ဟောကိန်းများနှင့် တာဝန်
Vol. 60 Ch. 971
အလူစီယာ ပြုံးလိုက်သည်။ “မင်း တာဝန်ဖဲချပ်ကို ရွေးချယ် နိုင်တာ ကံကောင်းတာပဲ။”
“ဆာ-အလူစီယာ။ ကျုပ်က ကံဆိုးလို့ ဒါကို ရွေးလိုက်မိတာပါ။” ချန်လွေ့က ကူကယ်ရာမဲ့စွာ ပြန်ဖြေ လိုက်၏။ ကျုပ်တို့က လိုက်ဖက်တဲ့ ဇနီးမောင်နှံ တွေပါ။ ဒါပေမယ့် ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ။ ဇိုလာက ပထမဆု ရပြီးတော့ ကျုပ်က နောက်ဆုံး နှစ်သိမ့်ဆု ရခဲ့တယ်။ ပြီးတော့ တာဝန် တစ်ခုခုကို ပြီးအောင် လုပ်ရဦးမယ်... တစ်မျိုးတစ်စား မစ်ရှင်တောင် ပြီးအောင် လုပ်ပေးရဦးမယ်... မကောင်းတဲ့ ဟာတွေ မရှိလောက်ပါဘူးနော်။”
“ဒါက... မင်းကို သဘာဝ သစ်ရွက်က ရွေးချယ်လိုက် သလိုပဲ။ တကယ်တော့ ဖီနိုအီယာက မင်းကို လက်ဆောင် တစ်ခုတည်း ပေးခဲ့တာ မဟုတ်ဘူး။ ရွေးချယ်ခွင့်ပါ ပေးခဲ့တာ။” အလူစီယာက သဘောပေါက်စွာ ပြုံးလိုက်ပြီး သူ၏ အပြုံးကက အနည်းငယ် ပြုံးစိစိ ဖြစ်နေ၏။ “ပြီးတော့ လုံးဝ ကံကောင်းတာ၊ ကံဆိုးတာဆိုတာ မရှိဘူး။ ဒါ ရွေးချယ်မှု ကွာခြားသွား တာပဲ။ နှစ်ခုက အပြန်အလှန် ဆက်နွယ် နေတဲ့ ဆက်ဆံရေးပဲ။”
သဘာဝ သစ်ရွက် ဟုတ်လား။ ချန်လွေ့သည် စိတ်လှည့်သစ်တောထဲသို့ ဝင်ရန် လိုအပ်သည့် တိုကင်ကို ကြည့်လိုက်မိသည်။ ၎င်းက သူ၏ လက်ဖဝါးထဲ တိတ်တဆိတ် လှဲလျောင်း နေသော ကျောက်စိမ်းကဲ့သို့ သစ်ရွက် တစ်ခုနှင့် တူနေ၏။
“မင်းရဲ့ မှော်ဂိမ်းထဲက ရေရှည် ရည်မှန်းချက် လိုမျိုး ဒီတစ်ခါ တာဝန်က အသူရာ ချောက်နက်နဲ့ ဆက်နွယ် နေတယ်။”
‘အသူရာ ချောက်နက်’ ဟူသော စကားလုံးကြောင့် ချန်လွေ့၏ နားများ ချက်ချင်း ထောင်လာခဲ့သည်။
“နှစ်ပေါင်း ၂၀၀၀၀ ကြ,အောင် အသူရာချောက်နက်ရဲ့ စွမ်းအားက သဘာဝသစ်ကြီးကို ထိခိုက်ခဲ့တယ်။ စပန်ရဲ့ အသက်ချိပ်ပိတ် အားနည်း လာပြီးတော့ ပြိုလဲလုနီးပါး ဖြစ်နေပြီ။ နတ်သူငယ်တွေ ကလည်း ချိပ်ပိတ်ကို ခိုင်မာအောင် အစွမ်းကုန် ကြိုးစား ခဲ့ကြတယ်...” အလူစီယာက သက်ပြင်း ရှည်ကြီး ချလိုက်၏။ “သဘာဝသစ်ပင် ဆီကို သွားလိုက်။ မင်းတို့နှစ်ယောက် အတူတူ သွားပြီး အသူရာချောက်နက် စွမ်းအားကို လုံးဝ ချိပ်ပိတ်လိုက်။”
စပန်ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀ က အသက်ချိပ်ပိတ် ပျက်စီးတော့မှာလား။ ချန်လွေ့နှင့် ဇိုလာတို့ တချိန်တည်းမှာပင် အံ့အားသင့်သွားကြသည်။ ထိုအရာက ပေါ့သေးသေးကိစ္စ မဟုတ်ပေ။
