နတ်သူငယ်မျိုးနွယ်စုကို ချန်လွေ့ အဆုံးသတ်လိုက်လေသလား
Vol. 60 Ch. 978
ဖန်တီးခြင်းနှင့် ပျက်စီးခြင်းသည် စကြာဝဠာ၏ အခြေခံ အကျဆုံး နိယာမနှစ်ခု ဖြစ်ပြီး ၎င်းတို့သည် လုံးဝ ဆန့်ကျင်ဘက် နိယာမနှစ်ခုလည်း ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် ချန်လွေ့သည် ငွေသေတ္တာသုံးလုံးထဲမှ ပြီးပြည့်စုံသော ပျက်စီးခြင်း ဇစ်မြစ်ကို ရရှိခဲ့သည်။ ငွေသေတ္တာက စစ်မှန်သော ဇစ်မြစ်ကို နားလည်ရန် တစ်ခုတည်းသောနည်းလမ်း မဟုတ်သော်လည်း ငွေသေတ္တာထဲရှိ ပျက်စီးခြင်းစာအုပ်က အကောင်းဆုံး လမ်းဖြတ်လမ်းများထဲမှ တစ်ခု ဖြစ်၏။
အသူရာချောက်နက် စွမ်းအားက ပျက်စီးခြင်း ဇစ်မြစ်မှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။ စာဖတ်သူ ၁၀၀၀ တွင် စိတ်ထဲ၌ ရွာ ၁၀၀၀ ရှိနိုင်သလို မတူညီသော လူများက ပျက်စီးခြင်း ဇစ်မြစ် အပေါ် ကွဲပြားသည့် နားလည်မှုများ ရှိကြသည်။ ထို့ကြောင့် ဖော်ပြသော ပုံစံများက မတူညီကြပေ။
ဥပမာ ချန်လွေ့နဲ့ ဖိုက်သွန်တို့ နှစ်ယောက်လုံးတွင် ပျက်စီးခြင်း ဇစ်မြစ် ရှိကြသော်လည်း တိုက်ခိုက်မှုနှင့် စွမ်းအားများက လုံးဝ ကွဲပြားသည်။ ခီလီယာနာကို ပြောစရာပင် မလိုပေ။ သို့သော် တခြား ရှုထောင့်မှ ကြည့်မည် ဆိုရင် မည်သို့ ပျက်စီးခြင်း ဇစ်မြစ် ဖြစ်စေကာမူ နောက်ဆုံး “ပျက်စီးခြင်း” က အတူတူသာ ဖြစ်၏။
“ဖန်တီးခြင်း” လည်း အလားတူပင်။
ချန်လွေ့ရဲ့ ယခင်ဘဝမှတ်ဉာဏ်ထဲမှာ လေးနက်သော ရှေးစကား တစ်ခွန်း ရှိသည်။ ယင်၏အဆုံးစွန်က ယန်၏ အစပင်။ သူက ထိုနေ့တွင် ကြံရာမရ အခြေအနေ၌ ‘ဖန်တီးခြင်း’ ကို နားလည်ရန်အတွက် ‘ပျက်စီးခြင်း’ ကို အသုံးချပြီး ဉာဏ်အလင်း ရခဲ့၏။ ထိုအရာက သူ အသူရာကို လုံးဝ အနိုင်ယူ နိုင်ခဲ့ခြင်း၏ အကြောင်းတရား အတိအကျပင် ဖြစ်လေသည်။
