← Chapters

မှော်ပညာရှင်မျှော်စင်အဖွဲ့ နောက်ကွယ်မှ အင်အားစုများ

Vol. 61 Ch. 983

မှော်ပညာရှင်မျှော်စင်အဖွဲ့ နောက်ကွယ်မှ အင်အားစုများ

Vol. 61 Ch. 983

ချန်လွေ့၏ အသုံးအနှုန်းဖြင့် ဇိုလာ၏ နည်းလမ်းကို ဖော်ပြရမည် ဆိုလျှင် ‘သောက်ရမ်းမိုက်တယ်’ ဟူ၍ပင်။

အာ... ထိုအရာက ယဉ်ကျေးသော စကား မဟုတ်သော်လည်း အမျိုးသား လိင်အင်္ဂါ အချို့ကို ဖျက်ဆီးပစ်ခြင်းကို တိတိကျကျ ဖော်ပြပေးနိုင်ပေသည်။

ယောက်ျား နှစ်ယောက်က ခန္ဓာကိုယ် အောက်ပိုင်းကို အုပ်ထားရင်း မြေပြင်ပေါ် လူးလှိမ့်ကာ အော်ဟစ် နေကြသည်။ ဘေးမှ အမျိုးသား ပရိသတ်များက အလန့်တကြား ကြည့်နေ၏။ ချန်လွေ့ပင် အနည်းငယ် ကြောက်မိသော်လည်း ထို ‘ဥ-ပေါက်ကွဲ’သော သနားစရာ ကိစ္စ နှစ်ခု ဖန်တီးခဲ့သည့် တရားခံကတော့ ဘာမှ မဆိုင်သလို ငေးငိုင်နေဆဲပင်။

“မဒမ်-ဇိုလာ...” လစ်ဒ်က ပြောသည်။ “ကျုပ်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် ဒီကိစ္စက တော်တော်လေး ဒုက္ခများလောက်တယ်။ ဗစ်ဇူ တစ်ယောက်တည်း ဆိုရင်တော့ ကိစ္စ မရှိပေမယ့်... ရီအယ်ဒိုက အကြီးအကဲ ရှီရိုရဲ့ တပည့်ပါ။ အကြီးအကဲ ရှီရိုရဲ့ တည်ရှိမှုကို လူအများစု မသိကြပေမယ့် မှော်ပညာရှင် မျှော်စင်အဖွဲ့မှာ သူနဲ့ အကြီးအကဲ ဒါဆာက အင်အားကြီး စွမ်းအားနဲ့ ပြိုင်စံရှား စွမ်အားတွေ ရှိတဲ့ အကြွင်းမဲ့ ထိန်းချုပ်သူတွေပါ...”

“မှော်ပညာရှင် မျှော်စင် အဖွဲ့ရဲ့ အင်အားက ကျက်သရေပြာ အင်ပါယာ တစ်ခုလုံးကို ကျော်နေပြီလား။” ချန်လွေ့ ရုတ်တရက် ဖြတ်ပြောလိုက်သည်။

လစ်ဒ်က ချန်လွေ့ကို အံ့အားသင့်စွာ ကြည့်ပြီး သူသိသော ကျက်သရေပြာ အင်ပါယာမှ တော်ဝင် မိသားစုဝင် အချို့နှင့် လျှို့ဝှက်စွာ နှိုင်းယှဉ်ကြည့် သော်လည်း အဖြေကို ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူက ခေါင်းခါလိုက်သည်။ “မှော်ပညာရှင် မျှော်စင် အဖွဲ့က ကျက်သရေပြာ အင်ပါယာရဲ့ အရေးပါတဲ့ ‘မဟာဗျူဟာမြောက်လက်နက်’ တွေထဲ တစ်ခု ဖြစ်ပေမဲ့ အင်ပါယာတစ်ခုလုံးကို အုပ်စိုးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အင်ပါယာက မှော်ပညာရှင် မျှော်စင် အဖွဲ့ရဲ့ အာဏာကို အလွယ်တကူ မထိခိုက်စေနိုင်ဘူး။ နဂါးလင်းလက် အင်ပါယာက နဂါးစစ်သည် ဗိုလ်ခြေကို အလွယ်တကူ မစွက်ဖက် နိုင်သလိုပေါ့။ ဘာလို့လဲ ဆိုတော့ မှော်ပညာရှင် မျှော်စင် အဖွဲ့ နောက်ကွယ်မှာ အင်ပါယာနှင့် ဆက်စပ်နေသော နတ်သူငယ်မျိုးနွယ်စု ရှိနေလို့ပဲ။ အကြီးအကဲ ရှီရို နဲ့ အကြီးအကဲ ဒါဆာ နှစ်ယောက်လုံးက နတ်သူငယ် မျိုးနွယ်စုရဲ့ အထူး အစွမ်းထက် ပုဂ္ဂိုလ်တွေပါ။”

