← Chapters

(အသင့်စားခေါက်ဆွဲမှ ဖန်တီးပေးသော အဆင့်တက်ခြင်း အတွေ့အကြုံ)

Vol. 6 Ch. 82

(အသင့်စားခေါက်ဆွဲမှ ဖန်တီးပေးသော အဆင့်တက်ခြင်း အတွေ့အကြုံ)

Vol. 6 Ch. 82

ခန္ဓာကိုယ်ပြောင်းလဲ သိုင်းပညာလား? စိတ်ဝိညာဥ်ပြိုကွဲခြင်း သိုင်းပညာလား?

တစ်ချို့ ရှေးဟောင်း သိုင်းပညာကြီးများတွင် ပြန်လည်မွေးဖွားခြင်း.မတွေ့ကြုံဘဲ ကျင့်ကြံမှုကို အစက ပြန်စရအောင် လုပ်နိုင်သည်လို့ ကြားဖူးသည်။

ထိုကောလဟာလများက နှစ်ပေါင်းများစွာတည်းက ရှိလာတာပင်။

တားမြစ်နေရာကြီးတွေမှာ ထိုသိုင်းကျမ်းများကို ဖွက်ထားတတ်သည်။

ရှေးဟောင်း အုတ်ဂူများတွင်လဲ တစ်ခါတစ်လေ မြုပ်နှံထားတတ်၏။

နတ်အဖြစ်ပြောင်းလဲပြီးသား ပုဂ္ဂိုလ်တွေက အဲ့ဒီသိုင်းတွေကို သုံးပြီး ပြီးပြည့်စုံတဲ့ အခြေခံကို ပြန်ဖန်တီးကြသည်။

သူဋ္ဌေးက… ဘယ်တုန်းကမှ သူ့ကို လူသားကမ္ဘာက လူတစ်ယောက်လို့ မခံစားခဲ့ရဘူး။

မိုရှီရှီ ရဲ့ မျက်လုံးများ ကျဥ်းမြောင်းသွား၏။

သူ့ရဲ့ ကျင့်ကြံမှုကို ဒီအတိုင်းစွန့်ပစ်စရာ အကြောင်းမှ မရှိတာပဲ။ မဖြစ်နိုင်ဘူးလေ။

ဘယ်သိုင်းပညာကမှ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုကို လုံးဝ စွန့်ပစ်နိုင်ပြီး စက္ကန့်အနည်းငယ် အတွင်း အစွမ်းပြည့် ပြန်ရအောင် ခွင့်မပြုပေးနိုင်ဘူး။ အနည်းဆုံး ဒီလူသားကမ္ဘာမှာတော့ မဖြစ်နိုင်တဲ့အရာပဲ။

ဒါပေမဲ့ သူဋ္ဌေးက တစ်ကယ်ပဲ လုပ်နိုင်ရင်ရော?

မိုရှီရှီ ရုတ်တရက်အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူမရဲ့ သိလိုစိတ်က စတင်လာသည်။

ဒီလိုမျိုး ပြန်စနိုင်ဖို့ သူဋ္ဌေးအတွက် ဘယ်လောက်ကြာခဲ့လဲ?

သူမ သူဋ္ဌေးကို တောက်ပနေတဲ့ မျက်လုံးများနဲ့ ကြည့်လိုက်သည်။

ထိုအချိန်မှာ ဟောင်သည် ခေါက်ဆွဲစားလို့ ပြီးသွားပြီပင်။

ခေါက်ဆွဲက အစပ်ဖြစ်၍ သူ့ရဲ့ နဖူးစပ်တွင် ချွေးတစ်ချို့ ထွက်သွားစေသည်။

နှုတ်ခမ်းများလဲ အနည်းငယ် နီရဲနေ၏။

သူ သက်ပြင်းတိုတစ်ချက်ချပြီး ခွက်ကို အောက်ပြန်ချလိုက်သည်။

ထို့နောက်မှာ… သူ လှုပ်ရှားတာ ရပ်သွားလေသည်။

မိုရှီရှီ မျက်တောင် ခတ်လိုက်သည်။

ငါဘာလို့ ရုတ်တရက် ထူးဆန်းသလို ခံစားနေရပါလိမ့်?

