ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော
Vol. 60 Ch. 970
အလူစီယာ၏ ပထမဆုံး အခေါ်အဝေါ်ကို ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ လောကရဲ့ အနာဂတ်ကို ကိုင်စွဲထားတဲ့ လူသားတဲ့လား။
ယခုအချိန်ထိ သူက နတ်ဆိုးဘုံ အနာဂတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ လူသား လောကအတွက် မှော်ဂိမ်းလို ကြော်ငြာ အမျိုးမျိုး ပြုလုပ်ပြီးနောက် လုံးဝ ထိန်းချုပ် နိုင်ပြီဟု ပြော၍ မရသေးပေ။ သို့သော် အနာဂတ်တွင် နတ်ဆိုးဘုံနဲ့ လူသားလောက အကြား စစ်ပွဲအတွက် သူ့တွင် ရေရှည် စီမံကိန်းများ ရှိနေသည်။ ဒါတွေ အားလုံးကို အလူစီယာက ‘ကြိုမြင်’ ထားတာလား။
ပြီးတော့ ဇိုလာက ဒြပ်စင်ကောင်တွေရဲ့ ‘မျှော်လင့်ချက် အလင်းရောင်’ ဖြစ်လာတယ်။ ဒါက ဘာကိုဆိုလိုတာလဲ။
စိုးရိမ်စိတ်နှင့် သံသယ များဖြင့် ချန်လွေ့နှင့် ဇိုလာတို့က တဲငယ်ထဲသို့ ဝင်ရောက်သွားကြသည်။
ထင်ထားသည့် အတိုင်း တဲအိမ် ငယ်လေး ထဲတွင် လှပသော နေရာလွတ် တစ်ခု ထပ်မံရှိနေပြီး ကျယ်ဝန်းကာ တောက်ပနေပုံ ရသည်။ သို့သော် ခန်းမ ထဲရှိ အလူစီယာ၏ ပုံစံက သူတို့ နှစ်ဦး မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန် နေခဲ့သည်။
ချန်လွေ့ မြင်ဖူးသမျှ နတ်ဆိုးဘုံမှ အမှာင် နတ်သူငယ်များ အပါအဝင် နတ်သူငယ် အားလုံးက ချောမောလှပ ကြသည်။ သို့သော် သူတို့ အရှေ့မှ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောကတော့ သူ့၏ အသိကို ပြောင်းပြန်လှန်ခဲ့လေသည်။
ပုံစံက နတ်သူငယ် မျိုးနွယ်စုကဲ့သို့ ပိန်ပိန်ပါးပါးမဟုတ်ဘဲ ဖောင်းကားနေ၏။ အနက်ရောင်ဝတ်ရုံက လွန်လွန်ကဲကဲ ဆန့်ထွက် နေပြီး အောက်တွင် မည်သို့ ခန္ဓာကိုယ် အချိုးအစား ရှိလိမ့်မည်ကို စိတ်ကူး၍ပင် မဖြစ်နိုင်ပေ။ ပို၍ ကြောက်စရာ ကောင်းသည်မှာ သူ၏ မျက်နှာပင်။ ဘယ်ဘက်တွင် နတ်သူငယ် မျိုးနွယ်စုရဲ့ ဝိသေသလက္ခဏာ အချို့ ရှိနေပြီး နားရွက်ချွန်ချွန်နှင့် လှပသော မျက်နှာသွင်ပြင်ကို ရေးရေးလေး မြင်နိုင် ပေသည်။ သို့သော် ညာဘက်တွင်တော့ ထူးဆန်းသည့် အနီရောင် အရေပြားရှိ မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ပင်။ အထူးသဖြင့် အစိမ်းရောင် ဖျော့ဖျော့ မျက်လုံးက လူများကို အေးစက်ပြီး ကြောက်စရာကောင်းသော ခံစားမှုကို ပေးစွမ်းနေသည်။သူက သစ်သားခြောက် တောင်ဝှေးကို လက်သည်းကဲ့သို့ ဆင်တူသောလက်ဖြင့် ကိုင်ထားပြီး ခန္ဓာကိုယ်က ဆွေးမြည့်သော အနံ့ဆိုး တစ်မျိုး ထွက်နေလေသည်။
မျိုးနွယ်စု - မဆုံးဖြတ်နိုင်။
စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။
ထို’မဆုံးဖြတ်နိုင်’ ဟူ၍ ပြသခြင်းက တစ်ခုတည်းကိုသာ ကိုယ်စားပြု၏။ ထူးဆန်းသော နတ်သူငယ် ရှေ့ဖြစ်ဟော အလူစီယာက နတ်ဘုရား-ယောင် တစ်ယောက်ပင်။
ဒါကြောင့် နတ်သူငယ် မျိုးနွယ်စုမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ စပန်ကတောင် သူ့ကို လေးလေးစားစားနဲ့ ‘ဆရာ’ လို့ ခေါ်ရတာကိုး။ ခုနက သစ်တောထဲက စမ်းသပ်မှုက အလူစီယာရဲ့ တိုင်းပြည် စွမ်းအား ဖြစ်ရမယ်။
ချန်လွေ့က မရိုင်းပြရဲဘဲ ဇိုလာနှင့်အတူ ဦးညွှတ်ကာ ပြောလိုက်သည်။ “မင်္ဂလာပါ။ ဆာ အလူစီယာ...”
