← Chapters

( အပ်ချောင်းများနဲ့ တိုက်ပွဲ)

Vol. 6 Ch. 84

( အပ်ချောင်းများနဲ့ တိုက်ပွဲ)

Vol. 6 Ch. 84

‘အာ’ ဟောင် စိတ်ပျက်စွာ ရေရွတ်လိုက်သည်။

သိုင်းသူတော်စင် စဦးနယ်ပယ်တဲ့လား?

သူအများကြီး အဆင့်တက်ဖို့ လိုသေးတာပေါ့။

ကြည့်ရတာ သူ ဒီတစ်ခဏအတွင်းတော့ ဆိုင်က ထွက်နိုင်အုံးမယ် မထင်ချေ။

ဟောင် ကောင်တာမှာ လက်တင်ကာ မျက်နှာကြက်ကို စိုက်ကြည့်နေလိုက်၏။

‘ စနစ် မင်းရဲ့ လုပ်ပုံက လူလိမ် ဝဘ်ဆိုဒ်တွေနဲ့ တူနေတယ် မထင်ဘူးလား? ဒီတစ်ခုပဲ လုပ်ရမှာပြောပြီး တစ်ကယ့်တစ်ကယ် လုပ်ပြီးချိန်ကြတော့…’

‘ တစ်ခုလုပ်ပြီးရင် အမြဲတမ်း အများကြီး အများကြီး ထပ်ထပ်လုပ်ခိုင်းတယ်’

ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။

စနစ်က အဖက်လုပ်ပြီး စကားတောင် ပြန်မပြောခဲ့ပါချေ။

ဟောင် စနစ်ကို ဘာမှ မမေးခဲ့သည့်အတိုင်း သက်ပြင်းချကာ မျက်စိပဲ မှိတ်ထားလိုက်တော့သည်။

ရက်စက်လိုက်တာ…

သူအရမ်း ရင်ကွဲနာကျသလိုတော့ မခံစားရချေ။

ဒီတိုင်း အနည်းငယ် သစ္စာဖောက်ခံရသလို ခံစားရရုံသာ…

ဒီလိုနဲ့ နေ့ရက်တွေက တစ်သွင်သွင် စီးဆင်းနေတဲ့ ရေစီးကြောင်းလိုပဲ ဖြတ်သန်း ကုန်ဆုံးသွားသည်။

ဟောင် နေ့တိုင်း ကောင်တာထိုင်ဆဲ ဖြစ်သော်ငြား ကျင့်ကြံခြင်းက သူ့အတွက် အလုပ်တစ်ခု ဖြစ်လာ၏။ အားလပ်ချိန် ရလာတိုင်း ထောင့်တစ်ထောင့်မှာ သွားထိုင်ကာ ချီစွမ်းအင် စုပ်ယူရင်း သန့်စင်ဖို့ အာရုံစိုက်နေလိမ့်မည်။

စင်တွေကို နေ့စဥ်သန့်ရှင်းရေးလုပ်ပြီး ခေါက်ဆွဲပြုတ်စားသလိုပဲ ကျင့်ကြံခြင်းသည်လဲ သူ့ရဲ့ ဒုတိယအလုပ်တစ်ခု ဖြစ်လာခဲ့သည်။

လေးရက်မြောက်နေ့တွင် ပြောင်းလဲမှု တစ်ခု စတင်လာ၏။

ဟောင် ကိုယ်ပိုင်ဈေးဆိုင်မှ ပထမဆုံးသော သိုင်းကျင့်စဥ်ကို ဝယ်လိုက်ခြင်းဖြစ်သည်။ ထို တိုက်ခိုက်ရေး သိုင်းပညာသည် သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့်ကော ကျင့်ကြံရေးသိုင်းပညာနဲ့ကော လိုက်ဖက်မှု ရှိ၏။

