← Chapters

အခန်း (၁၀၇)

Vol. 9 Ch. 107

အခန်း (၁၀၇)

Vol. 9 Ch. 107

ဝမ်ရှို့ယင်သည် ရန်ယန်၏ လုံ့လဝီရိယကို သဘောကျနေပြီဖြစ်သည်။ သူ့ကို ပန်းကန်လုံးအကြီးကြီးတစ်လုံး ပေးလိုက်သည်။ ရန်ယန်က ထမင်းကိုခပ်ပြီး သူ့ထမင်းကို ရောလိုက်သည်....

လင်းရှောင်ယွဲ့ကတော့ စပြီးစားနေပြီ...

ထမင်းတစ်လုတ်စားပြီးသောအခါ အပေါ့အငန်၊ မွှေးကြိုင်သောအရသာသည် သူမပါးစပ်ထဲတွင် သက်သက်ပွင့်ထွက်နေခဲ့သည်။ သူမ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ဒါက ရိုးရှင်းပေမယ့် အရသာရှိနေတုန်းပဲ"

" ဟား ဟား၊ ကလေးမလေး။ သမီးက စိတ်ကျေနပ်ဖို့ လွယ်လိုက်တာ" ဝမ်ရှို့ယင် ချက်ချင်း ရယ်မောလိုက်သည်။

သူတို့သုံးယောက်ကြားက အငွေ့အသက်တွေက နွေးထွေးပျူငှာသည်။ ထိုအချိန်တွင် ရန်တယုံသာ တံခါးခုံပေါ်တွင် ထိုင်ကာ အိမ်မကြီးအား စိုက်ကြည့်ပြီး သူ့နောက်ကျောတွင် "စိတ်ညှိုးငယ်ခြင်း"ဆိုတာ စာလုံးကြီးကြီးဖြင့် ရေးထားကာ ဆေးလိပ် သောက်နေခဲ့သည်။

ဝမ်ရှို့ယင်က ရန်တယုံကို ဂရုမစိုက်ပေ။ သူမသည် အငယ်နှစ်ယောက်နှင့် ရယ်ရယ်မောမောလုပ်ကာ မကြာမီ ကြက်ဥမွှေကြော်လုပ်ပြီး ညစာအတွက် အသားသုံးမျိုးနှင့် ဟင်းသီးဟင်းရွက် နှစ်မျိုးထွက်လာသည်။

"စားကြရအောင်"

ဝမ်ရှို့ယင် အော်လိုက်သည်။ တကယ်တော့ သူမသည် သူမနောက်လိုက်​တေဲ့ ကလေးနှစ်ယောက်ရှိနေ သောကြောင့် ရန်တယုံကြားအောင် တမင်တကာ အော်ခဲ့တာဖြစ်သည်။

မိသားစုလေးယောက်က ထမင်းစား စားပွဲဝိုင်းမှာ ထိုင်နေကြသည်။ ရန်ယန်ကဲ့သို့ လင်းရှောင်ယွဲ့ သည် ဝက်ဆီ ကြက်ဥကြော်၊ ငါးကြီးတွေနဲ့ အသားတွေကို စားခဲ့သည်။ အဲ့တာတွေက အရမ်းအရသာရှိသည်။

ရန်တယုံသည် ယနေ့ညနေ အစောပိုင်းက အိမ်သစ်မှ ပြန်လာခဲ့ပြီး ညစာက အဆင်သင့်ဖြစ်နေပြီ။

တကယ်တော့ သူ့ရည်ရွယ်ချက်က လူကြီးနှစ်ယောက်ရဲ့ အစားအသောက်တွေကို ဘယ်လိုဖြေရှင်းလဲဆိုတာကို အဓိကကြည့်ဖို့ပဲ။

ပထမမိသားစုက သူ့မိဘတွေ လာခေါ်တာတွေ့တော့ နောင်တတွေပြည့်နေတဲ့ ရန်တယုံရဲ့ နှလုံးသားက အနည်းငယ် ပေါ့ပါးသွားသည်။ ဒါပေမယ့် သူ အရည်အချင်းမပြည့်မီသေးဘူးလို့ ခံစားရသည်။

သားတစ်ယောက်အနေနှင့် အသက်ကြီးသူများကို မထောက်ပံ့ခြင်းသည် သဘာဝဖြစ်သည်။

ဒီလိုသားမျိုး ဘယ်လိုဖြစ်လာတာလဲ မသိဘူး...

