← Chapters

သခင်လေးကျန်း...

Vol. 3 Ch. 253

သခင်လေးကျန်း...

Vol. 3 Ch. 253

ချန်းဖန်ဈေးမြှင့် ပေးလိုက်သောကြောင့် လေလံကြေညာနေသူပင် အလွန်အံ့အားသင့် သွားခဲ့၏။ ‌ဟောင်ကောင် အထက်တန်းစား သူဌေးကြီးများနှင့် အရာရှိများ တက်ရောက်သည့် လေလံပွဲများတွင်ပင် ထိုဓမ္မအဆောင်မျိုးမှာ ယွမ်ဆယ်သန်းမှာ သန်းနှစ်ဆယ်ခန့်သာ ရရှိသည်။

နှစ်ဆယ့်ငါးမီလျံပင်လျှင် အလွန်အံ့အားသင့်စရာ ကောင်းသည့် ‌ဈေးနှုန်းဖြစ်ရာ ယခု သန်းသုံးဆယ်ဆိုသော ဈေးနှုန်းက ပြောစရာ မရှိတော့ချေ။ ထိုကောင်လေးမှာ အလွန်ချမ်းသာသည့် မိသားစုမှ ဖြစ်ရမည်။ သို့မဟုတ်လျှင် ဤမျှများပြားသည့် ဈေးနှုန်းကို မျက်တောင်မခပ်ပဲ ပေးလိမ့်မည် မဟုတ်ချေ။

ကျန်းအန့်ချီပင်လျှင် လက်လျှော့ လိုက်ရပြီ ဖြစ်၏။ အလွန်ချမ်းသာသည့် ကျန်းမိသားစုကြီးမှ ဖြစ်သည့်တိုင် သူ၏ပိုင်ဆိုင်မှုက အကန့်အသတ်ရှိနေခဲ့သည်။ သူတို့ မိသားစု၏ ပိုင်ဆိုင်မှုအများစုကို ကျန်းအန့်ချီ၏ ဖခင်က ထိန်းချုပ်ထားခဲ့သည် မဟုတ်ပါလား။ ကျန်းအန့်ပင်၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ တိုက်ခန်းတစ်ခန်းနှင့် ကားသုံးလေးစီးသာ ရှိသည်။ ယခုလေလံပွဲသို့ လာရောက်ရန် အတွက်ပင် သူ၏ မိဘများထံမှ ပိုက်ဆံချေးခဲ့ရသေးသည်။ သူ့အဘိုးကို လက်ဆောင် ဝယ်ပေးရန် ဟူသည့် အကြောင်းပြချက်သာ မပါလျှင် သူ၏ ဖခင်က သူ့ကို ထိုမျှများပြားသော ပိုက်ဆံများ ပေးလိမ့်မည် မဟုတ်ချေ။

အကယ်၍ သူသာ ဓမ္မအဆောင်တစ်ခုကို ယွမ်သန်းသုံးဆယ်ပေး၍ ဝယ်ခဲ့ကြောင်း သိရပါက သူနေသော အိမ်ပေါ်မှပင် ဆင်းရလိမ့်မည် ဖြစ်သည်။ ကျန်းအန့်ချင် ဈေးထပ်မပေးတော့ကြောင်း မြင်ရသည်နှင့် လေလံပွဲကြေညာသူက ချန်းဖန်အား ကြည့်ရင်း ပြောလိုက်သည်။

"ဆရာလေး.... ဘဏ်အကောင့်ကို ခဏလောက် ပြလို့ရမလားရှင့်..."

သူမက ချန်းဖန်ကို သေချာအောင် ပြောလိုက်သည်။ သူ၏ နောက်ခံမိသားစုမှာ မည်မျှပင် ကြွယ်ဝသည်ဖြစ်စေ၊ ထိုကောင်လေးမှာ ဆယ်ကျော်သက် တစ်ယောက်သာ ဖြစ်သည်။ ယွမ်သန်းသုံးဆယ်ဟူသော ပိုက်ဆံမှာ ဟောင်ကောင်တွင် အိမ်ဆယ်လုံးလောက်ထိ ဝယ်ယူနိုင်သည့် ပမာဏပင် မဟုတ်ပါလား။

ချန်းဖန်က တစ်ခွန်းမှ ပြန်မပြောပဲ ဘဏ်ကဒ်ကို ထုတ်ပေးလိုက်သည်။ ထိုဘဏ်ကတ်၏ ပုံစံက သာမန်သာ ဖြစ်ပုံရသည်။ ထိုအရာက ပရီမီယမ်ဘဏ်အကောင့် ဖြစ်ပုံ မရချေ။