သိုင်းပညာ၏ အမည်မှာ နေကြာပွင့်အပ် ဟု ခေါ်သည်။

ချီစွမ်းအင် သုံးရသည့် သိုင်းတစ်ခုပင်။

ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို မသုံးပေ။

ထိုအစား ချီစွမ်းအင်ကို ပါးလွှာသော အပ်ချောင်းများကဲ့သို့ ပြောင်းလဲလိုက်​​တာပင်။

ပါလွှားချွန်ထက်ပြီး မျက်လုံးနဲ့ လိုက် မမှီနိုင်လောက်အောင် လျင်မြန်သည်။

လက်တစ်ချက် လှုပ်ရှားလိုက်တာနဲ့ အပ်ချောင်းများသည် အလင်းမြှားများကဲ့သို့ ပျံသန်းသွားမည်ပင်။ တစ်ဖက်လူကို မသေစေနိုင်သော်ငြား ဖောက်ထွင်းဝင်ရောက်နိုင်သည်။

ဒိုင်းကာများ၊ ချီစွမ်းအင်​သုံး အကာအကွယ်များ၊ အစီအရင်များပင် ထိုအပ်များမှ မလွတ်နိုင်ချေ။

ဤ သိုင်းပညာသည် ကြီးမားတဲ့ တိုက်ခိုက်မှုကို မပေးစွမ်းနိုင်ပေ။

ကမ္ဘာကြီးကို မတုန်လှုပ်နိုင်သလို လေပြင်းမုန်တိုင်းလဲ မဖန်​တီးနိုင်ဘူး။ ဒါပေမဲ့ ရန်သူကို ပြင်းထန်အောင် ထိခိုက်စေနိုင်သည်။ အလင်းတစ်ချက်ဖြတ်ပြေးသွားတာကိုပဲ မြင်ရမည်ပင်။

လက်နက်တစ်ခုဆိုသည်ထက် အရေပြားနားမှာ ခပ်တိုးတိုးတိုက်သွားတဲ့ လေပြေကဲ့သို့သာ ခံစားရပြီး သွေးထွက်လာချိန်မှပဲ သဘောပေါက်လိမ့်မည်။

ကောင်းမွန်သော ချီစွမ်းအင် ထိန်းချုပ်မှုနဲ့ လျင်မြန်တဲ့ တုံ့ပြန်မှုရှိလျှင် ဤသိုင်းပညာသည် ရန်သူကို မသိလိုက်ခင်မှာပဲ လွှမ်းမိုးချုပ်ကိုင်ပစ်ပြီး ဒဏ်ရာအကြီးအကျယ်ရစေနိုင်သည်။

ဤ သိုင်းပညာသည် ချောင်းမြှောင်း တိုက်ခိုက်ခြင်းများ၊ ချောင်ပိတ်ခံရသည့်အခါ ပြန်တိုက်ခြင်းများနဲ့ ရုတ်တရက် ဦးတည်ရာ ပြောင်းပြီး တိုက်ခိုက်ခြင်းမျိုးအတွက် အထူး သင့်တော်သည်။ ထို့ကြောင့် လှုပ်ရှားမှု မြန်လျှင် အကောင်းဆုံး အသုံးချနိုင်မှာပင်။

အကောင်းဆုံးကတော့ စိတ်ဝိညာဥ် နိုးထနယ်ပယ် ရောက်တာနဲ့ သင်ယူနိုင်ခြင်းပင်။

ဟောင် ထိုကြောင့် ပိုကြိုက်ရတာပဲ။

သူ အလုပ်လုပ်ရာကနေ ရထားသမျှ ဝိညာဥ်ကျောက်တုံး အကုန်သုံးပြီး ဝယ်ထားတာပင်။ သူ့ရဲ့ ငွေကြေးက ထပ်မံပြီး သုညဘဝကို ရောက်သွားခဲ့ပြီ။

သိုင်းပညာရဲ့ ဖော်ပြချက်ကို ဖတ်ရှုပြီးနောက်မှာ သူ နည်းနည်းမှ နောင်တ မရမိပါချေ။

ဖော်ပြချက်သည် အထူး ကျေနပ်ဖွယ်ရှိသည်။

ဤ သိုင်းပညာကို မိုးသောက်ချိန်နှောင်းပိုင်းရဲ့ အပ်ချောင်းဖန်တီးသူ အမည်ရှိသော ထူးဆန်းသည့် မိန်းမတစ်ယောက်က ဖန်တီးထားတာပင်။ သူမရဲ့ နာမည်သည် အကြီးအကဲ ယန်ရွေ့ ဖြစ်သည်။

