← Chapters

( ကျင့်ကြံရေးအစီအရင်လား? အလင်းကနေပဲ သုံးလိုက်စမ်းပါ)

Vol. 6 Ch. 80

( ကျင့်ကြံရေးအစီအရင်လား? အလင်းကနေပဲ သုံးလိုက်စမ်းပါ)

Vol. 6 Ch. 80

ဟောင်ရဲ့ မျက်နှာက တိတ်ဆိတ်တဲ့ အပြုံးတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

‘ အိုး ငါအသင့်ဖြစ်ပြီ။ နေ့လည်ကျရင် ငါက မတူညီတဲ့သူဖြစ်တော့မှာပဲ’

သူ လက်မောင်းနှစ်ဖက်ကို ခေါင်းနောက်ထားကာ အကြောဆန့်လိုက်ပြီး ဆိုဖာမှ ထလိုက်တော့၏။

အနာဂတ် သိုင်းထွဍ်ခေါင်တစ်ယောက် ဖြစ်နေရင်တောင်မှ သွားတိုက်ရအုံးမည်လေ။

ဟောင် ကမ္ဘာ့အမြန်ဆုံး ရေချိုးနည်းကို ကျင့်သုံးပြီးတာနဲ့ မနက်ခင်း တာဝန်တွေကို စတင်လိုက်သည်။

ကောင်တာသုတ်တယ်..ကြမ်းတိုက်တယ်.. ခေါက်ဆွဲတွေဖြည့်တယ်.. ရေခဲသေတ္တာမှာ ဖျော်ရည်တွေ ပြန်စီတယ်..။

ညတုန်းက ခူရိုမီရဲ့ ကလေးနှစ်ကောင် ဆော့ထားလို့ ပြုတ်ကျနေတဲ့ အာလူးကြော်တွေပါ ပြန်စီလိုက်၏။

သူ မကျေနပ်ခြင်းတစ်စက် မရှိဘဲ အလုပ်တွေကို လုပ်ဆောင်လိုက်သည်။

သူ အခု တရားဝင် ကျင့်ကြံသူဖြစ်လာပေမဲ့ ချက်ချင်းကြီး ဓားပျံကောက်စီးကာ နတ်ဆိုးသားရဲတောထဲ ဝင်ပြီး သောင်းကျန်းလို့ မရမှန်းနားလည်ပါသည်။

သူ့မှာ တာဝန်ဝတ္တရားတွေရှိသည်။

ဒါက အပြိုင်ကမ္ဘာကုန်စုံဆိုင်ဖြစ်ပြီး သူက ဆိုင်ရှင်တစ်ယောက်ပဲ။

အသန်မာဆုံးမဟုတ်တောင်…

အဆန်းကြယ်ဆုံး မဟုတ်တောင်…

ဒီနေရာကတော့ သူ မရှိလို့ မဖြစ်ဘူးလေ။

ဟောင်လဲ အမှန်တိုင်းပြောရရင် ဒါကို မမုန်းပေ။

ဆိုင်ကို လည်ပတ်ရတာကို သူ ကြိုက်လာခဲ့ပြီ။

ဆိုင်ရဲ့စင်တွေကို စစ်ဆေးပြီး ထူးဆန်းတဲ့ ဈေးဝယ်တွေကို နှုတ်ဆက်ရသည်။ ဒီနေရာရဲ့ ဘဝက ထူးခြားပေမဲ့ သူ ကြိုက်သည်။

ဒါပေမဲ့ တစ်ခါတစ်လေ ပျင်းရတာမျိုးတော့ ရှိတာပင်။

ဒါပေမဲ့ အခုတော့ မတူတော့ဘူး။.သူ အချိန်ဖြုန်းဖို့ နည်းလမ်းအသစ်တစ်ခု ရသွားပြီ။ ဂိမ်းထဲမှာ လုပ်ဆောင်ချက် တစ်ခု ပွင့်သွားပြီး အရှိန်မြင့်ပေးလိုက်သလိုမျိုးပဲ ပျော်စရာကိစ္စ အပိုဆောင်း.ထည့်ပေးလိုက်တာ ဖြစ်သည်။

ဆိုင်ကို သန့်ရှင်းရေးလုပ်ပြီး၍ ပစ္စည်းဖြည့်ခြင်းပါ ပြီးသည်နှင့် ဟောင် တံခါးဆီလျှောက်လာကာ ဖွင့်လိုက်သည်။ ဖွင့်သည်ဆိုတဲ့ စာလုံးကို အပြင်ဘက်ကို ထားလိုက်၏။