လေလံပွဲ ကြေညာသူက ဘဏ်ကတ်ကိုယူရင်း သွားရောက် စစ်ဆေးလိုက်သည်။ သိပ်မကြာခင် ပြန်လည် ရောက်ရှိလာပြီး ချန်းဖန်၏ ဘဏ်ကဒ်ကို ရိုသေစွာ ကမ်းပေးလိုက်သည်။ သူမ၏ မျက်နှာတွင်မူ အံ့အားသင့်ခြင်းများက ကြီးစိုးလျက်။

ထိုအကောင့်ထဲတွင် ငွေလုံးဝရှိမနေခဲ့လျှင်ပင် ထိုမျှလောက် အံ့အားသင့်လိမ့်မည် မဟုတ်ချေ။ ယခုမူ ထိုဆယ်ကျော်သက် ကောင်လေး၏ သာမန် ဘဏ်အကောင့်ထဲ၌ ရှိနေသည့် ငွေမှာ ဘီလျံ တစ်ရာကျော်အထိ ရှိနေခဲ့သည်။

"ယွမ်သန်းသုံးဆယ် တစ်ကြိမ်..."

"ယွမ်သန်းသုံးဆယ် နှစ်ကြိမ်..."

"ယွမ်သန်းသုံးဆယ် သုံးကြိမ်..."

"ထပ်တိုးပေးမယ့်သူ မရှိတဲ့အတွက် ဓမ္မအစီအရင်ကို ပြည်မကြီးကလာတဲ့ ဆရာ လေးချန်းက ပိုင်ဆိုင်သွားပါပြီ..."

အခန်းအတွင်းရှိ လူတိုင်းလိုလိုမှာ သာမန်ဟန်ပန်ရှိသည့် ပြည်မကြီးမှ လူငယ်လေးကို အားကျစွာ ကြည့်ကြသည်။ ထိုကောင်လေးမှာ သခင်လေးကျန်းကို အနိုင်ယူနိုင်ခဲ့သည့် အပြင် သူပေးခဲ့သောဈေးကလည်း အထင်ကြီးစရာပင်။

ယခုလေလံအိမ်မှာ သေးငယ်သည့် အရာတစ်ခုဖြစ်ပြီး သုံးဆယ်မီလျံဆိုသော ဈေးနှုန်းက ထိုလေလံအိမ်ထက်ပင် ပိုမိုတန်ကြေးရှိနေခဲ့သည်။

"ဟောင်ကောင်က ငါတို့ကို တကယ်မျက်လုံးပွင့်စေခဲ့တာပဲ..."

"ဟုတ်တယ်... ပြည်မကြီးမှာ ဘယ်လောက်တောင် ချမ်းသားတဲ့ မိသားစုတွေ ရှိနေလဲ မသိဘူးနော်..."

အခြားလေလံပွဲတက်ရောက်သူများစွာမှာ တီးတိုးပြောနေကြသည်။

ချင်းလုလုနှင့် အခြားသူငယ်ချင်း များစွာမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြ၏။ သူမတို့မှာ ယွမ်ထောင်ချီ တန်သည့် လက်ကိုင်အိတ်များ အသုံးပြုနေသည့် အချိန်တွင် ချန်းဖန်မှာမူ ဈေးပေါသည့် အဝတ်အထည် များသာ ဝတ်ဆင်ခဲ့သည်။ သို့သော်လည်း ယွမ်သန်းသုံးဆယ်ကို ချန်းဖန်က မျက်တောင်တစ်ချက်ပင် မခပ်ပဲ သူတို့ရှေ့တွင် သုံးဖြုန်းခဲ့သည်။ ချန်းဖန်မှာ မည်မျှချမ်းသာကြောင်း ချင်းလုလုနားလည်ခဲ့ပြီ ဖြစ်သည်။

ချင်ရီလန်းပင်လျှင် ချန်းဖန်၏ နှိမ်ချနေတတ်သည့် အကျင့်ကို လေးစားသွားမိသည်။ ချင်ရီလန်း၏ မိသားစုမှာ ယွမ်သန်းရာချီအထိ ပိုင်ဆိုင်သည့်တိုင် ထိုအရာက သူ့ဖခင်၏ ငွေများသာ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် ပိုက်ဆံအိတ်ထဲ၌ ထည့်ထားနိုင်သည့် အများဆုံး ပမာဏမှာ ငွေတစ်သိန်းခန့်သာ ရှိသည်။ ချန်းဖန်နှင့် ယှဉ်ပါက သူ၏ ပိုင်ဆိုင်မှုက အစွန်းထွက်ပင် ရှိပုံမရချေ။

