← Chapters

မြင့်မြတ်ခြင်းနှင့် စက်ဆုပ်ဖွယ်

Vol. 61 Ch. 986

မြင့်မြတ်ခြင်းနှင့် စက်ဆုပ်ဖွယ်

Vol. 61 Ch. 986

သူတော်စင်အဆင့် ‘အသေးလေး’ တစ်ယောက်ကြောင့် နတ်ဘုရားတစ်ပိုင်း အဆင့် နှစ်ယောက်အကြား တိုက်ပွဲ ရပ်တန့်သွားခဲ့သည်။ ထိုအသေးလေးက နတ်ဘုရားတစ်ပိုင်း အဆင့် တစ်ဦး၏ ‘အသက်’ကို လက်ထဲတွင် ထိန်းချုပ် ထားသည်ဟု ထင်နေသည်။ အနည်းဆုံး ထိုအသေးလေးက ထိုသို့ ထင်နေ၏။

“မလှုပ်နဲ့။ မဟုတ်ရင် ငါ သူနဲ့အတူ သေလိုက်မယ်။”

ကံကောင်းစွာပင် ရာအယ်ဒိုတွင် သတိ ရှိနေသေးသော ဆရာ တစ်ယောက် ရှိနေသေးသည်။ ရှီရိုက ချန်လွေ့နားကို ‘အချိန်မီ’ ရောက်လာပြီး ‘ဓားစာခံ’ ကို အမှန်တကယ် ထိန်းချုပ်လိုက်သည်။

ဇိုလာက နတ်ဘုရား တစ်ပိုင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းက ရှီရိုကို ကြောက်လန့်စေခဲ့ပြီး တိုက်ခိုက်ရန် သတ္တိ မရှိတော့သော်လည်း ဓားစာခံဖမ်းခြင်းက တိုက်ရိုက်တိုက်ခိုက်ခြင်း မဟုတ်။ ဇိုလာ တကယ် တိုက်ခိုက်ခဲ့လျှင် ရှီရိုက သူ့ကိုရော ရီအယ်ဒိုကိုပါ ဇိုလာ မသတ်ခင် ‘ဓားစာခံ’ကို သတ်နိုင်ရန် လုံးဝ သေချာနေသည်။

ဒါဆာက မျက်မှောင် ကြုတ်လိုက်ပြီး ဓားစာခံ ဖမ်းထားသော လုပ်ရပ်ကြောင့် အနည်းငယ် မပျော်မရွှင် ဖြစ်နေပုံရ၏။ နတ်မိမယ်နဂါးက စိုးရိမ်ပူပန်မှု အချို့ ပြသနေပြီး ထိုနေရာတွင် မလှုပ်မယှက် ရပ်နေ၏။ (တကယ်တော့ ထိုအရာက သူ၏ ပုံမှန်အမူအရာပင်)

ဓားစာခံအဖြစ် အဖမ်းခံထားရသော ချန်လွေ့က ကြောက်လန့်နေပြိး အသံ တုန်တုန်နှင့် ပြောလိုက်၏။ “အားလုံးပဲ။ အရင် စိတ်အေးအေးထားကြပါ။ ဒီနေ့ ဖြစ်ရပ်က အသေးအဖွဲ ကိစ္စလေးပါ၊ သေတဲ့ အထိ ဖြစ်ရ မလိုပါဘူး။”

“အသေးအဖွဲ ဟုတ်လား။” ဒါဆာက ရှီရိုကို လှမ်းကြည့်ရင်း မဆင်မခြင် မလုပ်ရန် အချက်ပြကာ မေးလိုက်၏။ “တကယ် ဘာဖြစ်ခဲ့တာလဲ။”

