← Chapters

( ကိုလာကို အတုယူထားတဲ့ အစွမ်းတိုးမြှင့် ဆေးလုံး)

Vol. 6 Ch. 73

( ကိုလာကို အတုယူထားတဲ့ အစွမ်းတိုးမြှင့် ဆေးလုံး)

Vol. 6 Ch. 73

( ဟုတ်တယ်ပိုင်ရှင်။ အဲ့ဒါကိုလဲ ထည့်တွက်တယ်။ အလုပ်သမားတိုင်းက ရနိုင်မဲ့ ပစ္စည်းတွေထဲက ရွေးလို့ရတယ်။ အာလူးကြော်လား အသင့်စားခေါက်ဆွဲလား တစ်ခုပဲရမယ်။ပြီးတော့ အဲ့ဒါကို တွဲစားဖို့ ဖျော်ရည်တစ်ခုရမယ်)

( ဆိုင်ရဲ့ ဗားရှင်းပေါ်မူတည်ပြီး ကန့်သတ်ချက်က ပြောင်းသွားမှာပါ။ ရွေးချယ်စရာတွေ ထပ်ရချင်ရင် ဆိုင်ကို အဆင့်မြှင့်ပေါ့)

‘ ဒီတော့ ဒါကိုလဲထည့်တွက်တာပဲပေါ့။ မဆိုးပါဘူး’

ဟောင် ထျန်းလုကို စိတ်သက်သာသော အပြုံးများဖြင့် ကြည့်လိုက်သည်။

“ မင်းလိုချင်ရင် တစ်ခုထပ်ယူလို့ရတယ် လု”

ထျန်းလု ခေါင်းညိတ်လို​က်ကာ

“ ကျေးဇူးပါ”

“ သူဋ္ဌေး”

ထျန်းလု စင်တွေအနားကို လျှောက်သွားလိုက်၏။

အာလူးကြော်တစ်ထုပ်နဲ့ မက်မွန်လက်ဖက်ရည် တစ်ဗူး ယူလိုက်သည်။

ပြီးလျှင် ထောင့်ကိုလျှောက်သွားလိုက်၏။

သူ ထိုင်ချပြီးနောက်တွင်… လူတွေ ရှိရာကို ခေါင်းအနည်းငယ် စောင်းကြည့်လိုက်၏။

တစ်ချက်သာ ကြည့်တာပင်။

ထို့နောက်မှာ သူ အရှေ့ပြန်လှည့်လိုက်သည်။ လျင်မြန်တဲ့အရှိန်နဲ့ ကြွတ်ကြွတ်အိတ်ကို သပ်ရပ်စွာ ဖောက်လိုက်ကာ စတင် စားသုံးတော့၏။

ဂျွတ်ဂျွတ်!

အကယ်၍ တစ်ယောက်ယောက်ကသာ ထျန်းလုရဲ့ မျက်နှာဖုံးအောက်ကို ချောင်းကြည့်နိုင်မယ်ဆိုရင် ရှားပါးမြင်ကွင်းကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ထိုလူအိုကြီးသည် တိတ်တဆိတ် ပျော်ရွှင်မှုကို ခံစားနေတာပင်။

သူ့ရဲ့ပါးစပ်ထဲ ဝင်သွားတဲ့ အာလူးကြော် တစ်ပြားဆီတိုင်းက ကောင်းကင်ဘုံက ဆုလာဘ်တွေလိုပဲ။ မသိရင် ကောင်းကင်ဘုံက ကိုယ်တိုင် ကြော်ထားသလိုမျိုး ခံစားရသည်။

ရာချီတဲ့ တိတ်တဆိတ် သေဆုံးမှုတွေရဲ့ လက်သည်တရားခံ ကြေးနီရောင် ခေါင်းဖြတ်စက်ကြီးတော့…

အခုချိန်မှာ အာလူးကြော်ရဲ့ လက်အောက်မှာ အရှုံးပေးလိုက်ရပြီပင်။

အရင်က ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့တဲ့ သူတွေသာ အခု မြင်လို့ကတော့ သူတို့ရဲ့ မှတ်ဉာဏ်ကိုပါ သံသယ ဝင်သွားလောက်သည်။ ထျန်းလုမှာ အစားစားရတာ ကြိုက်တဲ့ အမြွှာ ညီကို ရှိတာလားလို့ ထင်သွားလောက်သည်ပင်။

မိုရှီရှီ ခေါင်းထောင်ကြည့်လိုက်သည်။

“ သူဋ္ဌေး… အဲ့ဒီနှစ်ခုက… ပစ္စည်းအသစ်လား?”

