← Chapters

(ကျင့်ကြံသူအနေနဲ့ ပထမဆုံးအကြိမ် စားသောက်ခြင်း)

Vol. 6 Ch. 81

(ကျင့်ကြံသူအနေနဲ့ ပထမဆုံးအကြိမ် စားသောက်ခြင်း)

Vol. 6 Ch. 81

ဟောင် နောက်ဆုံး ကိုလာဗူးကို စကန်ဖတ်ပြီးတာနဲ့ ထိုအုပ်စုကို ပေးလိုက်၏။ ထို့နောက်မှာ သူတို့လေး​ယောက်လုံးက စကား တစ်ပြောပြောဖြင့် ရေထည့်စက်နားသွားကာ ခေါက်ဆွဲအတွက် ပြင်ဆင်နေကြသည်လေ။

ထို့နောက်မှာ ခုံတွေမှာ သွားထိုင်လိုက်ကြ၏။

ထိုအချိန်မှ ဟောင် သတိရသွားသည်။

သူအခုထိ မနက်စာ မစားရသေးချေ။

ဟောင် တွေးမိပြီးနောက်မှာ မျက်တောင် ခတ်လိုက်သည်။.သူ ဗိုက်ဆာသလိုလဲ မခံစားရချေ။

ဒါက.. ကျင့်ကြံခြင်းကြောင့်များလား?

အဲ့လိုပဲ ဖြစ်ရမယ်။ ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေတာပဲ။ ကျင့်ကြံသူတွေမှာ အဲ့လိုအရည်အချင်းမျိုး ​ ရှိကြတယ်လေ။

ချီကအစာဓာတ်ကို အစားထိုးသွားတော့ ကျင့်ကြံမယ်ဆို ဆန်မကုန်တော့ဘူး။

သူအခု ကျင့်ကြံသူဖြစ်လာခဲ့ပြီ။ ဆိုလိုတာက သူ ဆိုင်က ရောင်းကုန်တွေရဲ့ အကျိုးတွေကို ခံစားနိုင်တော့မည်။

သူ.ကောင်တာမှာ အတွေးများစွာဖြင့် မှီလိုက်သည်။

နေအုံး…. အဲ့ဒါက လူတွေကို အလင်းပွင့်စေတယ်မလား?

အကယ်လို့ သူ အလင်းပွင့်နေချိန်မှာ ဈေးဝယ် တစ်ယောက် ဝင်လာရင်.ဘယ်လိုလုပ်မလဲ?

ဟောင် တံခါးပေါက်ကို စိုက်ကြည့်နေလိုက်သည်။

ဟုတ်တယ်။ မဖြစ်နိုင်ပါဘူး။

အဲ့လိုဆို မကောင်းဘူး။

စနစ်မှ သူ့အတွက် နောက်ထပ်မစ်ရှင် ပေးသင့်သည်။ မိုရှီရှီလိုမျိုး ဆိုင်အကူ နောက်တစ်ယောက် ခန့်ဖို့အတွက်ပေါ့။

သူ စားသုံးနေစဥ်မှာ ကောင်တာမှာ ရှိနေပေးမဲ့ တစ်ယောက်ယောက်ပေါ့။ ဒါမှ မထူးဆန်း ကုန်မှာလေ။

သူ စတင်ပြီး စားသုံးတာနဲ့ အလင်းပွင့်မဲ့ အခြေအ​နေအတွက် တစ်ယောက်ယောက်ကတော့ စောင့်နေပေးဖို့ လိုလာပြီ။

အခုတော့လား?

သူ သေချာပေါက် ခေါက်ဆွဲစားလို့ မရသေးဘူးပေါ့။

သူ အရမ်းကို အမဲသားအရသာ အစပ်တစ်ဗူးလောက် ဖောက်ထည့်ချင်နေပေမဲ့ အခြေအ​နေ မပေးသေးဘူး။ သူ့ရဲ့ ပထမဆုံးအကြိမ် ခေါက်ဆွဲကျင့်ကြံရေး ပွဲတော်ကို သည်းခံထားရသည်။

