← Chapters

ရွှေလင်းလက် မြေအောက်နန်းတော်

Vol. 61 Ch. 992

ရွှေလင်းလက် မြေအောက်နန်းတော်

Vol. 61 Ch. 992

မြေဇစ်မြစ် အပိုင်းအစ တည်ရှိရာ နေရာ၏ အမည်သည် အနည်းငယ် ရင်းနှီးသော နေရာ ဖြစ်နေခဲ့သည်။

ကျောက်နီတောင်မှ ရွှေလင်းလက် မြေအောက်နန်းတော်ပင်။

ကျောက်နီတောင်က လူသားလောက တွင်ရှိသော အကြီးဆုံး တောင်တန်း များထဲမှ တစ်ခု ဖြစ်သည်။ တောင်တန်း ဖုံးလွှမ်း ထားသော နယ်မြေက အလွန် ကျယ်ဝန်းပြီး အင်ပါယာ၈ခု အကျယ် ရှိနေ၏။ အဓိကနေရာမှာ ထိုတိုင်းပြည် အတွင်း၌ မရှိသော်လည်း လူမနေသည့် ဆိတ်ငြိမ်သော နေရာများနှင့် နီးသည်။

လူသားလောကရှိ အင်ပါယာများနှင့် တိုင်းပြည်များ၏ အရေအတွက်နှင့် ဖုံးလွှမ်းမှုမှာ နတ်ဆိုးများထက် များစွာ သာလွန်နေသော်လည်း ကန့်သတ်ချက် ရှိပေသည်။ နတ်ဆိုးဘုံ ကဲ့သို့ပင် ဝေးလံပြီး မထိတွေ့ ရသေးသော နေရာများလည်း ရှိနေသည်။

ကျောက်နီတောင်၏ အဓိကအပိုင်းမှာ ဝေးလံခေါင်သီသောနေရာတွင် တည်ရှိ၏။ လူဦးရေနည်းပြီး အန္တရာယ်အမျိုးမျိုးဖြင့် ပြည့်နေသော်လည်း အရင်းအမြစ်များ၊ အထူးသဖြင့် ဓာတ်သတ္တုသိုက်များ အလွန် ကြွယ်ဝ၏။ ထို့ကြောင့် သတ္တု တူးဖော်ရာတွင် ကျွမ်းကျင်သော လိုဏ်ဂူနေလူပုများက ထိုနေရာကို အခြေစိုက် စခန်းအဖြစ် ရွေးချယ်ပြီး အလွန်အံ့သြဖွယ် မြေအောက်လောက ဖြစ်သည့် ရွှေလင်းလက် မြေအောက် နန်းတော်ကို တူးဖော်ခဲ့ကြလေသည်။

ရွှေလင်းလက် မြေအောက်နန်းတော်က

လူသားလောကတွင် အရေးကြီးဆုံးသော ဓာတ်သတ္တုသိုက် အရင်းအမြစ်များထဲမှ တစ်ခု ဖြစ်ခဲ့ဖူးသည်။ ဓာတ်သတ္တုများ အတွက် ပစ္စည်းများ မှာကြားရန် သို့မဟုတ် လဲလှယ်ရန် လာရောက်သော လုပ်ငန်း ခရီးသည်များမှာ အဆုံးမရှိပေ။ သူတို့က ထူးခြားသော ‘ဓာတ်သတ္တု ကုန်သွယ်ရေးလမ်းကြောင်း’ ကိုလည်း ဖွင့်လှစ်ခဲ့လေသည်။

လွန်ခဲ့သော တစ်နှစ်တွင် ကျောက်နီ တောင်နယ်မြေ၏ ပင်မတောင်တန်းတွင် ထူးထူးခြားခြား မြေငလျင် တစ်ခု ဖြစ်ပွားခဲ့၏။ အနီးနားရှိ အင်ပါယာ များပင် သက်ဆိုင်ရာ အကျိုးဆက်များ ခံစားခဲ့ကြရ၏။ ငလျင်၏ အကြီးမားဆုံး သားကောင်များမှာ ရွှေလင်းလက် မြေအောက် နန်းတော်ရှိ လိုဏ်ဂူနေ လူပုများ ဖြစ်ကြသည်။ ကြီးမားသော ငလျင်ဒဏ်ကြောင့် တည်ဆောက် ထားသော မြေအောက် အိမ်များ ပြိုကျခဲ့သည်။ လိုဏ်ဂူနေ လူပုများမှာ ကျောက်နီတောင်နယ်မြေမှ ထွက်ခွာပြီး လူသားတိုင်းပြည်ရှိ ကျောက်နက်တောင် ဆီသို့ ပြောင်းရွှေ့ ခဲ့ရပြီး ၎င်းမှာ တောင်နေ လူပုများ၏ မြေထူရဲတိုက်ပင် ဖြစ်သည်။