ဒါဆာသည် မူလက တံခါးပိတ် လေ့ကျင့်နေခဲ့ပြီး မျှော်စင် အဖွဲ့ကို ဖျက်ဆီးခဲ့သည့် ဇိုလာကြောင့် အလန့် တကြား ဖြစ်သွား၏။ ထို့နောက် သူက လေ့ကျင့်ရေးကို ရပ်လိုက်ပြီး ဇိုလာကို မပြောမဆို တိုက်ခိုက် ရတော့သည်။ မူလက သေချာပေါက် နိုင်မယ့် တိုက်ပွဲ ဖြစ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ဇိုလာက တိုက်ပွဲအတွင်း နတ်ဘုရားတစ်ပိုင်း အဆင့်သို့ တက်ရောက် သွားခဲ့သည်။ ယခင် တိုက်ပွဲမှ အားကောင်းသော စွမ်းအားကြောင်င့ ထိုတိုက်ပွဲ ရလဒ်ကို မခန့်မှန်းနိုင်ပေ။ နဂါးတောင်ကြားနှင့် ဆက်ဆံရေးကြောင့် ဒါဆာက ထိုကိစ္စကို ထိန်းမရသည်အထိ မဖြစ်စေချင်ပေ။

“ဒါက တကယ် အသေးအဖွဲ ကိစ္စလေးပါ။” ချန်လွေ့က သေရမှာ ကြောက်နေသော ပုံစံဖြင့် ပြောလိုက် သော်လည်း သူပြောခဲ့သည်က ဇိုလာနှင့် ရှီရိုတို့ တိုက်ခိုက်သော အကြောင်းကို မဟုတ်ဘူး။ မူလ အကြောင်းရင်းဖြစ်တဲ့ ဗစ်ဇိုနှင့် ပြဿနာ အကြောင်းကိုပင်။

ဗစ်ဇိုသည် စာရေး ပါဘို၏ သမီး နှစ်ဦးကို နှစ်သက်ပြီး လောင်းကစား အကြွေးများစွာ တင်ရှိပြီးနောက် ပါဘိုကို ကိုယ့်ကိုယ်ကို သတ်သေရန် ကြံစည် ခဲ့သည်။ ထို့နောက် အကြွေးကောက်ခြင်း အမည်ခံကာ တက်ဇ် နှင့် ခီလီတို့ကို ပိုင်ဆိုင် လိုခဲ့သည်။ သူစေလွှတ်သော တိုက်ခိုက်ရေး သမားများကို လစ်ဒ်က တိုက်ထုတ်ခဲ့ခြင်း ဖြစ်၏။ သိပ်မကြာခင် ဗစ်ဇိုက ကိုယ်တိုင် ရောက်လာခဲ့သည်။ ဇိုလာ၏ သင်ခန်းစာ အပေးခံရပြီးနောက် သူက အပြစ်မဲ့ လမ်းသွားလမ်းလာများ ကြားတွင် [ငရဲမီးတောက်] ၏ အစုလိုက် အပြုံလိုက် ဖျက်ဆီးခြင်း မှော်ပညာကို ထုတ်လွှတ်ရန် စာလိပ် တစ်ခုကို အသုံးပြု ခဲ့သည်။ ကံကောင်းစွာပင် လစ်ဒ်က သူ့ကို တားဆီးခဲ့သည်။ ပါဘိုကို သတ်ပြီး သမီးနှစ်ဦးကို ဖမ်းဆီးရန် နောက်ကွယ်မှ ကြိုးကိုင်သူမှာ ရီအယ်ဒို ဖြစ်ကြောင်း ဗစ်ဇိုက ဖော်ထုတ်ခဲ့သည်။

လစ်ဒ်က ရီအယ်ဒိုကို အာမခံ ချင်တာကြောင့် ဇိုလာက ဗစ်ဇို ကို ပြင်းထန်စွာ အပြစ်ပေးပြီး မိန်းကလေး နှစ်ယောက်ကို ကယ်တင် ခဲ့တယ်။ ထိုအချိန် ရီအယ်ဒို ပေါ်လာပြီး မိန်းကလေးနှစ်ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးဖို့ ကြိုးစားပြီး ဇိုလာကို စော်ကားခဲ့သည်။ ဇိုလာ ဒေါသထွက်ပြီး ရီအယ်ဒိုကို သင်ခန်းစာ ပေးခဲ့ရာ နတ်သူငယ် အကြီးအကဲ ရှီရိုကို ဆွဲဆောင်ခဲ့သည်။ နောက်ဆုံး သူတို့က မျှော်စင်အဖွဲ့ဆီကို လိုက်ရင်း တိုက်ခိုက် ခဲ့ကြသည်။