အစောင့်မရှိဘဲစားတာက အရမ်း စွန့်စားရာ ကျလွန်းသည်။

ဒါပေမဲ့ သူ တစ်ခြားစားလို့ရတဲ့ ပစ္စည်းတွေ ရှိသေးသည်။

ဟောင် အာလူးကြော်တစ်ထုပ်နဲ့ သံပုရာဆိုဒါ တစ်ဗူးသွားယူလိုက်သည်။

ဒီလိုဆို အဆင်ပြေသည်။

ဒါက ဒီနေ့အတွက် သူ့ရဲ့ ပထမဆုံး အစာပင်။

ဟောင် အာလူးကြော်ကို ဖောက်ပြီးတာနဲ့ သံပုရာဆိုဒါကိုပါ ဖွင့်လိုက်တော့သည်။

သူ အချိန်ဆွဲမနေချေ။

အာလူးကြော်တွေက လျင်မြန်စွာ ပျောက်ကွယ်သွားသလို ဖျော်ရည်ကလဲ လျင်မြန်စွာ စီးဆင်းနေ၏။ လေပူပေါင်းလို အမြုပ်လေးများက အ​ကြွေးတောင်းနေသည့်နှယ် သူ့ရဲ့ လည်ပင်းကို ပူညံပူညံဖြင့် ရိုက်ခတ်နေသည်။

သူအရင်က ဘယ်လို အစွမ်းကိုမှ စစ်ဆေးခွင့်မရခဲ့ဘူး။ သူ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ တစ်ကြိမ်မှ မစားခဲ့ဖူးသေးဘူးလေ။

အခုထိတော့ အစွမ်းက မပြလာသေးပေ။

သူ့ရဲ့ လျှာဖျားမှ နောက်ဆုံးတစ်စက် ဝင်ရောက်သွားချိန်မှာ တစ်ခုခုက စတင်လာခဲ့သည်။

သူ မျက်တောင်ခတ်လိုက်သည်။

အာလူးကြော်က…. တစ်ခုခုကို ဖြစ်စေခဲ့သည်။

ဒါပေမဲ့ ဘွန်းဆိုပြီး ပေါက်ကွဲမှုမျိုးတော့ မဟုတ်ဘူး။ သိမ်မွေ့သည်။ သူ့ရဲ့ ရင်ထဲမှာ တည်ငြိမ်တဲ့ လှိုင်းလုံးလေးပဲ။ တစ်ဖြည်းဖြည်း တည်ငြိမ်လာသလို… ခံစားလာရ၏။

တည်ငြိမ်လာတာလား?

ဟုတ်သည်။.တည်ငြိမ်လာတာပင်။

သူ အိတ်အခွံကို စောင်းကာ စိုက်ကြည့်လိုက်သည်။

ဟွာဖေးရှုသာ အရင်က အာလူးကြော်အကြောင်း မငြင်းခဲ့ဘူးဆိုပါက ဟောင် ဒါကို အစွမ်းကုန်နေတာလားလို့ တွေးမိမှာပင်။

ဒါမှမဟုတ် ဒိတ်ကုန်သွားတာလားပေါ့။

ဒါမှမဟုတ် စက်ရုံက အစွမ်းထည့်ဖို့ မေ့နေတာလား တွေးမိလောက်သည်။

ဒါပေမဲ့ ထိုသို့မဟုတ်ပါချေ။

အခုလို ဖြစ်ရခြင်းက ဟောင် ထံမှာ သွေးဆာမှု မရှိနေခဲ့လို့ပဲ။ ဘယ်လိုဒေါသမှ မရှိနေသလို သူ့ရဲ့ခေါင်းထဲမှာ အနှောက်အယှက်ပေးနေတဲ့ မိစ္ဆာမျိုးလဲ မရှိဘူး။

သေချာပေါက် အစွမ်းက သူ့အပေါ် အလုပ် မလုပ်ပေ။

အာလူးကြော်ရဲ့ ရည်ရွယ်ချက်က အကြမ်းဖက်မှုပြေလျော့စေပြီး တုံ့ပြန်မှုတွေကို ဖိနှိပ်ရင်း စိတ်ကို တည်ငြိမ်မှုရစေတာပင်။ ဟောင်မှာ ထိုအချက်တစ်ခုမှ မချို့ယွင်းနေဘူး။

