မှော်ပညာရှင်မြို့
Vol. 60 Ch. 980
ချန်လွေ့ ငွေလ ကောင်းကင် မြို့တော်မှ ထွက်သွားပြီး ခဏအကြာတွင် ဇိုလာ၏ ကြယ်အပ်နှင်း စင်မြင့်တွင် ၃နာရီကြာ ပေါင်းစည်းချိန် ပြီးသွားပြီး သူ့ဘေးတွင် အလိုလို ပေါ်လာခဲ့သည်။
ကြယ်အပ်နှင်းစင်မြင့် ပေါင်းစည်းခြင်း အခြေအနေက မှော်ဆန်သော အကျိုး သက်ရောက်မှု ရှိပေသည်။ ယုံကြည်မှု သလင်းကျောက် အချို့ကို သုံးပြီးနောက် စူပါစနစ်၏ ယုံကြည်မှု စွမ်းအားကို ပေါင်းစည်းထားသော ကြယ်စွမ်းအားနှင့် ဒဏ်ရာကို ပြန်လည် ဖြည့်တင်းရန် အသုံးပြုနိုင်လေသည်။ နတ်မိမယ်နဂါးက ယခုအခါ စွမ်းအင်အပြည့်အဝ ပြန်လည် ရရှိနေပြီ ဖြစ်သည်။
ချန်လွေ့က ဖြစ်ပျက် ခဲ့သည်များကို ရိုးရိုးရှင်းရှင်း ပြန်ပြော ပြလိုက်၏။ သဘာဝသစ်ပင်က ချန်လွေ့လက်ထဲတွင် တကယ် ရှိနေကြောင်း ကြားလိုက် ရာ နတ်မိမယ်နဂါး ကြောင်သွား၏။ ၎င်းက ဟန်ဆောင်ခြင်း မဟုတ်ပေ။ နတ်သူငယ် ဘုရင်၏ သမီး ဖြစ်သည့်အလျောက် သဘာဝသစ်ပင်က နတ်သူငယ် မျိုးနွယ် အတွက် မည်သည့်အရာကို ကိုယ်စားပြု ခြင်းကို သူ သိလေသည်။
သဘာဝသစ်ပင်နှင့် ဖန်တီးခြင်းဇစ်မြစ် ရရှိခြင်းအပြင် ချန်လွေ့က ခီလန်ယာထံမှ ‘သစ်သား’ တာဝန်အတွက် တိုက်ရိုက် ဆုလာဘ်တစ်ခု ကိုလည်း ရရှိခဲ့သည်။ ထိုအရာက သေတ္တာတစ်လုံးပင်။
ထိုသေတ္တာက သိုလှောင် နေရာလွတ် ပစ္စည်းတစ်မျိုး ဖြစ်သည်။ သို့သော် သာမန် နေရာလွတ် ပစ္စည်းများနှင့် ယှဉ်လျှင် ပထမဆုံး အနေနဲ့ ၎င်း၏ နေရာလွတ်က အံ့သြစရာကောင်းအောင် ကြီးမား၏။ ကြီးမားသော ဂိုဒေါင်တစ်ခု ကဲ့သို့ပင်။ စူပါစနစ်၏ သိုလှောင် ဂိုဒေါင်နှင့် ယှဉ်၍မရသော်လည်း ချန်လွေ့ မြင်ဖူးသမျှထဲ၌ အကြီးမားဆုံးသော သိုလှောင် နိုင်သည့် နေရာလွတ် ဖြစ်ပေသည်။
သေတ္တာထဲတွင် ပစ္စည်း အများအပြား စုပုံနေပြီး ကြီးမားသော နေရာလွတ်ကို အပြည့်နီးပါး ဖြစ်စေ၏။ ထိုပစ္စည်းများက အတိအကျ ပြောရလျှင် အမှိုက်မျိုးစုံပင်။ သို့သော် ချန်လွေ့က ထို‘အမှိုက်’များကို မြင်သောအခါ အံ့အားသင့်သွားသည်။ သူ့အတွက်တော့ ထို‘အမှိုက်’များက အလေးချိန်တူ သလင်းကျောက်နက် ဒင်္ဂါးများထက် အများကြီး ပိုတန်ဖိုးရှိ၏။ ရှေးအဂ္ဂိရတ် အဖွဲ့အစည်းမှ အမွေ အနှစ်များပင်။
