← Chapters

အခန်း (၁၀၃)

Vol. 9 Ch. 103

အခန်း (၁၀၃)

Vol. 9 Ch. 103

ရန်ချန်ယွီသည် တတိယမိသားစုနှင့် မိတ်ဖွဲ့ရန်စိတ်ကူးကို ပယ်ချခဲ့ပြီး ထမင်းစားခန်းဆီ ပြန်သွားရန် လှည့်ပြန်သွားခဲ့သည်။

ရန်ဟုန်ရင်သည် မီးဖိုချောင်ထဲတွင် ဟင်းသီးဟင်းရွက်များအား လှီးဖြတ်နေပြီး ချက်ပြုတ်နေသည်။

အပြင်မှာ လှုပ်ရှားမှုတွေရှိနေချိန် ရန်ဟုန်ရင်ကတော့ မီးဖိုချောင်မှာ ထမင်းအိုးကိုမွှေပြီး တစ်ယောက်တည်း ချက်ပြုနေ​ခဲ့သည်။

လက်ရှိမှာတော့ သူမရဲ့အပြုအမူတွေက အရမ်းကောင်းမွန်နေသည်။

သူမကြောင့် ပထမမိသားစုကို ရန်ဟုန်ဝမ်က ယွမ်၁၀၀ ကျော်ဖြင့် လှည့်စားသွားခဲ့ပြီး အလုပ်တစ်ခုနဲ့ သူမရဲ့အိမ်ထောင်ဖက်တွေ့တာကလည်း ပျက်သွားခဲ့သည်။

ရန်ဟုန်ရင်လည်း မကြာသေးမီက အိမ်တွင် ရန်ချန်ယွီရဲ့ အလွန်သံသယဝင်တာကိုခံခဲ့ရသည်။ ရန်ချန်ယွီသည် မကြာသေးခင်က အရမ်းဒေါသထွက်ခဲ့သည်။ သူမက သူ့သမီးကိုတွေ့တိုင်း အမြဲဆူဆဲခဲ့သည်။

ဒါပေမယ့် ဒီနေ့မှာတော့ ရန်ချန်ယွီ၏ စိတ်အခြေအနေမှာ ကောင်းမွန်နေပြီး ဒုတိယမိသားစု ကြုံတွေ့ခဲ့ရပုံနှင့် သူမမှာ အလွန်ကြီးမားသောဆက်ဆံရေးရှိသည်။

အပျော်တွေကိုကြည့်ပြီးနောက် မီးဖိုချောင်ကို ပြန်လာခဲ့တဲ့ ရန်ချန်ယွီကို ရန်ဟုန်ရင်က သူမ စိတ်အခြေအနေကောင်းမွန်နေပြီး ဒီရက်ပိုင်းထဲမှာ ရှားပါးနေခဲ့တဲ့အပြုံးကို တွေ့မြင်ခဲ့ရသည်။

"ဟင်းချက်နေတာပေါ့ လိမ္မာလိုက်တဲ့သမီး"

ရန်ချန်ယွီက ရန်ဟုန်ရင်ဘေးလျှောက်သွားကာ သူမ၏ခါးစည်းကိုဝတ်ပြီး ချက်ချင်းချက်ပြုတ်ရန် ပြင်ဆင်ခဲ့သည်။

"အခု ဒုတိယရဲ့မိသားစုကို ကြည့်လာခဲ့တာမဟုတ်လား"

ရန်ချန်ယွီနှင့် ရန်ဟုန်ရင်တို့က ပေါ့ပေါ့ပါးပါး စကားစမြည်ပြောခဲ့ကြသည်။ " ဒုတိယမိသားစု ဒ်ီနှစ်မှာ ကံဆိုးခဲ့တယ်လို့ ယူဆလို့ရတယ်။ အရင်နှစ်တွေက သူတို့ ဂုဏ်ယူခဲ့ကြတဲ့ သားက ဆိုးရွားတဲ့လမ်းကြောင်းပေါ်မှာရှိပြီး ငါတို့ ဆုံးရှုံးနစ်နာမှုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ငါတို့နောက်တစ်ခါကျရင်တော့ ထက်မြက်အောင် သင်ယူရမယ်။ ရန်ဟုန်ဝမ်ဆိုတဲ့ အဲဒီလူ စွန့်ပစ်ခံလိုက်ရပြီ။ သူ အိမ်ပြန်လာရဲရင်တော့ ငါတို့ သူ့ကို ပိုက်ဆံပြန်ပေးခိုင်းမယ်။ ဒီအကြွေးက သူတို့ရဲ့ ဒုတိယမိသားစုဟာ။ ပြီးတော့ ငါတို့ရဲ့ ပထမမိသားစုကို သူတို့ ထာဝရ အကြွေးတင်နေမှာ"

