← Chapters

သစ်ပင်လူသားများ

Vol. 60 Ch. 966

သစ်ပင်လူသားများ

Vol. 60 Ch. 966

အပျက်အစီး အကြောင်း ဆွေးနွေး ပြီးနောက် ချန်လွေ့က မိုးတိမ်မြို့တွင် ဆက်မနေတော့ဘဲ ထွက်ခွာသွား၏။

တမန်တော်-ယောင် ကူးလားက ချန်လွေ့ကို ကောင်းမွန်သော အထင် အမြင်ကို ပေးခဲ့သည်။ သူက တမန်တော်ဟု ခေါ်သော်လည်း လူသား တစ်ဦးသာ ဖြစ်သည်။ ရာဖယ်ရယ်၊ မိုက်ကယ်နှင့် အခြားသူများကဲ့သို့ သာမန်လူများကို ပုရွက်ဆိတ်များအဖြစ် သဘောထားပြီး မြင့်မားစွာ နေထိုင်သည့် စိတ်နေစိတ်ထားမျိုး မရှိပေ။ သို့သော် မျက်နှာဖုံး ဝတ်လွန်းပါက မျက်နှာအမှန် ဖြစ်လာနိုင်သည် ဟူသော ဆိုရိုးစကား ရှိအေသည်။

ထို့ကြောင့် ချန်လွေ့က မိသားစုနှင့် မိတ်ဆွေများ အရှေ့တွင် မျက်နှာဖုံးကို မကြာခဏ ချွတ်ပြီး သူ၏ အစစ်အမှန် ပုံစံအဖြစ် နေနေခဲ့လေသည်။

အရေး အကြီးဆုံးမှာ လောကကြီး မည်သို့ပင် ပြောင်းလဲပါစေ၊ သူက လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။

ချန်လွေ့ ရုတ်တရက် ခေါင်းမော့ လိုက်ရာ ပြာလဲ့သော ကောင်းကင်ကို မြင်လိုက်ရသည်။

လူတွေ မော့ကြည့်တဲ့ တမန်တော်တွေ၊ နတ်ဘုရားတွေက မျက်နှာဖုံး မတပ်ခင် ဘယ်လို မျက်နှာမျိုးတွေ ရှိခဲ့တာလဲ။ ခင်ဗျားတို့ မှတ်မိကြသေးလား။

“ဘာတွေ စဉ်းစားနေတာလဲ။”

ဇိုလာ၏ အသံက ချန်လွေ့၏ အတွေး များကို ဖြတ်တောက် လိုက်သည်။ သူ့ရှေ့တွင် အဆုံးမဲ့ ပင်လယ်ကြီး ရှိနေသည်။ သူက မိစ္ဆာထောင်ခြောက် သင်္ဘော၏ ရွက်တိုင်ကြီးတွင် မှီကာ လှပသော မစ်-နတ်မိမယ် နဂါးကို ပွေ့ဖက်ထားလေသည်။ ချန်လွေ့က အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်ကို ငြိမ်ငြိမ်သွားပြီး ဇိုလာ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်၏။ “ဘာမှ မဟုတ်ပါဘူး။”

“ဟုတ်လို့လား။”

“အင်း... တကယ်တော့...” ချန်လွေ့ ပြုံးပြီး ဇိုလာ၏ မျက်နှာကို နမ်းလိုက်၏။ “ကိုယ့် ဇိုလာရဲ့ ဆန္ဒလေးကို ဘယ်လို ဖြည့်ဆည်းပေးရမလဲ စဉ်းစားနေတာ။”

“အိုး...” မစ်-နတ်မိမယ်နဂါး၏ မျက်နှာ ရုတ်တရက် နီရဲသွား၏ ထိုဆန္ဒလေးက သော်သော်ကို ညီလေး တစ်ယောက် သို့မဟုတ် ညီမလေး တစ်ယောက် ရှိစေရန်ပင်။

ထိုဆန္ဒလေးအတွက် မစ်-နတ်မိမယ် နဂါးက ထိုရက်ပိုင်း ‘ကြိုးစား’ နေခဲ့၏။ ခီရာ၏ မူရင်းစကားအတိုင်းဆိုရင် သူက ‘တစ်ယောက်တည်း ပျော်နေတယ်’ ဆိုသည့် သဘောအတိုင်းပင်။