ချန်လွေ့က ဇာတ်ကြောင်း ပြောသော ဘာသာစကားမှာ ကျွမ်းကျင်မှု အချို့ကို အသုံးချပြီး ပါဘို မိသားစု ကြေကွဲဖွယ် အကြောင်းနှင့် နောက်ကွယ်မှကြိုးကိုင်သူ ရီအယ်ဒိုကို မီးမောင်းထိုးပြခဲ့တယ်။ ထို့နောက် ရီအယ်ဒိုက ဇိုလာကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်ကို မလေးမစား စော်ကားသော စကားများ အသုံးပြုခ့သည်ကို အလေးပေးပြောခဲ့၏။ ဇိုလာ အပြစ်ပေးခဲ့သည်မှာ အနည်းငယ် လွန်ကဲသော်လည်း နတ်သူငယ်တစ်ပိုင်း ကိုတော့ မသတ်ခဲ့ပေ။ ရှီရိုကို မှော်ပညာရှင် မျှော်စင် အဖွဲ့ထဲအထိ လိုက်ဖမ်းရသည်က ရှင်းပြချက်တစ်ခုကို လိုချင်၍ပင်။

ဒါဆာက ဖြည်းဖြည်းချင်း ခေါင်းညိတ် လိုက်ပြီး ရီအယ်ဒိုနှင့် ရှီရိုကို ကြည့်သော သူ့အကြည့်က အနည်းငယ် ပို၍ မကျေနပ်ပုံ ပေါက်လာသည်။ ဇိုလာ၏ စွမ်းအားကို ကြည့်ရလျှင် နတ်ဘုရား တစ်ပိုင်း အဆင့်ကို မရောက်ခင်မှာပင် ရှီရိုကို သတ်ပစ်ရန် မခက်ခဲပေ။ သူ့ကို မသတ်ခဲ့သည်မှာ နဂါးနှင့် နတ်သူငယ် မျိုးနွယ်ကြားက ဆက်ဆံရေးကို ထည့်၍ စဉ်းစားနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အမှား လုပ်ခဲ့တဲ့သူက ငါ့ဘက်က ဖြစ်နေတဲ့ ပုံပဲ။။

ရှီရို၏ မျက်နှာ အနည်းငယ် ပြောင်းလဲ သွားသည်။ သူက ရီအယ်ဒိုကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး ဘာကြောင့်ဖြစ်မှန်း မသိခဲ့ပေ။ ရီအယ်ဒို၏ လုပ်ဆောင်ချက်များက ဆရာတစ်ဦး အနေဖြင့် သူ့အတွက် အရေးမကြီး သော်လည်း အဓိကမှာ နဂါးတောင်ကြားကဲ့သို့ ကြီးမားသော နောက်ခံရှိသည့် ဇိုလာကဲ့သို့ အထူး အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးနှင့် ပြဿနာ မဖြစ်ရန်ပင်။

အထူး အစွမ်းထက် ပုဂ္ဂိုလ်များသည် များသောအားဖြင့် နတ်ဘုရားတစ်ပိုင်း စာချုပ်ကို လိုက်နာကြသည်။ ထို ‘စာချုပ်’ သည် ကျွန်-သခင် စာချုပ်နှင့် တန်းတူ ညီမျှစာချုပ် ကဲ့သို့ တင်းကျပ်သော စာချုပ်မျိုး မဟုတ်ဘဲ ‘လုပ်ငန်းစည်းကမ်း’ တစ်ရပ်သာ ဖြစ်သည်။ ထိုအရာက အထူး အစွမ်းထက် ပုဂ္ဂိုလ်များသည် သာမန် လောကထဲကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရခြင်းပင်။

