← Chapters

ဉာဏ်အလင်းရခြင်း

Vol. 61 Ch. 995

ဉာဏ်အလင်းရခြင်း

Vol. 61 Ch. 995

ဝုန်း! ဝုန်း! ဝုန်း......

ကြက်သွေးရောင် အလင်း စက်လုံး ၇လုံးက တစ်တန်းတည်း ဖြစ်သွားပြီး အလွန်ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ကြောက်စရာ ပုံရိပ် သုံးခုက ကြီးမားသော လေလှိုင်းထဲမှ ပျံထွက်သွားကာ အဝေးမှ မြေပေါ်သို့ ကျသွားခဲ့သည်။

တစ်ယောက်က အနီးနားရှိ အရိုး မျှော်စင်၏ထိပ်ကို ထိမိခဲ့ သော်လည်း အရိုးမျှော်စင် အနည်းငယ်မျှသာ လှုပ်ရှား သွားခဲ့ပြီး အပိုင်းအစ အချို့သာ ပြုတ်ကျကာ အမှန်တကယ် ပျက်စီးမှု မရှိခဲ့ပေ။ ထိုအရိုးမျှော်စင်များက အလွန် ခိုင်ခံ့ပြီး သာမန် တိုက်ခိုက်မှု နည်းလမ်းများဖြင့် ဖျက်ဆီးရန် ခက်ခဲပုံ ရသည်။

[ဓူဝံကြယ်နီအသွင်ပြောင်းခြင်း] အခြေ အနေတွင် ထို [ကြယ်၇ပွင့် ပေါက်ကွဲမှု] ၏ စွမ်းအားက အလွန်ပင် ကြီးမားလွန်း လှသည်။ မကောင်းဆိုးဝါး သုံးကောင်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများစွာ ရှိနေသည်။ ဒဏ်ရာများမှာ အရိုးအထိ အနည်းငယ်နက်သော်လည်း သေစေနိုင် လောက်အောင် မပြင်းထန်ပေ။ ထို့အပြင် အငွေ့အသက်များက အနည်းငယ်ပင် အားမနည်း သွားခဲ့ပေ။ ပို၍ ကြောက်မက်ဖွယ် ကောင်းသော အရာမှာ ထိုဒဏ်ရာများက သူ့အလိုလို လျင်မြန်စွာ ပြန်ကောင်းလာခဲ့ခြင်းပင်။

ထိုအသူရာချောက်နက် ဝိညာဉ်မျိုးကွဲ များ၏ အလိုလို ပြန်ကောင်းသော အရှိန်သည် ချန်လွေ့၏ စွမ်းရည်ထက်ပင် ပို၍မြန်ဆန်ပြီး ထူးဆန်းသော သွေး စတေးမှု၏ အထောက်အပံ့ ရလဒ် ဖြစ်သည်မှာ ထင်ရှားသည်။ ၎င်းသည် ရေငတ်ပြေရန် အဆိပ်သောက်ခြင်းနှင့် ညီမျှသည့် စွမ်းရည်ကို အလွန်အကျွံ သုံးစွဲခြင်းလည်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ထိုဝိညာဉ်မျိုးကွဲများတွင် အချိန် ၃နာရီသာ ရှိသည်။ အချိန် ကုန်သွားသည်နှင့် မတိုက်ခိုက်လျှင်ပင် ၎င်းတို့က ပျောက်ကွယ် သွားမည်မှာ သေချာ၏။

သို့သော်လည်း သူက ၃နာရီကြာ ထိန်းထားနိုင်မှသာ ဖြစ်လေသည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ နတ်ဘုရားတစ်ပိုင်း စွမ်းအားရှိတဲ့ ဒီဝိညာဉ် မျိုးကွဲ သုံးကောင်က အသိစိတ်နဲ့ တိုက်ခိုက်တဲ့ သာမန် အသူရာ ချောက်နက် သတ္တဝါတွေနဲ့ အတူတူပဲ။ သူတို့မှာ တိုင်းပြည်စွမ်းအား နဲ့ ပိုမြင့်တဲ့ အသိဉာဏ် မရှိဘူး။ ဒါပေမယ့် အဓိကယဇ်ပလ္လင်ရဲ့ ဖိနှိပ်တဲ့ စွမ်းအားက ထင်ထားတာ ထက်ကို ပိုကြီးနေတယ်။ အထူးသဖြင့် [ဓူဝံကြယ် တိုင်းပြည်] စွမ်းအားကို အရှိန်အဝါလို စွမ်းအားက ကန့်သတ် ထားတာပဲ။ သာမန် အခြေအနေမှာ [ကြယ်၇ပွင့် ပေါက်ကွဲမှု ] စွမ်းအားက ဒီထက် အများကြီး ပိုများတယ်။

