နဂါးယဉ်ပါးခြင်း ကြိုးအစီအရင်
Vol. 3 Ch. 260
"ဘာကြီး..."
အံအားသင့်သံက လူထုကို ဖြတ်သန်းပြီး တစ်ခန်းလုံး၌ ပျံ့လွင့်လာ၏။
မကြာခင် လူအုပ်ထဲမှ ရွှေရောက်မျက်မှန်ကိုင်းနှင့် အသတ်လတ် လူကြီးတစ်ယောက်က ရှေ့သို့ တိုးလာကာ...
"ဆရာ... ခင်ဗျားမှာ သက်သေပြစရာ တစ်ခုခုရှိလား... ဥပမာ စာချုပ်လိုဟာမျိုးပေါ့..."
ချန်းဖန်က မည်သို့မျှ ပြန်မဖြေခဲ့ချေ။ ချန်းဖန်၏ အမူအရာကို ကြည့်ပြီး အသတ်လတ် လူကြီးက...
"မင်းမှာ ဘာမှ သက်သေပြစရာ တစ်ခုမှ မရှိဘူးပေါ့။ အဲဒါက ငါ စူပါမန်းဆီမှာ အကြွေး ဘီလျံတစ်ရာ ရစရာ ရှိတယ် ဆိုတာနဲ့ အတူတူပဲ..."
သူ၏ စကားအဆုံး၌ အခန်းတစ်ခုလုံး လှောင်ရယ်သံများ ဖုံးအုပ်သွားသည်။ ဣန္ဒြေကြီးဟန် ရသော မိန်းမပျိုများပင် သူတို့၏ ပါးစပ်ကို လက်ဖြင့် ဖုံးအုပ်ရင်း တခစ်ခစ် ရယ်နေကြသည်။ ကျန်းအန့်ချီပင်လျှင် ထိုလူကြီး၏ လိမ္မာပါးနပ်မှု၊ ကျွမ်းကျင်မှုတို့ကို ချီးကျူးလိုက်မိသည်။
"မစ္စတာဟူ... ခင်ဗျားက ဟောင်ကောင်ရဲ့ အတော်ဆုံး ရှေ့နေတွေထဲက တစ်ယောက်ဆိုတာ မထူးဆန်းဘူးပဲ။ အပြောက တကယ်ကောင်းတယ်။ ဟိုကောင်လေး ဘာမှတောင် မပြန်ပြော နိုင်တော့ဘူး..."
"ဟဟ... မစ္စတာဟူ တစ်ချက် ထောက်ပြလိုက်တာနဲ့တင် တရားရုံးတော်က သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ရတယ်။ ဆယ်ကျော်သက် ကောင်လေး တစ်ယောက်က သူ့ကို ဘယ်လို ယှဉ်ပြောနိုင်မှာလဲ..."
လူများက မှတ်ချက်ပေးကြသည်။ ထိုအသတ်လတ်လူ၏ အမည်မှာ ဟူဇီချန်းဖြစ်ပြီး သူတို့ မျိုးဆက်၌ အကျော်ကြားဆုံး ရှေ့နေ တစ်ယောက်ပင်။ သူ၏ လုပ်သက် ဆယ့်သုံးနှစ်အတွင်း မရေမတွက်နိုင်သော အောင်မြင်မှုများစွာ ရရှိခဲ့သည့်အပြင် ဟောင်ကောင် ဥပဒေပြုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
"ဆရာ... အထောက်အထား မရှိပဲ ခုလို စွပ်စွဲပြောဆိုမှုမျိုးက အနည်းဆုံး ထောင်သုံးနှစ် ချလို့ ရတယ်နော်..."
ဟူဇီချန်းက သူ၏ မျက်မှန်ကို ချွတ်ကာ လက်ကိုင်ပဝါစနှင့် သုတ်ရင်း ပြောသည်။ ထို့နောက် မျက်မှန်ကို ဂရုတစိုက် ကိုင်တွယ်ရင်း ပြန်တပ်လိုက်သည်။
"အိုး.. တကယ်ပေါ့..."
ချန်းဖန်က သူ့ကို လှည့်၍ပင် မကြည့်ချေ။ ထို့အစား ကျန်းအန့်ချီကိုသာ တစ်ချိန်လုံး စိုက်ကြည့် နေခဲ့သည်။
"မင်းကို အချိန်တစ်ချို့ ငါပေးထားခဲ့တယ်။ ဒါပေမဲ့ ငါက အရမ်းစိတ်ရှည် တတ်တဲ့ လူစား မဟုတ်ဘူး..."