သို့သော် ၎င်းက ပြင်ပလောသို့ ပြောပြခဲ့သည့် ဖြစ်ရပ် တစ်ခုမျှသာ ဖြစ်သည်။ မြေထူရဲတိုက်နှင့် ကျောက် လက်သီးရွာ၏ ဖြစ်ရပ်များ အပြီးတွင် ချန်လွေ့သည် လိုဏ်ဂူနေလူပုများ၏ ‘ပြောင်းရွှေ့ခြင်း’ အမှန်တရားကို သိရှိ ခဲ့ရ၏။ အသူရာချောက်နက် ကြောင့်ပင်။

ချန်လွေ့သည် မြေထူ ရဲတိုက်၏ မြေအောက်တွင်းရှိ အသူရာချောက်နက် ယဇ်ပလ္လင်ကို ဖျက်ဆီးခဲ့ပြီး လိုဏ်ဂူနေ လူပုများ၏ ဘေးအန္တရာယ်နောက်ကွယ်မှ ကြိုးကိုင်သူမှာ အသူရာချောက်နက်၏ အုပ်စိုးသူ သုံးဦးမှ တစ်ဦးဖြစ်သော အကြောက်တရား အရှင်သခင် ဆိုစဘတ် ဖြစ်နိုင်ကြောင်း ကောက်ချက် ချခဲ့သည်။ ပြောရလျှင် သူသည် ကျောက်စိမ်း သစ်တောပင်လယ်တွင် အမုန်းတရား အရှင်သခင် ချူအီယာနာနှင့် အပြင်း အထန် တိုက်ပွဲ တစ်ခု ဆင်နွှဲခဲ့ပြီး အသက်ရှင် ကျန်ရစ်ခဲ့သည်။ ယခု သူက လူသားလောကသို့ ခရီး သွားရာတွင် ဆိုစဘတ်နှင့် ထပ်မံ ရင်ဆိုင်ရဦးမည် ဖြစ်သည်။ သူက အသူရာချောက်နက်နှင့် အမှန်တကယ် ‘ဆက်နွယ်နေ’ ၏။

ချန်လွေ့ နတ်ဆိုးဘုံတွင် ပြန်လည် မွေးဖွားလာခဲ့ချိန်က အင်အားမဲ့သည်ဟု ဖော်ပြ၍ရနိုင်သည်။ ထိုအချိန်က သူ၏ အမြင်တွင် အမြင့်ဆင့် နတ်ဆိုးမှာ အလွန် အစွမ်းထက်သော တည်ရှိမှု ဖြစ်သည်။ သူ၏ ကိုယ်ပိုင်စွမ်းအား ကြီးထွားလာ သည်နှင့်အမျှ သူ ထိတွေ့သည့် အဆင့်ကလည်း နတ်ဆိုးဘုင်၊ မဟာ နတ်ဆိုးဘုရင်၊ နတ်ဆိုးဧကရာဇ်မှ လောက ထိပ်ဆုံးအဆင့်တွင် ရပ်တည် နေသော နတ်ဆိုး အရှင်သခင် အထိ မြင့်တက်လာခဲ့သည်။ ထို‘အမြင့်ဆုံး’ အဆင့်ကို တစ်ဆင့်ပြီး တစ်ဆင့် ကျော်လွန်သော အခါတွင် ထိုအရာက နောက်ထပ် ပိုမိုကျယ်ပြန့်သော လောက တစ်ခု၏ အစမျှသာ ဖြစ်ကြောင်းကို သူ သိရှိခဲ့ရသည်။

ပိုကျယ်ပြောသောလောကကြီးထဲတွင် သူသည် ပို၍ ပို၍ အစွမ်းထက်သော ပြိုင်ဘက်များနှင့် ထိတွေ့ခဲ့ပြီး ယခင်က မသိခဲ့ရသော လျှို့ဝှက်ချက် များစွာ ကိုလည်း ထိတွေ့ခဲ့သည်။ ငွေသေတ္တာ၊ နတ်ဘုရားများ၊ ဒြပ်စင်များ၏ လျှို့ဝှက် ဆန်းကြယ်မှု၊ အသူရာချောက်နက်...