"ဒီနေ့ လူကြီးနှစ်ယောက်ကို ခေါ်ဖို့အကြောင်း စကားပြောတော့ ရန်ချန်ယွီဘာပြောခဲ့လဲဆိုတာ သိလား"

ညစာ စားပွဲမှာ ဝမ်ရှို့ယင်က ရုတ်တရက် ဒီကိစ္စကို ပြောလိုက်သည်။ ရန်တယုံလည်း ကြားသွားအောင်လို့ တမင်ပြောဟန်တူသည်

လင်းရှောင်ယွဲ့က သူမနှင့် အလွန်ပူးပေါင်းပြီး မေးလိုက်သည်။ " ဘာပြောလဲ၊ ဒါက ကောင်းတဲ့ကတိတစ်ခုတော့ မဟုတ်ဘူးမလား။ သူမက ဒီလိုလူမျိုးလို့ ကျွန်မလည်း မထင်ဘူး"

"အဲ့လို မဟုတ်ဘူးမလား"

ဝမ်ရှို့ယင် အင်း ဟုအသံပြုလိုက်သည်။ "ငါတို့ တတိယမိသားစုမှာ ပိုက်ဆံရှိလို့ လူကြီးနှစ်ယောက်ကို ထောက်ပံ့ပေးသင့်တယ်လို့လည်း သူက ပြောခဲ့တယ်။ ငါတို့မိသားစုက သူမ ကို ဆက်ပြီး မထောက်ပံ့ရင် ရွာသူကြီးဆီသွားပြီး တိုင်ကြားမယ်တဲ့။ ရွာလူကြီးက သူတို့ကိုထောက်ခံလိမ့်မယ်လို့ပြောသေးတယ်။ ဘယ်လိုထင်မိလဲ။ ဒီလိုလူမျိုးကို လူပါးဝတယ်လို့ မထင်ဘူးလား"

လင်းရှောင်ယွဲ့က ပူးပေါင်းပြီး ခေါင်းညိတ်ပြခဲ့သည်။ "သူမက အရမ်းကိုလူပါးဝတဲ့သူပဲဖြစ်ရမယ်။ ဒီစည်းမျဉ်းက အစက ရွာသူကြီး ချမှတ်ပေးထားတာလေ။ အခု သူမက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လူသားချင်းစာနာမှုအကြောင်း ပြောချင်နေသေးတယ်။ စည်းမျဉ်းတွေက သေသွားပြီ။ သူမရဲ့ ခံစားချက်ကတ်တွေကို ဘယ်လိုသုံးလိုက်တာလဲ။ ကျွန်မတို့ စည်းကမ်းနဲ့အညီ လုပ်ရမယ်၊ ပုပ်ပွနေအောင် သူမ ပြောနေရင်တောင် အသုံးမဝင်စေရဘူး"

ရန်တယုံသည် ယောက္ခမနှင့်ချွေးမတို့၏ စကားဝိုင်းကို နားထောင်ခဲ့သည်။ သူ့နှလုံးသားက မပျော်နေဘူး။ "အင်း ငါ့ရဲ့ မိဘတွေကို ပထမမိသားစုက ခေါ်ထားတယ်။ အဲဒါကို မပြောတော့ပါဘူး။ အမှန်တော့ အစက ..."