[ကြယ်၇ပွင့် ပေါက်ကွဲမှု] ရဲ့ ပျက်စီးမှု အရဆိုရင် [ဓူဝံကြယ်မုန်တိုင်း] ပဲဖြစ်ဖြစ်၊ [မီးသင့်နဂါးဟိန်းသံ] ပဲဖြစ်ဖြစ် ဒီအသူရာ ချောက်နက် ဝိညာဉ်မျိုးကွဲတွေကို လုံးဝ သတ်ဖို့ ခက်ခဲတယ်။ ငါ့အ‌ဖော်တွေ အလွယ်တကူ တိုက်ခိုက်ခံရနိုင်တယ်။ [အစစ်အမှန် အနီရောင် ကွယ်ပျောက်] လိုမျိုး တိုက်ခိုက်မှုမျိုးက အလုပ်ဖြစ် နိုင်ပေမယ့် အဲဒါက တစ်ကောင်တည်း ကိုပဲ တိုက်ခိုက်လို့ ရတာ။ ရန်သူ သုံးကောင်ကို တချိန်တည်း ရှင်းပစ် နိုင်မှာ မဟုတ်ဘူး။

[ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း] ရဲ့ အချိန်ကလည်း ဒီမှာတိုက်ခိုက်ရတော့ သေချာပေါက် ပိုပြီး တိုတောင်းသွားမှာပဲ။ အဲဒါကြောင့် အကြီးမားဆုံး ထိခိုက်မှု လုပ်နိုင်ဖို့ အခွင့်အရေးကို အရယူရမယ်။

ချန်လွေ့က ဝိညာဉ်မျိုးကွဲ သုံးကောင် နှင့် အပြင်းအထန် တိုက်ခိုက်နေချိန်တွင် ဇိုလာ၏ ဘက်တွင်လည်း အခြေအနေ မကောင်းပေ။ သောမက်စ်က ဇိုလာ၏ အဓိကယဇ်ပလ္လင် အကာအကွယ်ကို ဖျက်ဆီး လိုသည့် ရည်ရွယ်ချက်ကို သဘောပေါက်ခဲ့ပြီး သူ့ကို အောင်မြင် စေမည်မဟုတ်ပေ။ မန္တန် ရွတ်နေစဉ်တွင် ယဇ်ပလ္လင်က သွေးရောင်အလင်းများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ‘လက်’ အစုံများအဖြစ်သို့ ပြောင်းလဲကာ ဇိုလာဆီသို့ ပြေးသွားခဲ့သည်။

ပတ်ပတ်လည်မှ သွေးရောင်လက်များ မရေမတွက် နိုင်အောင် လာနေသည့် မြင်ကွင်းက ဒိုဒို၏ သွားများကို တဆက်ဆက် တုန်သွားစေ၏။ ဇိုလာက သွေးရောင်လက်များမှ ကြီးမားသော ဖိအားကို သတိပြုမိသောအခါ လေးလေး နက်နက် အမူအရာကို ပြသခဲ့သည်။ လျို့ဝှက်အရိပ်က သူ၏ လက်ထဲတွင် ပေါ်လာခဲ့ပြီး ရေးရေးလေး တောက်ပ လာခဲ့သည်။ ဆုပ်ကိုင်၍ မရသော စွမ်းအားတစ်ခု လှိမ့်ထွက်လာခဲ့ပြီး ထိုလက်များကို တားဆီးလိုက်၏။

သွေးရောင်လက်များ ပေါက်ကွဲသွားပြီး သွေးရောင်မီးများအဖြစ် ပြောင်းလဲကာ ပြန့်ကျဲ သွားပြီး ဇိုလာကို မီးကွင်း တစ်ခုဖြင့် ဖုံးအုပ်သွား၏။ ဇိုလာက ဒြပ်စင်စွမ်းအားက အလားတူ အထူး ဥပဒေသဖြင့် အဆက်မပြတ်ပြိုကွဲပျက်စီး နေသည်ကို ခံစားမိခဲ့သည်။ ၎င်းက သူ၏ စွမ်းအားကဲ့သို့ အစွမ်းထက်သော်လည်း အမှန်တကယ်၌ မီးကွင်းက အတွင်းသို့ တဖြည်းဖြည်း ကျဉ်းလာခဲ့သည်။

နတ်မိမယ်နဂါး မျက်မှောင် ကြုတ် လိုက်၏။ သူက လုံးဝမရှောင်ခဲ့သလို ထွက်လည်း မသွားခဲ့ပေ။ အကြောင်းမှာ သူသည် ယဇ်ပလ္လင် အကာအကွယ်ကို ဖျက်ဆီးရန် သော့ချက် ဖြစ်သည့် မြေဒြပ်စင် ဇစ်မြစ်၏ အဓိက အမှတ် တစ်ခုကို ခုနက တွေ့ရှိခဲ့ပြီ ဖြစ်၍ပင်။ သူသာ ယခုအချိန် လက်လျှော့လိုက်ပါက အခြားတစ်ဖက် ပြင်ဆင်ချိန်ရသွားလျှင် အမှတ်က ဖုံးကွယ်ထားခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ခံရမည် ဖြစ်ပြီး ထပ်မံရှာဖွေရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် ဇိုလာက မလှုပ်ရှားဘဲ နေရာတွင် ဆက်နေခဲ့သည်။ မီးကွင်းကို ခုခံနေစဉ် သူက အကာအကွယ်ကို ဆက်လက် ဖောက်ထွင်းရန် ကြိုးစား နေခဲ့သည်။ အဓိက ယဇ်ပလ္လင်၏ စွမ်းအားကို အရိုးမျှော်စင်များမှတစ်ဆင့် အားဖြည့်ပေးနေသည်မှာ ထင်ရှား၏။ ပါ့ဂ်လီအိုက အရိုး မျှော်စင်များကို ဖျက်ဆီးနိုင်သရွေ့ မီးကွင်း၏ စွမ်းအား အလိုလို အားနည်းသွားမည် ဖြစ်သည်။ ထို့အပြင် သူက မြေဒြပ်စင် ဇစ်မြစ် စွမ်းအား၏ မလွယ်ကူသော နံရံကိုလည်း လျင်မြန်စွာ ထိုးဖောက်နိုင်မည် ဖြစ်သည်။