လစ်ဒ်၏ စကားများက အတော်လေး ရှင်းလင်းသည်။ ဇိုလာက သူတော်စင် အဆင့်ကို ကျော်လွန်သော စွမ်းအားကို ပြသခဲ့သော်လည်း သူက နတ်သူငယ် မျိုးနွယ်စုတစ်ခုလုံးကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

“နတ်သူငယ်မျိုးနွယ် ဟုတ်လား။” ချန်လွေ့က အံ့အားသင့် နေသော အမူအရာဖြင့် မရေမရာ မေးလိုက်သည်။

“ဟုတ်တယ်။ နတ်သူငယ် မျိုးနွယ်။ ဒီတစ်ခါ ရီအယ်ဒိုက မဒမ်-ဇိုလာကို အရင်စော်ကားခဲ့တာ။ ကျုပ်သိထားတဲ့ နတ်ဘုရားတစ်ပိုင်း စာချုပ်အရ သူ့မှာ တကယ်ပဲ အပြစ်ရှိတယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် အကြီးအကဲ ရှီရို က မောက်မာပြီး ရိုင်းစိုင်းတဲ့ စိတ်နေ စိတ်ထား ရှိတယ်။ ပြီးတော့လည်း သူက ရီအယ်ဒိုကို အတော် တန်ဖိုးထားတာ။ အဲဒါကြောင့် ခင်ဗျားတို့ နှစ်ယောက်ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး။” လစ်ဒ်က လေးနက်သော အမူအရာဖြင့် အသံကို တိုးလိုက်ပြီး ချန်လွေ့နားသို့ တီးတိုးပြောလိုက်၏။ “မဒမ်-ဇိုလာရဲ့ အကြံဉာဏ် လက်ခံရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ဒါပေမယ့် ကံမကောင်း စွာနဲ့ပဲ ဆာ့ကို အကြံ ထပ်တောင်းလို့ မရတော့ဘူး... ခင်ဗျားတို့ နှစ်ယောက် နောက်ပိုင်း ပြဿနာတွေ ရှောင်ရှားဖို့ ကျက်သရေပြာ အင်ပါယာ ကနေ ချက်ချင်း ထွက်သွားဖို့ ကျုပ် အကြံ ပေးချင်တယ်။ စောလေ ကောင်းလေပဲ။”

ဇိုလာ၏ လမ်းညွှန်မှုက လစ်ဒ်ကို ပိုမိုမြင့်မားသော အဆင့်၏ တံခါးကို တဖြည်းဖြည်း ထိတွေ့စေခဲ့၏။ လစ်ဒ်က ကျေးဇူးကန်းသူ မဟုတ်ပေ။ ထို့အပြင် သူက မော်ဒန်း မိသားစုမှ ဖြစ်ပြီး ၎င်းမှာ ကျက်သရေပြာ အင်ပါယာ၌ မိသားစုကြီး ဖြစ်ကာ အကြီးတန်း သိဒ္ဓိခိုလှုံရာတွင် တော်ဝင်ဘွဲ့ ရရှိထားခဲ့သည်။ ထို့ကြောင့် နတ်သူငယ်များ ထိန်းချုပ်ထားသော မှော်ပညာရှင်မျှော်စင်အဖွဲ့မှ သူ့ကို လုံးဝ ကန့်သတ် ထားခြင်း မရှိသောကြောင့် စိတ်ပိုင်းဖြတ်ပြီး ဇိုလာနှင့် ချန်လွေ့တို့ကို ထွက်ပြေးရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။

အကြီးအကဲရှီရိုက နောက်ပိုင်းတွင် သူ့ကို အပြစ်တင်ခဲ့လျှင်ပင် ဇိုလာ၏ ကိုယ်ပိုင်စွမ်းအားက သူတော်စင် အဆင့် ကျော်လွန်နေပြီး သူက ရီအယ်ဒို၏ ဥကို တစ်စက္ကန့်အတွင်း ‘ပေါက်ကွဲ’ စေခဲ့ရာ လစ်ဒ်က သူ့တွင် စွမ်းအားမရှိကြောင်း အကြောင်းပြပြီး တာဝန်မှ ကင်းလွတ်ရန် ပြုလုပ်နိုင်ပေသည်။

“အိုး...” ချန်လွေ့နှင့် ဇိုလာတို့က တပြိုင်နက်တည်း ပြန်ဖြေလိုက်ကြပြီး အချင်းချင်း ပြုံးလိုက်ကြ၏။

“မဒမ်-ဇိုလာ...” လစ်ဒ်က သူတို့ နှစ်ယောက်မှာ မိမိ၏ သတိပေးချက်ကို လုံးဝ ဂရုမစိုက်လိမ့်မည်ဟု မမျှော်လင့် ထားသောကြောင့် စိတ်ပူလာခဲ့သည်။