"အစက ဘာဖြစ်လဲ "

ဝမ်ရှို့ယင်သည် နောက်ဆုံးတွင် ရန်တယုံ၏ နှလုံးကို တွန်းထုတ်လိုက်သည်။ ထို့နောက် ရန်တယုံကို ကောင်းကောင်းပညာပေးခဲ့သည်။ "ကျွန်မတို့ တတိယမိသားစုက အခြေအနေ ပိုကောင်းရင် ကျွန်မတို့က လူကြီးနှစ်ယောက်ကို တစ်ချိန်လုံး စောင့်ရှောက်ထားသင့်တယ်လို့ ရှင်ပြောချင်တာလား။ ကျန်တဲ့မိသားစုနှစ်စုကို လူကြီးနှစ်ယောက်ကို ထောက်ပံ့ခွင့်မပေးသင့်တော့ဘူးပေါ့လေ ဟုတ်လား"

ရန်တယုံသည် လျင်မြန်စွာ ခေါင်းငုံ့ကာ ထမင်းကို ပါးစပ်ထဲ အပြည့်ထည့်ကာ ဝမ်ရှို့ယင်၏ စကားကို ပြန်မဖြေချင်ဘဲ စားလိုက်သည်။

ဝမ်ရှို့ယင် ဆက်ပြောလိုက်သည်။ "ကျွန်မ ရှင့်ကိုပြောမယ် ရန်တယုံ။ သူတို့နှစ်ယောက်က ကြင်နာတတ်တဲ့မိဘတွေဆိုရင် ကျွန်မတို့ရဲ့တတိယမိသားစုကို ဂရုစိုက်ကြလိမ့်မယ်။ ဒါပေမယ့် ပိုက်ဆံနည်းနည်းလေးပဲ ခြွေတာနိုင်ရင် နည်းနည်းတော့ စိုက်ထုတ်ပြီး ကျွန်မတို့တတိယမိသားစုကို နည်းနည်းလေးဖြစ်ဖြစ် စာနာပေးတယ်ဆိုရင်တော့ ကျွန်မ သူတို့ကိုကျွေးထားမှာပါ။ သူတို့ကို ကျွန်မတို့ စောင့်ရှောက်ပေးနိုင်တယ်၊ ကျွန်မက သူတို့အကြောင်း ဘာမှ မပြောဘူး။ ကိုယ့်ကိုကိုယ် စဉ်းစားကြည့်လိုက်။ ဒီမိသားစုနှစ်စုဆီကို သူတို့နှစ်ယောက်ရဲ့ နှလုံးသားက အမြဲတမ်း ဘက်လိုက်နေတာ မဟုတ်ဘူးလား"

ရန်တယုံ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ့ပါးစပ်ထဲကို အစာတွေကို အရူးအမူး ထည့်ပြီး စကားမပြောနိုင်မချင်း ပါးစပ်ထဲထိုးထည့်ခဲ့သည်။

"ရှင် မလွတ်နိုင်ပါဘူး ကျွန်မပြောနေတာတွေက အမှန်တွေချည်းပဲ"

ဝမ်ရှို့ယင် အော်ဟစ်လိုက်သည်။ သူမသည် ပဲပင်ပေါက်ကို တူနဲ့ညှပ်ထားသည်။ စားချင်ပေမယ့် ပန်းကန်ကို ချလိုက်သည်။ "ကိုယ့်ဘာသာ စဉ်းစားကြည့်။ ကျွန်မတို့ တတိယ မိသားစု ခွဲခွာပြီးရင် ကျွန်မတို့ကို စားစရာတွေ ပိုက်ဆံတွေ ပေးခဲ့ကြလို့လား။ ဒါက ကိစ္စမရှိပါဘူး၊ ကျွန်မတို့ တတိယမိသားစုက အမွေခွဲလို့ ခွဲထွက်သွားခဲ့ကြတာမဟုတ်ဘူး။ ကျွန်မတို့ တတိယမိသားစုကို သူတို့မိသားစုနှစ်စုက နှင်ထုတ်ခဲ့တာ! အဲ့အချိန်က ကျွန်မတို့မိသားစု ဘယ်လောက်ဆင်းရဲနေလဲဆိုတာ လူတိုင်းသိတယ်။ ရှောင်ယန်ကို ဆရာ့နဲ့တွေ့ပေးဖို့ အခကြေးငွေကိုတောင် မတတ်နိုင်ခဲ့ဘူး။ သူတို့က ကျွန်မတို့ကို ဆန်တစ်စေ့ ဒါမှမဟုတ် တစ်ပြားတစ်ချပ်လေးပဲဖြစ်ဖြစ်ပေးဖူးလို့လား။ ကိစ္စမရှိပါဘူး"