အဆင့်(၃) အဂ္ဂိရတ် အဖွဲ့အစည်းမြို့ ထိန်းချုပ်သူ အနေဖြင့် ချန်လွေ့က ထိုပစ္စည်းများ၏ အဆင့်က အတော်လေး မြင့်မားကြောင်း သေသေချာချာ ခံစားမိ လေသည်။ သူ မုန်တိုင်းကျွန်းတွင် မြင်တွေ့ ခဲ့ရသော ‘ကောင်းကင်ဘီး’ အဆင့်(၄) မြို့ထက်ပင် သာလွန်၏။ အနည်းဆုံး အဆင့်(၅) မြို့ပြ ရှိပြီး အဆင့်(၆) မြို့တော်ပင် ဖြစ်နိုင်သည်။
အဆင့်(၆) မြို့တော်က အဂ္ဂိရတ် အဖွဲ့အစည်း၌ အမြင့်ဆုံး အဆင့် ဖြစ်သည်။ အဖွဲ့အစည်း တစ်ခုလုံးက အဆင့်တစ်ခုသို့ ရောက်ရှိမှသာ တိုးတက် ပြောင်းလဲနိုင်မည် ဖြစ်သည်။ ၎င်း၏ တိုးတက်ပြောင်းလဲမှုသည်လည်း ထူးခြား၏။ ထိုစဉ်က အဂ္ဂိရတ် အင်ပါယာ ၄ခုထဲမှ တစ်ခုကသာ ထိုအဆင့်သို့ ရောက်ရှိခဲ့လေသည်။
ချန်လွေ့ပိုင်ဆိုင်သော ကြယ်မြို့သည် အဆင့်(၃) အဂ္ဂိရတ် မြို့အဆင့်သာ ဖြစ်သော်လည်း လျှို့ဝှက် ဆန်းကြယ် ပျောက်ဆုံးနယ်မြေမှ ယွမ်သလင်း ကျောက်များစွာကို ရရှိခဲ့ ပြီးနောက် သူက သီးခြား ဂိမ်းထိန်းချုပ် သလင်းကျောကင် ဗဟိုချက်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ရုံ သာမက ထိုယွမ်သလင်းကျောက်များက အသက်ဗဟိုချက် စွမ်းအားကိုပါ သိသိ သာသာ မြှင့်တင်ပေး ခဲ့သည်။ သလင်းကျောက် ဇာမဏီက အားလုံး၏ ဆယ်ပုံ တစ်ပုံကိုသာ စုပ်ယူပြီးတော့ တစ်ဆို့မှုသို့ ရောက်ရှိသွားခဲ့သည်။ ထိန်းချုပ်ထားသော သတ္တဝါများနှင့် ထိန်းချုပ်နိုင်စွမ်း၏ အမြင့်ဆုံးပမာဏကို ကြီးကြီးမားမား တိုးမြင့်သွားလေသည်။
ကြယ်မြို့ ထိန်းချုပ်သူ၏ မူလ စိတ်ဝိညာဉ် အမှတ်အသားက တိုင်းပြည် အဆင့် ဖြစ်သည်။ သလင်းကျောက် ဇာမဏီ၏ ကန့်သတ်ချက်ကလည်း ထိန်းချုပ်သူ၏ စွမ်းအားနှင့် တိုက်ရိုက် ဆက်နွှယ် နေပေသည်။ ချန်လွေ့၏ စွမ်းအားက တိုင်းပြည် အဆင့်ကို ဖောက်ထွက်ပြီး နတ်ဘုရားတစ်ပိုင်း အဆင့် ရောက်သည်နှင့် သလင်းကျောက် ဇာမဏီက အဆင့်(၄) ဗဟိုချက်အဖြစ် အလိုလို အဆင့်တက်သွားမည် ဖြစ်၏။ သို့သော် အဖွဲ့အစည်းမြို့ တစ်ခုလုံးကို အဆင့်မြှင့်ရန် အတွက် ရှားပါးသော ပစ္စည်းမျိုးစံု လိုအပ်ပေ၏။ အလူစီယာ ပေးခဲ့သော မြို့အဆင့် အဖွဲ့အစည်း၏ ‘အပျက်အစီး’များက