ထိုစဉ်က မရဏနက် နောက်လိုက် များသည် တိမ်တိုက်စီးနင်း အင်ပါယာကို ထိန်းချုပ်ပြီး သဘာဝသစ်ပင်မှ အသူရာ ချောက်နက် ဝင်ပေါက်ကို ဖွင့်ရန်အတွက် ယဇ်ပူဇော် စွမ်းအားကို အသုံးပြုကာ သွေးစတေးမှုကြီးကို ပြုလုပ်ခဲ့ကြသည်။ စပန်နှင့် မာရီယာတို့ ကောင်းကင်မြို့ကို အချိန်မီ ဝင်ရောက်ပြီး လမ်းမှားရောက် သူများကို ရှင်းလင်းကာ ကပ်ဘေးကြီးကို ဖြေရှင်းနိုင်ခဲ့၍သာ မဟုတ်လျှင် အသူရာ ချောက်နက် မိသားစုက ထိုလောကကို ရောက်လာပြီး အရာအားလုံးကို ဖျက်ဆီး ပြီးသွားပြီ ဖြစ်လေသည်။
ယခုတွင် ချိပ်ပိတ်က ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်ရာ ဝင်ပေါက်ကို ပိတ်ဆို့ရန် မကြိုးစားပါက အသူရာချောက်နက်၏ စွမ်းအား တိုက်ရိုက် ဆင်းသက်လာပါက ဖြစ်လာနိုင်သော အကျိုးဆက်များကို စိတ်ကူး၍ပင် မရနိုင်ပေ။ ထိုသို့သော တာဝန် နှင့် ဆုလာဘ် မရှိလျှင်ပင် ကြိုးပမ်းရမည် ဖြစ်ပေသည်။
“ဝင်ပေါက်ကို လုံးဝ ပိတ်အောင် ဘယ်လို လုပ်ရမှာလဲ။”
“မင်းလက်ထဲက သဘာဝသစ်ရွက်က ညစ်ညမ်းမခံရခင် ဖြစ်တည်လာတဲ့ သဘာဝသစ်ပင်ရဲ့ နောက်ဆုံးလက်ကျန် အမြုတေပဲ။ အဲဒါက ချပ်ပိတ်ဖို့အတွက် သော့ချက်ပဲ။ ဒီခရီးလမ်းမှာ မင်းတို့တွေ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရ လိမ့်မယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ ကြီးမားတဲ့ ရဲစွမ်း သတ္တိ၊ ဆုံးဖြတ်ချက်၊ ဉာဏ်ပညာ...တွေ ရှိရမယ်။ အခက်အခဲတွေကို ကျော်လွှား နိုင်ရင် မင်းတို့ရဲ့ ကြိုးစားမှုနဲ့ အချိုးကျတဲ့ ဆုလာဘ်တွေ ရလိမ့်မယ်။”
ထိုအချိန်မှ ချန်လွေ့က လက်ထဲမှ ‘အစိမ်းရောင်သစ်ရွက်မြေပုံ’မှာ ထိုသို့ ဇစ်မြစ်နဲ့ စွမ်းအား ရှိနေကြောင်းကို သိရှိသွားခဲ့သည်။ သူက ခေါင်းညိတ် လိုက်ပြီး ပြောသည်။ “နားလည်ပါပြီ၊ ဆာ-အလူစီယာ။ ကျုပ်တို့ အခုပဲ သဘာဝသစ်ပင်ဆီကို သွားလိုက်ပါ့မယ်။ တာဝန် ပြီးမြောက်အောင် အစွမ်းကုန် ကြိုးစားပြီးတော့ ဆာ့ကို ပြန်လာပြီး သတင်းပို့ပါ့မယ်။”
“မင်း ပြန်လာစရာ မလိုပါဘူး။ ငါ့ သက်တမ်းက ကုန်တော့မယ်။ ဒါက ငါတို့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံတာပဲ...”