ထိုအချိန်က အသူရာ၏ စွမ်းအားမှာ သူ့အရှေ့မှ အသူရာ ချောက်နက်၏ အငွေ့အသက်နှင့် လုံးဝ နှိုင်းယှဉ်၍ မရသေးသော်လည်း လက်ရှိ ချန်လွေ့က ယခင် ချန်လွေ့ မဟုတ်တော့ပေ။ [ကြယ်ဝါးမျိုခြင်း] ကို ရပ်လိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် အနီရောင်ဖျော့ဖျော့ လင်းလက်သွား၏။ သူက အသူရာ၏ ပျက်စီးခြင်း ခန္ဓာကိုယ်နှင့် ပေါင်းစပ် လိုက်ပြီ ဖြစ်သည်။ သဘာဝသစ်ပင်မှ ထွက်ပေါ်လာသော ပျက်စီးခြင်း ဇစ်မြစ်၏ စွမ်းအားကို ချက်ချင်းပင် ပူးပေါင်းပြီး စုပ်ယူခဲ့ရာ ၎င်း၏ စွမ်းအားသည် သိသိသာသာ အားနည်းသွားခဲ့သည်။
ချန်လွေ့က [ကြယ်နီတိုင်းပြည်] ကို အသက် သွင်းလိုက်ရာ ခန္ဓာကိုယ် ပတ်လည်တွင် ကြယ်များ ထွက်ပေါ် လာပြီး ချိပ်ပိတ်ထားသော အပိုင်းဆီသို့ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ် လိုက်သည်။ ခုခံသော ရန်လိုမှုက ပိုမို ပြင်းထန်လာ၏။ ပျက်စီးခြင်းခန္ဓာကိုယ်၏ ဝိသေသလက္ခဏာများ ရှိနေသော်လည်း လက်မောင်းတစ်ဝိုက်ရှိ ကြယ်ချပ်ကာ၌ သေးငယ်သော အက်ကွဲကြောင်းများက ကြီးမားလှသော ဖိအားကြောင်း သာမန် မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပေါ်လာခဲ့လေသည်။
ချန်လွေ့က ထိုအရာများကို လျစ်လျူရှု ထားပုံရပြီး [သရုပ်ခွဲမျက်လုံး] ကို အသက်သွင်းကာ အလင်းရောင် မှိန်ပျပျ ဖြစ်နေသော သလင်းကျောက်”သစ်ရွက်” အပေါ်သို့ စိတ်အားလုံးကို စူးစိုက်နေ တော့သည်။
[အထူးစိစစ်မှု]ထဲတွင် ထိုအရာက အသူရာချောက်နက် သားပေါက်အသိုက် ၏ ‘နှလုံးသား’လည်းဖြစ်ပြီး တခြား ‘ကုန်းမြေ’ တစ်ခုဆီ ဖွင့်လှစ်ထား၏။ ကြောက်မက်ဖွယ်ရာ စွမ်းအားများက အဝေးမှ စဉ်ဆက်မပြတ် ထွက်ပေါ်နေပြီး သဘာဝ သစ်ရွက်ရဲ့ ချိပ်ပိတ်ကို ဆက်တိုက် ဖျက်ဆီးနေကာ အက်ကွဲ ကြောင်းကလည်း တဖြည်းဖြည်း ချဲ့ထွင် လာနေလေသည်။
ချန်လွေ့၏ လက်ထဲ အလင်းတန်း တစ်ခု ပေါ်လာပြီး ချိပ်ပိတ်ကို မျက်နှာမူ လိုက်၏။ ထိုအရာက အသူရာ၏ ပျက်စီးခြင်း ခန္ဓာကိုယ် အခြေအနေတွင် ပျက်စီးခြင်းဇစ်မြစ်ကို အသက်သွင်းလိုက် ခြင်းပင်။ ထိုအလင်းတန်းနှင့် အနီးနားမှ ပျက်စီးခြင်း စွမ်းအားက တစ်ခုနှင့်တစ်ခု ပျက်စီးသွားစေသည်။ ၎င်းက အားနည်း သော်လည်း မပယ်ပျက်သွားခဲ့ပေ။
