ကျန်းမိသားစု
Vol. 3 Ch. 262
ကျန်းအန့်ချီမှာ သူမ၏ မွေးနေ့ပွဲ၌ လူတစ်ယောက်၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။ ထိုသတင်းက လျှင်မြန်စွာပင် ကျန်းမိသားစု ခေါင်းဆောင်များထံသို့ ရောက်ရှိသွားသည်။ ကျန်းမိသားစုမှာ ဟောင်ကောင်၏ ထိပ်တန်းမိသားစုများအနက် တစ်ခုဖြစ်ကာ ဟောင်ကောင်ကိုပင် ဆယ်စုနှစ်ခု ကျော်ကြာအောင် လွှမ်းမိုးနိုင်ခဲ့သည်။ သူတို့တွင် ဘီလျံချီ၍ တန်ကြေးရှိသည့် လုပ်ငန်းများစွာ ပိုင်ဆိုင်သည့်အပြင် ဟောင်ကောင် တစ်ခုလုံး၌ သူတို့၏ အဆက်အသွယ်များစွာ ရှိနေခဲ့သည်။
"ဘယ်သူလုပ်တာလဲ။ ဘယ်သူက ငါ့သမီးကို ပြန်ပေးဆွဲသွားတာလဲ..."
သက်လတ်ပိုင်း လူကြီးတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူဘေး၌ သူ၏ အစ်ကို၊ အများ၊ မိသားစုဝင်များစွာ ရှိနေသော်လည်း မည်သူမျှ တစ်ခွန်းပင် ဝင်မပြောရဲကြချေ။ လွန်ခဲ့သည့်နှစ်ဝက်မှ စ၍ ကျန်းဟိုချောင်မှာ မိသားစု၏ လုပ်ငန်းများကို စတင် ထိန်းချုပ်လာနိုင်ခဲ့ပြီး သူ၏ ဩဇာအာဏာက တစ်နေ့တခြား မိသားစုအပေါ် လွှမ်းမိုး လာနိုင်ခဲ့သည်။ သူ၏ အစ်ကိုကြီးများပင်လျှင် ကျန်းဟိုချောင်ကို ပြန်ပြောရန် မဝံ့ရဲချေ။
"နဝမဦးလေး... ကျွန်တော်တို့ ဥပဒေ ထိန်းသိမ်းရေးအဖွဲ့က ဝန်ကြီးဟီကို ဆက်သွယ်ပြီးပါပြီ။ မစ္စတာဟီက ရဲတွေကို ရှောဒိုင်းမွန်းကို လွှတ်လိုက်ပြီလို့ ပြောပါတယ်..."
လူငယ်တစ်ယောက်က မတ်တတ်ရပ်ကာ ပြောလိုက်သည်။ ထိုလူငယ်၏ အမည်မှာ ကျန်းအန့်ရီ ဖြစ်ကာ ကျန်းမိသားစုဝင်များ အနက် အတော်ဆုံး လူများထဲမှ တစ်ယောက်ဖြစ်သည်။ ကျန်းအန့်ရီမှာ ကျန်းဟိုချောင်၏ လက်ထောက်တစ်ယောက် ဖြစ်သည်။
"ဝန်ကြီးဟီကို ဆက်သွယ်ထားတယ်လား..."
ကျန်းဟိုချောင်၏ မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။ ထိုအချိန်မှာပင် မိန်းမကြီး တစ်ယောက်နှင့် အဘိုးအို တစ်ယောက်တို့က အစည်းအဝေးခန်းမ အတွင်းသို့ ဝင်ရောက်လာသည်။ အဘိုးအိုမှာ အသက်ကိုးဆယ်ခန့် ရှိပြီဟု ထင်ရသည့်တိုင် ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ယောက် အလား ကြံ့ခိုင်သန်စွမ်းပုံ ရသည်။
"အဖေ့ကို နှောင့်ယှက်မိသွားပြီ ထင်တယ်..."
ကျန်းဟိုချောင်က အဘိုးအို၏ လက်မောင်းကို သွားရောက် တွဲခေါ်ရင်း မေးလိုက်သည်။ ထိုအဘိုးအိုမှာ ကျန်းလုပ်ငန်းစု၏ တည်ထောင်သူ ဂန္ဓဝင် ပုဂ္ဂိုလ်ကြီး ကျန်းကျုံးမင် ဖြစ်တော့သည်။
ကျန်းကျုံးမင်က ကျန်းဟိုချောင်ကို ကြည့်ရင်း...
