← Chapters

ကျောက်မျက်ထဲမှ ရတနာ

Vol. 3 Ch. 255

ကျောက်မျက်ထဲမှ ရတနာ

Vol. 3 Ch. 255

"မင်းဘာကို ပြောချင်တာလဲ"

ဆရာယွမ်၏ မျက်နှာက တင်းမာသွားသည်။ သူကား ဟောင်ကောင်တွင် နာမည်ကြီး ဖုန်းရွှေဆရာ တစ်ယောက် ဖြစ်သည်။ သူ၏ ပုံရိပ်က ကျိုးတချီ၊ ဟောင်ဝမ်ဇီတို့နှင့် မယှဉ်နိုင်သည့်တိုင် အစဉ်အမြဲ ဂုဏ်သိက္ခာ ကြီးမြင့်စွာ နေထိုင်ခဲ့သည်။ သူ့အား ယခုကဲ့သို့ ညစော်ကား ပြောဆိုသူ မရှိခဲ့ဖူးချေ။

"မစ္စတာချန်း... ခင်ဗျား ဈေးကို သဘောမကျရင်လည်း ငါတို့ ညှိနှိုင်းလို့ ရပါတယ်။ ဆရာယွမ်က ကျောက်မျက်ကို အားနာလွန်းလို့သာ ဝယ်မယ်ပြောတာလေ။ အဲဒါက မင်းအတွက်မှ အသုံးမဝင်တာပဲကို..."

ကျန်းအန့်ပင်က ဝင်ရောက် ညှိနှိုင်းလိုက်သည်။ ချန်းဖန်က သူ့ဘက်ကို လှည့်မကြည့်ပဲ ကျောက်မျက်ကို ကောက်ယူကာ လက်ထဲတွင် လှည့်ရင်း ကစားလိုက်သည်။ ထို့နောက် ကျောက်မျက်ကို ကြည့်ကာ...

"မင်းဘာလို့ အမှန်ကို မပြောသေးတာလဲ..."

"ဘာအမှန်လဲ..." ကျန်းအန့်ပင်က မေးလိုက်သည်။

ချန်းဖန်၏ အပြုအမူက ယွမ်သန်းသုံးဆယ်ခန့် ဆုံးရှုံးသွသည့်တိုင် နှမြောဟန် တစ်ချက်မရပေ။ သူ၏ ပုံစံက ပေါ့ပေါ့ပါးပါးနှင့် တည်ငြိမ်နေသည်။ လူတိုင်းက ချန်းဖန်ကို နားမလည်စွာ ကြည့်လိုက်ကြသည်။

"မင်းဘာပြောနေတာလဲ ဆိုတာ ငါနားမလည်ဘူး..."

ယွမ်ဟန်၏ အမူအရာက တည်ငြိမ်ဟန် ရှိသည့်တိုင် မျက်လုံးတွင် ဂဏာမငြိမ်ဟန်များ ပေါ်လွင်မေခဲ့၏။

"မင်းပြောတာ မှန်တယ်။ ဒီကျောက်မျက်က တကယ့် အစီအရင်တစ်ခု မဟုတ်ဘူး။ မျက်နှာပြင်က အင်းကွက်တွေက လွဲရင် အစစ်အမှန်ချီ မထည့်သွင်းရသေးတဲ့ ကျောက်မျက် တစ်ခုသာသာပဲ..."

ချန်းဖန်က တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ကျန်းအန့်ပင်ကို အဲဒီ ကျောက်မျက်ဝယ်ဖို့ ခင်ဗျား အကြံပေးခဲ့တယ်..."