သက်တမ်းနဲ့ ပတ်ဝန်းကျင်ကြောင့် နတ်ဆိုးများက အစွမ်းထက်လေလေ၊ သားသမီးရရန် ပိုခက်လေလေ ဖြစ်သည်။ ချန်လွေ့၏ ခန္ဓာကိုယ်က လူသားဖြစ်၏။ လူ့လောကရှိ အစွမ်းထက် ပုဂ္ဂိုလ်များ ကလည်း အစွမ်းထက်လေလေ၊ ကလေး ရရှိရန် ခက်ခဲလေလေ ဖြစ်သော်လည်း ပုံမှန်အားဖြင့် လူသားများ၏ ကလေး မွေးဖွားနှုန်းက နတ်ဆိုးများထက် အများကြီး ပိုများပေသည်။ ယခင်က ချန်လွေ့သည် အားနည်းပြီး ပင်ပန်း နေသောကြောင်း ဒီအပိုင်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ ယခုတွင် သူက တည်ငြိမ်သော မိသားစုတစ်ခု ရှိနေပြီ ဖြစ်သည်။ အသီနာ၊ ခီရာ၊ ဇိုလာ၊ ရှီရာ၊ ဖဲချပ်သရင်းနှင့် အစ်ဇဘယ်လာ။ စုစုပေါင်း မိန်းမ၆ယောက် ရှိလေသည်။ အတူတူ အိပ်ခြင်းက ‘အလုပ်ကြိုးစား’ သည်ဟူသော စကားလုံးဖြင့် ဖော်ပြ နိုင်သော်လည်း ယခုအချိန်အထိ သူ့တွင် သမီးလေး သော်သော် တစ်ယောက်သာ ရှိသေးတယ်။ ထို့ပြင် ဇာမဏီလေးက ဖဲချပ်သရင်းထံမှတဆင့် မွေးဖွားရန် အတွက် လျှို့ဝှက် ပညာရပ်ကို အသုံးပြု ခဲ့ရတယ်။ လူသားနှင့် တခြားမျိုးနွယ်တွေ (နတ်ဆိုးဘုံကမျိုးနွယ်တွေ) ပေါင်းစပ် တာက ကလေးရဖို့ ခက်ခဲတဲ့ အတွက်ကြောင့်လား။ သို့မဟုတ် ဝိညာဉ် ပြန်လည် မွေးဖွားလာခြင်း ကြောင့်လား။ သို့မဟုတ် စူပါစနစ် ကြောင့်လား။ ချန်လွေ့ အမြဲတမ်း တွေးနေခဲ့သည်။ ဒါပေမဲ့ သားသမီးရမယ့် ကိစ္စကို ကံတရား အပေါ်ပဲ ပုံအပ်လိုက်တာပေါ့။။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု ချစ်စရာ ကောင်းတဲ့ သော်သော်လေး ရှိနေပြီ။ သူက အနီးစပ်ဆုံးနဲ့ အချစ်ရဆုံး သမီးလေးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ငါက တရားဝင် အဖေတစ်ယောက် ဖြစ်နေပြီ။

မိန်းမ၊ ကလေး၊ မိတ်ဆွေနဲ့ မိသားစု ရှိနေပြီဆိုတော့ ဒီဘဝက ဘယ်လိုပဲ ဖြစ်ဖြစ် တန်နေပါပြီ။ ချန်လွေ့က ဇိုလာကို ထပ်နမ်းပြီး တင်းတင်း ပွေ့ဖက်လိုက်၏။ သူက ရွက်တိုင်ကို မှီကာ ပင်လယ် လေညှင်းကို ခံစားနေပြီး မျက်လုံးများက အထူး တည်ငြိမ်နေလေသည်။

ဇိုလာက သူ့ရင်ခွင်ထဲ လဲလျောင်းရင်း အားကောင်းသော နှလုံးခုန်သံကို ခံစား နေပြီး ချန်လွေ့ ရင်ထဲမှ ငြိမ်သက်ခြင်းနဲ့ နွေးထွေးမှုကို ခံစားနေ၏။ သူ၏ နှလုံးသား ကလည်း နွေးထွေးလာပြီး မလွတ်မြောက်နိုင်တဲ့ ပျော်ရွှင်မှုများ ရှိနေလေသည်။

“ချန်လွေ့...”

“အင်း”

“ကျွန်မ တကယ် ပျော်တယ်။ အထီးကျန်တဲ့ ခံစားချက်ကို လျှော့ချဖို့ အတွက် သဲသဲမဲမဲ လေ့ကျင့်တာတွေ၊ သုတေသန လုပ်တာတွေ လုပ်စရာ မလိုတော့ဘူး။ ဒီလို နှစ်ပေါင်းများစွာ မသိနားမလည်ဘဲ နေလာခဲ့ပြီး အခုမှ တကယ် အသက် ရှင်သလို ခံစားရတယ်။ တကယ် ကောင်းတာပဲ။”

“အိုး...”

“ကျန်တဲ့ ဘဝ တလျှောက်လုံး ကျွန်မကို ဒီလိုမျိုးပဲ တင်းတင်း ပွေ့ဖက်ထားရမယ်။”

“ဘာပြောလိုက်တယ်...”