အချိန်ကိုက် အကူအညီ ဖြစ်ခဲ့လေသည်။ ဒီပစ္စည်း များနှင့်ဆိုလျှင် ချန်လွေ့ အဆင့်တက်ပြီး ပေါင်းစပ် အဂ္ဂိရတ် အဖွဲ့အစည်း၏ စိတ်ဝိညာဉ် အမှတ်အသားကို တိုးတက် စေရန် ပြုလုပ်ပြီးနောက် ကြယ်မြို့ကို အဆင့်(၄) သို့မဟုတ် ထိုထက် မြင့်သော အဆင့်သို့ ချောချောမွေ့မွေ့ အဆင့်မြှင့် နိုင်ပေလိမ့်မည်။
ချန်လွေ့က သေတ္တာကို သိုလှောင် နေရာလွတ်ထဲ ထည့်လိုက်သည်။ ဧကရီ လစ်ဗ်က ပေးထားသော သိဒ္ဓိသစ်ရွက် သံတော်ဆင့်နှင့်အတူ သူက နတ်သူငယ် မျိုးနွယ်၏ ခရမ်းသစ်ခွ ဆိပ်ကမ်းကို ဖြတ်ကျော်ကာ မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်ကို တက်ပြီး ကျက်သရေပြာ အင်ပါယာသို့ တိုက်ရိုက် ဦးတည် သွားတော့သည်။
ဇိုလာ၏ ကျောက်စိမ်း သစ်တော ပင်လယ်ခရီးတွင်လည်း အကျိုးအမြတ် များစွာ ရရှိခဲ့သည်။ ဒြပ်စင် နတ်ဘုရားမ သရဖူသည် ကျက်သရေ မျှော်စင်ကို ကျော်လွန်သော အဆောင်ပစ္စည်းတစ်ခု ဖြစ်ပြီး ကျက်သရေမျှော်စင် ကဲ့သို့ နတ်ဘုရား-ယောင် စွမ်းအားဖြင့် အသက်သွင်းရန် မလိုအပ်ပေ။ ၎င်းသည် ဇိုလာအတွက် အထူးသီးသန့် ဖန်တီး ထားသော ရတနာတစ်ခု သဖွယ်ပင်။ ထိုမျှမက အသူရာ ချောက်နက်နှင့် အပြင်းအထန် တိုက်ခိုက် ပြီးနောက် ဇိုလာက [ဒြပ်စင်၆ခုတိုင်းပြည်] ၏ လျှို့ဝှက်ချက်ကို ပိုမို၍ နားလည်ခဲ့ပြီး နတ်ဘုရား တစ်ပိုင်းသို့ တိုးတက်ရန် သော့ချက်ကို နားလည်ခဲ့သည်။ သူက နတ်ဘုရား တစ်ပိုင်း အဆင့်သို့ တစ်ခါတည်း ရောက်ရှိရန် အတွက် ခြေတစ်လှမ်းသာ လိုတော့သည်။
ထို‘သစ်သား’ တာဝန်က အလိမ် အညာ ဖြစ်သော်လည်း ဆုလာဘ်က ထိုက်တန်ပေသည်။
၂ရက်အကြာတွင် မိစ္ဆာထောင်ခြောက် သင်္ဘောက ကျက်သရေပြာ အင်ပါယာ၏ နာမည်ကြီး ဆိပ်ကမ်းမြို့ ဂျာဒါသို့ ဆိုက်ရောက်ခဲ့သည်။ ထိုနေရာတွင် ပရိုယို၊ ပါ့ဂ်လီအိုနှင့် အခြားသူများကို တွေ့ဆုံရန် ချိန်းဆိုထားခဲ့ခြင်း ဖြစ်သည်။
ဂျာဒါက ကျက်သရေပြာ အင်ပါယာ၏ မြို့တော် ဖရိုစတီ ပြီးလျှင် ဒုတိယ အကြီးဆုံးမြို့ ဖြစ်သည်။ ၎င်းက အလွန် စည်ကားသည်။ နတ်သူငယ် မျိုးနွယ်စု ထိန်းချုပ်သော လပြာပင်လယ်နှင့် နီးစပ် သောကြောင့် နတ်သူငယ် မျိုးနွယ်များကို ဂျာဒါတွင် အများအားဖြင့် တွေ့ရသည်။ ကျောက်စိမ်း သစ်တော ပင်လယ်၏ အထူးထုတ်ကုန်များစွာကို ဆိုင်များတွင် ဝယ်ယူနိုင်ပြီး နတ်သူငယ်တို့၏ လက်မှု ပစ္စည်းများနှင့် မှော်ပစ္စည်းများလည်း ပါဝင်၏။
