← Chapters

ကျန်းအန့်ချီ

Vol. 3 Ch. 258

ကျန်းအန့်ချီ

Vol. 3 Ch. 258

ကျန်းအန့်ပင်မှာ ကြောက်ရွံ့မှုကြောင့် ဒူးများ တဆတ်ဆတ် တုန်နေခဲ့သည်။ သူကား ကျန်းမိသားစု၏ မျိုးဆက် ဆက်ခံသူ တစ်ယောက်ဖြစ်ကာ ကျန်းတုန်းမင်၏ တိုက်ရိုက် မျိုးဆက်လည်း ဖြစ်သည်။ သူ၏ ဖခင်မှာ ကျောက်မျက် ကုမ္ပဏီတစ်ခု၏ စီအိုးအို ဖြစ်သည်။ လွှမ်းမိုးနိုင်စွမ်းရှိသည့် ယွမ်ဟန်ကဲ့သို့သော် လူကပင် သူ့ကို လေးစားရသည်။

သို့သော်... ချန်းဖန်ဆိုသော လူငယ်လေးရှေ့တွင်မူ သူ၏ ဖြစ်တည်မှုက စုတ်ချာလွန်းသည်။ ချန်းဖန်ဆိုသော နာမည်တစ်ခုမှလွဲ၍ ထိုကောင်လေးအကြောင်း သူဘာမှ မသိချေ။ ထိုကောင်လေးမှာ နှစ်ဆယ့်တစ်ထပ်၊ ပြတင်းပေါက်ကိုပင် ဒီအတိုင်း တက်လာခဲ့ကာ ယွမ်ဟန်ကို သတ်ပစ်ခဲ့သည်။ ယွမ်ဟန်က ထိုကောင်လေးကို အထွတ်အထိပ် ပညာရှင်ဟု မသေဆုံးမီတွင် ခေါ်ခဲ့သည်။

အထွတ်အထိပ် အဆင့်ပညာရှင် ဆိုသော အရာကို သူမနားလည်သည့်တိုင် ယွမ်ဟန်၏ ထိတ်လန့်နေသော မျက်နှာအရ ထိုကောင်လေး မည်မျှအစွမ်းထက်ကြောင်း သူရိပ်စားမိသည်။

"သူ ဘယ်မှာရှိလဲဆိုတာ ကျွန်တော် သိပါတယ်... သူ့ဆီကို ခုချက်ချင်း ခေါ်သွားပေးပါ့မယ်..."

ကျန်းအန့်ပင်ပြောရင်း တံခါးဝဆီသို့ ဦးတည်လိုက်သည်။

"အထပ်တိုင်းမှာ လုံခြံရေးတွေ တင်းတင်းကျပ်ကျပ် ရှိနေတာပဲ။ ငါ အပြင်ကို ရောက်တာနဲ့ အော်လိုက်မယ်။ ရဲတွေ ရောက်လာတာနဲ့ ငါလွတ်ပြီ..." ကျန်းအန့်ပင် သူလွန်မြောက်နိုင်မည့် လမ်းကြောင်းကို အတွေးထဲမှ ရှာဖွေနေခဲ့သည်။ သူအခန်း၏ အပြင်ကို ခြေချချင်းမှာပင် လုံခြုံရေး တစ်ယောက်ကို တွေ့လိုက်ရသည်။

"သခင်လေးကျန်း တစ်ယောက်တည်းပဲလား..." လုံခြုံရေးက လေးစားစွာ နှုတ်ဆက် လိုက်သည်။

"တစ်ယောက်တည်း..." ကျန်းအန့်ပင်နောက်သို့ လှည့်၍ ချန်းဖန်ကို ရှာသည်။ ချန်းဖန်မှာ သူ၏ နောက်နားတွင်ပင် ကပ်လျက် လိုက်ပါနေဆဲ ဖြစ်သည်။

"ဟုတ်တယ်... ငါ့ကားလေး အရှေ့ကို ယူခဲ့ပေးပါဦး..." ကျန်းအန့်ပင် ဟန်ဆောင်ပြုံးရင်း ပြောလိုက်သည်။ သူနောက်ကျောတွင်မူ ချွေးများ စိုရွှဲနေခဲ့ပြီ ဖြစ်သည်။

"ဒါက ဘယ်လိုမျက်လှည့်မျိုးလဲ... သူတို့ပြောတဲ့ အစီအရင် တစ်ခုလား။ ဒါမှ မဟုတ် သရဲများလား..." ကျန်းအန့်ပင်မှာ ရဲကိုခေါ်လျှင်ပင် အသုံးမဝင်ကြောင်း နားလည်လိုက်သည်။ ရဲကပင် သူ့ကိုရူးနေသူဟု သတ်မှတ်လိမ့်မည် ဖြစ်သည်။

"မင်း ငါ့ကို ကြောက်လို့လား..." ချန်းဖန်က မေးလိုက်သည်။

"မဟုတ်... မဟုတ်ပါဘူး။ ဆရာက အန့်ချီကို သိတာလား..."

