← Chapters

သာမန်လူ (၃)

Vol. 11 Ch. 150

သာမန်လူ (၃)

Vol. 11 Ch. 150

"မင်း အခု ကျင့်ကြံခြင်းလောကရဲ့ ကြောက်စရာအကောင်းဆုံး ပဋိပက္ခထဲ ရောက်နေပြီ။ ရှားဟုန်မျိုးနွယ်စုရဲ့ ထင်ရှားတဲ့ မင်းသားတစ်ပါး ဖြစ်လာပြီဆိုတော့ နောင်မှာ ဘယ်လိုအန္တရာယ်တွေ ကြုံရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

အဘိုးအိုတု တူက သူ့မြေးကို သနားဂရုဏာသက်စွာ ကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

"မင်းသားလေးတွေနဲ့ မင်းသမီးလေးတွေတိုင်းဟာ ခေတ်အသီးသီးက ပါရမီရှင်တွေရဲ့ ပြန်လည်ဝင်စားမှုတွေချည်းပဲ။ မင်းကတော့ ရုတ်တရက် ပေါ်ထွက်လာသူဖြစ်လို့ သတိထားရမယ်"

"တာအိုစွမ်းအားကို မြတ်နိုးတဲ့ ကျင့်ကြံခြင်းလောကမှာ ခွန်အားမရှိရင် ဘာအကြောင်းအရာမှ အရာမရောက်ဘူး"

"နောင်မှာ မင်းရဲ့ ကျင့်ကြံခြင်းကို ဦးစားပေးရမယ်။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် အခြေခံတစ်ခု ရှိပြီးမှ တခြားကိစ္စတွေကို စဉ်းစားပါ။ မင်းအဘိုးလို ပျင်းရိမနေနဲ့"

သူ သက်ပြင်းချရင်း ပြောလိုက်သည်။

"အရင်တုန်းကသာ ငါ ကျင့်ကြံခြင်းကိုသာ မြှုပ်နှံခဲ့ရင် လောကီကိစ္စတွေကို ဂရုမစိုက်ခဲ့ရင်၊ ပုဂ္ဂိုလ်ရေးကိစ္စတွေကို စိတ်မဝင်စားခဲ့ရင် ငါ့ဘဝ ဒီလောက် ဆိုးရွားခဲ့မှာ မဟုတ်ဘူး။ အရာအားလုံးက ကိုယ်တိုင် ဖန်တီးခဲ့တာလို့ပဲ ပြောလို့ရတယ်။ ဘယ်လောက်ပဲ ပါရမီထူးချွန်ချွန် သာမန်လူတွေနဲ့ ယှဉ်ရင် ငါ ဘာမှ မဟုတ်ဘူး"

လင်းယွဲ့ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ဒါကြောင့် ဒီလမ်းကို မင်း ရွေးချယ်ပြီးပြီဆိုတော့ ကျင့်ကြံခြင်းကို ဦးစားပေးရမယ်"

အဘိုးအိုတု တူက သူ့ပခုံးကို ပြုံးရင်း ပုတ်ပြီး "မင်းရဲ့ ဉာဏ်ရည်နဲ့ နားလည်နိုင်စွမ်းက အတော်လေး မြင့်မားနေပြီ။ အခု မင်းသားတစ်ပါးလည်း ဖြစ်လာပြီ။ ကောင်းကောင်းမွန်မွန် ကျင့်ကြံမယ်ဆိုရင် နောင်မှာ မင်းအဘိုးကို ကျော်လွန်သွားမှာ သေချာတယ်"

"ကျွန်တော့်ရဲ့ ဉာဏ်ရည်လား?"