"ဟုတ်တယ် " ရန်ဟုန်ရင်က ခေါင်းညိတ်ပြပြီး ရန်ချန်ယွီ၏ စကားကို ဖြေခဲ့သည်။

ဒီအချိန်မှာ ရန်ချန်ယွီက ထပ်ပြောလိုက်သည်။ "နင့်ရဲ့ အိမ်ထောင်ဖက်တွေ့တာက ပျက်သွားပြီ။ ဒါပေမယ့် အဆင်ပြေပါတယ်။ အောင်သွယ်ကို မြို့မှာအလုပ်လုပ်နေသေးတဲ့လူတစ်ယောက်ကို နင့်အတွက် နောက်တစ်ယောက် ရှာခိုင်းထားတယ်"

" ဘယ်သူလဲ "

ရန်ဟုန်ရင်သည် မမျှော်လင့်ဘဲ ရန်ချန်ယွီကို တစ်ချက်ကြည့်လိုက်ပြီး ထိုကိစ္စအတွက် အရမ်းစိတ်မကောင်းမဖြစ်မိပေ။

"သူ့နာမည်ကို ငါတကယ်မသိဘူး၊ သူက အန်းမြို့ မှာရှိတဲ့ စာကြည့်တိုက်တစ်ခုမှာ အလုပ်လုပ်နေတာလို့တော့ ကြားထားတယ်။ ဒါကြောင့် သူက စာကြည့်တိုက်မှူးပဲ၊ ဒါပေမယ့် အနည်းဆုံးတော့ သူက ပုံမှန်ဝန်ထမ်းတစ်ယောက်ပဲလေ"

ရန်ဟုန်ရင် လက်အောက်ရှိ ဟင်းသီးဟင်းရွက်လှီးတဲ့လုပ်ငန်းကို ရန်ချန်ယွီက လက်လွှဲယူလိုက်ပြီး ဟင်းသီးဟင်းရွက်လှီးနေစဉ် ပြောလိုက်သည်။ "မြို့တော်ကအလုပ်နဲ့ မြို့ကအလုပ်က ကွာခြားမှုတစ်ခုရှိနိုင်တယ်။ ဒီတစ်ယောက်ကို နင် လက်ထပ်နိုင်ရင် သူတို့မိသားစုက နင့်ကို ယာယီအလုပ်သမားအဖြစ် မြို့ထဲမှာ တိုက်ရိုက်အလုပ်လုပ်စေနိုင်မှာပဲ။ ယာယီအလုပ်ဆိုပေမယ့် တတိယမိသားစုက သူတို့နှစ်ယောက်ထက်တောင် ပိုကောင်းပါတယ်"

ရန်ဟုန်ရင်က ​​ရန်ဟုန်ဝမ်ရဲ့ မြို့က အလုပ်တစ်ခုအတွက်ကြောင့် လှည့်စားခံခဲ့ရပေမယ့်တောင်မှ သူမကို အလုပ်ခန့်အပ်ဖို့ အခွင့်အရေးရှိနေသေးကြောင်း သူမ ကြားသိရချိန်မှာတော့ သူမရဲ့ နှလုံးသားက လှုပ်ရှားနေဆဲပင်...

ရန်ဟုန်ရင် မကူညီနိုင်ဘဲ ခံစားချက်က အနည်းငယ် ပိုကောင်းလာသည်။ ဒီနေ့ သူမ၏ ပါးစပ်ထောင့်များသည် ရှားရှားပါးပါး အပြုံးတစ်ခုကိုလည်း ယူဆောင်လာခဲ့သည်။ "အမေ၊ အဲဒီလူက ဘယ်လိုမျိုးလဲ"

ရန်ချန်ယွီက သူမကို ပြန်ကြည့်ရင်းပြောလိုက်သည်။ "အောင်သွယ်တော်ကတော့ သူက တော်တော်လေးကြည့်ကောင်းတယ်လို့ ပြောတယ်။ တကယ်တော့ သူက ကြမ်းကြမ်းတမ်းတမ်း လုပ်ရတဲ့ စက်ရုံမှာ အလုပ်မလုပ်ရပေမယ့် စာကြည့်တိုက်မှူးလို စာပေအလုပ်ပဲ၊ သူက တော်တော်ယဉ်ကျေးပုံရတယ်။ ဒါပေမယ့်..."