"ဘာလဲ..." ကျန်းအန့်ပင်၏ မျက်နှာက မှောင်မည်းသွားသည်။

ချင်ရီလန်းမှာလည်း တစ်ခုခုကို နားလည် သဘောပေါက်လိုက်သည်။ သို့သော်လည်း ငြိမ်သက်စွာဖြင့်သာ ချန်းဖန်၏ စကားကို နားထောင်နေလိုက်သည်။

"ဒါပေမဲ့ လေလံကြေးက ယွမ်သန်းသုံးဆယ်အထိ မြင့်တက် သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး မလား။ အဲဒါကြောင့်ပဲ အမှန်ကို မြန်မြန်လာရှင်းပြပြီး ငါတို့ဆီက ပစ္စည်းကို ဈေးသက်သက်သာသာနဲ့ ရအောင်ကြံတာပဲ..."

ယွမ်ဟန်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ချန်းဖန်က သူ့စကားကို မစောင့်ပဲ ဆက်ပြောလိုက်သည်။

"ကျန်းအန့်ပင်က အဲဒီကျောက်မျက်ကို သူ့အတွက် ခင်ဗျားက ကူညီပေးနေတယ်လို့ ထင်ပေမယ့် ဒီကျောက်မျက်က ခင်ဗျား အတွက်ဆိုတာ သူမသိခဲ့ဘူး..."

ချန်းဖန်က စကားကို ဖြတ်လိုက်သည်။

ချန်းဖန်စကားကြောင့် ကျန်းအန့်ပင်၏ မျက်နှာက ဒေါသဖြင့် မှောင်မည်းလာသည်။ သူက ယွမ်ဟန်ထံ လှည့်ကြည့်ကာ...

"ဆရာယွမ်ဟန်... အဲဒါ အမှန်ပဲလား..."

"သခင်လေးကျန်း... ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ..." ယွမ်ဟန်က ပြောလိုက်သည်။

"ငါက အဘိုးရဲ့ အသက် ကိုးဆယ်ပြည့် မွေးနေ့အတွက် ကျောက်မျက်ကို ဝယ်ဖို့ ပြင်ထားခဲ့တာ။ မင်း ငါ့ကို အရူးလုပ်ရဲတယ်ပေါ့..."

ကျန်းအန့်ပင်က အော်ပြောသည်။ သူ၏ အပြုအမူများက အလွန်ဒေါသ ထွက်နေဟန်ရကာ သူဌေးလေးတစ်ဦး၏ အပြုအမူများ ရှိမနေတော့ချေ။

"သခင်လေးကျန်း... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ စတော့ဈေးကွက်မှာ ကျွန်တော့်ရဲ့ ပိုက်ဆံတွေအားလုံး ဆုံးရှုံးသွားတဲ့အတွက် ဒီကျောက်မျက်ကို ဝယ်ဖို့ ပြောခဲ့တာပါ။ ကျွန်တော် ကတိပေးပါတယ်။ အစီအရင်တစ်ခုရရင် သခင်လေးကို ပေးပါ့မယ်..."

ယွမ်ဟန် အမှန်ကို ဝန်ခံရင်း ကျန်းအန့်ပင်ကို တောင်းပန်လိုက်သည်။

"ဟမ့်..." ကျန်းအန့်ပင်က နှာခေါင်းတစ်ချက်ရှုံ့ရင်း တစ်ဖက်သို့ လှည့်လိုက်သည်။ မည်သို့ပင်ဆိုစေ ယွမ်ဟန်မှာ ဟောင်ကောင်တွင် လွှမ်းမိုးနိုင်စွမ်း အစင့်အတင့်ရှိသည့် ပညာရှင် တစ်ယောက် ဖြစ်နေသေးသည်။ ထို့အပြင် ယခုကိစ္စတွင်လည်း သူ့အတွက် ကြီးကြီးကျယ်ကျယ် ထိခိုက်မှု မရှိခဲ့ရာ ကိစ္စကို မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

"စောက်ကောင်လေး... မင်း ဘယ်လို အမှန်ကို သိသွားတာလဲ..."

