နှစ်တစ်ထောင် လျှို့ဝှက်ချက်
Vol. 3 Ch. 257
"ဓားအားဖြည့်ခြင်းကျောက်မျက်..." ချန်းဖန် ထို အဖြေကို တီးတိုးရေရွတ်မိသည်။
"ဟုတ်ပါတယ်... အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြေကမ္ဘာအဆင့် နတ်ဘုရင် တစ်ပါးဖြစ်တဲ့ ဓားလျှို့ဝှက်ချက် အသုံးပြခဲ့တဲ့ အရာလို့ ကျွန်တော် သံသယရှိတယ်..."
ယွမ်ဟန်းက တုန်တုန်ရီရီ ပြောလိုက်သည်။ သွေးများကမူ ယခုထိ မတိတ်သေးပဲ သူ၏ ခြေထောက်မှ ပန်းထွက်လျက် ရှိနေသေး၏။
ကျန်းအန့်ပင်နှင့် အတွင်းရေးမှူးမလေးမှာမူ စားပွဲဒေါင့်တစ်ခု၌ ပုန်းအောင်းနေကြပြီး ထိုမြင်ကွင်းကို မြင်ရန် သူတို့ မရဲကြချေ။
"ကောင်းပြီလေ..." ချန်းဖန်က မျက်မှောင်ကြုတ် ထားသည်ကို ဖြည်ရင်း သူ၏ ချီစွမ်းအင်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
"ဓားလျှို့ချက်က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက အရမ်းကို ကျော်ကြားခဲ့တဲ့ ဓားတန်ခိုးရှင်တစ်ယောက်ပါ။ သူက နှစ်ငါးရာလောက်အထိ ကျင့်ကြံခဲ့ပြီး နတ်ဘုရား ဖြစ်အောင် ကျင့်ကြံခဲ့ပြီး မြေကမ္ဘာ အဆင့်နတ်ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်။ ရှေးဟောင်း မှတ်တမ်းတွေ အရ ဓားအားဖြည့်ခြင်း ကျောက်မျက်က သူ ကိုယ်နဲ့မကွာ အမြဲတမ်းဆောင်တဲ့ ပစ္စည်းတစ်ခုလို့ သိရပါတယ်။ သူလိုအပ်တဲ့ အချိန်တိုင်း ကျောက်မျက်ထဲက ဓားတစ်ချောင်း ထွက်ပေါ်လာတတ်ပြီး ရန်သူကို သုတ်သင်ပေးတယ်လို့ မှတ်တမ်းတွေမှာ ရေးထားပါတယ်..."
"သူက ဓားပျံရဲ့ အစွမ်းနဲ့အတူ အရမ်းကျော်ကြားခဲ့ပြီး နှစ်ရာပေါင်း များစွာအတွင်း သူ့ကို အနိုင်ယူနိုင်သူ မရှိခဲ့ဘူးတဲ့။ ဒါပေမဲ့ နောက်ပိုင်းမှတ်တမ်းတွေမှာ သူ့အကြောင်း မပါတော့ဘူး..."
ယွမ်ဟန်က ဖြူလျော့လျော့ မျက်နှာဖြင့် ဆိုသည်။
"ဓားလျှို့ဝှက်ချက်မှာ ဓားပျံပေါင်းကိုးချောင်း အထိရှိပြီး တစ်ခုချင်းစီက တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာတွေနဲ့ အတူ နေနဲ့ လရဲ့ အလင်းရောင်ကို စုပ်ယူပြီး သန့်စင်ထားတယ်လို့ အယူရှိကြတယ်။ သူတို့ တစ်ခုချင်းစီက ကွဲပြားတဲ့ စွမ်းအားတွေကို ထမ်းပိုးထားပြီး အဆုံးသတ်မှာတော့ သေဆုံးခြင်းကိုပဲ ကိုယ်စားပြုတယ်။ ဓားပျံ ကိုးချောင်းလုံးက ကျောက်မျက်ထဲမှာ ပုန်းခိုနေကြပြီး သူတို့အားလုံး တစ်ပြိုက်နက် ထွက်ပေါ်လာတာနဲ့ ရပ်တန့်လို့ မရတဲ့ စွမ်းအားတွေကို ဖော်ထုတ် တယ်တဲ့..."