ဂျာဒါက စီးပွားရေးကြောင့် မဟုတ်ဘဲ စစ်ရေးအားကြောင့် အကျော်ကြားဆုံး ဖြစ်သည်။ ၎င်းက ကျက်သရေပြာ အင်ပါယာ တစ်ခုလုံးတွင် အစွမ်း အထက်ဆုံး ‘အင်ပါယာ လက်နက်’ များထဲမှ တစ်ခု ဖြစ်သော မှော်ပညာရှင် မျှော်စင်အဖွဲ့၏အိမ် ဖြစ်လေသည်။
မှော်ပညာရှင်က အလွန် အင်အား ကြီးမားသော အသက်မွေးဝမ်းကျောင်း ပညာတစ်ခု ဖြစ်သော်လည်း ငွေကြေး အများအပြား ကုန်ကျပေသည်။ သာမန် မှော်ပညာရှင်များ လေ့ကျင့်ရန်လိုသည့် အခြေခံဘာသာရပ်များထဲ၌ မှော်ပညာ၊ စိတ်ဝိညာဉ်၊ ဒြပ်စင် လိုက်ဖက်မှု၊ တရားထိုင်ခြင်း စသည်များ ပါဝင်၏။ အခြေခံများကို ကျွမ်းကျင် ပြီးနောက် မှော်ပညာကို အသုံးပြုချင်လျှင် ကိုယ်တိုင် နားလည်အောင် ပြုလုပ်ရမည် ဖြစ်သော်လည်း ထိုကဲ့သို့ ထိရောက်မှုနှင့် အောင်မြင်မှုနှုန်းက အတော် နိမ့်ကျကာ လမ်းလွဲရန်လည်း လွယ်ကူ၏။ အမြန်ဆုံး နည်းလမ်းမှာ အထူး မှော်စာအုပ်ကို အသုံးပြုပြီး သင်ယူခြင်းပင်။ ဆရာ တစ်ယောက်က လမ်းညွှန်ပေးခြင်းက ပိုကောင်းသော်လည်း ထိုအရာက မှော်ပညာ သင်ယူခြင်း၏ ‘ကုန်ကျစရိတ်’ ကို ပိုမြင့်စေမည်မှာ သေချာပေသည်။ အထူးသဖြင့် မှော်စာလိပ် အလွန် ရေပန်းစားသော လူသားလောကတွင် မှော်ပညာရှင်၏ ကုန်ကျ စရိတ်က အဂ္ဂိရတ်ပြီးလျှင် ဒုတိယ ဖြစ်၏။
လူသားလောက၏ အားသာချက်မှာ ကောလိပ်၏ စနစ်တကျ ပညာရေး ရှိပြီး မှော်ပညာရှင်၏ တရားဝင် အရည် အချင်းကို ကောလိပ်ကျောင်းမှ တစ်ဆင့် ရယူနိုင်သည်။ ထူးချွန်သော ပါရမီရှင် များက ကောလိပ်တွင် ဆက်လက် လေ့လာ နိုင်ပြီး များစွာသောသူများက အမျိုးမျိုးသော အင်ပါယာ များနှင့် တိုင်းပြည်များမှ ခန့်အပ်ခြင်းခံရလိမ့်မည်။
မှော်ပညာရှင်မျှော်စင်သည် မှော်ပညာ သင်ယူလေ့ကျင့်ရန် မှော်ပညာရှင်များ အတွက် နေထိုင်ရာနေရာ ဖြစ်ပြီး လူသားလောကတွင် မှော်ပညာရှင်များ အတွက် ထူးခြားသော အဆောက်အအုံ တစ်ခုဖြစ်ကာ နတ်ဆိုး လောကတွင် မရှိသလောက်ပေ။