“....” မစ်-နတ်မိမယ်နဂါး ပါးစပ်ဟ လိုက်ပြန်သော်လည်း ဘာမှမပြောတော့။ အဘယ်ကြောင့် ဆိုသော် သူက သနားစရာကောင်းသော အတုခိုးသမား တစ်ဦးကို အားမနာတမ်း ကိုက်လိုက် သောကြောင့်ပင်။

“အား...လက်...လက်နာ...”

မစ်-နတ်မိမယ်နဂါး၏ စိတ်ဆိုးနေသော မျက်နှာကို မြင်သောအခါ ချန်လွေ့က လက်ဝါးမှ ကိုက်ရာနှစ်ခုနဲ့ မှုတ်ရင်း ဇိုလာ၏ နားရွက်နားကို ရုတ်တရက် တိုးတိုးလေး ကပ်ပြောလိုက်၏။

“သွားကြမယ်။ အဲဒီ ဆန္ဒလေးကို ဖြည့်ဆည်းဖို့ ကြိုးစားကြတာပေါ့။” မစ်-နတ်မိမယ်နဂါးရဲ့ မျက်နှာ နီရဲသွား၏။ သူ့၏နားက ယားကျိကျိ ဖြစ်လာပြီး တကိုယ်လုံး အားမရှိသလို ဖြစ်သွား လေသည်။ ချန်လွေ့ ရယ်မောလိုက်ရင်း သူကို ချီမကာ သင်္ဘောခန်းထဲသို့ လျှောက်သွားတော့သည်။

သဲလူသားများက အံ့အားသင့်နေပြီး မမြင်ချင်ယောင်ဆောင်ကာ မြေပုံကို ဂရုတစိုက် ကြည့်ရင်း မိစ္ဆာထောင်ခြောက် သင်္ဘောကို ရှေ့သို့ ဆက်လက် မောင်းနှင် နေလေသည်။ ပန်းတိုင်မှာ ကျောက်စိမ်း သစ်တောပင်လယ်ပင်။

မိစ္ဆာထောင်ခြောက်သင်္ဘောက အလွန် မြန်လှသည်။ နှစ်ရက်အကြာ မနက်ပိုင်း စောစောတွင် ကြီးမားပြီး စိုပြည်သော သစ်တောပင်လယ်ကို မြင်တွေ့ခဲ့ရသည်။

ကုန်းပေါ်ရောက်ပြီးနောက် ချန်လွေ့က သဲလူသားများနှင့် မိစ္ဆာထောင်ခြောက် သင်္ဘောတို့ကို သိမ်းဆည်းလိုက်၏။ သူသည် ဖီနိုအီယာ ပေးခဲ့သော နတ်သူငယ် မျိုးနွယ်စုမှ အထူးပြုလုပ် ထားသည့် အစိမ်းရောင် သစ်ရွက် မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။

အစိမ်းရောင်သစ်ရွက်မြေပုံက သာမန် မှော်မြေပုံနှင့် သံလိုက်အိမ်မြှောင်တို့နှင့် ကွဲပြား၏။ ဖီနိုအီယာ၏ ပြောပြချက်အရ ၎င်းမှာ နတ်သူငယ် မျိုးနွယ်စု၏ သီးသန့် သဘာဝ အငွေ့အသက်ဖြင့် ပြုလုပ် ထားသော အဖိုးတန်မြေပုံ ဖြစ်ပြီး ကျောက်စိမ်း သစ်တော ပင်လယ်၏ အစီအရင်နှင့် ကွဲပြားသော အင်အား များကြောင့် အနှောင့်အယှက် ခံရမည် မဟုတ်ပေ။ မြေပုံ၏ အလယ်ဗဟိုတွင် နတ်သူငယ် မျိုးနွယ်စု၏ ငွေလ ကောင်းကင် မြို့တော် ရှိသည်။ သံလိုက် အိမ်မြှောင်ကဲ့သို့ပင် မြေပုံကိုင်ဆောင်သူ မည်သည့်နေရာသို့ သွားသည် ဖြစ်စေ အစိမ်းရောင်သစ်ရွက်၏ ဦးတည်ချက်က အမြဲပင် ကောင်းကင်မြို့တော် တည်နေရာ အမှန်ကို ညွှန်ပြနေပေလိမ့်မည်။

ငွေလကောင်းကင်မြို့၌ ဖီနိုအီယာကို တွေ့နိုင်လျှင် သစ်တောနေလူပု၏ ကျောက်လက်သီးရွာကို ရှာတွေ့နိုင်မည် ဖြစ်သည်။ ချန်လွေ့က ဇိုလာကို အစိမ်းရောင် သစ်ရွက် ညွှန်ပြနေသော ငွေလကောင်းကင်မြို့ ဦးတည်ရာကို ခေါ်သွားခဲ့သည်။