ခယ်ဒေလာနှင့် ညီအစ်မ နှစ်ယောက် တို့က အံ့အားသင့်လျက် ရပ်နေကြသည်။ သူတို့၏ စိတ်ထဲ၌ လူဆိုး ဗစ်ဇူက သူတို့ မော့ကြည့်နေရသောသူ ဖြစ်နေလေပြီ။ မှော်ပညာရှင်မျှော်စင် သူတော်စင်အဆင့် နတ်သူငယ်တစ်ပိုင်း အကြောင်းကိုမူ ပြောစရာပင် မလိုတော့ဘူးပေ။ ယခု သူတို့အရှေ့မှ အမှန်တရားက ‘ဥ-ပေါက်ကွဲ’ ခံရသော နတ်သူငယ်တစ်ပိုင်း မှော်ပညာရှင်က ‘ဥ-ပေါက်ကွဲ’ ခံရသော ဗစ်ဇူနှင့်အတူ မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်နေခြင်းပင်။

လစ်ဒ်၏ စိုးရိမ်ပူပန်သော မျက်နှာကို ကြည့်ကာ ချန်လွေ့က သူတော်စင်အဆင့် မှော်ပညာရှင်ကို ပို၍ သဘောကျလာပြီး ပခုံးတွန့်ပြလိုက်သည်။ “ဆာ-လစ်ဒ်။ ခင်ဗျားရဲ့ စေတနာအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ကျုပ်တို့ ကျောက်မျက်စိမ်း လဟာပြင်ကို အခု မသွားတော့ပါဘူး။”

လစ်ဒ်၏ မျက်နှာ အမူအရာ အနည်းငယ် ပြေလျော့သွားသော်လည်း ချန်လွေ့၏ နောက်ထပ်စကားက သူ၏ မျက်နှာကို လုံးဝ ပြောင်းလဲစေခဲ့သည်။ “ကျုပ်တို့ မှော်ပညာရှင်မျှော်စင်အဖွဲ့ကို သွားချင်တယ်။ လမ်းပြ ပေးနိုင်မလား မသိဘူး။”

လစ်ဒ် အံ့သြသွားပြီးနောက် ဇိုလာ ပြောသည်ကို ကြားလိုက်ရသည်။ “အဲဒီ ရှီရိုလို့ခေါ်တဲ့ နတ်သူငယ်ကို ရှာနေတာ ဆိုရင်... မှော်ပညာရှင်မျှော်စင်အဖွဲ့ကို သွားစရာတောင် မလိုဘူး ထင်တယ်။”

ချန်လွေ့နှင့် လစ်ဒ်တို့က ဇိုလာ ကြည့်နေသောဘက်သို့ ကြည့်လိုက်ရာ ရီအယ်ဒိုက လက်ထဲမှ မှော်ပေးစာ ကဲ့သို့ အမှတ်အသားတစ်ခုကို နာကျင်မှုဒဏ် တောင့်ခံရင်း ဖျက်ဆီး လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထိုမြင်ကွင်းက လစ်ဒ်ကို အကြီး အကျယ် ထိတ်လန့် သွားစေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် နေသာသော ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားပြီး ရုတ်တရက် တိမ်တိုက်နက် တစ်ခုက ဖုံးအုပ်သွားတော့သည်။

‘တိမ်တိုက်နက်’၏ အလယ်ဗဟိုတွင် လူ့ပုံစံ စုစည်းလာ၏။ ထိုသူတွင် ငယ်ရွယ် ချောမောသော ပုံပန်းသွင်ပြင် ရှိနေပြီး နားရွက်ချွန်များ၊ လေထဲတွင် ဝဲနေသော ဆံပင်ရှည်များနှင့် သေသပ်လှပသော ဝတ်စုံများဖြင့် နတ်သူငယ်၏ အင်ကြင် လက္ခဏာများ အပြည့်အဝ ရှိနေသည်။

“ဆာ-ရှီရို...” လစ်ဒ်၏ အသံက အနည်းငယ် ကြမ်းနေ၏။

ရောက်လာသူက မှော်ပညာရှင်မျှော်စင် အဖွဲ့၏ အုပ်ချုပ်သူ နှစ်ဦးထဲမှ တစ်ဦးဖြစ်သော ရှီရို ပင်။

ရှီရိုက ရီအယ်ဒို မြေပြင်ပေါ်တွင် လဲလျောင်းပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်ကာ နာကျင်စွာ အော်ဟစ် နေကြောင်း မြင်သည့်အခါ သူ၏ မျက်လုံးမှ လူသတ်ချင်စိတ်များ ပေါက်ကွဲ ထွက်လာခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများ ပျံ့နှံ့လာပြီး အောက်က လူအုပ်က ရင်ဘတ်ပေါ် ကျောက်တုံးကြီး တင်ထားရသလိုမျိုး အသက်ရှုမရ ဖြစ်လာသည်။