ရန်ဟုန်ရင်၏ နှလုံးသားထဲတွင် အိမ်ထောင်ဖက်တွေ့ခြင်းနှင့်အတူ သူမသည် သူ့အပေါ် ပိုမိုကောင်းမွန်သော သဘောထားရှိခဲ့သော်လည်း သူမမှာလည်း မျှော်လင့်ချက်များစွာရှိခဲ့သည်။

"ဒါပေမယ့် ဘာဖြစ်လဲ"

ရန်ချန်ယွီ ဆက်ပြောလိုက်သည်။ "ဒါပေမယ့် သူက တစ်ခါ လက်ထပ်ထားပြီးပြီး သူ့မိန်းမက ကလေးမီးဖွားပြီး သေဆုံးသွားတယ်လို့ ကြားတယ်။ သူ့အသက်က နည်းနည်းလေးတော့ကြီးတယ်။ အသက်က ၃၀"

"အာ......ဒီလိုအခြေအနေကြီးက...."

ရန်ဟုန်ရင်၏ မျှော်လင့်ချက် နှလုံးသားလေးက ချက်ချင်းပျောက်ကွယ်သွားသည် - "မိန်းမဆုံးသွားတဲ့ ယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လို့ရမှာလား။ ဒါက ဒုတိယအိမ်ထောင်လေ။ ရှက်စရာကြီး..."

"နင်စဉ်းစားကြည့်သင့်တယ်။ ဒီယောက်ျားမှာ အလုပ်အကိုင်နဲ့ တရားဝင်အလုပ်တွေ ထူထောင်နိုင်တဲ့ အခြေအနေကောင်းတွေ ရှိပြီး သူတို့အလုပ်က ယဉ်ကျေးသိမ်မွေ့တယ်။ သူ့မိန်းမ မသေရင် ငါတို့မိသားစုဆီ ရောက်လာမှာ မဟုတ်ဘူး။ မြို့တော်မှာ သူ့ကို လက်ထပ်ချင်တဲ့ မိန်းကလေးတွေ အများကြီးရှိတယ်၊ မြို့တော်မှာတောင် မပြောနဲ့၊ မြို့ကလူတွေက လက်မထပ်ရသေးတဲ့ မိန်းကလေးတွေ အများကြီးရှိကို သူ့ကိုမိတ်ဆက်ပေးကြတာ ငါတို့ရွာမှာကောပဲ" ရန်ချန်ယွီက လက်တွေ့ကျတဲ့ အကြောင်းပြချက် အစုံအလင်ကို ပြောခဲ့သည်။

ရန်ဟုန်ရင်သည် ဤအကြောင်းပြချက်များ၊ ဤစကားများကို မကြားချင်သော်လည်း နည်းလမ်းမရှိပေ။

သူတို့မိသားစုအခြေအနေက ဒီလိုမျိုးပဲ။

ရွာမှာကြည့်မယ်ဆိုရင် သူတို့ရဲ့ တံခါးခုံက ကျိုးသွားနိုင်ပြီး သူ့မှာ ရွေးချယ်စရာ နေရာတွေ အများကြီးရှိမည်။

ဒါပေမယ့် သူမသည် ရွာကလူကို လက်မထပ်ချင်ပေ။ မြို့ကလူကိုပဲ လက်ထပ်ချင်သည်၊ မြို့တွင် လက်ထပ်ချင်သည်၊ သူ့ကိုယ်သူ သာလွန်သွားပြီဟု ခေါ်ကာ ကျေးလက်မှ ပျံသန်းလာသော ဖီးနစ်တစ်ကောင် ဖြစ်လာမည်။

ထို့ကြောင့် ရန်ဟုန်ရင်၏ နှလုံးသားသည် ဒေါသဖြစ်နေသော်လည်း သူမ တိတ်တိတ်ဆိတ်ဆိတ် မနေနိုင်တော့ပေ။

ရန်ချန်ယွီက သူမရဲ့အမူအရာကိုမြင်တဲ့အခါ သူမလည်းတိုက်ရိုက်ပြောလိုက်သည်။ "ဒါက ငါတို့မိသားစုရဲ့အခြေအနေပဲလေ။ နင် ထိပ်ဆုံးကလူနဲ့ လက်ထပ်ချင်ရင် ဇဝေဇဝါဖြစ်မနေနဲ့။ နင် ထိပ်ဆုံးကလူကို လက်မထပ်ချင်ဘူးဆိုရင် ငါတို့မိသားစုနဲ့ သိပ်မခြားနားတဲ့ ရွာနီးချုပ်စပ်က တစ်ယောက်ယောက်ကို ရှာခိုင်းလိုက်မယ်။ နင်ကိုယ်တိုင် ရှာလို့လည်းရတယ်!"

