( ကောင်းကင်ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို စုပ်ယူနိုင်တဲ့ အဆောင်)
Vol. 6 Ch. 76
‘ ဝိုး! နတ်တစ်ပိုင်းနယ်ပယ်တောင်မှလား?’
‘ အဲ့ဒါက..နေပါအုံး အဲ့နယ်ပယ်က ကောင်းကင်ဧကရာဇ်ထက်တောင် မြင့်တယ်မလား?’
( မှန်တယ်။ နတ်တစ်ပိုင်းနယ်ပယ်က လူသားအနေနဲ့ နောက်ဆုံးနယ်ပယ်ပဲ။ အဲ့ဒီအဆင့် ကျင့်ကြံသူတွေက အထက်ဘုံကို တက်လှမ်းနိုင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာ)
( သူတို့ရဲ့ တိုက်ခိုက်မှုတွေက အရမ်းကို ဖျက်ဆီးမှုအားကောင်းပြီး တိုက်ခိုက်မှု ပြီးသွားတဲ့နောက်မှာ နယ်မြေပျက်ဆီးမှုတွေ အထိပါ ဖြစ်စေတတ်တယ်)
‘ ဒီတော့ မင်းရဲ့စကားက ဒီအဆောင်က တောင်ကို အပိုင်းပိုင်း လုပ်ပစ်နိုင်တဲ့ ကျင့်ကြံသူဆီကနေ ကာကွယ်ပေးနိုင်တယ်ပေါ့?’
( အမှန်ပဲ ပိုင်ရှင်။ တစ်ရက်မှာ တစ်ကြိမ်သုံးခွင့်ရမယ်။ အသုံးပြုပြီး ၂၄ နာရီနေရင် အားပြန်ပြည့်မယ်။ စာချုပ်ချုပ်ထားတဲ့ အလုပ်သမားတွေသာ ရနိုင်မဲ့အဆောင်ပဲ)
( ခုခံမှုအပြင် ဒီဟာက အလုပ်သမားတိုင်းကို ဆိုင်ရဲ့တံခါးပေါက်ကနေ ဆက်နွယ်ထားတဲ့ များစွာတဲ့ နယ်မြေတွေ ကမ္ဘာတွေကြားကိုပါ ရွေးချယ်သွားလာခွင့် ပြုပေးနိုင်တယ်)
အခြေခံအားဖြင့် ပြောရရင် အလုပ်သမားတွေက ဘယ်လိုတိုက်ချက်တစ်ခုကိုမဆို အေးဆေး ခံနိုင်ပြီ။ သာမာန် သူဆီကတောင် မဟုတ်ဘူး။ နတ်တစ်ပိုင်းနယ်ပယ် ကျင့်ကြံသူ ဆီကနေတောင် ခံနိုင်သည်!
အဲ့ဒီကျင့်ကြံသူမျိုးဆိုတာ ကောင်းကင်ဘုံ ရောက်ခါနီး တစ်လှမ်းလောက်သာ လိုတော့တဲ့သူမျိုးပဲ။
ဒီကမ္ဘာမှာ နတ်တစ်ပိုင်းကျင့်ကြံသူတွေက ကောင်းကင်ဘုံကို တက်လှမ်းဖို့ ပြင်ဆင်နေရင်း သူတို့ရဲ့ တာအိုနှလုံးသားကို သန့်စင်အောင်လုပ်ရင်လုပ်၊ မဟုတ်ရင်လဲ ကောင်းကင်ဘုံရဲ့ အတိဒုက္ခ မိုးကြိုးတွေထဲ ဝင်ရောက်နေကြလောက်ပြီ။ ဘယ်သူ့မှာ တိုက်ခိုက်ဖို့ အချိန်ရှိမှာလဲ?