လစ်ဒ်က ဓားသွားကဲ့သို့ ထက်ရှသော အကြည့်တစ်ခု သူ့မျက်နှာပေါ် ဖြတ်သန်း သွားသည်ကို ခံစားလိုက်ရ၏။ သူက ပိုင်နက် စွမ်းအားကိုပင် စုစည်း၍ မရတော့ပေ။ ထိုအချိန် ဇိုလာက ခေါင်းမော့ပြီး ရှီရိုကို တစ်ချက် ကြည့်လိုက်သည်။

ရှီရိုက ခေါင်းစောင်း ကြည့်လိုက် မိသည်။ ထိုအကြည့်နဲ့ ဆုံသွားသည်နှင့် သူ့ဝိညာဉ် အလိုလို တုန်ခါသွား၏။ သူ အမှန်တကယ် စူးခနဲ နာကျင်သွားသည်။

သူ စိတ်ရှုပ်ထွေးနေစဉ် အမျိုးသမီး ပုံရိပ်က တခြားတစ်ဖက်ရှိ လေထဲမှာ ပေါ်လာခဲ့ပြီ ဖြစ်သည်။

ရှီရို ချက်ချင်း နားလည်လိုက်သည်။ သူ့တပည့် ရီအယ်ဒိုကို ထိခိုက်အောင် ပြုလုပ်ခဲ့သူက ထိုအမျိုးသမီးပင်။

နတ်သူငယ် အကြီးအကဲ အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ မူလ မြစိမ်းရောင်မျက်လုံးက အစိမ်းနက်ရောင် သို့ ပြောင်းလဲသွားပြီး သူ့အနီးအနားရှိ ‘တိမ်တိုက်နက်’၏ အရောင်ကလည်း အစိမ်းနက်ရောင်သို့ ပြောင်းလဲသွား၏။ ကြောက်မက်ဖွယ်ရာ တိုင်းပြည် စွမ်းအားလှိုင်းများက ဇိုလာဆီသို့ တိုးဝင် လာခဲ့လေသည်။

ဇိုလာ လှုပ်ရှားပုံမရဘဲ ပတ်ပတ်လည် ၆ရောင်ခြယ် အလင်းတန်း ပေါ်လာကာ သူ၏ ခေါင်းပေါ်တွင် ၆ရောင်ခြယ် သက်တန့်အဖြစ် ပြောင်းသွားခဲ့သည်။

သက်တန့်ပေါ်လာသည်နှင့် တပြိုင်နက် အစိမ်းနက်ရောင် ‘တိမ်တိုက်နက်’ က တုန်ခါသွားလေသည်။ သက်တန့်၏ လမ်းကြောင်းကို ဗဟိုပြု၍ ကြီးမားသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ အစွမ်းထက်လှသော လက်တစ်စုံက ဆွဲဖြဲလိုက်သကဲ့သို့ပင်။

ရှီရို၏ မျက်လုံးသူငယ်အိမ် ရုတ်တရက် ကျုံ့သွား၏။ ဒီမိန်းမရဲ့ စွမ်းအားက ငါနဲ့ ဆင်တူပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အတော်‌လေး အစွမ်းထက် ပြီးတော့ ငါ့ရဲ့ တိုင်းပြည်ကို မျက်စိ တစ်မှိတ်အတွင်း အနိုင်ယူခဲ့တယ်။

ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြောင့် လူအုပ်က ခေါင်းမော့၍ မရနိုင်ဘဲ မည်သည့်အရာ ဖြစ်နေကြောင်း မသိခဲ့ကြပေ။ သူတို့က အပေါ်မှ အငွေ့အသက်သည် အံ့သြဖွယ်ရာ ကောင်းလောက်အောင် အဆက်မပြတ် ပြောင်းလဲနေသည်ကိုသာ ခံစားနေရ၏။

တစ်မိနစ်ကြာပြီးနောက် ထူးခြားမှုများ အားလုံး ပျောက်သွားပြီး ကောင်းကင်က နဂိုအတိုင်း တောက်ပပြီး နေသာလာ၏။ မှောင်မိုက်သော တိမ်တိုက်လည်း မရှိ၊ ရောင်စုံအလင်းလည်းမရှိ၊ ဘယ်သူမှမရှိ တော့ဘဲ ဘာမှမဖြစ်ခဲ့သလိုပင်။

မြေပြင်မှ ဇိုလာလည်း ပျောက်ကွယ် သွားပြီး ငိုယိုနေ‌သော ရီအယ်ဒိုလည်း မရှိတော့ပေ။ သတိလစ်နေသော ဗစ်ဇူ တစ်ယောက်တည်းသာ ရှိတော့သည်။

“ခုနက ဘာတွေ ဖြစ်သွားတာလဲ။” ချန်လွေ့က သူ့ဘေးနားက လစ်ဒ်ကို ‘အံ့အားသင့်’နေသော အမူအရာဖြင့် ကြည့်လိုက်၏။

