← Chapters

ချိပ်ပိတ်ခြင်း၊ ကြယ် အပ်နှင်းစင်မြင့်၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 60 Ch. 976

ချိပ်ပိတ်ခြင်း၊ ကြယ် အပ်နှင်းစင်မြင့်၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 60 Ch. 976

ချန်လွေ့သည် နတ်မိမယ်နဂါးကို အသူရာ ချောက်နက် လှိုင်းများ ဝါးမျို လိုက်သော မြင်ကွင်းကို မြင်တွေ့ရသော အခါ ရုတ်တရက် ဒေါသတကြီး အော်ဟစ် လိုက်လေသည်။ “ဇိုလာ!”

ဇိုလာ သေဆုံးသွားခြင်းကို မည်သူမျှ သံသယ မဖြစ်ကြ။ အသူရာချောက်နက် သတ္တဝါများက ကြင်နာသော သတ္တဝါများ မဟုတ်သောကြောင့် သနားညှာတာမည် မဟုတ်ပေ။ ထို့အပြင် ဇိုလာသည် ခုနက ကြီးမားသော တိုက်ခိုက်မှု နှစ်ခုကို ဆက်တိုက် ပြုလုပ်ခဲ့ပြီးဖြစ်ရာ ခုခံရန် သို့မဟုတ် ရှောင်တိမ်းရန် စွမ်းအား လုံးဝနီးပါး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ဒေါသတကြီး အော်သံနှင့်အတူ ချန်လွေ့၏ ပျက်စီးခြင်း အငွေ့အသက်က အမြင့်ဆုံးသို့ တက်လာပြီး ကြောက်စရာ ကောင်းသော ရူးသွပ်သော အနီရောင် အလင်းများ ထောင်ပေါင်း များစွာ ထွက်ပေါ်လာခဲ့သည်။ နားကွဲလုမတတ် အသံက သတ္တဝါ တစ်မျိုးမျိုး၏ ဟိန်းသံနှင့် တူနေပြီး သတ္တဝါပေါင်း ရာနှင့်ချီ တချိန်တည်း ဟိန်းနေသလိုပင်။ အရှိန်အဟုန်က ခမ်းနားထည်ဝါလှ၏။

[မီးသင့်နဂါးဟိန်းသံ]!

‘မျက်လုံး’ မျက်တောင် ခတ်လိုက်ရာ မီးသင့်နဂါး ရာနှင့်ချီက အမှုန် အဖြစ် ပြောင်းလဲပြီး ချက်ချင်း အစအနမကျန် ပျောက်ကွယ်သွား၏။

ချန်လွေ့က လက်ကို ဝှေ့ယမ်းလိုက်ရာ ထက်ရှတဲ့ ချီစွမ်းအင် အများအပြား မြည်ဟည်းရင်း ထွက်လာလေသည်။ [အရုဏ်ဦးပစ်ချက်] ၇ခုက ‘မျက်လုံး’ အရှေ့တွင် ပေါ်လာပြီး ပေါက်ကွဲထွက် သွား၏။

[အရှိန်အဝါ ဓားသွား]!

[ကြယ်၇ပွင့် ပေါက်ကွဲခြင်း]!

သို့သော် ထိုအရာများ အသုံးမဝင် ခဲ့ပေ။ ‘မျက်လုံး’က တစ်ချက်ကြည့်ရုံဖြင့် တိုက်ခိုက်မှု အားလုံး ခြွင်းချက်မရှိ ပြိုကွဲသွားသည်။ နှစ်ဖက်စလုံးသည် ပျက်စီးခြင်း ဇစ်မြစ်၏ စွမ်းအားကို အသုံးပြုခဲ့ကြသော်လည်း စွမ်းအား ကွာခြားချက် အမှန်တကယ်ပင် အလွန် ကြီးမားပေသည်။