ချန်လွေ့သည် အမှောင်လတွင် ရုန်းကန် နေရသော အကူအညီမဲ့ လူသား တစ်ဦး ဖြစ်နေချိန်က ‘နတ်ဆိုး’များနှင့် အသက်ရှင်နေထိုင်ရန်သာ ဆန္ဒ ရှိခဲ့ပြီး အသူရာ ချောက်နက် အန္တရာယ်နှင့် ပတ်သက်၍ လုံးဝမသိခဲ့ပေ။ သို့သော် ယခုအခါတွင် သူသည် ပိုမိုမြင့်မားသော အဆင့်ရှိ စွမ်းအားနှင့် သိမြင်မှု ရှိလာခဲ့သည်။ လောကတစ်ခုလုံးအတွက် အသူရာချောက်နက်၏ ကြောက်မက်ဖွယ် အန္တရာယ်အကြောင်းကို သိရှိပြီးနောက်... သူက ထိုအဖြစ်အပျက်ကို ထိုင်ကြည့် မနေနိုင်တော့ပေ။

ငါက ကယ်တင်ရှင် တစ်ယောက် ဖြစ်ချင်တာ မဟုတ်ဘူး။ တန်ဖိုးထားရတဲ့ လူတွေနဲ့ပဲ အသက်ရှင်နေချင်တာ။

မီးဒြပ်စင်ဘုရင် အော့ဂ်မာတွန်သည် လွန်ခဲ့သော နှစ်ပေါင်း များစွာက ကျောက်နီ တောင်နယ်မြေကို ဖြတ်သန်း သွားစဉ် မြေအောက် မီးတောင်၌ အထူး မီးဒြပ်စင်တစ်ခု ရှိနေကြောင်းးကို ခံစား ခဲ့ရသည်။ ထို့နောက် သူက မြေအောက် မီးတောင် အုပ်စုတွင် ထူးဆန်းသော မီးဒြပ်စင် အချို့ကို တွေ့ရှိခဲ့သည်။ ထိုဒြပ်စင်များမှာ ဒြပ်စင်ကောင်များ မဟုတ်သလို သီးခြား အသိစိတ်လည်း မရှိကြပေ။ သူက ပို၍ နက်ရှိုင်းစွာ သွားသောအခါတွင် မြေဒြပ်စင် ဇစ်မြစ် ဥပဒေစွမ်းအား၏ အငွေ့အသက်ကို အံ့သြစွာဖြင့် ခံစားမိခဲ့သည်။ ထို့ကြောင့် မြေဇစ်မြစ် အပိုင်းအစက မြေအောက် တစ်နေရာရာတွင် ရှိနေလောက်သည်ဟု ကောက်ချက် ချခဲ့ပြီး ထိုနေရောက ရွှေလင်းလက် မြေအောက် နန်းတော်သို့ ဦးတည်သောလမ်းလည်း ဖြစ်သည်။

မြေဒြပ်စင်ဇစ်မြစ်၏ အငွေ့အသက် အပြင် မီးဒြပ်စင်ဘုရင်သည် အလွန် အန္တရာယ်ရှိပြီး ကြောက်မက်ဖွယ် ကောင်းသော ရန်လိုသည့် အငွေ့ အသက်ကိုလည်း အနီးနားတွင် သတိပြု မိခဲ့သည်။ ၎င်းသည် သူ၏ တွန်းလှန် နိုင်စွမ်းကို ကျော်လွန် နေသောကြောင့် အော့ဂ်မာတွန်က ဆက်လက်ရှာဖွေရန် ရည်ရွယ်ချက်ကို စွန့်လွှတ်ခဲ့ရသည်။

ရွှေလင်းလက် မြေအောက်နန်းတော်က ချန်လွေ့၏ ခရီးစဉ်တွင် မူလက ပါဝင်ခဲ့ သော်လည်း ယခုအခါ မြေဇစ်မြစ် အပိုင်းအစ ရှိရာအရပ်ကို သိရှိခဲ့ရသည်။ ထိုအချိန်၌ ‘အာသာ’သည် ဖြစ်ရပ် တစ်ခုကြောင့် လျှို့ဝှက်စွာ ပျောက်ဆုံး သွားခဲ့သည်။ ထို့ကြောင့် ရွှေလင်းလက် မြေအောက် နန်းတော်သို့ သွားရမည့် ခရီးက ဖြစ်ကို ဖြစ်လာရမည့် အရာ ဖြစ်လာခဲ့လေသည်။

