အခန်း (၇၄)
Vol. 6 Ch. 74
ပါဝင်ပစ္စည်းစစ်ဆေးခြင်း-
(အာရုံကြောအရွက်)
ချီစွမ်းအင်မြင့်တဲ့ သစ်တောပိုင်းနဲ့ စိတ်ဝိညာဥ် ဆေးပင်ဥယျာဥ်တွေထဲမှာသာ အတွေ့များသည်။
အကျိုးကျေးဇူး- အာရုံကြောစနစ်ရဲ့ အလုပ်လုပ်ခြင်းအပေါ် လှုံ့ဆော်မှုပေးတယ်။ ကြွက်သားလှုပ်ရှားမှုကို တိုးမြှင့်ပေးပြီး တိကျတဲ့ တုံ့ပြန်ချိန်ကို ရရှိစေတယ်။
မှတ်ချက်- အသုံးလွန်သွားရင်တော့ ကတုန်ကယင် ဖြစ်စေနိုင်တယ်။ အဆင့်နိမ့် ဆေးလုံးဖန်တီးခြင်းမှာ အသုံးများတယ်။
……..
မှန်ရောင်ထနေတဲ့ငါးရဲ့ ပွင့်ချပ်အမှုန်
ရေစီးကြောင်းမြန်ပြီးကြည်လင်တဲ့ မြစ်တွေမှာသာ တွေ့ရတဲ့ စိတ်ဝိညာဥ်ငါးရဲ့ ကြေးခွံကို အခြောက်လှန်းပြီး ယူထားခြင်း။
အကျိုးကျေးဇူး- အာရုံခံမှုပိုင်းရှင်းလင်းရေးကို တိုးမြှင့်ပေးပြီး မျက်လုံးနဲ့လက်ရဲ့ လိုက်လျောညီထွေ ဖြစ်မှုကို တိုးမြှင့်တယ်။ တစ်ဖက်ကို စစ်ဆေးတဲ့ ကိစ္စရပ်တွေမှာဆို အထူးအသုံးဝင်တယ်။
မှတ်ချက်- လေးသမားတွေနဲ့ အနီးကပ်တိုက်ခိုက်တတ်တဲ့ ကျင့်ကြံသူတွေ မကြာခဏ သုံးလေ့ရှိတယ်။
…….
မုန်တိုင်းအခွံမာသီး
လေသာတဲ့ တောင်ကုန်းတွေနဲ့ မြေနိမ့်ဒေသတွေမှာ ပေါက်တတ်တဲ့ နွယ်ပင် တစ်မျိုးမှရတဲ့ အခွံမာသီးတစ်မျိုးဖြစ်တယ်။
အကျိုးကျေးဇူး- လေထဲယိမ်းနွဲ့နိုင်စွမ်းနဲ့ ခြေလှမ်းနဲ့ခန္ဓာကိုယ်ကြား လိုက်လျောညီထွေ ဖြစ်မှုကို တိုးမြှင့်တယ်။ ပေါ့ပါးတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်။
မှတ်ချက်- သွေးကြောတွေကို အနည်းငယ် စပ်သလို ဖြစ်စေတယ်။ လှုပ်ရှားမှုပိုင်းဆိုင်ရာ သိုင်းပညာများ သုံးချိန်အတွက် သင့်တော်တယ်။
……….
ဖုန်မှုန့်ရောင် မီးသွေးမှုန့်
မိုးကြိုးထိမှန်ပြီးလောင်ကျွမ်းသွားသော ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ ချီစွမ်းအင်ကြောင့် လောင်ကျွမ်းသွားသော သစ်ပင် ပင်စည်ရဲ့ အမှုန့်ဖြစ်တယ်။
အကျိုးကျေးဇူး- ပိုလျှံနေတဲ့ စွမ်းအင်ကို စုစည်းပေးတယ်။ ချီသွေဖွယ်ခြင်း.မရှိစေဘဲ ပေါက်ကွဲနိုင်တဲ့ အစွမ်းမြှင့်တင်မှုကို ခွင့်ပြုပေးတယ်။
မှတ်ချက်- ပေါင်းစပ်ဆေးလုံး ဖန်တီးရာတွင် လဲ အသုံးပြုသလို ခန္ဓာကိုယ်ပိုင်း ကျင့်ကြံသူများလဲ စားသုံးလေ့ရှိတယ်။
……..