"ဒါဆို သမီး အဲဒီလူကို အရင်တွေ့ကြည့်မယ်..." ရန်ဟုန်ရင် သူ့ကိုယ်သူ စိတ်လျှော့လိုက်ရုံပဲ။

သေသွားတဲ့မိန်းမက သေသွားပြီပဲ ....

ဘာပဲဖြစ်ဖြစ် ဇနီးသည်က မီးဖွားရင်းနဲ့ ဆုံးသွားသည်။ သူမသေဆုံးရတဲ့အကြောင်းရင်းက တခြားအကြောင်းတွေလိုပဲ မဟုတ်ပါဘူး။

ယောက်ျားက ကဏ္ဍပေါင်းစုံမှာ တကယ်တော်တယ်ဆိုရင်တော့ စွန့်စားရမှာပဲလေ။

မြို့တော်မှာ အိမ်ထောင်ပြုဖို့၊ မြို့တော်မှာ နေထိုင်ဖို့၊ မြို့တော်မှာ အလုပ်ရနိုင်ရမယ်။

သူမ၏ အနာဂတ်ဘဝက ရန်လျန်ဟွာနှင့် အလွန်ကွာခြားလိမ့်မည်။

သူမသည် ရန်လျန်ဟွာကို သူမ၏ခြေရင်းအောက်တွင် နင်းနိုင်ပြီး ရန်လျန်ဟွာ၏ ရှေ့တွင် နေ့တိုင်းပြသနိုင်ပြီး သူမကို ဒေါသထွက်အောင်လုပ်နိုင်သည်။

ထို့အပြင် ရန်ယန်နှင့် လင်းရှောင်ယွဲ့ တို့သည် မြို့တွင် ယာယီအလုပ်သမားများသာဖြစ်သောကြောင့် သူမနှင့်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ မြို့တော်မှာ အလုပ်လုပ်နေတဲ့ သူမနဲ့ ဘယ်သူမှ ယှဉ်လို့မရဘူး။

အချိန်တန်လာသောအခါ ရန်ယန်နှင့် လင်းရှောင်ယွဲ့တို့ရှေ့မှာ ပြသနိုင်သည်။ ဒါမှ ရန်ယန်နဲ့လင်းရှောင်ယွဲ့တို့ မာနကြီးနေတာတွေလျော့ကျသွားမှာ။ အလှည့်ကျ သူမကို မြှောက်ပင့်ပေးတာ ပိုကောင်းပါတယ်။

ဒါကို သူမတွေးပြီးသည်နှင့် ရန်ဟုန်ရင်သည်လည်း အိမ်ထောင်ဖက်တွေ့မည့်လူကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့သည်။

သူမရဲ့ အိမ်ထောင်ဖက်တွေ့မည့်နေ့ကို ထပ်မံစီစဉ်ခဲ့သည်။

"စိတ်အနှောင့်အယှက်ဖြစ်စရာ အရှိဆုံးအရာက ငါတို့မိသားစုရဲ့ပိုက်ဆံတွေကို အဲဒီကောင်စုတ် ရန်ဟုန်ဝမ် လှည့်စားသွားတာပဲ"

ရန်ချန်ယွီ ကျိန်ဆဲလိုက်သည်။ "နင် လက်ထပ်ဖို့ ဆုံးဖြတ်ရင် အဖွားရန်ဆီမှာ ငါ ပိုက်ဆံတောင်းမယ်။ ဒီ အဖွားကြီးဆီရဲ့လက်ထဲမှာ ပိုက်ဆံအများကြီးကျန်သေးတယ်။ နင့်ရဲ့ခန်းဝင်ပစ္စည်းအတွက် သူတို့လည်း ပေးရမယ်။ မဟုတ်ရင် ငါ သူ့ကိုသတ်ပစ်မယ်!"

ရန်ဟုန်ရင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဒုတိယမိသားစုမှာ ရှိတာက သမီးတို့မိသားစုမှာလည်း ရှိရမယ်!"

သားအမိ နှစ်ယောက်သား မီးဖိုချောင်ထဲမှာ တွက်ချက်မှုအချို့ကို ပြောနေကြသည်။

ဒုတိယမိသားစုက ယနေ့တွင် ပြိုလဲသွားခဲ့သည်။ ပထမမိသားစုသည် ငွေအလိမ်ခံရခြင်း၏ အရိပ်မှ လုံးလုံးလျားလျား ထွက်ခွာသွားခဲ့သည်။ သူတို့ စိတ်အခြေအနေ ကောင်းနေကြသည်။

......