ဇိုလာသာမက ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့ပါ လိုက်ပါသွားခဲ့ကြသည်။ အဆိပ်နဂါးက ဇိုလာ၏ လှုံ့ဆော်မှုကြောင့် နတ်ဘုရား တစ်ပိုင်း အဆင့်သို့ ‘အဆင့်မြှင့်’ရန် လိုက်ပါလာခဲ့၏။ ဒိုဒိုတွင် ရည်မှန်းချက် မရှိသော်လည်း အစားကြူး အမြင်တွင် အကြောက်ဆုံးသောအရာမှာ အသူရာ ချောက်နက် မဟုတ်ဘဲ သူ၏သခင်နှင့် အတူ အစားအသောက်ကို မစားနိုင်ခြင်း ဖြစ်လေသည်။

ထို့ကြောင့် နဂါးနှစ်ကောင်၊ လူတစ်ယောက်နှင့် ချွဲကျိကောင် တစ်ကောင်တို့က တလျှောက်လုံး ပျံသန်းကာ ကျောက်နီတောင်နယ်မြေသို့ ဝင်ရောက်ခဲ့ကြသည်။

ငလျင်လှုပ်ပြီး တစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း ကျန်ရစ်သော ပျက်စီးမှု အစအနများမှာ ထင်ရှားနေသေးသည်။ ဝေးလံခေါင်သီသော နေရာများတွင် များသောအားဖြင့် မှော်မြေပုံ မရှိကြပေ။ ‘ဓာတ်သတ္တုကုန်သွယ်ရေးလမ်းကြောင်း’ ကြောင့် အသေးစိတ် မြေပုံရရှိရန် မခက်ခဲခဲ့ပေ။ ရက် အနည်းငယ် အကြာတွင် ချန်လွေ့နှင့် အခြားသူများက ပင်မတောင်တန်း ဒေသသို့ ရောက်ရှိ လာပြီး မြေပုံပေါ်တွင် မှတ်သားထားသော ရွှေလင်းလက် မြေအောက် နန်းတော်ကို တွေ့ရှိခဲ့ကြသည်။

ရွှေလင်းလက် မြေအောက်နန်းတော်က တောင်နံရံပေါ်ရှိ ကြီးမားသော နန်းတော် တစ်ခု ဖြစ်သည်။ ချန်လွေ့သည် တောင်နေလူပု၏ သတ္တုထုလုပ်ခြင်း စွမ်းရည်ဖြင့် ပြုလုပ်ထားသော သံမဏိ မီးပွင့် သစ်ပင်အိမ်နှင့် လိုဏ်ဂူနေ လူပုများ တူးထားသော မြေအောက် မိုင်းတွင်းများကို မြင်ဖူးသည်။ သူတို့ နှစ်ခုစလုံးမှာ ခမ်းနား ထည်ဝါလှ၏။ ထို‘နန်းတော်’မှာ ရွှေလင်းလက် မြေအောက်နန်းတော်သို့ ဝင်ပေါက်သာ ဖြစ်ကြောင်း သိရှိပြီးနောက် သူက နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် လွန်ကဲသော မြေအောက်လောကကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

သူတို့ ယခင်က ဖြတ်သွားခဲ့သော တောင်များနှင့်မတူဘဲ ပင်မတောင်တန်း၌ တိရစ္ဆာန်များမရှိသလို အပင်များလည်း ရှားပါးသည်။ အများစုမှာ ပြောင်းလဲ သွားသော မျိုးစိတ်များ ဖြစ်ကြပြီး သေစေနိုင်သော ထူးဆန်းမှု ပြသနေ၏။

လူတိုင်း တောင်နံရံ၏ ဝင်ပေါက်ထဲသို့ ဝင်ရောက်ပြီးနောက် နန်းတော်၏ ‘အကာ’ မှလွဲ၍ မြေအောက်သို့ ဦးတည်သော လမ်းကြောင်းများအားလုံး ပြိုကျနေသော ကျောက်တုံးများဖြင့် ပိတ်ဆို့နေသည်ကို တွေ့ရှိခဲ့ကြသည်။