"ငါသာ ဒီကို မလာရင် ဒီအဆောက်အအုံ တစ်ခုလုံးကို မင်းဖြိုချလိုက်မှာ စိုးရိမ်လို့..."
"အဖေ..."
ကျန်းဟိုချောင်က အဘိုးအိုကို ကြည့်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော် အန့်ချီကို အရမ်းစိတ်ပူလို့ပါ။ သမီးလေးက ကလေးပဲ ရှိသေးတာ။ သူတစ်ခုခု ဖြစ်သွားရင် ကျွန်တော်..."
သူက ခဏမျှ ရပ်လိုက်ကာ ဆက်ပြောလိုက်သည်။
"ပြန်ပေးသမားကို မိရင် ကျွန်တော်သူ့ကို ကိုယ်တိုင်သတ်မယ်..."
"ဟင်း... ငါ စိုးရိမ်နေတာ အဲဒါပဲ..."
အဘိုးအိုက သက်ပြင်း တစ်ချက်ချလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် ထိုင်နေသည့် မစ္စတာရှီကို ကြည့်ကာ... "မစ္စတာရှီ... မင်း ပါတီမှာ မြင်တွေ့ခဲ့ရတာ အားလုံး ဟိုချောင်ကို ပြောပြလိုက်..."
"ဟုတ်ကဲ့ပါ သခင်ကြီးကျန်း..."
မစ္စတာရှီက မတ်တရပ်လိုက်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
"မိန်းကလေးအန့်ချီကို ပြန်ပေး ဆွဲသွားတဲ့သူက ချန်းဖန်လို့ ခေါ်ပါတယ်။ သူက မိန်းကလေး အန့်ချီကို ပြန်ပေးဆွဲသွားရုံတင် မဟုတ်ဘူး။ နင်းတန့်ချင်းကိုပါ သတ်သွားခဲ့ပါတယ်..."
"နင်းတန့်ချင်း... မင်းပြောတာ ကျိုးတချီရဲ့ တပည့် နင်းတန့်ချင်းလား..."
ဂူချီကိုယ်ကျပ် ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က မေးလိုက်သည်။ အခြားသော လူငယ်မျိုးဆက် များစွာမှာလည်း ထိုစကားကြောင့် အလွန် အံ့အားသင့်မိ သွားကြသည်။ နင်းတန့်ချင်းမှာ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ လောင်းလျာဟု ကျော်ကြားသည့် အပြင် အလွန်အစွမ်းထက်သူ တစ်ယောက်လည်း ဖြစ်သည်။
"အမှန်ပဲ... အဲဒီ နင်းတန့်ချင်းပဲ..."
မစ္စတာရှီက ခေါင်းညိတ်လိုက်သည်။
"နင်းတန့်ချင်းက အရမ်းအစွမ်း ထက်တာပဲဟာ။ သူ့ကို ဘယ်သူက သတ်သွားတာလဲ..."
မိတ်ကပ်ထူထူ လိမ်းထားသော မိန်းကလေး တစ်ယောက်က အခန်းအတွင်းသို့ ဝင်လာရင်း အံဩတကြီး မေးလိုက်သည်။ ထိုမိန်းကလေးမှာ အသက်နှစ်ဆယ်ခန့် ရှိပြီး အလွန် ကြည့်ကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူမ၏ မျက်နှာက ကျန်းအန့်ချီနှင့် အနည်းငယ် ဆင်သည်။ သူမ၏ အမည်က ကျန်းအန့်နာဖြစ်ပြီး ကျန်းအန့်ချီ၏ ညီမ ဖြစ်သည်။
"ချန်းဖန်..." ကျန်းဟိုချောင်က ထိုနာမည်ကို ရေရွတ်လိုက်သည်။
"ဟိုချောင်... မင်းမေ့နေပြီလား။ သူက အန့်ချီကို ဆေးရောင်းလိုက်တဲ့ တစ်ယောက်ပဲ..."
အဘိုးအိုကျန်းက ဝင်ရောက်ပြောဆိုသည်။
"သူလား... သူက ဆေးအတွက် တစ်ဆယ်ဘီလျံ လိုချင်တာလား။ အရင်ဆုံး ငါ့သမီးကို စွပ်စွဲတယ်။ နောက်ပြီးတော့ ပြန်ပေးဆွဲတယ်။ အဲဒီလိုလုပ်လို့ ပိုက်ဆံရမယ် ထင်နေလား။ အိပ်မက် မက်နေလိုက်..."