"အဲဒီ ကျောက်မျက်ကို မိတ်တွေတစ်ယောက်ဆီမှာ တွေ့တည်းက မှတ်တမ်းတွေထဲက အရာနဲ့ တူနေတာ သတိထားမိတယ်။ တကယ်လို့ ကျောက်မျက်ကသာ အစစ်ဆိုရင် ဓားလျို့ချက်ရဲ့ ပစ္စည်းတစ်ခုခု ရှိနေနိုင်တယ်..."
"ဓားပျံ..." ချန်းဖန် ပေါ့ပျက်ပျက် ရေရွတ်လိုက်သည်။ ဓားကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းသည့် လူတစ်ယောက် ကမ္ဘာပေါ်တွက် ပေါ်ပေါက်ခဲ့လိမ့်မည်ဟု ချန်းဖန် မမျှော်လင့်ထားခဲ့ချေ။
ဓားလမ်းစဉ်က ရက်စက်ခြင်းနှင့် သေဆုံးခြင်းကိုသာ ကိုယ်စားပြုသည်။ အစစ်အမှန် ဓားကျင့်ကြံသူများမှာ သူတို့၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ ဓားကို အားဖြည့် သန့်စင်နိုင်စွမ်း ရှိသည်။ သို့သော် ဓားလျှို့ဝှက်ချက်မှာ ကျောက်မျက်ကိုသာ အသုံးပြုခဲ့ပြီး ဓားပျံများကို အားဖြည့် သန့်စင်ခဲ့ရဟန် တူသည်။
ဓားလျှို့ဝှက်ချက်မှာ ဓားကျင့်ကြံခြင်း၏ စတင်ခြင်း အဆင့်ကိုပင် ရောက်ရှိခဲ့ဟန်မတူပေ။ အစစ်အမှန် ဓားကျင့်ကြံသူများမှာ သူတို့၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ ဓားကို အားဖြည့် သန့်စင်နိုင်စွမ်း ရှိသည်။ သို့သော် ဓားလျှို့ဝှက်ချက်မှာ ကျောက်မျက်ကိုသာ အသုံးပြုခဲ့ပြီး ဓားပျံများကို အားဖြည့် သန့်စင်ခဲ့ရဟန် တူသည်။
"ဒါပေမဲ့ လူတစ်ယောက်က ဓားပျံကို အစီအရင် ပညာရပ် တစ်ခုသုံးပြီး ထိန်းချုပ်နိုင်တယ် ဆိုရင် သူက မူလဝိညာဉ် အဆင့်ကို ရောက်ရှိပြီး ဖြစ်လိမ့်မယ်။ ဒီကမ္ဘာပေါ်မှာ ဝိညာဉ် ပင်လယ်အဆင့် တစ်ယောက် တကယ်ပဲ ပေါ်ထွက်ခဲ့တာပဲ။ မူလဝိညာဉ်အဆင့် တစ်ယောက်က နှစ်ငါးရာ အထိ အသက်ရှင်နိုင်တယ်။ ဓားလျှို့ဝှက်ချက်က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကဆိုတော့ ခုချိန်မှာ သေလောက်ပြီပေါ့..."
ချန်းဖန် စဉ်းစားနေမိသည်။
"ဒါဆို ဒီကျောက်မျက်က ဓားအားဖြည့်ခြင်း ကျောက်မျက်ပေါ့..."
ချန်းဖန်က ကျောက်မျက်ကိုကြည့်ကာ မေးလိုက်သည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ ဓားအားဖြည့်ခြင်း ကျောက်မျက်က ကျောက်စိမ်းနဲ့ လုပ်ထားတာ မဟုတ်ဘူးဆိုတော့ တစ်ရာရာရာနှုန်း မသေချာပါဘူး..."