ထို’စွက်ဖက်ခြင်း’က တိုင်းပြည်၊ အင်ပါယာ သို့မဟုတ် လူမျိုးစု စစ်ပွဲများနှင့် ပတ်သက်၍ ဝင်ရောက် စွက်ဖက်ခြင်းကို အဓိက ရည်ညွှန်း၏။ ထိုအရာက လောက အာဏာကို တိုက်ရိုက် ထိခိုက် စေလိမ့်မည်။ အထူး အစွမ်းထက် ပုဂ္ဂိုလ်များက သာမန် လူများကို မဆင်မခြင် သတ်ဖြတ်ခြင်း မပြုရဟူသော ‘လျှို့ဝှက် စည်းကမ်း’ လည်း ရှိသေးသည်။ သူတို့က အထူး အဆင့်အောက်မှ လေ့ကျင့်သူများ သို့မဟုတ် သာမန်လူများကို သက်သက် သတ်နေမည်ဆိုရင် ယုံကြည်သူများ၏ ယုံကြည်မှု စွမ်းအားကို အဘယ်က ရနိုင်တော့မည်နည်း။ ထိုအရာများက အဆင့်တက်ပြီး စွမ်းအား တိုးတက်ရန် အတွက် မရှိမဖြစ်လိုအပ်သော အခြေခံ အုတ်မြစ်ပင်။ နတ်ဆိုးဘုံတွင် နတ်ဘုရား တစ်ပိုင်း စာချုပ် မရှိလျှင်ပင် ထိုကိစ္စမျိုး ပုံမှန်အားဖြင့် ဖြစ်လာမည် မဟုတ်ပေ။

အထူး အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ သက်တမ်းက သာမန်လူထက် များစွာ ပိုမို မြင့်မား သော်လည်း စွမ်းအား ရပ်တန့်နေပါက နောက်ဆုံးတွင် သေဆုံး သွားရမည် ဖြစ်သည်။ လုံလောက်သော သက်တမ်း မရှိခြင်းကြောင့် ပိုမို၍ မြင့်မားသော အဆင့်သို့ တက်ရောက် နိုင်ခြင်း မရှိသော လေ့ကျင့်သူများ ရှိနေခြင်းက မထူးဆန်းပေ။ သူတို့က အဆက်မပြတ် လေ့ကျင့်ပြီး တိုးတက် စေရန် ကြိုးစားရမည် ဖြစ်သည်။

သာမန်အဆင့်၏ အမြင့်ဆုံးဖြစ်သော ‘သူတော်စင်’အဆင့်ကို ရောက်ရှိလျှင် အစစ်အမှန် စွမ်းအား လမ်းကြောင်း အပေါ်သို့ စတင် ရောက်ရှိရုံသာ ရှိသေးသည်။ အများစုက လေ့ကျင့်ရေး တွင်သာ အချိန်ကုန်ခဲ့ကြ၏။ တိုင်းပြည် အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များက အစစ်အမှန် တိုင်းပြည်ကို နားလည်ရန် ကြိုးစားကြသည်။ နတ်ဘုရားတစ်ပိုင်း အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များက တိုင်းပြည်ကို အဆင့်မြှင့်တင်ရန်၊ ယုံကြည်မှု ရရှိရန်နှင့် နတ်ဘုရား-ယောင်ဘဝသို့ ရောက်ရှိရန် ကြိုးစား ကြသည်။ နတ်ဘုရား-ယောင် များက ယုံကြည်သူများ၊ တိုင်းပြည်နှင့် အစွမ်းကို အဆက်မပြတ် ချဲ့ထွင်နေ၏။ နတ်ဘုရား လမ်းကြောင်းအပေါ်သို့ အမှန်တကယ် တက်လှမ်းရန် လေ့ကျင့်မှုက အရေး အကြီးဆုံး ဖြစ်သည်။ မိမိ၏ အကျိုး စီးပွားနှင့် လေ့ကျင့်မှုကို မထိခိုက်သရွေ့ ပုံမှန်အားဖြင့် အဓိပ္ပာယ် မရှိသော ‘လောကီကိစ္စ’ကို ဝင်ရောက် စွက်ဖက်ရန် သူတို့ အချိန်ပေးမည် မဟုတ်ပေ။