“ဆာ၊သက်တမ်းနဲ့ ပတ်သက်ပြီးတော့ ကျုပ်...”
စကားမဆုံးခင်မှာပင် ခေါင်းယမ်း နေသော အလူစီယာက သူ့စကားကို ဖြတ်ပြောလိုက်၏။ “ငါ့သက်တမ်းက ရှေ့ဖြစ်ဟောရဲ့ ဆိုးကျိုးကြောင့် ကုန်ဆုံး သွားခဲ့ပြီ။ ဒါက ပြောင်းလဲလို့ မရနိုင်တဲ့ ကံကြမ္မာပဲ။ ဒါကြောင့် အသက်ရှည် ဆေးရည်က ငါ့အပေါ်မှာ အကျိုး သက်ရောက်မှု မရှိဘူး။ မဟာ ဆရာသခင်လေး။ မင်းရဲ့ စေတနာ အတွက်တော့ ကျေးဇူးတင်ပါတယ်။”
ချန်လွေ့ အံ့အားသင့် သွားသည်။ ဖီနိုအီယာတောင် ငါက ဆေးရည် မဟာဆရာသခင် တစ်ယောက် ဆိုတာပဲ သိထားတာ။ အသက်ရှည်ဆေးရည်နဲ့ ပြန်လည်ရှင်သန်ခြင်း ဆေးရည်တွေ ရှိတယ်ဆိုတာ သူ မသိဘူး။ ဒါပေမယ့် အလူစီယာကတော့ သေသေချာချာကို သိနေခဲ့တယ်။ သူ့ရဲ့ ‘ကြိုမြင်နိုင်စွမ်း’ က တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ ကံကောင်းစွာနဲ့ပဲ သူက ရန်သူ မဟုတ်နေဘူး။
ချန်လွေ့ အမြန်စဉ်းစားပြီး နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။ “ဆာ့ကို မေးချင်တာက နတ်ဆိုးဘုံနဲ့ လူသား လောက...”
“စစ်ပွဲတွေ အားလုံးကို ကံကြမ္မာက ထိန်းချုပ်တဲ့ ကစားပွဲတစ်ခုလို့ မင်း နားလည်ထားလို့ ရတယ်။ ကျန်တဲ့ မေးခွန်းတွေ အတွက်တော့ အချိန်တန်တဲ့ အခါ အရာအားလုံး ပေါ်လာလိမ့်မယ်။” အလူစီယာက ရှေ့ဖြစ်သော စွမ်းရည်ကို ထပ်မံ ပြသလိုက်သော်လည်း သူက ပင်ပန်းနေပုံရပြီး လက်ဝှေ့ယမ်း လိုက်၏။ “အခု ဖီနိုအီယာဆီ သွားပြီးတော့ သဘာဝသစ်ပင်ဆီ ခေါ်သွားခိုင်းလိုက်။ ဒါနဲ့ မင်းရဲ့ တာဝန်ဆုလာဘ်ကို ယူသွားဖို့ မမေ့နဲ့။”
ချန်လွေ့ကို သွေးအန် စေခဲ့သော ‘သစ်သား’ မှော်ဖဲချပ်က သူ့လက်ထဲ ပျံသန်းဝင်လာခဲ့သည်။ နောက်ထပ် စက္ကန့်ပိုင်းမှာပင် ပတ်ဝန်းကျင်မြင်ကွင်း ပြောင်းလဲသွားပြီး သူတို့ နှစ်ယောက်က စိတ်လှည့်သစ်တော၏ ဝင်ပေါက်သို့ ပြန်ရောက်လာခဲ့ကြ၏။
ချန်လွေ့နှင့် ဇိုလာတို့ကို တယ်လီပို့ လုပ်ပြီးနောက် ခီလန်ယာက တဲထဲသို့ ရောက်လာခဲ့သည်။
“အဖေ။ အဖေက ဒြပ်စင်နတ်ဘုရားမ သရဖူကို နတ်မိမယ်နဂါးဆီ ကတယ် ပေးလိုက်တာပဲ။” ခီလန်ယာ၏ စကားက မေးခွန်းထုတ်သံ ပါဝင်နေ၏။ သူနှင့် အလူစီယာတို့က သားအဖ ဖြစ်နေခြင်း ဖြစ်သည်။
“အတိတ်ကို ဆုပ်ကိုင် ထားစရာ မလိုဘူး။ တချို့ စိတ်ခံစားချက်တွေကို နောက်ထပ် မျိုးဆက်ဆီ ပေးဖို့ဆိုတာ ဝေးရော။” အလူစီယာက သူ့သမီးကို ကြည့်လိုက်သည်။ “ဆက်ဆံရေးမှာ မှန်တာ မှားတာ မရှိဘူး။ စပန်က မင်းနဲ့ ဘာရီစမီကို မဟုတ်ဘဲ နတ်မိမယ်နဂါး မာရီယာကို ရွေးချယ်ခဲ့တယ်။ ဒါကို လွဲချော်မှုလို့ပဲ သတ်မှတ်လို့ ရတယ်။ အပြစ်လို့ ပြောလို့မရဘူး။”
ခီလန်ယာ ခဏတာ တိတ်ဆိတ် သွား၏။ “ဒါပေမယ့် အစ်မက...”