“ယဉ်ကျေးစရာ မလိုပါဘူး၊ ထိုင်ပါ။” အလူစီယာ၏ လေသံက အက်ရှပြီး ထစ်ငေါ့နေကာ မသာမယာဟု ဖော်ပြ နိုင်သော်လည်း သူတို့၏ နားထဲ၌ ငြိမ်းချမ်းသော ခံစားချက်တစ်ခု ရှိနေ၏။
ချန်လွေ့နှင့် ဇိုလာတို့ အတူတူ ထိုင်လိုက် ကြသည်။ အလူစီယာက ပြောလိုက်သည်။ “အရင်ဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ။ ငါ့ရဲ့ ‘ရှေ့ဖြစ်ဟော’ ဆိုတဲ့ အရာက ကံကြမ္မာရဲ့ အဓိက လမ်းကြောင်းအချို့ ကြည့်လို့ရတဲ့ အထူးစွမ်းရည်မျိုးပဲ။ ဒါပေမယ့် ဒီလို ခန့်မှန်းချက်က အပြောင်းအလဲ ရှိတယ်။ ငါက ခန့်မှန်းနိုင်ရုံပဲ တတ်နိုင်ပြီးတော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ပြည့်စုံပြီးသား ခန့်မှန်းချက်ဆိုရင်တော့ တစ်မျိုးပေါ့။”
ခန့်မှန်းလို့ပဲ ရပြီးတော့ မဖြေရှင်း နိုင်ဘူးလား။ ချန်လွေ့က မေးချင်စိတ်ကို ထိန်းထားလိုက်ပြီး ဇိုလာက မေးသည်။ “ဆာ-အလူစီယာ ကျွန်မတို့ အနာဂတ်ကို ခန့်မှန်းနိုင်လား။”
“ခုနက ပြောခဲ့သလိုပဲ။ ဒြပ်စင်ကောင် တွေရဲ့ မျှော်လင့်ချက်အလင်းရောင်။ အဲဒါက တကယ် ဖြစ်လာမလား၊ မဖြစ်လာဘူးလား ဆိုတာက မင်းရဲ့ ကြိုးစားမှုနဲ့ ကံကြမ္မာ စီးဆင်းမှုပေါ်မှာပဲ မူတည်တယ်။ လောကရဲ့ အနာဂတ်ကို ပြောင်းလဲသူအတွက်လည်း အတူတူပဲ။”
“ဒါဆို ကျုပ်က ဘယ်လိုလုပ် လောက အနာဂတ်ကို ဘယ်လိုလုပ် ပြောင်းလဲ နိုင်မှာလဲ။” ချန်လွေ့က သေချာ မေးလိုက်သည်။ “ကျုပ်ရဲ့ လက်ရှိ ကြိုးစားအားထုတ်မှုတွေရဲ့ ဦးတည်ရာကို ဆုံးဖြတ်ဖို့ ဖြစ်နိုင်မလား။”
“မင်းစိတ်ထဲမှာ အဖြေ ရှိပြီးသား ဖြစ်မယ်လို့ ထင်တယ်။” အလူစီယာ၏ ဘယ်မျက်လုံးက ဉာဏ်ပညာ ရှိသော အလင်းရောင် လင်းလက် သွားပြီး ပြောလိုက်သည်။ “အရင်ကတည်းက ရှိနေပြီးသားပဲ။”
ဒီလိုအဖြေက ဆေးရုံတံခါးဝက ဗေဒင် ဆရာလိုမျိုး ဘာလို့ ခံစားနေရတာလဲ။ ချန်လွေ့က ပခုံးတွန့်ပြ လိုက်သည်။ သို့သော် ဒါသူ့စိတ်ထဲ၌ အဖြေက ရှိနေခဲ့သည်။ အလူစီယာ ပြောသလိုပင် အရင်ကတည်းက ရှိနေခဲ့၏။