နှစ်ဖက်လုံးတွင် ပျက်စီးခြင်း ဇစ်မြစ် ရှိသောကြောင့် သူတို့က တိုက်ခိုက်မှုများ လုံးဝမပြီးဘဲ အချင်းချင်း ဖျက်ဆီးနေခြင်း ဖြစ်သည်။ အသူရာကဲ့သို့ စစ်မှန်သော ခန္ဓာကိုယ်သာ ပျက်စီးခြင်းစွမ်းအား၏ တိုက်ခိုက်မှု အများစုကို ပေါင်းစပ်စုပ်ယူ နိုင်သော်လည်း လက်ရှိ စွမ်းအား နှိုင်းယှဉ်ချက်အရ အသူရာနှင့် ပေါင်းစပ် လျှင်ပင် ရန်သူကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

တစ္ဆေသဖွယ် ရယ်သံ ထွက်လာ၏။ “ဒေါသထွက်စမ်း! မုန်းတီးစမ်း! အသုံး မကျတဲ့ ပုရွက်ဆိတ်ကောင်!”

ချန်လွေ့က မောဟိုက်နေပြီး မျက်လုံး အနီရောင် တောက်နေ၏။ သူက စိတ်လွတ် သကဲ့သို့ ဖြစ်နေပြီး ‘မျက်လုံး’ ဆီသို့ ကြံရာမရ ပြေးသွားလိုက်သည်။

“သိပ်ကောင်းတဲ့ အမုန်းတရားပဲ။ မင်းရဲ့ ဝိညာဉ်ကို ငါ အခု ထိန်းချုပ် လိုက်မယ်။ မင်း ပိုင်ဆိုင်တဲ့ စွမ်းအားနဲ့ ဇစ်မြစ်က အကောင်းဆုံး ဆင်းသက်မယ့် ခန္ဓာကိုယ် ဖြစ်လာမယ်!” အမုန်းတရား စွမ်းအားက စက္ကန့်ပိုင်းအတွင်း အလွန် အမင်း ပြင်းထန်လာခဲ့ လေသည်။ ‘မျက်လုံး’ထဲတွင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ပြင်းထန်သော သွေးနီရောင် အလင်းတစ်ခု ထွက်လာကာ ချန်လွေ့ကို အတင်းအကြပ် ရစ်ပတ်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းများ အားလုံး ပြောင်းလဲ သွားခဲ့သည်။ ၎င်းက စကြာဝဠာ နေရာလွတ်တစ်ခု ဖြစ်ပြီး ကြယ်များက ထူးထူးခြား စည်းချက်ဖြင့် ဖြည်းဖြည်းချင်း လည်ပတ်နေ၏။ နေကဲ့သို့ ပူပြင်းတဲ့ ဂြိုဟ်အနည်းငယ်က အထူးသဖြင့် ထင်းခနဲ ဖြစ်နေသည်။ ကောင်းကင် တစ်ခုလုံးက ငြိမ်သက်ပြီး လှပကာ အသက်ဓာတ်များ ပြည့်နေ၏။

နေရာလွတ်ထဲတွင် အမျိုးသမီး ပုံစံ နိမိတ်ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ မျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ်က ဝေဝါး နေသည်။ ရှင်းလင်းစွာ မြင်ရသည့် အရာတစ်ခုတည်းမှာ ထူးဆန်းသော မျက်လုံးတစ်စုံပင်။

“ခီလီယာနာ!” တည်ငြိမ်သောအသံက ‘မျက်လုံး’၏ အမည်ကို ခေါ်လိုက်သည်။ ထိုအသံက ယခင်ကဲ့သို့ ဒေါသနှင့် အမုန်းတရားများ မပါဝင်ဘဲ ဇိုလာ၏ ‘သေဆုံးခြင်း’က စိတ်ပိုင်း ဆိုင်ရာ သက်ရောက်မှု မရှိသကဲ့သို့ပင်။