"သူ ငါ့ဆီမှာ အကြွေးတင်နေတယ်။ အဲ့ပိုက်ဆံတွေကို ငါလာတောင်းတာ..." ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျန်းအန့်ချီက အကြွေးကို တစ်ခါတောင် ပြန်မဆပ်သေးဘူး။ သူ့ပုံစံက ဆပ်ဖို့ အစီအစဉ် ရှိပုံ မရဘူး..."

"အန့်ချီက ဆရာ့အကြောင်း တစ်ခါမှ မပြောဖူးပါဘူး။ ခုဆိုရင် သူနဲ့ သူ့အဖေက မိသားစုရဲ့ လုပ်ငန်း အားလုံးကို ထိန်းချုပ် ထားနိုင်နေခဲ့ပြီ..."

ကျန်းအန့်ပင်က ဒေါသတကြီး ဝင်ရောက် ပြောဆိုလိုက်သည်။ သူ၏ မှတ်ဉာဏ် အချို့ကို ပြန်လည် သတိရသွားသည်နှင့် မခံမရပ်နိုင်ခြင်းက သူ့တွင် မွေးဖွားလာခဲ့သည်။

"ဆရာချန်း... သူ ဆရာ့ဆီကနေ ငွေဘယ်လောက် ချေးထားတာလဲ..." ကျန်းအန့်ပင်က မေးလိုက်သည်။

"တစ်ဆယ်ဘီလျံ..." ချန်းဖန်၏ အဖြေကြောင့် ကျန်းအန့်ပင် တစ်ယောက် ကားမောင်းရင်း ပလက်ဖောင်းကိုပင် ဝင်တိုက်တော့ မတတ်ဖြစ်သွားသည်။

"တစ်ဆယ်ဘီလျံ ဘယ်လိုဖြစ်နိုင်တာလဲ..."

"သူမက ငယ်ငယ်ရွယ်ရွယ် ကောင်မလေးပဲဟာ။ ဘယ်လိုလုပ်ပြီး ငွေ ဆယ်ဘီလျံ အထိ လိုရတာလဲ။ သူမရဲ့ အဖေတောင် အဲ့လောက် မလိုဘူး..."

ဆယ်ဘီလျံဆိုသော ပမာဏက အလွန်ပင် များပြားလွန်းသည်။ ထိုငွေပမာဏနှင့် ဆိုလျှင် ပြိုင်ကား၊ အိမ် အလိုရှိသည့် အရာမှန်သမျှကို ဝယ်ယူနိုင်သည်။

"အဲ့ကောင်မလေး တစ်ခါမှ အဲဒီ အကြောင်းကို မပြောခဲ့တာလား..." ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။

"သူမက မင်းတို့အဘိုးရဲ့ အသက်ကို ကယ်ဖို့ဆိုပြီး ငါ့ဆီက ဆေးလုံးတွေ အကြွေးဝယ် သွားခဲ့တာ။ ဆေးတစ်လုံးကို တစ်ရာမီလျံ တန်တယ်။ ဆေးအလုံး တစ်ရာဆိုတော့ တစ်ဆယ် ဘီလျံပေါ့..."

"ဆေး..." ကျန်းအန့်ချီ တစ်ခုခုကို သတိရသွားဟန် တူသည်။ သူက လက်ခုပ်တီးအင်း အော်ဟစ်လိုက်သည်။

"အာ.. ဟုတ်တယ်။ အမှန်ပဲ။ ကျန်းအန့်ချီ ပြည်မကြီးက ပြန်လာတော့ ဆေးပုလင်း တစ်လုံး ပါလာခဲ့တယ်။ အဲဒီဆေးတွေကပဲ အဘိုးကြီး အသက်ကို ကယ်တင်ပေးခဲ့တာ။ ငါတို့ သူမကို အဲ့ဆေးတွေ အကြောင်း မေးသေးတယ်။ ဒါပေမဲ့ လျှို့ဝှက်ချက်လို့ပဲ အမြဲပြန်ပြောခဲ့တယ်..."