သူမက ​ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ သူမနေထိုင်သော နေရာတွင် နေ့အလင်းသည် နာရီ ခြောက်ဆယ်မျှ ကြာမြင့်ပြီး ချီစွမ်းအင်သည်လဲ နေရောင်ထဲတွင် လက်ထနေသည်။

သူမ၏ နာမည်ကြီးခြင်းသည် ကျင့်ကြံဆင့်မြင့်ခြင်းကြောင့် မဟုတ်ဘဲ တိကျသော တိုက်ခိုက်မှုများကြောင့်ပင်။ သူမသည် သန်မာသော ပြိုင်ဘက်များကို တိုက်ခိုက်ရင်းဖြင့် ဂုဏ်သတင်းကို ရယူခဲ့သည်။ ဒိုင်းကာ ကြားထဲသို့ ဖြတ်ဝင်နိုင်ရုံမက၊ ခန္ဓာကိုယ်ရဲ့ နားပေါက်နဲ့ နှာခေါင်းပေါက်ထဲအထိပါ သူမရဲ့ နေကြာပွင့် အပ်ချောင်းများက ဖောက်ဝင်နိုင်သည်။

အမှန်ကို နှာခေါင်းပေါက်ထဲအထိပင်။

နောက်ပိုင်းကျ သူမက တိုက်ခိုက်ရတာကို ပျင်းရိလာခဲ့သည်။ တပည့်ငယ်များ မွေးပြီး သိုင်းပညာကို လက်ဆင့်ကမ်းချင်ခဲ့သည်။ ဒါပေမဲ့ သင်ယူနိုင်သောသူ မရှိချေ။

အဆုံးမှာ သူမ အလျော့ပေးလိုက်တော့၏။

သူမရဲ့ ဝါသနာဖြစ်သော လက်ဖက်ရည်တစ်ခွက် သောက်ရန် သိုင်းပညာကို လဲလှယ်လိုက်လေသည်။

ထိုအချိန်မှစပြီး ထိုသိုင်းပညာက ဂိုဏ်းငယ်များနဲ့ ကျင့်ကြံသူများကြား ပျံ့နှံ့သွားသည်။ အချိန်တစ်ခု ကြာလာတာနဲ့ အမျှ လျှင်မြန်မှုနဲ့ တန်ပြန်တိုက်ခိုက်မှုပိုင်းကို သဘောကျတဲ့ ကျင့်ကြံသူများအတွက် ဤသိုင်းပညာက ပုန်းကွယ်နေတဲ့ ရတနာတစ်ခု သဖွယ်ဖြစ်လာခဲ့သည်။

အကြီးအကဲ ယန်ရွေ့ကို ဟောင် မသိပါချေ။

ဒါပေမဲ့ သူ တော်တော်လေး သဘောကျမိသည်။

သူမက မိုက်သည်လေ။

သူမရဲ့ သိုင်းပညာကိုကော မမိုက်ဘူးထင်လား?

ပိုတောင် မိုက်သေးသည်။

ဟောင် အချိန်မဖြုန်းတော့ပေ။ နေကြာပွင့်အပ်သိုင်းကို သူ တတ်​မြှောက်ပြီး နောက်ရက်ရောက်တာနဲ့ သူ့ရဲ့ လေ့ကျင့်မှု ပွဲတော်ကို စတင်တော့၏။ ဆိုင်ရဲ့ ဂိုထောင်သည် သူ့အတွက် လေ့ကျင့်ရန် တိုက်ပွဲကွင်းပြင် ဖြစ်လာခဲ့သည်။

ဟောင်နဲ့ အတူ လေ့ကျင့်ပေးမဲ့သူကရော?