‘ ထွက်ပေါက်ကို ရွေးချယ်ခွင့် ရှိမယ်ဆိုတဲ့ အပိုင်းက…’
ဟောင် မျက်လုံးများ ကျဥ်းမြောင်းလိုက်သည်။
‘ ဒါတစ်ကယ် အသုံးဝင်တာပဲ’
အလုပ်သမားတွေကိုသူတို့ ဝင်လာတဲ့ တံခါးကနေသာ ပြန်ထွက်ခွင့်ရှိသည်လို့ ဟောင် တွေးခဲ့မိသည်။.အခုလို ရွေးချယ်ခွင့် ရှိတော့မယ်ဆိုရင်.. အရာအားလုံး ပြောင်းလဲ သွားလိမ့်မည်။
သူတို့တွေ အန္တရာယ်များတဲ့ နေရာကနေ လာခဲ့တာဆိုရင် သူတို့တွေ အဲ့ဒီနေရာကို ပြန်သွားဖို့ မလိုတော့ဘူး။ အကယ်၍ မဟာမြို့တော်သာ ပိတ်ချခံလိုက်ရရင်လဲ သူတို့တွေ တစ်ခြားကမ္ဘာတစ်ခုကို စိတ်ကြိုက် သွားလို့ရသွားပြီ။
ဒီအဆောင်ရဲ့ ဒုတိယတစ်ခု လုပ်ဆောင်ချက်က ပိုလုံခြုံစေသည်။
ပိုလဲ လွတ်လပ်စေသည်။
သူ အဆောင်များကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက်မှာ နူးညံ့စွာ ရယ်သွေးလိုက်သည်။
သူ မနေနိုင်စွာ စိတ်ကူးယဥ်မိသွား၏။
သူနဲ့ သူ့ရဲ့အလုပ်သမားတွေ လုံးဝကို မတူညီတဲ့ အပြိုင်ကမ္ဘာတစ်ခုထဲကို အလည် သွားနေကြပုံတွေပေါ့။ သူ ကြိုက်တာတော့ ကမ္ဘာပျက်ကပ် ကာလပဲ။
ပျက်ဆီးနေတဲ့ မြို့တော်ကြီးတွေရယ်၊ ကောင်းကင်မှာ မီးခိုးတွေ ပြည့်နေမဲ့ ပုံတွေရယ်…
အမှောင်ထဲကနေ အပြေးလာနေတဲ့ မရေမတွက်နိုင်တဲ့ ဇွန်ဘီလှိုင်းလုံးကြီးများရယ်….
အဲဲ့ဒီလိုမျိုး ပျက်ဆီးနေတဲ့ ကမ္ဘာကြီးထဲကို ရောက်သွားရင် ကောင်းကောင်း.လေ့ကျင့်ပြီး ကျင့်ကြံရုံသာလုပ်ခဲ့တဲ့ သူ့ရဲ့အလုပ်သမားတွေ ဘယ်လိုများ သေရေးရှင်ရေး အချိန်ကို ရင်ဆိုင်နိုင်မလဲ?
မြို့များစွာကို ကူးစက်နေတဲ့ ဗိုင်းရက် ကြီးကို ကျင့်ကြံသူတစ်ယောက်က တိုက်ထုတ်နိုင်မှာလား? လူလုပ် သေနတ်တွေထက် တောင်ကိုပါ မီးတောက်စေနိုင်တဲ့ မီးလက်ဝါးသိုင်းက ပိုပြီး အကျိုးထူးလောက်လား? မသေနိုင်တဲ့ အကောင်များစွာကို ရှေးဟောင်းသိုင်းတွေက အနိုင်ယူနိုင်မှာလား?