ကျန့်အန့်ပင်မှာ သူ၏ ဝမ်းကွဲညီမအတွက် စိတ်မကောင်း ဖြစ်မိသွားသည်။ ထိုကောင်မလေးကား တကယ့်လူကိုမှ အပြစ်ပြုခဲ့မိသည်။ ကျန်းအန့်ချီ၏ ကောင်းမွန်သည့် နေ့ရက်များ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ကျန်းအန့်ပင် သဘောပေါက် လိုက်သည်။

***

ထိုအချိန် ဗစ်တိုးရီးယား ပင်လယ်အော် ဘေးရှိ အဆောက်အအုံ တစ်ခုတွင်...

ထိုအဆောက်အဦး၏ အမည်မှာ ရှောဒိုင်းမွန်း ဖြစ်ကာ အဆောက်အဦ တစ်ခုလုံးကို ဖန်များအား အသုံးပြု၍ ဆောက်လုပ် ထားသည်။ အဆောက်အဦ တစ်ခုလုံးကို ရွှေအိုရောင် မီးများဖြင့် အလှဆင်ထားပြီး အပေါ်ဆုံးထပ်မှ ဆိုလျှင် ဗစ်တိုးရီးယား ပင်လယ်၏ ရှု့ခင်းကို ကောင်းစွာ ခံစားနိုင်သည်။ ထိုအရာမှာ သီးသန့်ကလပ် တစ်ခုဖြစ်ကာ လူချမ်းသာများ၊ ရုပ်ရှင် စတားများကိုသာ လက်ခံသည်။

ယနေ့ပွဲမှာ ကျန်းအန့်ချီ၏ နှစ်ဆယ့်ငါးနှစ်ပြည့် မွေးနေ့ဖြစ်သည်။ ကျန်းအန့်ချီမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘုရင်မ တစ်ယောက်အလား ထည်ဝါလှပနေခဲ့သည်။

"ဟက်ပီးဘာ့ဒေးပါ မိန်းကလေးအန့်ချီ..."

များစွာသော ဆယ်လီများ၊ အထက်တန်းစား များစွာမှာ ပါတီသို့ တက်ရောက်ကြသည်။ ထိုအထဲမှ လူတိုင်းလိုလိုမှာ ကုမ္ပဏီကြီးများ၏ စီအိုအိုများ၊ သူတို့၏ သားသမီးများ ဖြစ်ကြသည်။ ကျန်းအန့်ချီက ဝိုင်ခွက်ကို ဝှေ့ရမ်းကာ ဧည့်သည်များကို နှုတ်ဆက်လိုက်သည်။ သူ၏ အနေအထားက ကျန်းမိသားစုအတွင်း အလွန်မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ သာမန် ကျန်းမိသားစု မျိုးဆက် တစ်ယောက် မဟုတ်တော့ချေ။

"အန်နာ... အားလုံးကို သဘောကျရဲ့လား..." လူငယ်တစ်ယောက်က သူ့ထံသို့ လျှောက်လာရင်း မေးလိုက်သည်။ ထိုလူငယ်မှာ မလိုင်ရောင် အပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များက ပခုံးပေါ် ရောက်အောင် ရှည်လျားစွာ ကျဆင်းနေသည်။ သူ၏ ပုံစံက ယောက်ျား ဆန်လွန်းသည့် ဟန်ပန် မရှိသည့်တိုင် ဗုဒ္ဓဘုန်းတော်ကြီး တစ်ယောက်၏ အေးချမ်း တည်ငြိမ်မှုကို ပေးစွမ်းနိုင်စွမ်း ရှိသည်။