‘ဖွင့်သည်’

သူ အနောက်ဆုတ်ပြီး ခါးထောက်ကာ အသက်တစ်ချက်ရှုထုတ်လိုက်သည်။

ထင်တဲ့အတိုင်းပဲ သန့်ရှင်းရေးလုပ်တာကအစ ချီစွမ်းအင်ကို စုပ်ယူပေးနေခဲ့သည်။ တစ်ကယ်ကို နေမင်းအင်ပါယာရဲ့မာန သိုင်းက အသက်ရှုမှုတိုင်းတွင် အရေပြားမှတစ်ဆင့် ချီစွမ်းအင်ကို စုပ်ယူဟန်ရှိသည်။.ကြမ်းတိုက် နေရင်း၌လည်း၊ စင်တွေကို သန့်ရှင်းရေး လုပ်နေစဥ်၌လည်း သူ ကျင့်ကြံမှုကို ခံစားခဲ့ရသည်။

ဆိုင်ရဲ့ အတွင်းပိုင်းကလဲ မှန်နံရံကြောင့် အလင်းကောင်းကောင်းရသည့်အတွက် ဟောင်သည် ဖောက်ထွင်းမြင်နိုင်သော နေရာတွင် အလုပ်လုပ် နေသကဲ့သို့ပင်။ အနည်းဆုံးတော့ မီးမမှိတ်ခင်အထိ အလင်း ရနေအုံးမှာပင်။

နေရောင် မရတောင် အလင်းစွမ်းအင်နဲ့တင် သူ ချီစွမ်းအင်ကို စုပ်ယူလို့ရသည်။

သူ့ရဲ့လက်တွေကို စိုက်ကြည့်လိုက်သည်။ အခုထိ မလင်းလာသေးဘူး။

ဒါပေမဲ့ တိုးတက်မှု ရှိ၏။

သူ့ရဲ့ကိုယ်တွင်းက ချီစွမ်းအင်က များသထက် များလာသည်။

ပြောကြားချက်အရ သူသည် အဆုံးကျရင် အလင်းအဖြစ် ပြောင်းနိုင်ပြီး နေရာတွေကြား ကူးသွားနိုင်မည်ဟုပါ ပြောထားသည်။

ဒါပေမဲ့ အခုတော့ ချီစွမ်းအင် မလောက်သည့်အတွက် အနည်းငယ်.အလင်းကိုပင် မထုတ်နိုင်သေးချေ။ သူ့ရဲ့ စုဆောင်းမှုက အရမ်း နည်းနေသေးသည်။

အခြေခံအသက်ရှု လေ့ကျင့်ခန်းဖြင့် အနည်းငယ်သော တုံ့ပြန်မှုကိုသာ ယူနိုင်သေးတာ ဖြစ်၏။

ဒါပေမဲ့ တည်ဆောက်နေတာကို သူခံစားနိုင်သည်။

အားသွင်းနေတဲ့ ဘက်ထရီ တစ်လုံးလိုမျိုးပင်။

သူ နောက်ဆုံးအနေနဲ့ ဖျော်ရည်တွေကို စစ်ဆေး​ပြီးချိန်မှာ ကောင်တာကို မှီလိုက်တော့သည်။ အလင်းကို ဖြတ်သန်းပြီးရောက်ရှိလာတဲ့ ချီစွမ်းအင်က သူ့ကို အားပင်ပြည့်ဝစေသည်။

ဒီဆိုင်ရဲ့ ပထမဆုံးတံခါးပေါက်ဖြစ်တဲ့ တံခါးက မှောင်မဲတဲ့ လမ်းကြားပေါက်တွင် ရှိခြင်းသည် ဟောင်ကို ကျင့်ကြံဖို့ နေရာကောင်း ပေးလိုက်သလို ဖြစ်သည်။

မီးအလင်းတွေ အရမ်းအလုပ်လုပ်နေလားဟု သူ ပတ်ပတ်လည်ကို စိုးရိမ်မှုတစ်ဝက်နဲ့ လှည့်ပတ်ကြည့်လိုက်သည်။

‘ စနစ် မင်းငါ့ကို ဒါကြောင့်တော့ အပြစ်မပြောဘူးမလား? ငါပြောတာက ငါ့ကြောင့်ဆိုပြီး မီးတွေ အားပျက်ကုန်ရင်..?’

