(ဟောင် စကေးများထုတ်သုံးခြင်း)
Vol. 6 Ch. 83
“ မင်းရဲ့ လက်သီးမှာ ချီစွမ်းအင်ကို သုံးချင်ရင်သုံး၊ ဒါမှမဟုတ် သိုင်းပညာကို သုံးချင်ရင်လဲ သုံးလို့ရတယ်။ ဒါပေမဲ့ အားထိန်းဖို့ကိုတော့ မမေ့နဲ့”
ဟောင် ညွှန်ကြားလိုက်သည်။
“ ဟုတ်ပြီ သူဋ္ဌေး”
မိုရှီရှီ ခေါင်းညိတ်လိုက်၏။
မိုရှီရှီ ဟောင်ကို ထိခိုက်အောင်လုပ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးပါချေ။ သူဋ္ဌေးက သူမကို အိမ်ဆိုတဲ့ အရာကို ပေးခဲ့ပြီး အကာအကွယ် ပေးခဲ့သူ ဖြစ်သည်။ သူမ သူဋ္ဌေးကို မိသားစုဝင် တစ်ယောက်လို ခံစားရသည်။
ဒါပေမဲ့ သူဋ္ဌေးရဲ့စွမ်းရည်ကို သူမ သိချင်မိသည်။
သူမတို့ နှစ်ယောက်သည် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
ဟောင်ရဲ့ ခန္ဓာကိုယ်သည်ဖြောင့်တန်းနေပြီး လက်နောက်ပစ်ထား၏။.
သူ့ရဲ့ ခန္ဓာကိုယ်သည် ဟိတ်ဟန်ထုတ်နေသော ကလေးတစ်ယောက်ကဲ့သို့ပင်။
မိုရှီရှီ အသက်တစ်ချက် ရှုသွင်းလိုက်သည်။
သူမ လက်သီးဆုတ်လိုက်တာနဲ့ မည်းနက်နေတဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး.လက်ဆစ်မှ လက်မောင်းအထိ မှင်များစွန်းထင်းနေသကဲ့သို့ တွယ်တက်သွား၏။
ဟောင်ရဲ့ အပြုံးများ အနည်းငယ် တွန့်လာခဲ့ပြီ။
‘ နေပါအုံး… ရှီရှီလေး သူမရဲ့အားကို ထိန်းထားလောက်မှာပါနော့…?’
‘ သတ်ပစ်မယ်ဆိုတဲ့ အရှိန်အဝါမျိုးကြီးနဲ့ဟ!’
ဤလက်သီးသည် ကျိန်စာဖြူဂိုဏ်းရဲ့ လူသိများတဲ့ ကျိန်စာတိုက်လက်သီးဖြစ်သည်။
သေလောက်အောင် မထိခိုက်စေပေမဲ့ ပြင်းထန်သည်။
ရင်ဘတ်တည့်တည့်ကို ထိုးမည်ဆိုပါက ကျင့်ကြံသူတစ်ယောက်ရဲ့ ချီလည်ပတ်မှုကို မိနစ်တစ်ချို့ကြာသည်အထိိ ပိတ်ပင် ပစ်နိုင်သည်။
သန်မာမှုပေါ် မူတည်ပြီးတစ်ခါတစ်ရံမှာ နာရီပေါင်းများစွာပါ ကြာတတ်သည်။
အခုချိန်မှာ ထိုအရှိန်အဝါသည် ဟောင် ရှိရာကို ဦးတည်နေ၏။
မိုရှီရှီ လှုပ်ရှားလိုက်သည်။ သူမရဲ့ လက်သီးသည် အရှေ့ကို ထိုးထွက်လာခဲ့သည်။ သူမ အားထိန်းထားသော်ငြား လက်သီးရဲ့ သန်မာမှုသည် စိတ်ဝိညာဥ်နိုးထ နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ အဆင့်ငါး သို့တည်းမဟုတ် အဆင့်ခြောက် ရှိသော သန်မာမှုဖြစ်၏။
သူမ အသိအသာကို အားထိန်းထားခဲ့တာပင်။
ဒါပေမဲ့ ဟောင်လဲ လှုပ်ရှားလိုက်သည်။
သူမရဲ့ လှုပ်ရှားမှု စတင်တာနဲ့ ဟောင် အာရုံစိုက်မှုကို ရင်ဘတ်ကို ပို့လိုက်၏။ သူ အချိန်မဆွဲနေပေ။ တစ်ကယ့်တိုက်ပွဲတွင် အချိန်ဆွဲနေလို့ မဖြစ်ဘူး။ အချိန်ကိုက်က အရာအားလုံးပဲ။
နောက်မှ ခံရသည်ထက် ဦးစွာလှုပ်ရှားလိုက်တာက ပိုကောင်းသည်။
ရွှေရောင်အလင်းတစ်ခုသည် ဟောင်ရဲ့ ရင်ဘတ်မှ စတင်လာကာ ချက်ချင်းပဲ မျက်စိကန်းလောက်အောင် လင်းလက်သွား၏။
ဆွရှ်!