အလင်းတန်းက အဆက်မပြတ် ပြောင်းလဲနေ၏။ တစ်ခါတစ်ရံ မြန်ပြီး တစ်ခါတစ်လေ နှေးသည်။ အလင်းတန်း ပုံစံလည်း အထိုက်အလျာက် ပြောင်းလဲ နေသည်။ ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်မှ ကြယ်ချပ်ကာက အပြင်းအထန် အက်ကွဲ နေပြီး အပိုင်းအစများက အဆက်မပြတ် ကွာကျလာကာ မြေပြင်ကို မထိခင်မှာပင် ပြင်းထန်သော ပျက်စီးခြင်း စွမ်းအား အောက်တွင် အမှုန့် ဖြစ်သွား၏။
ပျက်စီးခြင်းခန္ဓာကပင် ထိခိုက်မှုကို လုံးဝမပြီးပေ။ ချပ်ကာမပါသော နေရာက တဖြည်းဖြည်း ချေမှုန်းခံရပြီး ထိုအရာက တုန်လှုပ် ဖွယ်ရာပင်။ [ဓူဝံကြယ် တိုင်းပြည်]မှ ကြယ်များလည်း ကွဲကြေ ကုန်ပြီး အချို့က ပေါက်ကွဲကာ မှေးမှိန် ကြသည်။ သို့သော် ချန်လွေ့ နောက်သို့ မဆုတ်ဘဲ အပို ကာကွယ်မှုများလည်း မလုပ်ခဲ့ပေ။ သူက နားလည်မှုထဲ၌သာ နစ်မြောနေခဲ့သည်။
သလင်းကျောက် စက်လုံး အရှေ့မှ ချန်လွေ့အား အသူရာ ချောက်နက် စစ်တပ်ကို အနိုင်ယူရန် အားပေးနေသော နတ်သူငယ်များက မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း အတိအကျ မသိကြပေ။ သူတို့ သိသည်မှာ ချန်လွေ့က ပြန်ပြီး ချိပ်ပိတ်ရန် ကြိုးစားနေသည်ကိုပင်။ သူ့၏ ပျက်စီးနေသော ချပ်ကာနှင့် ကိုယ်ပေါ်က ကြောက်စရာ ဒဏ်ရာများကို မြင်သောအခါ အန္တရာယ် ကြီးကြီးမားမား နှင့် ရင်ဆိုင်နေရကြောင်း သိသွားကြပြီး သူတို့အားလုံး စိုးရိမ်တကြီး ကြည့်နေ၏။
ချန်လွေ့ ယခု လုပ်နေတာမှာ [အထူးစိစစ်မှု] အကူအညီဖြင့် သူ့၏ ပျက်စီးခြင်း ဇစ်မြစ်နှင့် အသူရာ ချောက်နက်၏ ပျက်စီးခြင်း ဇစ်မြစ် အတိုင်း လုံးဝဆန့်ကျင်ဘက် စွမ်းအားကို တစ်ဆင့်ပြီး တစ်ဆင့် ပုံဖော်နေခြင်းပင်။ ‘ဖန်တီးခြင်း’ လျှို့ဝှက်ချက် နားလည်ရန် ယခင်က ဖန်တီးခြင်း ဇစ်မြစ်ကို နားလည် ထားသော အရာအချို့ ကိုလည်း ပေါင်းစပ်ခဲ့၏။ ထို ‘ယင်၏အဆုံးစွန်က ယန်၏အစ’ ဟူသော နည်းလမ်းမျိုးကို တစ်ခါမှ မကြားဖူးပေ။ ထို့အပြင် အလွန်အမင်း အန္တရာယ်လည်းများ၏။
[ဓူဝံကြယ်တိုင်းပြည်] မှ ဂြိုဟ်များ တစ်ခုပြီး တစ်ခု ဖျက်ဆီးခံခဲ့ရသည်။ ဂြိုဟ်များ တိုက်ရိုက် ပေါက်ကွဲကာ နောက်ဆုံး တောက်ပသော အလင်းကို ထုတ်လွှတ်ခဲ့၏။ သေပြီးနောက် တွင်းနက် သို့မဟုတ် ကြယ်သေ ဖြစ်လာနိုင်သည်။ [ဓူဝံကြယ်တိုင်းပြည်] က စူပါစနစ်ထဲရှိ နေအဖွဲ့အစည်း၏ စိတ်ပုံရိပ်သာ ဖြစ်၏။ နေအဖွဲ့အစည်းက စိတ်ပုံရိပ်ကဲ့သို့ ဖျက်ဆီး မခံခဲ့ရပေ။ သို့သော်လည်း ထိုအရာက ချန်လွေ့ တောင့်ခံနေရသော ပျက်စီးခြင်း စွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သက်သေပြနေလေသည်။