နေ့လည်စာစားပြီးနောက် လင်းရှောင်ယွဲ့သည် ရန်ယန် နှင့် တစ်ရေးတစ်မောအိပ်ရန် ဘေးခန်းငယ်လေးဆီ ပြန်သွားခဲ့သည်။

သူမသည် ရန်ယန်၏ ရင်ခွင်ထဲ လှဲနေခဲ့သည်။ သူမ၏လက်လေးတွေက ရန်ယန်၏ခါးကို ပွေ့ဖက်ထားကာ ရန်ယန်၏ ခန္ဓာကိုယ်အနံ့ကို ရှူရှိုက်နေသည်။ ကျေနပ်အားရမှု က သူမရဲ့မျက်နှာလေးမှာ ရေးထားသည်။

ငါးဆားနယ်တစ်ကောင်ရဲ့ နေ့တစ်နေ့ပဲ...

သူမ ငွေရှာရန် စိတ်အားထက်သန်နေသော်လည်း သူမသည် မနေ့ညက သူမ၏ စာကြည့်ခန်းတွင် ကုန်ပစ္စည်းများကိုသာ မှာယူခဲ့သည်။ ပစ္စည်းတွေ မြန်မြန်ရောက်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် သူမ အရမ်းစိတ်မပူမိဘူး။

"ဟေ့...ဒီနေ့ အကြွေးကောက်ဖို့ လာခဲ့တဲ့လူကို ရှင် သိလား။ ရှင်တို့နှစ်ယောက် ဆက်ဆံရေးကောင်းကြလား"

စိတ်ကောင်းနေသေးသော လင်းရှောင်ယွဲ့သည် ယနေ့အကြွေးများစုဆောင်းရန် ရောက်လာသော သက်လတ်ပိုင်းလူကြီးကို ရုတ်တရက် သတိရသွားသည်။ ရန်ယန်ကို မေးရန် ခေါင်းကို မော့လိုက်သည်။

မျက်လုံးမှိတ်ပြီး အိပ်ပျော်ခါနီးဖြစ်နေတဲ့ ရန်ယန်သည် လင်းရှောင်ယွဲ့၏ စကားကိုကြားသောအခါ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ "ကိုယ်တို့သိကြတယ်။ ကိုယ်တို့ ဆက်ဆံရေးက အဆင်ပြေတယ်"

"ကောင်းပြီ။ ရှင်ရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"

လင်းရှောင်ယွဲ့ ဆက်မေးလိုက်သည်။ "ဒီနေ့ အဲဒီလူက တော်တော်ကို အားကောင်းပုံရပြီး သူ့ရဲ့ ဩဇာကလည်း တော်တော်အားပြင်းတယ်။ သူက ရိုက်ချက်အကြီးကြီးဖြစ်သင့်တယ် မဟုတ်လား"

ရန်ယန် တွေးလိုက်မိသည်။ “မင်းပြောတဲ့အတိုင်းအရဆိုရင် ပိုက်ဆံရှိတာ ရိုက်ချက်အကြီးကြီးလို့ စဥ်းစားလို့ရတာပေါ့။ ဒါဆိုသူက အဲ့လိုပဲဖြစ်မယ် ဟုတ်တယ်မလား"

လင်းရှောင်ယွဲ့ မထိန်းနိုင်ဘဲ အော်လိုက်သည်။ "အား၊ သူက တကယ်ကို ရိုက်ချက်အကြီးကြီးပဲ!"

ရန်ယန် - "......"

ဒါပေမယ့် ဒီလူ ဝမ်လောင်ဝူက ရိုက်ချက်ကြီးလို့ သူတကယ်မထင်ထားခဲ့ဘူး။

(TN: ဝမ်လောင်ဝူက ဝမ် မိသားစု၏ ပဉ္စမမြောက်သားဖြစ်သည်။)

ထားလိုက်ပါတော့...

သူသည် ထိုကဲ့သို့သော ကိုယ်ခွဲမဟုတ်သည့်အပြင် ထိုလူ ဝမ်လောင်ဝူကို အကဲဖြတ်ရန် အရည်အချင်းမပြည့်မီသူဖြစ်သည်။

မြေအောက်ကမ္ဘာ၏ ပဉ္စမမြောက်သခင် ဝမ်လောင်ဝူ သည် သန်မာသောကိုယ်ခွဲ့နဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပြီး သူနဲ့က ဘာမှမဆိုင်ပေ။

လင်းရှောင်ယွဲ့က မေးခွန်းတစ်ခုနောက်လိုက်ခဲ့သည် - "ဒီလူကြီးရဲ့ အခြေခံ အခြေအနေ အတိအကျကို ရှင် မပြောသေးဘူး!"