သူ အာလူးကြော်ခွံကို ဘေးချလိုက်တော့သည်။

သံပုရာဆိုဒါကတော့ အရင်နဲ့လုံးဝ မတူတဲ့ ခံစားချက်ပဲ။

ချိုပြီးစူးရှရှဖြင့် ရေခဲတောင်တစ်ခုလို အအေးဓာတ်ရှိသည်။ အဲ့ဒါတွေထက်က လန်းဆန်းသွားပြီး… စိတ်က ပိုကြည်လင်လာသည်။ တစ်ယောက်ယောက်က သူ့ အတွေးမုန်တိုင်းကို ရှင်းလင်းပေးသွားပြီး အရာအားလုံးကို မြင်သာအောင် လုပ်ပေးသွားသည့်နှယ်။

သူ မျက်နှာကြက်ကို ကြည့်နေရင်း အနောက်မှီလိုက်သည်။ သူ့ရဲ့ အထက်တန်းကျောင်းမှာသာ ဒီဖျော်ရည် ရခဲ့လို့ကလား?

ဘရိုရေ…

သင်္ချာဘာသာကို နေခဲ့တော့လို့ ပြောလိုက်တော့ပဲ။

အုပ်စုလိုက်ပရောဂျက်တွေလား? မျက်စိ တစ်မှိတ်အတွင်း ပြီးစေရမည်။

စာမေးပွဲလား? လက်ရေးနဲ့တင် ဆရာကြီးဆိုပြီး မင်းတို့ ဖြုံသွားရမည်။

သူ စာလေ့လာဖို့တောင် လိုခဲ့မှာမဟုတ်ဘူး။ သံပုရာဆိုဒါ တစ်ဗူးဖောက်ပြီး သောက်နေရုံနဲ့ စကော်လားရှစ်ပါ ဝင်နိုင်သည်။

ဟောင် ကိုယ့်ဘာကိုယ် ရယ်လိုက်တော့သည်။

ဒီလို ဖျော်ရည်မျိုးက မင်းညဘက် နိုက်ကလပ်ထွက်တဲ့အချိန်အတွက်လဲ ပြီးပြည့်စုံတဲ့ အကူပစ္စည်းဖြစ်နိုင်သည်။ မင်း တစ်ညလုံး မိုးလင်းခါနီးအထိ ဘော်ဒါတွေနဲ့ ကဲခဲ့ရင်တောင်မှ မနက် အလုပ်သွားခါနီး သံပုရာဆိုဒါ တစ်ဗူးသောက်သွားရင် တနင်္လါနေ့က မုန်းစရာ ကောင်းတော့မှာ မဟုတ်ဘူး။

သူ ဗူးခွံကို ပြန်ချကာ အသက်ရှုလိုက်သည်။

ကောင်းမွန်တဲ့ မနက်စာပဲ။

ဗိုက်မဝပေမဲ့ လေးပင်နေတာတွေ ပျောက်သွားခဲ့သည်။

ကျန်တဲ့နေ့တစ်ပိုင်းကတော့ ပုံမှန်ပင်။ ဆိုင်ရဲ့ အလုပ်သမားတွေ တစ်ယောက်ချင်းဆီ ထလာချိန်မှာ ဈေးဝယ်တွေကလဲ ဝင်ချည် ထွက်ချည်ရှိနေ၏။

ညနေခင်းရောက်ချိန်မှာ မိုရှီရှီရဲ့ တာဝန်ချိန် ကျလာခဲ့ပြီ။

ဟောင် အကြောဆန့်လိုက်သည်။

သူ့ရဲ့အချိန် ကျလာပြီ။

သူ အမဲသားအရသာ အစပ်တစ်ဗူးယူလိုက်ပြီး ရေနွေးထည့်ပြီးတာနဲ့ ထောင့်မှာနေရာယူ လိုက်သည်။ ဆိုင်က တိတ်ဆိတ်နေခဲ့သည်။ အထဲမှာ မိုရှီရှီနဲ့ ရေခဲသေတ္တာအနားမှာ ပျင်းရိစွာလဲနေတဲ့ ကြောင်မဲလေး နှစ်ကောင်သာ ရှိလေ၏။

ခူရိုမီက အပြင်မှာ ဂျူတီချိန် ကျနေသလို ထျန်းလုလဲ မရှိချေ။ ကိစ္စတစ်ချို့ စစ်ဆေးစရာရှိသည်ဟု မရေမရာ ပြောကာ အပြင်ထွက်သွားခဲ့သည်။