လူတိုင်းနီးပါးက သူ့ကို လေးစားသည့် အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။ ထိုလူငယ်မှာ သာမန်လူချမ်းသာ တစ်ယောက် မဟုတ်ချေ။ သူကား ကျိုးတဂျီ၏ တိုက်ရိုက် တပည့် တစ်ယောက်ပင်။ ကျိုးတချီမှာ ဟောင်ကောင် ဖုန်းရွှေနယ်ပယ်တွင် အကျော်ကြားဆုံး ဆရာတစ်ယောက် ဖြစ်ပြီး သူ၏ စွမ်းရည်များက စိတ်ကူး၍ပင် မရချေ။ ကျိုးတချီမှာ ဟောင်ကောင်ကို ဆယ်စုနှစ်တစ်ခုစာ လွှမ်းမိုးခဲ့ပြီး စိန်ခေါ်သူ များစွာကို အနိုင်ယူနိုင်ခဲ့သည်။  လူငယ်မှာ သူ၏ တပည့်သုံးယောက် အနက် အငယ်ဆုံး တပည့်တစ်ယောက် ဖြစ်သည်။ ထ်ုလူငယ်မှာ ဟောင်ကောင်တွင်သာမကပဲ၊ အရှေ့တောင်အာရှ ဒေသတစ်ခုလုံး၌ပင် ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။

"တန့်ချင်း... အားလုံး စီစဉ်ပေးတဲ့ အတွက် ကျေးဇူးပါ..."

ကျန်းအန့်ချီ ပြုံးရင်း ပြောလိုက်သည်။ သူမ၏အဘိုး ပြန်လည် ကျန်းမာလာသည်နှင့် သူမ၏ လွှမ်းမိုးမှုက မိသားစုအတွင်း တဖြည်းဖြည်းပြန်လည် မြင့်တက်လာခဲ့သည်။ သို့သော် ကျန်းအန့်ချီ ပျော်ရမည့်အစား တစ်ချိန်လုံး စိုးရိမ်ပူပန်နေခဲ့ရသည်။

သူမအဘိုးအတွက် ဆေးလုံးများကို ချန်းဖန်ဆိုသော တစ်ယောက်ထံမှ သူဝယ်လာခဲ့ခြင်း ဖြစ်သည်။ အစကတည်းက ထိုဆေးလုံးများ အတွက် ‌ငွေပေးချေရန် သူမတွင် အစီအစဉ် မရှိခဲ့ချေ။ တစ်ဆယ်ဘီလျံဆိုသော ငွေကြေးပမာဏမှာ ကျန်းမိသားစု အတွက်ပင် အလွန်များပြားသည့် အရာ ဖြစ်သည်။

"မင်း အလုပ်တွေ အများကြီးလုပ်နေတာ ဖြစ်ရမယ်။ ငါမင်းအတွက် ဆေးတစ်ခု ဖော်စပ်ထားတယ်။ အဲဒါက စိတ်ဖိစီးမှုတွေကို လျော့ချ ပေးနိုင်တယ်။ နောက်တစ်ကြိမ်ကျ ငါယူလာခဲ့မယ်..."

တန့်ချင်းက သူမကို အကဲခပ်ရင်း ပြောသည်။ သူ၏ စကားလုံးများက သူမကို နွေးထွေး စေသည်။

ထိုစဉ်မှာပင် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က သူတို့ထံသို့ လျှောက်လာခဲ့သည်။

"မစ္စတာရှီ..."

ကျန်းအန့်ချီက ပြုံးပြလိုက်သည်။ နင်းတန့်ချင်းကလည်း မစ္စတာရှီကို ခေါင်းညိတ်ပြသည်။ မစ္စတာရှီမှာ တာအိုရရှိခြင်း ထိပ်ဆုံးအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။  သို့သော်လည်း နင်းတန့်ချင်း အပေါ်တွင် မစ္စတာရှီ၏ ပုံရိပ်က လွှမ်းမိုးရန် မတတ်နိုင်ပေ။ နင်းတန့်ချင်းမှာ ကျိုးတဂျီ၏ တိုက်ရိုက် တပည့်တစ်ယောက် ဖြစ်သည့်အပြင် အသက်သုံးဆယ် လောက်နှင့်ပင် တာအိုရရှိခြင်း အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သူ၏ စွမ်းအားများက တစ်ချိန်ချိန်တွင် မစ္စတာရှီကို ကျော်လွန် သွားလိမ့်မည် ဖြစ်သည်။ မစ္စတာရှီက မျက်မှောင်ကြုတ်ရင်း ကျန်းအန့်ချီကို ပြောလိုက်သည်။

"မိန်းကလေးအန့်ချီ... မိန်းကလေး ကျွန်တော့်ကို စုံစမ်းခိုင်းထားတဲ့ အချက်အလက်တွေ ရပါပြီ..."

"ဒါပေမယ် အဲဒါက... အဲဒါက အခြေအနေ သိပ်မကောင်းဘူး။ ချန်းဖန်က သာမန်လူ တစ်ယောက် မဟုတ်ဘူး..."

***

All Chapters