“ဘာရီစမီ သေတာက စပန်နဲ့ ဘာမှ မဆိုင်ဘူး။ အဓိက အကြောင်းရင်းက လမ်းမှားရောက် အစ်ဖရစ်ရဲ့ ထိန်းချုပ်မှု ကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တာ အပြင် သူ့စိတ်ထဲက အပူပင်တွေကြောင့်ပါ... တကယ်တော့ စပန်က မင်းတို့ ညီအစ်မ နှစ်ယောက်ကို အစ်ဖရစ် လက်ထဲကနေ အသက်နဲ့ရင်းပြီး ကယ်ခဲ့တဲ့ အချိန် ကတည်းက သူ ငါတို့ကို ဘာမှ အကြွေး မကျန်တော့ဘူး။ သူက အသူရာ ချောက်နက် လမ်းကြောင်းကို ပိတ်ဖို့ သူ့အသက်ကို ပေးဆပ်ခဲ့တာ။ ငါတို့နဲ့ နတ်သူငယ် မျိုးနွယ်စုတစ်ခုလုံးက သူ့ကို အကြွေးတင်နေတာ။”
ဘာရီစမီသည် ယခင် နတ်သူငယ် ဧကရီ ဖြစ်ပြီး ခီလန်ယာနှင့် ဧကရီတို့က စပန်ကို ချစ်ခင်သူများ ဖြစ်သော်လည်း နောက်ဆုံးတွင် စပန်သည် နဂါးကျွန်း ‘ရန်သူ’ ဖြစ်သော နတ်မိမယ်နဂါး မာရီယာကို ရွေးချယ်ခဲ့၏။ ဘာရီစမီက နတ်သူငယ် မျိုးနွယ်စု၏ ကပ်ဘေး ပြီးနောက် စိတ်ကျရောဂါဖြင့် ကွယ်လွန်ခဲ့ သောကြောင့် ခီလန်ယာက စပန် နှင့် မာရီယာ အပေါ်တွင် အမြဲ မုန်းတီးမှုများ ရှိနေခဲ့သည်။ ဇိုလာက သူတို့၏သမီး ဖြစ်ကြောင်း သိရှိပြီးနောက် သူက ဇိုလာကို မျက်နှာသာ မပေးသည်မှာ သဘာဝပင်။
“ဒြပ်စင်နတ် ဘုရားမ သရဖူနဲ့ ပတ်သက်ပြီး ... ရွေးချယ်မှုရဲ့ ရလဒ်ကို ငါ ဝင်ရောက် စွက်ဖက်ခဲ့တာ မဟုတ်ဘူး။ အဲဒါနဲ့ ဇိုလာတို့က တစ်ယောက်နဲ့တစ်ယောက် ရွေးချယ်ခဲ့ကြတာ။ သဘာဝသစ်ရွက်က လူသားကို ရွေးချယ်ခဲ့သလိုပဲ။”
“ခဏလေး...” ခီလန်ယာ ရုတ်တရက် တစ်ခုခုကို သတိရပြီး အော်ပြော လိုက်သည်။ “၆ရောင်သက်တန့် ဝတ်ဆင် ထားတဲ့ နတ်မိမယ်နဂါးနဲ့ သဘာဝ သစ်ပင်ကနေ ကောင်းချီးပေးခံရသူ... အဲဒီတုန်းက ရှေ့ဖြစ်ဟော၊ နတ်သူငယ် မျိုးနွယ်စုနဲ့ လောကတစ်ခုလုံးရဲ့ အကျပ် အတည်းကို ကယ်တင်မယ့်သူက...”