သူမပြောသည့်အတိုင်း ဝမ်ရှို့ယင် ထပ်၍ စိတ်လှုပ်ရှားလာပြန်သည်။ "အဲဒီလူကြီးနှစ်ယောက်က သူတို့တစ်သက်လုံး အဲဒီမိသားစုနှစ်စုအတွက် အသုံးချခဲ့ဖူးတယ်။ ရှင်က သူတို့သဘောမကျတဲ့သားပဲ။ ကျွန်မ ရှင့်နောက်ကိုလိုက်တော့ ကျွန်မလည်း သူတို့မကြိုက်တဲ့ချွေးမဖြစ်လာခဲ့တယ်! နှစ်ပေါင်းများစွာကြီး မတရားမှုဒဏ်ကို သည်းခံလာခဲ့ပေမယ့် မိုက်မဲတဲ့သူကတော့ ထက်ပြီး ဒုက္ခခံဖို့ဆန္ဒရှိနေလိမ့်မယ်။ တစ်လလောက်ကတော့ အဆင်ပြေသွားပြီ။ ကျွန်မ သူတို့ကို ငါးနဲ့ အသားတွေနဲ့ စောင့်နေပေးတယ် သူတို့ကတော့ အဲ့ဒီမိသားစုနှစ်စုအကြောင်း ဆက်ပြောနေကြတုန်း။ သူတို့က ကျွန်မတို့ ပိုက်ဆံတွေအားလုံးကို အဲဒီမိသားစုနှစ်စုဆီ ပို့ဖို့မစောင့်နိုင်ကြတော့ဘူး"

"အမေ စိတ်မဆိုးပါနဲ့ မြန်မြန်စား"

လင်းရှောင်ယွဲ့သည် ဝမ်ရှို့ယင် ပိုပို၍ မောလာသည်ကို မြင်သောအခါ သူမ ပုခုံးကိုပုတ်ပြီး သူမ၏ ခံစားချက်များကို ချော့မော့ရန် အလျင်စလို လက်လှမ်းလိုက်သည်။

"ရန်တယုံ၊ ရှင်က ဝံပုလွေနှလုံးသားနဲ့ ခွေးအဆုတ်ရှိတဲ့လူပဲ။ ရှင့်မိသားစုအခြေအနေက နည်းနည်းပိုကောင်းပါတယ်၊ ကျွန်မကို တစ်ခုခုဝယ်ပေးဖို့ ကျွန်မကို အဝတ်အစားတွေချုပ်ပေးဖို့ ရှင်ဘယ်တုန်းကမှ မတွေးဖူးဘူး။ အဲဒီလူကြီးနှစ်ယောက်အတွက် ယွမ် ၄၀ ပေးလို့ရပြီး ထမင်းအတွက်ကိုလည်း တစ်သက်လုံး စီမံထားလို့ရတယ်။ အိုး ရှင့် မျက်လုံးကိုဖွင့်ကြည့်လိုက်။ ရှင်သေလို့ရတော့မယ့် အသက်အရွယ်ရောက်တဲ့အထိ ရှင်နဲ့အတူရှိနေပေးမယ့်သူက ကျွန်မတစ်ယောက်တည်းပဲရှိတယ် ”