ချန်လွေ့က တွန့်ဆုတ် မနေခဲ့ပေ။ သူ၏ မျက်လုံးများထဲမှ အနီရောင်အလင်းများ ရုတ်တရက် ပျောက်ကွယ် သွားသည်။ ထိုအရာက အသူရာနှင့် ပေါင်းစည်း ထားသော အခြေအနေကို ပယ်ဖျက် လိုက်ခြင်းပင်။ ထိုအရာ ပျက်စီးခြင်း စွမ်းအားက ရုတ်တရက် အဆပေါင်း များစွာ တိုးလာ၏။
အသူရာချောက်နက် အုပ်စိုးသူ ၃ ပါး၊ ကောင်းကင်တမန် ၃ ပါး၊ ဒါမှမဟုတ် စေတန်နဲ့ ဆာရီရယ်ဖြစ်စေ၊ လက်ရှိ သူ့အတွက် မော့ကြည့် နေရသော တောင်များပင်။ သူတို့က သူ့ကို အလွယ်တကူ ချေမှုန်း နိုင်တယ်။ သူ မြတ်နိုးသော အရာများကို ကာကွယ်ရန် အတွက် နောက်ပိုင်း ထိုတောင်များကို သူ ရင်ဆိုင်ရလိမ့်မည်။ ထို့ကြောင့် သူက ပိုကြီးမားသော စွမ်းအားများကို ပိုင်ဆိုင် ရပေမည်။
မော့ကြည့်ရုံ ကြည့်နိုင်သော တောင်ကို တစ်နေ့ တည့်တည့် ကြည့်ရမည်။ သို့မဟုတ် အထက်စီးမှ ကြည့်ရပေ လိမ့်မည်။
ထိုအချိန် ချန်လွေ့၏ နှလုံးသားတွင် အသက်ရှင်ခြင်း သေဆုံးခြင်း မရှိ၊ ဝမ်းသာခြင်း ဝမ်းနည်းခြင်း မရှိတော့ဘဲ အသက်၏ ကြံ့ကြံ့ခံခြင်းကို ထိုနားလည်မှု တွင်သာ ပေါင်းစပ်လိုက်သည်။
အသူရာချောက်နက်၏ ပျက်စီးခြင်း အငွေ့အသက်အောက်တွင် [ဓူဝံကြယ် တိုင်းပြည်] လုံးဝ ဖျက်ဆီး ခံနေရသည်။ ချန်လွေ့၏ ကိုယ်ပေါ်ရှိ ကြယ်ချပ်ကာနှင့် ခန္ဓာကိုယ်က ပြိုလဲလုနီးပါး ဖြစ်နေပြီး ထိုအလင်းက လေထဲရှိ ဖယောင်းတိုင် ကဲ့သို့ပင် အချိန်မရွေး ငြိမ်းသတ်ခံရနိုင် နေသည်။
ချန်လွေ့၏ ကိုယ်ခန္ဓာနှင့် ဝိညာဉ် ပျက်စီးတော့မည့်အချိန်တွင် အချိန်က ခဏတာ ရပ်တန့် သွားပုံရ၏။ ငြိမ်းတော့မည် ဖြစ်သော အလင်းတန်းက ရုတ်တရက် တောက်ပသော လင်းလက် စွာဖြင့် အလင်းရောင်များ တောက်ပပြီး သလင်းကျောက် စက်လုံး ရှေ့ရှိ နတ်သူငယ်များက ထူးဆန်းသော မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