လင်းယွဲ့ အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

"အဘိုး ကျွန်တော့်မှာ စိတ်ဝိညာဉ်သွေးကြောမရှိဘူး မဟုတ်လား"

"မင်းမှာ စိတ်ဝိညာဉ်သွေးကြော မရှိတာ မှန်တယ်။"

အဘိုးအိုတု တူက ညင်သာစွာ ခေါင်းညိတ်ပြီး ပြုံးရင်း "ဒါပေမဲ့ မင်းရဲ့ ဉာဏ်ရည်က စိတ်ဝိညာဉ်သွေးကြော အပြည့်အဝ ပွင့်နေတဲ့သူတွေထက် သာလွန်တယ်။ မင်းက နောက်မှရရှိတဲ့ မူလခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ သဘာဝအားဖြင့် မင်းမှာ စိတ်ဝိညာဉ်သွေးကြော မရှိဘူး၊ မင်းခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရကို လွတ်လပ်စွာ လည်ပတ်

နိုင်စေတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ထိပ်တန်းရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေထဲက တစ်ခုပဲ"

သူ သက်ပြင်းချလိုက်သည်။

"ငါ မင်းကို ကျင့်ကြံခြင်းလောကထဲ မဝင်စေချင်ခဲ့လို့ မင်း ကျင့်ကြံလို့မရဘူးလို့ တမင်တကာ ထင်စေခဲ့တာ။ သာမန်လူတစ်ယောက်အနေနဲ့ပဲ ကျေနပ်နေစေချင်လို့။ တစ်ခါမှ မမျှော်လင့်ခဲ့မိတာက..."

လင်းယွဲ့ နောက်ဆုံးတော့ နားလည်သွား၏။

ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန် ဘာလို့ ဒီလောက် လျင်မြန်လွန်းနေရတာလဲ။ ယွီရှီချီ မျှော်လင့်ထားတာထက် အများကြီး ပိုမြန်နေရတာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။

"ဘိုင်လီဖုန်းကျီ အစကတည်းက သိနေခဲ့တာလား"

လင်းယွဲ့ မေးလိုက်သည်။

"ဟုတ်တယ်။"

အဘိုးအိုတု တူက ခေါင်းအနည်းငယ်ညိတ်ပြီး ပြောလိုက်သည်။

"အဲဒီတုန်းက ဘိုင်လီဖုန်းကျီ ငါ့ကို ဖမ်းမိတုန်းက သူက မင်းရဲ့စကားကို တစ်ဝက်ပဲ ယုံခဲ့တာ။ ငါက မင်းမှာ မူလခန္ဓာကိုယ်ရှိနေလို့ ငါ့ရဲ့အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတ်မှတ်ပြီး စမ်းသပ်နေတာပါလို့ ပြောပြလိုက်တော့မှ သူ တကယ်ယုံသွားတာ။ ပြီးတော့ သူက မင်းရဲ့ထူးခြားတဲ့ ဉာဏ်ရည်ကို မြတ်နိုးလို့ မင်းကို ထိခိုက်အောင် လုပ်မှာမဟုတ်လောက်ဘူး"

လင်းယွဲ့ နောက်ဆုံးတော့ နားလည်သွားသည်။

ဘိုင်လီဖုန်းကျီက သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီး သွေးတစ်စက် ယူသွားခြင်းက အံ့သဩစရာမဟုတ်တော့ပေ။ နောက်ပိုင်းတွင်လည်း သူ့ကို အလွယ်တကူ ယုံကြည်ကာ စောင့်ကြည့်ခြင်းများ ရပ်တန့်ခဲ့ခြင်းက သူ၏ ခန္ဓာကိုယ်ကြောင့်ပင်။

"အဘိုး ကျွန်တော့်မှာ ဒီလိုဉာဏ်ရည်ရှိရင် ဘာလို့ ကျင့်ကြံခွင့် မပေးတာလဲ"

လင်းယွဲ့ မနေနိုင်ဘဲ ပြောလိုက်သည်။

"ကျင့်ကြံခြင်းလောကထဲက ရှုပ်ထွေးတဲ့ အာဏာလုပွဲတွေကြောင့်လား။ ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း ကျင့်ကြံမယ်ဆိုရင် ဒီလိုဉာဏ်ရည်နဲ့ဆိုရင် အလွယ်တကူ သေမှာမဟုတ်ဘူး မဟုတ်လား"

သူ ခုထိ နားမလည်သေးပေ။

တာအိုကျောင်းသား တူ တိတ်ဆိတ်နေ၏။

"...ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့မင်းသားအဆင့်နဲ့ဆိုရင် နောက်ကျတော့လည်း သိလာမှာပဲ။ ကြိုပြောထားတာ ပိုကောင်းပါတယ်"