ဝမ်ရှို့ယင်သည် ရန်တယုံအား တရားဟောချင်သည်။ သူမ အဲ့တာကိုပြောတဲ့အခါ စောဒကတက်မှုတစ်ခုဖြစ်လာတဲ့အတွက် သူမ ပိုပိုပြီးပြောလာသည်။

ဘာကြောင့်မှန်း သူမ မသိဘူး။ စကားများများပြောလေလေ၊ မှားလေလေပဲ။ သူမမျက်လုံးတွေ နီရဲလာတာကို သူမ သတိမထားမိလိုက်ဘူး။ ပြီးတော့ မျက်ရည်တွေကျလာတယ်.....

"အိုး အမေရယ်......ဘာလို့ ဒီလိုပြောရတာလဲ"

လင်းရှောင်ယွဲ့သည် သူမအတွက် မျက်နှာသုတ်ပုဝါတစ်ထည်ယူရန် အမြန်ထလိုက်သည်။ ဝမ်ရှို့ယင်သည် မျက်နှာသုတ်ပုဝါကိုယူ၍ မျက်ရည်များကို သုတ်လိုက်သည်။ သူမ ပန်းကန်ထဲက အစားအစာကို ဆက်မစားခင်မှာ သူမရဲ့ ခံစားချက်တွေကို စုဆောင်းခဲ့သည်။

ဝမ်ရှို့ယင်က သူမထမင်းစားနေစဉ်မှာ စိတ်ကောက်သွားသည်။ "လူကြီးနှစ်ယောက်ကျ ကောင်းကောင်းစားလို့ရတယ်၊ ကျွန်မက သူတို့ထက် ကောင်းကောင်းစားလို့မရတော့ဘူးလား။ ဒီနေ့ကစပြီး ကျွန်မ နေ့တိုင်း အစားကောင်းကောင်းစားပြမယ်။ ကျွန်မ ရှင့်ကို ဆင်းရဲသွားအောင်လုပ်ပြမယ်။ ရှင့်မှာ ပိုက်ဆံမရှိတော့ရင် လူကြီးနှစ်ယောက်ကို ရှင်စဉ်းစားမှာမဟုတ်တော့ဘူး"

"ဟုတ်ပါပြီ ဟုတ်ပါပြီ အမေ..."

လင်းရှောင်ယွဲ့သည် ဝမ်ရှို့ယင်ကို မှိုနှင့် ဝက်သားကြော် အကြီးကြီးတစ်တုံးကို ကမန်းကတန်း ထည့်ပေးလိုက်သည်။

ထိုမှသာ ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့နှင့် ရန်ယန်အားပြောဖို့လုပ်လိုက်သည်။ "နင်တို့နှစ်ယောက်လည်း ပိုစားသင့်တယ်။ နင်တို့နှစ်ယောက်က အခုကစပြီး ပိုက်ဆံပိုစုသင့်တယ်။ နင်တို့ရဲ့လက်ထဲမှာပဲ ပိုက်ဆံစုထား။ ငါတို့ ကြီးကြီးမားမား ပြဿနာမကြုံရင်၊ နင်တို့ ငါတို့ကို ပေးစရာ မလိုဘူး။ တစ်ယောက်ယောက်က အဲဒါကို ပြန်တွေးပြီး ငါတို့ပိုက်ဆံကို အဲဒီမိသားစုနှစ်စုထဲ ထပ်ထည့်ပေးလိုက်မှာကို စိုးရိမ်မိတယ်"

"ငါ စားလို့ပြီးပြီ"

ရန်တယုံသည် ထမင်းတစ်ပန်းကန်ကို အမြန်စားပြီး ပန်းကန်လုံးအလွတ်ဖြင့် ထလိုက်သည်။ သူသည် ထမင်းစားပွဲမှ လွတ်မြောက်ရန် စိတ်မရှည်တော့ပေ။

သူမှားမှန်းသိပေမယ့် ဝမ်ရှို့ယင်ရဲ့ စကားကို နားမထောင်ချင်သေးဘူး။

"လမ်းလျှောက်ထွက်လိုက်ဦးမယ်..."