လစ်ဒ်သည် ခုနက လေထဲတွင် အစွမ်းထက် ပုဂ္ဂိုလ်၂ဦး ရင်ဆိုင်ခဲ့ခြင်းကို မြင်နိုင်သည့် ‘တစ်ဦးတည်းသော’ လူပင်။ သို့သော် နှစ်ဖက်၏ ပုံရိပ်များက အလျင်အမြန် ရောယှက် သွားပြီး ‘တိုင်းပြည်များ’ တိုက်မိခြင်း ဖြစ်နိုင် လောက်သော အလွန်ကြီးမားသည့် အင်အားကိုသာ မြင်ခဲ့ရသည်။ ထို့နောက် အစိမ်းရင့်ရောင် ‘တိမ်တိုက်နက်’ က ‘သက်တန့်’၏ ဆွဲဖြဲခြင်းကို ခံရသလိုမျိုး ဖြစ်သွားပြီး သက်တန့် ပျောက်ကွယ် သွားခဲ့သည်။ သူက ဇိုလာနှင့် ရှီရို ကြားမှ ရလဒ်ကို မဆုံးဖြတ်နိုင်ခဲ့ပေ။ သူတို့ နှစ်ယောက် မည်သို့ ပျောက်ကွယ်သွား သည်ကိုလည်း မမြင်ခဲ့ပေ။

ချန်လွေ့၏ မေးခွန်းကို နားထောင်ပြီး လစ်ဒ်က ခပ်ပြုံးပြုံးနဲ့ ခေါင်းခါလိုက်၏။ “ပြင်းထန်တဲ့ တိုက်ပွဲ ခဏ ဖြစ်သွားတာ ဖြစ်မယ်။ ဆာ-ရှီရိုပဲ ဖြစ်ဖြစ် မဒမ်-ဇိုလာ ပဲဖြစ်ဖြစ်၊ စွမ်းအားက ကျုပ်ရဲ့ နားလည်မှုထက်ကို ကျော်လွန်နေပြီ။ အခု သူတို့ စစ်မြေပြင်ကို ရွှေ့သွားကြပြီ ထင်တယ်။ သူတို့ ဘယ်ရောက်သွားလဲ တိတိကျကျ မသိဘူး။”

“ဒါနဲ့ ဆာ-လစ်ဒ်။ ဒီကလေး သုံးယောက်... ဒီကိစ္စ လုံးဝ ပြီးသွားတဲ့ အထိ သူတို့ကို အကာအကွယ်ပေးလို့ ရမလား။” ချန်လွေ့က ခယ်ဒေလာနှင့် ညီအစ်မနှစ်ယောက်ကို ကြည့်လိုက်ပြီး သတိမေ့နေသည့် ဗစ်ဇူကို ကြည့်လိုက်၏။ “မဟုတ်ရင် ကျူပ်တို့ စေတနာက ဝေဒနာ ဖြစ်သွားလိမ့်မယ်”

ချန်လွေ့၏ ‘ကျုပ်တို့’ ဟူသော စကားလုံးက လစ်ဒ်ကို နွံအိုင်ထဲသို့ လုံးဝ ဆွဲသွင်းခဲ့သည်။ လစ်ဒ်က ခဏကြာ စဉ်းစားပြီးနောက် ယခု အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ရာ ကလေးသုံးဦးနှင့် တိုက်ပွဲ အကြောင်းရင်းက အရေးမကြီး တော့ပေ။ သူက ခယ်ဒေလာကို တံဆိပ်တစ်ခု ပေးပြီး တက်ဇ်နှင့် သူ၏ ညီမနှင့်အတူ မြို့တွင်းရှိ မော်ဒန်း မိသားစု၏ လင်းလက် ကုန်သွယ်ရေး ကုမ္ပဏီထံ ယာယီခိုလှုံရန် ပြောခဲ့သည်။

ခယ်ဒေလာက ထိုကိစ္စကို စိတ်ပူနေရာ လစ်ဒ်က သူတို့ကို ကာကွယ်ရန် သဘောတူ လိုက်သောကြောင့် သူ ဝမ်းသာ သွားခဲ့သည်။ သူက ထပ်ကာ တလဲလဲ ကျေးဇူးတင်စကားပြောလိုက်ပြီး တက်ဇ်တို့ ညီအစ်မကို ခေါ်သွားကာ လင်းလက် ကုန်သွယ်ရေး ကုမ္ပဏီထံသို့ အလျင်အမြန် သွားတော့သည်။

စိတ်ဝင်စားစရာ မရှိတော့ကြောင်း မြင်သည့်အခါ ကြည့်ရှုသူများ တစ်ယောက်ပြီးတစ်ယောက် ပြန်သွား၏။

ထိုအချိန် ချန်လွေ့၏ လက်ထဲတွင် မှိန်ပျပျ အလင်းရောင်တစ်ခု ပေါ်လာပြီး သူ အော်ပြောလိုက်၏။ “ဒါ ဇိုလာဆီက စိတ်ဝိညာဉ် သတင်းစကားပဲ။ သူ ရှီရိုကို အနိုင်ယူပြီး သူ့နောက် လိုက်သွားပြီ!”