မိုရှီရှီရဲ့ လက်သီးက ဟောင်ရဲ့ ရင်ဘတ်ကနေ ဖြတ်ဝင်သွားသည်။
ခုခံမှုမရှိသလို ပြန်တိုက်ခြင်းလဲ မရှိဘူး။ သူမရဲ့ လက်သီးက ဘာကိုမှ မထိတွေ့သွားသလိုပဲ။
သူမ အမြန်ပဲ လက်ပြန်ရုတ်လိုက်သည်။ သူမ လက်သီးရုတ်လိုက်တာနဲ့ အနက်ရောင် အရှိန်အဝါကလဲ ချက်ချင်း ပျောက်ကွယ်သွား၏။
ဟောင် စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ.ခြေလှမ်းနောက်ဆုတ် လိုက်ချိန်မှာပဲ နဖူးထက်မှ ချွေးတစ်ကြောင်း စီးကျလာသည်။
ထို့နောက်မှာ သူ့ရဲ့ မျက်လုံးများ လင်းလာကာ
“ အဟားဒါပဲလေ။ ငါသိနေတယ်။ ငါလုပ်နိုင်မယ်ဆိုတာ သိသားပဲ’
သူ လုပ်နိုင်သွားပြီ။
လွန်ခဲ့တဲ့ စက္ကန့်ပိုင်းတုန်းက သူ့ရဲ့ ရင်ဘတ်တစ်ခုလုံးက အလင်းအဖြစ် ပြောင်းသွားတာပင်။
သူ့နဲ့ ကျင့်ကြံဆင့်နယ်ပယ်တူတဲ့ ကျင့်ကြံသူတွေအတွက်ဆိုရင် မိုရှီရှီရဲ့ လက်သီးက သေလောက်တဲ့အထိ ပြင်းထန်သည်။ ထိုတိုက်ချက်ကို သူ ရှောင်ရှားနိုင်သွားတာပင်။
သူ ထင်ခဲ့တာထက်ကို ပိုသာလွန်နေခဲ့သည်။
သူ အလင်းအဖြစ် ပြောင်းနေချိန်တွင် ရေတမံကျိုးသလို လျော့ကျသွားတဲ့ ချီစွမ်းအင်ကို သတိထားမိခဲ့၏။ စုဆောင်းထားသမျှ ချီစွမ်းအင် လေးပုံသုံးပုံလောက် ကုန်ဆုံးသွားတာပင်။
သူသာ မျက်တောင်တစ်ခတ်စာလောက် စောင့်ဆိုင်းမိလို့ အချိန်ကိုက်ကို လွဲသွားပါက လုံးဝ.ရှောင်ရှားနိုင်တော့မည် မဟုတ်ချေ။
ဒီတော့ ဒီစွမ်းရည်က အလုပ်လုပ်သည်။ လေးလံတဲ့ တန်ကြေးကိုတော့ ပြန်ပေးရ၏။
ဒီစွမ်းရည်ကို ရွေးချယ်မိလို့ ဟောင် နောင်တ မရပါချေ။ဒါက တစ်ကယ်ကို ထိုက်တန်သည်။
သူ့ရဲ့ ကျင့်ကြံဆင့်ကိုသာ အဆင့်မြင့်ဖို့ လိုနေတာပင်။ ကျင့်ကြံဆင့် မြင့်တာနဲ့ ချီစွမ်းအင် မြင့်လာမည်။ ကောင်းမွန်တဲ့ အထောက်အပံ့သာ ပေးနိုင်ပါက ဒီစွမ်းရည်သည် သူ့အတွက် ပင်မ အကာအကွယ် ဖြစ်လာနိုင်၏။
ဒီလိုဆို တစ်ကယ့်တိုက်ပွဲတွေမှာ လျင်မြန်စွာ တုံ့ပြန်နိုင်တော့မည်။
ဟောင် မိုရှီရှီကို လှည့်ပြုံးပြလိုက်ကာ
“ တော်တယ် ရှီရှီလေး”
“ ကျေးဇူးပါ”
မိုရှီရှီ မျက်တောင်ခတ်လိုက်သည်။ သူမရဲ့ ပါးမို့လေးများ ပန်းရောင်သန်းလာကာ ချက်ချင်းပဲ အကြည့်လွှဲလိုက်တော့၏။
“ ငါ အတည်တိုက်ခဲ့တာ မဟုတ်ဘူး..”