"ဒါပေမဲ့ မင်းက ငါ့ရဲ့ ကောင်းမွန်တဲ့ စိတ်ကို ရိုက်ချိုးလိုက်ပြီ..."
ချန်းဖန်က စိတ်ပျက်မှုဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ "ကောင်းပြီလေ... ငါ့ရဲ့ စိတ်ရှည်မှုတွေ မရှိတော့ဘူး..."
ကျန်းအန့်ချီမှာ ကြောက်ရွံ့မှုကြောက့် နှစ်လုံးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
"ဆရာ... ခင်ဗျား ကျွန်တော့်ကို နားထောင်နေလား..."
ဟူဇီချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အရင်ဆုံး မင်းက ဥပဒေကို ချိုးဖောက်ပြီး အထဲကို ခိုးဝင်လာတယ်။ နောက်ပြီးတော့ မစ္စအန့်ချီကိုလည်း မဟုတ်မမှန် စွပ်စွဲခဲ့တယ်။ မင်းဘဝတစ်ခုလုံး ထောင်ထဲမှာ နေဖို့ ပြင်ဆင်ထားတော့..."
ဟူဇီချန်းအနေဖြင့် သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိသည်။ သူ၏ အဆင့်အတန်းနှင့် ဆိုပါက ထိုကောင်လေးကို ထောင်ထဲတွင် ထည့်ထားနိုင်သည်။ ယခု မွေးနေ့ပွဲသို့ ရောက်လာသူ အားလုံးမှာလည်း တကယ့်ထိပ်တန်း ပုဂ္ဂိုလ်များသာ ဖြစ်ပြီး ချမ်းသာကြွယ်ဝမှု၊ အာဏာ စသည်တို့အားလုံးက ဟောင်ကောင်တွင် အနှိုင်းမဲ့ပင်။ လူများစွာမှာလည်း ဟူဇီချန်း၏ စကားကို အကြွင်းမဲ့ ယုံကြည်ကြသည်။ ထိုကောင်လေးတွင်သာ မယုံကြည် နိုင်လောက်သော နောက်ခံ အင်အားမရှိခဲ့လျှင် သူ့ဘဝ တစ်လျှောက်လုံး ထောင်ထဲတွင်သာ နေထိုင်ရလိမ့်မည် ဖြစ်သည်။
"အရှက်မဲ့လှချေလား..." ချန်းဖန်က မျက်မှောက်ကြုတ်ကာ လက်တစ်ချက် ဝှေ့ယမ်း လိုက်သည်။
"ဘန်း..."
ဟူဇီချန်း နောက်သို့ လွင့်ပျံသွားပြီး စားပွဲများ၊ ထိုင်ခုံများနှင့် တိုက်မိကာ ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျသည်။ သူ၏ ဒေါ်လာထောင်ဂဏန်း တန်သော USA ထုတ် မျက်မှန်မှာလည်း အစစကွဲကြေကာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေတော့သည်။
အခန်းတစ်ခုလုံးကား အပ်ကျသံပင် ကြားရလောက်အောင် လုံးဝ တိတ်ဆိတ်သွား၏။ ချန်းဖန် ဟူဇီချန်းကို ရုတ်တရက် ရိုက်လိုက်မည်ဟု မည်သူမျှ မထင်ထားကြချေ။ ထို့အပြင် ထိုပုဂ္ဂိုလ်မှာ ဟောင်ကောင်၏ ထိပ်တန်း ရှေ့နေတစ်ဦး ဖြစ်နေသေးသည်။
နင်းတန့်ချင်း တစ်ယောက်သာ အခြေအနေအားလုံးကို နားလည်နေခဲ့သည်။ ထိုကောင်လေး၏ လှုပ်ရှားမှုကို သူပင် တစ်စွန်းတစ်စ မတွေ့မြင်ခဲ့ရပေ။ ဆိုလိုသည်မှာ ထိုကောင်လေး၏ စွမ်းအားမှာ အထွတ်အထိပ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေခြင်း ဟူ၍ပင်။ နင်းတန့်ချင်း ငယ်ရွယ်သော ကောင်လေးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ထိုကောင်လေးကား အလွန်ပင် ငယ်ရွယ် နေသေးသည်။ သူ့အရွယ်ဖြင့် အထွတ်အထိပ် တစ်ပိုင်းအဆင့်ကို ရောက်နေခြင်းက စဉ်းစား၍ မရနိုင်သော အရာပင်။
မစ္စတာရှီမှာလည်း ကျောက်ရုပ်တု တစ်ခုကဲ့သို့ တစ်စက်မျှ မလှုပ်ဝံ့ချေ။ ထိုကောင်လေးမှာ တရုတ်၏ အစွမ်းအထက်ဆုံး အထွတ်အထိပ်အဆင့် ပညာရှင် ဖြစ်နေကြောင်း သံသယ ရှိစရာ မလိုတော့ချေ။ ထိုရှေ့နေ အတော်လေး ကံကောင်းသွားသည်ဟု ဆိုရမည်။ သူ့ကို သတ်လိုက်လျှင်ပင် ဟောင်ကောင်အစိုးရက အထွတ်အထိပ် အဆင့်တစ်ယောက်၏ ကိစ္စတွင် တရားမျှတမှုကို ရှာဖွေပေးလိမ့်မည် မဟုတ်ချေ။
"မင်း... ငါ့ကို လုပ်ရဲလား..."
