← Chapters

သားပေါက်အသိုက်

Vol. 60 Ch. 977

သားပေါက်အသိုက်

Vol. 60 Ch. 977

အသူရာ ချောက်နက်၏ အမြင့်ဆုံး အုပ်စိုးသူ ဖြစ်ပြီး ပြိုင်စံရှား စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ခီလီယာနာက သဘာဝ သစ်ပင်၏ ချိပ်ပိတ်ကြောင့် တိုက်ရိုက် ဆင်းသက်နိုင်ခြင်း မရှိပေ။ သူက အားနည်းနေသော ‘ဟာကွက်’ ကို အသုံးချ၍သာ အသူရာ ချောက်နက်၏ စွမ်းအားကို ပျံ့နှံ့စေပြီး စိတ်ပုံရိပ်တစ်ခု အောင်မြင်စွာ ဖန်တီးခဲ့လေသည်။

ထို့နောက် သူက ထိုစိတ်ပုံရိပ်ကို အခြေခံပြီး စိတ်ပုံရိပ်နှင့် စွမ်းအား ပမာဏကို ဆက်လက် စုဆောင်းရန်သာ လိုအပ်သည်။ ထိုအချိန်တွင် သူက ချိပ်ပိတ်ကို အတွင်းနှင့် အပြင်မှ ဖောက်ထွက်ပြီး လမ်းကြောင်း ဖွင့်ကာ အသူရာချောက်နက်ကို လူသားလောက တစ်ခုလုံးသို့ လုံးဝ ဝိုင်းရံစေမည် ဖြစ်သည်။

နတ်သူငယ်များ လမ်းကြောင်းကို လုံးဝ ပိတ်ရန် ကြိုးစားခဲ့ ကြသော်လည်း အသူရာချောက်နက် စွမ်းအား အနှောင့် အယှက်ကြောင့် အားလုံး ကျရှုံးခဲ့ကြ၏။ သိပ်မကြာခင်က သူ ဆင့်ခေါ်ခဲ့သော စစ်တပ်ကလည်း ဖင်မနိုင်ဘဲ ပဲဟင်း စားသော နတ်သူငယ် အဖွဲ့တစ်ဖွဲ့ကို ရှင်းလင်းခဲ့သည်။ သို့သော်လည်း သူက စုဆောင်းထားသော စွမ်းအား တစ်စိတ် တစ်ပိုင်းကို သုံးစွဲခဲ့ရသည်။

ယနေ့ သူက အလန့်တကြား ဖြစ်သွား ရပြန်သည်။ နတ်ဘုရား တစ်ပိုင်း အဆင့် လောက်သာ ရှိသော ပုရွက်ဆိတ်က သူ့၏ စိတ်ပုံရိပ်ကို အမှန်တကယ် ရှာတွေ့ ခဲ့လေသည်။

သူ့အပေါ်တွင် ထို “ပုရွက်ဆိတ်”၏ တိုက်ခိုက်မှုက အားနည်း သော်လည်း ထိုသူတွင် အရည်အသွေး မြင့်မားသော ပျက်စီးခြင်း ဇစ်မြစ် ရှိနေကြောင်းကို သူ သေသေချာချာ ခံစားမိသည်။ ထိုကဲ့သို့ ရှားပါးသော ရုပ်သွင်က အုပ်စိုးသူအဆင့် ဆင်းသက်လာတဲ့ ခန္ဓာအမျိုးအစားက အုပ်ချုပ်သူအဆင့် ဆင်းသက်မည့် ခန္ဓာကိုယ် ဖြစ်လာနိုင်သည်။ မည်သည့် ရွေးချယ်မှု ဖြစ်စေကာမူ ထိုသူကို ထိန်းချုပ်ခြင်းက သတ်ခြင်းထက် ပို၍ အကျိုးရှိပေ၏။