လစ်ဒ် အံ့အားသင့် သွားလေသည်။ အင်အားကြီး နတ်သူငယ် အကြီးအကဲ ရှီရိုက ‘မဒမ် ဇိုလာ’ ကို ဒီလောက်မြန်မြန် ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားဘူး။ ပြီးတော့ ဇိုလာက သူ့ကို ဖမ်းဖို့တောင် လုပ်နေတယ်။ သူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အော်ပြော လိုက်၏။ “အိုး...သွားပြီ...”

ရှီရိုက ဇိုလာ၏ အနိုင်ယူခြင်းကို ခံခဲ့ရသောကြောင့် ထွက်ပြေးရာ နေရာက မှော်ပညာရှင်မျှော်စင်အဖွဲ့ ဖြစ်ရပေမည်။ မှော်ပညာရှင် မျှော်စင် အဖွဲ့တွင် ထိန်းချုပ်သူ၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းအားကို မြှင့်တင် ပေးနိုင်သော အထူးစွမ်းအား ရှိသည်။ ထို့မျှမက ရှီရိုထက် စွမ်းအား ပိုကြီးသော ဒါဆာက မျှော်စင်တွင် ဦးစီးနေ၏။

“မှော်ပညာရှင်မျှော်စင်အဖွဲ့လား။” ချန်လွေ့က လစ်ဒ်၏ ရှင်းပြချက်ကို နားထောင်ပြီး အမြန် ပြောလိုက်သည်။ “ဆာ-လစ်ဒ်။ ကျုပ် ဇိုလာအတွက် အတော်လေး စိတ်ပူတယ်။ မှော်ပညာရှင် မျှော်စင်အဖွဲ့ဆီကို ခေါ်သွားနိုင်မလား။ ကျုပ် လမ်းမသိဘူး။ ပြီးတော့... အမှန် အတိုင်းပြောရရင် ကျုပ် စိတ်ဝင်စားတာ မှော်စက်ဝိုင်းပဲ။ ဒါကြောင့် တိုက်ခိုက်တာ မကျွမ်းဘူး။ ပျံနိုင်တဲ့ စွမ်းအားတောင် မရှိပါဘူး...”

‘လမ်းမသိဘူး’ဟူသော စကားက လွဲလျှင် ကျန်သောအရာများက လိမ်ညာ နေခြင်းပင်။ သို့သော် လစ်ဒ်တွင် ကြိုတင် မှန်းဆ ထားသည့်အရာ ရှိနေသည်။ ချန်လွေ့ ပြောသည်များက သူ ယခင်က ခန့်မှန်းထားသည့်အရာကို အတည်ပြု ပေးခဲ့ပြီး သူက ယခုတွင် ပိုမို၍ ယုံကြည် သွားခဲ့သည်။ သို့သော် သူက အနည်းငယ် တွေဝေနေပုံ ရသည်။ “ကျုပ်တို့ တိုက်ခိုက်မယ် ဆိုရင် မှော်ပညာရှင် မျှော်စင် အဖွဲ့က အတော်လေး အန္တရာယ်များတဲ့ နေရာပဲ၊ ကျုပ်ဆိုရင်တောင်...”

“ဆာ-လစ်ဒ်။ မေးတာ ရိုင်းပြမိရင် ခွင့်လွှတ်ပေးပါ။ ခင်ဗျားမှာ ဇနီး ဒါမှမဟုတ် မိသားစု ရှိလား မသိဘူး... ဘယ်လို အန္တရာယ်ပဲ ရှိရှိ ကျုပ် သူနဲ့အတူ ရင်ဆိုင်မယ်။ ကျေးဇူးပြုပြီးတော့ ကျုပ် တောင်းဆိုတာကို လက်ခံပေးပါ!”

လစ်ဒ်က သက်ပြင်းရှည်ကြီး ချပြီး ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ။ ခင်ဗျားကို အဲဒီ ခေါ်သွားပေးမယ်။ ကာကွယ်ဖို့တော့.. ကျုပ် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။”

“ကျေးဇူး အများကြီး တင်ပါတယ်။ ဆာ-လစ်ဒ်။ ခင်ဗျားရဲ့ ခင်မင်မှုကို ဘယ်တော့မှ မမေ့ပါဘူး။”