မစ္စတာဟူက သူ့မျက်နှာက မှန်ကွဲစများကို လက်ဖြင့် သပ်ချရင်း မေးလိုက်သည်။
"နောက်စကားတစ်ခွန်း ထပ်ပြောရင်... မင်းကို သတ်မယ်"
ချန်းဖန်၏ စကားက တိကျပြတ်သားစွာ ပေါ်ထွက်လာသည်။ မစ္စတာဟူ သူ့ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်မိသည်။ သူ၏ စကားစွမ်းရည် မည်မျှပင် ကောင်းစေကာမူ ချန်းဖန်ကို တစ်ခွန်းမျှပင် ထပ်မပြောရဲတော့ချေ။
အခန်းထဲရှိ လူများစွာမှာလည်း ထိုအခြေအနေများကြောင့် အလွန်ပင် ကြောက်ရွံ့ နေခဲ့တော့သည်။ သူတို့အားလုံးမှာ ငြိမ်းချမ်းသော ဘဝတွင်သာ အပူအပင် ကင်းမဲ့စွာ နေထိုင်ခဲ့သဖြင့် ယခုကဲ့သို့ အဖြစ်အပျက်မျိုး မကြုံခဲ့ဖူးပေ။
ချန်းဖန်က တစ်ခါမျှပင် သူတို့ကို လှည့်မကြည့်ခဲ့ချေ။ ထို့အစား ကျန်းအန့်ချီကိုသာ ကြည့်ရင်း...
"ရွေးစရာနှစ်ခု ရှိတယ်။ ပိုက်ဆံလား။ မင်းရဲ့အသက်လား..."
ကျန်းအန့်ချီ၏ နတ်သမီးတစ်ယောက်ကဲ့သို့ ရုပ်ရည်၊ ညှို့ယူနိုင်သော နတ်ဆိုး တစ်ယောက်၏ ခန္ဓာကိုယ်နှင့် နောက်ခံမိသားစုကိုပါ ထည့်ပေါင်းလိုက်လျှင် ကမ္ဘာပေါ်ရှိ ယောက်ျားအားလုံး နီးပါး၏ အိပ်မက် နတ်သမီးလေး ဖြစ်သည်။ သို့သော် ချန်းဖန်အတွက်မူ သူမက ပုရွက်ဆိတ် တစ်ကောင်ထက် မပိုချေ။
"ချန်း... ဆရာချန်း..."
ကျန်းအန့်ချီ ဖြူလျော့လျော့ ပြုံးလိုက်သည်။ ဥပဒေများ၊ စည်းမျဉ်းများက ချန်းဖန်အတွက် အသုံးဝင်ပုံ မရချေ။ သူမတွင် မျှော်လင့်စရာ တစ်ခုသာ ရှိတော့သည်။ ကျန်းအန့်ချီ သူမ၏ ဘေးနားရှိ နင်းတန့်ချင်းကို လှမ်းကြည့်လိုက်သည်။
နင်းတန့်ချင်းက ရှေ့သို့ တစ်လှမ်းတိုးရင်း...
