← Chapters

နတ်ဘုရားတစ်ပိုင်း

Vol. 61 Ch. 985

နတ်ဘုရားတစ်ပိုင်း

Vol. 61 Ch. 985

မှော်ပညာရှင်မျှော်စင်အဖွဲ့၏ ဗဟိုချက် ဖြစ်သော သဘာဝမျှော်စင်၌ -

ကမ်းပါးပေါ်တွင် မျက်နှာ ဖြူဖျော့ နေသော ရှီရိုက မောဟိုက်နေ၏။ သူ့ကိုယ်ပေါ်မှ မှော်ဝတ်ရုံက သူတောင်းစား တစ်ဦးကဲ့သို့ စုတ်ပြဲ နေပြီး ကျက်သရေရှိသော နတ်သူငယ် နှင့် လုံးဝ ကွာခြားနေ၏။

သူ့ဘေးမှ ရီအယ်ဒို၏ အကြည့် များတွင် ထိတ်လန့်မှုများ ပြည့်နှက် နေသည်။ တစ်ချိန်က ကောင်းကင်သို့ ထိုးထွက်နေသော လျှို့ဝှက်ဆန်းကြယ် မျှော်စင်က တစ်ဝက်သာ ကျန်တော့၏။

မှော်ပညာရှင် မျှော်စင် အဖွဲ့မှ မှော်ပညာရှင်တိုင်းက မျှော်စင် အဖွဲ့၏ အဓိက နေရာသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မှီကြပေ။ ပုံမှန် အားဖြင့် အပြင်မှ ကြည့်လျှင် ၎င်းက အလင်းတန်းများ ဝန်းရံထားသော လောကတစ်ခုသာ ဖြစ်ပြီး ထူးခြားချက် တစ်စုံတစ်ရာကို မြင်တွေ့ ရမည် မဟုတ်ပေ။ ရှီရို၏ တိုက်ရိုက်တပည့် တစ်ဦးအနေဖြင့် ရီအယ်ဒိုက သဘာဝ မျှော်စင်သို့ တစ်ကြိမ်မက သွားရောက် ခဲ့ဖူးပြီး ထိုနေရာရှိ မျှော်စင်၏ စွမ်းအားကို ကောင်းစွာ သိရှိထားလေသည်။

သဘာဝ မျှော်စင်သည် ခိုင်မာသော အထင်အရ အဆောက်အအုံ တစ်ခု ဖြစ်သည်။ ၎င်းက သာမန် မှော်ပညာရှင် မျှော်စင်ကဲ့သို့ နေထိုင်ရန် မသင့်လျော် သော်လည်း လျှို့ဝှက် ဆန်းကြယ်ပြီး အစွမ်းထက်သော အကျိုးသက်ရောက်မှု တစ်ခုရှိသည်။ ၎င်းက ထိန်းချုပ်သူ၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးကို နှစ်ဆ တိုးစေနိုင်ပြီး ထိန်းချုပ်သူ ခံစားရသော တိုက်ခိုက်မှုများ၏ တစ်ဝက်ကို သဘာဝ မျှော်စင်မှ ထိန်းချုပ်ထားသော မျှော်စင် အဖွဲ့သို့ ပျံ့နှံ့စေသည်။ သူ၏ဆရာ ရှီရိုက ထိုနေရာတွင် တိုက်ခိုက်လျှင် ပြိုင်စံရှား ဟူ၍ ယူဆနိုင်ပေသည်။

သို့သော်လည်း ယနေ့ သူ မြင်တွေ့ ခဲ့ရသော တိုက်ပွဲမှာ အရင်က သိရှိခဲ့သည့် အရာအားလုံးကို လုံးဝ ပြောင်းပြန် လှန်ပစ်ခဲ့သည်။ ထိုအမျိုးသမီးက ဆရာနှင့် မျှော်စင်အဖွဲ့ ပေါင်းစပ် ထားသော ပြင်းထန်သော တိုက်ခိုက်မှုကို အမှန်တကယ် ခံယူ လိုက်သည်။ နောက်ထပ် ဖြစ်ပျက်ခဲ့သည့် အရာများက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ သူက သဘာဝမျှော်စင်ကို အမှန်ပင် ပြိုလဲစေခဲ့သည်။

