← Chapters

( အဆောင်များရပြီ!)

Vol. 6 Ch. 75

( အဆောင်များရပြီ!)

Vol. 6 Ch. 75

ဆိုင်ရှင်က ဘေးထွက်ဆိုးကျိုး အားလုံးကို သိနေခဲ့သည်။

ကြွက်သားအားနည်းတာကနေ ချီစွမ်းအင် နှေးကွေးမှုအထိ…ပြီးတော့ မူးဝေနိုင်တာကိုပါ မှန်းဆနိုင်သေးသည်။

ဆိုင်ရှင်က ဆေးလုံးကို မစားကြည့်သလို အသေးစိတ် လေ့လာလိုက်တာလဲ မဟုတ်ဘူး။

ပါဝင်ပစ္စည်းကိုလဲ မမေးခဲ့ဘူး…ဒီတိုင်း ထိကြည့်လိုက်ရုံပဲ။

တစ်ကယ်ကို နတ်ဒေဝါ တစ်ယောက် ဆိုတဲ့ အတိုင်းပဲ….

အထက်ဘုံရဲ့ စစ်မှန်တဲ့ နတ်တစ်ပါးဖြစ်ရမယ်။ သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ ဆေးလုံးတွေအကြောင်း ကောင်းကောင်း နားလည်တဲ့ နတ်ဆေးဆရာပဲ။

ဆေးလုံးကို ထိတွေ့လိုက်တာနဲ့ တစ်ခုလုံးကို ဖောက်ထွင်းမြင်နိုင်ဖို့ လုံလောက်သွားခဲ့သည်။ မျှခြေကိုက်မှုအပြင် ဆေးလုံးရဲ့ မတည်ငြိမ်မှုပိုင်းကို ထောက်ပြနိုင်သလို ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခွဲခြမ်းပြနိုင်ခဲ့သည်။

တစ်ချက်တောင် စဥ်းစားတွေဝေခြင်းမရှိဘဲ ပါဝင်ပစ္စည်းအားလုံးကို ပြောသွားနိုင်တာပဲ။

ကျီယွင်ကျစ်ရဲ့ နှလုံးသားထဲရှိ အမှန်တရားက ပိုပိုပြီး ကြည်လင်လာလေ၏။

ဆိုင်ရှင်က ကိုလာကို ဖန်တီးခဲ့တဲ့သူပဲ ဖြစ်ရမည်။

ဒီလိုမှမဟုတ်ရင်လဲ ဖန်တီးမှုမှာ ပါဝင်သူပဲ။

ဒါကြောင့် ငါဖန်တီးခဲ့တဲ့ ဆေးလုံးကလဲ ထူးခြားပြီး ပြင်းရှတဲ့ အကျိုးအာနိသင် ရခဲ့တာပဲ။ ဘာလို့ဆို ငါက သူ့ရဲ့ဆေးကို တုပ ထားလို့ပဲ။

ငါ့အရှေ့က သူက သာမာန်အရည်အချင်း ရှိတဲ့သူ.မဟုတ်ဘူး။

ပါရမီရှင် ဆိုတာထက်ကို သာလွန်သည်။

သူက…လမ်းလျှောက်နေတဲ့ အံ့ဖွယ် ဖြစ်တည်မှုကြီး!

ကျီယွင်ကျစ် အနည်းငယ် တုန်ယင်နေတဲ့ အသံနဲ့ ပြောလိုက်သည်။

“ ..ငါသိပါပြီ။ ငါ့အမြင်က အရမ်းကျဥ်းသွားခဲ့တယ်”

ဂတုံးကျင့်ကြံသူခမျာ ချီးကျူးခံရမှုကို ကျေနပ်လို့ မပြီးသေးပေ။ ဆီးချိုတက်နေသလိုမျိုး အချိုဓာတ်တွေ တစ်ကိုယ်လုံး ဖုံးလွှမ်းနေဟန် ရှိ၏။ တစ်ဖက်က ဟောင်ကတော့ လက်ပိုက်ရပ်လျက်သားဖြင့် မျက်နှာတွင် ခံစားချက်တို့ မထင်းနေပေ။

ဒါပေမဲ့ စိတ်ထဲမှာ တွေးနေတာကတော့လား?