ချန်းဖန်က တစ်ခွန်းမှ မပြောပဲ လက်ကို ဝှေ့ရမ်းလိုက်သည်။ အထုအထည် ကင်းမဲ့သော အားတစ်ခု ထွက်ပေါ်လာကာ ကျောက်မျက်၏ မျက်နှာပြင်ကို ချိုးဖျက်လိုက်၏။ ထိုအရာမှာ အဝါရောင်ရှိသည့် သေးငယ်သည့် ကျောက်မျက်တစ်ခု ဖြစ်သည်။ ထိုအရာ၏ မျက်နှာပြင်မှ အမှတ်အသားများက လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှာ ကပ်ကမ္ဘာကိုပင် ဖြတ်ကျော်ခဲ့ဖူးကြောင်း သက်သေပြနေခဲ့သလို။ ထိုကျောက်မျက်မှာ အပေါ်အခွံ ကွဲကြေသွားချိန်မီ စ၍ လေပြင်ထက်၌ မြေဆွဲအားကို ဆန့်ကျင်ကာ မျောပါနေခဲ့သည်။
"ဒါက... ဒါက..." ယွမ်ဟန်၏ မျက်လုံးများက သရဲတစ္ဆေကို တွေ့မြင်သည့်အလား ပြူးကျယ်နေခဲ့သည်။
"ဒါက တကယ်ပဲ ဓားအားဖြည့်ခြင်း ကျောက်မျက်လား..." သူ၏ အသံက စကားလုံးငယ်ကိုပင် အောင်မြင်စွာ ပြောရန် အားယူ နေရဟန်တူသည်။ သူ၏ ကျောက်မျက်အပေါ် သံသယများမှာ လုံးဝပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ထို အဝါရောင် ကျောက်မျက်လေးကား အမှန်တကယ် ဓားလျှို့ဝှက်ချက် ပိုင်ဆိုင်ခဲ့သည့် ရတနာတစ်ပါးဖြစ်ကြောင်း သေချာသည်။
"ငါ့ ခန်းမှန်းချက်သာ နည်းနည်းလောက် ပိုသေချာခဲ့မယ် ဆိုရင် ဒီကျောက်မျက်ကို ငါရအောင် ဝယ်ခဲ့ပါတယ်..."
ယွမ်ဟန်၏ အမူအရာက နောင်တ ရနေဟန်တူသည်။ သူ၏ မျက်လုံးများက လောဘရိပ် သန်းနေသည့်တိုင် လှုပ်ရှားမှုတစ်ခုပင် သူမလုပ်ရဲချေ။
"အစောတည်းက ဒီကျောက်မျက်က သာမန်မျက်လုံးနဲ့ မြင်ရတာထက် ပိုနေမယ်လို့ သိတယ်။ ဒါပေမဲ့ ဒါဖြစ်နေမယ်လို့တော့ တစ်ခါမှ မတွေးခဲ့ဘူး..."
ချန်းဖန် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်မျက်က ပျံသန်းရင်း ချန်းဖန်၏ လက်အတွင်း ကျဆင်းလာသည်။
"ဓားအားဖြည့်ခြင်းကျောက်မျက်... ဟုတ်လား။ ဓားလျှို့ဝှက်ချက်က ဓားကျင့်ကြံမှု လမ်းစဉ်ကို လုံးဝ နားမလည်ခဲ့ဘူးပဲ။ တကယ်တော့ ဒီဟာက ဟင်းလင်းပြင် နွယ်ပင်ရဲ့ သာမန် သစ်သီးလေး တစ်လုံးပဲ..."
ယွမ်ဟန်က ချန်းဖန်၏ စကားတစ်ခွန်းကိုပင် နားလည်ဟန် မရချေ။
"ဒီနွယ်ပင်မျိုးစိတ်က ဟင်းလင်းပြင်ခရိုင်တကယ်တွေမှာပဲ ပေါက်ရောက်နိုင်တဲ့ နွယ်ပင် တစ်မျိုးပဲ။ ဟင်းလင်းပြင်နွယ်တွေက ဟင်းလင်းပြင် စွမ်းအားကို စုပ်ယူရှင်သန်တယ်..."
ချန်းဖန်က ဖြည်းညှင်းစွာ ပြောသည်။
"ဒါက ဓားအားဖြည့်ခြင်း ကျောက်မျက် မဟုတ်ဘူး... သာမန် ဟင်းလင်းပြင် ဓမ္မရတနာ တစ်ခုပါပဲ..."