ပါ့ဂ်လီအိုက အချိန် မရှိတော့ကြောင်း သိနေ၏။ ချန်လွေ့က ကြောက်မက်ဖွယ် ကောင်းသော အသူရာချောက်နက် မကောင်းဆိုးဝါး သုံးကောင်နှင့် ရင်ဆိုင် နေရချိန်တွင် သူက အရိုးမျှော်စင်အုပ်စု ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အရိုးမျှော်စင်များက သွေးမြူခိုးများ ပြည့်နေသည်။ စိတ်ဓာတ်ကျသော ခံစားချက်မှာ အပြင်ဘက်ထက် ပို၍ ပြင်းထန်လာသည်။ အဆိပ်နဂါး၏ လက်သီးက အစိမ်းရောင်အလင်းများဖြင့် တုန်ခါနေပြီး အနီးဆုံး အရိုးမျှော်စင်ကို ထိမှန်ရာ အသံတိုးတိုး ထွက်ပေါ်လာ သော်လည်း မျှော်စင်မှာ မလှုပ်ရှားခဲ့ပေ။

ပါ့ဂ်လီအိုက ခွန်အား ၈၀% ဖြင့် ထိုးလိုက်သော လက်သီးဖြင့် အရိုး မျှော်စင်လေးကို လှုပ်ရှားစေနိုင်မည် မဟုတ်ဟု မမျှော်လင့်ခဲ့ပေ။ ထိုနေရာ၌ အရိုးမျှော်စင် ဒါဇင်ပေါင်းများစွာ ရှိနေ၏။ သူက ၎င်းကို ဖျက်ဆီးရန် မကြိုးစားပါက ချန်လွေ့နှင့် ဇိုလာ တို့၏ ကြိုးစားမှုများ အလဟဿ ဖြစ်သွားမည် ဖြစ်ပြီး အန္တရာယ် ကြီးကြီးမားမားလည်း ရှိလာ နိုင်သည်။

အဆိပ်နဂါး၏ မျက်လုံးများ အလွန် လေးနက်လာခဲ့ပြီး မြွေမျက်လုံးများနှင့် နဂါးခန္ဓာကိုယ် ရေးရေးလေး ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ တိုင်းပြည် စွမ်းအားက လှိုင်းထနေပြီး ၎င်းကို လက်သီးထဲတွင် လျင်မြန်စွာ စုစည်းကာ ကြီးမားသော အဆိပ်နှင့် စွမ်းအားကို ချက်ချင်းစုစည်းလိုက်သည်။

“[အစိမ်းရောင် ဝိရဇိန်]!”

မျက်စိ တစ်မှိတ်အတွင်း အံ့သြဖွယ် ကောင်းသော အစိမ်းရောင် လျှပ်စီး တစ်စင်း အရိုးမျှော်စင်ကို ထိမှန်သွား၏။ အရိုးမျှော်စင်က နောက်ဆုံးတွင် တုန်ခါ သွားပြီး သွေးမြူခိုးများကို လျင်မြန်စွာ လှုပ်ခါသွားခဲ့ပြီး ခဏအကြာ ငြိမ်သက် သွားခဲ့သည်။

မျှော်စင်ပေါ်တွင် အစိမ်းရောင် တောက်ပသော အက်ကွဲကြောင်းများစွာ ရှိနေခဲ့သည်။ ၎င်းက လျင်မြန်စွာ ပျက်စီးသွားပြီး တိုက်စားနေပုံရပြီး နောက်ဆုံးတွင် ငြိမ်းသွား၏။ အဆိပ်က အရိုး မျှော်စင်အပေါ် အကျိုး အာနိသင် ရှိသည်မှာ သေချာသော်လည်း ကံဆိုး စွာပင် ထိုအဆင့်စွမ်းအားက အပေါ်ယံ ပျက်စီးမှုသာ ဖြစ်စေနိုင်သည်။ မျှော်စင် တစ်ခုလုံးကို ဖျက်ဆီးနိုင်ရန် ဝေးကွာ နေသေးသည်။

ပါ့ဂ်လီအို အနည်းငယ် မောဟိုက်သွား ခဲ့သည်။ ခုနက သူ၏ တိုက်ခိုက်မှု အပြည့်အဝ ဖြစ်သော်လည်း ထိုအဆင့် မျှသာ ရောက်ရှိခဲ့သည်။

ထိုအရိုးမျှော်စင်များကို ဖျက်ဆီးရန် သူ၏ တိုင်းပြည်အဆင့် အလတ်ပိုင်း စွမ်းအားက မလုံလောက်ပေ။ ထိုအခါ နည်းလမ်း တစ်ခုသာ ကျန်တော့သည်။