တကယ်တော့ ချန်လွေ့က ခုနက တမင် နေနေခဲ့ခြင်း ဖြစ်၏။ ခယ်ဒေလာ သုံးယောက်ကို ဖြေရှင်းပြီး သူ့၏ စွမ်းအားကို ဖုံးကွယ်ထားရန် အပြင် နောက်ထပ် အကြောင်းရင်း တစ်ခု ရှိနေသေးသည်။ ဇိုလာက မှော်ပညာရှင် မျှော်စင်အဖွဲ့ထဲသို့ တစ်ယောက်တည်း ဝင်သွားချင်နေသည်။ နတ်မိမယ် နဂါးက နတ်ဘုရား တစ်ပိုင်း အဆင့်ကို တက်လှမ်းနိုင်မည့် အရေးပါသော အဆင့်သို့ တစ်ခါတရံ ထိမိသော်လည်း အမြဲ မရောက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက တိုက်ပွဲ ဖိအားကို အသုံးပြုပြီး အဆင့် တက်ရန် ရည်ရွယ်ထားခဲ့လေသည်။

ချန်လွေ့က ရှီရိုသည် တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ အဆင့်က ဇိုလာနှင့် ဆင်တူသော်လည်း သူက ဇိုလာ၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။ မှော်ပညာရှင် မျှော်စင်အဖွဲ့၏ အင်အားဖြင့် ဆိုရင် အတူတူ ဖြစ်သွားနိုင်သော်လည်း သူက ဇိုလာ၏ လေ့ကျင့်ရေး ပစ်မှတ်အဖြစ် အမှန်တကယ် သင့်တော်ပေသည်။

ဒဏ္ဍာရီလာရှေ့ဖြစ်ဟောအလူစီယာက နတ်သူငယ်မျိုးနွယ်၏ တစ်ဦးတည်းသော နတ်ဘုရား-ယောင် အဆင့် ဖြစ်ပြီး နတ်သူငယ် မျိုးနွယ်စု၏ အစွမ်းထက် ပုဂ္ဂိုလ်များစွာက နှစ်ပေါင်းများစွာအတွင်း သဘာဝသစ်ပင်ကို ချိပ်ပိတ်ရန် တိုက်ပွဲ၌ ကျဆုံးခဲ့ကြသည်။ နတ်ဘုရားတစ်ပိုင်း အလတ်ပိုင်းဖြစ်သော လီလန်ယာကို အလူစီယာပြီးလျှင် အစွမ်းအထက်ဆုံးဟု သတ်မှတ်နိုင်ပေသည်။ ဇိုလာ၏ လက်ရှိ စွမ်းအားနှင့် ဒြပ်စင် နတ်ဘုရားမ သရဖူ၏ အကူအညီဖြင့် ဆိုလျှင် ခီလန်ယာနှင့် တွေ့ဆုံခဲ့လျှင်ပင် သူက အေးအေးဆေးဆေး တိုက်ခိုက်နိုင်မည် ဖြစ်သောကြောင့် ချန်လွေ့က နတ်မိမယ် နဂါး၏ လုံခြုံရေးကို သိပ်မစိုးရိမ်ပေ။

သူက မှော်ပညာရှင် မျှော်စင်အဖွဲ့ကို သေချာပေါက် သွားရပေမည်။ သို့သော် အနည်းငယ် ကြန့်ကြာနိုင်၏။ ဖြစ်နိုင်လျှင် အခြေအနေကို ပိုမို ပြင်းထန်စေကာ ကိစ္စ တစ်ခုလုံးကို သေသေချာချာ ဖြေရှင်း နိုင်ပေလိမ့်မည်။ ယခုတွင် ချန်လွေ့၌ နတ်သူငယ်မျိုးနွယ်စု၏ သူရဲကောင်း ဘုရင်ဟူသော ဦးထုပ် ဆောင်းထားပြီး နတ်သူငယ်မျိုးနွယ်၏ သေရေး ရှင်ရေးနှင့် သက်ဆိုင်သော သဘာဝသစ်ပင်လည်း ရှိနေသည်။ တခြားသူများ အတွက် အရေးမကြီး နိုင်သော်လည်း နတ်သူငယ် မျိုးနွယ်စု အတွက်တော့ သူက မေးခွန်း ထုတ်စရာ မလိုသော မြင့်မားသည့် အဆင့်အတန်းနှင့် အကြွင်းမဲ့ အာဏာ ရှိပေသည်။

လစ်ဒ်က ချန်လွေ့နှင့် အတူ ပျောက်ကွယ်ပြီးမှ သတိမေ့နေသော ဗစ်ဇူကို စစ်သည်များ ခေါ်သွားရဲသည်။

ဗစ်ဇူ၏ ထိခိုက်မှုနဲ့ ရီအယ်ဒို ပျောက်ဆုံးသွားသော သတင်းများက မိုဂက်စ် မိသားစုဆီ ခဏအကြာတွင် ရောက်လာခဲ့လေသည်။