အားလုံးထဲတွင် တည်ငြိမ်နေသူဆို၍ ချီဝမ်စန်းတစ်ယောက်သာ ရှိသည်။ ကျိူချင်း ရမှာလည်း အံဩမိသွားသည့်တိုင် တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်လိုက်သည်။

ထို့နောက် လေလံပွဲကြေညာသူက ဓမ္မအဆောင်ကို ချန်းဖန်အား ကမ်းလိုက်သည်။ ယွမ်သန်းသူံဆယ်တန်သည့် ကျောက်မျက် တစ်ခုခုဖြစ်သွားမည် စိုးရိမ်သည့်အလား သူမ၏ အပြုအမူများက အလွန်အမင်း သတိထားနေဟန်ရသည်။

ချန်းဖန်က ထိုနေရာတွင် ထပ်၍ အချိန်ဖြုန်းရန် ဆန္ဒမရှိတော့ချေ။ ထိုကြောင့် ပစ္စည်းကို ကောက်ယူပြီး ပြန်ရန် ဟန်ပြင်လိုက်သည်။ ရုတ်တရက် လူတစ်စုက သူ့ကို ပိတ်ထားလိုက်သည်။ ထိုနောက် ခေါင်းဆောင် ဖြစ်ဟန်တူသူက ရှေ့သို့ ထွက်လာကာ ချန်းဖန်ကို မိတ်ဆက်လိုက်သည်။

"ဟယ်လို လူငယ်လေး... အရင်ဆုံး ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ... ငါက ကျန်းအန့်ပင်ပါ.."

သူ၏ ဘေးတွင် ရှိသော အတွင်းရေးမှူးမလေးကလည်း ဝင်ပြီး ပြောလိုက်သည်။

"သူဌေးကျန်းက မန်ဒြပ်ဖူကျောက်မျက်ကုမ္ပဏီရဲ့ CEO ပါရှင်။ နောက်ပြီး အဘိုး ကျန်းကျုံးမင်ရဲ့ မြေးပါ..."

ကျန်းအန့်ပင်က ပြုံး၍ ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ ထိုကောင်လေးမှာ လေလံပွဲ၌ အနိုင်ရခဲ့သည့်တိုင် ကျန်းမိသားစုကိုမူ လေးစားပေလိမ့်မည်။ ကျန်းမိသားစုမှာ ဟောင်ကောင်မှ အချမ်းသာဆုံး မိသားစု ဆယ်ခု အတွင်းတွင် ပါဝင်သည်။ ထို့ကြောင့် ပြည်မကြီးမှ မည်သည့်ချမ်းသာသည့် မိသားစုပင် ဖြစ်စေ ကျန်းမိသားစုကို လေးစားစွာ ဆက်ဆံကြသည် မဟုတ်ပါလား။

"အိုး ဟုတ်လား... ဘာကိစ္စရှိလို့ ပါလိမ့်..." ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် မေးသည်။

"သူဌေးကျန်းက ရှင်ခုနက ဝယ်သွားတဲ့ ဓမ္မအဆောင်နဲ့ ပတ်သက်ပြီး နည်းနည်းဆွေးနွေးချင်နေတယ်..."

ကျန်းအန့်ပင်၏ အတွင်းရေးမှူးမလေးက ပြောသည်။

"ငါ့မှာ အချိန်မရှိဘူး..."

ချန်းဖန်က ပြောရင်း လှည့်ထွက်လာလိုက်၏။

ကျန်းမိသားစုဟူသော အမည်မှာ အခြားလူများကို ခြိမ်းခြောက်နိုင်သော်လည်း ချန်းဖန် အတွက်မူ ကွဲပြားသည်။ ထို့အပြင် ကျန်းမိသားစု အနေဖြင့်လည်း ချန်းဖန်ကို တစ်ဆယ်ဘီလျံ ငွေပေးရန် ရှိနေသေးသည်။

"ခဏနေပါဦး... ဆရာလေး..."