သူမ လက်ပိုက်ရင်း ပြောလာ၏။
“ ငါ အခြေခံသိုင်းကိုပဲ သုံးခဲ့တာ”
ထို့နောက်မှာ သူမရဲ့ အကြည့်က ဟောင်ရဲ့ ရင်ဘတ်ဆီကို ရောက်လာသည်။
“ အဲ့ဒီသိုင်းပညာက… တစ်ကယ် မဆိုးဘူး”
“ထူးဆန်းပေမဲ့ အရမ်းသန်မာတယ်”
မိုရှီရှီရဲ့ စကားလုံးများက ဟောင်ရဲ့ နှလုံးသားထဲ ပဲ့တင်ထပ်နေသည်။
မိုရှီရှီလိုမျိုး အလွန့်အလွန် အရည်အချင်းရှိသူဆီက မဆိုးပါဘူးဆိုတဲ့ စကား ထွက်လာခြင်းသည် ဒီသိုင်းပညာက တစ်ကယ် ထူးခြားလို့ပင်။
စနစ်ဆီက လာတယ်ဆိုတာနဲ့ အညီ အထူးကောင်းမွန်လှသည်။
နေရောင်ခြည် ဆင်းသက်နိုင်သည့် တည်ဆောက်ပုံနဲ့ ပတ်သတ်ပြီးလဲ သူမသိသေးတာ များစွာ ရှိသေးသည်.. ဒါက အခုမှအစပဲ။
သူရဲ့ရှာဖွေတွေ့ရှိမှုက မျက်နှာပြင်လောက်သာ ရှိအုံးမည်။
အထဲမှာပိုနက်ရှိုင်းတဲ့ အချက်အလက်များ ရှိနိုင်သည်။
အခုသူ့ရဲ့ နယ်ပယ်က စိတ်ဝိညာဥ်နယ်ပယ်ပဲ ရှိသေးသော်ငြား အလင်းဖြစ်အောင် ပြောင်းနိုင်နေပြီ။ဒီထက်မြင့်တဲ့ ကျင့်ကြံဆင့် နယ်ပယ်ရလာရင် ဘာတွေများ ပြောင်းလဲလာလောက်လဲ?
မျက်လုံးက လိုက်မဖမ်းနိုင်တဲ့အထိ အရမ်းမြန်သွားမှာလား?
အလင်းအလျင်နဲ့ တိုက်ခိုက်နိုင်တော့မှာလား?
လုံးဝကို အလင်းအဖြစ် တစ်ကိုယ်လုံး ပြောင်းသွားတော့မှာလား?
အဆုံးမရှိတဲ့ ဖြစ်နိုင်ချေများကြောင့် သူ့ရဲ့ သိချင်စိတ်တို့ တောက်လောင်လာရသည်။
ဒါပေမဲ့ အခုက တွေးနေဖို့ အချိန်မဟုတ်သေးဘူး။
သူဆိုင်ရဲ့ထောင့်တစ်နေရာတွင် ကြာပန်းပုံ ထိုင်လိုက်ကာ ကျင့်ကြံမှုကို စတင်လိုက်သည်။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့ရဲ့စိတ်သည် ကျယ်ပြန့်လာခဲ့ပြီး… ပင်လယ်ထဲမှာ လှုပ်ရှားနေတဲ့ ရွှေငါးတစ်ကောင်လို ပေါ့ပါး လွတ်လပ်လာခဲ့သည်။
‘ စနစ် ငါဒီလောက်ဆို အပြင်ထွက်လို့ ရပြီမလား?’
‘ ရှီရှီလေးနဲ့ တာဝန်ချိန်လဲပြီးရင်လေ’
ဟောင် အပြင်ကို သေမတတ်ထွက်ချင် နေခဲ့သည်။
အချိန်တစ်ခဏလောက်ဖြစ်ဖြစ် ထွက်ရရင်တောင် သူ ကျေနပ်မှာပင်။
အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ တံခါးနောက်က ကမ္ဘာသည် သူ အရင်နေထိုင်ခဲ့တဲ့ ကမ္ဘာမြေနဲ့ လုံးဝမတူညီတဲ့ ကျင့်ကြံရေးလောကပဲ။
ကျင့်ကြံရေးလောကရဲ့ လမ်းတွေက ဘယ်လိုဖြစ်နေလောက်လဲ?