‘ဘရိုရေ ငါ့ကိုအထင်ကြီးနေတာ တော်ပါတော့။ ငါဒီတိုင်းအိမ်သာထဲ သွေးမအန်ချင်ရုံတင်’

“ ငါ ထပ်ပြီးတိုးတက်နိုင်အောင် အကောင်းဆုံး ကြိုးစားပါ့မယ် ဆိုင်ရှင်!”

“ မေးရတာ ရှက်ဖို့ကောင်းမှန်းသိပါတယ်.. ဒါပေမဲ့ ဆိုင်ရှင်ငါ့ကို သေးငယ်တဲ့ သဲလွန်စလေးပေးဖို့ တောင်းဆိုခွင့် ရှိမလား?”

“ လမ်းမှန်ရောက်ဖို့ သေးငယ်တဲ့ လမ်းပြမှု လောက်ပါပဲ”

ဟောင်ရဲ့ မျက်လုံးက တွန့်ချင်သွားသည်။ သူ အမြန် ထိန်းလိုက်ရသည်။

‘ စနစ်ရေ ကူပါအုံးဟ။ နည်းနည်းလောက်ဆို ရတယ်။ ဒါပေမဲ့ အထာကြီးပုံပေါက်မဲ့ စကားမျိုးပေါ့’

( ဝိညာဥ်ကျောက်တုံး နှစ်တုံးပေးရမယ် ပိုင်ရှင်)

ဟောင် အံကြိတ်လိုက်သည်။

‘ ငါမင်းကို ငါးတုံးပေးပြီးသားလေ။ ဘာကိစ္စ အသက်တစ်ခါရှုတိုင်း ဖုန်းဘေဖြတ်သလို လိုက်တောင်းနေရတာလဲ?’

( အသိပညာဆိုတာ အလကားမရဘူး ပိုင်ရှင်)

ဟောင် ခပ်ဖြည်းဖြည်းပဲ အသက်ရှုသွင်းလိုက်သည်။ စနစ်ရဲ့ ကြီးကြီးကျယ်ကျယ် စကားတွေ ထပ်ထွက်မလာခင် သူ အမြန်ဖြတ်ပြောလိုက်တော့သည်။

‘ ကောင်းပြီကောင်းပြီ ယူဟေ့ယူ။ ငါသိပါတယ်။ သူတောင်းစားဆိုတာ ရွေးချယ်ပြီး ဖြစ်လာရတာမျိုး မဟုတ်မှန်း။ ငါ ဆက်မငြင်းတော့ဘူး’

( ဝိညာဥ်ကျောက်တုံး နှစ်တုံးယူလိုက်ပြီ။ တည်ငြိမ်စေတဲ့ အကူပစ္စည်းတွေကို ပေါင်းလုပ်ဖို့ အကြံပေးတယ်။ အဲ့ဒီ အကူပစ္စည်းတွေက ရှိနေပြီးသား.ပါဝင် ပစ္စည်းတွေနဲ့ အစွမ်းနဲ့လိုက်လျောညီထွေ ဖြစ်တာမျိုးပေါ့)

( အတိအကျပြောရရင် သဘာဝစွမ်းအင် နှစ်မျိုးရှိတဲ့ ပါဝင်ပစ္စည်းမျိုးကို ရှာပါ။ ဥပမာပြောရရင်.. အေးမြစေပေမဲ့ စိုစွတ်ပြီးစွမ်းအင်လျော့ကျမှုကို မဖြစ်စေတာမျိုးတို့၊ လန်းဆန်းစေပေမဲ့ အလွန်အကျွံတုံ့ပြန်မှုမြင့်မသွားစေတာမျိုးတို့)

( ပြောရရင် ယင်ကိုအ​ခြေခံတဲ့ သွေးကြောကို အေးမြစေတဲ့ချီစွမ်းအင်ရှိပြီး အတွင်းပိုင်း အရှိန်ကို ပြန်ထိန်းဖို့ ယင်ဓာတ်အနည်းငယ် ပါတဲ့ ပစ္စည်းမျိုးပဲ။ ညလရောင်အောက်မှာ ကြီးထွားပြီး မနက်နှင်းစက်ကို သောက်သင်းတဲ့ စိတ်ဝိညာဥ်ဆေးပင်မျိုးဆို အဆင်ပြေတယ်)