ယွမ်ဟန်က ချန်းဖန်ဘက်သို့ လှည့်ရင်း မေးသည်။

"မင်းတို့ ဖုန်းပြောတာကို ငါကြားခဲ့ရတယ်လေ..." ချန်းဖန်က ပြောလိုက်သည်။

"ကဲ... ကိစ္စကို အပြီးဖြတ် လိုက်ရအောင်။ ငါ့ကို အဲဒီကျောက်မျက်ပေးလိုက်..."

ယွမ်ဟန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"အဲ့လိုမှ မဟုတ်ရင် မင်းတို့ ပြည်မကြီးကို မပြန်နိုင်တော့အောင် ငါလုပ်လိုက်မယ်..."

ချင်ရီလန်းတို့မှာ ယွမ်ဟန်ကို ကြောက်ရွံ့စွာကြည့်ရင်း နောက်သို့ ဖြည်းညင်းစွာ ဆုတ်လိုက်သည်။ အစောပိုင်း ယွမ်ဟန်ပြသခဲ့သည့် စွမ်းအားများကပင်လျှင် သူတို့ကို ခြောက်လှန့် နိုင်ခဲ့ရာ ယွမ်ဟန်၏ စကားက လိမ်ညာဟန် မရချေ။

"တရားဥပဒေဆိုတာ ရှိတယ်နော်။ မင်းလုပ်ရဲလို့လား..."

ချင်ရီလန်းက တုန်တုန်ရီရီ မေးလိုက်သည်။

"ဟားဟား... တရားဥပဒေ။ အဲဒါက ဘာအသုံးဝင်လို့လဲ..." ယွမ်ဟန်က ရယ်မောရင်း ပြောလိုက်သည်။

"ငါက မင်းတို့ကို မလှုပ်ရှားပဲတောင် သတ်လို့ရတာ သိရဲ့လား။ မင်းတို့ရဲ့ အဆင့်က ပုရွက်ဆိတ်တွေ လောက်တောင် မရှိဘူး။ ငါ့ရဲ့ အဆင့်နဲ့ဆိုရင် မင်းတို့ကို ဘာသဲလွန်စမှ မကျန်အောင် လက်စ ဖျောက်ပစ်လို့ ရတယ်..."

ထို့နောက်  ယွမ်ဟန်က အခန်းထဲမှ ထွက်သွားသည်။ သိပ်မကြာခင် ကျန်းအန်ပင်မှာလည်း ချန်ဖန်တို့ကို ထားခဲ့ကာ ဆရာယွမ်နောက်သို့ လိုက်သွားတော့သည်။

ချင်ရီလန်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ လူကြီးလူကောင်း ဟန်ပန်ရှိသည့် ကျန်းအန့်ပင်နှင့် ဆရာယွမ်တို့မှာ ထိုသို့လူစားမျိုး ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားမိကြချေ။

"သူဌေး... သူတို့ ညာနေတာ မင်းဘယ်လိုသိတာလဲ။ သူတို့ ဖုန်းပြောတာကို မင်းတကယ် ကြားလိုက်တာလား..."

ချင်ရီလန်းက ချန်းဖန်ကို ကြည့်ကာ မေးလိုက်သည်။ ချန်းဖန်က အဖြေပြန်‌မပေးပဲ ပြုံးရုံသာ ပြုံးလိုက်သည်။

"ချီးပဲ... ဆရာယွမ်ဆိုတဲ့ လူကြီးက တကယ့်လူလိမ်ပဲ။ ငါတို့ကိုတောင် ခြိမ်းခြောက် သွားခဲ့သေးတယ်..."

ကျိုးချင်ရက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"ငါတို့ ရဲစခန်းကို အကြောင်းကြားရင် ကောင်းမလား။ ဒါမှမဟုတ် ဟောင်ကောင်က မြန်မြန်ထွက်ရင် ကောင်းမလား..."