မျက်လုံးက ဘယ်ဘက်ကို ခပ်ပေါ့ပေါ့ စူးစိုက် ကြည့်လိုက်ပြီး မျက်နှာတွင် လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။ ချန်လွေ့၏ ပုံရိပ်က ဖြည်းဖြည်းချင်း ပေါ်လာ၏။

ချန်လွေ့က ပုံမှန်ပင် ပြောလိုက်သည်။ “အတိအကျ ပြောရရင် ခင်ဗျားက ခီလီယာနာရဲ့ စိတ်ပုံရိပ်တစ်ခုပဲ။”

ထိုစိတ်ပုံရိပ်က အသူရာချောက်နက်၏ အမြင့်ဆုံး အုပ်ချုပ်သူ အမုန်းတရား အရှင်သခင် ခီလီယာနာပင်။

ခီလီယာနာ ခနဲ့လိုက်၏။ “ပုရွက်ဆိတ်၊ မင်းက ငါ့ရဲ့ စိတ်ရှည်မှုကို ထပ်ခါထပ်ခါ စိန်ခေါ်ခဲ့တယ်။ မင်းရဲ့ ဝိညာဉ်ကို မစတေးချင်ဘူး ဆိုတော့ ဒီလို ပုံတူ တိုင်းပြည် ပုံရိပ်ယောင်က မင်းရဲ့ သင်္ချိုင်း ဖြစ်ရလိမ့်မယ်။”

“ပထမဆုံးအနေနဲ့ အရှုံးပေးတာနဲ့ ပတ်သက်ပြီး တစ်ခု ရှင်းပြချင်တယ်...” ချန်လွေ့ ပြုံးလိုက်၏။ “အဲဒါက ခင်ဗျား ဒူးထောက်ပြီးတော့ ကျုပ်ကို မှုတ်ပေး တာထက် ပိုခက်တယ်။”

ပုံရိပ်ယောင် ဖြစ်စေ၊ တိုင်းပြည် ဖြစ်စေ၊ ခီလီယာနာက ထိုပုရွက်ဆိတ်ကို လုံးဝ စိတ်မဝင်စားပေ။ သူကဲ့သို့ အမြင့်ဆုံး တည်ရှိမှုကို ချန်လွေ့က ထိုမျှ မလေးမစား စကားများ ပြောရဲမည်ဟု မထင်ထားခဲ့ပေ။ သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်လာ၏။ အစွမ်းထက်သော အရှိန်အဝါက သူ့ကို လုံးဝ လွှမ်းမိုးသွားသည်။

သို့သော် ပုရွက်ဆိတ် ကောင်စုတ်က မျှော်လင့်ထားသည့်အတိုင်း စုတ်ပြဲမသွား ခဲ့ဘဲ မလှုပ်မယှက် ရပ်နေခဲ့သည်။

ခီလီယာနာ မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံး အံ့အားသင့်သော အရိပ် အယောင် တစ်ခု ပြသလာသည်။ သူက ဖြည်းဖြည်းချင်း လက်ကို မြှောက်ပြီး အရင်ကထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအား တစ်ခုကို ချက်ချင်း ဖောက်ခွဲလိုက်၏။ ချန်လွေ့နောက်မှ နေအဖွဲ့အစည်းရှိ နေရာလွတ်မှာ အက်ကွဲကြောင်းများစွာ ပေါ်လာသော်လည်း သူက မည်သည်မှ ထိခိုက်မှု မရှိ‌ပေ။