ထိုအရာက နဂါးတောင်ကြားရှိ ‘တစ်စုံတစ်ယောက်’ထံမှ သွေးမျိုးဆက် အဆောင်ပစ္စည်းဖြစ်သော မိုးကြိုး ကောက်ရိတ်တုတ်ပင်။

အဆိပ်နဂါးသည် ‘ခိုင်ရီရယ်လို၏သား’ ဟူသော သရုပ်ကို အမြဲတမ်း ငြင်းဆိုခဲ့ပြီး ထိုလူနှင့် လက်နက်ကိုပါ သူ၏စိတ်ထဲတွင် ငြင်းပယ်ခဲ့သည်။ သို့သော်လည်း သူ မွေးဖွားလာချိန် မိဘများကို မမြင်ခဲ့ရဘဲ ဥခွံသာ မြင်ခဲ့ရသည့်တိုင် ခိုင်ရီရယ်လိုက အမှန်တကယ်ပင် သူ၏ ဖခင်ဖြစ်ကြောင်း စိတ်ထဲတွင် သိလေသည်။

မိုးကြိုး ကောက်ရိုက်တုတ်သည် အတော်လေး အခြေခံကျသော အဆောင် ပစ္စည်း တစ်ခု ဖြစ်သော်လည်း ၎င်းက တိုက်ခိုက်ရေး သီးသန့် အမျိုးအစား ‘လက်နက်’ ဖြစ်သည်။ ၎င်းက အဆိပ်စွမ်းအားကို များစွာ တိုးပွားစေပြီး လျှပ်စီး စွမ်းအားဖြင့် တိုက်ခိုက်မှု တိုးမြှင့်နိုင်ပြီး အတော်လေး အစွမ်းထက်ပေသည်။ သို့သော် အဆိပ် နဂါးက လွန်ခဲ့သော တစ်ကြိမ်က သွေးများကို လောင်ကျွမ်းပြီးမှသာ ၎င်းကို ကိုင်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် ကောက်ရိုက်တုတ် ကို ရရှိပြီးနောက် ပါ့ဂ်လီအိုက ကြိုးစားမှုများ ပြုလုပ်ခဲ့သော်လည်း ကောက်ရိုက်တုတ် အမွေဆက်ခံစွမ်းအားကို အပြည့်အဝ ပေါင်းစပ်နိုင်ခြင်း မရှိပေ။ သူက စွမ်းအား အချို့ကို မနည်း အသက်သွင်းနိုင်ခဲ့ သော်လည်း သွေးများစွာ ဆုံးရှုံးခဲ့ပြီး ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသည်။

နဂါးဧကရာဇ် ပါဂရစ်ဇ်က နတ်ဘုရား တစ်ပိုင်း အဆင့်သို့ ရောက်ရှိမှသာ သို့မဟုတ် သွေးမျိုးဆက် စွမ်းအားကို အပြည့်အဝ ပေါင်းစပ်မှသာ မိုးကြိုး ကောက်ရိုက်တုတ် စွမ်းအားကို အမှန် တကယ် သုံးစွဲနိုင်မည်ဟု တစ်ချိန်က ပြောခဲ့ဖူးသော်လည်း ယခု ပါ့ဂ်လီအို၌ အခြား ရွေးချယ်စရာ မရှိတော့ပေ။ မိုးကြိုး ကောက်ရိုက်တုတ်ကို အသုံးပြု ခြင်းသည် အရိုးမျှော်စင်များကို ဖျက်ဆီး နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေသည်။

အဝေးမှ သားရဲများ၏ အော်သံနှင့် သူ၏အဖော်များ၏ အော်သံများက သူ့နားထဲတွင် ပဲ့တင်ထပ် နေခဲ့သည်။ အဆိပ်နဂါးက မတွန့်ဆုတ်တော့ပေ။ သူ၏ လက်ထဲတွင် အနက်ရောင် ကောက်ရိုက်တုတ် တစ်ခု ရှိနေသည်။ ဖောင်း! သူ မတိုက်ခိုက် ရသေးခင်မှာတွင် အစိမ်းရောင်သွေးများ ပေါက်ကွဲထွက် လာခဲ့ပြီး ၎င်းက ကောက်ရိုက်တုတ် ကို အသက်သွင်းရန် ပေးဆပ်ရမည့် တန်ဖိုး ဖြစ်သည်။

ပါ့ဂ်လီအိုသည် သွေးများကိုပင် မကြည့်ဘဲ မိုးကြိုး ကောက်ရိုက်တုတ်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ တချိန်တည်းတွင် သူသည် ဝိညာဉ် လက်နက် အခြေအနေကို အသုံးပြု လိုက်သည်။ လေထဲတွင် အနက်ရောင် လျှပ်စီးများ တောက်ပလာခဲ့၏။