လူတိုင်းက ကျိုးချင်းရ၏ စကားကို တိတ်ဆိတ်စွာဖြင့် နားထောင် နေကြသည်။ သူတို့အားလုံးမှာ သာမန်တက္ကသိုလ် ကျောင်းသားလေးများသာ ဖြစ်၍ ယွင်ဟန်ကဲ့သို့သော လူနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ချေ။

ချီဝမ်စန်းကလည်း တစ်ခုခုကို အလေးအနက် တွေးခေါ်နေဟန်ရသည်။ သူ၏ မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။ ချန်းဖန်၏ အမူအရာကမူ မည်သည်ကြိမျှ အလေးအနက် မထားပဲ ပေါ့ပေါ့ပါးပါးပင် ရှိနေခဲ့သည်။

"စိတ်မပူနဲ့... သူက ငါတို့ကို ခြောက်လှန့်ဖို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်သွားတာ..."

ချန်းဖန်က ပြောလိုက်သည်။

"မင်းဘယ်လိုသိတာလဲ..."

ချင်ရီလန်းက မေးလိုက်သည်။

"နောက်ပြီးတော့ ဟိုကျောက်မျက်က ယွမ်သန်း သုံးဆယ်တန်တယ် ဆိုတာ မင်းဘယ်လို သိတာလဲ..."

လူတိုင်းက ချန်းဖန်ကို မေးမြန်းသည့် အကြည့်များဖြင့် ကြည့်ကြသည်။

"ငါက ကျင်းမြို့တော်၊ ချန်းမိသားစုကဆိုတာ မမေ့နဲ့ဦးလေ..."

ချန်းဖန်က ပြောလိုက်သည်။ ကျင်းမြို့တော်၊ ချန်းမိသားစု တိုးတက်လာသည်မှာ သိပ်မကြာသေးသော်လည်း ခဏအတွင်းပင် ကျင်းမြို့တော်၏ ဒဏ္ဍာရီတစ်ခုအလား ဖြစ်သွားခဲ့သည်။ ထိုအဖြစ်အပျက်များ၏ နောက်တွင် ရှိနေသူမှာ ဆရာချန်းဖြစ်ကြောင်း သူတို့အားလုံး နားလည်ကြသည်။

လူတိုင်းက ချန်းဖန်စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ချန်းဖန်မှာ ဆရာချန်း၏ တပည့်တစ်ယောက်ပင် ဖြစ်နေနိုင်သည် မဟုတ်ပါလား။

ကျိုးချင်းရမှာလည်း ဟောင်ကောင်သို့မသွားခင်ရက်က အဖြစ်အပျက်ကို မမေ့သေးချေ။ ထိုညက သတ္တမသခင်ကြီး ဟောင်ကဲ့သို့ လူမျိုးကပင် ချန်းဖန်ကို လာရောက်ကြိုဆိုရသည်။ ထိုချန်းဖန်မှာ ထင်သလောက် ရိုးရှင်းပုံ မရချေ။ ထို့နောက် သူတို့ သူငယ်ချင်းတစ်သိုက် ဟိုတယ်သို့ လေးပင်စွာ ပြန်လာခဲ့ကြတော့သည်။

***

ထိုစဉ် ဆန်ထရယ် ဟောင်ကောင်၏ နှစ်ဆယ့် တစ်ထပ်မြောက်ရှိ တိုက်ခန်းတစ်ခု၌...

ယွမ်ဟန်နှင့် ကျန်းအန့်ပင်တို့မှာ ဆိုဖာပေါ်တွင် ဘေးချင်းယှဉ်ကာ ထိုင်လျက်ရှိသည်။

"ပြောပါဦး ဆရာယွမ်... ကျွန်တော့်အပေါ်တောင် သစ္စာဖောက် ရလောက်အောက် အဲဒီ ကျောက်မျက်က ဘာထူဆန်းနေလို့လဲ။ အဲဒါက နေရာလွတ် ပစ္စည်းတစ်ခုလား..."