“ဟုတ်တယ်။ စပန်နဲ့ မာရီယာတို့က ငါ ကြိုမြင်ခဲ့ရတဲ့ လူတွေ မဟုတ်ဘူး။” အလူစီယာ၏ မျက်လုံးက ချန်လွေ့နှင့် ဇိုလာတို့ ပျောက်ကွယ် သွားသော နေရာသို့ ရောက်သွားသည်။ “သူတို့... တွေပဲ။”
“အဲဒီရှေ့ဖြစ်ဟောကို ဒီနေ့မတိုင်ခင် အထိ ဘာလို့ မဖြေခဲ့တာလဲ ဆိုတာကို နားလည်သွားပါပြီ...” ရုတ်တရက် ခီလန်ယာက မျက်နှာ အမူအရာ ပြောင်းလဲ သွား၏။ “ဒါဆို သူ အောင်မြင်ခဲ့မယ် ဆိုရင်တောင် နတ်သူငယ် မျိုးနွယ်စုက...”
“ဒါက နတ်သူငယ် မျိုးနွယ်စု တစ်ခုတည်း မဟုတ်ဘူး။” အလူစီယာ၏ ပင်ပန်းနွမ်းနယ်မှု ပိုမိုပြင်းထန်လာ၏။ “အဓိက ကုန်းမြေရဲ့ အကြီးမားဆုံး ကပ်ဘေးက အခုမှ စမှာ...”
ထိုသို့ ပြောပြီးနောက် အလူစီယာ၏ မျက်ခွံများ ကျဆင်းသွားပြီး ခန္ဓာကိုယ်မှ ဆွေးမြည့်သော အငွေ့အသက်မှာ အနည်းငယ် ပိုမို၍ ပြင်းထန်လာသည်။ သူက အိပ်ပျော်ခြင်း တစ်မျိုး အဖြစ်သို့ ကျရောက်သွား သကဲ့သို့ပင်။ ထိုအချိန် ခီလန်ယာသည် ခုနက ကြားခဲ့ရသည့် အရာကြောင့် တုန်လှုပ်နေဆဲ ဖြစ်၏။
ချန်လွေ့နှင့် ဇိုလာတို့က သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ခန့် ကတည်းက ကြိုတင် ခန့်မှန်းထားတဲ့ သူရဲကောင်းနဲ့ မင်းသမီး ဖြစ်လာကြောင်း မသိခဲ့ကြပေ။ ချန်လွေ့က သူ့ဇနီး၏ ခေါင်းပေါ်မှ ဒြပ်စင်နတ်ဘုရားမ သရဖူကို မနာလိုစိတ်ဖြင့် ကြည့်လိုက်နေလိုက်၏။
ဒြပ်စင်နတ် ဘုရားမ သရဖူနှင့် ဇိုလာတို့က အမှန်တကယ် ‘လိုက်ဖက်’ နေခဲ့လေသည်။ [ဒြပ်စင်၆ခုတိုင်းပြည်] စွမ်းအားကို ထည့်သွင်းပြီး ခဏတာ ပေါင်းစည်းပြီးနောက် ထိုအစွမ်းထက် အဆောင်ပစ္စည်းကို သူ၏ ခေါင်းပေါ် စိတ်ကြိုက် တင်နိုင်လာခဲ့သည်။
ချန်လွေ့က လက်ထဲမှ ‘သစ်သား’ တာဝန်ဆုလာဘ်ကို ထပ်ကြည့်လိုက်ပြီး စကားပင် မပြောနိုင်တော့ပေ။ ဒါက ဘယ်လို ဆုလာဘ်မျိုးလဲ။ သူ ‘သစ်သား’ ကို သိုလှောင်ဂိုဒေါင်ထဲ ထည့်ရန် ပြင်လိုက်သော်လည်း ထိုမာနကြီးသော မှော်ဖဲချပ်ကို ထည့်၍ပင် မရခဲ့ပေ။