အကြီးအကဲ ဒါဆာ အချိန်မီ မပေါ်လာခဲ့လျှင် သူနှင့် သူ့ဆရာ ရှီရိုတို့ ထိုအမျိုးသမီး၏ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကြောင့် အမှုန့် ဖြစ်သွားမည်မှာ သေချာပေသည်။

ရီအယ်ဒိုက ကြောက်မက်ဖွယ်ရာ ကောင်းသော အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်ကို စော်ကားခဲ့မိကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့ပြီး ထိုအရာကို တွေးမိလိုက်သည်နှင့် ချွေးအေးများ ပျံလာတော့သည်။

ဒါဆာ၏ စွမ်းအားက ထူးခြားပြီး ဆန်းကြယ်သည်မှာ အသေအချာပင်။ သူရောက်လာသည်နှင့် တပြိုင်နက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ ရီအယ်ဒိုက ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားနှင့် နှစ်ဖက်တိုက်ခိုက်နေသည့် အခြေအနေကိုပင် မမြင်နိုင်ခဲ့ပေ။ အမှန် တကယ်တော့ သူက ရှီရို၏ အထောက် အပံ့ဖြင့်သော ထိုနေရာတွင် လုံခြုံစွာ ထိုင်နေခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူက ဒါဆာ၏ ‘ငွေလ’ သည် ဇိုလာ၏ ‘သက်တန့်’ကို အတင်းအကြပ် ဖိနှိပ်ထားသည်ကို မြင်နိုင်လေသည်။ သက်တန့်က လပြာပတ်ပတ်လည်တွင် လည်ပတ်နေဆဲ ဖြစ်သော်လည်း အရောင် အတော်‌လေး မှိန်ဖျော့နေပြီ ဖြစ်သည်။ အချိန်မရွေး ပြိုလဲသွားနိုင်၏။

မည်သို့ပင် ဖြစ်စေကာမူ သူသည် အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်ရာ ရီအယ်ဒိုက ဒဏ်ရာကို အာရုံစိုက် လိုက်သည်။ သူတော်စင် အဆင့် မှော်ပညာရှင်တစ်ဦး အနေဖြင့် သူ၏ အရေးအကြီးဆုံး ဖွားဖက်တော်က လုံးဝ ပျက်စီးသွားပြီ ဖြစ်ကြောင်း သူ အသေအချာ ခံစားလိုက်မိသည်။ အစွမ်းထက်ဆုံးသော ကုသမှုဖြင့်ပင် အပေါ်ယံ ဒဏ်ရာများကိုသာ ကုသ နိုင်မည် ဖြစ်သည်။ မရှိတော့သော အစိတ်အပိုင်းကို အသစ်ပြန်စေရန် နည်းလမ်းမရှိပေ။

ထိုအကြောင်းကို တွေးမိလိုက်ရာ နတ်သူငယ်တစ်ပိုင်း၏ တကိုယ်လုံးက ဒေါသဖြင့် တုန်ယင်သွားသည်။ သူက ထိုကြောက်မက်ဖွယ် ကောင်းသော မိန်းမကို စိတ်ထဲတွင် အကြိမ်ကြိမ် ဆဲဆိုလိုက်၏။ ကံမကောင်းစွာပင် သူက စိတ်ထဲမှာ၌သာ ဆဲဆိုနိုင်လေသည်။ ထိုမိန်းမကို ဒါဆာက ထိန်းချုပ် ထားသော်လည်း ဒါဆာမရှိလျှင် သူ့ကို ပြာဖြစ်စေရန် ဆံပင်တစ်ချောင်းသာ လိုအပ်လေသည်။