ကျန်းအန့်ပင်က မေးလိုက်သည်။

"မဟုတ်ပါဘူ... အဲဒါကို ဝယ်ဖို့ သခင်လေး တစ်ယောက်တည်းကို ပြောထားတာ မဟုတ်ဘူး။ လူတော်တော် များများကိုပါ ပြောထားတာ..." ယွမ်ဟန်က ပြုံးရင်း ပြောလိုက်သည်။

"ခင်ဗျား ပြောချင်တာက..." ကျန်းအန့်ပင်က မေးလိုက်သည်။

"အဲဒီ ကျောက်မျက်က ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ ပစ္စည်းပါ။ ကျွန်တော် သူ့ဆီက ဝယ်ခဲ့ပေမယ့် သူက မရောင်းခဲ့ဘူး။ အဲဒါက ဓမ္မရတနာတစ်ခုလို့ ကျွန်တော် ခံစားလို့ ရနေတယ်။ ကျွန်တော့် မိတ်ဆွေဆုံးတော့ သူစုဆောင်းထားတဲ့ ပစ္စည်းတွေအားလုံး တကွဲတပြားနဲ့ လေလံအိမ်တွေဆီကို ရောက်သွားခဲ့တယ်။ ဒီပစ္စည်းကိုသာရရင် အခြား ဓမ္မအစီအရင် တစ်ခုနဲ့ လဲလှယ်ပေးဖို့ စီစဉ်ထားပြီးသားလေ..."

"အဲဒါက ဓမ္မရတနာလား..." ကျန်းအန့်ပင်၏ မျက်လုံးများက တောက်ပသွားသည်။

"သေတော့ မသေချာဘူး။ ဒါပေမဲ့ ဓမ္မရတနာဖြစ်ဖို့ ရာနှုန်းများတယ်။ တကယ်လို့ အဲဒါသာ ဓမ္မရတနာဖြစ်ရင် သူ့ရဲ့စွမ်းအားက မဖော်ပြနိုင်လောက်အောင်ပဲ..."

ယွမ်ဟန်က မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။

"ဒါပေမယ့် ကျင့်ကြံသူ တစ်ယောက်ကပဲ ဓမ္မရတနာကို အသုံးပြုနိုင်တယ်။ အဲလိုမှ မဟုတ်ရင် အသုံးမဝင်ဘူး..."

"ငါနားလည်ပြီ..."ကျန်းအန့်ပင်က ပြောလ်ုက်သည်။ သူ၏ မျက်လုံးတွင်မူ လောဘ အရိပ်အယောင်များက ဝင်းပလျက်။

"ပြည်မကြီးကလာတဲ့လူတွေကိုရော ဘာလုပ်ဖို့ တွေးထားလဲ..." ကျန်းအန့်ပင်က ဆက်၍ မေးလိုက်သည်။

"ဟီးဟီး... အရမ်းလွယ်တယ်။ သူတို့ရဲ့ ကြွယ်ဝမှုတွေက သယတို့ကို မကယ်နိုင်ပါဘူး။ ဒါက ဟောင်ကောင်ပဲလေ။ ပြည်မကြီးက လာတဲ့လူတွေ ပျောက်သွားတာ အထူးအဆန်းမှ မဟုတ်ပဲ..."

ကျန်းအန့်ပင်ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

ထိုစဉ်မှာပင်...

"အဲဒါဆိုတော့..." အေးစက်သော အသံတစ်ခုက သူတို့နောက်ဘက်မှ ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်လုံး အသံလာရာ နေရာသို့ ကပျာကယာ လှည့်ကြည့်လိုက်သည်။

ပြတင်းပေါက်ဘေးတွင်မူ လူငယ်တစ်ယောက်က မတ်တတ် ရပ်ရင်း သူတို့ထံ အေးဆေးစွာ လျှောက်လာခဲ့သည်။

***

All Chapters