“ ဟုတ်တယ် ရှီရှီလေး”

“ စားကောင်းလား သူဋ္ဌေး”

“ မင်း ကိုယ်တိုင် စားကြည့်လေ”

“ ငါနောက်မှ စားကြည့်တော့မယ်.. ဒီနေ့တော့ ခေါက်ဆွဲပဲ”

သူမ ဂရုမစိုက်သလို ပြောနေသော်ငြား သူမရဲ့ အကြည့်တွေကတော့ ထျန်းလု ဆီမှ မလွှဲ နိုင်သေးချေ။

ဒါပေမဲ့ သူမကိုယ်သူမ အချိန်အကြာကြီးတော့ အာရုံအပျက်မခံပါချေ။ သူမရဲ့ သန်မာမှုကို တိုးမြှင့်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ သူမ ဆုံးဖြတ်ပြီးသွားပြီ။ သူမရဲ့ ကျင့်ကြံမှုနဲ့ အရည်အချင်းတွေကို တိုးမြှင့်ပြီး သူမရဲ့ အနာဂတ်ကို ပိုကောင်းမွန်အောင် လုပ်မည်။

ဘာတွေ ဖြစ်လာမလဲ သူမ ကြိုမသိဘူး။

သူမ နောက်ကို လိုက်နေတဲ့သူတွေ ဒီနေရာကို တွေ့သွားရင် ဘယ်လိုလုပ်မလဲ?

သူမကြောင့်နဲ့ သူဋ္ဌေးကို ဒုက္ခမရောက်စေ ချင်ဘူး။ သူဋ္ဌေးက ဘယ်လောက်တောင် သန်မာတဲ့သူဆိုတာ သူမ အကြမ်းဖျဥ်း မှန်းဆ မိပေမဲ့ပေါ့။

သူဋ္ဌေးက သူမကို အရာအားလုံးပေးခဲ့သည်။ နေစရာနေရာလဲ ပေးပြီး အကြောက်တရား မရှိတော့တဲ့ ဘဝကို ပြောင်းလဲပေးခဲ့သည်။ သူမ အရင်က စိတ်ကူးတောင်.မယဥ်ရဲတဲ့ ကိစ္စတွေပဲ။

သူဋ္ဌေးရဲ့ ကျေးဇူးတွေကို သူမ ပြဿနာတွေ သယ်လာပြီး မဆပ်ချင်ဘူး။

သူမ သန်မာမှ ဖြစ်မည်။

ပိုပြီး သန်မာလာရမည်။

အဲ့ဒီနေ့ကိုရောက်လာခဲ့ရင် သူမ အသင့်ဖြစ်နေ ရမည်။

ဒီလိုနဲ့ ညဘက်ကို ရောက်လာခဲ့သည်။

ဖျော့တော့တဲ့ လရောင်လေးက လမ်းကြားထဲ ဝင်ရောက်လာပြီး အမှိုက်ပုံးများ၊ နံရံများ၊ ပုံးများကို အရိပ်ကျနေစေသည်။

မိုရှီရှီ ကောင်တာမှာ မေးထောက်ထိုင်နေရင်း သူမရဲ့မျက်နှာက တည်တံ့နေခဲ့သည်။

သူမရဲ့ လက်သေးသေးလေးပေါ်မှာ တာဝန်ကြီး ကျလာခဲ့ပြီ။ နောက်နာရီ အနည်းငယ်အထိ သူမက ဆိုင်ရှင်ပဲ။