ထိုနေရာက စူပါစနစ် ဖြစ်နေ၍ပင်။ စနစ်က မွေးထုတ် ပေးထားသော နေအဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီး ပစ်ခြင်း မဟုတ်လျှင် ခီလီယာနာက ချန်လွေ့ကို လုံးဝ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ထိုအရာက ချန်လွေ့ အချိန် အကြာကြီး စောင့်ဆိုင်း နေခဲ့ရသော အစီအစဉ်ပင်။ ‘သေဆုံး’ သွားသော ဇိုလာက မည်သည်မှ မထိခိုက်ခဲ့ပေ။ သူ့ကို အသူရာချောက်နက် အုပ်စုများ ဝိုင်းရံသော အချိန်တွင် ချန်လွေ့က ကြယ်အပ်နှင်း စင်မြင်ထဲ ထည့်ထားခဲ့ပြီး ကြယ်ပေါင်းစည်း အခြေအနေ ရောက်ရှိ သွားခဲ့သည်။

အမြင်အာရုံ အကွာအဝေးအတွင်း ချန်လွေ့၏ ကြယ်အပ်နှင်းခြင်းကို လက်ခံ ထားသော သူတိုင်းကို ကြယ်အပ်နှင်း စင်မြင့်ထဲသို့ အချိန်မရွေး ထည့်သွင်း နိုင်၏။ ထိုအခြေအနေကို အများဆုံး ၃နာရီ အထိ ထိန်းထားနိုင်ပြီး ကြယ်ပေါင်းစည်းခြင်း ဖျက်သိမ်းပြီးလျှင် ၂၄နာရီကြာမှ ပြန်ပေါင်းစည်းနိုင်မည် ဖြစ်သည်။ ထိုအရာက ချန်လွေ့ကို ဇိုလာ၊ အစ်ဇဘယ်လာနှင့် တခြားသူများအား [ကြယ်ဂိတ်] မှတဆင့် လူသားလောကသို့ ခေါ်ဆောင်နိုင်စေသည့် အကြီးမားဆုံး လျှို့ဝှက်လက်နက်ပင်။

ခီလီယာနာ၏ စွမ်းအားက အလွန် ကြိးမားလွန်းလှသည်။ ပုံရိပ်တစ်ခုတည်း ဆိုလျှင်ပင် ချန်လွေ့ ယှဉ်နိုင်သော အဆင့်ကို ကျော်လွန်နေပြီ ဖြစ်သည်။ ထပ်တိုက် တိုက်ခိုက်ရပါက ၀.၀၁% ပင် မျှော်လင့်ချက် မရှိပေ။

ယခင်က ခီလီယာနာ၏ ‘အမုန်းတရား နှလုံးသား’ကို အသက်သွင်းခြင်း အရ ဆိုလျှင် သူ၏ ပထမဆုံး ရွေးချယ်မှုမှာ သူ့ကို သတ်ရန် မဟုတ်ဘဲ ထိန်းချုပ်ရန် ဖြစ်သည်။ ထိုအရာက ချန်လွေ့ ပြခဲ့သော ပျက်စီးခြင်း ဇစ်မြစ်နှင့် ဆက်စပ် နေပေလိမ့်မည်။ အသူရာက ပျက်စီးခြင်း ခန္ဓာကိုယ်မှ ပြသခဲ့သော ‘ပါရမီ’ကြောင့် လျှို့ဝှက် ဘာသာရေးဂိုဏ်း၌ အလွန်ပင် အာရုံစိုက်ခံခဲ့ရသည်။ ထို့ကြောင့် ချန်လွေ့က စွန့်စားပြီး ခီလီယာနာကို စူပါစနစ်ထဲသို့ ဝင်ရောက်စေရန်အတွက် လှည့်စားရန် ရွေးချယ်ခဲ့၏။ ၎င်းက အနိုင်ရရှိရန် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်ပေသည်။