အခြားတစ်ဖက်တွင် နတ်သူငယ် အကြီးအကဲ ရှီရိုသည် ကြီးမားသော ပင်ပန်း နွမ်းနယ်မှုနှင့် ထိတ်လန့်မှုမှ ပြန်လည်နိုးထလာခဲ့၏။ ဒီမိန်းမရဲ့ စွမ်းအားက ငါ ထင်ထားတာထက်ကို အများကြီး သာလွန်တယ်။ အစက မျှော်စင်အဖွဲ့ထဲ ထွက်ပြေးရင် သူ့ကို အနိုင်ယူနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူက စိတ်ကူးလို့မရတဲ့ စွမ်းအားနဲ့ ပေါက်ကွဲ ထွက်ပြီးတော့ မျှော်စင်အဖွဲ့ တစ်ခုလုံးရဲ့ အကာအကွယ်ကို ဖျက်ဆီး ခဲ့တယ်။ သဘာဝ မျှော်စင်ပါ ပြိုလဲ သွားခဲ့တယ်။

ဒါဆာက နတ်ဘုရားတစ်ပိုင်း အဆင့် စွမ်းအား ရှိသည်။ ပြောရမည်ဆိုလျှင် ရန်သူကို အလွယ်တကူ ဖမ်းဆီးနိုင်ရမည် ဖြစ်သော်လည်း ထိုအမျိုးသမီးက ဒါဆာ ကို တိုင်းပြည် အဆင့်၏ ထိပ်သီးပိုင်း စွမ်းအားဖြင့် အကြာကြီး တိုက်ခိုက် နေခဲ့သည်။ သို့သော် ရှုံးနိမ့်သော လက္ခဏာ တစ်စုံတစ်ရာ မရှိသေးပေ။

သူက ဘယ်သူလဲ။

ထိုအချိန် ရှီရိုက အဝေးမှ ထူးဆန်းသော လှုပ်ရှားမှု တစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။ သူ သေသေချာချာ ကြည့်လိုက်သည့်အခါ လူနှစ်ယောက် ဖြည်းဖြည်းချင်း ပျံသန်း လာသည်ကို တွေ့လိုက် ရလေသည်။ တစ်ယောက်က လစ်ဒ်ဖြစ်ပြီး နောက် တစ်ယောက်က အားနည်းပုံရသည်။ သူ့ကို လစ်ဒ်က ခေါ်လာခြင်းဖြစ်ပြီး အနည်းငယ် ရင်းနှီးပုံရ၏။ ဟုတ်တယ်။ သူက မြို့ထဲမှာ လစ်ဒ်နဲ့အတူ ရှိနေခဲ့တဲ့ လူပဲ။ သူက အဲဒီကြောက်စရာကောင်းတဲ့ မိန်းမဘက်က ထင်တယ်။

ရီအယ်ဒို၏ အသံ ထွက်လာ၏။ “ဆရာ... သူ့ကို ဖမ်း။ အဲဒီလူကို ဖမ်း။ အဲဒါ သူ့ယောက်ျား!”

ရှီရို၏ မျက်လုံးများ လင်းလက် သွားသည်။ သူက ချက်ချင်းပင် လစ်ဒ် ရှေ့သို့ ရောက်လာပြီး ချန်လွေ့ကို ဖမ်းဆုပ်လိုက်သည်။

“ဆရာ ရှီရို! ခဏ...” လစ်ဒ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ရှေ့တွင် ရပ်နေ၏။ သူ ခုနက အဖြူရောင် မျှော်စင်အကြောင်း မေးရန် ပြင်လိုက် သော်လည်း ရှီရိုက သူ့ကို စကား ဆုံးအောင် မပြောခိုင်းခဲ့။ လက်ဝှေ့ယမ်း လိုက်သည်နှင့် လစ်ဒ်က ကြိုးပြတ်သော စွန်ကဲ့သို့ ပျံထွက်သွားပြီး အဝေး တစ်နေရာတွင် ပြုတ်ကျကာ သတိလစ် သွားလေသည်။