အပြင်ဘက် တံခါးရှေ့တွင် ခူရိုမီ ရပ်နေခဲ့သည်။ သူမသည် ဆိုင်အစောင့် ဝတ်စုံကို ဝတ်ဆင်ထား၏။

မသိတဲ့သူသာဆိုရင်တော့ အဝတ်ဝတ်ထားတဲ့ ချစ်စရာ ကြောင်မလေးလို့သာ မြင်လိမ့်မည်။

ဒါပေမဲ့ စတိုးဆိုင်အနားမှာ မင်းရဲ့ လှုပ်ရှားမှု တစ်ခုခု မှားသွားလို့ကတော့လား?

ချစ်စရာကောင်းတယ် ဆိုတဲ့စကားက မင်းဘဝ နေဝင်ချိန်ရဲ့ နောက်ဆုံးစကားပဲ ဖြစ်သွားလိမ့်မည်။

ထိုအချိန်တွင် ဟောင်သည် ကောင်တာ၌ အိပ်တစ်ဝက် နိုးတစ်ဝက် အနေအထားဖြင့် ရှိနေခဲ့သည်။

သူ အစောပိုင်းက ထျန်းလုရဲ့ ဒုတိယထပ်ရှိ ကိုယ်ပိုင်အခန်းကိုလဲ လိုက်ပြပြီးသွားပြီ။ ကြောင်လေးတွေကို နှုတ်တောင်ဆက်ခဲ့သေး၏။

အရာအားလုံး ငြိမ်းချမ်းနေခဲ့သည်။

….

ချပ်!

တံခါးပွင့်သွားသည်။

ရင်းနီးနေသော ပုံရိပ်တစ်ခုက ယုံကြည်မှုရှိစွာ အထဲ ဝင်ရောက်လာ၏။

ရက်ပေါင်းများစွာ

ပျောက်နေခဲ့သော ​ကျီယွင်ကျစ်ပင်။

ထိုသူ၏ ခေါင်းမှာ ဆံပင်မပါဆဲပဲ။

ဟောင် နေရာကနေ ရွေ့တောင် မရွေ့ပေ။ မျက်လုံးနှစ်ဖက်လုံးသာ ဖွင့်ကြည့်လိုက်သည်။

‘ ဒီဂတုံး အခု ဘာလုပ်အုံးမလို့လဲ?’

ယွင်ကျစ်က ကောင်တာအနားမှာကော စင်တွေအနားမှာကော မရပ်သွားဘဲ ဟောင် ရှိရာ တည့်တည့်ကို လျှောက်လာခဲ့သည်။

သူ့ရဲ့ မျက်လုံးတွေက တစ်ဖက်လူကို ကန်းသွားစေလောက်တဲ့အထိ တောက်ပသည်။ ဟောင် တစ်ယောက် သူပဲ အကြည့်မှားတာလား… ဂတုံးခေါင်းတည့်တည့် ကပဲ တစ်ကယ် လက်နေတာလား မသဲကွဲတော့ပေ။

“ ဆိုင်ရှင်”

“ ငါ တစ်ခုခုကို ပေါင်းစပ်ထားတယ်”

ဟောင် မျက်တောင်ခတ်လိုက်သည်။

“ ပေါင်းစပ်ထားတယ်..?”

“ အွန်းဆိုင်ရှင်။ ဆေးလုံးပဲ”

ယွင်ကျစ် ဂုဏ်ယူစွာ ပြောလိုက်သည်။

“ မင်းရဲ့ ကိုလာကို အတုယူပြီး.လုပ်ထားတာ”

အချိန်သည် ဒရာမာဆန်စွာ ရပ်တန့်သွားလေ၏။

မိုရှီရှီလဲ မော့ကြည့်လာသည်။

“ အဲ့ဒီအစွမ်းတွေကို ရအောင်ဖန်တီးဖို့ ကြိုးစားချင်ခဲ့တာ”

ယွင်ကျစ်က ပြောနေရင်းနဲ့ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှ ဖောက်မြင်နိုင်သော ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။

အထဲတွင် လုံးဝန်းသော အစေ့များစွာ ရှိ၏။

အညိုပုတ်ရောင် ဆေးလုံးတစ်ခုချင်းဆီသည် အနည်းငယ် တောက်ပြောင်နေပြီး အပေါ်တွင် ငွေမှုန်လေးများ ဖြူးထားဟန် ရှိသည်။

‘ကိုလာရဲ့ အစွမ်းတဲ့လား?’