ဟောင် ပြုံးလိုက်တော့၏။.သူ့ရဲ့ နှလုံးသားတွင် စိတ်လှုပ်ရှားမှု မီးတောက် တစ်ခု တောက်လောင်နေခဲ့ပြီ။
အပြိုင်ကမ္ဘာရဲ့ ကုန်စုံဆိုင်က သာမာန် ကုန်စုံဆိုင်တစ်ခု မဟုတ်တော့ဘူး။ ဒါက တံတားတစ်ခု…. သော့ချက် တစ်ခုပဲ။ သူ အခုထိ ဒီတံတားရဲ့ လုပ်နိုင်စွမ်းအပြည့်ကို မဖွင့်ရသေးဘူး။
သူ့ကို စောင့်နေတဲ့ တစ်ခြားကမ္ဘာတွေ ရှိနေသေးသည်။ တစ်ခြား ရှင်သန်မှုပုံစံမျိုးတွေပေါ့…။
ဟောင် နေရာအစုံတွင် မုန့်တွေသွားရောင်းချင်သည်။
ဒါတွေက အနာဂတ်အတွက်ပဲ။
ထိုအဆင့်ကို ရောက်နိုင်ဖို့ မစ်ရှင်တွေ ရူးမတတ် လုပ်ရအုံးမှာ သူသိပါသည်။ တစ်လှမ်းချင်းပေါ့။
အခုတော့ ဒီကျင့်ကြံရေးလောကမှာပဲ နေရာအသစ်တစ်ခု ပွင့်အောင်ကြိုးစားလိုက် အုံးမည်။
ဒီလိုနဲ့ ထိုနေ့သည် တိတ်တဆိတ်ပဲ ကုန်ဆုံးသွား၏။
မိုရှီရှီ၊ ခူရိုမီနဲ့ ထျန်းလုတို့ကို ဟောင် အဆောင်များ ပေးလိုက်သည်။ သူ တစ်ခုချင်း အသေးစိတ် ရှင်းပြခဲ့သည်။ သို့ပေမဲ့ ထျန်းလုကတော့ တစ်ချက်သာ ခေါင်းညိတ်ပြီး သူ့ရဲ့ဝတ်ရုံထဲကို နောက်ထပ် လက်နက်တစ်ခုလို ထိုးထည့်လိုက်လေ၏။
ဘာမေးခွန်းမှ မလာဘူး… တစ်ကယ်ကို အသက်တွေကို ကစားစရာလို လုပ်လာတဲ့ အသဲမာသူတစ်ယောက်ဆိုတဲ့ အတိုင်းပဲ။
‘ ကြည့်လိုက် ရိုယူနဲ့ ဆူကီ။ မေမေ ပစ္စည်းသစ် ရလာတယ်’
ခူရိုမီက ကျေနပ်ဂုဏ်ယူစွာ ပြုံးပြီးပြောလိုက်ချိန်မှာ ကြောင်လေး နှစ်ကောင်က အနားတိုးလာပြီး အဆောင်ကို စပ်စုစွာ ပုတ်နေကြသည်။
မိုရှီရှီလဲ တည်ငြိမ်ဟန်ဆောင်ရင်း ခေါင်းအရင် ညိတ်သေးသည်။ ဒါပေမဲ့ သူမရဲ့ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေလေ၏။
ဟောင် အကြည့်လွှဲလိုက်တာနဲ့ သူမက အဆောင်ကို ရင်ဘတ်နားကပ်ပြီး ဖက်လိုက်သည်။
“ သူဋ္ဌေး..ငါက ကြိုက်လို့မဟုတ်ဘူး.. ဒီတိုင်း ဒါက အသုံးဝင်လို့”
ဟောင် သူတို့ကို အပြုံးဖြင့်သာ ကြည့်လိုက်သည်။
သူတို့တွေရဲ့ တုံ့ပြန်ပုံက မတူညီပေမဲ့… ဆိုလိုရင်းက အတူတူပင်။
သူတို့တွေက ကိုယ်ပိုင်အသီးသီး သန်မာကြသည်။ သူတို့တွေ သေရမှာ မကြောက်ဘူး။ ဒါပေမဲ့ ထိုအရာက အဓိက အချက်မဟုတ်ပေ။