ဇိုလာက ချန်လွေ့ကို ကြည့်ပြီး စကားလမ်းကြောင်းကို ပါးပါးနပ်နပ်နှင့် ပြောင်းလိုက်သည်။ “ဆာ-အလူစီယာ၊ တခြားမေးခွန်းတွေ မေးလို့ရမလား။”
“ဆရာလို့ ခေါ်ပါ။ စပန်နဲ့ မာရီယာရဲ့ ကလေး၊ [ဒြပ်စင်၆ခုတိုင်းပြည်] ပိုင်ရှင်။” အလူစီယာက မျက်နှာရဲ့ ဘယ်ခြမ်းမှ ကြင်နာသော အမူအရာဖြင့် ဇိုလာကို ကြည့်လိုက်သည်။ “မင်းမှာ မျှော်လင့်ချက်တွေ အများကြီး ရှိတယ်။ အခက်အခဲတွေ အများကြီးလည်း ကြုံတွေ့ရလိမ့်မယ်။ ကံကောင်းစွာနဲ့ပဲ မင်းက တစ်ယောက်တည်း မဟုတ်ဘူး။ မင်းရဲ့ ချစ်သူရောပဲ။ အဲဒါကြောင့် အရှေ့ တည့်တည့် ကြည့်ပြီး ဆက်လျှောက်ပါ၊ ဒါက မင်းရဲ့လမ်းကြောင်းပဲ။ မင်းတို့ နှစ်ယောက်လုံးအတွက် လမ်းကြောင်း။”
“နားလည်ပါပြီ။ ဆရာ။” ဇိုလာက ချန်လွေ့ကို တိတ်တိတ်လေး ကြည့်ပြီး မျက်လုံးထဲတွင် ပျော်ရွှင်မှုများ လင်းလက် သွားခဲ့သည်။
“မင်းကတော့ မင်းသား အာသာ... အခုတော့ ဒီလိုပဲ ခေါ်တာပေါ့။ မင်းရဲ့ စိတ်ထဲက မေးခွန်းတချို့ကို ငါ ဖြေပေး နိုင်ပါတယ်။” အလူစီယာက အကြည့်ကို ချန်လွေ့ဆီ ရွှေ့လိုက်၏။ “မင်းမှာ ငါ စကားလုံးတွေနဲ့ ဖော်ပြလို့ မရတဲ့ ထူးခြားတဲ့ အမွေအနှစ်တွေ ရှိတယ်။ တကယ်တော့ မင်းရဲ့အနာဂတ်ကို ငါ ကြိုတင် မြင်နိုင်တာလည်း မရှိသလို၊ မင်းရဲ့ အတိတ်ကိုတောင် ငါ ခံစားမိ နိုင်တာမျိုး မရှိဘူး။ မင်းက လောက အနာဂတ်ကို ကိုင်စွဲထားတယ်လို့ ငါ ပြောရတဲ့ အကြောင်းရင်းက လောကရဲ့ အနာဂတ် အကြမ်းဖျင်း အကြောင်းကို ငါ ကြိုတင်မြင်ထားလို့ပဲ။ မင်း အနာဂတ်ကို မဟုတ်ဘူး။ ပြောရရင် မင်း ဒီနေရာကို ရောက်လာတာက ငါ့ကို ပိုပြီး ရှင်းလင်းတဲ့ အဖြေတစ်ခု ပေးလိုက်တာပါပဲ။”
ချန်လွေ့ နှလုံးသား တုန်လှုပ် သွား၏။ အထူး အမွေအနှစ် ဟုတ်လား။ ငါ့ရဲ့ အနာဂတ်ကိုနဲ့ အတိတ်ကို မမြင်နိုင် ဘူးတဲ့လား။ အဲဒါက စူပါစနစ်နဲ့ လောက ကူးပြောင်းလာတာရဲ့ လျှို့ဝှက်ချက်လား။ ဒီရှေ့ဖြစ်ဟောရဲ့ အရည်အချင်းက တကယ် ကြောက်စရာ ကောင်းတာပဲ။ ဒီလောက်ထိတောင် ခံစားမိနေတယ်။