စကားပင် မပြောနိုင် တော့သော တစ်ယောက်ယောက်က ‘သစ်သား’ ကို အိတ်ကပ်ထဲ ထည့်ရန်မှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ ထိုအချိန်တွင် သူတို့နှစ်ဦး ခရမ်းနှလုံးသား သစ်အိမ်သို့ ရောက်ရှိ လာခဲ့ပြီး ဖီနိုအီယာက ထိုနေရာတွင် အချိန် အတော်ကြာ စောင့်ဆိုင်း နေသည်ကို တွေ့လိုက်ရ၏။
ချန်လွေ့က သဘာဝသစ်ပင်၏ တာဝန် အကြောင်း ပြောပြရာ ဖီနိုအီယာက အလူစီယာထံမှ အချက်အလက် တချို့ အရင်ကတည်းက ရရှိထားပုံ ရသည်။ ထို့ကြောင့် သူ ဘာမှ ထပ်မမေး တော့ပေ။ သူတို့ နှစ်ယောက်ကို တစ်ရက် ကောင်းကောင်းနားစေပြီး အကောင်းဆုံး အခြေအနေ ရောက်အောင် အနားယူ စေခဲ့သည်။
နောက်တစ်နေ့ သူတို့ သုံးယောက်လုံး ခရမ်းသစ်တောမှ ထွက်ခွာကာ ငွေလ ကောင်းကင်မြို့ဆီသို့ ဦးတည်သွားခဲ့ ကြသည်။
သုံးယောက်သား ကောင်းကင်မြို့တော် နန်းတော်ထဲသို့ ဝင်ရောက်လာကြသည်။ ဖီနိုအီယာက လမ်းတလျှောက်လုံး အနှောင့်အယှက်ကင်းစွာ သွားလာ နိုင်စေသည့် သစ်ရွက်ပုံစံ တံဆိပ်ပြား တစ်ခုကို ပြသခဲ့သည်။
ထိုတံဆိပ်ပြား ပုံစံနှင့် ဖွဲ့စည်းပုံက ချန်လွေ့၏ သဘာဝသစ်ရွက်နှင့် မတူပေ။ ၎င်းက ကျောက်မျက် ရတနာတစ်ခုလို တောက်ပနေ၏။ ထိုအရာက ချန်လွေ့ တစ်ချိန်က တောင်နေလူပုကိုယ်စား နတ်သူငယ် ဧကရီကို ပေးခဲ့ဖူးသော သိဒ္ဓိသစ်ရွက် သံတော်ဆင့်နှင့် အနည်းငယ် ဆင်တူပေသည်။ သို့သော် သိဒ္ဓိသစ်ရွက် သံတော်ဆင့်က မဟာမိတ် အတွက်သာ ဖြစ်ပြီး ထိုတံဆိပ်ပြားက နတ်သူငယ် မျိုးနွယ်စုအတွင်း အမြင့်ဆုံး အာဏာကို ကိုယ်စားပြုခြင်း ဖြစ်လောက် ပေသည်။
ချန်လွေ့နှင့် ဇိုလာတို့က ဖီနိုအီယာ နောက်မှ လိုက်ပါရင်း နန်းတော်၏ အတွင်းပိုင်းသို့ ရောက်ရှိလာကြသည်။ အစောင့်များ ပိုမို တင်းကြပ်လာပြီး မှော်စက်ဝိုင်း၏ ကာကွယ်မှုလည်း ပိုမို၍ အားကောင်းလာသည်။ သူတို့သည် ရင်းနှီးသော ပုံရိပ်များကို ရှေ့တွင် စတင် မြင်တွေ့လာကြသည်။
နတ်သူငယ် ဧကရီ လစ်ဗ်၊ မင်းသမီး ဖီလီ၊ အကြီးအကဲ ပတ်ထရီဆီ၊ ချီရိုပန်၊ အထူး အစွမ်းထက်ပုဂ္ဂိုလ် ပလော့ထ်၊ ခယ်ဆာ... နှင့် မသိရသေးသော အစွမ်းထက် ပုဂ္ဂိုလ်များပင်။ ချစ်စရာ ကောင်းသော နတ်သူငယ် မင်းသမီးလေး မီရှယ်ကတော့ မရှိနေခဲ့ပေ။