ရန်တယုံ အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ သုံးယောက်ရှေ့မှာ သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။

သူထွက်သွားစဉ် သူ့ကျောကိုကြည့်ရင်း ဝမ်ရှို့ယင် မျက်ဖြူလှန်လိုက်သည်။

“အမေ မြန်မြန်ထမင်းစားတော့၊ ဘာကိစ္စကြောင့် သူများတွေအတွက် ဒေါသထွက်နေစရာလိုလို့လဲ"

လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ကို နှစ်သိမ့်ပေးလိုက်သည်။

"ဒါကို ပြောမှရမှာ ဒါမှမဟုတ်ရင် နောက်တစ်ခါ သူ့ကိုယ်သူ အရူးလုပ်မိလိမ့်မယ်"

"စိတ်မပူပါနဲ့၊ သူ့ကိုပြောပြီးသွားပြီပဲ မကြာခင်မှာ သူစိတ်တည်ငြိမ်သွားလိမ့်မယ်။ အခု တခြားသူတွေ ထပ်ပြောရင် သူ ငြင်းနိုင်သွားလိမ့်မယ်" ဝမ်ရှို့ယင်ကလည်း လင်းရှောင်ယွဲ့ ကို ပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်....

ရန်တယုံသည် အပြင်သို့ထွက်ကာ ခုံတန်းတစ်ခုကိုရွှေ့ပြီး ခြံဝင်းထဲတွင် ထိုင်လိုက်သည်။ သူသည် ဆေးလိပ်ကို မီးညှိလိုက်သည်။

ထိုအချိန်တွင် ပထမမိသားစုမှ ရန်တကျွင်းက အမှန်တကယ်ရောက်လာခဲ့သည်...

ရန်တကျွင်းသည် ရန်တယုံ ဘေးတွင် ထိုင်လိုက်သည်။ သက်ပြင်းချလိုက်ပြီး ရန်တယုံနှင့် ဆွေးနွေးခဲ့သည်။ “ဒီညတော့ အဖေနဲ့အမေ ငါ့အိမ်မှာလာစားလိမ့်မယ်။ ငါ့မှာ ဟင်းသီး ဟင်းရွက် သုံးမျိုးနဲ့ အရသာရှိတဲ့ ဟင်းတစ်မျိုးပဲ ရှိတာ။ သူတို့ ပါးစပ်ကမင်းတို့အိမ်မှာစားလာတာကိုပဲ ကျင့်သားရနေမှာ။ သူတို့ မင်းတို့နေရာမှာ ပါးစပ်ကို ခဲယဉ်းစေခဲ့ပေမယ့် ငါ့နေရာမှာ စားသောက်လေ့မရှိကြတော့ ထမင်းစားနေတဲ့ တလျှောက်လုံး စကားစမြည်ပြောကြတယ်။ မင်းဘယ်လိုထင်လဲ။ လူကြီးနှစ်ယောက်ရဲ့ ပါးစပ်ပေါက်ကို မင်းမိသားစု တကယ် လိုက်လျောညီထွေဖြစ်အောင် မနေနိုင်ဘူးလား"

ဒါကို ရန်တကျွင်းက ပြောလာတဲ့အခါ သူ့ညီ ရန်တယုံ က ဘယ်လိုဖြေရမှန်းမသိပေ။

အကယ်၍ ဝမ်ရှို့ယင်သည် ထိုစကားများကို မပြောခဲ့ပါက ရန်တယုံသည် ရန်တကျွင်း၏ စကားကိုကြားပြီးနောက် လူကြီးနှစ်ယောက်ကို ပြန်ခေါ်သွားမည်ဖြစ်သည်။

