← Chapters

( စနစ်က ဗားရှင်းမြင့်ပြီ!)

Vol. 6 Ch. 77

( စနစ်က ဗားရှင်းမြင့်ပြီ!)

Vol. 6 Ch. 77

ဟောင် ပုံရိပ်ယောင် မျက်နှာပြင်ကို မယုံကြည်နိုင်စွာ ကြည့်နေမိ၏။

သူ ဒီထပ်ပိုကြာမယ်လို့ တွေးထားပေမဲ့ အခုဖြစ်လာခဲ့ပြီ။ သူထင်ခဲ့တာ သုံးလ၊ ငါးလတော့ ကြာမည်ဟူ၍ပင်။

အခုတော့ တစ်ကယ်ကို ဖြစ်လာပြီပဲ!

ဒါတွေအားလုံးက တစ်ချို့ရက်ရောတဲ့ ဈေးဝယ်တွေရဲ့ ကျေးဇူးကြောင့်ပဲ။

ငွေထုတ်ကြီးတဲ့ အရှင်မင်းကြီး၊ ဂိုဏ်းခေါင်းဆောင် နှစ်ယောက်နဲ့ အကြီးအကဲ နှစ်ယောက်က အဓိက ဖြုန်းပေးသူများပင်။ သူတို့တွေ တစ်ပတ်မှာ နှစ်ရက်သာ လာသည်။ ဒါပေမဲ့ လာတိုင်းမှာ ဆိုင်မှာရှိသမျှ ပစ္စည်းအားလုံးကို တစ်ခုဆီ ဝယ်ခဲ့သည်။

မျိုးဆက်ဟောင်းများအတွက် မက်မွန်လက်ဖက်ရည်က ရေပန်းစားသည် ပြောရမှာပင်။

သူတို့ပြောသည်ကတော့ အရသာသည် ချောမွေ့ပြီး နူးညံ့သည်။ အတိတ်မှတ်ဉာဏ်နဲ့ ငယ်ရွယ်မှုကို ပြန်အောက်မေ့စေသော အရသာဖြစ်သည်။ မက်မွန်လက်ဖက်ရည်ရဲ့ အစွမ်းကို ဂရုမစိုက်ဘဲ… အရသာနဲ့တင် သူတို့နှလုံးသားထဲမှာ အကြိုက်ဆုံးပစ္စည်း ဖြစ်လာခဲ့သည်။

ဟောင် ဘာမှမငြင်းပါချေ။ သူတို့သာ လာပြီး စင်ကို ပြောင်အောင်လုပ်ပေးနေသရွေ့ သူ ဘာမှမပြောဘူး။

အခုတော့ နေ့ရက်သစ်တစ်ခု ရောက်လာခဲ့ပြီ။

နေရောင်က ထွက်စသာရှိသေးသော်ငြား ဟောင် အိပ်ယာနိုးနေခဲ့ပြီ။

သူ့မျက်နှာရှေ့ရှိ ပုံရိပ်ယောင်မျက်နှာပြင်သည် တောက်ပပြီးလက်ထနေသည်။

………

( စနစ်ကို ဗားရှင်း 2.0 အဖြစ် အောင်မြင်စွာ မြင့်တင်ပြီးပါပြီ)

ကိုယ်ရေးအချက်အလက်မျက်နှာပြင်; ပွင့်!

သွေးကြောနိုးထခြင်း; ပွင့်!

ပိုင်ရှင်ရဲ့ ကိုယ်ပိုင်အရောင်းဆိုင်; ပွင့်!

…….

ဟောင် မျက်တောင် ခတ်လိုက်သည်။

‘ အိုး အများကြီးပဲ။ စနစ် မင်းငါ့ကို ရင်ခုန်အောင်လုပ်နေပြီ’

( စိတ်လှုပ်ရှားပြီး ငိုမနေနဲ့အုံးနော် ပိုင်ရှင်)

ဟောင် အိပ်ယာမှာ လှဲနေရင်းဖြင့် ပျင်းရိစွာ အကြောဆန့်လိုက်သည်။

‘ အင်း မဆိုးပါဘူး။ ပထမရက်က ငါ့ဥတွေကို ခြိမ်းခြောက်ခံရပေမဲ့ အခု အကျိုးရှိသွားပြီ’

‘ စနစ် သိုင်းသွေးကြောဖွင့်ဖို့ ငါ့မှာလုံလောက်တဲ့ ဝိညာဥ်ကျောက်တုံး ရှိလား?’

( ရှိတယ်။ ဖွင့်ချင်ရင်က ဝိညာဥ်ကျောက်တုံး ငါးဆယ် ပေးရမှာရယ်)

ဟောင် ပြုံးလိုက်သည်။

“ ကောင်းတယ်!”