ပေါ့ပါးသော သတ္ထုရိုင်း အကြွင်းအကျန်
စိတ်ဝိညာဥ်စွမ်းအင် လွှမ်းမိုးမှုရှိသော မြေနေရာများနဲ့ သံသတ္ထုရိုင်းကြောများတွင် တွေ့ရတတ်တယ်။
အကျိုးကျေးဇူး- ကြွက်သားထိန်းချုပ်မှုကို ပိုသန်မာစေပြီး ဦးနှောက်နဲ့ ခြေလက်များကြားရှိ အာရုံကြော ဆက်သွယ်မှုကို တိုးမြှင့်ပေးတယ်။
မှတ်ချက်- ပေါ့ပါးစေတဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး ဆေးလုံးတွေမှာ အသုံးများတယ်။ ဈေးပေါပေမဲ့ ကောင်းကောင်း သန့်စင်ပြီးသုံးနိုင်ရင် အကျိုးထူးတဲ့ပစ္စည်းတစ်မျိုးပဲ။
……..
ရှင်လင်းမှုရစေသော စိမ်းပြာရောင် မြက်ပင်။
တောင်ထိပ်ပိုင်းမှာ လေမပြတ်ရနေပြီး တိမ်ဝန်းရံမှု နည်းသော အချိန်တွင်သာ အလေ့ကျ ပေါက်လာတတ်တယ်။
အကျိုးကျေးဇူး- စိတ်ကို တည်ငြိမ်စေပြီး တစ်ချိန်ထဲမှာ အလုပ်အများကြီး ခိုင်းစေနိုင်စွမ်းတိုးလာတယ်။ အာရုံစိုက်မှုကို တစ်နေရာမှတစ်နေရာ ပြောင်းချိန်တိုင်း စိတ်ပိုင်းဆိုင်ရာ ကြန့်ကြာမှု အချိန်ကို လျော့ချပေးတယ်။
မှတ်ချက်- စိတ်တည်ငြိမ်စေတဲ့ အမွှေးနံ့သာတွေနဲ့ အာရုံစိုက်မှု တိုးမြှင့်ပေးတဲ့ ဆေးလုံးတွေမှာ သုံးတယ်။
……….
ဘေးထွက်ဆိုးကျိုးများ
အစွမ်းတိုးမြှင့်မှု ပြီးသွားသည်နှင့် အသုံးပြုသူသည် နှစ်နာရီကြာ ပြုပြင်ရေး အချိန်ကို တွေ့ကြုံရမယ်။
ထိုအချိန်အတွင်းမှာ:
ချီစွမ်းအင်စီးဆင်းမှု နှေးကွေးမယ်။
ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက တစ်ဝက်တိတိ လျော့ကျသွားမယ်။
တုံ့ပြန်ချိန်က ပုံမှန်အဆင့်ထက်ကို ဆိုးဆိုးရွားရွား ကျဆင်းသွားမယ်။
အပျော့စားမူးဝေခြင်းနဲ့ အဆစ်အားနည်းခြင်းများလဲ ကြုံရနိုင်တယ်။
……..