ယဇ်ပလ္လင်၏ အရှေ့၌ -

သွေးရောင် မီးကွင်းက သုံးပုံတစ်ပုံ အထိ ကျဉ်းမြောင်း သွားခဲ့သည်။ ဒြပ်စင်နတ်ဘုရားမ သရဖူသည် ဇိုလာ၏ ခေါင်းပေါ်တွင် ပေါ်လာခဲ့ပြီး လျို့ဝှက် အရိပ်ကလည်း ဝိညာဉ်လက်နက်ပုံစံဖြင့် တောင်ဝှေးတစ်ခု ဖြစ်လာ ခဲ့သည်။ ဖိအားများမှာ အလွန် ကြီးမားကြောင်း မြင်နိုင်၏။ နတ်မိမယ်နဂါး၏ နဖူးတွင် ချွေးများကျနေပြီ ဖြစ်သော်လည်း သူ၏ မျက်လုံးက ထူးဆန်းသော တောက်ပမှု တစ်ခု ထွက်ပေါ် လာခဲ့သည်။ အကြောင်းမှာ သူက တတိယ အမှတ်ကို ရှာဖွေပြီး ထိခဲ့ပြီ ဖြစ်သောကြောင့်ပင်။ သူသည် ၅ ခုလုံးကို ရှာတွေ့နိုင်ပါက မြေဒြပ်စင်ဇစ်မြစ်၏ ဥပဒေသဖွဲ့စည်းပုံကို အပြည့်အဝ ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။

ထိုအချိန် သူက အရိုးမျှော်စင်ကို ဖျက်ဆီးပြီး တည်ငြိမ်သော စွမ်းအား စီးဆင်းမှုကို အားနည်းစေ သရွေ့ သူက လေဒြပ်စင် ဥပဒေသ ဇစ်မြစ် စွမ်းအားကို ထိုအမှတ်များထဲသို့ ထည့်သွင်းနိုင်ပြီး ကွင်းဆက် တုံ့ပြန်မှုများ ဖြစ်ပေါ်စေကာ မြေဇစ်မြစ်အပိုင်းအစ ထားရှိထားသော တိုင်လုံးကို ကြေမွစေပြီး ယဇ်ပလ္လင်၏ ကာကွယ်ရေး စွမ်းအား တစ်ခုလုံးကို လုံးဝဖျက်ဆီးနိုင်မည် ဖြစ်သည်။

သောမက်စ်က ဇိုလာသည် သူ၏ အကြီးမားဆုံး ဝှက်ဖဲ အခြေအနေကို တဖြည်းဖြည်း နားလည်သွား‌ကြောင်းကို မသိခဲ့ပေ။ သူက စွမ်းအားကို စုစည်း နေပြီး ယဇ်ပလ္လင်၏ စွမ်းအားဖြင့် ထိုနတ်ဘုရားတစ်ပိုင်းကို လုံးဝ ချေမှုန်း နိုင်တော့မည်ဟု တွေးနေခဲ့၏။ ထိုအချိန် မြေကြီး ရုတ်တရက် တုန်ခါသွားခဲ့သည်။ သောမက်စ်က ယဇ်ပလ္လင်၏ စွမ်းအား အနည်းငယ် အားနည်းသွားသည်ကို သေသေချာချာ ခံစားမိခဲ့ပြီး သူက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ အရိုး မျှော်စင်ကို ဖျက်ဆီး ခံလိုက်ရပြီ! ပြီးတော့ တစ်ခုမကဘူး!

သောမက်စ် အံ့အားသင့် သွားခြင်းက အသေးအဖွဲ မဟုတ်ပေ။ အရိုးမျှော်စင် များ၏ တာဝန်က ကုန်းမြေတစ်ခုလုံးမှ ယဇ်ပလ္လင်များနှင့် သွေးစတေး စွမ်းအား များကို တချိန်တည်း စုပ်ယူရန်ဖြစ်ပြီး ၎င်းကို ထိုအဓိက ယဇ်ပလ္လင်သို့ တရစပ် ပို့လွှတ်နိုင်ပြီး အရှင်သခင်၏ စိတ်ပုံရိပ်နှင့် အရှိန်အဝါ ဆင်းသက်လာရန် အတွက် အကြီးမားဆုံး စွမ်းအား အရင်းအမြစ် ဖြစ်လာစေရန် ဖြစ်သည်။ ထိုနေရာရှိ အရိုးမျှော်စင်များနှင့် အလောင်း လမ်းကြောင်းများက အတော်လေး ကြိုးစား အားထုတ်ခဲ့ရပြီး သူသည် ဖွဲ့စည်းပုံကို အချိန်မီ အပြီးသတ်နိုင်ခြင်း မရှိခဲ့သောကြောင့် အဓိက ယဇ်ပလ္လင် တစ်ခုလုံးက အကြီးမားဆုံးသော အရှိန် အဝါကို ထုတ်လွှတ်နိုင်ခြင်းမရှိဘဲ အထူး ဆင်းသက်မှု အချို့ကိုလည်း အပြီးသတ် နိုင်ခြင်းမရှိပေ။ သို့သော် ယခုအခါတွင် ၎င်းတို့ကို အခြားသူများက ဖျက်ဆီး ခဲ့ကြလေပြီ။

အရိုးမျှော်စင်တွေ မဖျက်ဆီးခံရအောင် ငါ တားရမယ်!