ခီလီယာနာက အသူရာချောက်နက် စစ်တပ်ဖြင့် ဇိုလာကို ‘သတ်ပစ်’ရန် စေခိုင်းခဲ့ပြီး ချန်လွေ့၏ အမုန်းတရားကို အသုံးပြုကာ သူ့ဝိညာဉ်ကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ထိုအရာက ချန်လွေ့ကို ပိုကောင်းသော အခွင့်အရေး တစ်ခု ပေးခဲ့၏။ အမှန်တကယ် သူပြသခဲ့သော ဒေါသက မဟုတ်မမှန် မဟုတ်ဘဲ ရှီလန်တောင်၌ အသီနာက ဂလော်ဖင်းနှင့် ရင်ဆိုင်နေစဉ် စိတ်ခံစားချက်များကို အစားထိုးခဲ့ခြင်း ဖြစ်သည်။ သူက ခီလီယာနာကို အသေအချာ လှည့်စားပြီး စူပါစနစ်ထဲကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ခီလီယာနာ၏ တိုက်ခိုက်မှုများ အရာ မထင်ပြီးနောက် သူ၏မျက်လုံး ပြန်လည် လင်းလက်လာသည်။ အနီရောင် အငွေ့ အနည်းငယ် ထွက်ပေါ်လာပြီး လှည့်ပတ် နေသော လက်မောင်းများက ချန်လွေ့ ဆီသို့ လှိမ့်ဝင်လာသကဲ့သို့ပင်။ သို့သော် ၎င်းက ပုံရိပ်တစ်ခုကို တိုက်ခိုက်ခြင်းနှင့် တူညီပြီး သူ့ကို မည်သည်မှ မဖြစ်စေဘဲ ဖြတ်သန်းသွားခဲ့သည်။

ထိုအချိန် ချန်လွေ့နောက်တွင် ဧရာမ တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ပြင်းထန်တဲ့ စုပ်ယူမှုကို ထုတ်လွှတ် လိုက်ရာ အနီရောင်အငွေ့များ ချက်ချင်း စုပ်ယူခံလိုက်ရ၏။ ခီလီယာနာက စွမ်းအားများ အလိုလို အလျင်အမြန် မှေးမှိန်သွားခြင်းကို ခံစားနေရတယ်။ သူ အမှန်တကယ် ရပ်တန့် မရတော့ပေ။ ဒီလို သက်ရောက်မှုကို ငါ့အပေါ် ဖြစ်စေဖို့ ဆိုတာ ရိုးရိုးရှင်းရှင်း ဥပဒေသတော့ မဟုတ်လောက်ဘူး။ ဧကန္တ... အရှိန်အဝါ များလား!

မဖြစ်နိုင်ဘူး! ဒီနတ်ဘုရား တစ်ပိုင်း အဆင့်လောက်ပဲ ရှိတဲ့ ပုရွက်ဆိတ်မှာ ဘယ်လိုလုပ်ပြီး အရှိန်အဝါ ရှိနိုင်မှာလဲ။

ခီလီယာနာ မျက်လုံးထဲ ထူးဆန်းသော အမူအရာများ ပို၍ပင် ထင်ရှားလာသည်။ သူက ပါးစပ်ဟလိုက်ရာ အလင်းတန်း တစ်ခုကည် တွင်းနက်ဆီသို့ တိုးဝင် သွားခဲ့ပြီး တွင်းနက်ထဲရှိ နေရာလွတ်ကို နှစ်ပိုင်း ပိုင်းလိုက်လေသည်။ သို့သော် နှစ်ပိုင်း ဖြစ်သွားသော တွင်းနက်က ပြင်းထန်သော စုပ်ယူမှုကို ဆက်လက် ထုတ်လွှတ်နေဆဲ ဖြစ်သည်။ ပိုင်းခြား ထားသော နေရာလွတ်က ထိုစုပ်ယူမှု ကြောင့် ပြန်လည် ပေါင်းစည်းသွား၏။ တွင်းနက်သည် တစ်ခုအဖြစ် လျင်မြန်စွာ ပြန်လည် ပေါင်းစပ်သွားပြီး စုပ်ယူမှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။