မှော်ပညာရှင်မျှော်စင်ကို မှော်စာလိပ်၊ မှော်စာအုပ် အစရှိသည့် အရာများကို သိုလှောင်ရန် အသုံးပြုပြီး အစွမ်းထက် ရန်သူများကို ခုခံကာကွယ်ရန် အခြေစိုက် စခန်းတစ်ခုလည်း ဖြစ်သည်။ ၎င်း၏ တည်နေရာ၊ ဖွဲ့စည်းပုံ၊ ဒြပ်စင် ဂုဏ်သတ္တိနှင့် အခြားရှုထောင့်များက အတော်လေး ထူးခြားလှသည်။
ကောင်းမွန်သော မှော်ပညာရှင် မျှော်စင်က မှော်ပညာရှင်၏ လေ့ကျင့်မှုကို ပိုမိုထိရောက်စေရုံသာမက တိုက်ပွဲများ အတွင်း အခြေအနေကို ပြောင်းလဲ ရာတွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ မှော်ပညာ ရှင်မျှော်စင်က ကိုယ်ပိုင် အမှတ်အသားနှင့် အဆင့် အတန်း၏ သင်္ကေတလည်း ဖြစ်သည်။ ယေဘုယျအားဖြင့် ဆရာသခင်အဆင့် သို့မဟုတ် ထိုထက်မြင့်သော အဆင့်သို့ ရောက်ရှိသော မှော်ပညာရှင်များသာ မှော်ပညာရှင်မျှော်စင် တည်ဆောက်ရန် အရည်အချင်း ပြည့်မီ၏။
ဂျာဒါက ကျက်သရေပြာ အင်ပါယာ၌ အစွမ်း အထက်ဆုံး မှော်ပညာရှင် အင်အားကို စုစည်းထားလေသည်။ မှော်ပညာရှင်မျှော်စင် အတိုင်းအတာက တစ်ဦးတည်း တည်ရှိမှု မဟုတ်တော့ဘဲ မှော်ပညာရှင်မျှော်စင် အဖွဲ့ ဟုခေါ်သော အစီအစဉ်တကျ စုပေါင်း ထားသည့် “အခင်းအကျင်း” ဖြစ်နေလေသည်။
ကျက်သရေပြာ အင်ပါယာနှင့် ငွေလ ကောင်းကင် မြို့တော်တို့၏ ပတ်သက် ဆက်နွှယ်မှုကြောင့် ဂျာဒါရှိ သိသာ ထင်ရှားသည့် အပိုင်းမှ မှော်ပညာရှင် များက နတ်သူငယ်များ ဖြစ်ကြသည်။ မြို့တစ်ခုလုံးကိုလည်း ‘မှော်ပညာရှင်မြို့’ ဟူ၍ လူသိများပေသည်။
နတ်သူငယ် မျိုးနွယ်စုက မှော်ပညာ မျိုးနွယ်စု ဖြစ်၏။ သူတို့က သဘာဝကို လေးစားသောကြောင့် ချန်လွေ့က ငွေလကောင်းကင် မြို့တော်တွင် လူလုပ် ပစ္စည်းများစွာကို မတွေ့ခဲ့ရသော်လည်း ဂျာဒါတွင် မှော်အဖွဲ့အစည်း အမှတ် အသားများကို နေရာတိုင်း တွေ့မြင် နိုင်ပေသည်။
လေပူဖောင်းနှင့် ဆင်တူသော မှော် သင်္ဘောကြီး တစ်စီးက ကောင်းကင်၌ ပျံသန်းကာ မြို့တစ်မြို့လုံးကို အသွား အပြန် ကင်းလှည့်နေ၏။ ဆိုင်တိုင်း နီးပါးတွင် ရိုးရှင်းသော ဝန်ဆောင်မှုများ ပေးနေသော မှော်ရုပ်သေးများ ရှိပြီး မြင်းလှည်းများရှိ ဘီးများသည်လျှင် အထူးမောင်းနှင်အား ပါရှိနေ၏...