ချန်လွေ့က ကျောက်ရုပ်ကဲ့သို့ ဖြစ်နေပုံ ရသည်။ လစ်ဒ်၏ အကူအညီ မရှိတော့ရာ သူ့တကိုယ်လုံး ပြုတ်ကျသွားသည်။ သူ့ကို ရှီရိုက ဖမ်းလိုက်ပြီး ချက်ချင်း ရီအယ်ဒိုဘေးသို့ ပြန်ရောက်သွား၏။

“သေချာရဲ့လား။” ရှီရိုက ချန်လွေ့မှာ လုံးဝ အသုံးမဝင်သလို ခံစားလိုက် ရသည်။ အစောပိုင်းက လစ်ဒ် သူ့ကို ပျံသန်းပြီး ခေါ်လာသော မြင်ကွင်းကို တွေးရင်း သူက ပြောလိုက်သည်။ “ဒီကောင်က တကယ်ပဲ အဲဒီမိန်းမရဲ့ ယောက်ျားလား။ ဘာလို့ ဒီလောက် အားနည်းရတာလဲ။”

“ကျုပ် နားနဲ့ ကိုယ်တိုင် ကြားခဲ့တာ။ ဆရာ။ သူ့ကို ကျုပ်ဆီ ပေးလိုက်ပါ။” ရီအယ်ဒိုက အံကြိတ်ပြီး ချန်လွေ့ကို ကြည့်လိုက်သည်။ သူက ထိုမိန်းမကို မကိုင်တွယ်နိုင်ပေ။ အားနည်းတဲ့ကောင်၊ သူ့ကို ငါ အသက်ရှင်လျက် ငရဲခန်းထဲ ရောက်အောင် လုပ်ရမယ်။

“ကောင်းပြီလေ။” ရှီရိုက ချန်လွေ့ကို ရီအယ်ဒိုထံ မစဉ်းစားဘဲ ပေးလိုက်၏။

ထိုအချိန် ကွင်းထဲမှ သက်တန့်က လပြာ၏ ဖိနှိပ်မှုအောက် တဖြည်းဖြည်း ပြိုလဲတော့မည့် အခြေအနေဆီကို ရောက်လာပြီး ဒါဆာ၏အသံ ထွက်ပေါ် လာခဲ့သည်။ “နဂါး! မင်းက ငါ့ဘဝထဲ မြင်ဖူးသမျှထဲမှာ ပါရမီ အရှိဆုံး လေ့ကျင့်သူဆိုတာ ဝန်ခံတယ်။ ငါ့လက် ထဲမှာ ဒီလောက်ကြာကြာ တောင့်ခံ နိုင်ခဲ့တာ။ မင်း နတ်ဘုရား တစ်ပိုင်း အဆင့်ကို တက်နိုင်ခဲ့ရင် တကယ့်ကို ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လိမ့်မယ်။ ကံမကောင်းစွာနဲ့ပဲ မင်းက အဲဒီအဆင့်ကို မရောက် သေးဘူး။ တိုင်းပြည်အဆင့်နဲ့ နတ်ဘုရား တစ်ပိုင်း အဆင့်ကြားမှာ ကျော်လွှားလို့ မရတဲ့ သဘာဝအတားအဆီးတစ်ခု ရှိနေတယ်။ နဂါးတောင်ကြား အတွက် ငါမင်းကို နောက်ဆုံး အသက်ရှင်ဖို့ လမ်းတစ်ခု ပေးမယ်။ ခုခံမှုကို လက်လျှော့လိုက်။ မဟုတ်ရင် မင်း ဒီနေ့ မှော်ပညာရှင် မျှော်စင် အဖွဲ့ထဲကို ဝင်ရောက်ပြီး ငါ့နတ်သူငယ် မျိုးနွယ် အကြီးအကဲကို လိုက်သတ်ဖြတ်တဲ့ လုပ်ရပ်နဲ့တင် မင်းရဲ့ အသက်ကို နှုတ်ယူဖို့ လုံလောက်ပြီ။”