ထိုသူသာ အသူရာချောက်နက်၏ ကျွန် ဖြစ်သွားသည်နှင့် ချိပ်ပိတ် ဖျက်ဆီးမည့် လုပ်ငန်းစဉ်ကို ကြီးကြီးမားမား တိုးမြှင့် နိုင်မည် ဖြစ်သည်။

သို့သော်လည်း ထိုပုရွက်ဆိတ်က အမုန်းတရား နှလုံးသားကို မယုံနိုင်စရာ ဆန္ဒနှင့် စွမ်းအားဖြင့် ငြင်းပယ် လိမ့်မယ်ဟု မထင်ထားခဲ့ပေ။ ထို့နောက် ထိုသူ၏ အမုန်းတရားကို အသုံးချပြီး ဝိညာဉ်ကို ထိန်းချုပ်ရန် အတွက် ထိုသူ၏ အဖော်ကို တမင်တကာ သတ်ခဲ့သည်။ သို့သော် သူက ထူးဆန်းသော တိုင်းပြည် ထဲသို့ အမှန်တကယ် ရောက်ရှိသွားခဲ့၏။

ထိုတိုင်းပြည်က တကယ့် ယုံကြည်မှု စွမ်းအားနှင့် အသက် စွမ်းအား ရှိသော်လည်း စကြာဝဠာကျယ်ကြီး တစ်ခု ဖြစ်နေသည်။ ထိုအရာက လူများကို လှည့်ဖြားသော နည်းလမ်း ဆိုသည်မှာ အသိအသာပင်။ ရယ်စရာ ကောင်းတဲ့ နည်းလမ်းပဲ။ ဒီပုရွက်ဆိတ်က သူ့မှာ ဒဏ္ဍာရီလာ နတ်ဘုရား တိုင်းပြည် ရှိတယ်လို့ ထင်နေတာလား။

သို့သော်လည်း သူက အလွယ်တကူ ဖျက်ဆီးနိုင်မည်၊ ထိန်းချုပ်နိုင်မည်ဟု ထင်ခဲ့သော ပုရွက်ဆိတ်က ထို ‘ပုံတူ’ ပုံရိပ်ယောင် တိုင်းပြည်တွင် သူကို တုန်လှုပ်စေသည့် စွမ်းအားမျိုးကို အမှန်တကယ် ထုတ်လွှတ်ခဲ့လေသည်။ သူက လက်ကျန် စိတ်ပုံရိပ်အချိန် အတော်များများ အသုံးပြုကာ အပြင်းထန်ဆုံး အသွင်ပြောင်းလဲမှုကို ထုတ်လွှတ်ခဲ့သော်လည်း ပြိုင်ဘက်၏ စွမ်းအားကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ သူသည် အရှိန်အဝါ တဆင့်ပြီးတဆင့် ဖိနှိပ်ခံရသည်ကိုသာ ကြည့်နေခဲ့ရသည်။

“ပုရွက်ဆိတ်စုတ်!” ခီလီယာနာက ရှားရှားပါးပါး ရှက်ရွံ့မှု တစ်ခု ခံစားလိုက် ရသည်။ စိတ်ပုံရိပ်၏ စွမ်းအား အကုန်က ကြံရာမရသည့်အဆုံး ပေါက်ကွဲထွက် သွားတော့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ကြက်သွေးရောင် စွမ်းအား အဖြစ် ပျော်ဝင်သွားပြီး ‘ချိပ်ပိတ်’ ဟူသော စကားလုံးက ရုတ်တရက် ပေါက်ကွဲတော့မည့် အလား အဆပေါင်း များစွာ ကြီးမားသွားခဲ့သည်။

ချန်လွေ့က မျက်လုံး မှိတ်လိုက်ပြီး လက်နှစ်ဖက် မြှောက်ကာ သူ၏ ဆန္ဒ အားလုံးကို နေအဖွဲ့အစည်းတစ်ခုလုံးနှင့် လုံးဝ ပေါင်းစပ်လိုက်၏။