"အန့်ချီ မင်းဆီမှာ အကြွေးဆယ်ဘီလျံ တင်နေတာ ဖြစ်စေ၊ မတင်ဘူး ဖြစ်စေ ငါ ဂရုမစိုက်ဘူး။ အစီအရင် ပညာရှင်တွေရဲ့ အဖွဲ့အစည်းမှာ မင်းရဲ့ အပြုအမူတွေကိုတော့ ဆင်ခြင်သင့်တယ်..."
သို့သော် ချန်းဖန်က သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။ ထို့အစား သူ၏ အကြည့်က ကျန်းအန့်ချီထံတွင်သာ တည်ရှိနေခဲ့သည်။
နင်းဆန့်ချင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း...
" ဟမ့်... မင်းကိုယ်မင်း အတွင်းအား ပညာရှင် တစ်ယောက် ဆိုတိုင်း မင်းလုပ်ချင်တာ လုပ်လိုရပြီလို့ ထင်မနေနဲ့။ ဒီကိုလာတဲ့လူတိုင်းရဲ့ သက်တော်စောင့်တွေ အားလုံးကလည်း အတွင်းအား ပညာရှင်တွေ ချည်းပဲ။ နောက်ပြီးတော့ ဟောင်ကောင်ရဲ့ အခြားပညာရှင်တွေလည်း အများကြီး ရှိသေးတယ်။ ဟောင်ကောင်က အစီအရင် ပညာရှင်တွေရဲ့ မြို့တော်ဆိုတာ မမေ့နဲ့..."
လူတိုင်းက နင်းတန့်ချင်း၏ စကားကို သဘောတူစွာ ခေါင်းညိတ် လိုက်ကြသည်။ သို့သော် မစ္စတာရှီမှာမူ တစ်ချက်မျှပင် မလှုပ်ဝံ့ချေ။ ထိုလူငယ်လေးမှာ သာမန် အတွင်းအား ပညာရှင်တစ်ယောက် မဟုတ်ချေ။ အထွတ်အထိပ် အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေသည့် ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ၏ စွမ်းအားများနှင့်ဆိုလျှင် ဟောင်ကောင် မဆိုထားနှင့်။ ကမ္ဘာကြီးကိုပင် ကြိုက်သလို ကိုင်တွယ်နိုင်စွမ်း ရှိသည်။
"ငါ့နာမည်က နင်းတန့်ချင်း။ ငါ့ဆရာက ကျိုးတချီ။ မင်း ငါဘယ်သူဆိုတာ နားလည်ရင် မင်းရဲ့ အပြုအမူတွေ အတွက် ခုချက်ချင်း တောင်းပန်စမ်း..."
"ကျိုးတချီ... သူက ဘယ်သူလဲ..." နင်းဆန့်ချင်း၏ အကြည့်အောက်တွင်ပင် ချန်းဖန် မူလနေရာမှ ပျောက်ကွယ်ကာ ကျန်းအန့်ချီ၏ ရှေ့၌ ပြန်လည် ပေါ်လာခဲ့သည်။
ထို့နောက် သူ၏ လက်တစ်ဖက်ကို မြှောက်ကာ ကျန်းအန့်ချီ၏ လည်ပင်းကို ဆွဲမ လိုက်သည်။ ဖက်ရှင်လောက၏ ဘုရင်မလေးကား လေထဲသို့ မြောက်တက်လာသည်။
"ရပ်စမ်း..."
"သူမကို လွှတ်လိုက်စမ်း..."
"မင်းက သေချင်နေတာလား..."
ချန်းဖန်၏ အပြုအမူက အခန်းအတွင်းရှိ လူတိုင်းကို ဒေါသ ထွက်စေသည်။ သက်တော်စောင့်များ၊ လုံခြုံရေးများက ချန်းဖန်ထံသို့ ပြေးဝင်လာသည်။
"ထွက်သွားစမ်း..."