ဟောင်သည် နေမြဲအတိုင်း ရှိနေခဲ့ပြီး မိုရှီရှီရဲ့ မျက်လုံးများ ပြူးကျယ်လာသည်။

“ သူဋ္ဌေးက…. အလင်းပွင့်နေတာလား?”

သူမ ဒါကို ပထမဆုံး မြင်ဖူးတာပင်။

အရင်က တစ်ခါမှ မဖြစ်ဖူးခဲ့တဲ့ အရာဖြစ်သည်။

ဒါပေမဲ့ တစ်ကယ် လက်တွေ့ ဖြစ်လာခဲ့ပြီ။

ဟောင် ပထမဆုံးအကြိမ် အလင်းပွင့်သွားသည်။

ခေါက်ဆွဲတွေ ဝမ်းဗိုက်ထဲ ရောက်လာတာနဲ့ ပြောင်းလဲမှုက စတင်ခဲ့တာဖြစ်သည်။

သူ့ရဲ့ ဒန်ထျန်ထဲမှာ နွေးထွေးမှု လှိုင်းလုံးများ ပျံ့နှံ့နေ ခဲ့သည်။

အရမ်းကို လျင်မြန်စွာဖြင့် ပြည့်နှက်သွား၏။

တောက်လောင်နေသော နေလုံးတစ်ခုလို ဟောင်ရဲ့ ကိုယ်တွင်းရှိ နေမင်းအင်ပါယာရဲ့မာနက အသက်ဝင်လာ၏။

သူ့ရဲ့ သွေးကြောများမှ ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။

သူ့ရဲ့ နေရောင်ခြည်ဆင်းသက်နိုင်သည့် ခန္ဓာကိုယ် တည်ဆောက်ပုံကလဲ တုံ့ပြန်လာခဲ့သည်။

စွမ်းအင်ကို စုပ်ယူနေရုံမဟုတ်ဘဲ ဝါးမြိုနေတာပင်။

သူ့ရဲ့ အရေပြားက စူးရှလာသည်။

သွေးတွေ ဆူပွက်လာ၏။

အရိုးတွေပါ ထုံထိုင်းလာသည်။

အလင်းက သိမ်မွေ့စွာတိုးဝင်တာမျိုး မဟုတ်ဘဲ အရိုင်းဆန်စွာ ဝင်ရောက်နေတာပင်။

ဒါပေမဲ့ သိပ်မကြာခင်မှာ ခန္ဓာကိုယ်က လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်သွားသည်။

ဗလာကိုယ်ထည်တည်ဆောက်ပုံ အခြေခံက ထိန်းညှိပေးသွားတာ ဖြစ်သည်။

မခုခံသလို မပျက်ဆီးသွားဘူး။ ပိုပြီး သန်မာလာသည်။

သူ့ရဲ့ အတွင်းမှာ အလင်းချီစွမ်းအင်က မြင့်တက်လာပြီး အရှိန်အဟုန်ဖြင့် လွတ်ထွက်တော့မဲ့အလား စီးဆင်းနေသည်။

ဒါပေမဲ့ မလွတ်မြောက်နိုင်ပေ။

သူ ထိန်းချုပ်နိုင်၏။

အလင်းက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။

အဲ့ဒါက ပြောင်းလဲပြီး သူ့ရဲ့ ကိုယ်ထည်မှာ အခြေခံဖြစ်လာသည်…

ပြန်တည်ဆောက်ခံလိုက်ရသည်။

ဖျက်ဆီးပြီး မဟုတ်ဘဲ ပိုကောင်းတဲ့ တစ်စုံတစ်ခုအဖြစ် ပြောင်းလဲလိုက်တာ ဖြစ်၏။

သန့်စင်ပြီး မျက်စိကန်းလောက်အောင် လင်းနေတဲ့ အလင်းကနေ..