နဂါး! ထိုအခါမှ ရှီရိုက ထိုအမျိုးသမီး၏ သရုပ်မှန်ကို နားလည် သွားခဲ့ပြီး စိတ်ထဲ၌ ကြောက်ရွံ့သွား၏။ ချန်လွေ့က ရီအယ်ဒို၏ မကျေနပ်သော မျက်လုံးများကို ဂရုမစိုက်ပေ။ သူက ကြောက်နေဟန်ဆောင်ပြီး ဇိုလာနှင့် ဒါဆာတို့ တိုက်ပွဲကို အာရုံစိုက် လိုက်သည်။ သူက ကြယ်စွမ်းအားကို စုစည်းထားပြီးသား ဖြစ်ပြီး တိုက်ခိုက်ရန် အသင့် ဖြစ်နေလေပြီ။ ဇိုလာ အန္တရာယ် ကျရောက်သည်နှင့် သူက ချက်ချင်း တိုက်ခိုက်ပေမည်။

ဒါဆာ၏ စကားက ဇိုလာကို ခုခံမှု လက်မလျှော့စေရုံသာမက အလင်းရောင် ရုတ်တရက် တောက်ပပြီး ၆ရောင်ခြယ် မီးတောက်အဖြစ် ပြောင်းလဲသွား၏။ အငွေ့အသက်က ရုတ်တရက် အကြိမ် များစွာ တိုးလာခဲ့သည်။

ချန်လွေ့က ဇိုလာသည် သူ့ကို ပေးထားသော နတ်ဘုရား တစ်ပိုင်း အဆင့် ဥပဒေသ သလင်းကျောက် စက်လုံးများ၏ ဥပဒေသ စွမ်းအားကို [ဒြပ်စင်၆ခုတိုင်းပြည်] လောင်ကျွမ်းစေရန် အတွက် အရည်ပျော်စေပြီး ကြီးမားသော ‘အရေအတွက်ပြောင်းလဲမှု’ ဖြစ်သွားစေ ခဲ့ကြောင်း သိလိုက်သည်။ သူက ၎င်းနှင့် ဒါဆာ၏ နတ်ဘုရားတစ်ပိုင်း ဖိအားကို အသုံးချကာ ‘အရည်အသွေးပြောင်းလဲမှု’ ရရှိချင်နေသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းက အန္တရာယ်များလွန်သည်မှာ အသေအချာ ဖြစ်သည်။ သို့သော်လည်း ချန်လွေ့က နတ်မိမယ်နဂါး၏ စိတ်ဆန္ဒ အနည်းငယ် မျှပင် တွန့်ဆုတ်ခြင်းမရှိ၊ သံသယမရှိဘဲ အလွန် ခိုင်မာနေကြောင်း ခံစားမိသည်။

သူ့တွင် အစွမ်းထက်ရန် အကြောင်း ပြချက် ရှိလေသည်။ ထိုအရာက ချန်လွေ့ ဘေးနားတွင် သေသေရှင်ရှင် အတူတူ သဘာဝသစ်ပင် ပိုင်နက်ထဲ ‘အသူရာ ချောက်နက်’ ကို ရင်ဆိုင်ခဲ့သလိုမျိုးပင်။

ထို့ကြောင့် ချန်လွေ့ မတားဆီးခဲ့ပေ။ သူက လောင်ကျွမ်းပြီး တောက်ပနေသော ရောင်စုံမီးတောက်များကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ၎င်းက မျက်လုံးထဲမှ သူ့စိတ်ထဲသို့ အမှတ်အသား ပြုနေ၏။