ချန်လွေ့နှင့် ဇိုလာတို့ ရောက်ရှိ လာသည်ကို မြင်သောအခါ နတ်သူငယ် ဧကရီက အနည်းငယ် ဦးညွှတ်လိုက်ပြီး ကျန်လူများကလည်း သက်ဆိုင်ရာ မြင့်မားသော ဓလေ့ထုံးတမ်းများကို ပြသခဲ့ကြသည်။ ချန်လွေ့နှင့် ဇိုလာ တို့က အမြင့်ဆုံး ဂုဏ်သရေရှိ ဧည့်သည်များ ဖြစ်လာခဲ့သည်။
သို့သော် ထိုကဲ့သော ဂုဏ်ပြုခံရသည့် ဧည့်သည်များက သက်တောင့်သက်သာ မရှိခဲ့ကြပေ။ အမှန်တကယ် ပင်ပန်း နေပုံရသည်။ ချန်လွေ့က ရုတ်တရက် လှည့်စားခံရသလို ခံစားလိုက်ရ၏။ ဒီ ‘မဲနှိုက်တဲ့’ ချိပ်ပိတ် တာဝန်က အချိန် အကြာကြီး ပြင်ဆင်ထားတဲ့ပုံပဲ။ ငါ ကံကောင်းမကောင်းနဲ့ သိပ်ပြိးတော့ မသက်ဆိုင်တဲ့ပုံပဲ။
ဘာပဲဖြစ်ဖြစ် ငါ ဘေးကနေ ထိုင်ကြည့် နေလို့ မရဘူး။ ဒီကိုရောက်နေပြီဆိုတော့ ဖြစ်ပါစေတော့။ ချန်လွေ့ ထိုသို့တွေးပြီး စိတ်အေးသွားခဲ့သည်။ သူက ဇိုလာကို ခေါ်လာပြီး ဧကရီလစ်ဗ်ကို ဦးညွှတ် လိုက်လေသည်။
“အဝေးကနေ ရောက်လာကြတဲ့ မိတ်ဆွေနှစ်ယောက်ကို ကျေးဇူးတင် ပါတယ်။” ဧကရီလစ်ဗ်က ချန်လွေ့ မှတ်မိသည့် အတိုင်းပင် လှပပြီး ကျက်သရေသော စရိုက်လက္ခဏာ ရှိဆဲ ဖြစ်ပြီး အသံကလည်း ချစ်ခင်ဖွယ် ကောင်းလှသည်။
“အရှင်မက ယဉ်ကျေးလွန်းနေပါပြီ။” ချန်လွေ့က ထိုဧကရီနှင့် ယခင်က ဆက်ဆံခဲ့ဖူးတဲ့အတွက် တည်ငြိမ်နေပုံ ရသည်။
ဧကရီလစ်ဗ်က ဘေးနားရှိ တိုင်းပြည် အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ခယ်ဆာကို လက်ဟန်ပြလိုက်သည်။ ခယ်ဆာက လက်ကို ဝှေ့ယမ်းလိုက်ပြီး အထူး နေရာလွတ်စွမ်းအားကို အသက်သွင်း လိုက်ရာ ပတ်ဝန်းကျင် မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ရှေ့တွင် လျှို့ဝှက် ဆန်းကြယ်သော အငွေ့အသက်များ ထုတ်လွှတ်နေသော နယ်မြေတစ်ခု ရှိနေသည်။ ထိုနေရာတွင် ဧရာမ သစ်ပင် ၁၀ပင်ကျော် ရှိနေသည်။ ၎င်းတို့သည် ချန်လွေ့ ကျောက်လက်သီး ရွာတွင် ရင်ဆိုင်ခဲ့ရသော သစ်ပင်လူသား များဖြစ်သည်။ ၎င်းတို့အားလုံးက အထူးအဆင့်များဖြစ်ကြပြီး ကျောက်စိမ်း သစ်တောပင်လယ်၏ အခြေခံအုတ်မြစ် များထဲမှ တစ်ခု ဖြစ်လေသည်။
သစ်ပင်လူသားများသည် သူတို့၏ အစီအရင် ပါရမီကို များစွာ တိုးပွား စေနိုင်သော အခင်းအကျင်းတစ်ခုကို ပေါင်းစပ် ထားကြသည်မှာ သိသာနေ၏။