( ဒါက တော်တော်လေး ကောင်းမွန်တဲ့ ပေါင်းစပ်ခြင်းဖြစ်ပြီး ပစ္စည်းတွေက အရမ်းရှားတယ်။ ဒီဆေးလုံးက ခန္ဓာကိုယ်က အလွန်အလုပ်လုပ်ခိုင်းဖို့ မြင့်တင်ပစ်တာ ဆိုမှတော့ ပြုပြင်ချိန်က မှန်းဆထားသင့်တာပေါ့။ တစ်ရက်ထဲမှာ နှစ်ကြိမ်မသုံးဖို့ အကြံပေးမယ်)
ဟောင် ပုံရိပ်ယောင်မျက်နှာပြင်ကို ရွှေ့ပြီး ဖတ်နေချိန်မှာ အင်္ကျီလက်ကို.ပြင်သလို ဟန်ဆောင်ရင်း လက်မနဲ့ ရွေ့လျားနေခဲ့တာပင်။
သူ့ရဲ့မျက်နှာထားကလဲ တည်ငြိမ်နေသည်။ မိုရှီရှီနဲ့ ကျီယွင်ကျစ်သာ သူ လေထဲ စိုက်ကြည့်နေတာမြင်ရင် တစ်ခုခု မှားနေတယ်လို့ ထင်သွားနိုင်သည်။
အဆိုးဆုံးအနေနဲ့ သူ့ကို ရူးနေပြီလားလို့တောင် ထင်နိုင်သေးသည်။
သူ အကုန်လုံးကို အတိအကျ မဖတ်ပေ။ သဘာဝအားဖြင့် အရေးပါပုံပေါ်တဲ့ နေရာလေးတွေကိုပဲ ကျော်ပြီးဖတ်လိုက်သည်။
တစ်ခုနှစ်ခုတော့ အာရုံထဲ ပါလာပါသည်။
ဥပမာ.ငါးကြေးခွံနဲ့ဆိုင်တဲ့ အရာတို့… သစ်တောမှာသီးတဲ့ အခွံမာသီးတို့ပဲ။
သူ.ပိုပြီးဖတ်မိလေလေ ပိုပြီး မဖြစ်နိုင်သလို ခံစားရလေလေပဲ။
ဒီလိုမဖြစ်နိုင်တဲ့ဆေးလုံးကို ကျီယွင်ကျစ် ရအောင် ဖန်တီးနိုင်ခဲ့သည်။
ကိုလာနဲ့ ပတ်သတ်ပြီး ကျီယွင်ကျစ် တစ်ခါမှ သေချာ မမေးမြန်းဖူးဘူး။ ပါဝင်ပစ္စည်းလဲ မမေးသလို ဖန်တီးပုံကိုလဲ မမေးခဲ့ပေ။ ဒီလူက တစ်ဗူးသောက်ကြည့်ပြီး အရသာကို စစ်ဆေးပြီးတာနဲ့ အစွမ်းတူတဲ့ ဆေးလုံးကို တစ်နည်းနည်းနဲ့ ဖန်တီးနိုင်ခဲ့သည်။
တစ်နှစ်လောက်တောင် အချိန်မပေးခဲ့ရဘူး။
ရက်တစ်ချို့အတွင်းမှာပဲ အောင်မြင်ခဲ့သည်။
‘ဒီလူကရူးချင်စရာပဲ’ ဟောင် တွေးလိုက်သည်။
‘ ရူးလောက်အောင် အရည်အချင်းရှိတယ်’
‘ စနစ် ဆေးလုံးရဲ့ ငါ့အပေါ် အကျိုးကကော?’
( ပိုင်ရှင်ရဲ့ လက်ရှိအခြေအနေအပေါ် မူတည်ပြီး နှိုင်းယှဥ်လိုက်ပါ့မယ်)
……
ပိုင်ရှင်အတွက် ရလဒ်- ကျင့်ကြံသူ မဟုတ်တဲ့ ခန္ဓာကိုယ်ကို အာရုံခံမိပါတယ်။
အကျိုးကျေးဇူး- ယာယီအားဖြင့် အပူနှုန်းတိုးပေးမယ်။ စိတ်တက်ကြွမှု မြင့်တက်စေပြီး သုံးမိနစ်မှ ငါးမိနစ်လောက်ထိ တုံ့ပြန်မှုကိုထက်လာစေမယ်။ ကိုယ်တွင်း ညီမျှမှုနဲ့ အမြင်အာရုံကိုပါ အနည်းငယ် တိုးလာစေနိုင်တယ်။
ဒါပေမဲ့ ထိုအချိန်ပြီးတာနဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရမယ်။
ပိုင်ရှင်အတွက် ဘေးထွက်ဆိုးကျိုးများ
မူးဝေခြင်း၊ နှာစေးခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ဝမ်းလျှောခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ သွေးကြောတွေရဲ့ ဖိအားအနည်းငယ် တိုးလာခြင်း။ အခန့်မသင်လျှင် မေ့လဲတာမျိုးပါ ဖြစ်နိုင်ခြင်း။
သေစေနိုင်လောက်တဲ့အထိ မဆိုးဝါးသော်ငြား မသောက်ဖို့ အကြံပေးချင်ပါတယ်။
………
သောက်..ကျိုး..နည်း!