ဟောင် ထပ်ပြီး မမေးချေ။

ထျန်းလု ရှင်းပြချင်ရင် ရှင်းပြမည်။ဟောင် တွန်းအားပေးမည် မဟုတ်ချေ။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ခေါက်ဆွဲတွေ အသင့်ဖြစ်ပြီ။ ဟောင် အဖုံးဖွင့်လိုက်၏။

ထွက်ပေါ်လာတဲ့ ရေနွေးငွေ့ထဲမှာ မွှေးပျံ့တဲ့ အမဲသားအရသာကို ဆီနံ့အနည်းငယ် စွတ်ထားပြီး ကြက်သွန်ဖြူနံ့ သင်းသင်းလေးလဲ ဝန်းရံထား၏။ ခေါက်ဆွဲရည်သည် အနီရောင်သန်းနေသည်။ ရွှေရောင်ခေါက်ဆွဲသား ထူထူများကတော့ ဟင်းရည်ထဲမှာ ပြည့်စုံစွာ နစ်မြုပ်နေသည်။

သူ တစ်လုပ်စားပြီးနောက်မှာ အော်ညည်းမိ မတတ် ဖြစ်သွားသည်။

စပ်သည်… မွှေးသည်… စွဲလန်းစရာပင်။

မင်းကို လှုပ်နှိုးသွားပြီး စပ်လွန်းလို့ ပါးစပ်က လောင်မြိုက်နေရင်တောင်မှ စားချင်စိတ်ဖြစ်စေအုံးမည့် အရသာမျိုးပဲ။

ဒါက အစားအသောက်ပဲ မဟုတ်ဘူး။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အတွေ့အကြုံပဲ။

ဟောင် ဒီဗူးကိုပဲ အရင်က အကြိမ်များစွာ စားဖူးသော်ငြား အလုပ်ဖြစ်တယ်လို့ ခံစားရတာ ဒါ ပထမဆုံးအကြိမ်ပဲ။

သူ့ရဲ့ အသစ်ပွင့်ထားတဲ့ ချီစွမ်းအင် လမ်းကြောင်းတစ်လျှောက်က အချိန်နဲ့အမျှ တုံ့ပြန်နေခဲ့သည်။ အူမကြီးအထိကို နွေးထွေးမှုက ပျံ့နှံ့နေ၏။ ခြေလက်တွေကို နွေးထွေးမှုတွေက ဝန်းရံထားကာ တင်းမာနေတဲ့ ပြင်းအားများကို ဖြေလျော့ပေးသွားသည်။

ဆိုင်ထဲမှာ မိုရှီရှီသည် ဟောင်ကို ကြည့်နေလေ၏။

‘ ဒီနေ့ သူဋ္ဌေးဘာဖြစ်နေတာလဲ?’

သူ ပုံမှန်ဆို တည်ငြိမ်တဲ့ ပြည်သူပြည်သား တစ်ယောက်လို စားသုံးနေကြပါ။

ဒီနေ့ စားနေပုံက မသိရင် ပထမဆုံး စားဖူးတဲ့အတိုင်းပဲ။

သူမ ကောင်တာကို မှီကာ ဟောင်ကို သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ခေါက်ဆွဲစားနေချိန်မှာ ပြုံးနေတဲ့ အဲ့စပ်ဖြဲဖြဲပုံစံကြီးက ဘာတုန်း?

တစ်ခုခုပဲ။

သူဋ္ဌေးရဲ့ ရုတ်တရက်ပေါ်လာတဲ့ အောက်ခြေကျင့်ကြံရေးနဲ့ သက်ဆိုင်ရမည်။ မနေ့ကအထိ သူဋ္ဌေးဆီမှ ချီစွမ်းအင်တစ်စက်တောင် အာရုံခံလို့ မရခဲ့ဘူး။

ဒါပေမဲ့ ဒီနေ့တော့ စိတ်ဝိညာဥ်နိုးထနယ်ပယ်ရဲ့ ပထမအဆင့်ကို ​ရောက်နေတာ ကောင်းကောင်း မြင်နိုင်သည်။

ဒါကလဲ ဖုံးကွယ်မှုတစ်ခုလား… တစ်ကယ်ပဲ အစစ်အမှန်လား?

မဟုတ်ဘူး။ ဒါက အစစ် မဖြစ်နိုင်ဘူး။ သူဋ္ဌေးက ဖုံးကွယ်တဲ့နည်းလမ်းတစ်ခုခုကို သုံးထားတာပဲ ဖြစ်ရမည်။

All Chapters