သောမက်စ်က ချက်ချင်းပင် မန္တန် ရွှတ်ဆိုလိုက်ပြီး ချန်လွေ့နှင့် ရင်ဆိုင်နေ ရသော အသူရာချောက်နက် ဝိညာဉ် မျိုးကွဲသုံးကောင်က ချန်လွေ့ကို ချက်ချင်း စွန့်လွှတ်ကာ အရိုးမျှော် စင်ဆီသို့ အပြေး သွားခဲ့ကြသည်။

ချန်လွေ့သည် [အစစ်အမှန် အနီရောင် ကွယ်ပျောက်] အသုံးပြု၍ ပြိုင်ဘက်၏ ထိုးစစ်ကို ဆွဲဆောင်ကာ နှစ်ကောင်၊ သုံးကောင်ကို တပြိုင်တည်း တိုက်ရန် စီစဉ်နေဆဲ ဖြစ်သော်လည်း ယခုအခါ ပြိုင်ဘက်များ ရုတ်တရက် ပစ်မှတ်ကို ပြောင်းလိုက်ကြသည်။ သူက တစ်ခုခု ဆိုးဝါးသည့် အရာ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သူတို့နောက်သို့ အမြန်လိုက်သွားခဲ့သည်။

အရိုးမျှော်စင် အုပ်စုထဲတွင် ရှိနေသော ပါ့ဂ်လီအိုသည် မောဟိုက်နေပြီး သူ၏ လက်ထဲရှိ မိုးကြိုး ကောက်ရိုက်တုတ်ကို မနည်း ကိုင်ထားနေရသည်။ ၎င်း၏ စွမ်းအားက အသေအချာ ထူးခြားလှပြီး အဆိပ် အလွန် ပြင်းထန်ကာ လျှပ်စီး ဂုဏ်သတ္တိကို ပေါင်းစပ် ထားသော ပြင်းထန်သော တိုက်ခိုက်မှုက အရိုး မျှော်စင်များအပေါ် ပြင်းထန်သော ထိန်းချုပ်မှု ရှိခဲ့သည်။ သူသည် အရိုးမျှော်စင် ၅ခုကို ဆက်တိုက် ဖျက်ဆီးခဲ့ပြီး ပတ်ဝန်းကျင်ရှိ သွေးရောင် မြူခိုးများ အတော်လေး ပါးလာခဲ့သည်။ သို့သော် မိုးကြိုး ကောက်ရိုက်တုတ်ကို ထိန်းချုပ်ခြင်းက သွေးများ လောင်ကျွမ်း စေရန်သည်။ ယခုတွင် အဆိပ်နဂါး၏ စွမ်းအားသည် အတော်လေး ကုန်ဆုံး နေပြီ ဖြစ်သည်။ သူက မူးဝေပြီး အားအင်ကုန်ခမ်း နေလေပြီ။

ထိုအချိန် အဆိပ်နဂါးက ဗီဇအတိုင်း အန္တရာယ်တစ်ခုကို ခံစားခဲ့ရသည်။ ရှေ့ရှိ မြူခိုးထဲ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပေါ်လာပြီး သူ့ဘက်သို့ အပြေးလာနေ၏။ ထိုအသူရာ ချောက်နက် မကောင်းဆိုးဝါးမျိုးပင်!

မကောင်းဆိုးဝါး သုံးကောင်နှင့် ချန်လွေ့ တိုက်ခိုက်နေချိန် ပါ့ဂ်လီအိုက ၎င်းတို့မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားမိခဲ့ပြီး ၎င်းတို့က သူ့ကို စက္ကန့်ပိုင်းအတွင်း သေချာပေါက် သတ်နိုင်ပေသည်။ ထိုမကောင်းဆိုးဝါးက မမျှော်လင့်ဘဲ သူ့ဆီသို့ အပြေးလာ နေခဲ့သည်။ အကွာအဝေးက မီတာပေါင်း ဒါဇင်များစွာ ကျန်နေသေး သော်လည်း ၎င်းက စက္ကန့်ပိုင်းအတွင်း ရောက်ရှိ လာနိုင်ပေသည်။ သေရေး ရှင်ရေးက ထိုအခိုက်အတန့်၌သာ ဖြစ်၏။

ထွက်ပြေးရန် နောက်ကျသွားလေပြီ။ ပါ့ဂ်လီအိုက အံကြိတ်လိုက်ပြီး အင်အား အပြည့်ဖြင့် မိုးကြိုးကောက်ရိုက်တုတ်ကို ဆုပ်ကိုင်လိုက်လေသည်။

ထိုအချိန်တွင် အဆိပ်နဂါးက မကောင်းဆိုးဝါးများ၏ လှုပ်ရှားမှုများ ရုတ်တရက် နှေးကွေး သွားသည်ကို ခံစားခဲ့ရသည်။ မကောင်းဆိုးဝါးများ သာမက သူ၏ လှုပ်ရှားမှုများနှင့် တုံ့ပြန်မှုများလည်း နှေးကွေးသွား၏။ နောက်ထပ် စက္ကန့်ပိုင်းတွင် အနီရောင် အလင်းတစ်ခုက မကောင်းဆိုးဝါးကို ထိမှန်ခဲ့သည်။ အနီရောင်အလင်းက ‘နှေးကွေးစေခြင်း’ သက်ရောက်မှုဖြင့် ထိခိုက်ခြင်းမရှိသလို မကောင်းဆိုးဝါးများ အနီးရှိ နေရာလွတ်ကလည်း အနီရောင် အလင်းကြောင့် နှစ်ပိုင်းပြတ်သွား၏။