( အကြံပြုတဲ့အတွက် ကျေးဇူးပဲ ပိုင်ရှင်။.အခုကစပြီး မီးအလင်း စုပ်ယူမှုကြောင့် တစ်နာရီကို ဝိညာဥ်ကျောက်တုံး.တစ်တုံးကောက်ပါမယ်)

ဟောင် နေရာတင် တောင့်တင်းသွားသည်။

( အဟား စတာပါ။ ပိုင်ရှင်က သေချာပေါက် လျှပ်စစ်မီးကနေ စွမ်းအင်စုပ်ယူနေတာ ဘယ်ဟုတ်ပါ့မလဲ?)

( နေရောင်ခြည်ဆင်းသက်နိုင်တဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အလင်းကနေချီစွမ်းအင်ကို ပင်ကိုယ်ဗီဇအားဖြင့် စုပ်ယူနိုင်တာမို့ ငွေ မပေးရပါဘူး။ ပိုင်ရှင်ရွေးတဲ့ တည်ဆောက်ပုံကိုက ကောင်းနေခဲ့တာ)

ဟောင် သက်ပြင်းတစ်ချက်ချပြီး ခေါင်းရမ်းလိုက်သည်။

‘ ငါသာ တစ်နာရီကို ဝိညာဥ်ကျောက်တုံး တစ်တုံးပေးရရင် မနက်ဖြန်ကစပြီး သူတောင်းစားတန်းမှာ သွားထိုင်တော့မယ်’

ဟောင် သူ့ရဲ့မျက်နှာကို ပွတ်သပ်လိုက်သည်။

တစ်ကယ်တော့ သူက အခုတည်းက မွဲနေပြီးသားပင်။

စနစ်ကသာ အလင်းကြောင့် ပိုက်ဆံထပ်ကောက်ခဲ့ရင် သူက သာမာန်မွဲရုံ အဆင့်မဟုတ်တော့ဘူး။

သိုလှောင်လက်စွပ်က အနှုတ်ရလဒ်တွေပဲ ပြနေပြီး အမွဲတကာ့ထွဍ်ခေါင် ဖွတ်မင်းနောင်

ဖြစ်ဖို့ပဲ ကျန်တော့သည်။

အဲ့အချိန်ကျ ငွေချေးလုပ်ငန်းပါ ဖွင့်လိုက်ပြီး

'အပြိုင်ကမ္ဘာရဲ့ အကြွေးရပ်ဝန်းကြီး’ လို့သာ ဆိုင်ကို နာမည်ပြောင်းလိုက်တော့ပဲ။

ဒါပေမဲ့ ကံကောင်းစွာဖြင့် သူ ရွေးချယ်ထားတဲ့ တည်ဆောက်ပုံကြောင့်သာပေါ့။ ကောင်တာ အနောက်မှာနေပြီး ရပ်နေရုံနဲ့ ကျင့်ကြံနိုင်တော့မည်။

တောင်တက်ဖို့လဲ မလိုသလို ရေတံခွန်အောက်မှာ ထိုင်ကျင့်ကြံဖို့လဲ မလိုတော့ဘူး။ အလင်းအောက်မှာ နေနေရုံပဲ။

သူ သိုင်းပညာအစစ်ကို သုံးကြည့်ရင်း စမ်းသပ်ဖို့သာ ကျန်တော့သည်။

အစောပိုင်း စမ်းသပ်စဥ်က အကျိုးရလဒ်က.. အားနည်း၏။

အစပိုင်းက အဓိပ္ပါယ် သိပ်မရှိပေ။

နေရောင်က တောက်ပနေသင့်ပြီဖြစ်ပြီး အချိန်လဲကျလာတာတောင်မှ အစွမ်းကို သူ မခံစားရနေဘူး။

သူ အံ့သြသွားသည်။

ထို့နောက်မှာ သူ သိသွားတာက သူအခု အောက်ထပ်ကို ရောက်နေခဲ့တာပဲ။

အစက သူ သိုင်းပညာကို အသက်သွင်းစဥ်က တတိယထပ်တွင်ရှိခဲ့သည်။ အလင်းအရင်းအမြစ်နဲ့ နီးကပ်၏။ ပြီးတော့ ရှုထောင့်ကောင်းလွန်းလို့ ဖြစ်နိုင်သည်။