“မစိုးရိမ်ပါနဲ့။ လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိတယ်။ မင်းမှာရှိတဲ့ စွမ်းအားလိုပဲပေါ့။ စိတ်မပူပါနဲ့၊ မင်းရဲ့ လျှို့ဝှက်ချက်တွေကို သူလျှိုလုပ်ဖို့ ငါ ရည်ရွယ်ချက် မရှိပါဘူး။” အလူစီယာက ချန်လွေ့ စိတ်အခြေအနေ ပြောင်းလဲမှုကို ခံစားမိပြီး ခေါင်းခါလိုက်သည်။ “စကား လမ်းကြောင်း ပြောင်းတာပေါ့။ ဥပမာ... မှော်ဂိမ်း။ ဒါက အံ့သြစရာကောင်းတဲ့ စီမံကိန်း တစ်ခုပဲ။ မင်း တစ်ခုခု ပြောင်းလဲနိုင်နိုင်၊ မနိုင်နိုင်၊ ဒါက သမိုင်းမှာ အမှတ်ရ နေလိမ့်မယ်။ နတ်သူငယ်တွေဆီက ပြန်ယူလာတဲ့ မှော်ဂိမ်းထဲမှာ အဂ္ဂိရတ် လောကရဲ့ အငွေ့အသက်ကို ငါ ခံစားမိတယ်။ မင်းမှာ အဂ္ဂိရတ် အဖွဲ့အစည်းရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်း ရှိလောက်တယ်။ ဒါဆို မင်းက အဓိက ကုန်းမြေနဲ့ လောကခွဲတွေ အကြောင်းကို သိလား။”
ချန်လွေ့ ခေါင်းညိတ်ပြီး အလူစီယာက ဆက်ပြောသည်။ “အဂ္ဂိရတ်လောကက လောကခွဲတွေ အများကြီးထဲက တစ်ခုပဲ။ ဒါပေမယ့် အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရှိတဲ့ တစ်ခုတည်းသော လောက်ခွဲ မဟုတ်ဘူး။ ဥပမာ... နတ်ဆရာ အဖွဲ့အစည်းပေါ့။ ငါ့ရဲ့လက်ရှိ ခန္ဓာကိုယ် တဝက်က နတ်ဆရာရဲ့ ကြီးမြတ်တဲ့ ပုရောဟိတ်တစ်ပါးပဲ။ အဂ္ဂိရတ် အဖွဲ့အစည်းလိုပဲ နတ်ဆရာ အဖွဲ့အစည်းကလည်း ဖျက်ဆီးခံခဲ့ ရတယ်။ အဲဒါကို ဖျက်ဆီးခဲ့တာက ကြောက်စရာကောင်းတဲ့ အသူရာ ချောက်နက်ပဲ။ လူနည်းစုပဲ ထွက်ပြေး လွတ်မြောက်ခဲ့ကြပြီးတော့ ဒီကြီးမြတ်တဲ့ ပုရောဟိတ်က သူတို့တွေထဲက တစ်ယောက်ပဲ။ သူက ကံကောင်း ထောက်မစွာနဲ့ နတ်ဘုရားတွေ ဆင်းသက် လာခဲ့တဲ့ ဒီအဓိကကုန်းမြေကို ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ ပြီးတော့ သူ... ငါနဲ့ ဆုံခဲ့တယ်။ သူက သေလုနီးပါး ဖြစ်နေပြီး ငါနဲ့ ပေါင်းစည်းဖို့ ရွေးချယ်ခဲ့တယ်။ ငါ့မှာ နဂိုက အထူး စိတ်ဝိညာဉ်စွမ်းရည်တွေ ရှိပြီးတော့ ကြီးမြတ်တဲ့ ပုရောဟိတ်မှာ မယုံနိုင်စရာ ခန့်မှန်းနိုင်စွမ်းတွေ ရှိတယ်... ဒါက ငါ့ကို ‘ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော’ ဖြစ်လာစေတဲ့ တကယ့် အကြောင်းရင်းပဲ။”