‘နှေးကွေးခြင်း’ ခံစားမှု ပျောက်ကွယ် သွားပြီးနောက် ၎င်းသည် ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်နေသကဲ့သို့ ဖြစ်ခဲ့ပြီး နေရာလွတ်က ပုံမှန်အတိုင်း ပြန်ဖြစ် သွားခဲ့သည်။ မကောင်းဆိုးဝါးများက အင်နားရှားကြောင့် လှုပ်ရှားသွားကြပြီး ရုတ်တရက် အမှုန်အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားတော့သည်။

အနီရောင် အလင်း၏ ရင်းမြစ်က တောင်ပံ ၄ဖက်နှင့် ပုံရိပ်တစ်ခုဖြစ်ပြီး မြူခိုးထဲ၌ ကြက်သွေးရောင် အလင်း တစ်ခု လင်းလက် တောက်ပနေခဲ့သည်။ အဆိပ်နဂါး ပြုံးလိုက်၏။ ငါ မသေခင် နောက်ဆုံးတော့ ဒီကောင် ရောက်လာခဲ့ တာပဲ။

သို့သော် အဆိပ်နဂါး၏ အပြုံးက သူ့မျက်နှာပေါ်မှ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်ကို သူ့နောက်မှ ပုံရိပ် ၂ ခုက တိုက်ခိုက်ခဲ့ခြင်း ကြောင့်ပင်။ သူ့နောက်မှ တောင်ပံက အပိုင်းပိုင်း ဖြစ်သွားပုံ ရပြီး ထိုပုံရိပ်က ချက်ချင်းပင် မတ်မတ် ရပ်နေ လိုက်၏။ ထိုပုံရိပ်က အသံကျယ်ကျယ် အော်ဟစ်လိုက်ပြီး အဆိပ်နဂါးထံ အပြေးလာနေသော မကောင်းဆိုးဝါး နှစ်ကောင်ကို တားဆီးထားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း အဆိပ်နဂါး၏ မြင်ကွင်းက အနည်းငယ် ဝေဝါးသွား ခဲ့သည်။ သူ၏ စိတ်ထဲရှိ ဝိုးတဝါး အစအနအချို့က ထပ်မံ၍ ရှင်းလင်း လာခဲ့သည်။

“ငါမွေးလာတုန်းက ဥခွံတွေ ကလွဲပြီး ဘာမှ မမြင်ခဲ့ရဘူး။ ဒီနှစ်တွေမှာ ငါ့မှာ ဆွေမျိုးမရှိပေမယ့် ရန်သူတွေ အများကြီး ရှိတယ်။”

“မိတ်ဆွေတွေကရော။”

“နဂါးတွေက မိတ်ဆွေတွေမလိုဘူး။ အထူးသဖြင့် အဆိပ်နဂါး တွေပေါ့။ မိတ်ဆွေရှိတဲ့ နတ်ဘုရားတွေကို မင်းတို့ မြင်ဖူးလား။ သူတို့က လေးစားမှုနဲ့ ကြောက်ရွံ့မှုပဲ လိုတယ်။ မလိုအပ်တဲ့ စောင့်ရှောက်မှုတွေ၊ နားလည်မှု မလိုဘူး။”

“အရင်ကတော့ ဒီလိုဖြစ်ခဲ့မှာပေါ့... အခုကရော...”

“အခုတော့... အဲ...အဲ..”

“...”

ပါ့ဂ်လီအိုက လက်ထဲရှိ အနက်ရောင် ကောက်ရိုက်တုတ်ကို ငုံ့ကြည့်လိုက်၏။

သူက မိဘများဟု ခေါ်သင့်သော ထိုသူ နှစ်ဦးကို မုန်းခဲ့လိမ့်ပေမည်။ သူတို့က သူ့ကို မွေးကတည်းက နတ်ဆိုးဘုံတွင် တစ်ယောက်တည်း ထားခဲ့သော်လည်း ယခုအချိန်တွင် သူက ထိုသူ နှစ်ဦးကို အလွန် ကျေးဇူးတင်နေသည်။ သူတို့ မရှိရင် သူက လောကတွင် ရှိနေမည် မဟုတ်ပေ။ လူအချို့ကို သိခွင့်ရမည် မဟုတ်ပေ။ အချို့သော အရာများလည်း ရရှိမည် မဟုတ်ပေ။ တန်ဖိုးရှိတဲ့အရာ၊ အတော်လေး တန်ဖိုးရှိတဲ့ အရာတွေပေါ့။

ငါက တစ်ယောက်တည်း မဟုတ် တော့ဘူး။ ဗီဇအတိုင်း ရှင်သန်ဖို့ အတွက်ပဲ တိုက်ခိုက်နေတာ မဟုတ် တော့ဘူး။

ငါ့အတွက်ငါပဲ စဉ်းစားနေတာ မဟုတ် တော့ဘူး။

အဆိပ်နဂါး ရယ်လိုက်၏။ ပါ့ဂ်လီအို။ အရာအားလုံးကို ဘေးဖယ်ထားပြီးတော့ မင်းရဲ့ စွမ်းအားအကုန်လုံးနဲ့ တိုက်ခိုက်။ အဲဒီလူသားကို ပြလိုက်။ အဲဒီ အရူးမကို ပြလိုက်။ အဝေးက ဘတ်တီလေးကို ပြလိုက်။ အဝေးက အဲဒီကောင်တွေကို ပြလိုက်။ ဆရာသခင် အဆိပ်နဂါးရဲ့ တကယ့် သူရဲကောင်းဆန်တဲ့ အခိုက် အတန့်တွေကိုပေါ့....