သို့သော်လည်း အထူး အစွမ်းထက် ပုဂ္ဂိုလ်များ လုံးဝ ကန့်သတ်ခံရသည်ဟု မဆိုလိုပေ။ သူတို့က သာမန်လူများကို ဘာမှမလုပ်ရသည့် အကြောင်းရင်းမှာ သူတို့၏ သရုပ်ကြောင့်သာ ဖြစ်သည်။ သို့သော် စိတ်မကြည်သော လူအချို့ကို သတ်ဖြတ်ခြင်းက ဘာမျှ မဖြစ်ပေ။ အထူးသဖြင့် သူတို့၏ ဂုဏ်သိက္ခာကို စော်ကားရဲသူများမှာ သေသင့်သူများ ဖြစ်ကြသည်။

ယနေ့ ဖြစ်ရပ်တွင် ရီအယ်ဒိုက စတင်ပြီး ဇိုလာကို စော်ကား ခဲ့လေသည်။ သူ အသက်ရှင်နေ သေးသည်မှာ ကံကောင်းလှ၏။

ဇိုလာက ချန်လွေ့နှင့် စကားပြောခဲ့စဉ် သူနှင့် အကြည့်များ အကြိမ် များစွာ ဖလှယ်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ရီအယ်ဒိုကို ချက်ချင်းပင် ပြောလိုက်သည်။ “နတ်သူငယ်တစ်ပိုင်း။ ကျွန်မ ရှင့်ကို တစ်ခုပဲမေးမယ်။ ဗစ်ဇိုက မိန်းကလေး နှစ်ယောက်ရဲ့ အဖေကို ယုတ်မာတဲ့ နည်းလမ်းနဲ့ သတ်ပြီးတော့ မိန်းကလေး နှစ်ယောက်ကို အတင်း အဓမ္မ ပိုင်ဆိုင်ဖို့အတွက် လုပ်တာကို နောက်ကွယ်က ကြိုးကိုင်ခဲ့တာ ရှင်လား။”

“ဒါပဲလား။” ရီအယ်ဒိုက ဇိုလာသည် သူ့၏ စော်ကားမှုကို အပြစ်မတင်ဘဲ တက်ဇ် နှင့် သူ့ညီမဆီကို ခေါင်းစဉ် ပြောင်းသွားမည်ဟု မထင်ထားခဲ့ပေ။ သူ ကြက်သေသေသွားပြီး မစဉ်းစားဘဲ ပြောလိုက်၏။ “ဟုတ်တယ်။ တက်ဇ်ကို ဗစ်ဇို လိုချင်တာ။ ကျုပ် စိတ်ဝင်စားတာ အဲဒီ ကလေးမလေးပဲ။”

“ခင်ဗျားရဲ့ လေသံကို ကြည့်ရတာ ဒီလို ကိစ္စမျိုးက ပုံမှန်ပဲလား။” ရီအယ်ဒို ထိန်းချုပ် ထားသော ချန်လွေ့က ပြောလိုက်၏။

“ဟုတ်တယ်။ သူတို့က နိမ့်ကျတဲ့ လူသားတွေပဲ။ ငါ့ရဲ့ နှစ်သက်မှုကို ရတာ သူတို့အတွက် ဂုဏ်ယူစရာပဲ။ သေသွား ရင်တောင်မှပေါ့။” ရီအယ်ဒို နှင့် ချန်လွေ့ မျက်လုံးချင်း ဆုံသောအခါ သူက စိတ်ထဲ ရှိနေသည်ကို ထိန်းမရဘဲ ပြောလိုက်၏။ တကယ်တော့ ဇိုလာ၏ စွမ်းအားကြောင့် မသိစိတ်ကနေ၍ သူ့၏ မုန်းတီးမှုကို ‘အားနည်းသော’လူသား ချန်လွေ့ဆီ လွှဲပြောင်းလိုက်သည်။ သူ၏စကားထဲ၌ မကျေနပ်ချက်များ ပါနေတယ်။