အမှန်တကယ်၌ နန်းတော်ထဲတွင် ပျက်စီးမှုတွေနဲ့ ဖောက်ထွင်း ဝင်ရောက် မှုများ၏ ခြေရာလက်ရာ အများအပြား ရှိနေပြီး ၎င်းတို့က အတော်လေးကို အသစ် ဖြစ်နေသည်။ သေချာသည်မှာ ချန်လွေ့နှင့် အခြားသူများ မရောက်ခင် ရွှေလင်းလက် မြေအောက် နန်းတော်သို့ အုပ်စု တစ်ခုထက် မနည်း ရောက်လာခဲ့ ပြီးပြီဖြစ်သည်။ သူတို့က လူပုများ၏ တန်ဖိုးရှိသော ပစ္စည်းအချို့ကို ရယူချင် ခဲ့သော်လည်း ကံမကောင်းစွာပင် ပြိုကျ နေသော ဝင်ပေါက်ကို မဖွင့်နိုင်ခဲ့ရာ နောက်ဆုံး လက်လျှော့ခဲ့ရ၏။

“ငါလုပ်လိုက်မယ်။” ပါ့ဂ်လီအိုက မြေပေါ်ကို ခြေထောက်ဖြင့် နင်းလိုက်ရာ အစိမ်းရောင် စီးကြောင်းတစ်ခုက ရှေ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အဆိပ် နဂါး၏အဆိပ်မှာ အမှန်တကယ်ပင် အစွမ်းထက်လှ၏။ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ထိုကြီးမားသော ကျောက်တုံးများက အလင်းရောင် အငွေ့များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။ အလွန်ပင် မာကြောသော ဓာတ်သတ္တု အချို့ပင် ဖုန်မှုန့်များအဖြစ်သို့ ပြိုကွဲသွား၏။

ပိတ်ဆို့ထားသော လမ်းကြောင်းက မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် နောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်း သွားခဲ့သည်။ သို့သော် အဆင့်တစ်ခုသို့ ရောက်ပြီးနောက် ခွက်နေသော အရှိန်နှင့် ‘အရည်အသွေး’မှာ သိသိသာသာ ကျဆင်း လာခဲ့သည်။ ယခင်အတိုင်း ပိတ်ဆို့ထားသော ဝင်ပေါက်ကို မစားနိုင် တော့ပေ။ အနည်းငယ် ပျော့ပျောင်းသော ဓာတ်သတ္တုများ စားပြီးနောက် ဘေးရှိ ကျောက်တုံးများနှင့် ကျောက်စရစ်ခဲများ ပြိုကျကာ လမ်းကြောင်းကို ထပ်မံ၍ ပိတ်ဆို့ ထားလိုက်ပြန်သည်။

“မဟုတ်ဘူး။ ဒီဓာတ်သတ္တုတွေကို ငါ့အဆိပ် မဖျက်ဆီးနိုင်တာ မဟုတ်ဘူး။” ပါ့ဂ်လီအိုက ခေါင်းကုတ်လိုက်သည်။ “ဒီနန်းတော်က အပေါ်ယံကြည့်ရင် ဘာမှ မရှိသလိုပဲ။ ဒါပေမယ့် ပိုပြီး နက်နက် သွားလေလေ အဆိပ်ကို ကြီးကြီးမားမား အားနည်းစေတဲ့ အထူး စွမ်းအားက ပိုများလာတယ်။ ဒီနေရာက တစ်ခုခု လွဲနေတယ်။”

ဇိုလာ ခေါင်းညိတ် လိုက်၏။ “ကျွန်မတို့ ပင်မတောင်တန်း ဒေသကို ဝင်တုန်းက ဒြပ်စင်တွေရဲ့ မူမမှန်တဲ့ အတက်အကျကို ခံစားခဲ့ရတယ်။ အနီးအနားမှာ ထူးဆန်းတဲ့ စွမ်းအားတွေ ပြည့်နေပြီး အာရုံခံစားမှုနဲ့ တိုင်းပြည်စွမ်းအားကိုပါ သိသာတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။ ဒီလမ်းကြောင်းတွေရဲ့ ပိတ်ဆို့ထားတဲ့ အကွာအဝေးက သိသိသာသာကို ရှည်လျားနေတယ်။ ကျွန်မတို့ တိုက်ရိုက် ဝင်ရောက်ဖို့ ကြိုးစားရင် အောင်မြင်ဖို့ ခက်ခဲတယ်။ တခြားနည်းလမ်းကို ရှာဖို့ပဲ ရှိတော့တယ်။”

ပါ့ဂ်လီအို မျက်မှောင်ကြုတ်လိုက်၏။ “ငါ အခုတော့ သိချင်နေပြီ။ ဒီလောက် ပြိုကျတာဆိုရင် တောင်နေလူပုတွေ အများကြီး ဘယ်လို ထွက်ပြေးတာလဲ။”