ရန်ယန် မေးလိုက်သည်။ "မင်းသိချင်လို့လား"

လင်းရှောင်ယွဲ့က သူ့ရဲ့ မေးရိုးကို မော့ကြည့်လိုက်သည်။ "ကျွန်မမေးနေတာက သိချင်လို့ဘဲ။ ရှင် ကျွန်မကို ဖြေဖို့ အစပျိုးသင့်တယ်။ ရှင် ကျွန်မမေးလာမှာကို မစောင့်သင့်ဘူး!"

"အိုး"

ရန်ယန်က ခေါင်းငုံ့လိုက်ပြီး နက်မှောင်သော မျက်လုံးများဖြင့် လင်းရှောင်ယွဲ့၏ ဝိုင်းစက်နေသော မျက်လုံးများနဲ့ ဆုံမိသွားသည်။ သူက ဖြည်းညှင်းစွာ ဂရုတစိုက်နဲ့ ရှင်းပြခဲ့သည်။ " အဲဒီလူကို မြို့လယ်ခေါင်မှာ မြေအောက်လောင်းကစားရုံဖွင့်ထားတဲ့ မြို့တော်က မြွေတစ်ကောင် ဝမ်လောင်ဝူ လို့ခေါ်တယ်။ မြေအောက်ကလူတွေကတော့ သူ့ကို "ပဉ္စမမြောက် သခင်" လို့ခေါ်ကြတယ်"

"ဝမ်လောင်ဝူ။ သူ့နာမည်အရင်းက ဝမ်လောင်ဝူ လို့ ရှင်ပြောချင်တာလား"

လင်းရှောင်ယွဲ့ အနည်းငယ် ရယ်မောလိုက်သည်။ 'ဒီနာမည်က နည်းနည်းတော့ စိတ်ကူးပေါက်ရာပေးထားသလိုပဲ...'

ရန်ယန်က သူမရဲ့အမူအရာကို နားမလည်ပေ။ "ပြဿနာရှိလို့လား"

လင်းရှောင်ယွဲ့ ခေါင်းခါလိုက်သည်။ "မရှိပါဘူး၊ ဆက်ပြော..."

ရန်ယန်က ဖြေးညင်းစွာနဲ့ နည်းစနစ်ကျကျရှင်းပြခဲ့သည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုယ် ညဘက်အပြင်ထွက်ပြီး ကျိုးကျန့်ဝေနဲ့ အရောင်းအဝယ်လုပ်ခဲ့တယ်။ ကင်းလှည့်သင်္ဘောကို ရှောင်ဖို့ ပင်လယ်ထဲကို ခုန်ချခဲ့တယ်။ အမှားတစ်ခုကြောင့် ပဉ္စမမြောက်သခင်ကို ကိုယ့် ကယ်တင်ပေးခဲ့မိတာ"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "ဒါဆို ရှင်ကသူ့အသက်ကို ကယ်ပေးခဲ့တာပေါ့"

ရန်ယန် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "သူ ကိုယ့်ကို ကျေးဇူးတင်တာတောင်မပြခဲ့ဘူး။ ပင်လယ်ထဲမှာ ကူးခတ်ပြီး ကင်းလှည့်သင်္ဘော ဖြတ်သွားတော့ ကျိုးကျန့်ဝေနဲ့ သူ့ကို နှိုးပြီး သူ့ဒဏ်ရာတွေကို ကုသပေးခဲ့တယ်။ ညတာရဲ့ ဒုတိယတစ်ပိုင်းလောက်မှာ ကျိုးကျန့်ဝေနဲ့ အရောင်းအဝယ်လုပ်တဲ့အချိန် သူက စောင့်ကြည့်ဖို့ ကိုယ်ဘေးနားက ပင်လယ်ထဲ လိုက်လာခဲ့တယ်။ ကိုယ်တို့ သူ့ကိုအလေးအနက်မထားခဲ့ဘူး။ ပြီးတော့ သူ ကိုယ်တို့ကို ဖော်ထုတ်ခဲ့မယ်ဆိုရင် သူ့ကို ပင်လယ်ထဲတွန်းချပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အဲ့တာက ကိုယ်တို့ပထမဆုံးအကြိမ်တွေ့ဆုံတာပဲ"

တကယ်တော့ ဝမ်လောင်ဝူကို ခြိမ်းခြောက်ခဲ့တဲ့သူတွေက သူတို့နှစ်ယောက် မဟုတ်ပါဘူး၊ ဝမ်လောင်ဝူကို ခြိမ်းခြောက်ခဲ့တဲ့သူက ရန်ယန်တစ်ယောက်ထဲပဲ ဖြစ်သည်။