သူ ရှင်းပြချက်တွေ မလိုအပ်ခဲ့ဘူး။ အဆောက်အဦးတွေကြားထဲ နေရောင်ခြည်စွမ်းအင်.ဘယ်လိုဝင်ရောက်လဲ သူ အတွင်းကျကျ နားလည်ဖို့ မလိုခဲ့ဘူး။

ပုံမှန်လို ခံစားခဲ့ရသည်။

ကျင့်ကြံရေးလောကမှာ ဆဋ္ဌမအာရုံရဲ့ ခံစားချက်က ခိုင်မာတဲ့ ရှာဖွေရေး နည်းလမ်းပဲ။

ထိုအချိန်မှာ ဆိုင်ထဲသို့ ခေါင်းနောက်ကို လက်ပစ်ထားရင်း လင်ယွီကျွင်းသည် ပြုံးဖြဲဖြဲဖြင့် ဝင်ရောက်လာ၏။

“ နှုတ်ဆက်ပါတယ် သူဋ္ဌေး”

လင်ယွီကျွင်းက ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

ကျန်တဲ့သူတွေလဲ လင်ယွီကျွင်း အနောက်က ပါလာကာ အသီးသီးခေါင်းညိတ်နှုတ်ဆက် ကြသည်။

“ ကြိုဆိုပါတယ်”

ဟောင်.ပုံမှန်လို ဖြေလိုက်၏။

ဆိုင်ရဲ့ အပြုအမူနဲ့ ထိုလေးယောက်လုံး အသားကျနေပြီးသားပင်။

လေးယောက်လုံး သက်ဆိုင်ရာ စင်အနားကို.သွားနေချိန်မှာ ယွဲ့ရှုယန်ရဲ့အကြည့်က ဟောင်အပေါ်ကို ကျရောက်လာ၏။ တစ်ခုခု မူမမှန်ဘူး။

သူမ စကားမပြောပေမဲ့ နားလည်လိုက်သည်။

အကိုကြီးမှ ချီစွမ်းအင်များ.ထုတ်လွှတ်နေ၏။

အရင်က ဘာကိုမှ မခံစားခဲ့ရသလို ချီစွမ်းအင် တစ်စက်တောင် အာရုံခံလို့ မရခဲ့ဘူး။

ဒါပေမဲ့ အခုတော့? ဟောင်က လုံးဝကို စိတ်ဝိညာဥ်နိုးထနယ်ပယ် ပထမအဆင့်မှာ ရှိနေလေ၏။

ပို အံ့သြဖို့ကောင်းသည်က ထုတ်လွှတ်နေတဲ့ ချီစွမ်းအင်သည် တောက်ပပြီး သန့်စင်သည်။ သူမ အရင်က တစ်ခါမှ မခံစားဖူးတဲ့ နည်းလမ်းမျိုးဖြင့် သန့်စင်ထားဟန် ရှိ၏။

ယွဲ့ရှုယန် မျက်တောင်အနည်းငယ် ခတ်လိုက်ပြီး အကြည့်လွှဲလိုက်သည်။

ဒါပေမဲ့ သူမ ဘယ်လို အဆုံးသတ်တွေးတောခြင်းမှ မလုပ်ခဲ့ပေ။ သူမရဲ့ ပထမဆုံးအတွေးကတော့လား?

အကိုကြီးက သေမျိုးလု​ပ်ရတာ ပျင်းလာလို့ အစကနေ ပြန်ကျင့်ကြံတာမျိုး ဖြစ်နိုင်သည်။

ဒါ အဖြစ်နိုင်ဆုံးပဲ။

သူမ တစ်ခြားအကြောင်းအရင်းလဲ မတွေးနိုင်တော့ပေ။ ဒီလိုနဲ့ သူမလဲ တစ်ခြားဘက်ကို လှည့်ပြီး ကျန်တဲ့သူတွေနဲ့ မုန့်ဝယ်ဖို့ ပြင်လိုက်သည်။

သူမ ဒီနေ့မှာ မက်မွန်လက်ဖက်ရည်ကို ကိုယ့်ကိုယ်ကို ဝယ်တိုက်မည်လို့ တွေးထားခဲ့တဲ့ အတွက် စိတ်လှုပ်ရှားနေလေ၏။

All Chapters