“တောင်နေလူပုတွေက မြေအောက်မှာ အချိန် အကြာကြီး နေထိုင်ခဲ့တယ်။ သူတို့က ကမ္ဘာ့မြေလွှာရဲ့ အပြောင်းအလဲ အချို့ကို အလိုလို ခံစားနိုင်ကြတယ်။ ဘေးအန္တရာယ် မဖြစ်ခင်မှာ မျိုးနွယ်စု အများစုကို ရွှေ့ပြောင်းပေးထားပြီးသား ဖြစ်နိုင်တယ်။” ချန်လွေ့က ပြောသည်။ “ဒါပေမယ့် ဒါက ခန့်မှန်းချက်တစ်ခုပဲ ရှိသေးတယ်။ အသူရာချောက်နက် အဲဒီ လူပုတွေကို တမင်တကာ လွှတ်လိုက်တာ ပိုဖြစ်နိုင်တယ်။ ရည်ရွယ်ချက်ကတော့ တောင်နေလူပုနဲ့ သစ်တောနေလူပု တွေကို ဖျက်ဆီးဖို့၊ ပြီးတော့ အသူရာ ချောက်နက်ရဲ့စွမ်းအားကို အနီးအနားက အင်ပါယာတွေဆီ တစ်ဆင့်ပြီး တစ်ဆင့် ပျံ့နှံ့စေဖို့ပဲ။ ဇိုလာရဲ့ အာရုံခံစားမှုအရ အသူရာချောက်နက် စွမ်းအားက ဒီကို ပျံ့နှံ့နေပြီ။ စွမ်းအားက ငွေလ ကောင်းကင် မြို့တော်လောက် မပြင်းထန် ပေမယ့် နတ်သူငယ် မျိုးနွယ်လို အကာ အကွယ်မျိုးလည်း မရှိဘူး။ အဲဒါကြောင့် လူတိုင်း သတိထားရမယ်။”

လူတိုင်း နန်းတော်ထဲမှ ထွက်လာပြီး တောင်စောင်းကို တိုက်ရိုက်ဖောက်ဝင်ရန် ကြိုးစားခဲ့ကြသည်။ မီတာအနည်းငယ်ကို ဖောက်ထွင်းရန် လွယ်ကူ သော်လည်း ၁၀မီတာထက် ပို၍ ထိုးဖောက်ရန် ခက်ခဲ၏။ ထိုအရာက တစ်စုံတစ်ရာသော အကာအကွယ် စွမ်းအားကြောင့် ဆိုသည်မှာ ထင်ရှားသည်။ ထိုကဲ့သို့ အခြေအနေ ဖြစ်လေလေ ထိုနေရာက မရိုးရှင်းကြောင်း ပြသနေလေလေပင်။

ချန်လွေ့ စဉ်းစားပြီး ပြောလိုက်သည်။ “ကျုပ်တို့ ဒီရောက်လာတာ မြေဇစ်မြစ် အပိုင်းအစ အတွက် အဓိကပဲ။ ရွှေလင်းလက် မြေအောက် နန်းတော် နောက်ကွယ်က အသူရာ ချောက်နက်နဲ့ ပတ်သက်ပြီး... အဓိက ရည်ရွယ်ချက်က သတင်းအချက်အလက်ရယူဖို့ပဲ။ သူတို့ သတိမထားမိအောင် လုပ်ကြ။”

“မင်းက အရမ်း သတိကြီးနေသလိုပဲ။” ပါ့ဂ်လီအိုက ဂရုမထားဘဲ ပြောလိုက်၏။ သူက အသူရာချောက်နက်နှင့် စစ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ခဲ့ရပေ။ အစွမ်းထက်သော ပုဂ္ဂိုလ်များ ဝန်းရံ နေကာ ချန်လွေ့ နှင့် ဇိုလာတို့၏ နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေး စွမ်းရည်များလည်း ရှိနေသည်ဟု သူ ခံစားမိသည်။ သူတို့ နတ်ဘုရားယောင် အဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် ထိုကဲ့သို့ သတိထားရန် မလိုအပ်သော တည်ရှိမှု ဖြစ်လေသည်။

“အသူရာချောက်နက်က အရမ်းကို ကြောက်စရာကောင်းတယ်။” ဇိုလာ၏ စကားကြောင့် အဆိပ်နဂါး ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့၏။ ‘အရူးမ’ ကိုတောင် ‘ကြောက်စရာကောင်းတယ်’လို့ ခံစားရ စေတယ်ဆိုတော့ တကယ် ကြောက်စရာ ကောင်းတာ သေချာတယ်။