ကျိုးကျန့်ဝေသည် ဝမ်လောင်ဝူ၏ ဝိသေသလက္ခဏာကို အမှန်တကယ် အသိအမှတ်ပြုခဲ့ပြီး ဝမ်လောင်ဝူ ရှေ့မှာ အသက်ဝဝမရှူရဲပေ။

အရောင်းအ၀ယ်ပြီးသွားသောအခါ ဝမ်လောင်ဝူသည် ရန်ယန်ကို သတိရနေပေမည်။

ထို့နောက် ထိုဆိပ်ကမ်းတွင် တစ်လလုံးလုံး ဝမ်လောင်ဝူက ရန်ယန်ကိုတွေ့ရန် ထိုင်စောင့်နေခဲ့သည်။

ဒါပေမယ့် ထိုအချိန်တွင် ရန်ယန်ကို တွေ့တာကရှားပါးလာသည်....

ထို့ကြောင့် ဝမ်လောင်ဝူသည် ရန်ယန်ကို သုံးကြိမ်တိုင်တိုင် ထိုင်စောင်ခဲ့သည်။

ထိုလတွင် သူသည် ရန်ယန် ကို စုစုပေါင်း လေးကြိမ်တွေ့ဆုံခဲ့ပြီး ၂ကြိမ်မှာ ဝမ်လောင်ဝူသည် ရန်ယန် ကို သူ့ညီဖြစ်အောင် နည်းမျိုးစုံဖြင့် ဆွဲဆောင်ရန် ကြိုးစားခဲ့သည်။ ရန်ယန်ကို ကျော်ကြားလာစေရန်နှင့် ယခု သူလုပ်နေသော အရောင်းအဝယ်မျိုးထက် ငွေပိုရစေမည်ဟု ကတိပြုခဲ့သည်။

ဒါပေမယ့်လည်း ရန်ယန်က သူ့ကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့သည်။

အကြောင်းပြချက်မရှိပါဘူး။ မလုပ်ဘူးလို့ပဲ ပြောချင်တဲ့အတွက် မလုပ်ဘူးလို့ ပြောတာ။

ရန်ယန်သည် အလွန်ပင် စေ့စေ့စပ်စပ်ငြင်းဆိုခဲ့ပြီး ရန်ယန်ကိုတွေ့ရန် စောင့်ဆိုင်းရန် ခက်ခဲသောကြောင့် ဝမ်လောင်ဝူသည်လည်း တစ်လအကြာတွင် အကြံဥာဏ်ကို စွန့်လွှတ်ခဲ့သည်။

ဒါပေမယ့်လည်း ဝမ်လောင်ဝူနှင့် ကျိုးကျန့်ဝေ တို့သည် တစ်လလုံး အတူနေခဲ့ကြသောကြောင့် ခင်မင်မှုကိုကောင်းမွန်စွာ ထူထောင်ခဲ့ကြသည်။

သူတို့သုံးယောက်ကြားက တကယ်ကို နီးနီးကပ်ကပ် ဆက်စပ်မှုရှိသည်။

ညီအကိုတွေ လိုဘဲ၊ လူသုံးယောက်ရဲ့ အကျိုးစီးပွားချင်းကတူတယ်...

ရန်ယန် ဝမ်လောင်ဝူကို မတွေ့ဖြစ်တာကြာပြီ။ အခုက သူ့ကို မထင်မှတ်ဘဲတွေ့ခဲ့တာ။

ရန်ယန် အံ့အားသင့်စေမည့်အရာမှာ ဝမ်လောင်ဝူနှင့်တွေ့သောအခါတွင် သူ့ရဲ့လက်ရှိပုံစံက ကြောက်ရွံ့ခြင်း သို့မဟုတ် ကြောက်လန့်ခြင်း မရှိခြင်းပင်ဖြစ်သည်။

ဝမ်လောင်ဝူနဲ့ ပတ်​သက်​တဲ့ ကိုယ်ခွဲက​တော့ ​တော်​​တော်​လေးကို ​တော်​သည်​.....

သူ့ခေါင်းထဲက အတွေးတွေက အဲဒီကိုယ်ခွဲနဲ့ သိပ်မကွာဘူး။

ရန်ယန်က ဒါကို အခြေအနေကောင်းတစ်ခုလို့ ထင်နေခဲ့သည်။

သူသာ ဒီကိုယ်ခွဲနဲ့ တဖြည်းဖြည်း နီးကပ်လာခဲ့ရင်....