ကျေးဇူးတင်ဖို့ကောင်းစွာ ဝိညာဥ်ကျောက်တုံးတွေ ပြည့်နေလို့သာပင်။ စနစ်ရဲ့ ၉၀% အမြတ်ပေးရတာအပြင် ဟောင် ကိုယ့်အတွက်ကိုယ် ဘာမှ မသုံးခဲ့ပေ။ ဆိုင်က သူ့ကိုအစားအ​သောက်ကော လိုအပ်ချက်တွေကော ဖြည့်ပေးထားသည့်အပြင် သူက အသုံးအဖြုန်း ကြီးတဲ့သူလဲ မဟုတ်ဘူး။

“ စလိုက်တော့”

ဟောင်သည် သူ့ရဲ့ညာလက်ကို ဒရမာဆန်စွာ လေထဲ​မြှောက်လိုက်ရင်း ပြောလိုက်၏။

( ဖြစ်စဥ်စတင်နေပါပြီ။ ပိုင်ရှင် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရနိုင်တယ်။ ဒါက လုံးဝ ပုံမှန်ပဲ။ သေလောက်အောင် မအော်ဘဲ ထိန်းထားအုံး)

“ နေအုံးနေအုံး! ပြင်းထန်တဲ့ နာကျင်မှုဆိုတာ ဘာကိုဆိုလိုတာတုန်း?”

“ မင်း ဒီတိုင်းပဲလုပ်ပေး….”

ဟောင် စကားဆုံးအောင်တော့ မပြောရသေးပေ။

သူ့ရဲ့ တစ်ကိုယ်လုံး.တောင့်တင်းပြီး ပိတ်ပင်ခံလိုက်ရသည်။

သူ့ရဲ့ လက်ချောင်းလေးတစ်ခုတောင် မလှုပ်ရှားနိုင်တော့ဘူး။ သူ့ရဲ့ ခြေလက်တွေက သူနဲ့မသက်ဆိုင်တော့သလိုပဲ။

ထိုအချိန်မှာပဲ နာကျင်မှုက စတင်လာ၏။

ဓားနဲ့ထိုးသလို မဟုတ်ဘူး။ မီးမြိုက်နေသလိုလဲ မဟုတ်ဘူး။

အမှန်တော့ ထိုထက်ပြင်းသည်! မိုးကြိုးသွား တစ်ခုက သူ့အရိုးတွေထဲ ဝင်ရောက်ပြီး သွေးကြောတွေထဲ ပေါက်ကွဲထွက်နေသလိုပဲ!

နောက်ကျောတစ်ပြင်လုံး ကိုက်ခဲလာပြီး အသက်ရှုမှုက လည်ချောင်းမှာတင် တစ်သွားသည်။ သူ မအော်နိုင်သလို စကားသံတောင် မထွက်နိုင်တော့ဘူး။

သူ့ရဲ့သွေးကြောတွေက ပျော်ဝင်နေတဲ့ မီးအလင်းတစ်ခုလို တောက်ပလာသည်။

သူ့ရဲ့ကိုယ်တွင်းရှိ မမြင်ရတဲ့ ချိန်းကြိုးတွေ ပျက်ဆီးသွားသလိုပဲ။

တစ်စက္ကန့်တိုင်းက သူ့ရဲ့ ခြေလက်တွေကြားမှာ အပူစီးကြောင်း တစ်ခု ဖြစ်ပေါ်စေသည်။

သူ့ရဲ့ နှလုံးက ရင်ဘတ်ကို ရိုက်ထုမတတ် ခုန်ပေါက်နေ၏။ ကြွက်သားတွေအကုန် တွန့်လိမ်နေရင်း ကျောရိုးမကြီးကလဲ တောင့်တင်းလာကာ မသိနိုင်တဲ့ အင်အားတစ်ခုက ကျောရိုးမ တစ်လျှောက် အပေါ်အောက် ပြေးဆင်းနေသည့်နှယ်။

ဒါက သာမာန်နာကျင်မှု မဟုတ်ဘူး။

တစ်ကိုယ်လုံးကို ဆွဲဖြဲပြီး အသစ်ပြန်တပ် ပေးသွားသလိုပဲ။

အချိန်က လိပ်တစ်ကောင်အဖြစ် ပြောင်းသွားပုံရှိ၏။ စက္ကန့်တွေက နာရီလို ကြာမြင့်နေသည်။

ဒါပေမဲ့ သူ့ ရင်ဘတ်ရဲ့ အနက်ရှိုင်းဆုံး နေရာတွင် တစ်စုံတစ်ခု စတင်လာခဲ့သည်။

နွေးထွေးပြီး စည်းချက်ကျနေသည်…

တစ်ခုခုက ရှေးဆန်ပြီး လူသားဖြစ်လာသလို ခံစားချက်ပဲ။

နောက်ဆုံးရိုက်ချက် ​ဖြစ်ပေါ်ချိန်မှာ ဟောင် အသက်ကို အလောတကြီး ရှုသွင်းလိုက်တော့၏။

သူ့ရဲ့ မျက်နှာရှေ့တွင် ပုံရိပ်ယောင် မျက်နှာပြင် ထပ်မံပေါ်လာသည်။

( ဂုဏ်ယူပါတယ် ပိုင်ရှင်! သွေးကြောအားလုံးကို အောင်မြင်စွာနိုးထပြီးပါပြီ)