ချန်လွေ့၏ ပုခုံးပေါ်ရှိ ဒိုဒိုကမူ အသက်ကို တွယ်တာပြီး သေခြင်းကို ကြောက်ရွံ့ခြင်းက သူ၏ ဂုဏ်သတ္တိ ဖြစ်သောကြောင့် ပေါ့ဆမည် မဟုတ်ပေ။

မီးဒြပ်စင်ဘုရင် အော့ဂ်မာတွန်၏ အတွေ့အကြုံအရ ထိုအချိန်က အထူး အပြောင်းအလဲများ မရှိခဲ့လျှင် မြေဇစ်မြစ် အပိုင်းအစသည် ကျောက်နီ တောင်ခြ၌ ရှိနေသင့်ပြီး ဒြပ်စင်ဘုရင်ကို ကြောက်ရွံ့ စေသော ရန်လိုမှုက အသူရာချောက်နက် စွမ်းအား ဖြစ်နိုင်ဖွယ် ရှိသည်။ အသူရာ ချောက်နက်သည် သဘာဝ သစ်ပင် သို့မဟုတ် အိပ်မက်ဆိုး မီးတောင်၏ ယဇ်ပလ္လင်ကဲ့သို့ ထိုအရာကို လွန်ခဲ့သော အချိန်ကတည်းက စီစဉ်ခဲ့ပုံရသည်။

၎င်းကို ဆက်လက် ကြီးထွားခွင့် ပေးပါက ပေါက်ကွဲထွက် လာသည်နှင့် လောကအဆုံးသတ် ရောက်လာမည် ဖြစ်သည်။

ဇိုလာက အခြား တစ်ဖက်ကို ကြည့်လိုက်သည်။ “ရွှေလင်းလက် မြေအောက် နန်းတော်ထဲ တိုက်ရိုက်ဝင်ဖို့ ဖြစ်နိုင်ခြေက အခုဆိုရင် သုညနီးပါးပဲ။ အဲဒါကြောင့် မီးဒြပ်စင်ဘုရင် အဲဒီတုန်းက ရှာဖွေခဲ့တဲ့ လမ်းကြောင်းကို စဉ်းစားလို့ ရတယ်။ ဒီမှာ မီးဒြပ်စင် သိပ်သည်းဆက အတော်လေး မြင့်တယ်။ မြေအောက် မီးတောင်ရဲ့ ဝင်ပေါက်ကို ရှာတွေ့ နိုင်မယ်လို့ ကျွန်မထင်တယ်။”

မြေအောက် နန်းတော်ကို ရှာဖွေခြင်း လုပ်ငန်းစဉ်တွင် အနှောင့်အယှက်များ အလွန်များသောကြောင့် မချောမွေ့ခဲ့ပေ။ ဇိုလာသည် ရွှေလင်းလက်မြေအောက် နန်းတော်နှင့် ဝေးကွာသော တောင်၌ ဂူတစ်ခုကို ရှာဖွေရန် ၇နာရီ ကြာခဲ့သည်။

ထိုနေရာရှိ သစ်ပင်များမှာ စိမ်းလန်း စိုပြည်ကာ အသက်ဝင်ပြီး ရွှေလင်းလက် မြေအောက်နန်းတော်အနီးရှိ မြေဆီလွှာ မကောင်းသော မြေနှင့် လုံးဝကွဲပြား ခြားနားနေသည်။ ဂူက မြေအောက် မီးတောင်၏ ဝင်ပေါက်နှင့် မတူပေ။

ချန်လွေ့သည် ဇိုလာ၏ ဆုံးဖြတ်မှုကို သံသယ မဝင်ခဲ့ပေ။ သူက မီးထွန်းရန် မှော်ပစ္စည်းကို ထုတ်ယူပြီး ရှေ့ဆုံးမှ ဝင်သွားခဲ့ကာ ဇိုလာက နောက်မှ လိုက်လာခဲ့သည်။ ပါ့ဂ်လီအိုသည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး အသံ တိုးတိုးဖြင့် စကား အနည်းငယ် ရေရွတ်ကာ အဖွဲ့နောက် လျှောက်သွား ခဲ့သည်။

အဆိပ်နဂါးက ပင်ပန်းနေသောကြောင့် နောက်ဆုံးမှ တမင် လျှောက်သွားခြင်း မဟုတ်ဘဲ မှော်အသုံးပြုသူကို အနီးကပ် တိုက်ခိုက်သူ နှစ်ယောက်အကြားတွင် ထားထားခြင်း ပုံစံက ရှာဖွေမှု ပြုလုပ်ရန် သင့်တော်သော အရိုးရှင်းဆုံးပုံစံ ဖြစ်၍ပင်။