ထျန်းလုပဲပေါ့။

ကြေးနီရောင် ခေါင်းဖြတ်စက်ကြီး ထျန်းလုမှာလွဲ၍ တစ်ခြားမဖြစ်နိုင်ချေ။

“ ကောင်းပြီ” ထျန်းလု ပြောပြီးသည်နှင့် အကြောလျော့လိုက်သည်။ ဘေးတွင် ချိတ်ထားတဲ့ စက်ဝိုင်းပုံ ဓားဝိုင်းနှစ်ခုကို ယူလိုက်သည်။

“ ဆိုင်ရှင်”

သူ့ရဲ့ အသံသည် မတွန်းလှန်နိုင်သော တောင်တစ်ခုလို တည်မြဲသည်။

စက်ဝိုင်းပုံဓားကောက် နှစ်ခုကို ချိတ်ဆက်ထားတဲ့ ချိန်းကြိုးနဲ့ ကြမ်းပြင်ရဲ့ ရိုက်ခတ်သံသည် အန္တရာယ် အငွေ့အသက်ကို ထုတ်ပေးလိုက်သည်။

ဟောင်သည် ဆယ်မီတာအကွာတွင် ရပ်နေခဲ့သည်။

သူ လက်တစ်ဖက် မြှောက်လိုက်သည်။

လက်ချောင်းထိပ်၌ အလင်းအပ်တစ်ချောင်း ထွက်ပေါ်လာ၏။

ပထမဆုံးသောနေကြာပွင့်အပ် ပျံသန်းသွားပြီပင်။

ထျန်းလု လက်တစ်ဖက် လှုပ်ရှားလိုက်သည်။ စက်ဝိုင်းပုံဓားတစ်ခုက တစ်ဝက်ခန့် လည်သွားကာ အပ်ကို ရိုက်ထုတ်လိုက်သည်။

“ ထပ်ပြီး” ထျန်းလု အော်လိုက်သည်။

ဟောင်လဲ အချိန်မဆွဲချေ။ နောက်တစ်ချောင်း ထုတ်လိုက်သည်။ ထို့နောက်မှာ သုံးချောင်း၊ လေးချောင်း ဆက်တိုက်ပစ်လေတော့၏။ မတူညီတဲ့ ရှုထောင့်များမှ ပစ်နေရင်း ထျန်းလုကို သတိလွတ်သွားဖို့ လုပ်နေခဲ့တာပင်။

ဒါပေမဲ့ ထျန်းလုက ကျွမ်းကျင် အကသမား တစ်ယောက်လို သိမ်မွေ့စွာ ရှောင်နေ၏။

သူ့ရဲ့လှုပ်ရှားမှုနဲ့ စက်ဝိုင်းပုံ ဓားကောက်များလဲ လှုပ်ရှားနေ၏။ တစ်ခါတစ်ရံ ဓားကောက်နှင့် ကာတတ်သလို တစ်ခါတစ်ရံ မလိုအပ်ခဲ့ပေ။ နှစ်ဆယ်ချီကြာ လူသတ်လာတဲ့ လူသတ်သမားတစ်ယောက်ရဲ့ အတွေ့အကြုံဖြင့် အပ်ချောင်းများကို အလွယ်တကူ ရှောင်လိုက်သည်။

ဟောင် အံကြိတ်လိုက်သည်။ အပ်တစ်ချောင်းစီတွင် ချီစွမ်းအင်များ ပေးဆပ် ထားရ၏။

အများကြီး မပေးရရင်တောင် ဆက်တိုက် အသုံးပြုနေတဲ့အတွက် လျော့နည်းလာပြီပင်။

ဒါပေမဲ့ ဒါက လေ့ကျင့်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။

သူ နေရာ အကွာအဝေးကို ပြောင်းလဲ တိုက်ခိုက်နေချိန်မှာ အသက်ရှုနေရင်း ချီစွမ်းအင်ကို ပြန်လည်ဖြည့်ဖို့ပါ ကြိုးစားနေ၏။

ဖျတ်!

ဖျတ်!

ဖျတ်!

အပ်သုံးချောင်းဖြင့် ထျန်းလုရဲ့ ခြေထောက်ကို တိုက်ခိုက်ပြီးတာနဲ့ ပုခုံးကိုပါ တစ်ချောင်း ပစ်လိုက်သည်။ သတိလွတ်စေဖို့ ရည်ရွယ်ခဲ့တာပင်။

ထျန်းလု ခြေထောက်က နှစ်ချောင်းကို ကာလိုက်ပြီး တစ်ချောင်းကို ရှောင်လိုက်သည်။

စတုတ္ထ တစ်ချောင်းကလား?