ကျောက်စိမ်း သစ်တော ပင်လယ်က အလွန်ကြီးမားပြီး သာမန် တိုင်းပြည်များ သာမက အင်ပါယာများ၏ နယ်မြေ ထက်ပင် များစွာ ကျယ်ဝန်းလှသည်။ သစ်တောတွင် မြင့်မားသော သစ်ပင်ကြီး များနှင့် ထူးဆန်းသော အပင်များ ပြည့်နှက် နေပြီး ခန့်မှန်းရခက်သော အန္တရာယ်များစွာလည်း ရှိနေသည်။

ဇိုလာက တိုင်းပြည်အဆင့် နဂါး အငွေ့အသက် အနည်းငယ် ထုတ်လွှတ် လိုက်ရာ အနီးအနားရှိ သားရဲ တိရစ္ဆာန်များ ထွက်ပြေးသွားကြသည်။ သို့သော် အမဲလိုက်ရန် အလိုလိုသိစိတ် အပေါ်တွင်သာ မှီခိုနေသော အသားစား အပင်များစွာလည်း ရှိနေပြီး ၎င်းတို့က ထိုအငွေ့ အသက်ကို မမှုပေ။ သားကောင်က အနီးသို့ ရောက်သည်နှင့် ၎င်းတို့က ချက်ချင်း တိုက်ခိုက်လိမ့်မည်။ ခြိမ်းခြောက်မှု မဖြစ်နိုင် သော်လည်း သတိထားရပေမည်။

ချန်လွေ့နှင့် ဇိုလာတို့ လက်ချင်းတွဲ၍ ရှေ့သို့ ဆက်လျှောက်လာ ကြသည်။ သူတို့နှစ်ဦးစလုံးက တိုင်းပြည်အဆင့်၏ ထိပ်သီးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သစ်တော ပင်လယ်ရှိ ထူးဆန်းသော စွမ်းအားများက နေရာလွတ်စွမ်းအားကို များစွာ ကန့်သတ်ထား သောကြောင့် သူတို့က စွမ်းအား အပြည့်အစုံဖြင့် နေရာ မရွေ့ပြောင်းနိုင်ကြပေ။ သို့သော် ဇိုလာ၏ ဒြပ်စင်၆ခုတိုင်းပြည် စွမ်းအားက အလွန် အံ့သြဖွယ် ကောင်းလှသည်။ ချန်လွေ့က လေဒြပ်စင်များဖြင့် ရစ်ပတ် ခံလိုက်ရသလိုပင် လေပေါ် လမ်းလျှောက် နေသလို ခံစားနေရသည်။ သူကိုယ်တိုင် မည်သည့် စွမ်းအားကိုမျှ အသက် မသွင်းဘဲ သူ၏ ကိုယ်ခန္ဓာကို ဇိုလာက ရှေ့သို့ တွန်းပို့ပေးနေ၏။

ထိုအရှိန်က မြေပြင် စိးစရာများနှင့် နတ်သူငယ် များ၏ ငွေရောင် ပီဂါဆက် ထက်ပင် ပိုမို၍ မြန်ဆန်ပေသည်။ ချန်လွေ့က မှော်ဒြပ်စင်များ၏ လျှို့ဝှက် ဆန်းကြယ်မှုကို တိတ်တဆိတ် ညည်းညူ နေသော်လည်း သူ့ကဲ့သို့ မှော်ပညာ ငတုံး အတွက်မူ ခံစားချက်များဖြင့်သာ သက်ပြင်းချနိုင်လေသည်။

၆နာရီခန့် ကြာပြီးနောက် ဇိုလာ၏ အရှိန်ပြင်းသော ပုံရိပ်က ရုတ်တရက် ရပ်တန့်သွားပြီး ချန်လွေ့လည်း ရှေ့တွင် မူမမှန်သော အခြေအနေကို လေးလေး နက်နက် ခံစားလိုက်မိသည်။

အနည်းဆုံး လူ ၂၀ ခန့် ဖက်နိုင်သည့် ကြီးမားသော သစ်ပင်အိုကြီး တစ်ပင် ရှိနေသည်။ ထိုသို့ သစ်ပင်အိုကြီးမျိုးက ကျောက်စိမ်း သစ်တော ပင်လယ်တွင် အမှန်တကယ် မရှားပေ။ အပြင်ပန်းတွင် သာမန် သစ်ပင်များနှင့် မည်သည်မှ မကွာခြား သော်လည်း ချန်လွေ့နှင့် ဇိုလာတို့ နှစ်ဦးစလုံးက ထိုသန့်စင်ပြီး အင်အားကြီးသော အသက်စွမ်းအားကို ခံစားနိုင်လေသည်။

မျိုးနွယ်စု - သစ်ပင်လူသားများ

စွမ်းအားအကဲဖြတ်မှု - SS-

ခန္ဓာအမျိုးအစား - SSSS-

ခွန်အား- SS-

စိတ်ဝိညာဉ် - S

အမြန်နှုန်း - C

[စိစစ်ချက်] - မြေဂုဏ်သတ္တိ၊ အထူး ဥယျာဉ်မှူး၊ ချုပ်နှောင်ရစ်ပတ်စွမ်းအား၊ အစီအရင် အကာအကွယ်။