အချိန် နောက်ပြန်လှည့် သွားသလိုပင်။ ပျက်စီးလုနီးပါး ဖြစ်နေသော ချန်လွေ့၏ ကိုယ်ခန္ဓာက အမှန်တကယ် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာ၏။ [ဓူဝံကြယ် ပိုင်နက်]လည်း ပြန်လည် ကောင်းမွန် လာသည်။ တခဏ အတွင်းမှာပင် လုံးဝ ပြန်ကောင်းလာ၏။ ထို့အပြင် ယခင်နှင့် ယှဉ်လျှင် ဂြိုဟ်များ၏ တောက်ပမှုက ပို၍... တောက်ပလာပုံရ၏။
“ဖန်တီးခြင်း။ လက်စသတ်တော့ ဒါက ဖန်တီးခြင်းကိုး။” ချန်လွေ့၏ မျက်လုံးထဲ၌ စိတ်ခံစားမှုများနှင့် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ ယခု တစ်ကြိမ်တွင် သူက ဖန်တီးခြင်း ဇစ်မြစ်၏ စွမ်းအားကို ခပ်ပေါ့ပေါ့လေးသာ ထိတွေ့ခဲ့ရုံမကဘဲ တကယ်တမ်း နားလည်ခဲ့၏။ သူက ကြယ်မျှော်စင်နှင့် အလင်းနတ်ဘုရား ကျောင်းတွင် ခံစားခဲ့ရသော ဖန်တီးခြင်း ဇစ်မြစ်၏ အပိုင်းအစများကို လုံးဝ နားလည်ခဲ့ပြီ ဖြစ်သည်။ ဇစ်မြစ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်လည်း သူက ဇစ်မြစ်၏ လျို့ဝှက်ချက်ကို အနည်းငယ် နားလည်ခဲ့လေသည်
ပျက်စီးခြင်း ဇစ်မြစ်ကို ရရှိပြီးနောက် နောက်ထပ် လုံးဝ ဆန့်ကျင်ဘက် အမြင့်ဆုံး ဇစ်မြစ်၏ လျှို့ဝှက်ချက်ကို ချန်လွေ့ နောက်ဆုံး နားလည်ခဲ့သည်။ သူက နောင်တွင် အဆင့်တက်ရန် အရေးကြီးဆုံးနှင့် အခက်ခဲဆုံး အဆင့်ကို အောင်မြင်စွာ လှမ်းနိုင်ခဲ့၏။
ဖန်တီးခြင်းဇစ်မြစ်၏ လျှို့ဝှက်ချက်ကို အနည်းငယ် နားလည် ပြီးနောက် ချန်လွေ့က ထိုနှစ်သက် ကြည်နူးဖွယ် အခြေအနေမှ ချက်ချင်း ဆုတ်ခွာခဲ့သည်။ ‘ဖန်တီးခြင်း’ နှင့် ‘ဖျက်ဆီးခြင်း’ တို့ အပြန်အလှန် ပယ်ဖျက်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ အင်အားစုများက ယာယီ လေဟာနယ် ဖြစ်သွားခဲ့သော်လည်း ထို ‘လေဟာနယ်’က လျင်မြန်စွာ ကျုံ့နေ၏။ ချန်လွေ့သည် ထို ‘လေဟာနယ်’ သည် ယာယီသာ ဖြစ်ကြောင်း ကောင်းကောင်း သိရှိခဲ့သည်။ အကြောင်းမှာ သူ၏ ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားသည် အလွန်အားနည်းနေသေးခြင်းကြောင့်ပင်။ ၎င်းသည် နှင်းထဲ၌ မီးလောင်နေသော မီးလျှံကဲ့သို့ပင် ခဏတာ တောက်ပ ပြီးနောက် အမြန် ငြိမ်းသွားပေလိမ့်မည်။