“ဗစ်ဇူရဲ့ ဒဏ်ရာက ဘယ်လိုနေလဲ။” မိသားစုခေါင်းဆောင် မိုယာ၏ မျက်နှာ အမူအရာက အလွန်မှောင်မိုက်နေ၏။ သူက ငယ်ဘဝမှ အထူးအဆိပ်သင့် ဒဏ်ရာကြောင့် ကလေး မရနိုင်တော့ပေ။ သမီး သုံးယောက်က လွဲလျှင် ဗစ်ဇူက တစ်ဦးတည်းသောသား ဖြစ်၏။ သူက မောက်မာပြီး ဗိုလ်ကျတတ်သော်လည်း အထူးသဖြင့် အမျိုးသမီးများကို ဒုက္ခပေး တတ်သော်လည်း မိုယာ၏ စိတ်ထဲတွင် သူ့သားက မိုဂက်စ် မိသားစု၏ျ အမွေ ဆက်ခံသူပင်။ သူ့တွင် သက်ဆိုင်ရာ အရည်အချင်းရှိသရွေ့ ထို “အသေးအဖွဲ” ကိစ္စများကို မည်သို့ကြောင့် ဂရုစိုက်စရာ လိုမည်နည်း။

မထင်မှတ်ဘဲ ဗစ်ဇူက ယနေ့ ထိုကဲ့သို့ ကြောက်စရာကောင်းသော ဒဏ်ရာကို ရရှိခဲ့လေသည်။

“အလင်းခန်းမက သင်းအုပ်ဆရာ လူးကပ်စ် ကိုယ်တိုင် အလင်းရောင် ကုသနည်းကို သုံးခဲ့ပေမဲ့ သခင်လေးရဲ့ ပြင်ပဒဏ်ရာတွေကိုပဲ ကုသနိုင်ခဲ့တယ်။ သခင်လေးရဲ့ အဲဒီ အပိုင်းက... အင်အားကြီး စွမ်းအားကြောင့် လုံးဝ ဖျက်ဆီး ခံခဲ့ရတယ်။ အသစ်ပြန်ဖြစ် စေတဲ့ ရတနာတစ်ခုခု ဒါမှမဟုတ် လျို့ဝှက် ပညာရပ် တစ်ခုခု မရှိရင် အဲဒါက ဘယ်တော့မှ ပြန်မကောင်းနိုင်တော့ဘူး။”

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။” ဗစ်ဇူ၏ အမေရင်း ဒိုလူက မျက်ရည်များ စီးကျလာသည်။ သူ့သားက မိန်းမစိုး ဖြစ်သွားပြီး မျိုးဆက်ကို လက်ဆင့် မကမ်းနိုင်ခဲ့လျှင် သူ၏တရားဝင်ဇနီး သရုပ်က အန္တရာယ်ရှိလာနိုင်၏။

မိုယာ၏ မျက်လုံးထဲတွင် အငွေ့များ ပြည့်နေခဲ့သည်။ “ဒါက မော်ဒန်း မိသားစု လက်ချက်လား။”

“သူတော်စင် အဆင့် မှော်ပညာရှင် လစ်ဒ်နဲ့ နောက်နှစ်ယောက် ပေါင်းပြီး လုပ်ခဲ့တာလို့ ပြောကြပါတယ်။ ဆာ-ရီအယ်ဒိုတောင် ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်။”

ဒိုလူ၏ ငိုကြွေးသံများ ရုတ်တရက် ရပ်တန့်သွား၏။ မော်ဒန်း မိသားစုက အင်ပါယာ၏ ဧရာမဖြစ်ပြီး မိုဂက်စ် မိသားစုပင် စော်ကား၍ မရနိုင်သော မိသားစုဖြစ်၏။ မိုဂက်စ် မိသားစု၏ အိမ်ဖြစ်သော ဂျာဒါတွင်ပင် မိုဂက်စ် မိသားစု၏ အကြီးဆုံး အထောက်အပံ့ ပေးသူ ရီအယ်ဒိုပင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့လေသည်။

ရီအယ်ဒို နောက်ကွယ်၌ နတ်သူငယ် တစ်ဦးက ထောက်ပံ့ပေးနေသော်လည်း နတ်သူငယ်တစ်ပိုင်းက နတ်သူငယ် အစစ်အမှန် မဟုတ်ပေ။ ထို့ပြင် နတ်သူငယ်များက အမြဲပင် လုပ်ချင်သလို လုပ်တတ်ကြသည်။ သူတို့က မိုဂက်စ် မိသားစုအတွက် စဉ်းစားပေးလိမ့်မည် မဟုတ်။ ထို့ပြင် ဗစ်ဇူ၏ ဖွားဘက်တော် ပျက်စီးသွားခြင်းက ပြောင်းလဲသွားမည် မဟုတ်ပေ။

“မော်ဒန်း မိသားစု...” မိုယာက လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွား၏။ “ငါ့ကို မြင်းတစ်ကောင် ချက်ချင်း စီစဉ်ပေး။ မြို့စားကို သွားတွေ့မယ်။”

All Chapters