"ဟင်းလင်းပြင်ဓမ္မရတနာ..." ယွမ်ဟန်က အံဩတကြီး ရေရွတ်သည်။
ချန်းဖန် ယွမ်ဟန်ကိုရှင်းပြရင်း အချိန်မဖြုန်းလိုချေ။ ထို့ကြောင့် အဝါရောင် ကျောက်မျက်လေးကိုသာ သေချာ စစ်ဆေးလိုက်သည်။ ထိုတွေ့ရှိမှုက သူ့ကိုပင် အံ့အားသင့် စေခဲ့သည်။ သူပြန်လည် မွေးဖွားလာချိန်မှ စ၍ သိုလှောင်လက်စွပ်၊ သိုလှောင် လက်ကောက်၊ ခွန်ချန်အိတ် စသည့် လင်းဟင်းပြင်ပစ္စည်းတစ်ခုမျှ မရှိခဲ့ပေ။ ထို့ကြောင့် ဝိညာဉ်ဆေးလုံးများ၊ ဆဲဖုန်း၊ ဘဏ်ကတ် စသည်တို့ကို သယ်ဆောင်ရာ၌ အလွန်ပင် အလုပ်ရှုပ်ခဲ့သည်။
မူလဝိညာဉ် အဆင့်သို့ ရောက်မှသာ ဟင်းလင်းပြင် ပစ္စည်းတစ်ခုကို စတင်ပြုလုပ် နိုင်လိမ့်မည် ဖြစ်ပြီး ပြုလုပ်ရန်မှာလည်း အတော်လေး ခက်ခဲသည်။ ယခုမူ ဟင်းလင်းပြင် ရတနာတစ်ခုကို ဟောင်ကောင်၌ အမှတ်မထင်ရခဲ့ပြီ ဖြစ်သည်။
"ဓမ္မအစီအရင်တွေနဲ့ ဓမ္မရတနာတွေရဲ့ ကြားက အဓိက ကွာခြားချက်က ကြီးထွားနိုင်ခြင်းပဲ။ ဓမ္မရတနာတွေက အစပိုင်းမှာ အစွမ်း သိပ်မထက်ပေမယ့် ပိုင်ရှင် အစွမ်းထက်လာနဲ့အမျှ သူ့ရဲ့ စွမ်းအားကလည်း ကြီးထွားလာတယ်..."
ချန်းဖန် ထိုအဝါရောင် ကျောက်မျက်ကို ကြည့်ရင်း တွေးလိုက်သည်။ ထိုကျောက်မျက်မှာ ယခုအခြေအနေ၌ သာမန်ပုံစံသာ ရှိသည့်တိုင် ချန်းဖန်၏ အဆင့်မြင့်မား လာသည်နှင့် ပိုမိုအစွမ်းထက် လာလိမ့်မည် ဖြစ်သည်။
"ဓမ္မရတနာတွေမှာ ထူးဆန်းတဲ့ စွမ်းအားတွေရှိပြီး ပိုင်ရှင်အတွက်လည်း အရမ်း အသုံးဝင်တယ်။ ဓားလျို့ဝှက်ချက်က ဒီဟင်းလင်းပြင် ဓမ္မရတနာကို သူ့ဓားတွေထားဖို့ အတွက် အသုံးပြုခဲ့တာ ရှက်စရာ ကောင်းလိုက်တာ။ အနည်းဆုံးတော့ ဒီရတနာကို ဝိညာဉ်ဆေးပင်တွေ သိုလှောင်ဖို့ အသုံးပြုခဲ့သင့်တယ်..."
ချန်းဖန်မျက်နှာတွင် လှောင်ပြုံးတစ်ချက် ပေါ်လာခဲ့သည်။
"ဒါကို ပထမဆုံး ပြန်သန့်စင်ရမယ်..."