ကျန်းအန့်ပင်က အော်ဟစ်တားလိုက်သည်။ ထို့နောက် ပြုံးရင်း ချန်းဖန်ကို ပြောလိုက်သည်။

"ဆရာလေးချန်းက ဟောင်ကောင်ကို ခုမှ ရောက်ဖူးတာ ထင်တယ်။ ဓမ္မအစီအရင်တွေနဲ့ သိပ်ပြီး ရင်းနှီးပုံ မရဘူး။ ဆရာလေးသာ စိတ်ဝင်စားရင် ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတဲ့ ဖုန်းရွှေပညာရှင် အချို့နဲ့ မိတ်ဆက်ပေးပါရစေ။ သူတို့က ဆရာ ခုနက ဝယ်ထားတဲ့ ပစ္စည်း စစ်၊ မစစ် စစ်ဆေးပေးနိုင်ပါတယ်..."

ကျန်းအန့်ပင်၏ ကမ်းလှမ်းမှုက ချန်းဖန်ဘေးမှ ချင်ရီလန်း၏ စိတ်ဝင်စားမှုကို ဖမ်းစားသွားသည်။

"ဟုတ်တယ် ဘောစိ... ခုနက ဝယ်လိုက်တဲ့ဟာက အစစ်လား၊ အတုလား မသိရသေးဘူး။ ငါတို့ သွားပြီး စစ်ဆေးကြည့်သင့်တယ်..."

ချီဝမ်စန်းကလည်း ချန်းဖန်လက်ထဲမှ ပစ္စည်းကို ကြည့်ကာ...

"ဓမ္မအစီအရင်တွေက အတု၊ အစစ် ခွဲဖို့ ခက်တယ်။ အဲ့လို ခွဲခြားဖို့အတွက် အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ အများကြီး လိုအပ်တယ်..."

သိသာစွာပင် ချန်းဖန်၏ သူငယ်ချင်းများမှာ သူတို့သူငယ်ချင်း ချင်းထည့် ခံလိုက် ရမည်ကို စိုးရိမ်နေပုံရသည်။ လူတိုင်း၏ အကြံပေး စကားများကြောင့် ချန်းဖန် သူတို့ စကားကို လိုက်လျော လိုက်သည်။

"ကောင်းပြီလေ... ခင်ဗျားနဲ့ လိုက်ခဲ့မယ်..."

***

မကြာမီမှာပင် ချန်းအုပ်တို့ တစ်အုပ် ကျန်းအန့်ပင်နှင့်အတူ ဟောင်ကောင်မြို့တွင်းရှိ စားသောက်ဆိုင် တစ်ခုသို့ ရောက်လာခဲ့၏။ ထိုစားသောက်ဆိုင်မှာ ဟောင်ကောင်၏ အကျော်ကြားဆုံး ဆိုင်ဖြစ်သည့်  ဘက်စကို ဖြစ်သည်။

"ဒီစားသောက်ဆိုင်မှာ ဟောင်ကောင်ရဲ့ အကောင်းဆုံး စပိန် အစားအစာတွေ ရနိုင်တယ်လေ..."

ကျန်းအန့်ပင်က သူတို့ကို စားသောက်ဆိုင်အကြောင်း ရှင်းပြ လိုက်သည်။ ဟောင်ကောင် ဒေသခံဖြစ်သဖြင့် ဟောင်ကောင်အကြောင်း သူ၏ ဗဟုသုတက ချန်းဖန်တို့ထက် များစွာ သာသည်။ သူ၏ ပုံစံက တကယ့်လူကြီးလူကောင်း တစ်ယောက် ကဲ့သို့ပင်။

ဟောင်‌ကောင်၏ ပညာရေးစနစ်မှာပင် အနောက်တိုင်းဆန်သဖြင့် ဟောင်ကောင် နွယ်ဖွား များစွာမှာ အနောက်တိုင်း လူကြီးလူကောင်း ပုံစံများ ဖြစ်ကြသည်။

ယခု ကျန်းအန့်ပင်မှာ အင်္ဂလိပ်တော်ဝင် မင်းသား တစ်ယောက်ကဲ့သို့ ယဉ်ကျေး သိမ်မွေ့ပြီး စကား ပြောဆိုရာတွင်လည်း အထက်တန်းကျသည့် လူတစ်ယောက်ဖြစ်သည်။ ဟောင်ကောင် ထိပ်တန်း မင်းသမီးများနှင့် ထည်လဲတွဲနိုင်သည်မှာ မထူးဆန်းချေ။

"ကျွန်တော်က ဒီဆိုင်က စားပွဲထိုးကို သိတယ်လေ။ ဒီစားသောက်ပွဲအတွက် သူ့ကို သီးသန့် ပြင်ဆင်ခိုင်းထားတယ်..."

ထို့နောင် ကျန်းအန့်ပင်က စားသောက်ဆိုင်အကြောင်းကို အဆုံးသတ်ကာ ချန်းဖန်ဘက်သို့ လှည့်၍...