အချိန်အတော်ကြာကြာ တိတ်ဆိတ်ပြီးနောက် သူ သက်ပြင်းချရင်း ပြောလိုက်သည်။

"ခုနကပဲ မင်းမှာ နောက်မှရရှိတဲ့ မူလခန္ဓာကိုယ်ရှိတယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား။ နောက်မှရရှိတယ်ဆိုတာ နောက်မှ ဖြစ်လာတာလို့ အဓိပ္ပာယ်ရတယ်"

"ဒါက ကျွန်တော့်ရဲ့ မူရင်းဉာဏ်ရည် မဟုတ်ဘူးပေါ့"

လင်းယွဲ့ အနည်းငယ် လန့်သွား၏။

တာအိုကျောင်းသား တူ ညင်သာစွာ သက်ပြင်းချပြီး "မင်းရဲ့ ကျင့်ကြံခြင်းအရှိန် ဘာလို့ ဒီလောက်မြန်တာလဲလို့ နောက်ဆုံးအကြိမ် မေးတုန်းက မင်းအမေကို ကျေးဇူးတင်ပါလို့ ငါ ပြောခဲ့တယ်။ အဲဒါ မလိမ်ခဲ့ပါဘူး"

သူ ပြောလိုကိသည်။

"မင်းအမေက ဆယ့်နှစ်ယောက်မြောက်မင်းသားဆီက ကောင်းကင်နဲ့မြေကြီးရတနာ တစ်ခုကို ခိုးယူပြီး မင်းခန္ဓာကိုယ်ထဲ ပေါင်းစပ်ပေးခဲ့လို့ အခု မင်းပိုင်ဆိုင်တဲ့ နောက်မှရရှိတဲ့ မူလခန္ဓာကိုယ်ကို ရခဲ့တာ။ သူ ဘာလို့ ဒီလိုအန္တရာယ်လုပ်လဲလို့ ငါတစ်ခါ မေးဖူးတယ်။ သူ ဘာမှမပြောဘူး... သူ ကတိပေးထားတာပါပဲလို့ ပြောတယ်"

လင်းယွဲ့ နားလည်လာသလိုပင်။

"အဘိုးက ကျွန်တော် ကျင့်ကြံပြီးတာနဲ့ ကျွန်တော့်ရဲ့ မူလခန္ဓာကိုယ် ပေါ်လာပြီး ဆယ့်နှစ်

ယောက်မြောက်မင်းသား သိသွားမှာကို ကြောက်ခဲ့တာလား"

သူ ညင်သာစွာ ပြောလိုက်သည်။

"ဟုတ်တယ်"

တာအိုကျောင်းသား တူက သက်ပြင်းချလိုက်ပြီး "မင်းသာ မင်းသားတစ်ပါး မဟုတ်ရင်တောင် မင်းရဲ့ နောက်မှရရှိတဲ့ မူလခန္ဓာကိုယ်နဲ့ဆိုရင် မင်းရဲ့အောင်မြင်မှုတွေဟာ ငါနဲ့နီးစပ်မှာပဲ။ ဆယ့်နှစ်ယောက်မြောက်မင်းသားနဲ့ ရင်ဆိုင်ရဖို့ကလည်း ကံကြမ္မာရဲ့ ဖန်တီးမှုပဲ" ဟု ပြောလိုက်သည်။

လင်းယွဲ့ တိတ်ဆိတ်စွာပင် ရှိနေခဲ့သည်။ ထိုအချက်ကြောင့် သူ့ကို ကျင့်ကြံခြင်းမှ တားဆီးခဲ့ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။

"ဒါပေမဲ့ အခုတော့ ငါ စိတ်အေးရပြီ" ဟု တာအိုကျောင်းသား တူက လင်းယွဲ့၏ ခေါင်းကို စိတ်ချလက်ချ ညင်သာစွာ ပွတ်သပ်ရင်း နူးညံ့စွာ ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်တွေက ငါ မင်းအမေရဲ့ ကိစ္စတွေကို စုံစမ်းဖို့အတွက် ဂိုဏ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ ဆယ့်နှစ်ယောက်မြောက်မင်းသားက ငါ့ကို အဆိပ်ခတ်ခဲ့တာ။ အခု မင်း မင်းသားတစ်ပါး ဖြစ်လာပြီ။ ပြီးတော့ မင်းရဲ့ဉာဏ်ရည်ကလည်း ထူးခြားတဲ့အတွက် နောင်မှာ မင်းအမေရဲ့ အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မယ်" ဟု သူက ဆက်လက်ပြောကြားသည်။