သစ်ပင်လူသားများ ဝန်းရံထားသော ဗဟိုနယ်မြေတွင် အမြင့် ၆မီတာခန့် ရှိသော ရှေးဟောင်းသစ်ပင် တစ်ပင် ရှိပြီး ကြည်လင်တောက်ပကာ အရည်လဲ့ နေ၏။ ၎င်း၏ အရွက်များနှင့် အကိုင်း အခက်များ မည်သို့ပင် ဖြစ်စေကာမူ သဘာဝဆန်ပြီး ထူးဆန်းသော စွမ်းအား မျိုးကို ထုတ်လွှတ်နေသည်။
ထိုအရာက နတ်သူငယ် မျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး အမွေအနှစ်ဖြစ်သည့် သဘာဝသစ်ပင်။
သဘာဝသစ်ပင်ကို နတ်သူငယ် မျိုးနွယ်စုရဲ့ အသက်သစ်ပင်ဟု ခေါ်ကြ လေသည်။ ထိုအရာက သင်္ကေတ တစ်ခုသာ မဟုတ်ဘဲ မှော်စွမ်းအား များလည်း ရှိပေသည်။ ထိုကဲ့သို့ စွမ်းအားမျိုးက နတ်သူငယ် မျိုးနွယ်စုရဲ့ မျိုးပွားမှုနှင့် တိုးထွားမှုနှင့် နီးနီးကပ်ကပ် ဆက်နွယ်နေ၏။ လုံးဝခြောက်သွေ့ သွားခဲ့ရင် စွမ်းအားကို မပြောနှင့်၊ မူလ ကတည်းက မျိုးပွားနိုင်စွမ်း နည်းတဲ့ နတ်သူငယ် မျိုးနွယ်စုက မျိုးပွားရန် မျှော်လင့်ချက် လုံးဝ ပျောက်ဆုံးပြီး ဤလောကမှ လုံးဝ ပျောက်ကွယ် သွားပါလိမ့်မည်။
နတ်ဆိုးဘုံရှိ အမှောင်နတ်သူငယ်၏ အသက် အရင်းအမြစ်မှာ ကောင်းကင်ရှိ လနှစ်စင်း ဖြစ်သည်။ ၎င်းနှင့် ယှဉ်လျှင် သူတို့၏ စွမ်းအားသည် လူ့ကမ္ဘာ၏ သစ်တော နတ်သူငယ်ထက် များစွာ နိမ့်ကျသော်လည်း ၎င်းတို့တွင် သဘာဝ သစ်ပင်ပေါ် ထိုသို့သော အသက်ရှင် ရပ်တည်မှုမှီခိုမှုမျိုး မရှိပေ။
ကြောက်မက်ဖွယ် ကောင်းသည်မှာ စိမ်းလန်းစိုပြည်နေသင့်သော ရှေးဟောင်း သစ်ပင်ကြီးက ယခုအခါ ခြောက်ကပ် နေ၏။ အရွက်များနှင့် အကိုင်း အခက်များ မည်သို့ပင် ဖြစ်စေကာမူ၊ သွေးနီရောင် ဖျော့ဖျော့လေး ရှိနေသည်။ ချန်လွေ့လက်ထဲမှ သဘာဝသစ်ရွက် ကဲ့သို့ အစိမ်းရောင် မဟုတ်နေပေ။
ထိုအရာက သစ်ပင်တစ်ပင် မဟုတ် သကဲ့သို့ပင် မြေပြင်၌ ချစ်ချစ်တောက် ကြက်ခြေခတ် “စီးကြောင်းများ” ရှိနေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
ချန်လွေ့၏ ပထမဆုံးအထင်အမြင်မှာ ထိုအရာက သဘာဝသစ်ပင် မဟုတ်ဘဲ... အသူရာချောက်နက် သစ်ပင် ဟူ၍ပင်...