"ဆရာယွမ်က ရောက်မလာခဲ့သေးဘူး... ခု အားနေတုန်း‌ ဆရာချန်း ခုနက ဝယ်လာတဲ့ ဓမ္မအစီအရင်ပစ္စည်းလေး ကျွန်တော်တို့ကို ထုတ်ပြလို့ ရမလား မသိဘူး..."

ယခုအချိန်တွက် ကျန်းအန့်ပင်မှာ ချင်ရီလန်းနှင့် အခြားသူငယ်ချင်းများ၏ စိတ်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဟု ဆိုရပေမည်။ လူတိုင်းက ချန်းဖန်ကို တောင်းဆိုသည့်ဟန်များဖြင့် ကြည့်ကြသည်။

ချန်းဖန်မှာ ကျန်းအန့်ချီခင်းကျင်းနေသည့် ကစားပွဲကို အာရုံသိပ်မရှိချေ။ ထိုသေမျိုးမှာ ကျောက်စိမ်းရတနာ၏ စွမ်းအားအစစ်အမှန်ကိုပင် နားလည်လိမ့်မည် မဟုတ်ချေ။

ချန်းဖန်က ကတ္တီပါစကို ဖယ်ရှားပြီး ဓမ္မအစီအရင်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ပြလိုက်သည်။ ထိုကျောက်မျက်မှာ လက်ဝါးအရွယ်ခန့်ရှိပြီး မျက်နှာပြင်တွင် မှုန်ဝါးဝါးစာများ ရေးသားထားသည်။ ထိုကျောက်မျက်၏ ပုံစံမှာ အရေအသွေး နိမ့်ပုံပေါက်ကာ မျက်နှာပြင် အရောင်မှာလည်း ဟောင်းနွမ်းသဖြင့် မီးခိုးရောင်သန်းနေပုံရသည်။

မည်သို့ကြည့်သည့်တိုင် ထိုအရာက ငွေသန်းသုံးတယ် တန်ပုံမရချေ။

"သူဌေး... မင်းတော့ ယွမ်သန်းသုံးဆယ်ကို ဖြုန်းတီးလိုက်တာပဲ..." ချင်ရီလန်းက ခေါင်းကိုခါရင်း ပြောလိုက်သည်။

တစ်ခဏမျှ ကြာပြီးနောက်... ဆံပင်၊ မုတ်ဆိတ်များ အားလုံး ဖြူဖွေးနေသည့် ဆရာယွမ် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း သူ၏ ရုပ်ရည်ကမူ အသက်လတ်ပိုင်းပုံ ပေါ်နေခဲ့သည်။

"သခင်လေးကျန်း... ဓမ္မအစီအရင်တစ်ခု အကဲဖြတ်ပေးဖို့ ကျွန်တော်ကို ခေါ်တယ်ဆို..." ဆရာယွမ်က ရယ်မောရင်း မေးသည်။

"ဟုတ်ပါတယ်။ ဒီက လူငယ်လေးရဲ့ ပစ္စည်းပါ။ သူက ကျွန်တော်နဲ့ အပြိုင် လေလံဆွဲပြီး ဒီပစ္စည်းကို အနိုင်ရခဲ့တယ်လေ။ သူက ယွမ်သန်းသုံးဆယ် အထိတောင် ပေးခဲ့တာ..." ကျန်းအန့်ချီက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"အိုး... သန်းသုံးဆယ်တန်တဲ့ သာမန်အဆောင်လေး..." ဆရာယွမ်က မျက်မှောင်ကြုတ်ရင်း ဆက်ပြောလိုက်သည်။

"စိတ်မရှိဘူးဆိုရင် ကျွန်တော် အဲဒီပစ္စည်းကို အကဲဖြတ်ပေးပါ့မယ်..."

ချန်းဖန် ထိုဆရာယွမ် ဆိုသောသူကို အကဲခတ် လိုက်သည်။ ထိုပုဂ္ဂိုလ်မှာ တာအို ရရှိခြင်းအဆင့်၏ အလယ်အဆင့်လောက်တွင် ရှိနေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ၏ အဆင့်မှာ လွန်ခဲ့သည့်နှစ်ဝက်က ဝူရှန့်ဟယ်ကိုပင် မှီရန် အလွန်ဝေးကွာနေသေးသည်။ ယခု အချိန်ဆိုလျှင် ဝူရှန့်ဟယ်မှာ ပိုမို၍ပင် အစွမ်းထက်နေလောက်ပြီ ဖြစ်သည်။

***

All Chapters