“လူသား ပုရွက်ဆိတ်တွေက နဂါးနဲ့ နတ်သူငယ်မျိုးနွယ်ကြား အငြင်းပွားစရာ ဖြစ်အောင် လုပ်ရတာ တန်ဖိုးမရှိဘူး။ အဲဒါကြောင့်ဆိုရင် မတန်ဘူး...” ရှီရိုက မောက်မာစွာ ထပ်ဖြည့်ပြောလိုက်၏။ နတ်သူငယ် အကြီးအကဲ၏ အမြင်အရ နဂါးများနှင့် နတ်သူငယ် မျိုးနွယ်များက မာနကြီးသော လူမျိုးများ ဖြစ်ရာ ထိုသို့ စက်ဆုပ်ရာ သတ္တဝါမျိုး အတွက် တိုက်ခိုက် နေခြင်းက တန်ဖိုး မရှိပေ။ ထိုစကားက တစ်ဖက်မှလည်း ထွက်လာ သင့်ပေသည်။

ထိုပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်လျှင် အကောင်းဆုံးပင်။ အကြောင်းမှာ ထိုကဲ့သို့ အင်အားကြီး ရန်သူမျိုး ရှိနေခြင်းက သူ့ကိုရော ရီအယ်ဒိုကိုပါ စိတ်မသက်မသာ ဖြစ်စေ၍ပင်။

“နိမ့်ကျတဲ့လူသားလား။” ချန်လွေ့ ရုတ်တရက် သဘောပေါက် သွား၏။ “ဒါကြောင့် ဇိုလာ လိုက်ဖမ်းတာကို ရပ်တန့်ဖို့ အဖြူရောင် မှော်ပညာရှင် မျှော်စင်နဲ့ အထဲက လူတွေကို တကယ် ဖောက်ခွဲပစ်လိုက်တာကိုး။”

ဒါဆာ၏ မျက်နှာ မည်းမှောင်နေပြီ ဖြစ်သည်။ ထိုစကားကို ကြားသောအခါ နတ်သူငယ် အမျိုးသမီး မှော်ပညာရှင်က မျက်ခုံးကိုပင့်လိုက်သည်။ “အဖြူရောင် မျှော်စင်ကို ဖောက်ခွဲ ပစ်လိုက်တယ် ဟုတ်လား။ ရှီရို၊ ဘာဖြစ်နေတာလဲ။”

ရှီရို ခဏ တွေဝေသွားပြီး ယခင်က အလိုက်ခံနေစဉ် အဖြူရောင် မျှော်စင် ပေါက်ကွဲမှု အကြောင်းကို ခပ်တိုတို ပြန်ပြောပြခဲ့သည်။ ဒါဆာက ရှီရို၏ လုပ်ရပ်များကြောင့် သိသိသာသာ ဒေါသ ထွက်နေသော်လည်း ရန်သူက နေရာတွင် ရှိနေသေးရာ သူ့ကို ယခု မဆူနိုင် သေးပေ။ သူက ပို၍ပင် မျက်မှောင် ကြုတ်သွားခဲ့သည်။

“နိမ့်ကျတဲ့ လူသားတွေ ဟုတ်လား။ သတ်ချင်သလို သတ်လို့ရတယ်လား။” ချန်လွေ့က လည်ပင်းကို ညှစ်ထားသော ရီအယ်ဒိုကို ကြည့်လိုက်၏။ သူက ‘ဓားစာခံ’ ဖြစ်နေသေးသည်ကို မေ့နေပုံ ရသည်။ “ကျုပ်သိတဲ့ နတ်သူငယ် မျိုးနွယ်က မာနကြီးတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ အသက်ကို မြတ်နိုးတယ်၊ သဘာဝတရားကို မြတ်နိုးတယ်။ ခင်ဗျားလို နတ်သူငယ်တွေ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။”