စွမ်းအင်ပြည့်ဝသော ဂြိုဟ်များပေါ်၌ မရေမတွက်နိုင်သော ကိုးကွယ်သူများက ယုံကြည်မှု ကျောက်တိုင် အရှေ့တွင် ဆုတောင်းနေကြသည်ကို မြင်လိုက်ရဟန် တူသည်။ ရေတွက်၍ မရသည့် ပြင်းထန်သော စိတ်ဆန္ဒ၊ ယုံကြည်မှု စွမ်းအားနှင့် အသက် စွမ်းအားများ အားလုံးက ‘ချိပ်ပိတ်’ ဟူသော စကားလုံးထဲသို့ စုစည်းသွားလေသည်။

‘ချိပ်ပိတ်’ ရုတ်တရက် တောက်ပပြီး ကြက်သွေးရောင်အစွမ်းက ချက်ချင်း လုံးဝ ဖိနှိပ်ခံလိုက်ရ၏။ ၎င်းရဲ့ နယ်ပယ်က အလျင်အမြန် ကျုံ့ဝင်သွားလေသည်။

“ဒီလောက် အစွမ်းထက်တဲ့ အသက်နဲ့ ယုံကြည်မှု ဘယ်လိုလုပ် ရှိနိုင်တာလဲ။ ဒီလို အစွမ်းထက်တဲ့ အရှိန်အဝါမျိုး...!” ခီလီယာနာ၏ မယုံနိုင်သော အသံက ကြောက်လန့်မှု အနည်းငယ်နဲ့ ပါဝင်နေ၏။ “နတ်...နတ်ဘုရားရဲ့ တိုင်းပြည်ပဲ!”

စကား ဆုံးသွားသည်နှင့် “ဝုန်း” ခနဲ စိတ်ပုံရိပ်တစ်ခုလုံး၏ အသိစိတ် ပေါက်ကွဲသွားကာ မည်သည့် အသံကိုမှ မကြားရတော့ပေ။

တောက်ပသော ‘ချိပ်ပိတ်’ ဟူသည့် စကားလုံးသာ နေရာလွတ်ထဲတွင် တိတ်တဆိတ် ရပ်တန့်နေပြီး မှိန်ပျပျ ကြက်သွေးရောင်အလင်း ထုတ်နေ၏။

နတ်သူငယ်များက ကောင်းကင်မှ သွေးရောင် အလင်းကိုသာ မြင်ရ၏။ ထို့နောက် သဘာဝ သစ်ပင်ဆီသို့ ပြေးလာသော ချန်လွေ့က ရုတ်တရက် ရပ်တန့်သွားပြီး ကြက်သေသေသွား သကဲ့သို့ပင်။

ခဏအကြာ သလင်းကျောက် စက်လုံး ထဲရှိ နေရာလွတ် တုန်ခါသွားပုံရသည်။ သဘာဝသစ်ပင်ကို ဝိုင်းရံထားသော ဧရာမ‘မျက်နှာ’က မြေပြင်ပေါ်ရှိ အသူရာ ချောက်နက် စစ်တပ်နှင့် အတူ တဖြည်းဖြည်း မှေးမှိန်သွားခဲ့လေသည်။

မျက်စိ တစ်မှိတ်အတွင်း အသူရာ ချောက်နက် သတ္တဝါများ အားလုံး ပျောက်ကွယ်သွား၏။ တောက်ပသော ခံစားမှုတစ်ခု အပြီးတွင် လေထဲရှိ သဘာဝသစ်ပင်က မြေပြင်သို့ ပြန်ရောက် လာခဲ့သည်။ ထိုမြင်ကွင်းက နတ်သူငယ် များကို တညီတညွတ်တည်း ကောင်းချီး သြဘာပေးစေခဲ့သည်။