သူ့ရဲ့ အင်္ကျီစကို ဖောက်ဝင်သွားတာပင်။

လုပ်ကြံသူကြီး မျက်ခုံးပင့်ရလေပြီ။

“ ကပ်သီးလေးပဲ”

ဟောင် ပြုံးလိုက်ကာ

“ တိုးတက်လာတယ်”

“ နည်းနည်းပေါ့”

ထျန်းလု ခေါင်းညိတ်လိုက်သည်။

နာရီအနည်းငယ် ကြာသောအခါမှာ ဟောင်ရဲ့ နောက်ကျောမှာ ချွေးတွေ ရွှဲလာ၏။ ဒါပေမဲ့ သူ ဆက်တိုက်နေဆဲပဲ။ လွဲမှားသွားတဲ့ ပစ်ချက်တစ်ခုဆီက သူ့ကို ရှုထောင့်နဲ့ ပတ်သတ်ပြီး သင်ပြပေးသည်။

ပိတ်ပင်ခံရမှုတစ်ခုဆီက နည်းဗျူဟာအသစ်ကို တွေးတောစေသည်။

ထျန်းလု ပြန်မတိုက်ခိုက်ပါချေ။ သူ့ရဲ့ တည်ရှိမှုနဲ့တင် ဟောင် အစွမ်းကုန် ထုတ်ကြိုးစားနေရ၏။

ဒါပေမဲ့ အမှန်တော့လား?

ထျန်းလု မှန်းဆပြီးသားပင်။

ဒီလေ့ကျင့်ရေးဆိုတဲ့ အရာက… သူ့ သူဋ္ဌေးအတွက် နောက်ထပ် အချိန်ဖြုန်းမဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်နိုင်သည်။

ဒါပေမဲ့ သူ့အနေနဲ့ ငြင်းစရာ မရှိချေ။ သူလဲ လေ့ကျင့်ဖို့ လိုအပ်သည်။

နေရောင်ခြည်သုံး အပ်များကို ရှောင်ရခြင်းက မဆိုးတဲ့ လေ့ကျင့်ခန်းလို့ ပြောနိုင်သည်။ အရင် နှစ်များစွာက လေ့ကျင့်ခဲ့သော အကောင်းမွန်ဆုံး ခန္ဓာကိုယ် လေ့ကျင့်ရေးနဲ့ ဆင်တူသည်။

တိကျစွာ ပျံလာတဲ့ အပ်ချာင်းတစ်ခုစီကို မတူညီသော ရှုထောင့်များမှ မခန့်မှန်းနိုင်အောင် ပစ်နေခြင်းက…. အနည်းငယ်လဲ ပျော်ဖို့ကောင်းသည်။

ဒါကသူ့ရဲ့ အရင်နေ့ရက်များကိုပါ သတိရသွားစေသည်။ မီးတောက်များကြားမှ ဖြတ်သန်းရတာတွေ၊ လည်ပင်းတည့်တည့်ကို ချိန်ရွယ်ထားတဲ့ ချီစွမ်းအင်ရိုက်ချက်ကြီးများကို ကပ်သီးလေး ရှောင်ရတဲ့အချိန်ကာလများကို ပြန်မြင်လာမိသည်။

ဒါပေမဲ့ အခုတော့လား?

သူအခု အလင်းကို ​ရှောင်တိမ်းနေခဲ့သည်။

တိတ်ဆိတ်တဲ့ အလင်းမြှားများကို ရှောင်နေ၏။

သူ အပ်ချောင်းတစ်ခုကို ရှောင်လိုက်ချိန်မှာ အသိစိတ်က ပိုထက်လာသည်။

ချီစွမ်းအင် ထိန်းချုပ်မှုလဲ ပိုတည်ငြိမ်လာခဲ့သည်။ ဒဏ်ရာကြောင့် တောင့်တင်းနေခဲ့သော အရိုးအဆစ်များပင် အနည်းငယ် သွက်လာသလိုပဲ။

စာစဉ်ပြီး၏

All Chapters