ဟောင် အိပ်ယာထဲ အားပျက်စွာ ပြန်နစ်မြုပ်လိုက်သည်။ ချွေးတွေရွှဲနေတာမို့ ဆံပင်များပင် နဖူးကို ကပ်နေခဲ့သည်။

“...စနစ်”

“ နောက်တစ်ခေါက်ကျ ထုံဆေးလေး ပေးပါကွာ။ ဝိညာဥ်ကျောက်တုံးပေးရလဲ ငါ ဂရုမစိုက်ဘူး”

( မရဘူးပိုင်ရှင်။ နာကျင်မှုက ဖြစ်စဥ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အဲ့ဒါကြောင့် ထုံဆေး ပေးလဲ ကျရှုံးမှာပဲ။ အလကားနေ ပိုက်ဆံပဲ ကုန်မယ်)

“ တစ်ကယ်ကြီးလားဟ? ဒီတော့ ငါ့ဘဝက အစတည်းက ခံစားရဖို့များလား…?”

ဟောင် သက်ပြင်းကို ရှည်လျားစွာ ချလိုက်သည်။ တော်သေးလို့ ပြီးသွားလို့ပင်။

သူ့ရဲ့နဖူးပေါ်က ချွေးအေးများကို တုန်ယင်စွာ သုတ်လိုက်လေသည်။

“ အင်းပါ။ ဒါဆို ငါအခု ကျင့်ကြံလို့ ရပြီပေါ့?”

( မရသေးဘူး။ ပိုင်ရှင်ရဲ့ ကိုယ်ရေးအချက်အလက် စာမျက်နှာကို အရင်ဖွင့်ကြည့်ဖို့ အကြံပေးတယ်)

“ ဘာ?! ဒီလောက် နာကျင်ထားတာကို ငါက ကျင့်ကြံလို့မရသေးဘူးလား?”

“အားးးး”

ဟောင် မျက်လုံးများပိတ်ကာ ခဏရပ်နေလိုက်တော့သည်။

သူ့ရဲ့ခေါင်းကို ခါးရမ်းလိုက်သည်။

အနည်းငယ်သော စိတ်ရှုတ်စရာ ကိစ္စကြောင့်နဲ့ သူ့ရဲ့နေ့ရက်ကို ပျက်ဆီးစေလို့ မဖြစ်ဘူး။

ဒါကသူ့ အရှေ့တိုးနိုင်မဲ့အခွင့်အရေးပဲ။ သူ့ကို ဘာကမှ လာတားလို့မရဘူး။

‘ စနစ်ရဲ့ ငါ့ရဲ့ကိုယ်ရေးအချက်အလက် စာမျက်နှာကို ဖွင့်ပေး။ ငါ ကြည့်ချင်တယ်’

………

(အချက်အလက်)

အမည်- ဟောင်။

ခန္ဓာကိုယ်- ဗလာကိုယ်ထည် တည်ဆောက်ပုံရှိ။

ကျင့်ကြံဆင့်- သေမျိုးနယ်ပယ်။

ကျင့်ကြံရေးသိုင်း- NA

……….

ဟောင်ရဲ့ မျက်လုံးများက တည်ဆောက်ပုံဆိုသော နေရာတွင် ရပ်သွား၏။ ထိုစာလုံး၏ ဘေးတွင် အပေါင်း သင်္ကေတ ရှိနေသည်။

‘ ဒီတော့ ဒါကြောင့် ငါမကျင့်ကြံနိုင်သေးတာပေါ့? အဲ့ဒီ ဗလာကိုယ်ထည် တည်ဆောက်ပုံ ဆိုတာကြောင့်ပေါ့လေ?’