အန္တရာယ်အဆင့် - ပုံမှန်

ချန်လွေ့သည် အမြန်နှုန်း C အဆင့် ရှိသည့် တိုင်းပြည် အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုကြီးမားသော သစ်ပင်အိုကြီးများ၌ ‘အထူးဥယျာဉ်မှူး’ ဟူသော အထူးပါရမီ တစ်ခုလည်း ရှိနေသည်။ လမ်းတလျှောက် မြင်တွေ့ ခဲ့ရသော ထိုနယ်မြေတွင် အပင်များ အထူး စိမ်းလန်းစိုပြည်စွာ ပေါက်ရောက် နေခြင်းက ထိုပါရမီနှင့် သက်ဆိုင် နိုင်လောက်သည်။ သစ်ပင်လူသားများက ပျိုးထောင်ခြင်း၌လည်း ကျွမ်းကျင်သူများ ဖြစ်ပုံရသည်။

ရှေ့ဆက်မတိုးတော့ဘဲ ရပ်လိုက်သော လူနှစ်ဦးကို မြင်ရာ သစ်ပင်လူသားက ဖြည်းဖြည်းချင်း လှုပ်ရှား လိုက်သည်။ ၎င်း၏ ကြီးမားသော ကိုယ်ခန္ဓာ တုန်ခါသွားသည်နှင့်အမျှ ဖုန်မှုန့်များစွာ လျင်မြန်စွာ ကျလာပြီး သစ်ကိုင်းများပေါ်မှ ငှက်များ ကြောက်ရွံ့စွာ ပျံတက်သွား ကြသည်။

တစ်ချိန် တည်းမှာပင် အထူးမှော် စွမ်းအားများက သစ်ပင်လူသားကို ဗဟိုပြု၍ လျင်မြန်စွာ ပျံ့နှံ့သွားပြီး အရည်လဲ့သော နံရံ အလွှာပေါင်း များစွာက နေရာလွတ်ကို မရေမတွက် နိုင်သော ‘အပိုင်းအစများ’ အဖြစ် ပိုင်းခြားကာ လမ်းကို ပိတ်ဆို့လိုက်၏။

ကြီးမားသော သစ်ပင်ပင်စည်ပေါ်တွင် မျက်လုံးနှစ်လုံး ဖြည်းဖြည်း ပွင့်လာပြီး မျက်နှာသွင်ပြင်က အမှန်ပင် ထင်ရှား နေသည်။’မျက်ခုံး’ နှင့် ‘မုတ်ဆိတ်’ တို့က စိမ်းလန်း စိုပြည်သော သစ်ကိုင်းများနှင့် အရွက်များ ဖြစ်၏။ အဝေးမှကြည့်လျှင် အဘိုးအိုတစ်ဦးနှင့် တူပေသည်။

ထို ‘သစ်ပင်’၏ အသက်ကို မသိ သော်လည်း အငွေ့အသက်ကို ကြည့်ခြင်း အားဖြင့် ဇိုလာက သူ့ရှေ့တွင် ကလေးမလေး တစ်ဦးမျှသာ ဖြစ်နိုင်၏။

သစ်ပင်လူသားက ၎င်း၏ ‘ခန္ဓာကိုယ်’ (ဆိုလိုသည်မှာ ပင်စည်)ကို ထပ်မံ၍ ဖြည်းဖြည်းချင်း ရွေ့လျားလိုက်သည်။ ‘ပါးစပ်ကြီး’က လှုပ်ရှားပြီး လေချဉ်တက် နေသကဲ့သို့ တအီအီအသံ ထွက်လာ၏။

“ရှေ့...မှာ...ကျောက်...လက်သီး... “

ထိုစကားလုံးများ၏ စည်းချက်က နှေးကွေး နေသည်။ ချန်လွေ့နှင့် ဇိုလာ ‘ကျောက်လက်သီး’ ဟူသော စကားကို ကြားလိုက်ရသောအခါ မျက်လုံးများ လင်းလက်သွား၏။

ကျောက်လက်သီးရွာလား။

ငါက ငွေလ ကောင်းကင်မြို့ကို သွားပြီးတော့ ဖီနိုအီယာကနေတစ်ဆင့် ကျောက်လက်သီးရွာကို သွားဖို့ ရည်ရွယ် ခဲ့တာ။ ဒါပေမယ့် ပန်းတိုင်ကို တိုက်ရိုက် ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး။

တစ်ဖက်မှ သစ်ပင်လူသားက ဖြည်းဖြည်းချင်း ဆက်ပြောနေ၏ “...သီး...ရွာ...”