စိတ်အလှုပ်ရှားဆုံးကတော့ ဇိုလာပင်။ ထို မှော်ပစ္စည်းများက စွမ်းအားအရ သူ့အတွက် ပြောပလောက်စရာ မရှိ သော်လည်း အရှားပါးဆုံးက ဆန်းသစ် တီထွင်သော စိတ်ကူး ဖြစ်၏။ ထိုအရာက အကျင့် ဖြစ်နေသော အတွေးများ၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်လေသည်။
အချိန်တစ်ခုအထိ နတ်မိမယ်နဂါး အလွန် စိတ်လှုပ်ရှားနေ၏။ သူက လက်ထဲ၌ စာအုပ်ငယ် တစ်အုပ်ကို ကိုင်ထားပြီး အချိန်တိုင်း မှတ်စုရေးနေ လေသည်။ အကြောင်းမှာ သူ၏ အတွေး အမြင်များနှင့် လွဲချော်သွားမည်ကို စိုးရိမ် နေ၍ပင်။
ဇိုလာ ခဏ လမ်းလျှောက်ပြီးနောက် မျက်လုံးများက မှော်ဆိုင် တစ်ဆိုင်၏ ဝင်ပေါက်မှ ငါးမီးအိမ်မဆီ ဆွဲဆောင် ခံလိုက်ရ၏။ မီးအိမ်က အမှန်တကယ် ငါးကန်ကြီး တစ်ကန် ဖြစ်နေသည်။ အထဲတွင် ကူးခပ်နေသော ငါးများက တောက်ပစွာ လင်းလက်ပြီး အဆက် မပြတ် ပြောင်းလဲနေခြင်းမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
နတ်မိမယ်နဂါး၏ မျက်လုံး လင်းလက် သွားပြီး လျှောက်သွားလိုက်၏။
မှော်ဆိုင် ဝင်ပေါက်တွင် ငယ်ရွယ်သော စာရေးမ တစ်ယောက် ရှိသည်။ ဇိုလာက ငါးမီးအိမ်ကို စိတ်ဝင်စား နေကြောင်း မြင်သောအခါ သူက ထိုအရာသည် နာမည်ကြီး မှော်ပညာရှင် တစ်ယောက်မှ ဖြစ်သော ဆိုင်၏ ပင်တိုင် ထုတ်ကုန် ဖြစ်ကြောင်း အလျင်အမြန် ကြော်ငြာလိုက်လေသည်။
သို့သော် မီးအိမ်၏ စိတ်ကူးကို ချီးကျူးပြီးနောက် ဇိုလာက ဝယ်ယူခြင်း မပြုဘဲ မီးအိမ်၏ ချို့ယွင်းချက်များ အပါအဝင် ပြဿနာများကို ထောက်ပြ ခဲ့သည်။ သူက ငါးများ အများဆုံး ၁နှစ်သာ အသက်ရှင် နိုင်မည်ဟုလည်း ထောက်ပြခဲ့သည်။
ထိုမှော်ဆိုင်က အတော်ကြီးမားပြီး လူ အဝင်အထွက် များတာကြောင့် အတော် နာမည်ကြီးပုံရ၏။ စာရေးမက စီးပွားရေး ထိခိုက်မည်စိုးလို့ ဇိုလာနှင့် စကားများ ခဲ့ကြလေသည်။
ချန်လွေ့က ဇိုလာသည် သုတေသန စိတ်ဖြင့် ဆွေးနွေးခြင်း ဖြစ်ကြောင်း သိသော်လည်း တခြားသူများ၏ လုပ်ငန်း ထိခိုက်စေသည် ဖြစ်ရာ အခြေအနေကို ရှင်းပြရန် ပြင်လိုက်စဉ် ဘေးနားမှ အသံတစ်သံ ထွက်လာ၏။ “ဒါဆိုရင် ဒီမိန်းကလေးရဲ့ သဘောထား အရ ဒီငါးတွေ စောစော မသေအောင်လို့ ဘယ်လိုလုပ်မှာလဲ။”