ရှီရိုက လှောင်ပြုံး ပြုံးလိုက်သည်။ ဇိုလာကို ကြောက်နေ၍သာ မဟုတ်လျှင် ထိုကဲ့သို့ ပုရွက်ဆိတ်မျိုးကို လက်ချောင်း တစ်ချက်တည်းနှင့်ပင် ရှင်းပစ်နိုင်၏။

ရီအယ်ဒိုနှင့် ချန်လွေ့တို့ မျက်လုံးချင်း ဆုံသွားရာ သူ့ဝိညာဉ် တုန်လှုပ်သွားပုံ ရသည်။ သူက ခံစားချက် ပြင်းထန် သွားပြီး အော်ပြောလိုက်သည်။ “အဲဒီ ကောင်မလေးက ဘယ်သူလဲ။ ငါ သတ်ခဲ့တဲ့ လူတွေက မှော်ပညာရှင် မျှော်စင် တစ်ခုကို တည်ဆောက်ဖို့ လုံလောက်တယ်။ လူသားတွေက ညစ်ပတ်ပြီး၊စက်ဆုပ်စရာ ကောင်းတယ်။ ဒီညစ်ပတ်တဲ့ သွေးမျိုးဆက်ကြောင့်သာ မဟုတ်ရင် ငါက အမြင့်မြတ်ဆုံးနဲ့ အသန့်စင်ဆုံး နတ်သူငယ် ဖြစ်ရမှာ။ ငါ လူသားတွေကို မုန်းတယ်! အဲဒီ ညစ်ပတ်တဲ့ လူသားတွေကို ရက်ရက် စက်စက် သတ်ရမှ ငါ့ဒေါသပြေမယ်။ နဂါးမ။ မင်းက ငါ့ရဲ့ အရေးအကြီးဆုံးကို ဖျက်ဆီးခဲ့တယ်။ ငါ လက်စားချေရမယ်။ ဒီလူသားကို တစ်စစီ လုပ်ပစ်မယ်။”

ထိုအရာက ရီအယ်ဒို၏ စိတ်ထဲတွင် ဝှက်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ သူက ချန်လွေ့၏ မိစ္ဆာမျက်ဆံ စွမ်းအား ပါဝင်သော မျက်လုံးများကို မြင်ရသည့် အခါတွင် ထိန်းမရဘဲ ပြောချလိုက်၏။ ရှီရိုက ရီအယ်ဒို ထိုသို့ စကားများ ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အထူးသဖြင့် နောက်ဆုံး နှစ်ကြောင်းက ဇိုလာကို မလေးမစား ပြောနေခြင်းဖြစ်ရာ သူ ထိတ်လန့်သွားခဲ့သည်။ “ရီအယ်ဒို..”

“ကျုပ် ခင်ဗျားကိုလည်း မုန်းတယ်။ ဆရာ။ အ...အဖေ။” ရီအယ်ဒိုက စိတ်လွတ်နေပုံရပြီး မုန်းတီးနေသော မျက်နှာဖြင့် ပိုကြီးမားသော လျှို့ဝှက်ချက် တစ်ခုကို ဖော်ထုတ်လိုက်၏။

ဒါဆာ အံ့သြသွား၏။ ရီအယ်ဒို က တကယ် ရှီရိုရဲ့သား ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။

“ပါးစပ်ပိတ်ထား။” ရှီရိုက ရီအယ်ဒို ထိုလျှို့ဝှက်ချက်များ အားလုံးကို ယခုလို အရူးသဖွယ် ဖော်ထုတ် လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရီအယ်ဒိုက စိတ်လွတ်သွားသလို ဖြစ်နေပြီး အပြင်းအထန် အော်လိုက်၏။ “ဂရုမစိုက်ဘူး။ ဘာလို့ အဲဒီနိမ့်ကျတဲ့ မိန်းမကို ကျုပ်ကို မွေးခိုင်းတာလဲ။ သူက ခင်ဗျားရဲ့ ကစားစရာတွေ ထဲက တစ်ယောက်ပဲ။ ဘာလို့ ကျုပ်က တကယ့် နတ်သူငယ် မဟုတ်ရတာလဲ။”