ကျုပ်မှာ အရေးတကြီး ကိစ္စရှိတယ်။ အဘိုးကြီး၊ ခင်ဗျားက ခုထိ ဖြည်းဖြည်း ပြောနေတုန်း။ စိတ်ပျက်စရာပဲ။ ကျုပ်မှာ မင်းအတွက် အချိန်မရှိဘူး။

“ကျောက်လက်သီးရွာ ရှေ့မှာ ရှိတယ်။ မင်းတို့ ဖြတ်သွားလို့မရဘူး။” သစ်ပင် လူသား၏ စကားပြောနှုန်းက ရုတ်တရက် မြန်လာ၏။ အမှန်တကယ်၌ သစ်ပင် လူသား၏ အရှိန်က မြန်လာခြင်း မဟုတ်။ အချိန်စီးဆင်းမှု မြန်ဆန်လာခြင်းကြောင့် ဝါကျက ပိုပြီး ဆက်စပ်မှု ရှိနေခြင်း ဖြစ်သည်။ ချန်လွေ့က သစ်ပင်လူသား၏ အရှိန်ကို သည်းမခံနိုင်တော့၍ အချိန် ဥပဒေသကို အသက်သွင်းလိုက်ခြင်းပင်။

“ကျုပ်တို့က သစ်တောလူပုတွေရဲ့ မိတ်ဆွေတွေပါ။ လူပုတွေက အခု အန္တရာယ် ကြီးကြီးမားမား ကြုံနေရလို့ ဖြတ်သွားပြီး လူပုတွေကို ကူညီခွင့်ပြုပါ။”

“ဘယ်သူမှ ဖြတ်သွားခွင့် မရှိဘူး။”

“ဒါဆို ခင်ဗျား ကျုပ်အတွက် သတင်း တစ်ခု ပါးပေးလို့ ရမလား။ ကျုပ်ရဲ့ မိတ်ဆွေက လူပု မျိုးနွယ်စုရဲ့ ယန္တရား မဟာဆရာသခင် ဘန်းဒ်ပါ။”

“မရဘူး။ မင်းတို့ ခြေတစ်လှမ်းမှ ရှေ့တိုးလို့ မရဘူး။”

“...”

ချန်လွေ့က ခဏလောက် ရှင်းပြပြီး စကားပြော မြန်ဆန်စေရန် အချိန် ဥပေဒကို မတုံ့ဆိုင်းနေဘဲ အသက်သွင်း ခဲ့သည်။ သို့သော် သစ်ပင်လူသားက စကားပြော မကောင်းသည့်အပြင် ခေါင်းမာသည့် စရိုက်လည်း ရှိပုံရသည်။ သူက မည်သူ့ကိုမှ သွားခွင့်မပြုပေ။

ချန်လွေ့က ဇိုလာကို ကြည့်ပြီး ပြောလိုက်သည်။ “အင်အားသုံးပြီးတော့ ဖြတ်ကျော်မှပဲ ရတော့မယ်။ သူ့ကို မထိခိုက်စေနဲ့။”

အတော် ကြာကြာ စဉ်းစားနေသော ဇိုလာ ခေါင်းညိတ်လိုက်ပြီး ချန်လွေ့၏ လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်၏။ နောက်လက်တစ်ဖက်က လက်ညှိုးလေး နည်းနည်းလေး လှုပ်ရှား လိုက်ရာ မှော်ဆန်တဲ့ ‘နံရံ’ က ရုတ်တရက် အက်ကွဲ သွားလေသည်။

လူနှစ်ဦး၏ ပုံရိပ်များက ချက်ချင်းပင် ကြတ်ခြေခတ် နေရာလွတ်ထဲသို့ ရွေ့လျား သွားသည်။ ထို့နောက် အက်ကွဲကြောင်း များနှင့် ကွေ့ကောက်မှုများစွာ ရှိနေ၏။ သူတို့က အစီအရင် အကာအကွယ်ကို အလွယ်တကူ ကျော်ဖြတ်ကာ သစ်ပင် လူသား၏ အနောက်ဘက်ရှိ အဝေးသို့ ရောက်ရှိသွားခဲ့ကြသည်။

ထိုအကွာအဝေးက အတော်လေး ဝေးနေပြီ ဖြစ်သည်။ သစ်ပင်လူသား၏ အရှိန်နှင့်ဆိုလျှင် လှည့်ပင် မလှည့်နိုင် တော့ပေ။ သို့သော် နွယ်ပင်ပေါင်း များစွာက ရုတ်တရက် မြေပြင်မှ မရေ မတွက်နိုင်သော ကြာပွတ်များကဲ့သို့ ထွက်လာပြီး လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ချန်လွေ့နှင့် ဇိုလာကို ရစ်ပတ်လိုက်၏။

ထိုအရှိန်နှင့်ဆို သစ်ပင်လူသားများ နှေးသွားမည့် ခံစားချက် လုံးဝ မရှိပေ။ သေသေချာချာ ကြည့်လိုက်ရာ ထိုအရာ များက အမြစ်နှင့် မုတ်ဆိတ်များ ဖြစ်နေ ကြသည်။။