ခီလီယာနာက တိုက်ခိုက်မှု နည်းလမ်း များစွာကို ဆက်တိုက် သုံးခဲ့သော်လည်း ချန်လွေ့ကို ထိခိုက်အောင် သို့မဟုတ် တွင်းနက်ကို လုံးဝ ဖျက်ဆီးပစ်နိုင်ခြင်း မရှိပေ။ သူ မျက်မှောင်ကြုတ် လာပြန်သည်။ ရန်သူကို တိုက်ခိုက်၍ မရသော်လည်း ရန်သူ၏ တိုက်ခိုက်မှုက အစစ်အမှန်ပင်။ ထိုအချက် တစ်ခုတည်း ဖြင့်ပင် သူက လုံးဝ အသာစီးရနေသည်။

ခီလီယာနာက ပတ်ပတ်လည်မှ ကြယ်တွေကို ကြည့်လိုက်ရာ သူ ရုတ်တရက် တစ်ခုခုကို နားလည်သွား၏။ သူ့ရဲ့ စွမ်းအားက ဒီ ‘ပုံတူ’ ပုံရိပ်ယောင် တိုင်းပြည်နဲ့ ပေါင်းစပ်ထားတာကိုး။ ငါ့ရဲ့ တိုက်ခိုက်မှုက ‘စကြာဝဠာ’ တစ်ခုလုံးကို ပြိုကွဲသွားသလိုပဲ။ ဒါကြောင့် ငါ သူ့ကို ထိခိုက်အောင် လုပ်လို့မရဘူး။ ဒါပေမဲ့...

“အမုန်းတရားရဲ့ စွမ်းအားအောက်မှာ အရာအားလုံး လုံးဝပျက်စီးသွားရမယ်!” ခီလီယာနာ၏ မျက်လုံးများက သွေးရောင် အလင်းများ ပြည့်နေပြီး ပြင်းထန်သော အမုန်းတရား အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တစ်နည်းနည်းဖြင့် ပြောင်းလဲ သွားသည်။ ခန္ဓာကိုယ်နဲ့ မျက်နှာ သွင်ပြင်များက ဝေဝါးဆဲ ဖြစ်သော်လည်း ‌ဗီဇပြောင်းလဲမှု၏ ကြောက်မက်ဖွယ် ပုံစံကို မြင်နိုင်ပေသည်။ သူ၏ ခန္ဓာတစ်ခုလုံးက သွေးရောင်အလင်းများ တောက်လောင်နေပြီး လက်သည်းကဲ့သို့ လက်များက တုန်ခါနေ၏။

နေအဖွဲ့အစည်း နေရာလွတ်ထဲတွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး အက်ကွဲကြောင်းထဲမှာ ကြောက်မက်ဖွယ် သွေးရောင် ပေါ်လာကာ နေအဖွဲ့အစည်း တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွား၏။ တွင်းနက် စွမ်းအားက သွေးရောင် အလင်း၏ တစ်စိတ်တစ်ပိုင်းကို ဝါးမျို နိုင်သော်လည်း ထိုကဲ့သို့ ကျယ်ပြန့်သော သွေးရောင်အလင်းကို တားဆီးနိုင်ခြင်း မရှိပေ။ သွေးရောင်အလင်း ဖြတ်သန်း သွားသော နေရာတိုင်း ဥက္ကာပျံများ အမှုန့် ဖြစ်သွား၏။ နေအဖွဲ့အစည်း၏ လည်ပတ်မှုက သွေးကြောင့် တဖြည်းဖြည်း တန့်လာခဲ့သည်။