ချန်လွေ့နှင့် ဇိုလာတို့က နားလည် သွားသော အမူအရာကို ပြသလိုက်ကြပြီး အလူစီယာ သက်ပြင်း ချလိုက်သည်။ “ကံကြမ္မာကို ချောင်းကြည့်တာ၊ ပြောင်းလဲတာ အတွက် ပေးဆပ်ရမယ့် တန်ဖိုးရှိတယ်။ တန်ဖိုးတွေထဲက တစ်ခု အနေနဲ့ ငါ့ရဲ့ စွမ်းအားနဲ့ ငါက စိတ်လှည့်သစ်တောကနေ ထွက်သွားလို့ မရဘူး။ ပြီးတော့ ရှေ့ဖြစ်ဟောတိုင်း ငါ့ရဲ့ အသက်စွမ်းအင်က ကံကြမ္မာ ပြောင်းလဲမှုနဲ့ နာကျင်မှုကြောင့် အားနည်း သွားလိမ့်မယ်။ အခုဆိုရင် အဆုံးသတ် လုနီးပါး ဖြစ်နေပြီ။။”
ချန်လွေ့ တိတ်ဆိတ်ပြီး အလူစီယာက အလွန် တည်ငြိမ်နေပုံ ရသည်။ “ငါ တသက်လုံး ကြိုတင်သိမြင်မှုနဲ့ ငါ့ရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အနာဂတ်ကို ကြိုမြင်နိုင် ရင်တောင် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး ဆိုတာကို အခုမှ နားလည်ခဲ့တယ်။ ကံကြမ္မာရဲ့ လမ်းကြောင်းကို မင်း ကြိုကြည့်တိုင်း၊ ကံကြမ္မာ ကလည်း မင်းကို ကြိုကြည့်နေတယ်။ ဘာကြိုတင် သိမြင်မှုမှ မလိုတော့ဘဲနဲ့ ငါ့ကိုယ်ငါ တကယ် ထိန်းချုပ်နိုင်ပြီး ကျော်လွန် နိုင်မှပဲ ငါ့ရဲ့ ကံကြမ္မာကို တကယ် ထိန်းချုပ်နိုင်ပြီး ကျော်လွန် နိုင်မယ်လို့ ထင်တယ်။”
ထိုစကားကြောင့် ချန်လွေ့က ဂန္ထဝင် ရုပ်ရှင်ထဲမှ စကားတစ်ခွန်းကို ရုတ်တရက် သတိရလိုက်၏။
“အနာဂတ်နဲ့ ပတ်သက်ပြီး ကြည့်တိုင်း ပြောင်းလဲသွားတယ်။ မင်းကြည့်လို့ ပြောင်းလဲသွားတာ။ ဒါကြောင့် တခြား အားလုံးလည်း ပြောင်းလဲသွားတယ်။”
“ဇာတ်ကွက်”ကို နားလည်ပြီးတော့ သက်ဆိုင်တဲ့ ညှိနှိုင်းမှုများ လုပ်ခဲ့မယ် ဆိုရင်တောင် ပြောင်းလဲမှု အချို့က ဆင့်ကဲအကျိုးသက်ရောက်မှု ဖြစ်စေပြီး ဇာတ်လမ်းတစ်ခုလုံးကို ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတယ်။ တနည်းအားဖြင့် ကြိုတင်သိတာက အဆင်ပြေမှုတွေကို ဖြစ်စေနိုင်ပေမဲ့ အဲဒီ”ပါးနပ်မှု” ကလည်း အပြောင်းအလဲ အမျိုးမျိုးကို ဖြစ်စေ နိုင်တယ်။ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ထိန်းထားပြီး ကိုယ်ပိုင်လမ်း အတိုင်း လျှောက်လှမ်းခြင်းက ပိုကောင်းတယ်။