ဒါပေမယ့် ဝမ်ရှို့ယင် ဒီစကားကို ပြောပြီးနောက် ရန်တယုံ၏ နှလုံးသားသည် လွမ်းဆွေးနေသော်လည်း ဆေးလိပ်သောက်ရုံသာ ရှိသေးသည်။ "ပါးစပ်နှစ်ပေါက်အတွက် နေရာမရှိတာတော့ မဟုတ်ဘူး၊ ဒါပေမယ့်အများနဲ့မတူတမူထူးခြားနေတဲ့ ပါးစပ်နှစ်ပေါက်အတွက် နေရာမရှိဘူး"

ရန်တကျွင်း မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒါ ဘာကိုဆိုလိုတာလဲ"

ရန်တယုံကလည်း ဝမ်ရှို့ယင် ပြောသည့်အတိုင်း ပြောလိုက်သည်။ လူကြီးနှစ်ဦးသည် ပထမနှင့် ဒုတိယမိသားစုဆီသို့ ဘက်လိုက်ကြသည်။

အဲဒီနောက်မှာတော့ ရန်တယုံက သူ့ရဲ့ကိုယ်ပိုင်စကားတွေကို ထပ်လောင်းပြောကြားခဲ့သည်။ "အဲဒါကို တွေးကြည့်လိုက်တော့ အဖေနဲ့အမေက ငါ့ကို ပြုစုပျိုးထောင်ဖို့ သူတို့ရဲ့တာဝန်ပဲလို့ သဘောထားကြတယ်။ ဒါကြောင့် သူတို့အသက်ကြီးလာတဲ့အခါ ကိုယ့်တာဝန်ကိုယ်ကျေသလို ဆက်ဆံမယ်။ မင်းတို့နှစ်ယောက်ကို ပိုကောင်းအောင် ဆက်ဆံခဲ့တော့ မင်းတို့နှစ်ယောက်လည်း ကောင်းကောင်းဆက်ဆံရမှာပေါ့"

"မင်း ဘာအကြောင်းပြောနေတာလဲ"

ရန်တကျွင်း မျက်မှောင်ကြုတ်လိုက်သည်။ "ဒီစကားတွေကို ဘယ်သူသင်ပေးလိုက်တာလဲ။ ဒီစကားတွေကို ဘယ်သူသင်ပေးတာလဲ။ ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား။ ငါတို့က မိသားစုမဟုတ်ဘူးလား။ ငါတို့မိဘတွေက မင်းအစ်ကိုတွေကို ပိုကောင်းအောင် ဘယ်လိုဆက်ဆံတယ်ဆိုတာကို မင်းစိတ်ညစ်နေတုန်းပဲလား။ ဒီအရွယ်မှာ လူကြီးနှစ်ယောက်ကို ဘယ်လိုဆက်ဆံစေချင်တာလဲ။ လူကြီးနှစ်ယောက်ရဲ့ ပင်စင်ငွေတွေအားလုံးကို မင်းအတွက်ကောင်းတယ်လို့ ယူဆဖို့ မင်းမိသားစုကို ပေးချင်တာလား။ ဒီပိုက်ဆံကို မင်းလက်မခံရဲဘူးလား"

ရန်တယုံ မကျေမနပ်ပြောလိုက်သည်။ "မင်းနဲ့ ဒုတိယအစ်ကို လက်ခံရဲရင် ငါက ဘာလို့ လက်မခံရဲရမှာလဲ။ ငါ့သား ဆရာနဲ့တွေ့ဖို့ ပိုက်ဆံတောင် မရှာနိုင်ဘူး၊ ငါတို့ ချေးလို့တောင် မရဘူး။ ဒုတိယအစ်ကိုမိသားစု အဖြစ်အပျက်ပြီးတော့ သူတို့ ယွမ် ၈၀ ကို တိုက်ရိုက်ထုတ်ပေးခဲ့တာ မဟုတ်ဘူးလား၊ ချေးတာ မဟုတ်ဘူး။ ပေးလိုက်တာ။ မင်း ငါ့ကို ဘယ်လို တွေးစေချင်တာလဲ "