မေးခွန်းက ပုံမှန် မှော်ပညာရှင်ဝတ်စုံ ဝတ်ထားသော နှုတ်ခမ်းမွေးနှင့် သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက်ထံမှ ဖြစ်သည်။ သူက ဆိုင်မှ ထွက်ခါနီး ငါးမီးအိမ်အကြောင်း ဇိုလာ၏ မေးခွန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ပြီး စိတ်ဝင်တစား ဘေးမှ နားထောင် နေခဲ့ခြင်း ဖြစ်သည်။
ချန်လွေ့က ထိုသူ၏ စွမ်းအားမှာ သူတော်စင်အဆင့် (နတ်ဆိုး အရှင်သခင် အဆင့်) ထိပ်သိးပိုင်း ရောက်နေပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူ့၏ အငွေ့အသက်ကလည်း အလွန် အားကောင်းလှသည်။ သူက တိုင်းပြည် အဆင့်သို့ ရောက်ရှိရန် သိပ်မလိုတော့ပုံ ရလေသည်။ သူ စကားပြောလိုက်ရာ ခုနက စကားများနေသော စာရေးမက ရုတ်တရက် တိတ်ဆိတ် သွားကြောင်း သူ သတိထား မိခဲ့၏။ သေချာသည်မှာ ထိုသက်လတ်ပိုင်း အမျိုးသားက နာမည်ကြီး မှော်ပညာရှင် တစ်ယောက်ပင်။
ဇိုလာ နှင့် နှိုင်းယှဉ်လျှင် ထိုသူ၏ စွမ်းအားက အရေး မပါသော်လည်း မစ်-နတ်မိမယ်နဂါးက သိပ္ပံပညာဆိုင်ရာ သုတေသန ကဲ့သို့သော ပြဿနာများနှင့် ရင်ဆိုင် ရသည့်အခါ စွမ်းအားနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံခြင်း မရှိပေ။ သူက တိုးတက်မှုအတွက် အကြံဉာဏ် အချို့ကို အလေးအနက် တင်ပြခဲ့၏။
“သိပ်ကိုကောင်းတဲ့ စိတ်ကူးပဲ!” အမျိုးသားက ပို၍ အံ့အားသင့်လာပြီး သဘောပေါက် သွားသော ပုံစံမျိုးဖြင့် ပြောလိုက်သည်။ “ကျုပ်နာမည်က လစ်ဒ် ပါ။ မိန်းကလေးရဲ့ နာမည်ကို သိလို့ ရမလား။”
ဇိုလာက ချန်လွေ့ကို လှမ်းကြည့် လိုက်ရာ ချန်လွေ့က ပြုံးပြီး ပြောလိုက်၏။ “ကျုပ်နာမည်က အာသာပါ။ ဒါက ကျုပ်ရဲ့ဇနီး ဇိုလာပါ။ ခုနက ကျုပ်တို့ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။ ဆာ-လစ်ဒ်။”
လစ်ဒ် က စိတ်ထဲမှ တွေးလိုက်၏။ ဒီလူနှစ်ယောက်၏ စွမ်းအားက စစ်သည် အဆင့်သာ ရှိသော်လည်း သူ့ကဲ့သို့ သူတော်စင် အဆင့် မှော်ပညာရှင်က အမျိုးသမီး၏ အသိပညာနှင့် ထိုးထွင်း ဉာဏ်ကို မြင်ပြီး အံ့သြသွားခဲ့သည်။ သူတို့၏ စွမ်းအားက အပေါ်ယံတွင် မြင်နေရသကဲ့သို့ မရိုးရှင်းလောက်ပေ။
လစ်ဒ်က သူ့၏ နောက်ခံအကြောင်း ပြောပြသည်ကို ကြားပြီးနောက် ဇိုလာနှင့် ချန်လွေ့တို့က မည်သည်မှ ထူးထူး ခြားခြား တုံ့ပြန်မှု မရှိခဲ့ပေ။ သူတို့က မှော်ပညာရှင် နာမည်ကို တစ်ခါမှ မကြားဖူးသလိုပင်။ ဇိုလာ၏ စွမ်းအားက ထူးခြားကြောင်း ခန့်မှန်းထားခဲ့သည့် လစ်ဒ် ဂရုမစိုက်သော်လည်း ဘေးနားမှ စာရေးမကတော့ အနည်းငယ် ဒေါသ ထွက်နေပုံရသည်။ ဒီတောသူတောင်သား နှစ်ယောက်က ဘယ်ကနေ လာတာလဲ။ မှော်ပညာရှင် မျှော်စင် အဖွဲ့ရဲ့ နာမည်ကြီး ဆာ-လစ်ဒ်ကိုတောင် မကြားဖူးဘူးလား။
