလျံ..."

ခဏအတွင်းမှာပင် ဈေးက ဆယ်မီလျံကျော်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လူများစွာမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အနေခဲ့တော့သည်။ ထိုသာမန် ပစ္စည်းလေးက ထိုမျှမထိ တန်ကြေး မြောက်သွားလိမ့်မည်ဟု သူတို့ မမျှော်လင့် ထားခဲ့ကြချေ။ ချင်ရီလန်းပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တော့သည်။

"ဒါက လေလံကြေး အတုတွေလား... လူတွေ စိတ်ဝင်စားအောင် သက်သက် လုပ်နေတာလား..."

"မဟုတ်လောက်ဘူး... အဲထဲက တစ်ယောက်ကို ငါသိတယ်။ သူက ကျန်းမိသားစုရဲ့ သားအကြီးဆုံး ကျန်းအန့်ပင်ပဲ..."

"အိုး ဟုတ်တယ်။ သူက တကယ်ပဲ ကျန်းအန့်ပင်ပဲ။ သူက မင်းသမီးတစ်ယောက်နဲ့ ဒိတ်နေတာတဲ့။ ငါ သတင်းစာထဲမှာ ခဏခဏ သူ့အကြောင်း ဖတ်ရတယ်..."

ကျန်းအန့်ချီမှာ အသက်သုံးဆယ်ခန့်ရှိမည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူက ကိုယ်ကျပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး အီတလီလယ်သာဖိနပ်ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသည်။ သူ၏ ဘေးနားရှိ ဆွဲဆောင်မှုရှိသည့် အတွင်းရေးမှူးမလေးက သူ့အစား လေလံကို ဝင်ဆွဲပေးနေဟန်ရသည်။

"ဟောင်ကောင်ရဲ့ ကျန်းမိသားစုဝင်တွေပဲ ဒီလိုကျောက်မျက်ကို ဆယ့်ငါးသန်းပေးပြီး ဝယ်လိမ့်မယ်..."

လူများစွာက မှတ်ချက်ချလိုက်ကြသည်။

ကျန်းအန့်ပင် ဆယ့်ငါးမီလျံအထိ ဈေးခေါ်ပြီးနောက် အခြားလူများက လက်လျှော့ သွားဟန်ရသည်။

"ဆယ့်ငါးမီလျံ... တစ်ကြိမ်"

"ဆယ့်ငါးမီလျံ... နှစ်ကြိမ်"

ကျန်းအန့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယခုကဲ့သို့ ဈေးပြိုင်ပေးသူ များလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။

"ဒါက အဘိုးရဲ့ ကိုးဆယ့်သုံးနှစ်မြောက် မွေးနေ့အတွက် လက်ဆောင်ပဲ။ သူက ဓမ္မ အဆောင်တွေကို အရမ်းသဘောကျတော့ ငါ့လက်ဆောင်ကို ကြိုက်မှာ သေချာတယ်..."

"လွန်ခဲ့တဲ့နှစ်ဝက်က နဝမဦးလေးက အဘိုးအသက်ကိုကယ်နိုင်ခဲ့တော့ ခုဆိုရင် လုပ်ငန်း အားလုံး သူထိန်းချုပ်နိုင်သလောက် ဖြစ်နေခဲ့ပြီ။ ကျန်းအန့်ချီကတောင် ငါ့ကို ဖြုတ်ချဖို့ ကြိုးစားနေပြီ။ အဲ့ကောင်မက အဘိုးအတွက် ထိရောက်တဲ့ ဆေးမျိုးကို ဘယ်လိုရှာနိုင်ခဲ့တယ် မသိဘူး..."

ကျန်းအန့်ချီ တွေးနေစဉ်မှာပင်  အသံတစ်ခုက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

"နှစ်ဆယ်မီလျံ..."

ထိုအသံအဆုံးတွင် အခန်းက နောက်တစ်ကြိမ် တိတ်ဆိတ်ခြင်းတို့ ကြီးစိုးသွားပြန်၏။ လူတိုင်းက အသံလာရာနေရာသို့ အလုအယက် ကြည့်လိုက်ကြသည်။

"ဘုရားရေ... နှစ်ဆယ်မီလျံ..."

"သူက ဘယ်မိသားစုကလဲ... သူက သခင်လေးကျန်းနဲ့တောင် ဈေးပြိုင်ပေးရဲတယ်..."

"ဦးနှောက်မရှိလိုက်တာ... သူ့အသံအရဆိုရင်တော့ ပြည်မကြီးက ဧည့်သည် တစ်ယောက် ဖြစ်မယ်..."

လူတိုင်းက ချန်းဖန်ကို အံအားသင့်စွာဖြင့် ကြည့်နေခဲ့ကြ၏။ ချင်ရီလန်းပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။ ကြယ်ငါးပွင့် ဟိုတယ်အတွက် ပိုက်ဆံများစွာ သုံးခဲ့သည့် သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေခဲ့သော်လည်း ချန်းဖန်ကမူ တစ်ထိုင်တည်းနှင့် မီလျံနှစ်ဆယ်ခန့်ကို ဖြုန်းတီးပစ်ခဲ့သည်။

"သူက ဘယ်သူလဲ..."

ကျန်းအန့်ပင်က မျက်လုံးများ ဖွင့်ပြီး ချန်းဖန်ကို ကြည့်သည်။ ထို့နောက် ဖြူလျော်သည့် မျက်နှာနှင့် နောက်တစ်ကြိမ် အော်လိုက်သည်။

"နှစ်ဆယ့်တစ်မီလျံ..."

သူသာ ဆယ်ကျော်သက်လူငယ်တစ်ယောက်နှင့် ဈေးပြိုင်ပေးရင်း ရှုံးနိမ့်ခဲ့ကြောင်း ဟောင်ကောင်တစ်မြို့လုံး သိသွားပါက သူ၏ သိက္ခကို ဆယ်နိုင်တော့မည် မထင်ပေ။ ကျန်းအန့်ချီ အတွက် လှောင်စရာတစ်ခု ထပ်တိုးလာရန် သူခွင့်မပြုနိုင်ပေ။

သို့သော် ချန်းဖန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့‌သည်။

"သုံးဆယ်မီလျံ..."

***

All Chapters