ထိုမြင်ကွင်းက ချန်လွေ့ကို ‘လန်ရို ဘုရားကျောင်း’ နဲ့ ‘အဘွား’ ဟူ‌သော ဝေါဟာရများကို သတိရသွားစေခဲ့၏။ (တရုတ်ရုပ်ရှင် တစ်ခုမှာ နှစ်တစ်ထောင် သက်တမ်းရှိ သစ်ပင်မိစ္ဆာ အဘွားရဲ့ ထိန်းချုပ်မှု အောက်က သရဲခြောက်တဲ့ ဘုရားကျောင်းကို ပြောတာပါ) သူက နှာခေါင်းရှုံ့ လိုက်သည်။ ဒီလိုမျိုး လက်တံတွေက တော်တော်လေး ရွံစရာ ကောင်းတယ်...။ ‘လက်တံများ’ ဖြင့် အပတ်မခံရခင်မှာပင် ဇိုလာ၏ လှပသော ခရမ်းရောင် မျက်လုံးများက လျင်မြန်စွာ လက်ခနဲ ဖြစ်သွားခဲ့သည်။ ကောင်းကင် ပေါ်မှ အမြစ်များအားလုံး ခဏတာ ရပ်တန့်သွားပြီး အနီရောင် ပြောင်းသွား ခဲ့သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ညှိုးနွမ်းပြီး ပျောက်ကွယ်သွား၏။

ချက်ချင်းပင် မြေပြင်မှ အမြစ်များစွာ ထွက်ပေါ်လာပြီး မကုန်ခန်းနိုင်အောင်ပင်။

ဇိုလာ မျက်တောင်တစ်ချက် ထပ်ခတ် လိုက်ရာ မူလ ပူနေသော လေက ရုတ်တရက် အေးသွားပြီး မြေပြင်လည်း လျင်မြန်စွာ အေးခဲသွားသည်။ ရေခဲသည် သံမဏိကဲ့သို့ ခိုင်မာပြီး အမြစ်များ မြေပြင်မှ ထပ်မံထွက်မလာနိုင်တော့ပေ။ သစ်ပင်လူသားက နောက်သို့ လှည့်ကာ ဆက်လက် တိုက်ခိုက်ချင်ပုံ ရသော်လည်း သူ၏ လှုပ်ရှားမှုများ အလွန်နှေးနေ၏။ သူ လှည့်လိုက်ရာ ရန်သူ နှစ်ဦးက အမြင်အာရုံနှင့် အာရုံခံမှုမှ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

ချန်လွေ့နှင့် ဇိုလာတို့ သစ်ပင်လူသား ကို နောက်ကောက် ချန်ထားလိုက် သည်နှင့် သစ်ပင်လူသား များစွာ ထပ်မံ ပေါ်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ မှော်အစီအရင် အကာအကွယ်ကို ထုတ်လွှတ် လိုက်ကြသည်။ ယခင် သစ်ပင်လူသားက ‘ကျူးကျော်သူများ’ သတင်းကို အထူးနည်းလမ်း တစ်ခုဖြင့် ပို့ဆောင်ခဲ့ပုံရသည်။

သစ်ပင် လူသားများက အလွန် အေးချမ်းသော မျိုးနွယ်စု ဖြစ်ပြီး ၎င်းတို့၏ ကာကွယ်ရေး စွမ်းရည်များက ကောင်းမွန်လှသည်။ သစ်ပင်လူသား အများအပြား ပေါင်းစည်းပြီး အသက် သွင်းထားသော အစီအရင် အကာအကွယ် သက်ရောက်မှုက နှစ်ဆ တိုးလာမည် ဖြစ်ပြီး ဇိုလာပင် အလွယ်တကူ မချိုးဖျက် နိုင်တော့ပေ။ သို့သော် သစ်ပင်လူသား များ၏ တိုက်ခိုက်မှုက အားနည်းသည်။ သစ်ပင်လူသား အများစုက လိမ်ယှက် ခြင်းကိုသာ သိသည်။ ၎င်းက အမှန် တကယ် ပြင်းထန်ပြီး ကြမ်းတမ်း သော်လည်း ချန်လွေ့နှင့် သူ၏ဇနီး အတွက် အစီအရင် အကာအကွယ် ကဲ့သို့ ဒုက္ခမရောက်စေပေ။