"အိုး...ဒါဆို ရှင်နဲ့ ဝမ်လောင်ဝူကို သူငယ်ချင်းလို့ သတ်မှတ်လို့ရတာလား"

အရာအားလုံးကိုကြားပြီးနောက် လင်းရှောင်ယွဲ့ နိဂုံးချုပ်ခဲ့သည်။

ရန်ယန်က မငြင်းခဲ့ဘူး။ "အဲ့လိုမျိုးပဲ"

ဝမ်လောင်ဝူ၏ ညီငယ်အဖြစ် သူသဘောမတူမီက ခင်မင်ရင်းနှီးသော ဆက်ဆံရေးတစ်ခုဟုသာ ပြောနိုင်ခဲ့သည်။

ထို့အပြင်၊ သူက ဝမ်လောင်ဝူ၏ ညီငယ် မဖြစ်ချင်ဘဲ လွတ်လပ်လွန်းလှသည်။

"အင်း......."

လင်းရှောင်ယွဲ့က ဒါကို သေသေချာချာ စဉ်းစားခဲ့သည်။ ဝမ်လောင်ဝူ ဇာတ်ကောင်နေရာက စာအုပ်မှာပါလားဆိုတာကို သူမ မမှတ်မိနိုင်တဲ့ပုံပဲ။

သူမပဲ စာအုပ်ကို ဂရုတစိုက် မဖတ်ခဲ့တာလား၊ ဒါမှမဟုတ် ဒီဇာတ်ကောင်မှာ ဇာတ်ကွက်တွေအများကြီး မပါလို့များလားဟု သူမ တွေးမိသည်။

"မစဉ်းစားနဲ့တော့"

ရန်ယန်က သူမခေါင်းကို ကိုင်လိုက်ပြီး ရင်ဘတ်ပေါ် ညင်သာစွာ ဖိကပ်လိုက်သည်။ "တစ်ရေးတစ်မော အိပ်လိုက်၊ အားအင်တွေ များလာလိမ့်မယ်လို့ ထင်တယ်"

"အင်း၊ တစ်ရေးတစ်မောအိပ်ကြမယ် "

လင်းရှောင်ယွဲ့င ရန်ယန် ခါးကို ဆိတ်လိုက်တော့ ရန်ယန်က အော်ခဲ့သည်။ သူမ ပြုံးလိုက်ကာ မျက်လုံးများကို အမြန်မှိတ်လိုက်သည်။

ရန်ယန်လည်း အော်ခဲ့ပြီး နောက်ဆုံးတွင် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

သူက သူ့ ရူးမိုက်တဲ့မိန်းမလေးကို အခြေခံအားဖြင့် ရိုကျိုးသူဖြစ်သည်။

လင်းရှောင်ယွဲ့က သူနဲ့ ပြဿနာရှာချင်နေတာ...

ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ရှိနေတာကြာပြီလေ။

သူတစ်​​ယောက်​တည်းဖြစ်​လာ​သောအချိန်​မှစ၍ အိပ်​ရာထဲတွင်​ ထိုအရာကိုမလုပ်​ခဲ့ကြ​ပေ။

နေ့တိုင်း ပွေ့ဖက်ပြီး အများဆုံးကတော့ ထိတာ နမ်းတာ .....

သူတို့ အလွန်အကျွံ မနမ်းနိုင်ခဲ့ပေ။ ထိဖို့နေနေသာသာ စမ်းသပ်မှုကို မအောင်မြင်နိုင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ဒီလောက်ပဲကွာတယ်။

လင်းရှောင်ယွဲ့လည်း ဘာကြောင့်မှန်းတော့ မသိဘူး။ မကြာသေးမီက သူသည် သက်သတ်လွတ်စားသူအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ဒါပေမယ့် သူမ အဲ့တာကို မပြောနိုင်ဘူး။

သူမပြောလိုက်ရင် သူမက အလွန်အထီးကျန်ဆန်နေနေသလိုဖြစ်သွားမှာပေါ့။

မိန်းကလေးက ဒါကို စိတ်လိုလက်ရ ပြောလို့မရဘူး...

လင်းရှောင်ယွဲ့သည် သူမ၏ နှလုံးသားထဲ ဝမ်းနည်းပူဆွေးနေပြီး ပြဿနာကို သူမနှလုံးသားထဲ ဖုံးကွယ်ထားခဲ့ရသည်။

သူမ တခါတရံတွင် သူ့ကို သတိပေးချင်သေးသည်။ သူမ၏ လစဉ် ရာသီက ဤလအတွက် ပြီးသွားပြီဆိုတာနဲ့ သူမတကယ် အဲ့တာကိုလုပ်လို့ရတယ်ဆိုတာကို...

စိတ်မကောင်းစရာပဲ...

သူမ တိတ်တိတ်လေး အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။

All Chapters