( အဲ့ဒါက မူရင်းအစွမ်းကို မလွှမ်းမိုးပစ်တဲ့အထိ သိမ်မွေ့မှုရှိရမယ်။ ဒါပေမဲ့ တုံ့ပြန်မှုထိပ်ပိုင်းရောက်နေချိန်မှာ ချီစွမ်းအင်လည်ပတ်မှုကို ချောမွေ့စေတဲ့အထိ လုံလောက်အောင် ခိုင်မာရမယ်။ အခု သူ့ရဲ့ဖော်မြူလာမှာ အဓိက ပြဿနာက တိုးထားတဲ့အစွမ်းတွေက ရုတ်တရက်ကြီး ပြတ်ကျသွားတာပဲ)

( အာရုံကြောစနစ်ကို နှိုးဆွလိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ ​တုံ့ပြန်မှုကို တင်းကျပ်ပစ်လိုက်ချိန်မှာ ခန္ဓာကိုယ်က အရမ်းကို နိုးကြားတဲ့ အခြေအနေကို ရောက်ရှိသွားတယ်။ သင့်တော်တဲ့ ဖြေဆေး မရှိရင် နိုးကြားမှုနောက်ပိုင်းအခြေအ​နေက ပြင်းထန်နိုင်တာပဲ)

( လိုက်လျောညီထွေ ဖြစ်တဲ့ အကူထည့်ပေးလိုက်တာက ခန္ဓာကိုယ်ကို ထိပ်ဆုံးရောက်တဲ့အထိ တွန်းပို့ချိန်မှာ လွယ်ကူစေပြီး ရုတ်တရက် ရပ်လိုက်ချိန်မှာလဲ ပုံပြီးလဲကျသွားမဲ့အစား တစ်ဖြည်းဖြည်း ဖြေလျော့ပေးနိုင်တာပေါ့)

( အဆုံးသတ် ရလဒ်အဖြစ် ဘေးထွက်ဆိုးကျိုးကို လျော့ချစေနိုင်ပြီး အစွမ်းကြာချိန်ပိုတိုးစေတယ်။ လုံခြုံရေးကိုလဲ ပိုသေချာစေတာပေါ့)

( မှတ်ချက် အနေနဲ့ ဒီလိုက်လျောညီထွေ ဖြစ်မှုက မူရင်းအစွမ်းကို လျော့စေလို့ မရဘဲ အစွမ်းထုတ်ပေါ်ချိန်မှာ ပိုပြီးတည်ငြိမ်မှုကို ဖန်တီးတာမျိုး ဖြစ်ရမယ်။ ချီစွမ်းအင် လည်ပတ်မှု ပိုချောမွေ့ပြီး ဘေးထွက်ဆိုးကျိုး လျော့စေတဲ့အတွက် ဆေးလုံးကို တစ်ရက်မှာ နှစ်ကြိမ်ထက် ပိုသုံးနိုင်သွားမယ်)

‘ ဒီတစ်ခေါက်တော့ ပေးရတာ တန်သားပဲ။ အကြိမ်တိုင်းတော့ သုံးစားမရတာ မဟုတ်ပေမဲ့ ဒီတစ်ခေါက်ပိုကောင်းတယ်။ ဒီတော့ ငါလဲ တစ်ခါလောက် ဆရာကြီးလို ဟန်ဆောင်ပါရစေ ဟျောင့်’

ဟောင် ကျီယွင်ကျစ်ဘက်ကို လှည့်လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။

“ ငါ တစ်ကြိမ်ပဲ ပြောမှာမို့ သေချာနားထောင်ပါ”

“ ဒီအစွမ်းရဲ့ပြင်းအားက အရမ်းပြင်းပြီး အရမ်းမြန်တယ်။ ဒီပြောင်းလဲမှုကို ထောက်ပံ့ပေးမဲ့ တစ်စုံတစ်ခုကို မင်းလိုအပ်တယ်.. လွယ်ကူစေလိုက်ပေါ့ကွာ။ ဒုန်းခနဲ ဖြစ်စေတာမျိုး မဟုတ်ဘဲ”