အလင်းပင်လယ်က အချိန်ကျတာနဲ့အမျှ အနည်ကျလာသည်။

သူ့ရဲ့အတွေးတွေ ပြန်ဝင်ရောက်လာပြီး နှေးကွေးလေးလံနေ၏။ ရှည်လျားတဲ့ အိပ်မက်ကြီးက အခုမှ နိုးထလာသလို ခံစားရသည်။

သူ့ရဲ့ အသက်ရှုနှုန်းက တည်ငြိမ်သည်။

သူ့ရဲ့နှလုံးက ပေါ့ပါးလာသည်။

သူ့ရဲ့ ခန္ဓာကိုယ်က…ပုံမှန်ထက် ထိန်းချုပ်ရ လွယ်ကူလာ၏။

ဟောင် မျက်စိဖွင့်လိုက်စဥ်တွင် မျက်လုံးများမှ ရွှေရောင်အလင်းတစ်ချို့ တစ်ချက် ဖြတ်ပြေး သွားသည်။

ဒါပေမဲ့ တစ်ခဏကြာတာနဲ့ တိမ်မြုပ်ပျောက်ကွယ် သွားခဲ့သည်။

သူ ထိုင်မြဲအတိုင်းထိုင်နေပြီး ဘေးမှ တိတ်ဆိတ်မှုကို နားထောင်နေလိုက်သည်။

‘.. စနစ်ငါ့ရဲ့ အချက်အလက်စာမျက်နှာကို ပြပေး’

………

(အချက်အလက်)

အမည်- ဟောင်။

ခန္ဓာကိုယ်- ဗလာကိုယ်ထည် တည်ဆောက်ပုံရှိ

( နေရောင်ဆင်းသက်မည့် တည်ဆောက်ပုံ)

ကျင့်ကြံဆင့်- စိတ်ဝိညာဥ်နိုးထနယ်ပယ် အဆင့်လေး။

ကျင့်ကြံရေးကျင့်စဥ်- နေမင်းအင်ပါယာရဲ့ မာန

သိုင်းကျင့်စဥ်- မရှိ။

……..

ဟောင် မျက်နှာပြင်ကို စိုက်ကြည့်နေရင်း မျက်လုံးများ အနည်းငယ် ကျယ်လာခဲ့သည်။

“ အဆင့်လေးတဲ့လား?”

သူ့ရဲ့ သိုင်းသွေးကြောကို အစောပိုင်း နာရီတစ်ချို့ကမှ ဖွင့်ခဲ့တာ သေချာပါသည်။

ထိုအချိန်က ပထမအဆင့်မှာပဲ ရှိနေသေးသည်လေ။

ဒါပေမဲ့ အလင်းပွင့်မှု တစ်ခါပြီးတာနဲ့… သုံးဆင့်တောင် ခုန်တက်သွားတာလား?

တစ်ဗူးပဲစားရသေးတာကို အဆင့်တစ်ကနေ အဆင့်လေးတဲ့လား?

ဒါက…. တော်တော် မိုက်တာပဲ။

ဖောက်သည်တွေ ဘာလို့ ဆက်တိုက်လာပြီး ခေါက်ဆွဲပဲ စားနေလဲ နားလည်သွားပြီ။

တစ်ကယ်ကို ဖြတ်လမ်းပဲဒါက။

ကျင့်ကြံရေးလောကမှာ ခုန်ကျော်ရတဲ့ ခလုတ်မျိုး နှိပ်လိုက်သလိုပဲ။

စောင့်ကြည့်နေတဲ့ မိုရှီရှီ တောင့်တင်းသွားခဲ့သည်။

သူမ ပါးစပ်က အံ့သြစွာ ဟနေခဲ့သည်။

သူမ အသိအသာကို အာရုံခံနိုင်ခဲ့သည်။

သူဌေးရဲ့ ကျင့်ကြံမှုက…အခုတင် မြင့်သွားသည်။

တစ်ဆင့် နှစ်ဆင့် တစ်ထိုင်ထဲနဲ့ သုံးဆင့်တောင် တက်တာပင်!

‘ သူဋ္ဌေးက သူဋ္ဌေးပါပဲ’

မနာလိုတာမျိုးဆိုတာထက် မယုံနိုင်တာဆို ပိုမှန်မည်။

အခု အခြေအနေက မင်းက ကမ္ဘာကြီးရုတ်တရက်.ပြောင်းပြန်လှန်သွားတာကို မြင်ပြီး အံ့သြပြီးသွားမှ….. အော်ဒါက သူ့အတွက် ပုံမှန်ပါပဲဆိုပြီး သဘောပေါက် သွားတဲ့အတိုင်းပဲ။