“ဥပဒေသနဲ့တိုင်းပြည်ကို လောင်ကျွမ်း စေတာလား။” ဒါဆာက အံ့အားသင့် သွားပြီး တစ်ဖက်က ထိုမျှအထိ အသည်းအသန် ဖြစ်နေမည်ဟု မထင် ထားခဲ့ပေ။ “မင်းက ဒီလောက် ခေါင်းမာနေမှတော့ ငါ ရိုင်းပြတာကို အပြစ်မတင်နဲ့။”

ထိုစကားကို ဒါဆာ ပြောလိုက်သော အခါ ရှီရိုနှင့် ရီအယ်ဒိုတို့၏ တင်းမာ နေသော နှလုံးသားများ သက်သာရာ ရသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ နဂါးမက နောက်ဆုံး သေဆုံးတော့မည်။

လပြာ၏ တောက်ပမှုသည် ပို၍ပင် ကြည်လင်လာပြီး အေးမြသော အလင်းရောင်က လောင်ကျွမ်းနေသော ရောင်စုံမီးတောက်ပေါ် ထွန်းလင်းလာ၏။ နောက်ဆုံးတွင် လှိုင်းက လုံးဝ ရပ်တန့် သွားပြီး မီးတောက်နေသော ရေခဲရုပ်ထု အဖြစ်သို့ ပြောင်းလဲသွားသည်။

၁ စက္ကန့်၊ ၂ စက္ကန့်၊ ၃ စက္ကန့်...

[ဓူဝံကြယ် အသွင်ပြောင်းခြင်း] ကို ချန်လွေ့ အသက်သွင်းရန် ပြင်လိုက်စဉ် ခဲနေသော ‘မီးတောက်’က ရုတ်တရက် တုန်ခါသွားပြီး အေးခဲ မျက်နှာပြင်ပေါ် အက်ကြောင်း တစ်ခု ပေါ်လာသည်။ အက်ကြောင်းက မျက်စိ တစ်မှိတ် အတွင်းမှာပင် အက်ကြောင်း များစွာ အဖြစ်သို့ ပျံ့နှံ့သွားပြီး ရေခဲရုပ်ထုက ပေါက်ကွဲထွက်သွားတော့သည်။

အဖြူရောင်... တိတိကျကျ ပြောရလျှင် ဖောက်ထွင်းမြင်ရသော အရောင်မရှိသည့် မီးတောက်များ လောင်ကျွမ်းသွား၏။ ထိုမီးတောက်ထဲ၌ လှပသော အရောင် များ၊တောက်ပသော အလင်းများ မရှိပေ။ နူးညံ့ပြီး အန္တရာယ်မရှိကြောင်း ထင်ရပြီး ထူးထူးခြားခြား အသက် စွမ်းအင်ကို ဖော်ပြနေလေသည်။

လပြာစွမ်းအားဖြင့် စုစည်းလုနီးပါး ဖြစ်သွားသော လေထုက ရုတ်တရက် အရည်ပျော်သွားပြီး အရည်လဲ့သော မီးတောက်များက နဂါးကြီးတစ်ကောင်ရဲ့ ပုံရိပ်အဖြစ် ပြောင်းလဲသွား၏။ ပုံစံက ကျက်သရေရှိပြီး ခမ်းနားထည်ဝါသည်။ ခရမ်းရောင်မျက်လုံးက ရောင်စုံအလင်း တောက်ပနေ၏။ သူ့နောက်မှာ တောက်ပ နေသော လိပ်ပြာတောင်ပံ တစ်စုံရှိပြီး ခေါင်းပေါ်တွင် သရဖူတစ်ခု ရှိနေပုံရသည်။