ထိုအချိန် ချန်လွေ့၏ လက်ထဲ၌ ကိုင်ထားသော သဘာဝရွက်က အလိုလို ပျံတက်သွားပြီး သဘာဝသစ်ပင်ကြီးဆီ ဖြည်းဖြည်းချင်း သွားနေ၏။ ဖန်တီးခြင်း ဇစ်မြစ်စွမ်းအားက အဆပေါင်းများစွာ တိုးမြှင့်ခံရသလိုပင်။ သဘာဝသစ်ပင်ကို ချိပ်ပိတ်ထားသော သစ်ရွက်ကလည်း အလင်းပြန်လာပြီး ပျက်စီးခြင်း ဇစ်မြစ် အငွေ့အသက်ကို ချက်ချင်း ဖိနှိပ် လိုက်၏။
သဘာဝသစ်ရွက်နှစ်ခု တဖြည်းဖြည်း ထပ်သွားပြီး [အထူးစိစစ်မှု] ထဲမှ အသူရာချောက်နက် သားပေါက်အသိုက် နိမိတ်ပုံရိပ်များက ပြင်းထန်စွာ တုန်ခါစ ပြုလာသည်။ ၎င်းတို့၏ လက်မောင်းများ နာကျင်စွာ တွန့်လိမ်နေပြီး အသူရာ ချောက်နက်ပန်းများက အလျင်အမြန် ခြောက်သွေ့ သွားခဲ့သည်။ သဘာဝ သစ်ပင်ကြီးမှ ကြောက်စရာကောင်းသော အနီရောင်အလင်းလည်း တဖြည်းဖြည်း မှေးမှိန်သွားလေသည်။
ချန်လွေ့က ဧကရီလစ်ဗ် ပြောခဲ့သော စကားကို သတိရလိုက်၏။ သူ၏စိတ် လှုပ်ရှားသွားခဲ့သည်။ သူ့လက်ထဲ၌ ရောင်စုံမြူခိုးတစ်ခု ပေါ်လာပြီး ရေစင် သုံးမျိုးက မြေပြင်ထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်သွား၏။ ထိုအရာများက ပြန်လည် ရှင်သန်ခြင်း ရေစင်၊ အသက်ဓာတ် ရေစင်နှင့် အားမာန်ရေစင်တို့ပင်။
ပြန်လည်ရှင်သန်ခြင်း ရေစင်ကို ဖိုက်သွန်၏ တောင်းဆိုချက် အရ လူသားလောကသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ အသက်ဓာတ်ရေစင်က အကောင်းဆုံး ရနံ့မွှေး ပြောင်းဆန် ဝိုင်အရက် ပြုလုပ်ရန် လိုအပ်သော ပစ္စည်း ဖြစ်သည်။ အားမာန် ရေစင်မှာ မူလက ပါ့ဂ်လီအို၏ အသံတိတ်ည စိမ့်မြေ ရတနာသိုက်ထဲ၌ ရှိလေသည်။ ထိုအရာက ကြယ်စင်စု ဥယျာဉ်ထဲသို့ ရောက်နေသည်မှာ ကြာလေပြီ။ ထို့ကြောင့် ထိုရေစင်သုံးမျိုးလုံးက ချန်လွေ့၏ လက်ထဲ ရှိနေလေသည်။
ထိုရေစင်သုံးခု မြေကြီးထဲ စိမ့်ဝင် သွားသည်နှင့် တပြိုင်နက် ချိပ်ပိတ်ပေါ်မှ သဘာဝသစ်ရွက်နှစ်ခုက နေလုံးသဖွယ် တောက်ပလာပြီး လုံးဝ ပေါင်းစည်း သွားတော့သည်။ အနီးအနားရှိ သစ်ပင် လူသားများပင် ပို၍ ငယ်ရွယ်သွားသလို စိမ်းလန်းလာ၏။ ထိုမြင်ကွင်းကြောင့် နတ်သူငယ်များ ဝမ်းသာအားရ ဖြစ်သွား ကြတော့သည်။
အဲဒီရေစင် သုံးမျိုးက...