မိုရှီရှီ ထပ်မတွေးနိုင်သေးခင်မှာပဲ ဟောင် လက်မြှောက်လိုက်သည်။

လက်ချောင်းတွေကို အကြောလျော့ပြီးနောက်မှာ လက်ဖဝါးကို ဖြန့်လိုက်လေ၏။

သူ့ရဲ့မျက်နှာထားက အာရုံစိုက်နေသော မျက်နှာထားအဖြစ် ပြောင်းသွား၏။

သူ တွေးနေမိသည်… တစ်ခုခုက မူမမှန်ဘူး။

သူ့ရဲ့ အရေပြားအောက်ရှိ နေရောင်ဆင်းသက်သည့် ခန္ဓာကိုယ် တည်ဆောက်ပုံသည် အနည်းငယ် အလင်းဓာတ် ထုတ်ပေးနေသည်။

သူ.ထိုအချိန်မှာ အသက်ရှုမှုကို နှေးချလိုက်ကာ… အလင်းဖြင့် ပြောင်းလဲရန် စိတ်ကူးကြည့်လိုက်သည်။

သူ့ရဲ့ညာလက်သည် ရုတ်တရက်ဆိုသလို တောက်ပလာ၏။

တောက်ပပြီး ရွှေရောင်သန်းနေသည်။ နေအလင်းများ ဖြာထွက်နေသကဲ့သို့ပင်။

ဒါပေမဲ့ ထိုအလင်းသည် ကြာရှည်စွာ မခံခဲ့ပေ။

အလင်းသည် မှိတ်တုတ် မှိတ်တုတ် ဖြစ်လာခဲ့၏။

ဟောင်၏ ကိုယ်တွင်းရှိ ချီစွမ်းအင်များသည် ကြောက်မက်ဖွယ်နှုန်းထားဖြင့် လျော့ကျနေသည်။

ဒါပေမဲ့ သူ အရှေ့တိုးကာ ခေါက်ဆွဲခွက်လွတ်ကို ကိုင်ကြည့်လိုက်၏။

တောက်ပနေသော လက်ချောင်းများကို ခေါက်ဆွဲခွက်ကို ဖြတ်ကျော်သွားသည်။

အလေးချိန်လဲ မရှိသလို ထိတွေ့မှုလဲ မရှိဘူး။

လက်၏ အလင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မလုပ်နိုင်တာ ဖြစ်နိုင်သည်။

ထိုအချိန် မျက်စိ တစ်မှိတ်အတွင်းမှာပဲ အလင်းက ပျောက်ကွယ်သွားလေ၏။

ဟောင် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ ရင်ဘတ်မှ တင်းကျပ်မှုကို တောင့်ခံလိုက်သည်။

သူ့ရဲ့ အတွင်းချီများသည် လျင်မြန်စွာ လျော့ကျမှုကြောင့် ခမ်းခြောက်တော့မည်။

အလွန်ကို လျင်မြန်စွာ လျော့ကျနေတာပင်။

ဒီစွမ်းရည်က အရမ်းလောဘကြီးတာပဲ…

အလွန့်အလွန်ကို လောဘကြီးသည်။

သူ အခုထိ ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး။

ဒီ ကျင့်ကြံဆင့်နဲ့တောင် ကောင်းကောင်း ထိန်းချုပ်နိုင်အုံးမယ် မထင်ဘူး။

‘ ဒါဘယ်လို သိုင်းပညာမျိုးလဲ?’

မိုရှီရှီ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

သူမ သိုင်းစာအုပ်များစွာကို ဖတ်ခဲ့ဖူးပါသည်။ လျှို့ဝှက်သိုင်းပညာများကိုလဲ လေ့လာဖူး၏။ တိုက်ပွဲအစစ်တွေမှာပဲ သုံးလေ့ရှိသော တားမြစ် သိုင်းပညာတစ်ချို့ကိုလဲ သူမ မြင်ဖူး၏။

ဒါပေမဲ့ အလင်းအဖြစ် ပြောင်းလဲသွားတဲ့ လက်တစ်ဖက်တဲ့လား? လုံးဝပဲ။သူမ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ သူမ တစ်ခါမှ မကြာဖူးခဲ့ဘူး။

အကယ်လို့ လက်နက်တစ်ခုခု ဖြစ်နေရင်ရော အလင်းက ဖြတ်ကျော်သွားနိုင်မှာလား? ချီစွမ်းအင်သုံးထားတဲ့ တိုက်ခိုက်မှုတွေကိုကော အလင်းအဖြစ် ပြောင်းလဲပြီး ဖြတ်ကျော်သွားနိုင်မှာလား?