ခီလန်ယာလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် သူ သတိထား မိသည်မှာ သဘာဝသစ်ပင်က ယခုအထိ နှေးကွေး နေဆဲပင်။ သွေးနီရောင် ဖျော့ဖျော့လေးများက အရွက်များ၊ အကိုင်းအခက်များထဲမှာ ရှိနေဆဲပင်။ ခုနက သူ အသူရာ ချောက်နက် အင်အားစုတွေကို ပြန်တွန်းလှန်လိုက်ရုံပဲ။ သဘာဝသစ်ပင်ရဲ့ ချိပ်ပိတ် ပြဿနာကို အခြေခံ အားဖြင့်တော့ မဖြေရှင်းနိုင် သေးဘူး။

လေထဲတွင် ပျံဝဲနေသော ချန်လွေ့ နေရာလွတ် ပြောင်းလဲမှုကြောင့် မြေပြင် ပေါ်သို့ ရောက်လာခဲ့သည်။ အချိန် အတော်လေး ကြာပြီးမှသာ သူက “ကြက်သေသေနေသော” အခြေအနေမှ သတိပြန်ဝင်လာခဲ့လေသည်။

ခုနက တိုက်ပွဲ၌ ခီလီယာနာရဲ့ ပုံရိပ်ကို နောက်ဆုံး အနိုင်ယူနိုင်ခဲ့သော်လည်း အချိုးအကွေ့များ ပြည့်နှက်နေခဲ့သည်။ ခီလီယာနာကို စူပါစနစ် ထဲသို့ မဆွဲဆောင်ခင်က အန္တရာယ် ကြီးမား ခဲ့သည်ကို ပြောစရာပင် မလိုပေ။ အသူရာ ချောက်နက် အုပ်စိုးသူ၏ စိတ်ပုံရိပ်ကို စူပါစနစ်ထဲသို့ မျှားခေါ်ပြီးနောက်တွင် မလွယ်ကူသေးပေ။ ကံကောင်းစွာပင် စူပါစနစ်က အလွန်ပင် ခိုင်မာလှ၏။ ချန်လွေ့ကလည်း ထိုအရာကြောင့် ကြယ်အပ်နှင်း စင်မြင့်၏ လျှို့ဝှက် ဆန်းကြယ်မှုကို ထပ်မံ နားလည်ခဲ့၏။

‘ကြယ်အပ်နှင်းခြင်း’ သာမက ‘ချိပ်ပိတ်’ ကြယ်လည်း ပါဝင်ပေသည်။ ခီလီယာနာကဲ့သို့ အင်အားကြီး ရန်သူက စူပါစနစ်ထဲ ဝင်မလာခဲ့လျှင် ချန်လွေ့က ‘ချိပ်ပိတ်’ စွမ်းအားကို ယခုလောက် မြန်မြန် နားလည်နိုင်မည် မဟုတ်ပေ။ ခီလီယာနာရဲ့ စိတ်ပုံရိပ် မပြိုကွဲခင် ထိတ်လန့်တကြား အော်ဟစ်သံများအရ စူပါစနစ် ကြယ်စင်စု တစ်ခုလုံး၏ အသက်နဲ့ ယုံကြည်မှုကို ပေါင်းစပ် ထားသော ဒီအစွမ်းထက် ဖိနှိပ်မှု လျှို့ဝှက်ချက်က တကယ့် နတ်ဘုရား တိုင်းပြည် စွမ်းအားနှင့် နီးစပ်နိုင်လောက် ပေသည်။