“နတ်မိမယ်နဂါး!” ရှီရို အံ့သြသွား၏။ ထိုအရာက ရှားပါးသော နဂါးပင်။ ငါ မှတ်မိသလောက်ဆိုရင် နတ်သူငယ် မျိုးနွယ်စုက ဒဏ္ဍာရီလာ ဘုရင်တစ်ပါးရဲ့ ဇနီးကလည်း နတ်မိမယ် နဂါးပဲ။ ဒါပေမယ့် အဲဒီသခင်က နှစ်ပေါင်းများစွာ လျှို့ဝှက်ပြီး နေထိုင်နေခဲ့တာ။ စွမ်းအား တစ်ခုတည်းကို ကြည့်မယ်ဆိုရင် ဒီနတ်မိမယ်နဂါးက အဲဒီဘုရင်နဲ့ ဘာမှ မဆိုင်လောက်ဘူး။

နတ်မိမယ်နဂါးက ကောင်းကင်ပေါ်သို့ ဟိန်းဟောက် လိုက်ရာ သရဖူက တောက်ပစွာ ရောင်ခြည်ဖြာထွက်လာ၏။ တကိုယ်လုံး ချက်ချင်းပင် ၆ ရောင်ခြယ် အလင်းများအဖြစ် ပြောင်းလဲသွားပြီး လပြာပတ်လည်တွင် လည်ပတ်နေသည်။ မူလက ကျောက်ဆောင်ကဲ့သို့ ခိုင်မာ လှသော လပြာသည်ပင် အနည်းငယ် တုန်ခါလာခဲ့သည်။

၆ ရောင်ခြယ်အလင်းက ပို၍ မြန်မြန် လည်ပတ်လာပြီး အလင်းသည် ပို၍ တောက်ပလာ၏။ ရှီရိုပင် တိုက်ရိုက် မကြည့် နိုင်တော့ပေ။ ထို့နောက် “ခွမ်း” ခနဲ ဖန်ခွက်တစ်ခွက် ကွဲသွားသလို အသံ ထွက်ပေါ်လာ၏။ သဘာဝ မျှော်စင်၏ တစ်ခုလုံး အပြင်းအထန် တုန်ခါသွား လေသည်။ ရုတ်တရက် အလင်းအားလုံး ပျောက်ကွယ်သွား၏။

ကောင်းကင်တွင် အမျိုးသမီးနှစ်ဦး၏ အရိပ်များ ရှိနေသည်။ တစ်ဦးက အပြာရောင်ဆံပင်များ ဝဲလည်နေသော နတ်သူငယ် အမျိုးသမီး ဖြစ်သည်။ သူသည် လှပသော ပုံပန်းသဏ္ဌာန်ရှိပြီး ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ ဘယ်ဘက်လက်တွင် ရှည်လျားသော သလင်းကျောက် တောင်ဝှေး တစ်ခုကို ကိုင်ထားပြီး ညာဘက်လက်တွင် ဓားရှည် အပျော့တစ်လင်ကို ကိုင်ထားလေသည်။ မျက်မှန် တပ်ထားသော ခရမ်းရောင် ဆံပင်နှင့် အမျိုးသမီးက လက်ထဲတွင် တိုတောင်းသော မှော်တုတ်တံ တစ်ခုကို ကိုင်ထားပြီး ခေါင်းပေါ်တွင် လှပသော သရဖူတစ်ခု ရှိသည်။ သူ၏ မျက်နှာလွှား မရှိတော့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ နှိုင်းယှဉ်၍ မရနိုင်သော အလှက မျက်နှာချင်းဆိုင်မှ နတ်သူငယ်ကိုပင် မှေးမှိန်သွားစေခဲ့သည်။

မျက်မှန်တပ်ထားသော ခရမ်းရောင် ဆံပင်နှင့် အမျိုးသမီးက ဇိုလာ ဖြစ်ပြီး သူ့ကိုယ်ပေါ်က ရောင်စုံအလင်းများက အပြောင်းအလဲမရှိဘဲ အစွမ်းထက်တဲ့ အငွေ့အသက်များ ထွက်ပေါ်နေ၏။