သူ စနစ်အတိုင်း တစ်ပုံစံထဲ ပြောရမှာ သေချာပေါက် ပျင်းလွန်းသည်လေ။ အကယ်၍ ဒါကသာ ဂိုဏ်းအတွင်းက ပညာသင်ပေးတဲ့ အခန်းမျိုး ဆိုပါက ဟောင်ရဲ့ပုံစံက အရေးကြီးတဲ့ တစ်ခွန်းလောက်သာ​ ပြောပြီး ကျန်တာအကုန် မင်းတို့ ကံတရားဆိုပြီး ပစ်ထားနေတဲ့ ဂိုဏ်းခေါင်းဆောင်လိုမျိုးပဲ။

“ အေးမြမှုကော အားတက်စေမှုကော သဘာဝနှစ်မျိုးလုံးပါတဲ့ ပါဝင်ပစ္စည်းကို ရှာပါ။ ဆေးလုံးရဲ့ အရှိန်ကို ဝင်နှောင့်မှာမျိုး မဟုတ်ဘဲ လွယ်ကူစေမှာမျိုးပေါ့”

“ နူးညံ့ပေမဲ့ တည်မြဲရမယ်။ ဒီလို လိုက်လျောညီထွေ ဖြစ်မှုရှိရင် ဆေးလုံးကို တစ်ရက်နှစ်လုံးထက် ပိုသုံးနိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်”

ဘယ်လို အပိုစာသား ရှင်းပြမှုမှ မလုပ်ခဲ့ဘူး။

ကျီယွင်ကျစ်က စိုက်ကြည့်နေဆဲပဲ။

ထို့နောက်မှာ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ စက္ကန့်နဲ့အလိုက် သူ့ရဲ့ မျက်လုံးတွေက ပိုစူးရှလာခဲ့၏။ ဖြစ်နိုင်ချေတွေကို သူ့ရဲ့ဦးနှောက်က ရှာဖွေ နေပြီဖြစ်သည်။

“.... ခုခံမှုမလုပ်မဲ့ အကူပစ္စည်းပေါ့… တက်ကြွတဲ့ လှုပ်ရှားမှုအနည်းငယ်လောက် အဖျားစွတ်ပါတဲ့ ယင်ဓာတ်ကို အခြေခံတဲ့ ပါဝင်ပစ္စည်းမျိုး..”

ဟောင်ရဲ့ စကားကို ပြန်တွေးနေရင်း ကျီယွင်ကျစ် တစ်ယောက်ထဲ ရေရွတ်လိုက်သည်။

“ ကျက်သရေရှိပြီး တည်မြဲရမယ်”

သေချာပေါက် ဟောင်ရဲ့ အကြံဉာဏ်ကို သူ အသုံးချခဲ့သည်။

ဒါပေမဲ့ သူက ပေးတဲ့အကြံလောက်နဲ့ မရပ်တန့်နေပေ။

တစ်စုံတစ်​ယောက်ရဲ့ ဉာဏ်ပညာကိုပဲ မျက်ကန်းလို အားကိုးဖို့ ကျီယွင်ကျစ်ရဲ့ ဗီဇက ခွင့်မပြုပေ။ သူက ထိုအရာကို အခြေခံပြီး ကိုယ်ပိုင်တီထွင်မှုနဲ့ တိုးတက်အောင် လုပ်မည်ပင်။

အကြိမ်များစွာ စမ်းသပ်ပြီး ဖြေရှင်းချက်ကို ဖော်ထုတ်လိမ့်မည်။

သူ့ရဲ့ ကိုယ်ပိုင်ပုံစံအဖြစ် ဖန်​တီးလိမ့်မည်။

သူက ထွက်မသွားခင် ကိုလာနောက်တစ်ဗူး ဝယ်သွားခဲ့သည်။ ထိုသူသည် ကိုလာဗူးကို အင်မတန် မြင့်မြတ်တဲ့ ပစ္စည်းသဖွယ် လက်နှစ်ဖက်ဖြင့် ကိုင်ဆောင် သွားသေး၏။