ကျန်းမိသားစုမှာ ထလီလျံနှင့် ချီသော လုပ်ငန်းများ ပိုင်ဆိုင်သည့်တိုင် ထိုအရာက ကုမ္ပဏီ စတော့များ၌ ရင်းနှီးမြှပ်နှံထားခြင်း ဖြစ်သည်။ ဝင်ငွေလည်ပတ် စီးဆင်းမှုအရ သူတို့ထံတွင် ငွေသားမှာ သုံးဆယ် ဘီလျံမျှသာ ရှိရာ ချန်းဖန်ကို တစ်ဆယ် ဘီလျံ ပေးလိုက်သည်နှင့် ဝင်ငွေ လည်ပတ် စီးဆင်းမှု ပျက်စီးကာ သူတို့၏ လုပ်ငန်းများပင် ပျက်စီးနိုင်ချေ ရှိသည်။
"ဆယ်ဘီလျံ... ဘာကြီး"
ကျန်းမိသားစုဝင်များစွာမှာ အံဩတကြီး ရေရွတ် လိုက်မိကြသည်။ လွန်ခဲ့သည့် နှစ်ဝက်က အဖြစ်အပျက် တချို့ကို သူတို့ မှတ်မိနေသေးသည်။ ကျန်းအန့်ချီပါလာသော ဆေးများက ကျန်းဟိုချောင် ယခုနေရာသို့ ရောက်ရှိ နေရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။
"သူက တစ်ဖက်သတ် စွပ်စွဲတာ မဟုတ်ဘူး။ မိန်းကလေး အန့်ချီက ဆယ်ဘီလျံပေးဖို့ သဘောတူပြီး ဝယ်ခဲ့တာ။ ကျွန်တော် အရှေ့မှာတင်ပဲ ဖြစ်ပျက်ခဲ့တာ။"
မစ္စတာရှီက သက်ပြင်း တစ်ချက်ချကာ ပြောသည်။
"အဲဒါက အမှန်ဆိုရင်တောင် အန့်ချီကို ခုလိုလုပ်ဖို့ အခွင့်အရေး မရှိဘူး။ ငါ့ဆီကို တိုက်ရိုက် လာပြောလို့ ရတယ်။ ခု သူက ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာ... ရာဇဝတ်သားကောင်..."
ကျန်းဟိုချောင်က ဒေါသတကြီး ပြောလိုက်သည်။
"ဟုတ်တယ်..."
ကျန်းမိသားစု၏ ခေါင်းဆောင် များစွာကလည်း သဘောတူစွာ ခေါင်းညိတ် ကြသည်။ မည်သူကမျှ ချန်းဖန်ကို ယွမ်တစ်ဆယ် ဘီလျံ ပေးချေရန် ဆန္ဒမရှိကြချေ။
"ကျွန်တော်တို့မှာ ရွေးချယ်စရာ တစ်ခုမှ မရှိဘူး။ သူ့ကိုသာ ပိုက်ဆံမပေးရင် မိန်းကလေး အန့်ချီကို အန္တရာယ် ကျရောက်လိမ့်မယ်။ နောက်ပြီး ကျန်းမိသားစု တစ်ခုလုံးရောပဲ..."
မစ္စတာရှီက ဝင်ရောက် ပြောဆိုသည်။
"သူက ကျန်းမိသားစုကို အန္တရာယ် ပြုနိုင်မှာလား..."
တတိယ သခင်ကြီးကျန်းက ရယ်မောလိုက်သည်။ အခြားကျန်းမိသားစု ခေါင်းဆောင် များမှာလည်း ထိုကိစ္စကို ပြဿနာကြီး တစ်ခုဟု မထင်မိချေ။ ကျန်းမိသားစုမှာ ဟောင်ကောင်ကို ဆယ်စုနှစ်တစ်ခု ကျော်ကြာအောင် လွှမ်းမိုးနိုင်ခဲ့ပြီး သူတို့ကို ဆန့်ကျင်ရဲသူ ဟောင်ကောင်တွက် တစ်ယောက်မျှ ရှိမနေချေ။ ဟောင်ကောင် အစိုးရပင်လျှင် ကျန်းမိသားစုဝင် တစ်ယောက်ကို မထိရဲချေ။
"ပြဿနာက သူမှာ အဲလိုလုပ်နိုင်တဲ့ အကြောင်းပြချက်တွေ ရှိနေတယ်..."