"ကျွန်တော် အဘိုးအတွက် သေချာပေါက် ဖော်ထုတ်ပေးပါ့မယ်" ဟု လင်းယွဲ့ ဖြည်းဖြည်းချင်း ခေါင်းညိတ်ရင်း ကတိပြုလိုက်သည်။

"မလောနဲ့" ဟု တာအိုကျောင်းသား တူက နူးညံ့စွာ ပြောကြားခဲ့သည်။

"အမှန်တရားက အဲဒီမှာ ရှိတယ်။ မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ သတိထားပြီး နေထိုင်၊ မင်းရဲ့ သိုင်းပညာစွမ်းရည်က အရမ်းမြင့်မားတာကို ငါ မြင်တယ်။ ဘိုးဘေးခန်းမထဲကို ဝင်ရောက်ဖို့ ကြိုးစားကြည့်။ အတွင်းခန်းမကို ရောက်ရင် နောက်ထပ် ကာကွယ်မှုတစ်ထပ် ရပြီ။ မင်းသာ မြင့်မြတ်တဲ့ အမွေခံဖြစ်လာခဲ့ရင် မင်းသားအများစုက မင်းကို ပွင့်ပွင့်လင်းလင်း ပစ်မှတ်ထားနိုင်တော့မှာ မဟုတ်ဘူး"

"ယွဲ့အာ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်" ဟု လင်းယွဲ့ ခေါင်းညိတ်ကာ ပြန်လည်ဖြေကြားသည်။

"လိမ်မာတဲ့ကလေး" ဟု တာအိုကျောင်းသား တူက သူ့ပခုံးကို ကြင်နာစွာ ပုတ်ရင်း "မင်းအမေ မဆုံးခင်က စာတစ်စောင် ချန်ထားခဲ့တယ်။ ငါ ဒီဟုန်မြိုကို ပြန်လာဖို့ အခွင့်အရေးရရင် ဆယ့်လေးယောက်မြောက်မင်းသားအပြင် ဒုတိယမင်းသားကို အပြည့်အဝ ယုံကြည်လို့ရတယ်လို့ ပြောခဲ့တယ်။ တချို့တားမြစ်ချက်တွေကို မထိသရွေ့ အိမ်ရှေ့စံမင်းသားကို စိတ်ပူစရာ မလိုဘူး။ ဒါ မှန်လားမမှန်လား ငါမသိဘူး။ ဒါပေမဲ့ စဉ်းစားကြည့်ပါ" ဟု ပြောကြားခဲ့သည်။ လင်းယွဲ့ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"မင်းအမေ ဘာလို့ ချင်တုကို အတိအကျ သွားခဲ့လဲဆိုတာ ငါ မသိပေမဲ့ သူက ဂူနန်းတော်တစ်ခု ရှာဖို့သွားတာ။ ပထမမျိုးဆက် သွေးနတ်ဆိုးဘိုးဘေး ချန်ထားခဲ့တဲ့ ရတနာကို ရှာဖို့လို့ ပြောတာ ကြားဖူးတယ်" ဟု တာအိုကျောင်းသား တူက တုံ့ဆိုင်းပြီးမှ ပြောကြားခဲ့သည်။

"နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူဖြစ်ပေမဲ့ သွေးနတ်ဆိုးဘိုးဘေးက တကယ်ပဲ ကြီးမားတဲ့ စွမ်းအားရှိတဲ့ သတ္တဝါတစ်ပါးပါ။ မင်း ချင်တုကို ပြန်သွားဖို့ အခွင့်အရေးရရင် ရှာကြည့်လို့ရတယ်"

လင်းယွဲ့ ခဏတာ တိတ်ဆိတ်သွားပြီးနောက် "အဘိုး ကျွန်တော် အဲဒီဂူနန်းတော်ကို ရှာတွေ့ခဲ့ပြီးပြီ။ အဲဒါကြောင့်ပဲ ကျွန်တော့်မှာ မင်းသားမျိုးရိုးသွေးရှိတာ" ဟု ပြောလိုက်သည်။