“ကိစ္စမရှိပါဘူး။” လစ်ဒ်က လေးစားသော အကြည့်ဖြင့် ပြောလိုက် လေသည်။ “မဒမ်-ဇိုလာရဲ့ ထိုးထွင်း ဉာဏ်က ကျုပ်ကို တကယ် အံ့အားသင့် စေတယ်။ အလင်းဒြပ်စင်နဲ့ ရေဒြပ်စင်ကို ပေါင်းစပ်ထားတဲ့ ဒီလို အဆင့် မြှင့်တင်မှုက ဒီအလင်းရဲ့ စွမ်းရည်ကို အနည်းဆုံး နှစ်ဆ တိုးစေပြီးတော့ ငါးရဲ့ သက်တမ်းကိုလည်း ၅နှစ် အထိ တိုးစေနိုင်တယ်။ ဒါပေမယ့်... မဒမ် ဇိုလာ ခုနက ပြောခဲ့တဲ့ ‘တိမ်ချိန်းကြိုး’ ရဲ့ ရေဒြပ်စင် တည်ဆောက်ပုံကို ကျုပ် နားမလည်သေးဘူး။”
ဇိုလာက လစ်ဒ်၏ ‘မဒမ်’ ဟူသော အခေါ်ကို တော်တော်လေး ကျေနပ်နေရာ ‘တိမ်ချိန်းကြိုး’ ရေဒြပ်စင် မှော်စက်ဝိုင်း၏ တည်ဆောက်ပုံကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့လေသည်။
ဇိုလာ၏ လေးနက်လှသော အသိ ပညာကြောင့် လစ်ဒ်က မေးခွန်းအချို့နဲ့ ပတ်သက်ပြီး ပိုမို ရှုပ်ထွေးလာခဲ့သည်။ ချန်လွေ့က ပြဿနာ အရင်းအမြစ်ကို မြင်သွားပြီး ရိုးရှင်းသော ဘာသာ စကားဖြင့် စကား အနည်းငယ် ထပ်ဖြည့် ပြောလိုက်၏။
လစ်ဒ်က ချက်ချင်း သဘောပေါက် သွား၏။ သူက ချန်လွေ့ကို ပို၍ ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက် လေသည်။ ဒီဇနီးမောင်နှံက သာမန်တော့ မဟုတ်လောက်ဘူး။
လစ်ဒ်၏ အတွေးများ လျင်မြန်စွာ ပျံ့လွင့် သွားပြီး သူက ချက်ချင်းပင် မှော်ပညာရှင်တို့၏ တရားဝင် ထုံးတမ်း စဉ်လာအတိုင်း ပြုမူလိုက်၏။ “ဧည့်သည် နှစ်ဦး၏ အဖြေတွေကြောင့် ကျုပ်က အသိပညာ အသစ်တွေကို နားလည်ခဲ့ ရပါတယ်။ ဒီနေ့ ဧည့်သည်တို့နဲ့ တွေ့ဆုံရတာ တကယ် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဧည့်သည်တို့ နှစ်ယောက်ကို ကျုပ်ရဲ့ မှော်ပညာရှင် မျှော်စင်ဆီ ဖိတ်ခေါ်လို့ ရနိုင်မလား မသိဘူး။”
စာရေးမက မျက်လုံး ပြူးသွား၏။ ဆာ-လစ်ဒ်က တကယ်ကြီး သူတို့ နှစ်ယောက်ကို မှော်ပညာရှင် မျှော်စင်ဆီ ဖိတ်ခေါ် လိုက်တာပဲ။ ဒါက ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလဲ။ ဒီသူတော်စင် အဆင့် မှော်ပညာရှင်က ပုံမှန်ဆိုရင် ဧည့်သည်တွေ ဖိတ်ခေါ်တာ ရှားတယ်။ မြို့စားတောင် သူ့ရဲ့ မှော်ပညာရှင် မျှော်စင်ထဲကို တစ်ခါမှ မရောက်ဖူး သေးဘူး။