လမ်းပေါ်မှာ ပျင်းရိစွာ လဲလျောင်းနေမဲ့ ဝိညာဥ်သားရဲတွေ ရှိနေလောက်လား?
ကောင်းကင်မှာ ဓားပျံစီးနေတဲ့ ကျင့်ကြံသူတွေကို မြင်ရလောက်လား?
ဟစ်ဟော် ကြွေးကြော်သံများဖြင့် ပြည့်နှက်နေသော ဝတ်စုံတူဂိုဏ်းသားများ၏ ကျင့်ကြံနေမှုကို လမ်းတစ်လျှောက်ရှိ ဂိုဏ်းများတွင် တွေ့ရလောက်လား?
သူ ဖြစ်နိုင်ချေတစ်ခုကို စိတ်ကူးယဥ်ကြည့်လိုက်ကြသည်။
လမ်းကြားတွင် မြူများ အုံ့မှိုင်းနေပြီး ကျောက်စရစ်ခဲများ ခင်းထားလောက်သည်။အိမ်ခေါင်မိုးကို သစ်သားများဖြင့် မိုးထားသည်။ ချီစွမ်းအင်များ ပြည့်နေတဲ့ ဝါးတောများလဲ ရှိမည်။
လယ်သမားဆောင်း ဦးထုတ်များဖြင့် နေရောင်အောက်မှာ လယ်ဆိုက်နေတဲ့ပြည်သူ များကိုလဲ တွေ့နိုင်မည်။
ငြိမ်းချမ်းတိတ်ဆိတ်ပြီး ရှေးဆန်သည်…
ဒါပေမဲ့ အခုမှ သူတွေးမိသည်။
သူရောက်နေတာ မဟာမြို့တော်ပင်။
နာမည်နဲ့တင် ထီးနန်းကို စိုးဆန်ထားသလို အထက်ဆီးဆန်သည်။
အကယ်၍ ဒီမြို့ကြီးတစ်ခုလုံးက ချီစွမ်းအင်တွေ ပြည့်နေတဲ့ မြို့ကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ? မြို့ထဲက အဆောက်အဦးတွေက ကောင်းကင်ကို.ဖောက်ထွက်မတတ် မြင့်မားပြီး ကျောက်စိမ်းတွေနဲ့ တောက်ပနေလောက်လား?
လေပေါ်မှာပျံဝဲနေတဲ့ လေသင်္ဘောတွေ၊ စိတ်ဝိညာဥ်ကျောက်တုံးတွေ ကျနေတဲ့ လမ်းကြားတွေ၊ ကမ္ဘာပေါ်က ကားတစ်စီးစာလောက် ဈေးကြီးတဲ့ ဝတ်ရုံတွေ ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူတွေကိုကော တွေ့ရလောက်လား?
ဒီကမ္ဘာမှာဆိုရင် ကျင့်ကြံသူတွေက ဆိုင်ကယ်မစီးဘဲ ဓားပျံစီးကြမှာပေါ့နော်?
ဒါဆို ဒီက စားသောက်ဆိုင်မှာကော ချီစွမ်းအင်နဲ့ ချက်ပြုတ်ကြတာလား?
အကယ်လို့ သူ အပြင်ထွက်တဲ့အချိန်မှာ ဘယ်ဂိုဏ်းကလဲ ဝိုင်းမေးကြရင်ကော ဘယ်လို လုပ်မလဲ?
တစ်ကယ်တော့ ဟောင်သည် လေကောင်းလေသန့်လေးသာ ရှုချင်ခဲ့တာ ဖြစ်သည်။
အသင့်စား အစားအသောက်တွေ၊ စက်ရုံက ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ လေထုညစ်ညမ်းမှု ဖြစ်နေတာတွေ မရှိတဲ့ သဘာဝတရားကြီးကို သူခံစားချင်မိသည်။
သာမာန်လေး လမ်းလျှောက်ချင်ရုံသာ။
သန့်စင်တဲ့ ချီစွမ်းအင် ပြည့်ဝတဲ့ လေထုကို ရှုရှိုက်ချင်မိသည်။
ဒီလောက်နဲ့ သူ့ရဲ့ ရိုးတွင်းချင်ဆီအထိ နက်ရှိုင်းနေတဲ့ ဆန္ဒကို ဖြည့်တင်းဖို့ လုံလောက်ပြီပင်။
( ပိုင်ရှင် အပြင်ထွက်ချင်ရင် အရင်ဆုံး သိုင်းသူတော်စင် စဦးနယ်ပယ် ရောက်အောင် လုပ်ပါ)