‘ ဘရို မင်း လူမှားမေးမိပြီ။ ငါကအခုထိ ကျင့်ကြံသူဖြစ်သေးတာ မဟုတ်ဘူး။ ငါသာ အဲ့ဆေးကို စားလိုက်လို့ကတော့ အစွမ်းမတိုးဘဲ ဝမ်းလျှောနေမှ ဟုတ်ပေ့ ဖြစ်နေမယ်’

တောက်ပနေတဲ့ ဆေးလုံးများကို ဟောင် စိုက်ကြည့်လိုက်သည်။

‘ ဒါကြီးက ငါ့ဗိုက်ထဲ ပေါက်ကွဲသွားရင်ကော ဘယ်လိုလုပ်မတုံး? ဒါမှမဟုတ် ဒါကြီးစားပြီးမှ ငါက စကားပြောတဲ့ နွားတစ်ကောင်အဖြစ် ပြောင်းသွားရင်ကော??’

ဒါပေမဲ့ ကျီယွင်ကျစ် ခမျာ မျှော်လင့်တကြီး မျက်ဝန်းများဖြင့် ဟောင် ကို ကြည့်နေရှာ၏။ ကလေးတစ်ယောက်က သူ့အဖေကို ပထမဆုံး ဆွဲထားသော ပန်းချီလာပြနေသလိုပဲ။

ဟောင် စိတ်ထဲကနေသာ သက်ပြင်းချလိုက်တော့၏။

သူ ဒီဂတုံးကို ငြင်းလို့တော့ မဖြစ်ပေ။ အထူးသဖြင့် သူ့ကို နတ်တစ်ပါးလို့ လုံးဝ အထင်မှားနေတဲ့ အုပ်စုထဲမှာ ကျီယွင်ကျစ်ကလဲ ပါနေသေးတဲ့အတွက် ငြင်းလို့မရဘူး။

ကျီယွင်ကျစ်ကလဲ ဟောင်ကို အထက်ဘုံက မြင့်မြတ်လှတဲ့ ပုဂ္ဂိုလ်လို့ ထင်နေတဲ့ သူ တစ်ယောက်ပဲ။

သေမျိုး အဖြစ် ဖုံးကွယ်ထားတဲ့ ဆန်းကြယ်တဲ့ ဆိုင်ရှင် တစ်ယောက်…

ဒါပေမဲ့ အမှန်တရားကတော့လား?

အမှန်တရားကတော့ သူက သာမာန် ငချွတ်လေးတစ်ကောင်ပဲ။ သုံးရက်အတွက် ခေါက်ဆွဲရောင်းမပေးရင် ဥဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ စနစ်နဲ့ ဆက်သွယ်မိပြီး ဆိုင်ရှင်ဘဝကို ဘုမသိ ဘမသိ ရောက်လာတဲ့ ကမ္ဘာပေါ်က လူသားတစ်ယောက်ဆို ပိုမှန်သည်။

အကုန်လုံးထင်နေကြသလို.ဘယ်လိုဆန်းကြယ်တဲ့ အထက်ပုဂ္ဂိုလ်မှ မဟုတ်ဘူး။

‘ စနစ် မင်းဒီဆေးလုံးရဲ့ ပါဝင်ပစ္စည်းနဲ့ အစွမ်းကို စစ်ဆေးပေးမလား? ငါ့အတွက်ကော ကျင့်ကြံသူတွေအတွက်ကောပေါ့’

( စစ်ဆေးချင်ရင် ဝိညာဥ်ကျောက်တုံးငါးတုံး ပေးရမယ် ပိုင်ရှင်)

ဟောင် သက်ပြင်းထပ်ချချင်စိတ်ကို အသည်းအသန် တောင့်ခံလိုက်ရသည်။

ဒီစနစ်တော့!