ဒါဆို အစီအရင်ထောင်ချောက်တွေကိုကော? ခန္ဓာကိုယ်ကိုသာ အလင်းအဖြစ် ပြောင်းလဲ နိုင်မယ်ဆိုရင် အဲ့ဒီ အစီအရင်ထောင်ချောက် တွေကိုကော ဖြတ်သွားနိုင်မှာလား?

တွေးကြည့်ရုံနဲ့တင် ကြောက်ဖို့ကောင်းလှပေသည်။

အကယ်၍ သူဋ္ဌေးသာ ဒီစွမ်းရည်ကို တိုက်ပွဲမှာ သုံးနိုင်မယ်ဆိုရင်…

တစ်စက္ကန့်ပဲ ဖြစ်နေရင်တောင်…

တစ်ဖက်က ရန်သူရဲ့ သေစေနိုင်တဲ့ ရိုက်ချက်ကို အလွယ်တကူ ရှောင်ရှားနိုင်မှာပင်။

ပြန်တောင် သေကွင်းသေကွက်ကို တိုက်ခိုက် နိုင်အုံးမည်။

အတွေးများနေရင်းဖြင့် မိုရှီရှီရဲ့ နှလုံးသားက အခုန်မြန်လာခဲ့သည်။

သူမကော သင်ယူနိုင်မှာလား?

သူမသာ သူဋ္ဌေးကို ကောင်းကောင်းမွန်မွန် တောင်းဆိုခဲ့ရင်.. သူ သင်ပေးလောက်လား?

ဒါပေမဲ့ မိုရှီရှီ စကားမစနိုင်ခင်မှာပဲ ဟောင်သည် ကြာပွင့်ပုံထိုင်လိုက်ကာ မျက်လုံး မှိတ်လိုက်သည်။

သိပ်မကြာခင်မှာပဲ နေမွန်းတည့်တော့မည်။ နေရောင်ခြည်စွမ်းရည်များက ဆိုင်ထဲသို့ ထိုးဖောက်ဝင်ရော​က်လာသည်မို့ ဟောင်ရဲ့ ကိုယ်တွင်းက နေမင်းအင်ပါယာ သိုင်းပညာသည် နိုးထလာခဲ့သည်။

ကုန်ခါနီးဖြစ်နေသော ချီစွမ်းအင်များ ပြန်လည် ပြည့်နှက်သွား၏။

ခြောက်သွေ့နေသော မြစ်ထဲသို့ ရေများ အလုံးအရင်း ပြန်ဝင်ရောက်လာသည့်နှယ်။

ဟောင် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ့ကို တည့်တည့်မှ စိုက်ကြည့်နေသော မိုရှီရှီနဲ့ အကြည့်စုံမိသွားသည်။

‘ မိုရှီရှီ တွေ့သွားတာလား?’

သူ့ရဲ့ မျက်နှာတွင် ဂုဏ်ယူသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ရှီရှီလေး”

ဟောင် ခေါ်လိုက်သည်။

“ ဒီကိုခဏလာခဲ့အုံး”

မိုရှီရှီ ချက်ချင်းပဲအနားတိုးလာခဲ့သည်။

“ မင်းငါ့ကို လက်သီးနဲ့ ထိုးပေးနိုင်မလား?”

“ ဒါပေမဲ့ မင်းရဲ့ သန်မာမှု အပြည့်မသုံးနဲ့။ စိတ်ဝိညာဥ်နိုးထ နယ်ပယ်နဲ့ ကိုက်ညီမဲ့ သန်မာမှုကိုပဲ သုံးပေး။ ဟုတ်ပြီလား?”

ဟောင် ရင်ဘတ်ကို ပုတ်ပြရင်း ပြုံးလိုက်၏။

မိုရှီရှီ မျက်တောင်ခတ်လိုက်သည်။

“ သူဋ္ဌေးက အလင်းသိုင်းကို ထပ်စမ်းချင်လို့လား?”

ဟောင် ခေါင်းညိတ်လိုက်ကာ

“ အင်း.ငါနည်းနည်း စမ်းသပ်ချင်လို့”

All Chapters