မင်းတို့နဲ့ အတူရှိခဲ့ရတာ... ပျော်စရာ ကောင်းခဲ့ပါတယ်...

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများ လောင်ကျွမ်းနေရာ အငွေ့အသက်က ပိုမို အားနည်းလာခဲ့သည်။ သူက လက်ထဲမှ ကောက်ရိုက်တုတ်ကို အနည်းငယ်မှ တုံ့ဆိုင်းမှု ငြင်းဆန်မှု မရှိဘဲ ကျစ်ကျစ် ဆုပ်ကိုင်ထားနေသည်။ ထိုအချိန်တွင် အနက်ရောင် ကောက်ရိုက်တုတ်သည် အတော်လေး ပေါ့ပါးသလို ဖြစ်သွားပြီး ၎င်းကို ဝှေ့ယမ်း လိုက်သောအခါ ထူးထူး ခြားခြား လျှပ်စီးများ တောက်ပလာ တော့သည်။

“ဝုန်း! ဝုန်း! ဝုန်း! ဝုန်း...”

ဆက်တိုက် ပေါက်ကွဲသံများ ထွက်ပေါ် လာခဲ့ပြီး အရိုးမျှော်စင်များကို တစ်ခုပြီး တစ်ခု အနက်ရောင် မိုးကြိုးများကြားတွင် ရိုက်ချိုးပစ်ခဲ့သည်။

ချန်လွေ့က အတော်လေး စိတ်ဓာတ် တက်ကြွသွားခဲ့သည်။ အရိုးမျှော်စင်များ အနီးရှိ တိုက်ပွဲက ထိုထူးဆန်းသော အဆောက် အအုံများ၏ ခိုင်ခံ့မှု အကြောင်းကို သူ့ကို ပို၍ နားလည် စေခဲ့သည်။ ပါ့ဂ်လီအိုက အရိုးမျှော်စင် များကို အလွယ်လေး ဖျက်ဆီးနိုင်မည်ဟု သူ မထင်ထားခဲ့ပေ။

အမှန်တကယ်၌ နတ်ဘုရား တစ်ပိုင်း စွမ်းအား ထိပ်သီးပိုင်း ဝိညာဉ်မျိုးကွဲ နှစ်ကောင်က ချန်လွေ့ကို ခုနက ကြီးကြိးမားမား ထိခိုက်စေခဲ့၏။ သူ၏ နောက်ဘက်ရှိ ကြယ်အတောင်ပံများ ကွဲကြေသွားခဲ့သည်။ သို့သော် အရိုး မျှော်စင်များ ပျက်စီးခြင်းက ချန်လွေ့၏ တိုက်ခိုက်ရေး စိတ်ဓာတ်ကို မြှင့်တင် ပေးခဲ့သည်။ ကြယ်စွမ်းအား ရေလှိုင်း လှိမ့်တက်လာခဲ့ပြီး ရန်သူ နှစ်ယောက်ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထား လိုက်လေသည်။

သောမက်စ်က အရိုးမျှော်စင်များ တစ်ခုပြီး တစ်ခု ပျက်စီးသွားပြီး ပင်မယဇ်ပလ္လင်၏ စွမ်းအား ကျဆင်း သွားသည်ကို ခံစားမိသော အခါ တုန်လှုပ်သွားခဲ့သည်။

သွေးရောင် မီးကွင်းဖြင့် ဖိနှိပ်ခံထား ရသော ဇိုလာက သူ၏ အနည်းငယ် မှေးစင်းနေသော ခရမ်းရောင် မျက်လုံး များကို ဖွင့်လိုက်၏။ သူ၏ ခေါင်းပေါ်ရှိ သလင်းကျောက် နတ်ဘုရားမ သရဖူက တုန်ခါသွားခဲ့ပြီး သူ၏ မျက်လုံးများမှ အလင်းရောင် လက်ခနဲ တောက်ပသွား ခဲ့သည်။ ဖျက်ဆီးမရသော ကာကွယ်ရေး နံရံတွင် အပေါက်၅ခု ရုတ်တရက် ပေါ်လာ ခဲ့သည်။ လက်မောင်းတစ်ခုစာ ထူသော အစိမ်းရောင် လမ်းကြောင်း တစ်ခုက အဓိက ယဇ်ပလ္လင်တိုင်ထိပ်ရှိ ဇစ်မြစ် အပိုင်းအစဆီသို့ ဦးတည်နေလေ၏။

“ဒိုဒို။ သွား။ အဲဒီတိုင်ကနေ အခုပဲ ဇစ်မြစ်အပိုင်းအစ သွားယူတော့!”

All Chapters