ချန်းဖန်က ပြောရင်း လက်တစ်ဖက်ကို ပျင်းရိစွာ ဝှေ့ရမ်းလိုက်သည်။ ရုတ်တရက် လှိုင်းတစ်ခုက အင်အားကြီးစွာ ပေါ်ထွက်လာပြီး ထိုလူများကို တိုက်စားသည်။ ချန်းဖန်၏ ပတ်ဝန်းကျင် ဆယ်မီတာ အတွင်းရှိ လူအားလုံး ထိုတိုက်စားမှုကို ခံနိုင်ရည် မရှိပဲ မြေပြင်ပေါ်သို့ လဲလျောင်းရ၏။
နင်းတန့်ချင်းမှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားသည်။ ထိုသို့သော စွမ်းအားမှာ အထွတ်အထိပ် တစ်ပိုင်း ပညာရှင်များ၏ စွမ်းအားဖြစ်သည်။ ထိုကောင်လေးမှာ အထွတ်အထိပ် တစ်ပိုင်းပညာရှင် ဖြစ်သည်မှာ သေချာနေပြီ ဖြစ်သည်။ သို့သော် သူကိုယ်တိုင်မှာလည်း အသက်သုံးဆယ်နှင့် တာအိုရရှိခြင်းအတင့်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်ရာ ကြောက်လန့်စရာ အကြောင်း မရှိချေ။
"မင်းက အထွတ်အထိပ် တစ်ပိုင်းဖြစ်တော့ရော ဘာအရေးလဲ။ ငါ့ဆရာက အထွတ်အထိပ် အဆင့်ပညာရှင်ကိုတောင် သတ်နိုင်ခဲ့တာ။ အထွတ်အထိပ် တစ်ပိုင်းအဆင့်က ငါ့အတွက် ပြဿနာ မဟုတ်သေးဘူး..."
နင်းတန့်ချင်းက အေးစက်စက် ပြုံးရင်း လက်ဝါးနှစ်ဖက်ကို တစ်ချက် ရိုက်လိုက်သည်။ လက်ဝါးနှစ်ခုက လေထဲတွင် ကခုန်ရင်း အသွင်သဏ္ဌာန်တစ်ခုကို ပုံဖော်သည်။ နှေးကွေးစွာပင် ဓမ္မစွမ်းအားတစ်ခု သူ၏ လက်ချောင်းများမှ စတင်ဖြစ်တည်လာပြီး အင်အားကြီးမားသည့် စွမ်းအားတစ်ခုကို ကိုယ်စားပြုသည်။
"တောင်ဘက်ဂိုဏ်း၏ ဆန်းကြယ်လက်ချောင်း၊ လက်ဝါးနှင့် လက်ချောင်း အစီအရင်..."
နင်းတန့်ချင်းမှာ သူ၏ အစီအရင်ကို တစ်ဆယ်စက္ကန့်အတွင်း ပြီးစီးအောင် ခင်းကျင်း လိုက်၏။ သူ၏ အမြန်နှုန်းမှာ ယွမ်ဟန်ထက် သုံးဆခန့်ပင် ပိုမိုမြန်ဆန်နေခဲ့သည်။ ဟောင်ကောင်မှ အစွမ်းအထက်ဆုံး ပညာရှင်၏ တပည့်ဟု မပြောရချေ။
"ဟင်းလင်းပြင် အစီအရင်၊ နဂါးယဉ်ပါးခြင်း..."
နင်းတန့်ချင်း အော်ဟစ်လိုက်သည်။ လူတိုင်း၏ အကြည့်များ အောက်တွင်ပင် အစီအရင်တစ်ခုက လေထဲတွင် ဖြစ်တည်လာကာ နဂါးတစ်ကောက်ဟန် ကခုန်သည်။ ထိုအရာများမှာ ယုတ်မာခြင်း ချီစွမ်းအားများဖြင့် ဖန်တီးထားသည့် နဂါးသဏ္ဌာန် ကြိုးများဖြစ်သည်။
နဂါးသုံးကောင်က ချန်းဖန်ကို စတင်ရစ်ပတ်ကာ လှုပ်ရှားမှုကို ထိန်းချုပ်သည်။ ထိုအရာမှာ ကျိုးတချီ၏ အနှစ်သက်ဆုံးအစီအရင်... "နဂါး ယဉ်ပါးခြင်း ကြိုးအစီအရင်..." ပင်။
ထိုအစီအရင်က နဂါးတစ်ကောင်ကိုပင် ချည်နှောင်နိုင်သည်ဟု အဆိုရှိသည်။ ကျိုးတချီမှာ ထိုအစီအရင် ကြိုးဖြင့် အထွတ်အထိပ် အဆင့်တစ်ယောက်အား ရစ်ပတ်ကာ သတ်ဖြတ်နိုင်ခဲ့သည်။
***