ဟောင် နှစ်ကြိမ်လောက် မျက်တောင် ခတ်မိသွားပြီး မျက်နှာပြင်ကို စိုက်ကြည့်နေရာမှ မျက်လုံးများ ကျဥ်းမြောင်း လိုက်လေသည်။
သူက ကျင့်ကြံသူ မဟုတ်ပေမဲ့ ကန်းနေတဲ့ သူတောင် နောက်ဆုံးစာလုံးနှစ်လုံးကို သိမှာပဲ။
မသောက်ဖို့ အကြံပေးချင်တယ်တဲ့….
သူဒါကိုပဲမြင်တော့တယ်..
ထိုစာကြီးကိုဖတ်ပြီး ‘ သွေးကြောတွေရဲ့ ဖိအားအနည်းငယ်တိုးလာမယ်’ ဆိုတဲ့ အရာတွေ မသိချင်တော့ဘူး။ ဘာလို့ဖြစ်မလဲ? ဘာလို့ဆို အဲ့ဒီ အဓိပ္ပါယ်က ‘ သွေးကြောတွေ ပေါက်ကွဲထွက်ခြင်း’ နဲ့ တော်တော်လေး နီးစပ်နေပြီ…
ဆေးလုံးတစ်လုံးကို လျှာရှည်ပြီး သောက်မိပြီး အလကားနေရင်း ဂန့်ပေးရမှာလား?
လုံးဝမဖြစ်နိုင်ဘူး!
သူ့ရဲ့အခြေအနေက အခု ရန်လိုနေတဲ့ ဂိုဏ်းခေါင်းဆောင်တွေဆီက အလိုက်ခံရပြီး မိစ္ဆာတောထဲ ရောက်နေတာမလို့လား?
မဟုတ်ဘူးလေ။
သူ အခုချိန်မှာ ဆိုင်ထဲမှာ အိပ်ငိုက်နေရင်းနဲ့ ဘေးမှာ အံ့သြဖွယ် ရောင်းကုန်တွေတောင် ဝိုင်းနေကြသေးတယ်။
ဒီဆေးလုံးကို သောက်လိုက်ရင် ရူးမိုက်တာပဲ။ ဒီဆေးလုံးကို သောက်လိုက်တာက ကော်ဖီခြောက်ခွက်လောက် တစ်ထိုင်ထဲ သောက်ပြီး အေးစိမ့်နေအောင် လုပ်ပြီးတာနဲ့ မိုင်တွင်းထဲ ပတ်ပြေးနေတာနဲ့ ဘာမှ မခြားဘူး။
ဘောက်မဲ့ကြောင့် သူ ဆေးသောက်ရမှာလဲ? ငါးမိနစ်လောက် စပိုက်ဒါမန်းလို တုံ့ပြန်မှု ရသွားပြီး နာရီပေါင်းများစွာ တစ်ကိုယ်လုံး အားအင်ကုန်းခန်း ခံဖို့အတွက်လား?
လုံးဝ မဖြစ်နိုင်ဘူး။
‘ ဒါကြီးက သေစေနိုင်တယ်’
‘ ဘေးထွက်ဆိုးကျိုးတွေက အစွမ်းထက် သေလောက်အောင် များတယ်’
ဟောင် သူ့လက်ထဲရှိ တစ်လက်လက် ထနေတဲ့ ချစ်စရာဆေးလုံးကို ငုံ့ကြည့်လိုက်သည်။
သူ ဒီဆေးလုံးကို လုံးဝ သောက်ဖို့ မရှိဘူး။
သူ သက်တမ်းအရှည်ကြီး နေရအုံးမှာလေ။ ဟုတ်တယ်မလား?