ဒီအဆောင်သာ တစ်ခြားသူပေးရင် သူတို့တွေ သံသယ ဝင်ကောင်းဝင်နိုင်သည်။
ဒါပေမဲ့ ဟောင် ပေးခဲ့တာလေ။
ဆိုလိုတာက ဒါကသေချာပေါက် အလုပ်လုပ်သည်ပဲ။
ဘယ်လိုလိမ်ညာမှု၊ ဘယ်လို လှည့်စားမှုမှ မရှိဘူး။ တစ်ကယ်ကို နတ်တစ်ပိုင်းနယ်ပယ် ကျင့်ကြံသူရဲ့ တိုက်ကွက်တစ်ခုကို သေချာပေါက် ကာကွယ်နိုင်လောက်သည်။
တစ်ကယ်ကို ဒီကမ္ဘာရဲ့ လုပ်နိုင်စွမ်းတွေကို ကျော်လွန်နေပြီပင်။ ဒီအဆောင်ရဲ့ သတင်းသာ ထွက်သွားခဲ့ရင် စစ်ပွဲတောင် ဖြစ်လာနိုင်သည်။ ဒီလို ရတနာကို လက်ဝယ်ရနိုင်ဖို့ ဂိုဏ်းတွေ အကုန် လုယက်ကုန်နိုင်သည်။
ဒါပေမဲ့ ဒီအဆောင်က အလုပ်သမားတွေ အတွက်သာ အလုပ်လုပ်သည်။
ဒီအဆောင်ရဲ့ လုပ်နိုင်စွမ်းထက်က နောက်က ရည်ရွယ်ချက်က ပိုနက်ရှိုင်းလေ၏။ ဟောင်က သူတို့ကို သာမာန် ရှင်သန်ဖို့ အခွင့်အရေး ပေးခဲ့ရုံ မဟုတ်ဘူး။
တန်ဖိုးရှိတာ တစ်ခုကို ယုံယုံကြည်ကြည် အပ်နှင်းခဲ့တာပဲ။
ဂိုဏ်းတစ်ဂိုဏ်းသာ ဆိုရင် ဒါမျိုးပစ္စည်းကို အတွင်းနေရာမှာပဲ ထိန်းသိမ်းထားတာ ဖြစ်ဖြစ်၊ ဂိုဏ်းအကြီးအကဲတွေ ယူထားတာဖြစ်ဖြစ် လုပ်ကြလိမ့်မည်။ ပြီးလျှင် ပြဿနာတွေပါ ဖြစ်လာနိုင်သည်… နောက်ကွယ်ကနေ ဒါနဲ့ ပတ်သတ်ပြီး အတင်းပြောကြမည်၊ ဒီပစ္စည်းကို ရနိုင်ဖို့ အကြီးအကဲဆီက မျက်နှာသာရအောင် အချင်းချင်း ချောက်ချကြမည်၊ ပိုဆိုးလျှင် အချင်းချင်းကြား သတ်ဖြတ်မှုပါ ရှိလာနိုင်သည်။
ဒါပေမဲ့ ဒီမှာလား?
ဟောင်က သူတို့ကို ဒုတိယတစ်ကြိမ်တောင် မစဥ်းစားပဲ ပေးပစ်ခဲ့သည်။
ဒါက အစွမ်းနဲ့သက်ဆိုင်သည်ထက် ကျေးဇူးတရားနဲ့ သက်ဆိုင်သည်။
တစ်ယောက်ချင်းဆီ၏နှလုံးသားထဲတွင် ကြီးမားတဲ့ ကျေးဇူးတင်မှုကို တည်ဆောက်လိုက်ကြသည်။
သူတို့တွေ ထုတ်မပြောကြပေမဲ့ တစ်ကယ် တွေးခဲ့ကြသည်။
သူတို့တွေက သာမာန်ဖြတ်သွားဖြတ်လာများ မဟုတ်တော့ဘူး။
သူတို့က ဒီဆိုင်ရဲ့ တစ်စိတ်တစ်ပိုင်း.ဖြစ်လာခဲ့ပြီ။
ဒီအဆောင်က ဒိုင်းကာ တစ်ခုဆိုတာထက် သင်္ကေတတစ်ခုပဲ။
စိတ်ဝိညာဥ်သားရဲ ခူရိုမီသည် သူမရဲ့ မျိုးဆက်တွေအတွက် ပူပင်ခဲ့ရသည်။
ထျန်းလုဆိုသည်မှာ ဘယ်ဂိုဏ်းကိုမှ သစ္စာမခံဖူးတဲ့ တိတ်ဆိတ်တဲ့ လုပ်ကြံသူ တစ်ယောက်ဖြစ်သည်။