ဟောင် အမြန်ပဲ အောက်ခြေကို နှိပ်လိုက်ချိန်မှာ သူ့မျက်စိရှေ့၌ များစွာသော ဖြစ်နိုင်ချေရှိတဲ့ တည်ဆောက်ပုံများ ထွက်လာလေ၏။

ဟောင် အပေါ်အောက် ဆွဲကြည့်လိုက်သည်။ အဆုံးမရှိတဲ့ နာမည်များကြောင့် သူ့ရဲ့မျက်လုံးက ပြူးကျယ်လာတော့သည်။

အကုန်လုံးက အံ့သြဖို့ကောင်းနေတဲ့အတွက် သူ.ဘယ်တစ်ခုကနေ စရမှန်း မရွေးချယ်နိုင်တော့ချေ။

‘ ဘာလား? အကုန်လုံးက မိုက်မဲ့ပုံကြီးကွာ’

‘ စနစ် ဒီနာမည်စာရင်းက ငါ တစ်ခုကို ရွေးချယ်ပြီး ကျင့်ကြံနိုင်မဲ့ဟာလား?’

( အမှန်ပဲ ပိုင်ရှင်။ စနစ်ရဲ့ ဗားရှင်းက 2.0 မလို့ အဲ့ဒီထဲက တစ်ခုကိုပဲ ဗလာကိုယ်ထည်မှာ သုံးနိုင်မယ်။ စိတ်မပူနဲ့ ဒီတစ်ခေါက် အလကားလုပ်ပေးမှာပါ)

“ အလကား?” ဟောင်ရဲ့ မျက်နှာက ချက်ချင်း ပြောင်းသွား၏။

“ ဟ ကြည့်ပါအုံး! စနစ်လေးက ငါ့ကို အမြဲ ကြင်နာတာပဲ။ ငါက မင်းသဘောအကျဆုံး လူဖြစ်ရမယ် ဟုတ်တယ်မလား? မင်းက ကိုယ့်ပိုင်ရှင်ကို ဘယ်လိုကောင်းကောင်း ဆက်ဆံရမယ် သိတာပဲ”

ထိုနောက်မှာ သူ.တစ်ခုကို သတိထားမိသွားခဲ့သည်။

နေပါအုံး… စနစ်က အခု တစ်ခုပဲ ထည့်ပေးနိုင်တယ်ဆိုတော့ သူသာ အဆင့်ပို မြင့်နိုင်ရင် ပို​ပြီးတည်ဆောက်ပုံတွေ ရနိုင်မှာပေါ့?

ရူးချင်စရာပဲ! ဒါဆိုငါက လုံးဝ သောက်ကျိုးနည်းဆရာသခင်ကြီး ဖြစ်လာတော့မှာပေါ့ ဟားဟား!

ဟောင် ချက်ချင်းပဲ စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။

ငါ နောက်ဆုံးတော့ သောက်ရမ်းလန်းတဲ့ MC အုပ်စုထဲ ဝင်နိုင်တေ့ာမှာပေါ့!

ဒါဆို ငါအခု မိန်းမတစ်ထောင်လောက် ယူလို့ ရတော့မှာလား?!

ဟောင် အေးခဲသွားသည်။

ငါအခုထိ ပထမဆုံးအနမ်းတောင် မရသေးဘူး။ တစ်ထောင်ကတော့ များလွန်းပါတယ်။ တစ်ယောက်ချင်းစတာပေါ့။

‘ စနစ် ငါ့ကို ညွှန်းပေးချင်တဲ့ တည်ဆောက်ပုံ ရှိလား?’

( စာရင်းထဲကဟာ အကုန်လုံးက ထိပ်သီးတွေကြည့်ပဲ။ သူတို့တွေက မတူညီတဲ့ ဒိုင်မန်းရှင်းတွေ၊ အပြိုင်ကမ္ဘာတွေကနေ ရထားတဲ့ ထိပ်သီးအရည်အချင်း ရှိတာတွေပဲ။ ဘယ်ဟာရွေးရွေး.မမှားဘူး။ ပိုင်ရှင့်ရဲ့ အကြိုက်အပေါ်ပဲ မူတည်တယ်)

ဟောင် စာရင်းကို ကြည့်နေရင်း ကြောင်အနေခဲ့သည်။.သူ ကြိုက်တဲ့တစ်ခု ရွေးလို့ရသည်… တစ်ခုမှ မှားမှာ မဟုတ်ဘူးပေါ့?

ဘယ်ဟာရွေးရွေး ရမှန်း သိသွားတာတောင်မှ သူ့အတွက် ဗြာများနေရဆဲပင်။ မသိလျှင် ကလေးတစ်ယောက် ချန်နယ်အသစ်ကို တွေ့သွားသလိုမျိုးပဲ။ စိတ်လှုပ်ရှားနေပေမဲ့ ဘယ်တစ်ခုကို ကြည့်ရမှန်း မရွေးတတ်နေတဲ့ အတိုင်းပင်။

တစ်ဘဝစာလောက် အကြာကြီးစဥ်းစားပြီးနောက်မှာ ဟောင် သူ့ကို ဆွဲဆောင်နိုင်ပုံရှိတဲ့ အထူးနာမည်နှစ်ခုကို အာရုံစိုက်လိုက်သည်။

All Chapters