တာအိုကျောင်းသား တူ မှင်တက်သွားပြီးမှ ပြုံးလိုက်သည်။

"ယွဲ့အာက တကယ်ကို ထူးချွန်တာပဲ ထင်တယ်" ဟု ချီးကျူးလိုက်လေသည်။

အဘိုးအိုတု တူက ခေါင်းခါရင်း "ဒါပဲ ငါပြောစရာရှိတယ်။ တခြားမေးခွန်းတွေရှိရင် မြန်မြန်မေးပါ။ အဘိုး ဒီထက်ပိုပြီး မခံနိုင်တော့ဘူး" ဟု ပြောလိုက်သည်။

လင်းယွဲ့ ခဏတာ စဉ်းစားပြီး "ကျွန်တော့်အဖေ ဘယ်သူလဲဆိုတာ ခုထိ မသိရသေးဘူး" ဟု မေးမြန်းခဲ့သည်။

"အဘိုးလည်း မသိဘူး" ဟု တာအိုကျောင်းသား တူက ညင်သာစွာ ခေါင်းခါရင်း ဖြေကြားခဲ့သည်။

"မင်းအမေကို ငါ မေးတော့ ရှားဟုန်မျိုးနွယ်စုသွေးက အရမ်းပါးလွှာပြီး နိုးထဖို့ ခက်တယ်လို့ပဲ ပြောတယ်။ သူ မဟာယုံကို ပြန်လာတဲ့အချိန်နဲ့ သူဆက်သွယ်ခဲ့တဲ့လူတွေကို ငါ တွက်ချက်

ကြည့်တာ ရှားဟုန်မျိုးနွယ်စုက ဘယ်သူမှ ကိုက်ညီမှုမရှိဘူး။ မင်း စုံစမ်းကြည့်လို့ရတယ်။ ဆယ့်နှစ်ယောက်မြောက်မင်းသားရဲ့ မျိုးရိုးထဲမှာ သဲလွန်စတွေ ရှိချင်ရှိလိမ့်မယ်" ဟု ထပ်လောင်း ပြောကြားခဲ့သည်။

"ကောင်းပါပြီ"

လင်းယွဲ့ ညင်သာစွာ ခေါင်းညိတ်ပြီးမှ "အဘိုး နောက်ဆုံးဆန္ဒ ဘာများရှိပါသေးလဲ" ဟု မေးလိုက်သည်။

တာအိုကျောင်းသား တူက အပြုံးတစ်ခု ပြုံးလိုက်ပြီး သူ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်း "အဘိုးက ငြိမ်းချမ်းတဲ့ သာမန်ဘဝကိုပဲ ကြိုက်တယ်။ မင်းလည်း အရင်က အဲဒီလိုပဲ တွေးခဲ့တယ်ဆိုတာ ငါသိတယ်။ နှမြောစရာပဲ... အဘိုးက မင်းကို ဒီလိုဘဝမျိုး မပေးနိုင်ခဲ့ဘူး။ မင်း ဘေးကင်းပါစေလို့ပဲ မျှော်လင့်ပါတယ်" ဟု နူးညံ့စွာ ပြောကြားခဲ့သည်။

လင်းယွဲ့ရဲ့ မျက်လုံးတွေ နီရဲလာပြီး လည်ချောင်းထဲမှာ နာကျင်လာတာကို ခံစားလိုက်ရသည်။

“အဘိုးက ကျွန်တော့်ကို တစ်ခါမက နှစ်ခါမက ကယ်ခဲ့တယ်။ ရာစုနှစ်တွေအတွင်း ရှန်ရှောင်

ဂိုဏ်းရဲ့ ပထမဆုံးပါရမီရှင်ပဲ။ ဘယ်လိုလုပ် မစွမ်းဆောင်နိုင်ရမှာလဲ"

သူ ခေါင်းခါလိုက်သည်။

"ဟားဟား..."