ချန်လွေ့က ခီလီယာနာသည် နေအဖွဲ့အစည်း အတွင်း၌ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားမျိုး တကယ် ထုတ်လွှတ်နိုင် လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအချိန် သူသည် ကြယ်စင်စု နတ်ဘုရားကျောင်းရှိ ကြယ်အပ်နှင်း စင်မြင့်တွင် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်နေကြောင်း ရုတ်တရက် သိလိုက်ရသည်။ အလင်း တန်းများစွာက ကောင်းကင်သို့ တက်သွားပြီး ၎င်းတို့၏ ရင်းမြစ်များတွင် နှင်းဒဲလက်ပန်း၊ တစ္ဆေပန်း ကဲ့သို့သော ယုံကြည်မှု သက်ရှိများ အပြင် ကြယ်အပ်နှင်း စင်မြင့်ရှိ ‘ရုပ်ထုများ’ လည်း ပါဝင်၏။

အလင်းတန်းများက ထူးဆန်းသော သင်္ကေတတစ်ခုအဖြစ် စုစည်းသွားပြီး ၎င်းက ခီလီယာနာနှင့် တိုက်ပွဲနေရာတွင် ပေါ်မလာဘဲ ချန်လွေ့၏ စိတ်ထဲ၌သာ ပေါ်လာခဲ့သည်။

ဒီသင်္ကေတက ချန်လွေ့ သိသော မှော်စာမျိုး မဟုတ်။ သို့သော် ကြယ်စင်စု နတ်ဘုရားကျောင်း တစ်ခုလုံး၏ အမြင့်ဆုံး ထိန်းချုပ်သူ ဖြစ်သော ချန်လွေ့က ထိုသင်္ကေတ အဓိပ္ပာယ်ကို သေသေချာချာ နားလည်နိုင်ခဲ့သည်။ ထိုအရာက ‘ချိပ်ပိတ်ခြင်း’ပင်။

သူ့စိတ်ထဲမှ အပို အချက်အလက် များက သူ့ကို ချက်ချင်း နားလည် စေခဲ့သည်။ တွင်းနက် ပျောက်ကွယ်ပြီး သူ့လက်က လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်း တစ်ခုကို ရေးဆွဲလိုက်၏။ နေရာလွတ် ထဲတွင် တောက်ပသော ကြယ်ရောင် အလင်းက တဖြည်းဖြည်း ထင်ရှား လာလေသည်။ ချန်လွေ့၏ လက်အမူအရာအောက် ကြယ်အမှတ် မျဉ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်၏။

ထိုကြယ်အမှတ်များ ပေါ်လာသည့် အချိန်နှင့် တပြိုင်တည်းမှာပင် စူပါစနစ် ထဲရှိ ယုံကြည်မှု သလင်းကျောက်များ အရေအတွက်က စက္ကန့်ပိုင်းအတွင်း လျော့ကျလာခဲ့သည်။

ခီလီယာနာက ရုတ်တရက် ရင်ထဲတွင် မသက်မသာဖြစ်လာပြီး ကြယ်‌တာရာ ကောင်းကင်ဆီသို့ ဆန့်တန်းနေသော သွေးရောင် စွမ်းအားက ရုတ်တရက် ရပ်တန့်သွား၏။ ၎င်းကို အလျင်အမြန်ပင် ကျယ်ပြန့်တဲ့ စွမ်းအားတစ်ခုက ဖျက်ဆီး ဖယ်ရှားလိုက်လေသည်။

ခီလီယာနာက ခြိမ်းခြောက်မှုကြီးကို မသိစိတ်မှ ခံစားလိုက် ရသည်။ သူက အသံတိုးတိုးဖြင့် ဟိန်းလိုက်ပြီး နောက်ထပ် ဗီဇပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ ကျက်သရေရှိသော ခန္ဓာကိုယ်တွင် အရိုးဆူးများကဲ့သို့သော အရာများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တစ်ဆခန့် ကြီးထွား လာပုံရပြီး နောက်မှ အမြီးရှည် တစ်ခု ထွက်ပေါ်လာသည်။ သွေးရောင် စွမ်းအားက ကြက်သွေးရောင် အဖြစ် ရုတ်တရက် ပြောင်းလဲပြီး နက်ရှိုင်းသော ကြောက်မက်ဖွယ် အရောင် တစ်ခုကို ပြသနေ၏။ ၎င်းကို ကြည့်လိုက်ရုံဖြင့် လူများကို ကြောက်လန့်တုန်လှုပ်စေသော ခံစားမှုမျိုး ပေးနေသည်။