"ဟက်... မင်းတို့မိသားစုက အိမ်အသစ်ဆောက်ပြီး လူကြီးရဲ့ ယွမ် ၈၀ ကို စဉ်းစားနေသေးတာလား" ရန်တကျွင်းသည် လှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အိမ်အသစ်အတွက် ပိုက်ဆံကို ငါ့သားနဲ့ ငါ့ချွေးမဆီက ရထားတာ"

ရန်တယုံ သူ့ကိုပြန်ပြောလိုက်သည်။ "သူ့အမေဆီက ပိုက်ဆံနည်းနည်းလေးနဲ့ ငါတို့မိသားစု ငါးနဲ့အသားကို တစ်ချိန်လုံးစားနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား။ ငါတို့မိသားစုဘဝ ပိုကောင်းလာရတဲ့ အကြောင်းရင်းက ငါ့သားရယ်၊ ချွေးမ ဆီက ရတဲ့ငွေကြောင့်ပဲ။ ငါ့သားနဲ့ ချွေးမက အဖေနဲ့အမေရဲ့ တစ်မူထူးခြားတဲ့ လုပ်ရပ်တွေကို ကျင့်သားမရဘူး။ မင်း တခြား ဘာပြောနိုင်မလဲ"

ရန်တကျွင်း ရယ်မောကာ ဆက်ပြောခဲ့သည်။ "မင်းရဲ့သားနဲ့ချွေးမက ချုပ်နှောင်ထားတာလား၊ မင်းကအသက်ကြီးတဲ့သူ မဟုတ်ဘူးလား"

ရန်တယုံသည် ရန်တကျွင်း၏ လှောင်ပြောင်သော လေသံကို နားထဲမထည့်ခဲ့ပေ။ "ဒါဆို ငါက အသက်ကြီးရင်ကောဘာဖြစ်လဲ။ လူကြီးတွေက မိသားစုကို မကာကွယ်နိုင်ဘူး၊ မိသားစုကို ဒုက္ခရောက်အောင်လွှတ်ထားနေရတာ။ အငယ်နှစ်ယောက်က ငါတို့မိသားစုကို ထိန်းထားနိုင်ပြီး လူကြီးနှစ်ယောက်က သူတို့ပြောတာကို နားထောင်ပေးတာ။ တော်ပြီး မင်းငါနဲ့ထပ်ပြောစရာ မလိုတော့ဘူး။ ညီအကိုဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်"

ရန်တယုံ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ဆေးလိပကို ဖြည်းညှင်းစွာ ရှူရှိုက်လိုက်သည်...

"မင်းက အကြင်နာကင်းလွန်းတယ်။ ငါ့မှာ မင်းနဲ့ပြောစရာမရှိတော့ဘူး" ရန်တကျွင်း လှည့်ထွက်သွားသည်နှင့် ဤစာကြောင်းကို ချန်ထားခဲ့သည်။

သူ့အိမ်ပြန်ရောက်သောအခါ ရန်တကျွင်းက ဒေါသတကြီးဖြင့် ရန်ချန်ယွီနဲ့ ရန်တယုံ ပြောခဲ့သောစကားကို ပြောပြလိုက်သည်။

အစ်ကိုကြီးအနေနဲ့ ရန်တကျွင်းက ရန်တယုံရဲ့အပြုအမူအတွက် တကယ်ကို ဒေါသထွက်ခဲ့သည်။

ဒါပေမယ့် ရန်ချန်ယွီ ကြားတော့ သူမ သံသယဝင်သွားသည်။ "ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ ဘာတွေလုပ်နေတယ်လို့ ရှင်ထင်လဲ... အလုပ်တစ်ခုက ဒီလောက်များများရနိုင်တယ်ဆိုတာ ကျွန်မ မယုံနိုင်ဘူး"

All Chapters