မစ္စတာရှီက အလေးအနက် ပြောလိုက်သည်။
"သူက တရုတ်ရဲ့ မိသားစုကြီး ဆယ်ခုက တစ်ယောက်လား။ ဒါမှမဟုတ် လျှို့ဝှက် အဖွဲ့အစည်း တစ်ခုကလား..."
ကျန်းအန့်ရီက မေးလိုက်သည်။ သူမက သိချင်စိတ်ကို မချုပ်တီးနိုင်တော့ချေ။ သူတို့ ကျန်းမိသားစုကို ခြိမ်းခြောက် နိုင်သူဟူ၍ ဟောင်ဂိုဏ်းကဲ့သို့သော လျှို့ဝှက် အဖွဲ့အစည်းများသာ ရှိသည်။ ကျန်းမိသားစုကို မလေးမစား ပြုရဲသော ထိုကောင်လေး၏ နောက်ခံမှာ မည်သည့် အဖွဲ့အစည်း သို့မဟုတ် မိသားစု ဖြစ်နေသနည်း။
"မဟုတ်ဘူး..."
မစ္စတာရှီက ခေါင်းကို ခါရမ်းလိုက်သည်။ သူ၏ မျက်လုံးတွင်မူ ကြောက်ရွံ့ခြင်းများက ကြီးစိုးလျက်။
"သူက အဲဒီနှစ်ခုလုံးထက် ပိုပြီး စွမ်းအားကြီးတယ်... သူ့နာမည်က ချန်းဖန်။ သူ့မှာ အခြား အမှတ်အသားတွေ အများကြီး ရှိတယ်။ အဲဒီထဲက တစ်ခုက ချန်းပေ့ရွှမ်း... တရုတ်နိုင်ငံရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင်၊ ကောင်းကင် စာအုပ်ရဲ့ နံပါတ်တစ်..."
"ချန်းပေ့ရွှမ်း... တရုတ်ရဲ့ ကောင်းကင်စာအုပ်"
လူတိုင်းနီးပါးမှာ မစ္စတာရှီ ပြောသည်ကို သဘောမပေါက်ချေ။ ချန်းပေ့ရွှမ်းဆိုသော အမည်မှာ သိုင်းပညာရှင်များနှင့် မြေအောက် ကမ္ဘာလောက၌ အလွန်ကျော်ကြားသည့် နာမည်ဖြစ်သည့်တိုင် ကျန်းမိသားစုကဲ့သို့ သေမျိုးများ အတွက်မူ အစိမ်းသက်သက်သာ ဖြစ်နေခဲ့သည်။
သို့သော်လည်း ကျန်းဟိုချောင်၏ နောက်နား၌ ရပ်နေသည့် လူကြီးမှာမူ ကြောက်ရွံ့မှုကြောင့် တုန်ခါသွားသည်။
"ဘာဖြစ်တာလဲ ချင်းဟီ။ မင်း ချန်းပေ့ရွှမ်းကို သိလို့လား..."
ကျန်းဟိုချောင်မှာ ချင်းဟီ၏ မျက်နှာက ကြောက်ရွံ့ ထိတ်လန့်ခြင်းကို မြင်သည်နှင့် မေးလိုက်သည်။ ချင်းဟီမှာ ကျန်းမိသားစု သက်တော်စောင့်များ၏ ခေါင်းဆောင်ဖြစ်ကာ ကျန်းဟိုချောင်၏ သီးသန့် သက်တော်စောင့်လည်း ဖြစ်သည်။ သူက တရုတ် အနောက်တောင်ပိုင်းမှ အတွင်းအား ပညာရှင်တစ်ယောက် ဖြစ်ကာ ကျန်းဟိုချောင်၏ အသက်ကို မရေမတွက်နိုင်အောင် ကယ်တင်ပေးခဲ့သည်။ ချင်းဟီကြောက်လန့်သည်ကို သူတစ်ခါမျှပင် မမြင်ခဲ့ဖူးချေ။
"သိပါတယ်..."
ချင်းဟီက ခေါင်းညိတ်လိုက်သည်။
"သူက အရမ်းကျော်ကြားတယ်"
"သူက ဖိုက်တာကြီးလား..."
ကျန်းအန့်နာက ဝင်ရောက်မေးသည်။
"သူက တကယ့် ဖိုက်တာကြီးပါ..."
ချင်းဟီက ခဏမျှ ရပ်တန့်တာ လေးလံစွာဖြင့်...
"သူက ရပ်တန့်လို့ မရတဲ့သူပဲ ..."
***