ကြက်သွေးရောင် စွမ်းအားက အရှိန် အဟုန်ပြင်းစွာ တဟုန်ထိုး င့်တက်လာပြီး နေအဖွဲ့အစည်း နေရာလွတ်တစ်ခုလုံး အနည်းငယ် တုန်ခါလာသည်။

ချန်လွေ့က ထိုစွမ်းအား၏ သက်ရောက်မှုကို သေသေချာချာ ခံစားမိသည်။ [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း] စွမ်းအားဖြင့်ပင် ထိုစွမ်းအား အောက်တွင် ချက်ချင်း ချေမှုန်း ခံရပေလိမ့်မည်။

နိမိတ်ပုံရိပ် တစ်ခုတည်း ကတောင် ဒီလို အစွမ်းထက်တဲ့ အရှိန် အဟုန်မျိုး ရှိနေတာ!

ကံကောင်းချင်တော့ ဒါက စူပါစနစ်ထဲ ဖြစ်နေမှာပဲ။ ခီလီယာနာ အပြင်မှာ ရှိတုန်းက ငါ့ကို သတ်ချင်တာ မဟုတ်ဘဲ ထိန်းချုပ်ချင်နေလို့ တော်သေးတာပေါ့။

သူ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ထိပ်တိုက် တိုက်ခိုက်ရလျှင် နတ်ဘုရား အဆင့်နှင့် အနီးစပ်ဆုံးဟု သိကြသော ကောင်းကင် တမန်သုံးပါး၏ ခေါင်းဆောင် ဖြစ်သော မိုက်ကယ်ပင် ခီလီယာနာ၏ ပြိုင်ဘက် မဟုတ်နိုင်လောက်ပေ။

ချန်လွေ့၏ လက်ထဲမှ လှုပ်ရှားမှုက ရပ်တန့်မသွားဘဲ ဆန့်ကျင်ဘက်အားဖြင့် ပိုမို မြန်ဆန်လာသည်။ ကြက်ခြေခတ် ကြယ်အမှတ်များ ရှင်းလင်း လာပြီး ဧရာမ မှော်စာတစ်ခု အဖြစ် ပေါင်းစပ်သွား တော့သည်။ ၎င်းက ချိပ်ပိတ်ခြင်းပင်!

မှော်စာ သင်္ကေတ ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်စရာ ကောင်းသော ကြက်သွေးရောင် စွမ်းအားက လှိုင်းများ ပြန်လည် ဆုတ်ခွာသကဲ့သို့ ပြန်လည် လှိမ့်ဆင်းသွားလေသည်။

“ဘာ....!” ခီလီယာနာ နောက်ဆုံး တုန်လှုပ်သွားတော့သည်။ သူက ပုံရိပ် တစ်ခုသာ ဖြစ်သော်လည်း နောက်ဆုံး အသွင်ပြောင်းလဲမှုကို အသက်သွင်းခဲ့ပြီး ‘ဖျက်ဆီးခြင်း’ နှင့် ‘အမုန်းတရား’ အရှိန်အဟုန်ကို အမြင့်ဆုံး အထိ ထုတ်လွှတ်ခဲ့ပြီ ဖြစ်သည်။ သာမန် နတ်ဘုရား-ယောင် အဆင့်ပင် ခုခံနိုင်မည် မဟုတ်ပေ။ နတ်ဘုရားတစ်ပိုင်း အဆင့်ပဲ ရှိလောက်တဲ့ ဒီလူက ငါ့ရဲ့ အစွမ်း အထက်ဆုံး အရှိန်အဝါကို လုံးဝ ဖိနှိပ် လိုက်တာပဲ!

All Chapters