ချန်လွေ့က ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော မည်သည်ကြောင့် ‘ခန့်မှန်းနိုင်ရုံသာ ဖြေရှင်းနိုင်ခြင်းမရှိ’ကြောင်းကို ဝိုးတဝါး နားလည်ခဲ့ပြီး သူ၏ စိတ်ပိုင်းဆိုင်ရာတွင် အပြောင်းအလဲအချို့နှင့် အကျိုးအမြတ် အချို့ ရရှိသွားပုံရသည်။
“ကောင်းပြီ၊။ မင်း ဒီကို ရောက်လာခဲ့ ပြီးတော့ ငါ့လို အဘိုးအို တစ်ယောက်ရဲ့ နက်ရှိုင်းပြီး လျှို့ဝှက် ဆန်းကြယ်တဲ့ စကားတွေကို အကြာကြီး နားထောင် ခဲ့ရတယ်...” အလူစီယာ ပြုံးလိုက်၏။ “ဖီနိုအီယာလေးက မင်းကို ပြောပြခဲ့ လောက်မှာပါ။။ ဒီကို လာတဲ့သူတိုင်း ငါ့ရဲ့ လက်ဆောင်တွေ ရလိမ့်မယ်။ ဒီမှာ ဖဲချပ်တွေ တစ်ပုံ ရှိတယ်။ မင်းတို့ တစ်ယောက် တစ်ချပ်စီ ဆွဲကြ။ သတိပေးချင်တာကတော့ မင်းတို့တွေ အဓိကဖဲချပ်ကို ဆွဲမိရင် ရတနာကို တိုက်ရိုက်ရလိမ့်မယ်။ ဖဲချပ်အဆင့် မြင့်လေ၊ ရတနာက ပိုကောင်းလေပဲ။ ဒါပေမယ့် ဆင့်ပွားဖဲချပ်ကို ဆွဲမိရင်တော့ တာဝန်တစ်ခုကို ပြီးအောင် လုပ်ရမယ်။ ပြီးမြောက်မှု အတိုင်းအတာ အပေါ် မူတည်ပြီး သက်ဆိုင်ရာ ဆုလာဒ်တွေ ရလိမ့်မယ်။ မဆွဲဘဲ အခွင့်အရေးကို လက်လွှတ်ပြီး ဒီနေရာကနေ ထွက်သွား လို့လည်း ရတယ်။”
ထိုသို့ ပြောပြီးနောက် ချန်လွေ့နှင့် ဇိုလာတို့ရှေ့တွင် ဖဲချပ်တစ်ပုံ ပေါ်လာ၏။ ဖဲချပ်က ချန်လွေ့အတွက် အနည်းငယ် ရင်းနှီးပုံရသည်။ ၎င်းက ရှေးဟောင်း မှော်ဖဲချပ် ‘ကြမ္မတိုက်ပွဲ’ ဖြစ်လေ၏။ သို့သော် ယခုအခါ ထိုဖဲချပ်၏ အခန်း ကဏ္ဍက ကစားရန် မဟုတ်ဘဲ ဆွဲရန်သာ ဖြစ်သည်။
ဖဲချပ်များက အလိုလို ရောသွားပြီး တစ်ခုပြီးတစ်ခု လေထဲမှာ ရှိနေ၏။ ထို့နောက် နောက်ကျောရှိ ပုံစံကွက် အားလုံး ဝေဝါးသွားခဲ့သည်။