ဆိုင်ထဲမှာ နောက်ထပ် ရတနာတွေ ရှိသေးတာ သူ ခံစားမိပါသည်။ ဒါပေမဲ့ ကျီယွင်ကျစ်ဆိုတာ စွဲလန်းမှုတစ်ခုကို ပြီးမြှောက်မှသာ တစ်ခြားတစ်ခုဘက် လှည့်တတ်သော လူစားမျိုးဖြစ်၏။

သူ့အတွက် ဆေးလုံးဖန်တီးခြင်းက စစ်မှန်တဲ့ ဘဝကြီးဖြစ်ပြီး အကျိုးအမြတ် မပါဘူး။

စစ်မှန်ပြီး လွတ်လပ်သည်။

တစ်စုံတစ်ယောက်ရဲ့ မီးတောက်အောက်မှ အလင်းရောင်ယူရမဲ့အစား ကိုယ့်ဘာကိုယ်ပဲ စမ်းသပ်ခန်းတွင် အချိန်ကုန်ချင်သည်။

ကျီယွင်ကျစ် တံခါးက ထွက်သွားတာ မြင်မှ ဟောင် သက်ပြင်းချလိုက်ပြီး သူ့ရဲ့မျက်လုံးတွေကို နှိပ်နယ်လိုက်သည်။

‘ သူနေ့တိုင်း မေးခွန်းတွေသယ်ပြီး ရောက်မလာဖို့ မျှော်လင့်ရတာပဲ’

‘ သူသာ မေးခွန်းဆက်မေးနေလို့ကတော့ ငါ စနစ်ကို လှူဒါန်းရရင်း မွဲသွားလောက်တယ်’

နောက်တစ်နေ့တွင် အရန်မစ်ရှင်ကို ပြီးမြှောက်တဲ့အတွက် ဆုလာဘ်ရောက်လာခဲ့သည်။ ဟောင် ဖွင့်ကြည့်လိုက်ချိန်မှာ ခြောက်မြှောင့် အဆောင်လေး သုံးခုကို မြင်တွေ့လိုက်ရသည်။

ဒီဇိုင်းက ရိုးရှင်းပေမဲ့ အမြင်ဆန်းသည်။ အဆောင်များသည် အမဲရောင်ဖြစ်ပြီး အလယ်နားတွင် ခရမ်းရောင်ဖျော့ဖျော့ဘက်ကို ရောက်သွားတာမို့ ဆန်းကြယ်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်သည်။

အ​ဆောင်တစ်ခုချင်းဆီ၏ အလယ်တွင် ခရမ်းရောင် ကျောက်တုံးတစ်ခုရှိ၏။ အလင်းရောင်ကို အနည်းငယ်သာ မြင်ရသည်။ ဒီတိုင်းသာ ထင်ရပေမဲ့ ဟောင် ထိုကျောက်တုံးကို သာမာန်အလှဆင်ထား သည်လို့ မ​မြင်မိပေ။ သင့်တော်တဲ့ အချိန်ရောက်ရင် ကျောက်တုံးက လင်းလာမည် ထင်သည်။

အစွန်းနားတွင် ငွေဖြင့်ကုတ်ထားပြီး ကျန်တဲ့ တစ်ခုလုံးက အမဲရောင်ဖြစ်သည်။ တစ်ခုလုံးကို အချောတိုက်ထားသည်။

“ မိုက်တယ်တော့” ဟောင် အနီးကပ်ကြည့်နေရင်း ရေရွတ်လိုက်သည်။

“ ဒါပေမဲ့ ဒါကတစ်ကယ်ပဲ ဘာတွေလဲ?”

( အလုပ်သမားတွေရဲ့ လုံခြုံရေးအဆောင်တွေ ပိုင်ရှင်။ ဒါတွေက အသုံးပြုသူကို အားပြင်းတဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ပဲ။ အဆောင် တစ်ခုဆီက နတ်တစ်ပိုင်းနယ်ပယ်ကို ရောက်နေတဲ့ ကျင့်ကြံသူဆီကပါ တိုက်ခိုက်မှု တစ်ခုကို တစ်ရက်မှာတစ်ကြိမ် ကာကွယ်ပေးနိုင်တယ်)

All Chapters