တာအိုကျောင်းသား တူက ရယ်မောလိုက်ပြီး ပျံသန်းနေသောလှေ၏ အစွန်းကို အားနည်းစွာ မှီထားရင်း ကျယ်ပြောလှသည့် ဆည်းဆာဘက်ကို မျက်နှာမူလိုက်သည်။

"အရင်တုန်းက ငါက ကံကြမ္မာကို ယုံကြည်ခဲ့တယ်။ ကျင့်ကြံပြီးနောက်မှာတောင် ငါချစ်တဲ့သူတွေကို မကယ်တင်နိုင်ခဲ့ဘူး။ ဘာမှပြောင်းလဲမပေးနိုင်တဲ့ သာမန်လူတစ်ယောက်လိုပဲ အမြဲခံစားခဲ့ရတယ်။ အခုတော့ ကျင့်ကြံသူတစ်ယောက်ရဲ့ အနှစ်သာရ အနည်းငယ်ကို နောက်ဆုံးတော့ ပိုင်ဆိုင်သွားပြီ ထင်ပါတယ်..."

သူ တီးတိုးရေရွတ်ရင်း နေဝင်ဆည်းဆာရောင်အောက်မှာ နစ်မြောနေသည်။ ခဏတာတော့ ကွယ်လွန်သွားသည့် မိတ်ဆွေများ၏ မျက်နှာများကို မြင်နေရသလိုပင်။ သူ့နှုတ်ခမ်းမှာ မှေးမှိန်သည့် အပြုံးလေးဖြင့် မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်သည်။

"အဘိုး..."

လင်းယွဲ့ ပါးစပ်ဖွင့်လိုက်ပြီး တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားချင်သည့်အလား လက်လှမ်းလိုက်သော်လည်း သူ၏လက်က လေထဲမှာပင် ရပ်တန့်သွားပြီး မည်သည့်အရာကိုမျှ ဖမ်းဆုပ်မထားနိုင်ခဲ့ပေ။ သူသည် အဘိုးအို၏ ငြိမ်းချမ်းစွာ မျက်လုံးမှိတ်ထားသည့် အပြုံးကို တွေတွေလေး ကြည့်နေခဲ့သည်။ နက်ရှိုင်းသည့် အိပ်စက်ခြင်းထဲ၌ ရှိနေသလိုမျိုးပင်။

ဆူဇီချူးက သူ့ကို လက်ထပ်မည်ဟု ပြောပြီး ပြုံးရင်း ကွယ်လွန်သွားခဲ့သလိုမျိုးပင်။

ခဏအကြာတွင် လင်းယွဲ့သည် တာအိုကျောင်းသား တူအား တိတ်ဆိတ်စွာ သုံးကြိမ်ဦးညွတ

လိုက်သည်။ ထို့နောက် ခေါင်းမော့လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"အဘိုး နောက်ဆုံးတော့... ကျွန်တော်က ကျွန်တော်ချစ်တဲ့သူတွေကို မကယ်တင်နိုင်တဲ့ သာမန်လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်..."

သူ စကားမဆုံးမီ ဖြည်းဖြည်းချင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဓားကို မှီရင်း ယိုင်တိုင်တိုင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး တာအိုကျောင်းသား တူ၏ ရုပ်အလောင်းကို သိမ်းဆည်းရန် ရွေ့သွားသည်။ ထို့နောက် အသံလုံသည့် အတားအဆီးကို ဖယ်ရှားရန် လက်ဝှေ့ယမ်းလိုက်ပြီး ပျံသန်းနေသောလှေပေါ်ရှိ လူတိုင်းကို လှည့်ကြည့်လိုက်သည်။

ဘိုင်လီဖုန်းကျီ၊ ယွီရှီချီနှင့် တန်တျန်ဂိုဏ်းမှ အဖွဲ့ဝင်များအားလုံး သူ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ ဘိုင်လီဖုန်းကျီနှင့် ယွီရှီချီတို့၏ မျက်နှာများတွင် စိုးရိမ်သည့် အမူအရာများ ထင်ရှားနေသည်။ သူတို့၏ အကြည့်များကို ရင်ဆိုင်ရင်း လင်းယွဲ့က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကဲ ဆက်ထွက်ကြစို့။ ကျွန်တော် ဒီဟုန်မြို့ကို သွားမယ်"

All Chapters