သူ့ဘဝ နေ့ရက်တွေထဲမှာ ဆက်တိုက်လုပ်ဆောင်မှုတိုးမြှင့်ခြင်းတွေ တွေ့ကြုံလိုက်ပြီး တစ်ရက်လုံး အိမ်သာထဲမှာ ပျော့ခွေနေရမဲ့ နေ့ရက်မျိုး မပါချင်ဘူး။
ချက်ချင်းပဲ ဟောင် လက်ရှေ့ထုတ်ပြီး ကျီယွင်ကျစ်ကို ဆေးလုံး ပြန်ပေးလိုက်၏။
ထို့နောက်မှာ ဟောင်ရဲ့ မျက်နှာထားက ပြောင်းသွားသည်.. မျက်လုံးများ ကျဥ်းမြောင်းထားပြီး တည်တင်းနေတဲ့ နှုတ်ခမ်းနဲ့ အနည်းငယ် ခေါင်းတစ်ညိတ်ညိတ် လုပ်လိုက်သည်။
လောကကြီးကို ဖြတ်သန်းနားလည်ထားတဲ့ လူတစ်ယောက် အသွင်ဖြင့်ပေါ့။
သူ့ရဲ့ မျက်နှာထားက..’ငါက လောကကြီးရဲ့ စည်းမျဥ်းတွေကို နားလည်ပြီးလို့ နေချင်သလို နေနေတဲ့ကောင်ပါကွ’ ဆိုတဲ့ အထာ အပြည့်ဖြင့်..။
“ ငါဆေးလုံးကို သောက်ဖို့မလိုအပ်ဘူး”
“ ငါ စစ်ဆေးပြီးသွားပြီ”
ဆေးဆရာတစ်ယောက် တောင်ထိပ်မှာ ရပ်နေသည့်နှယ် ဟောင်သည် ဟိတ်ဟန်ပါပါ လက်နောက်ပစ်လိုက်သည်။ အင်္ကျီစနဲ့ ဟိုကုတ်လိုက် ဒီကုတ်လိုက်ဖြင့် စနစ်ရဲ့ ပုံရိပ်ယောင်မျက်နှာပြင်မှ စာကို ဖတ်ဖို့ ကြိုးစားနေသူ မဟုတ်တော့ချေ။
ကျီယွင်ကျစ် အံ့သြမှုကြောင့် မျက်တောင် ခတ်လိုက်ကာ
“ ဆိုင်ရှင်က….?”
ဟောင် ခေါင်းညိတ်လိုက်သည်။
“ တော်တော်ကောင်းမွန်တဲ့ ပေါင်းစပ်ခြင်းပဲ”
“ မင်း ရိုးရာ ဆေးလုံးသန့်စင်ရေးနည်းလမ်းတွေကို အားမကိုးခဲ့ဘူး။ မဟုတ်ဘူး.. မင်းရဲ့ တီထွင်နိုင်စွမ်းက တစ်ဖက်ကမ်းခတ်တယ် ပြောရမယ်”
“ မင်းရဲ့နည်းလမ်းက ဆန်းသစ်တယ်”
“ အာရုံကြောတုံ့ပြန်မှုအတွက် အာရုံကြော အရွက်ကို သုံးခဲ့တယ်မလား? ရဲတာပဲ။ အာရုံကြောကို အနည်းငယ် ရှတတခံစားမှု ဖြစ်စေပေမဲ့ လူအတွက် အကျိုးရှိတယ်”
ကျီယွင်ကျစ် အနည်းငယ် မျက်ခုံးပင့်မိသွား၏။
“ ပြီးတော့ မှန်ရောင်ထနေတဲ့ ငါးရဲ့ပွင့်ချပ်အမှုန်။ အဲ့ဒါက တုံ့ပြန်မှုပိုင်း ဆေးလုံးတွေမှာ လူတွေ သိပ်သုံးကြတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒါက လှုပ်ရှားမှုပိုင်းကို ရှင်းလင်းပြတ်သားစေရေး အတွက် အထူးကောင်းမွန်တယ်… ပိုကောင်းသွားတာက မင်းက ရှင်းလင်းမှုရစေတဲ့ စိမ်းပြာရောင် မြက်ပင်နဲ့ ရောလိုက်တဲ့အတွက်ပဲ”