ခီလီယာနာ၏ ပုံရိပ်က ရိုးရိုးရှင်းရှင်း ပျက်စီးသွားခြင်း မဟုတ်ပေ။ သူ၏ အသိစိတ်က ပျက်စီးသွားသော်လည်း စွမ်းအားအများစုကို ‘ချိပ်ပိတ်’ ဟူသော စကားလုံးက ဖိနှိပ်ထားခဲ့သည်။ [ကြယ်ဝါးမျိုခြင်း] ကဲ့သို့ပင် ထိုအရာက ဖိနှိပ်ထားသော စွမ်းအားကို ဖြည်းဖြည်း စုပ်ယူနိုင်ပြီး မိမိကိုယ်တိုင် အသုံးပြု နိုင်သည့် စွမ်းအင် အဖြစ် ပြောင်းလဲ နိုင်လေသည်။ သို့သော် ထိုစွမ်းရည်ဖြင့် ချိပ်ပိတ် ထားသော စွမ်းအင်က [ကြယ်ဝါးမျိုခြင်း] ထက် အဆပေါင်း များစွာ ပိုမိုများပြားပြီး လျှံကျနိုင်သည့် အန္တရာယ်လည်း မရှိပေ။

‘ချိပ်ပိတ်’က ယုံကြည်မှု သလင်းကျောက်များစွာ အသုံးပြုရပြီး ‘စျေးနှုန်း’ မှာလည်း မသက်သာလှပေ။ ထိုချိပ်ပိတ်အခြေအနေတွင် ယုံကြည်မှု သလင်းကျောက်များသည် စက္ကန့်တိုင်း ကုန်ဆုံးမည် ဖြစ်သည်။ ချိပ်ပိတ်က ပိုမို အားကောင်းလေ၊ သလင်းကျောက်များ ပိုမိုဆုံးရှုံးလေ ဖြစ်သည်။ ယုံကြည်မှု သလင်းကျောက် မလုံလောက်သည်နှင့် ‘ချိပ်ပိတ်’က ချပ်ပိတ် ထားသော စွမ်းအားနှင့်အတူ ပျောက်ကွယ်သွား လိမ့်မည်။ ၎င်းမှာ ယခင်က ခက်ခဲသော လုပ်ဆောင်ချက်တစ်ခု ဖြစ်ခဲ့သော်လည်း မှော်ဂိမ်းများ ခေတ်စားလာသည်နှင့်အမျှ ချန်လွေ့က သန်းရာနှင့်ချီ ယုံကြည်မှု သလင်းကျောက်များ စုဆောင်းထားပြီး ဖြစ်သည်။ ထို့ကြောင့် ချိပ်ပိတ် အခြေအနေတွင် သုံးစွဲသော ယုံကြည်မှု သလင်းကျောက်ပမာဏက အံ့သြဖွယ်ရာ ကောင်းသော်လည်း ချန်လွေ့အတွက်မူ အလွန် နည်းပါးသော ပမာဏမျှသာ ဖြစ်သည်။

အကြီးမားဆုံး နောင်တရစရာမှာ ထို‘ချိပ်ပိတ်’ကို စူပါစနစ်ထဲ တွင်သာ အသုံးပြုနိုင်ပြီး အပြင်၌ အသုံးပြု၍ မရခြင်းပင်။

နောက်ဆုံး ချန်လွေ့ သတိဝင်လာပြီး အကြီးမားဆုံးရန်သူကို ရှင်းပြီးနောက် သဘာဝသစ်ပင်ကို အာရုံစိုက်လိုက်၏။

ခီလီယာနာ၏ ပုံရိပ် ပျက်စီးသွားပြီး အသူရာ ချောက်နက် စစ်တပ်လည်း ပျောက်ကွယ်သွားသော်လည်း အသူရာ ချောက်နက်က စုဆောင်းထားသော နှစ်ပေါင်း ၂၀၀၀၀ကြာ တိုက်စားမှုသည် ပယ်ဖျက်ခြင်း မရှိသေးပေ။ သဘာဝ သစ်ပင်၏ အငွေ့အသက်က အလွန် အားနည်းနေဆဲ ဖြစ်ပြီး ချိပ်ပိတ်လည်း မပြင်ရသေးပေ။