ဒီ အကောင်က အမြဲသူ့ကို အကောင်းဆုံးဆီ လမ်းပြပါမယ်.. လေးစားစွာ နေဖို့ သင်ပြမယ်နဲ့…

အခုတော့ အိမ်ငှားဆီက မတန်တဆ ဈေးတင်နေတဲ့ အိမ်ပိုင်ရှင်နဲ့ ဘာမှကို မခြားဘူး!

ဝတ္ထုတွေထဲက ဇာတ်ကောင်တွေများကျ စနစ်နဲ့ ဆက်သွယ်မိသွားတာနဲ့ နတ်ဘုရားရဲ့ အထောက်အပံ့တွေ၊ အဆုံးမဲ့တဲ့ရတနာတွေ၊ ကောင်းကင်က ကျလာတဲ့ သိုင်းပညာတွေ အမျိုးမျိုးကို ရလိုက်ကြတာ…

ငါ့ရဲ့ စနစ်က လက်ပေါက်ကပ်တဲ့ ငါးစိမ်းသည်ပဲ!

သောက်ကျိုးနည်း!

‘ လုပ်ကွာ! ဝိညာဥ်ကျောက်တုံး ငါးတုံးဆိုလဲ ပေးမယ်အေ’

( ဆေးလုံးကို ယူလိုက်တာနဲ့ စစ်ဆေးခြင်း စတင်ပါမယ်။ စားပစ်ဖို့ မလိုဘူး)

“ ကောင်းပြီ” ဟောင် လက်တစ်ဖက်ကို အရှေ့ထုတ်လိုက်သည်။

“ ငါတစ်ခု ကြည့်ကြည့်မယ်”

သိသိသာသာကို ကျီယွင်ကျစ်ရဲ့ မျက်လုံးတွေ ပိုတောက်ပသွား၏။ သူ အမြန်ပဲ ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။ အလွန် ဂရုစိုက်စွာဖြင့် ဆေးလုံးတစ်လုံးကို ဟောင်ရဲ့ လက်ထဲ ထည့်ပေးလိုက်လေသည်။

“ ဆိုင်ရှင် ရော့”

“ ကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်”

( စစ်ဆေးနေပါပြီ ပိုင်ရှင်)

ငါးစက္ကန့်ကြာပြီးနောက်တွင် ဟောင်ရဲ့ အ​မြင်အာရုံထဲသို့ ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ဝင်ရောက်လာခဲ့သည်။

……..

(ကိုလာရဲ့ ပုံစံ လိုက်ထုတ်ထားတဲ့ ဆေးလုံး စစ်ဆေးခြင်း.ပြီးမြှောက်)

အကျိုး

-ကျင့်ကြံသူတစ်ယောက်ရဲ့ တုံ့ပြန်ချိန်နဲ့ ခန္ဓာကိုယ် ပျော့ပျောင်းမှုကို ဆယ့်ငါးမိနစ်စာလောက်အထိ 17% မြှင့်တင်ပေးပါတယ်။

ကိုလာရဲ့ အစွမ်းကို ဆေးလုံးပြုလုပ်ရေး ပညာရပ်နဲ့ တုပပြီး လိုက်မလုပ်နိုင်တဲ့ အချက်ကို ထည့်တွေးမယ်ဆိုရင် ဒီလောက်ထိ လုပ်ပြနိုင်တာက အသိအမှတ်ပြုသင့်တဲ့ အချက်ပဲ။

တုံ့ပြန်မှုတိုးစေတဲ့ ဆေးပင်နဲ့ အာရုံကြောရဲ့ လုပ်ဆောင်မှုကို မြင့်တင်ပေးတဲ့ ပစ္စည်းတွေကို ကောင်းမွန်စွာ ပေါင်းစပ်ထားနိုင်တာကြောင့်..

ပြင်းထန်တဲ့ လုပ်ဆောင်မှုကို ယာယီ တိုးမြှင့်ပေးနိုင်တယ်။

All Chapters