“ခင်ဗျားရဲ့ အဖေက ငယ်ငယ်က ဘယ်လို အတွေးအခေါ်တွေ စိတ်ထဲ ထည့်သွင်း ပေးခဲ့လဲဆိုတာ မသိဘူး။ နတ်သူငယ်တစ်ပိုင်း အနေနဲ့ မင်းရဲ့စရိုက် လက္ခဏာက ဘယ်လို ပုံပျက် ပန်းပျက် ဖြစ်သွားလဲ ဆိုတာလည်း မသိဘူး... တခြား နတ်သူငယ် တစ်ပိုင်း တွေကိုလည်း မတရား ခွဲခြား ဆက်ဆံ ခံရတာ တွေ့တယ်။ ဒါပေမယ့် သူတို့က ဒီခွဲခြားဆက်ဆံမှုကို တခြားသူတွေဆီ မလွှဲပြောင်းကြဘူး။ သူတို့က ပုံမှန် လူတွေထက် အသက်ကို ပိုပြီးတော့ ချစ်မြတ်နိုးကြတယ်။”

ချန်လွေ့၏ အသံက တည်ငြိမ် သော်လည်း ဖော်ပြ၍ မရသော အရှိန်အဟုန်တစ်ခု ပါဝင်နေ၏။ “ကျုပ်က အားနည်းရင် အားနည်းမယ်။ ဆင်းရဲရင် ဆင်းရဲမယ်။ အဆင့်အတန်း နိမ့်ရင် နိမ့်မယ်။ ရုပ်ဆိုးရင် ဆိုးမယ်။ ဒါပေမယ့် အသက်ရှေ့မှာ အားလုံးက တန်းတူပဲ။ ကျုပ်က စက်ဆုပ်ဖွယ် ဟုတ်သလို ခင်ဗျားလည်း မြင့်မြတ်တာ မဟုတ်ဘူး။ ခင်ဗျားက မြင့်မြတ်တယ်လို့ ထင်တဲ့အခါ တကယ်က စက်ဆုပ်စရာ အကောင်းဆုံး တည်ရှိမှုပဲ။”

“သေလိုက်တော့။ ခွေးကောင်!” ရီအယ်ဒို၏ ဒေါသက ထိန်းမရအောင် အမြင့်ဆုံး ရောက်သွားပြီး ချန်လွေ့ကို သတ်ပစ်ရန် စွမ်းအားကို ထုတ်လွှတ် လိုက်သည်။ သူက စွမ်းအားကို မသုံးနိုင် ခင်မှာပင် သူ့နဖူးက ရုတ်တရက် အေးစက် သွားပြီး တကိုယ်လုံးက ရုတ်တရက် တုန်ခါသွား ပြီးနောက် ပေါက်ကွဲသွားတော့သည်။

လက်ညှိုး တစ်ချောင်း။ ချန်လွေ့၏ လက်ညှိုးတစ်ချောင်းကြောင့်ပင်။

“ရီအယ်ဒို!” ရှီရို အော်လိုက်၏။ သူက မျက်လုံးများကို မယုံနိုင်ခဲ့ပေ။ သူ့သားကို အဲဒီ စက်ဆုပ်စရာ လူ့ပုရွက်ဆိတ်က သတ်လိုက်တာလား!

နတ်သူငယ် အကြီးအကဲက ထိုအချိန် ရူးသွပ်လုနီးပါး ဖြစ်သွား၏။ ရီအယ်ဒိုက နတ်သူငယ် တစ်ပိုင်း ဖြစ်သော်လည်း သူ၏ တစ်ဦးတည်းသော မျိုးဆက်ပင်။

All Chapters