ချန်လွေ့က ရှေ့နှစ်လမ်းတိုးလိုက်ရာ သဘာဝသစ်ပင်ကြီးမှ ပြင်းထန်သော ရန်လိုမှုတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ထိုကဲ့သို့ ရန်လိုမှုက ပြင်းထန်တဲ့ ပျက်စီးခြင်းအငွေ့အသက် ပါဝင်နေသည်။ သူက [အထူးစိစစ်မှု] ကို ထပ်သုံးလိုက်ရာ မျက်လုံးများ ရောင်စုံ အလင်း တောက်ပလာ၏။ အခုတွင် ခီလီယာနာ၏ ‘မျက်နှာ’နှင့် မဖုံးအုပ် နေတော့ပေ။ သို့သော် ချန်လွေ့က [အထူးစိစစ်မှု] ဖြင့် သဘာဝသစ်ပင်ကို ကြည့်လိုက်ရာ သူ အံ့အားသင့် သွား၏။

ထိုအရာက ‘သစ်ပင်’ တစ်ပင် မဟုတ်ဘဲ ကြက်သွေးရောင် ဖုံးလွှမ်း ထားတဲ့ ထူးဆန်းတဲ့ သတ္တဝါပုံရိပ် တစ်ခု ဖြစ်နေသည်။ အကိုင်းအခက်များက အမှန်တကယ်၌ လက်မောင်းအဝိုင်းများ ဖြစ်ပြီး အနီရောင် အလင်းမှိန်ပျပျ ထွက်နေ၏။ အပေါ်မှ မှိန်ဖျော့ဖျော့ လင်းလက် နေသည်မှာ အသူရာ ချောက်နက်ပန်း ဖြစ်လောက်သည်။ သတ္တဝါ၏ ပုံသဏ္ဌာန်က ဧရာမ နေကြာပန်းနှင့် တူနေသည်။

အသူရာ ချောက်နက်ရဲ့ သားပေါက် အသိုက်ပဲ!

ချန်လွေ့ လုံးဝ တုန်လှုပ်သွား၏။ သဘာဝသစ်ပင်သည် အသူရာ ချောက်နက် မကောင်းဆိုးဝါးများကို မွေးမြူရန် မိခင်ခန္ဓာကိုယ် အဖြစ် ပြောင်းလဲ သွားလေပြီ!

အသူရာချောက်နက် အုပ်စိုးသူများက သဘာဝသစ်ပင်ကို အမှန်တကယ်ပင် ထိုသို့ တိုက်စားခဲ့ကြလေသည်။

သဘာဝသစ်ပင် အခြေအနေအရ ကြည့်မည်ဆိုလျှင် လုံးဝ အပြီးအပိုင် အသူရာချောက်နက်သတ္တဝါ ဖြစ်သွား ပေတော့မည်။ ထိုကဲ့သို့ လုံးဝ ပြောင်းလဲ သွားသည်နှင့် အသူရာ ချောက်နက် အတွက် ဝင်ပေါက် ဖွင့်ပေးရုံတင်မက ကြောက်မက်ဖွယ် အကောင်းဆုံး အသူရာ ချောက်နက် မိခင်ခန္ဓာကိုယ် များထဲက တစ်ခုလည်း ဖြစ်လာတော့မည် ဖြစ်သည်။

ခီလီယာနာ ထိုမျှ အစွမ်းထက်သော စိတ်ပုံရိပ်ကို မည်သည့်အတွက်ကြောင့် ဖန်တီးနိုင်ရခြင်းမှာ မထူးဆန်းတော့ပေ။ ထိုနေရာက အသူရာ ချောက်နက် မကောင်းဆိုးဝါးများ၏ အသိုက်အမြုံ ဖြစ်သွားခဲ့၍ပင်။