မိုရှီရှီသည်လဲ ကမ္ဘာကြီးက မေ့ပျောက်နေပြီဖြစ်တဲ့ ကျဆုံးသွားတဲ့ မိစ္ဆာဂိုဏ်းရဲ့ ဆက်ခံသူပင်။
အပြင်တွင် သူတို့သုံးယောက်လုံးသည် ခြိမ်းခြောက်မှုပေးနိုင်သော အန္တရာယ်များ ဖြစ်သည်။ အပြင်လူများဖြစ်သည်။
ဒါပေမဲ့ ဒီနေရာမှာ…
သူတို့ကို ယုံကြည်ပေးသည်။
လေးစားခံရသည်။
ပြီးတော့ သူတို့တွေ ထပ်ပြီး တစ်ယောက်ထဲ မဟုတ်တော့ဘူး။
သိပ်မကြာခင်ကမှ အလုပ်ဝင်ခဲ့သော ထျန်းလုပင် ဒီဆိုင်မှာ ဆက်နေဖို့ တွေးခဲ့သည်။
သူ အစက ဒီနေရာကို ယာယီ ခိုလုံရာတစ်ခုအဖြစ် တွေးထားမိသည်.. ခဏတာ ပုန်းခိုဖို့ရန် တိတ်ဆိတ်တဲ့ စခန်းတစ်ခုသာပေါ့။ ဒါပေမဲ့ သူထင်ခဲ့တာထက် အဖြစ်အပျက်တွေက လျင်မြန်စွာ ဖြစ်သွား၏။
အခြေအနေ ကန့်သတ်ချက်တစ်ခုမပါပဲ သူ့ကို အလွန်အားကြီးတဲ့ အကာအကွယ်အဆောင် တစ်ခု ပေးသွားခဲ့သည်။ ဘယ်လို သစ္စာရှိမှုကိုမှ မစစ်ဆေးသလို၊ ကျိန်ဆိုခိုင်းတာမျိုးလဲ မရှိဘူး။ ဘာလှည့်စားမှုမှ မရှိဘဲ ယုံကြည်စွာ အပ်နှင်းခဲ့တာပင်။
သူက တုံးအသူ မဟုတ်ပေ။ သစ္စာခံမှုဆိုတာ ပြောင်းလဲတတ်ပြီး အခြေအနေတွေဆိုတာ အမြဲပြောင်းလဲတတ်မှန်း နားလည်သည်။
ဒါပေမဲ့ အခုတော့လား?
ထျန်းလု ထိုသို့ပြောင်းလဲမှုမျိုး ဖြစ်လာနိုင်သည်လို့ မခံစားရတော့ပေ။
ဒီမှာတော့ မဟုတ်ဘူး။
ဒီအလုပ်သမားတွေနဲ့တော့ မဟုတ်ဘူး။
……
ဆိုင်ထဲမှာ အချိန်တွေ ကုန်ဆုံးသွားပြီး ရက်တွေကနေ အပတ်တွေထိ ကြာသွားခဲ့သည်။
ဈေးဝယ်တွေ ဝင်ထွက်သွားလာနေခဲ့သည်။ စင်တွေကို ပြန်ဖြည့်သည်။ ဟောင်သည်လဲ စနစ်ရဲ့ မစ်ရှင်တိုးတက်မှုကို မပျက် စစ်ဆေးသည်။
ထို့နောက်မှာ သူတွေ့လိုက်ရသည်က.. အရန်မစ်ရှင်တစ်ခုသည် နီးကပ်လာပြီး.. အဆုံးမှာ ပြီးဆုံးသွားပြီ!
…….
အရန်မစ်ရှင်တစ်- အာလူးကြော် အထုပ် ၃၀နဲ့ မက်မွန်လက်ဖက်ရည် ဗူး ၅၀ ရောင်းရန်။
တိုးတက်မှု- 30/30 နဲ့ 50/50
ဆုလာဘ်- စနစ်ရဲ့ ဗားရှင်းက 2.0 ကို တက်ပြီး ပိုင်ရှင်ရဲ့သိုင်းသွေးကြောကို ဖွင့်နိုင်မယ်။ ဝိညာ်ဥ်ကျောက်တုံး ပေးဖို့လိုအပ်တာမို့ ငွေ စုထားတော့!
အခြေအနေ- ပြီးမြှောက်ပြီ! ဆုလာဘ် ယူတော့မည်လား?
……..
ဆုလာဘ်ယူမယ်!