ဇိုလာ၏ ကိုယ်ခန္ဓာမှ မှိန်ဖျော့သော အဝါရောင်မီးတောက်တစ်ခု ထွက်လာ၏။ လက်ကို လှုပ်ရှားလိုက်ရာ ကြီးမားသော စွမ်းအင်ဓားသွားတစ်ခုက အစီအရင် အကာအကွယ် ထဲသို့ ထိုးဖောက် ဝင်ရောက် သွားခဲ့သည်။ ဓားသွားက ထူးဆန်းသော စည်းချက်ဖြင့် တုန်နေပြီး ဓားသွားပြင်က ကွဲအက်လာသည်။ သို့သော် ‘ဓားသွား’သာ ကွဲအက် သွားသည် မဟုတ်ဘဲ သစ်ပင်လူသား အများအပြား ပူးပေါင်း၍ ပြုလုပ် ထားသော အစီအရင် အကာအကွယ် သည်လည်း ပို၍ ကွဲအက်လာလေသည်။ နောက်ဆုံး အကာအကွယ် တစ်ခုလုံး နှင့် ‘ဓားသွား’ တို့ တပြိုင်တည်း ပျက်စီး သွားခဲ့သည်။ ဇိုလာက အစီအရင် အကာအကွယ်များကို ချိုးဖောက်ပြီး ခံစစ်ကြောင်းကို ဖြတ်ကျော်လိုက်သော အခါ လေတိုးသံများ ကြားလိုက်ရ၏။ လျှင်စီးကဲ့သို့ အရာတစ်ခုခု လာနေပြီ။

ဇိုလာ မျက်မှောင်ကြုတ် လိုက်ရာ သူ့ဘေးရှိ နေရာလွတ်က ချက်ချင်း အေးခဲသွားသည်။ ဒါဇင်ခန့်ရှိသော အရာ များက သူရှေ့ မီတာ အနည်းငယ် အကွာတွင် ရပ်တန့်သွားပြီး ၎င်းတို့က ငွေရောင်မြားများ ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။

ဇိုလာ မြားများကို အေးခဲစေ သော်လည်း တစ်ဖက်လူ၏ တုံ့ပြန်မှုက လျင်မြန်သည်။ လေတိုးသံများ ထပ်မံ ထွက်လာပြီး ပစ်လိုက်သော မြားများ၏ ထိပ်ဖျားများက ရှေ့မှ မြား၏ အမြီးကို တိကျစွာ ထိမှန်ပြီး နေရာလွတ်ကို တုန်ခါစေသော ပေါက်ကွဲမှု တစ်မျိုး ဖြစ်စေခဲ့သည်။

ကံဆိုးစွာပင် တစ်ဖက်လူက ဇိုလာ၏ စွမ်းအားကို လျှော့တွက်နေဆဲ ဖြစ်သည်။ ထိုငှက်တောင်မြားများ မည်သို့ ပြောင်းလဲ စေကာမူ ဇိုလာ၏ အကာအကွယ်ကို မလှုပ်ခါနိုင်ခဲ့ပေ။

ချန်လွေ့ မျက်မှောင်ကြုတ် လိုက်၏။ ဒီလို မှော်ဆန်တဲ့ မြှားပစ်ပညာက သစ်ပင်လူသား တွေဆီက လုံးဝ မဟုတ်ဘူး... နတ်သူငယ်တွေ ဆီကပဲ ဖြစ်ရမယ်။

သစ်ပင်လူသားများ၏ အစီအရင် အကာအကွယ် ပျက်စီးသွား ပြီးနောက် ချန်လွေ့က သစ်တောထဲတွင် ပုန်းအောင်း နေသော နတ်သူငယ်ကို ခံစားမိ လိုက်သည်။ နတ်သူငယ် များက ဝေးကွာသော နေရာမှ လျင်မြန်စွာ ရောက်လာနေပုံ ရသည်။

အရင် သစ်ပင်လူသားရဲ့ အဆိုအရ ဒါက သစ်တောလူပု ရှိတဲ့ ကျောက် လက်သီးရွာ ဖြစ်လောက်တယ်။ ဘာလို့ ဒီလောက်များတဲ့ နတ်သူငယ် တွေ ရှိနေ ရတာလဲ။

ချန်လွေ့သည် ငွေလ ကောင်းကင် မြို့တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး ကောင်းကင်မြို့၏ ဆင်ခြေဖုံးနေရာတွင် ကျောင်းတော်မှ တောင်ပံ၄ခု နှင့် အစ်ဇ်ယိုရူးလ်ကို သူ ကိုယ်တိုင် သတ်ပစ်ခဲ့သည်။ သူက နတ်သူငယ် မျိုးနွယ်စုနှင့် မစိမ်းပေ။ ဇိုလာ ခုနက ကြုံတွေ့ခဲ့ရသော မြှားပစ်ပညာနှင့် ရှေ့မှ နတ်သူငယ် များ၏ ဝတ်စားဆင်ယင်မှု တို့ကို ကြည့်ခြင်းအားဖြင့် သူတို့သည် နတ်သူငယ်၏ ပုံမှန်စစ်တပ် ဖြစ်လောက် ပေသည်။

ကျောက်လက်သီးရွာ ဘာဖြစ်တာလဲ။

All Chapters