ချန်လွေ့က အခြေအနေမှာ ထိုမျှ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ ထပ်၍ အနည်းငယ် ရှေ့တိုးလိုက်ရာ ပျက်စီးခြင်း အငွေ့အသက်က ပို၍ ပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။ သူ ပို၍ နီးကပ်လေလေ၊ ဖိအား ပို၍ ကြီးမားလေလေ ဖြစ်သည်။ ခီလီယာနာ ကဲ့သို့ ခမ်းနားပြီး အစွမ်းထက်ခြင်း မရှိသော်လည်း ပင်လယ်ကဲ့သို့ အဆုံးမဲ့ နေပြီး အသူရာချောက်နက် သတ္တဝါ များ၏ ထူးခြားသော ဂုဏ်သတ္တိနှင့် တူညီ၏။ သက်ရောက်မှုများက လှိုင်းလုံး တစ်လုံးပြီးတစ်လုံး ရောက်လာကြသလို ဖြစ်နေပြီး ချန်လွေ့၏ ကြယ်ချပ်ကာတွင် အက်ကြောင်းများပင် ရေးရေးလေး ပေါ်လာနေပြီ ဖြစ်သည်။

ချန်လွေ့က အသူရာ၏ ပျက်စီးခြင်း ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် စဉ်းစားခဲ့ သော်လည်း စိတ်ပြောင်းသွားခဲ့ပြီး သူ့ နောက်တွင် တွင်းနက်တစ်ခု ပေါ်လာကာ ကပ်လာသော ပျက်စီးခြင်း စွမ်းအားကို အလျင်အမြန် စုပ်ယူခဲ့လေသည်။ တွင်းနက်က ပျက်စီးခြင်း ခန္ဓာကိုယ်၏ ပေါင်းစည်းခြင်း ကဲ့သို့ မကောင်း သော်လည်း အကျိုး သက်ရောက်မှု ကလည်း ထူးခြား၏။ ခံစားနေရသော ဖိအားများ ချက်ချင်း ထိုးကျသွား လေသည်။

ထိုအချိန်တွင် ချန်လွေ့က သဘာဝ သစ်ပင်နှင့် အတော်လေး နီးကပ်နေပြီ ဖြစ်သော်လည်း သူ ဆက်မသွားနိုင် တော့ပေ။ သူက ‘အသူရာချောက်နက် သားပေါက်အသိုက်’၏ အလယ်ဗဟိုကို ကြည့်လိုက်ရာ အရွက်ပုံစံ မှိန်ပျပျ အစိမ်းရောင် အလင်းချပ်ပိတ် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ ၎င်းက ကြည်လင်နေပြီး ရင်းနှီးသော အငွေ့ အသက်တစ်ခု ရှိနေ၏။ ဒါက သဘာဝ... သစ်ရွက်ပဲ။

ချန်လွေ့ ရုတ်တရက် သဘောပေါက် သွားသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀က ယောက္ခထီး နတ်သူငယ် ဘုရင်စပန် အသက်သွင်း ခဲ့သော ချိပ်ပိတ်က အမှန်တကယ်တော့ သဘာဝ သစ်ပင်၏ အရွက်ပင်!

အတိအကျ ပြောရလျှင် စပန် အသက်သွင်း ခဲ့သည်က ချိပ်ပိတ် မဟုတ်ဘဲ အသက်ကို ကြားခံအနေဖြင့် သုံးကော သဘာဝ သစ်ပင်ထဲတွင် ပွင့်တော့မည့် အသူရာ ချောက်နက် လမ်းကြောင်းကို သဘာဝ သစ်ရွက်ဖြင့် ချိပ်ပိတ်ခဲ့ခြင်းပင်။

ချန်လွေ့က ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာ၏ စကားကို ရုတ်တရက် သတိရလိုက်၏။ “မင်းရဲ့ သဘာဝ သစ်ရွက်က ညစ်ညမ်းခြင်း မရှိသေးသော သဘာဝသစ်ပင်ရဲ့ အမြုတေ ဖြစ်ပြိးတော့ နောက်ဆုံး လက်ကျန် တစ်ရွက်လည်း ဟုတ်တယ်။” ထိုအတိုင်းသာ ဆိုလျှင် ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောက လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀က သဘာဝ သစ်ပင်ကို စပန် ချိပ်ပိတ်ခဲ့ခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပေသည်။