ရောက်နေပြီ ဖြစ်ရာ ရတနာတောင်ထဲ ဝင်ပြီး လက်ဗလာနှင့် ပြန်၍ မဖြစ်စေပ။ ချန်လွေ့က ဇိုလာကို ကြည့်လိုက်ရာ ဇိုလာက လှပတဲ့ အပြုံးတစ်ခု ပြသ လိုက်၏။ သူက သွယ်လျသော လက်ချောင်းကို ဆန့်ပြီး ဖဲချပ်တစ်ချပ်ကို လက်ညှိုးထိုးပြလိုက်သည်။
ဖဲချပ်က ရုတ်တရက် တောက်ပလာပြီး လှန်သွား၏။
ဖဲချပ်မျက်နှာပြင်၌ ခေါင်းတွင် သရဖူ ဆောင်းထားသော အဖြူရောင်ဝတ်ရုံနှင့် မိန်းမလှတစ်ဦး၏ ပုံရိပ် ရှိနေသည်။
၎င်းက ‘ရွှေဘုရင်’ ပြီးလျှင် ဒုတိယ ဖြစ်သော ‘ငွေဘုရင်မ’ အဓိက ဖဲချပ်ပင်။
အလူစီယာ ခေါင်းညိတ် လိုက်သည်။ ‘ငွေဘုရင်မ’ အဓိက ဖဲချပ်က ဇိုလာ၏ လက်ထဲသို့ ကျရောက် သွားပြီး ရုတ်တရက် အရောင်၆ခု ရောင်လျှံအဖြစ် ပြောင်းလဲသွားကာ နူးညံ့သိမ်မွေ့တဲ့ သရဖူအဖြစ် တဖြည်းဖြည်း စုစည်း သွားလေသည်။
“အခု ဒါက မင်းရဲ့ အပိုင် ဖြစ်သွားပြီ။ ကလေး။”
ဇိုလာ၏ မျက်လုံးများ တောက်ပ လာသည်။ သူက ထိုသရဖူထဲတွင် ပါဝင်သော စွမ်းအားကို အသေအချာ ခံစားမိသည်။ ၎င်းက ဒြပ်စင် ၆ခု၏ စွမ်းအားများဖြစ်ပြီး သာမန်စွမ်းအား မဟုတ်ဘဲ ဒြပ်စင် အရင်းအမြစ် စွမ်းအား ကဲ့သို့ ဇစ်မြစ်တူ စွမ်းအား ဖြစ်သည်။
ထိုဒြပ်စင် ၆ခု၏ ဇစ်မြစ်များက ပြီးပြည့်စုံစွာ ပေါင်းစပ် ထားပြီး ထိုပေါင်းစပ်မှု တစ်ခုတည်းကပင် သူ့ကို ကြီးမားသော လှုံ့ဆော်မှု ပေးနိုင်ကာ လက်ရှိ တစ်ဆို့မှုကို ဖောက်ထွက်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တဟုန်ထိုး ရောက်ရှိနိုင်စေသည်။
ယန္တရား မဟာ ဆရာသခင် တစ်ယောက် ဖြစ်သော ချန်လွေ့က ထိုသရဖူ၏ ဂုဏ်သတ္တိကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သိလိုက်ရသည်။ သူက အံ့သြသွားခဲ့သည်။ ဒါက အဆောင် ပစ္စည်းပဲ။ အစွမ်းထက်တဲ့ အဆောင် ပစ္စည်းတစ်ခုပဲ။
ဒါရဲ့အဆင့်က ငါ့ရဲ့ လျို့ဝှက်လက်နက် ကျက်သရေမျှော်စင်ကိုတောင် ကျော်လွန် နေတယ်။
ကျက်သရေမျှော်စင်ထက် အများကြီး သာလွန်တဲ့ အဆောင်ပစ္စည်း တစ်ခု။ အလူစီယာက ဇိုလာကို တကယ် ပေးလိုက်တယ်။
“ဆာ-အလူစီယာ! ဒီအဆောင် ပစ္စည်းက...”