ဒဏ္ဍာရီလာရေစင်သုံးမျိုးပဲ။ ဒီလူသား အကုန်လုံးကို ပိုင်ဆိုင် ထားတယ်။ သဘာဝ သစ်ပင် ပြန်ကောင်းလာဖို့ မျှော်လင့်ချက် ရှိတာပဲ။
ရေစင်သုံးမျိုးနှင့် သဘာဝသစ်ရွက် စွမ်းအားအောက် အသူရာချောက်နက် သားပေါက်အသိုက်၏ နိမိတ်ပုံရိပ်များက စူးစူးရှရှ အော်ဟစ်ပြီး ဧရာမခန္ဓာကိုယ်က ကွာကျကာ ပျောက်ကွယ်သွား၏။ အသူရာ ချောက်နက်ကဲ့သို့ ဖြစ်နေသော ချော်ရည်များက အလင်းရောင်အောက် အလျင်အမြန်ပင် ခြောက်သွေ့သွားတဲ့ ရေအိုင်နက်အဖြစ် ပြောင်းလဲသွား၏။
သားပေါက်အသိုက်၏ ဗဟို အူတိုင်က နောက်ဆုံး မခံနိုင်တော့ဘဲ အသူရာ ချောက်နက် သားပေါက် အသိုက် တစ်ခုလုံး၏ နိမိတ်ပုံရိပ်က ပျောက်ကွယ် သွားပြီး သဘာဝသစ်ပင်၏ မူလပုံစံ ပေါ်လာတော့သည်။ ထိုအရာက အိုမင်းပြီး အလွန်အမင်း ခြောက်သွေ့ ဆွေးမြေ့နေပုံရသော သစ်ပင်အိုကြီး တစ်ပင် ဖြစ်သော်လည်း သေချာသည်မှာ အသူရာ ချောက်နက် စွမ်းအားက နောက်ဆုံး လုံးဝ ပျက်စီးသွားခြင်းပင်!
အသူရာချောက်နက်၏ ကပ်ဘေးကို ဖယ်ရှားပြီးနောက် အားနည်းပြီး အိုမင်း နေသော သဘာဝ သစ်ပင်က ပြင်းထန်သော အသက်ဓာတ်ဖြင့် စတင် တောက်ပလာ၏။ ခြောက်သွေ့သော အကိုင်း အခက်များ စတင်ကြီးထွား လာသည်။
ထိုအချိန် သစ်ပင်လူသား များ၏ အစီအရင်များ အသက်ဝင် လာခဲ့သည်။ နတ်သူငယ်များက သဘာဝသစ်ပင်ကြီး အခြေအနေကို အသေအချာ ခံစားမိပြီး ကျယ်လောင်စွာ ထပ်မံ သြဘာပေး လိုက်ကြပြန်သည်။ နတ်သူငယ်များက စိတ်လှုပ်ရှားစွာ ပြေးဝင်လာကြ၏။
သို့သော်လည်း နောက်စက္ကန့်ပိုင်းတွင် နတ်သူငယ်များ၏ အားပေးသံများနှင့် လှုပ်ရှားမှုများ ရုတ်တရက် တန့်သွား၏။
သဘာဝသစ်ပင်၏ အကိုင်းအခက်များ ရုတ်တရက် အလွန်အကျွံ ထိုးထွက် လာသည်ကို မြင်သည့်အခါ ချန်လွေ့က မကောင်းသော ခံစားချက် တစ်ခု ရခဲ့သည်။ ထို့နောက် သဘာသစ်ပင် ရုတ်တရက် ပေါက်ကွဲ ထွက်သွားပြီး လေထဲ၌ မရေမတွက် နိုင်သော အမှုန် အမွှားများ အဖြစ် ပြန့်ကျဲ သွားကြောင်း တွေ့လိုက်ရလေသည်။
သဘာဝ သစ်ပင်... ပေါက်ကွဲ သွားတာလား။
ချန်လွေ့လည်း ထိုမြင်ကွင်းကြောင့် ကြက်သေသေသွား၏။ နတ်သူငယ် ဧကရီလစ်ဗ်က အသူရာချောက်နက်ရဲ့ တိုက်စားခံရတဲ့ သဘာဝသစ်ပင်ကို ရေစင်သုံးမျိုးနဲ့ ကုသနိုင်တယ် ပြောတယ် မဟုတ်လား။ ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားတာလဲ။