ဂူအောက်တွင် ဝင်္ကပါ အသေးလေး ကဲ့သို့ လမ်းကြောင်းများစွာ ရှိသည်။ ဇိုလာ၏ အာရုံခံစားမှုကြောင့် သူသည် အခက်အခဲများစွာ မကြုံတွေ့ ခဲ့ရဘဲ လမ်းကြောင်းကို တိုက်ရိုက် ရွေးချယ်ပြီး ဆက်လက် ရှေ့သို့ တိုးသွားခဲ့သည်။

နှစ်နာရီခန့် အကြာတွင် စိုစွတ်သော လေများ ခြောက်သွေ့လာကာ အပူချိန် တဖြည်းဖြည်း မြင့်တက် လာခဲ့သည်။ လမ်းကွေ့ အချို့ကို ကွေ့ပြီးနောက် အလင်းရောင် ရုတ်တရက် လင်းလက် လာပြီး နေရာလွတ်တွင် ပြင်းထန်သော အနီရောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

ချန်လွေ့၏ မျက်လုံးလည်း လင်းလက် လာခဲ့သည်။ ဇိုလာကြောင့် မြေအောက် မီးတောင်ကို နောက်ဆုံး ရှာတွေ့ခဲ့လေပြီ။

မြစ်ကဲ့သို့သော ပြင်းထန်သော ချော်ရည်များ စီးဆင်းနေပြီး မြေပြင်ပေါ်ရှိ အနက်ရောင်-အညိုရောင် ကျောက်တုံး များမှာ အလွန် မာကျောသော်လည်း ရပ်၍ မရသော နေရာများစွာ ရှိနေရာ ခုန်ပျံ၍သာ သွားနိုင်လေသည်။

သူတို့ ရှေ့သို့ ဆက်သွားလေလေ ပြင်းထန်သော အပူရှိန်ကို ပိုမို၍ ခံစားရလာလေ ဖြစ်လာပြီး အပူချိန်က အံ့အားသင့်ဖွယ်ရာ မြင့်တက်လာခဲ့သည်။ ပါ့ဂ်လီအိုပင် ခက်ခဲသည်ဟု ခံစားခဲ့ရပြီး ဒိုဒိုမှာ ပို၍ပင် မခံနိုင်တော့ပေ။ သူ၏ ပါးစပ်ထဲမှ လျှာကြီးကို ထုတ်ကာ ပူကြောင်း ဆက်တိုက်အော်နေခဲ့သည်။

ချန်လွေ့ကို မည်သည့် အရာမှ သက်ရောက်မှု မရှိခဲ့ပေ။ သော်သော်မှ ပေးထားသော [မီးဇာမဏီအမာရွတ်]က မီးထိခိုက်မှုကို လျှော့ချနိုင်ပြီး လုံးဝ ပြီးနိုင်သည့် ၉၀% အခွင့်အရေး ရှိရာ ပြဿနာမရှိပေ။

ဇိုလာ၏ လက်ချောင်းက ပေါ့ပေါ့ပါးပါး ပွတ်ဆွဲလိုက်ရာ လူတိုင်း၏ ခန္ဓာကိုယ် ပေါ်ရှိ အနီရောင်အလင်းများ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ ပြင်းထန်သော အပူရှိန်လည်း များစွာ လျော့ကျ သွားခဲ့သည်။ ထိုအရာက မီးနှင့် ဆက်နွှယ်မှုကို တိုးမြင့်စေပြီး မီးဒဏ်ကို လျှော့ချပေးနိုင်သည့် ‘မီးထိန်းချုပ်မှု’ ဖြစ်လေသည်။

ဒိုဒိုသည် အလွန် ပျော်ရွှင်သွားပြီး ‘သခင်မက တကယ် ခန့်ညားတယ်’ ဟု မြှောက်ပင့် ပြောဆိုခဲ့သည်။ ထိုအချိန် လေထဲ ပျံဝဲနေသော ချန်လွေ့တို့အဖွဲ့က ကြက်သေသေသွားပြီး ချွဲကျိကောင် သေလောက်အောင် ကြောက်သွား၏။ ရှေ့တွင်ရှိသော ဆူပွက်နေသည့် ‌ချော်ရည် ထဲမှ ဧရာမ လက်တစ်ဖက် ရုတ်တရက် ထွက်လာခြင်းကြောင့်ပင်။

All Chapters