ဟောင် ခဏရပ်လိုက်ပြီး လက်ခံစွာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ မသိရင် အရမ်းကောင်းတဲ့ အခါးရည်ကို မြည်းစမ်းထားပြီး အဲ့ဒါက နှစ်တစ်ရာ သက်တမ်းလား နှစ်တစ်ရာ့တစ်နှစ် သက်တမ်းလား ခွဲနေတဲ့အတိုင်းပင်။
“ ဒါ့အပြင် ခြေလက်တွေရဲ့ အချင်းချင်း ဆက်သွယ်မှုကို အားကောင်းစေဖို့ရန် ပေါ့ပါးစေတဲ့ သတ္ထုရိုင်း အကြွင်းအကျန်ကိုပါ သုံးထားပြီး အဲ့ဒါကိုလဲ တန်ပြန်မှုမဖြစ်စေအောင် ကောင်းကောင်း သန့်စင်ထားနိုင်တယ်။ တစ်ကယ်တော်တာပဲ”
“ ပြီးတော့ မုန်တိုင်းအခွံမာသီးတဲ့လား? လေအလျင်လို လျင်မြန်ဖို့ အတွက်ပေါ့?”
“ ထူးချွန်တဲ့ ပေါင်းစပ်ခြင်းပဲ”
ကျီယွင်ကျစ် အလွန်အမင်း အံ့အားသင့်မှုကြောင့်ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။ ဒါက…ဒါက လုံးဝကို အတိအကျပဲ။
နက်ရှိုင်းစွာ သဘောပေါက်မှုကြီးက အကုန် ဖောက်ထွင်းမြင်နေသလိုပဲ။
“ ဒါပေမဲ့ မင်း သုံးထားတဲ့ ဖုန်မှုန့်ရောင် မီးသွေးမှုန့်က အကုန်လုံးကို အဓိက ပေါင်းစပ်စေတဲ့ ပစ္စည်းပဲ။ အပိုစွမ်းအားတွေကို သူက စုစည်းပေးပြီး ချီစွမ်းအင် သွေဖယ်ခြင်းကိုလဲ တားပေးထားတယ်”
ဟောင် သူ့ရဲ့မျက်လုံးကို ခဏမှိတ်လိုက်လေသည်။
“ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတော့ ရှိဆဲပဲ.. နှစ်နာရီအားနည်းစေပြီး အဲ့အချိန်မှာ သန်မာမှုလျော့ပြီး မူးဝေနိုင်သလို အဆစ်တွေလဲနာလာမယ်.. ဒါပေမဲ့ တော်တော်ကောင်းမွန်တဲ့ ပေါင်းစပ်ခြင်းပါ”
“ စိတ်ဝိညာဥ် ပျက်ဆီးခြင်းမဖြစ်စေသလို သွေးကြောတွေကိုလဲ မထိခိုက်စေဘူး”
ဟောင် ထပ်မံပြီး ခေါင်းညိတ်လိုက်သည်။
“ ခိုင်မာတဲ့ တည်ဆောက်ပုံပဲ ယွင်ကျစ်။ ဒါအစပဲ ရှိသေးတယ်ဆိုပေမဲ့ ထူးချွန်တဲ့ အစကောင်းပဲ”
ဟောင်ကို စိုက်ကြည့်နေတဲ့ ကျီယွင်ကျစ်ရဲ့ အကြည့်တွင် အံ့သြမှုနှင့် လေးစားမှုတို့ လက်ထနေခဲ့သည်။
သူ တောင်မှ ဘေးထွက်ဆိုးကျိုးတွေကို အခုထိ အကုန် မလေ့လာရသေးဘူး။
ဘေးထွက်ဆိုးကျိုးကိုတော့ မှန်းဆပြီးသား ဖြစ်သော်ငြား အတည်မပြုရသေးတာ ဖြစ်သည်။ ဒါပေမဲ့ ဆိုင်ရှင်က အကုန် သိနေပြီပေါ့?