သဘာဝသစ်ပင်က ဖျက်ဆီးခံရဖို့ ကံကြမ္မာ ပါခဲ့တယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀က ကောင်းကင်တမန် သုံးပါးကို ဘာလို့ မဖျက်ဆီးခိုင်းတာလဲ။ ဒီတစ်ခါ ငါက အသူရာချောက်နက်ရဲ့ တိုက်စားမှုကို ဖယ်ရှားဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပေမယ့် အလကားပဲ။
အရေးအကြီးဆုံးအရာမှာ သဘာဝ သစ်ပင်က နတ်သူငယ် မျိုးနွယ်၏ မျိုးရိုးပြန့်ပွားခြင်းနှင့် ဆက်စပ်နေ၏။ အဆိုးဆုံး အစီအစဉ် ဖြစ်ခဲ့လျှင်ပင် နတ်သူငယ် မျိုးနွယ်က ဆယ်စုနှစ် ရာစုနှစ်များစွာ တခြားနည်းလမ်းများ ကြိုးစားခဲ့ကြသည်။ ယခု ချန်လွေ့ ထိုသို့ ပြုလုပ်လိုက်ရာ သူတို့၏ သားသမီး မြေးမြစ်များအတွက် မျှော်လင့်ချက်ကို တိုက်ရိုက် ဖြတ်တောက် လိုက်ခြင်းနှင့် တူတူပဲင်။
နတ်သူငယ်များ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ကြီးမြတ်သော သူရဲကောင်းမှ လူမျိုးတုံး သတ်ဖြတ်သော အပြစ်သား ဖြစ်သွားသည့် ချန်လွေ့က ပိုပြီးပင် အနေရခက်နေ၏။ ယခုတွင် သူက ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော၏ တာဝန်စုတ်ကို လက်ခံခဲ့သည်ထက် ပို၍ နောင်တရနေလေပြီ။
ထိုအချိန် သဘာဝသစ်ပင် ပျက်သုဉ်း သွားခဲ့သော နေရာမှ အလင်းမှတ်လေး တစ်ခု ပေါ်လာ၏။ ထိုအလင်းမှတ်က ချန်လွေ့ရဲ့ ကိုယ်ပေါ်ကို ကျရောက်လာပြီး သစ်ရွက်ပုံစံ ပုံရိပ်တစ်ခု ရေးရေးလေး ပေါ်လာခဲ့သည်။
ချန်လွေ့က တစ်ခုခု ခုန်နေသည် ခံစားနေရပြီး ထိုအရာက သူ့လက်ထဲကို အလိုလို ပြုတ်ကျလာ၏။ အဲဒီ ဆိုးရွားတဲ့ ‘သစ်သား’ ဖဲချပ်ပဲ!
ဒါက အရင် တိုက်ပွဲမှာ မပျက်စီးသွား ဘူးလား။
ဒါက အရေးမကြီးပါဘူး...
ဟမ်...ဘာလဲ ဒီခံစားချက်က...
ဖန်တီးခြင်းပဲ!
ချန်လွေ့က ခန္ဓာကိုယ်ထဲ၌ ဖန်တီးခြင်း ဇစ်မြစ်စွမ်းအား တဖြည်းဖြည်း ကြွယ်ဝ လာပြီး ပြောင်းလဲသွားနေသည်ကို ခံစား မိလိုက်ရတယ်။ မူလဖန်တီးခြင်း ဇစ်မြစ် အငွေ့ အသက်က စီးကြောင်းတစ်ခု အဖြစ် စုစည်းသွားပြီးနောက်...ဆက်၍ ကြီးထွားနေဆဲပင်။
နတ်သူငယ်များ၏ ဆူပူနေမှုလည်း ရုတ်တရက် တိတ်ဆိတ် သွားလေသည်။ သူတို့၏ မျက်လုံးများက လူသား၏ လက်ပေါ်ကိုသာ အာရုံစိုက်နေကြ၏။
အစိမ်းရောင် အငွေ့အသက် တစ်ခုက ထိုနေရာမှ ဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီး အညှောင့်တစ်ခု အဖြစ် စုစည်းသွား လေသည်
ချက်ချင်းပင် နတ်သူငယ်များအားလုံး အသက်အောင့်ထားလိုက်ကြ၏။