ချန်းဖန် အစစ်အမှန်ချီကို အဝါရောင်ကျောက်မျက်ပေါ်သို့ ဖြန့်ကြက် ဆက်သွယ်လိုက်သည်။ ထိုကျောက်မျက်မှာ တစ်ခါမှ သန့်စင်ထားခြင်း မရှိသေးသည့် အရိုင်းတစ်ခုသာ ဖြစ်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ ဓားလျှို့ဝှက်ချက်က ထိုကျောက်မျက်ကို သယမည်ကဲ့သို့ သန့်စင်ရမည်ကို မသိခဲ့ခြင်း ဖြစ်ရမည်။ ချန်းဖန် အစစ်အမှန်ချီကို ဖြည်းညင်းစွာ ဖြန့်ကြက်ရင်း ထိုရတနာနှင့် သူ၏ကြားတွင် ဆက်သွယ်မှု တစ်ခုကို တည်ဆောက်သည်။
သိပ်မကြာခင်မှာပင် ကျောက်မျက်နှင့် သူ၏ ကြား၌ ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ကျောက်မျက်ကို သူပိုင်ဆိုင်ခဲ့ပြီဟု ဆိုရပေမည်။
ချန်းဖန် အစစ်အမှန်ချီကို ကျောက်မျက် အတွင်းပိုင်းသို့ ပို့လွှတ်လိုက်သည်။ ကျောက်မျက်၏ အတွင်းပိုင်းမှာ သုံးမီတာခန့် ကျယ်ဝန်းသည်။ ထိုအထဲတွင် စာအုပ်အချို့နှင့် ပစ္စည်းအချို့ ရှိနေခဲ့သည်။ ထိုအရာများ အားလုံးက ရှေးကျသည့် အရောင်အဝါများ လွှမ်းမိုးနေသည်။ ထိုအရာများ အားလုံးမှာ ဓားလျှို့ဝှက် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ရမည်။ သူ့နောက်ပိုင်း ကျောက်မျက်ကို ပိုင်ဆိုင်ခဲ့သူများမှာ ဟင်းလင်းပြင်ကို ဖွင့်နိုင်ခဲ့ပုံ မပေါ်ချေ။
"နေရာက ကျဉ်းပေမယ့် ငါ့အတွက်တော့ ကွက်တိပါပဲ။ နောက် ငါပိုပြီး အစွမ်းထက်လာတာနဲ့ ဟင်းလင်းပြင်က ပိုကျယ်ဝန်း လာလိမ့်မယ်..."
ချန်းဖန် ထိုအရာလေးကို အလွန်ပင် သဘောကျမိသည်။ ချန်းဖန် ကော်ဖီစားပွဲပေါ်မှ အလှဆင်ထားသည့် ဗုဒ္ဓဆင်းတုတော် တစ်ခုကို ကျောက်မျက်လေးထဲ ထည့်ကြည့်ကာ စစ်ဆေး လိုက်သည်။
"အဲဒါ ဘာလဲ..."
ယွမ်ဟန်နှင့် အခြားလူများက အံ့ဩစွာ ကြည့်ကြသည်။ သူတို့ မျက်စိရှေ့တွင်ပင် ဗုဒ္ဓဆင်းတုတော်က ခဏမျှ ပျောက်သွားကာ ပြန်ပေါ်လာခဲ့သည်။
"ဒါက တကယ် ဟင်းလင်းပြင် ဓမ္မရတနာပဲ..." ချန်းဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ယခုဆိုလျှင် ဆေးပုလင်းများ၊ ဖုန်း၊ ဘဏ်အကောင့်တို့ကို တကူးတက သယ်သွားစရာ မလိုတော့ချေ။ ချန်းဖန် ဟင်းလင်းပြင်ရတနာကို သိမ်းဆည်းလိုက်ကာ ယွမ်ဟန်ဘက်သို့ လှည့်လိုက်သည်။
ယွမ်ဟန်မှာ သူ့ကို သတ်ရန်ပင် ကြံစည်ခဲ့ရာ ချန်းဖန်လုံးဝ ခွင့်မလွှတ်နိုင်ပေ။ ချန်းဖန် ပေါ့ပေါ့ပါးပါးပင် လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။ ရွှေရောင် မီးတောင်တစ်ခု မျောလွင့် တောက်လောင်ကာ ယွမ်ဟန်ကို ဝါးမျိုသည်။ မျက်တောင်တစ်ခပ်စာအတွင်းမှာပင် ယွမ်ဟန်မှာ အစအန ရှာမရအောင်ပင် ပျောက်ကွယ် သွားတော့သည်။ ထိုနေရာတွင် ယွမ်ဟန် လုံးဝ မရှိခဲ့သည့် အလား မည်သည့်အကြွင်းအကျန်မှ ရှိမနေခဲ့ချေ။
ယွမ်ဟန်ကို သတ်ပြီးသည်နှင့် ချန်းဖန် ကျန်းအန့်ပင် ဘက်သို့လှည့်လိုက်သည်။
"မင်းက ဟောင်ကောင်ရဲ့ ကျန်းမိသားစုကဆိုတော့ ကျန်းအန့်ချီကို သိမှာပေါ့။ ငါ့ကို သူ့ဆီခေါ်သွားပေးစမ်း..."
***