ယခုတွင်... ချန်လွေ့က မသိစိတ်ဖြင့် သဘာဝသစ်ရွက်ကို ထုတ်လိုက်မိသည်။ ဒီသဘာဝ သစ်ရွက်က ချိပ်ပိတ်ဖို့ အတွက် သော့ချက် ဖြစ်လောက်တယ်။ ဒါပေမယ့် ဒီနေ့ အခြေအနေက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀၀နဲ့ မတူဘူး။ သဘာဝ သစ်ပင်က သွေးစတေမှုနဲ့ ဖွင့်ထားတဲ့ ကြားခံလမ်းကြောင်း မဟုတ်တော့ဘူး။ အသူရာချောက်နက်ရဲ့ မိခင်ခန္ဓာကိုယ် အဖြစ် မပြောင်းလဲခင် နောက်ဆုံး အဆင့်ပဲ။ အသက်ဓာတ် ရှိတဲ့ သိဒ္ဓိ အမွေအနှစ်တစ်ခုအနေနဲ့ သေခြင်း ရှင်ခြင်း သစ်ပင်အဖြစ် ပြောင်းလဲသွားပြီ။ အင်အား နှစ်ခုက သဟဇာတမဖြစ်ဘူး။ သဘာဝသစ်ရွက်နဲ့ ရုတ်တရက် ချိပ်ပိတ် လိုက်ရင် နောက်ဆုံး သစ်ရွက်ရဲ့ အမြုတေက ပျက်စီးခြင်း စွမ်းအားတွေ ကြားထဲမှာ ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒါကြောင့် ပထမဆုံး ဖြေရှင်းရမယ့် ပြဿနာက အသူရာချောက်နက်ရဲ့ စိတ်ဆန္ဒနဲ့ ပြည့်နှက်နေတဲ့ ပျက်စီးခြင်း ဇစ်မြစ်ကိုပဲ။

တွင်းနက်၏ စုပ်ယူမှုက ပျက်စီးခြင်း စွမ်းအင်ကို ဖယ်ရှား နိုင်ကြောင်း သက်သေပြခဲ့ပြီ ဖြစ်သည်။ သို့သော် အသူရာ ချောက်နက်မှ ဆင်းသက် လာသော ပျက်စီးခြင်းက အဆုံးမရှိပေ။ [ကြယ်ဝါးမျိုခြင်း] စွမ်းရည်က ဓူဝံကြယ်နီ ဧကရာဇ်အဆင့်ကို ရောက်ပြီးနောက် အများကြီး တိုးတက် လာသော်လည်း အကန့်အသတ် ရှိနေဆဲပင်။ ထို့အပြင် အသူရာ ချောက်နက် သတ္တဝါများ၏ ‘ပျက်စီးခြင်းသစ်ပင်’အဖြစ် ပြောင်းလဲ နေပြီဖြစ်သော ထိုသစ်ပင်ကို အခြေခံ အားဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ဒါဆို ‘ပျက်စီးခြင်း’ကို လုံးဝ ဘယ်လို ဖယ်ရှားမလဲ။

ချန်လွေ့ ခဏ စဉ်းစားလိုက်သည်။ ရုတ်တရက် ထိုနေ့က ကျက်သရေ မျှော်စင်ထဲတွင် အသူရာနှင့် နောက်ဆုံး တိုက်ပွဲ မြင်ကွင်းက သူ့စိတ်ထဲ၌ ပေါ်ထွက်လာခဲ့သည်။ သူ စိတ်ကူးတစ်ခု ရသွား၏။ ဖန်တီးခြင်း စွမ်းအား!

All Chapters