“ဒြပ်စင် နတ်ဘုရားမ သရဖူပဲ...” အလူစီယာက လက်ထဲမှ သစ်သား တောင်ဝှေးကို အသာ မြှောက်လိုက်၏။ “အခုမှ သူ့အတွက် အသင့်တော်ဆုံး ပိုင်ရှင်ကို ရှာတွေ့သွားတာ။ ဇိုလာ၊ မင်း မှတ်ထားရမယ်။ မင်း စွမ်းအားကို လက်ခံတဲ့အခါ ကံကြမ္မာက ပေးလာတဲ့ တာဝန်ကိုလည်း လက်ခံရမယ်။”
“ကျွန်မ သိပါတယ်။ ဆရာ။ ကျွန်မ ရွေးထားတဲ့ လမ်းကြောင်းအတိုင်း ဘာပဲ ရှိရှိ ဆက်ပြီးတော့ သွားမှာပါ။” ဇိုလာက ဟန်ဆောင် ငေးငိုင်ခြင်း မပြုလုပ်သည်မှာ ရှားပေသည်။ “တိုက်ခိုက်ရင်တောင် ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူးလို့ ပြောတဲ့ အကောင်းဆုံး မိတ်ဆွေ တစ်ယောက် ရှိတယ်။ အဲဒါ ကျွန်မရဲ့ ကံကောင်းခြင်းနဲ့ ပျော်ရွှင်ခြင်းပဲ။ ဒါက ကျွန်မရဲ့ အကြီးမားဆုံး စွမ်းအား အရင်းအမြစ်ပဲ။”
မစ်-နတ်မိမယ်နဂါး၏ ခရမ်းရောင် မျက်လုံးတွင် ခိုင်မာသော ယုံကြည်ချက် ရှိနေသည်။ သူသည် ပါးနပ်၊ ရဲရင့်၊ ပြတ်သားပြီး ဇွဲလုံ့လရှိသူ ဖြစ်သည်။ ထိုအရာ အစစ်အမှန် ဇိုလာပင်။
“ကိုယ် ပြောချင်တာကတော့ မင်းရဲ့ အလှက တကယ် ဆွဲဆောင်မှုရှိတယ် ဆိုတာပါပဲ။ ချစ်ရတဲ့ မစ်-ဇိုလာ.” ချန်လွေ့က ဇိုလာကို ကြည့်ရင်း မျက်လုံးထဲရှိ မေတ္တာကို မဖုံးကွယ်ခဲ့ပေ။
“ဘာပြောတာလဲ...” မစ်-နတ်မိမယ် နဂါးက တိတ်တိတ်လေး ချိုမြိန်စွာ ခံစားလိုက်ရ သော်လည်း ထပ်ပြောရန် မျှော်လင့်ကာ သေချာ မကြားလိုက်သလို ဟန်ဆောင်လိုက်၏။
အလူစီယာ၏ ဂရုမထားသော လေသံ ထွက်လာသည်။ “ဒြပ်စင် ဆရာသခင်နဲ့ တွေ့ဆုံဖို့ ယူသွားပါ၊ မင်း ထင်မှတ် မထားတဲ့ အကျိုး ကျေးဇူးတွေ ရပါလိမ့်မယ်။”
ဒြပ်စင် ဆရာသခင်တဲ့လား...
ဒြပ်စင်ဘုရင်ကို ပြောတာလား။
ချန်လွေ့ တိတ်တိတ်လေး ခေါင်းညိတ် လိုက်ပြီး ဇိုလာ၏ လက်ကို ဆုပ်ကိုင် လိုက်သည်။ “ကံကောင်းခြင်းလေး နည်းနည်း ပေးပါဦး။ ချစ်လှစွာသော အမျိုးသမီးလေး...”
ထိုသို့ ပြောပြီးနောက် ဇိုလာကို ကိုင်ထားသည့် လက်ကို ဖဲချပ်ပေါ်သို့ ညွှန်ပြလိုက်၏။
ကံကောင်းတဲ့ မိန်းကလေး၏ လက်ကို ငါ ထိလိုက်ရပြီ။ ‘ရွှေရောင်ဘုရင်’ နဲ့ ‘အမှောင်ထုဘုရင်’ လိုမျိုး အထူးဆုတွေ မရရင်တောင် ‘ငွေဘုရင်မ’ နဲ့ ‘တစ္ဆေ ကိုယ်လုပ်တော်’ လိုမျိုး ထိပ်တန်းဆုတွေ ရဖို့က မျှော်လင့်ချက် ပိုများနိုင်တယ်။
ဖဲချပ်က လက်ခနဲ ဖြစ်သွားပြီး လှန်သွားလေသည်။
ချန်လွေ့၏ အမူအရာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
ဖဲချပ်က... သစ်သားပုံတစ်ပံု ဖြစ်၏။
တခြား ဘာမှမရှိဘဲ သစ်သားပုံ သက်သက်သာ။
အရင်းအမြစ် ‘သစ်သား’ ဆင့်ပွားဖဲချပ် ဖြစ်ပြီး အဆင့်က အနိမ့်ဆုံးပင်။
ထိုအခါတွင် တစ်စုံတစ်ယောက်က လက်ကို ခုတ်ပစ်ချင်စိတ် ပေါက်သွား ခဲ့လေသည်။