ချန်လွေ့ သက်ပြင်းချ လိုက်သည်။ သူ့၏ စိုးရိမ်မှုတွေက ဝမ်းသာအားရမှု အဖြစ် ပြောင်းလဲသွား၏။ အောင်မြင် သွားပြီ။ နောက်ဆုံးတော့ ဇိုလာက နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်ပြီ။

“မယုံနိုင်စရာပဲ! တိုက်ပွဲ အလယ်မှာ အဆင့်တက်နိုင်ခဲ့တာ...” နတ်သူငယ် အမျိုးသမီး ဒါဆာက တအံ့တသြနှင့် ပြောလိုက်သည်။ “မင်းက ငါ့ပြိုင်ဘက် ဖြစ်နေရင်တောင် မင်းကို ဂုဏ်ပြုရမယ်။ မင်းက ငါ့လက်ထဲမှာ ဒီလောက်ကြာကြာ ခံနိုင်ခဲ့တယ်။ ငါတို့ကြားက တိုက်ပွဲက အခုမှ စမှာ...”

ဇိုလာက အနည်းငယ် ပြုံးလိုက်ပြီး ရီအယ်ဒိုကို အံ့သြ‌သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ အကြောင်းမှာ နတ်သူငယ် တစ်ပိုင်းက ချန်လွေ့ကို သူ့လက်ထဲတွင် ‘ကိုင်ထား’ နေ၍ပင်။

ရီအယ်ဒိုက ဇိုလာ၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ မြွေတစ်ကောင်၏ အကြည့် ခံနေရသည့် ဖားတစ်ကောင် ကဲ့သို့ ခံစားလိုက်ရသည်။ တစ်ဖက်မှ လူ၏ မျက်နှာသည် နှိုင်းယှဉ်၍ မရအောင် လှပသော်လည်း သူ၏ စိတ်ထဲတွင် ထိုအချိန် ကြောက်ရွံ့မှုသာ ရှိနေသည်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်း မရှင်းပြနိုင်ဘဲ ပေါက်ကွဲခဲ့သော ယခင်မှ မြင်ကွင်းကို ပြန်တွေးမိသော အခါ၍ပင်... ဒီတစ်ခါကော ဘယ်အစိတ်အပိုင်းက ‘ပေါက်ကွဲ’ မှာလဲ။

“မလှုပ်နဲ့။ မဟုတ်ရင် မင်းရဲ့ ယောက်ျားကို ချက်ချင်း သတ်ပစ်မယ်!” ရီအယ်ဒို၏ တင်းမာနေသော လက်က ချန်လွေ့၏ လည်ပင်းကို ဆုပ်ကိုင်ထားပြီး အင်အားပြင်းထန်စွာ တုန်လှုပ်နေ၏။

“အိုး...” နတ်မိမယ်နဂါးက ပြန်လည် တုံ့ပြန်လိုက်ပြီး သူ့၏ အငွေ့အသက်ကို ပြန်ထိန်းလိုက်သည်။

အမှန်တွင် ရီအယ်ဒို၏ စွမ်းအားနှင့် ဆိုရင် ချန်လွေ့ကို ဖမ်းဆီးထားလျှင်ပင် ဇိုလာက ရီအယ်ဒိုကို အလွယ်တကူ အဆုံးသတ်နိုင်၏။ သူ ‘ခြိမ်းခြောက်ခံရ’ ခြင်းက ချန်လွေ့၏ ‘ထိတ်လန့်’နေသော အကြည့်ကို မြင်လိုက်ရ၍ပင်။

အကြည့် တစ်ချက်ဖြင့် နတ်မိမယ် နဂါးက သူ့ယောက်ျား၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။ ဘာမှ မလုပ်နဲ့ဦး။

All Chapters